သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

648K 84.1K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၈၅ - သူခိုး

2.5K 313 6
By CharmZoey

[Unicode]

အပိုင်း ၁၈၅ - သူခိုး

အဒေါ်ဖြစ်သူက ပင်လယ်မျှော့ကို တူနဲ့ညှပ်ကာ ပါးစပ်ထဲထည့်ပြီး ဝါးနေပြီမို့ ရှဖူရုန်ရဲ့အသံက ရုတ်တရက် တန့်သွားရတယ်။ ဘာလို့လဲ? ဒီပိုးကောင်နဲ့ တူတဲ့ဟာကြီးက ဒီလောက် ရွံစရာကောင်းတာ။ သူမလိုပဲ သူမအဒေါ်ကလည်း ဒါကြီးကို ရွံစရာကောင်းတယ်ဆိုပြီး တွေးမိသင့်တယ် မဟုတ်ဘူးလား အဒေါ့်လို တော်ဝင်မျိုးနွယ် အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်များ ဒီလိုဟာကြီးကို စားနိုင်ရတာပါလိမ့်...

"အမ်း! နူးညံ့ပြီး လတ်ဆတ်နေတာပဲ... သမီးမွေးစားအဖေက သူ့စာတွေထဲမှာ ပင်လယ်မျှော့ အကြောင်းကို အရမ်း ချီးကျူးထားလို့ မြည်းကြည့်ချင်နေတာ ကြာပြီ... ရှောင်ချောင်း လက်ရာက တကယ် ကောင်းတာပဲ... ဒီဟင်းကို အရမ်းကြိုက်တယ်"

သခင်မဖန်းက ပင်လယ်မျှော့ဟင်းကို ပါးစပ်ထဲ နှစ်ခါလောက် အပြည့်ထည့်လိုက်ပြီးမှ ရှောင်ချောင်းကို ချီးကျူးဖို့ အချိန်ရတယ်။
ရှဖူရုန်ကတော့ စိတ်ထဲမှာ ကမ္ဘာပျက်နေပြီ။

ငါ့အဒေါ်လို ဂုဏ်ကျက်သရေရှိတဲ့ တော်ဝင်နွယ်တစ်ယောက်က ဘယ်လိုလုပ်များ ပိုးကောင်တွေ စားရတာ ကြိုက်ရတာလဲ

အမှန်တော့ သခင်မဖန်းက တော်တော် သတ္တိရှိတယ် ဆိုရမယ်။ နူးညံ့ဖောင်းတုတ်နေတဲ့ ပင်လယ်မျှော့ ပုံစံကို ကြည့်ပြီး တော်ရုံလူဆို စားဖို့ငြင်းမှာပဲ။ အစက ရှောင်ချောင်း ဒီမြို့တော်ကလာတဲ့ သခင်မကြီးနဲ့ သဟဇာတ မဖြစ်မှာ စိုးရိမ်နေပေမယ့် အခုတော့ သူမ စိတ်သက်သာရာရသွားပြီ။ သူမရဲ့ မွေးစားအမေက အရမ်းကို ပေါင်းသင်းရလွယ်တာပဲ!

သခင်မဖန်းက အစထဲက သူ့မွေးစားသမီး ချက်ထားတဲ့ ညစာအတွက် ချီးကျူးချင်နေတာ။ ဒါ့အပြင် ရှောင်ချောင်းမှာက ပြောင်မြောက်လှတဲ့ ဟင်းချက်စွမ်းရည်တွေ ရှိနေတယ်။ သူမက အလွန်ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့တောင် ထူးခြားဆန်းပြားတဲ့ ဟင်းပွဲတွေကို ပြင်ဆင်နိုင်တယ်။ ဒါကြောင့်လည်း အိန္ဒြေအလွန်ထိန်းတဲ့ သခင်မဖန်းလိုလူကိုတောင် မထင်မှတ်ပဲ တစ်ခဏအတွင်းမှာ အစားကြူးသူအဖြစ် ရောက်စေရတာပေါ့။

ညက တဖြည်းဖြည်း နက်လာပြီ။ အနီးအနားက သစ်ပင်တွေရဲ့ အရိပ်တွေက လရောင်အောက်မှာ ယိမ်းထိုးနေပြီး စန်းသော်တာ လမင်းကလည်း သစ်ပင်တွေထက်မှာ မေးတင်နေသည်။ ရံဖန်ရံခါ အိမ်ပြန်နောက်ကျတဲ့ ငှက်ရိုင်းလေး တစ်ကောင်စ နှစ်ကောင်စ ဖြတ်ဖြတ်သွားတတ်ပြီး ငွေလမင်းပေါ်မှာ လှပတဲ့ အရိပ်အယောင်လေး ထင်နေစေသည်။

ဒီလို လှပတဲ့ ညကောင်းကင်အလှကို ခံစားရတာ သခင်မဖန်းအတွက်တော့ ပထမဦးဆုံးပဲ။ ရိုးရှင်းတဲ့ ကျောက်တုံးနံရံတွေရယ်၊ အကြမ်းထည် အုတ်အိမ်လေးရယ်၊ ကျယ်ကျယ်ဝန်းဝန်း ခြံကလေးရယ်... အားလုံးက ရှေးဆန်နေတယ်။ ဒီလို ရိုးရှင်းပြီး သဘာဝဆန်တဲ့ ပတ်ဝန်းကျင်မျိုးက မြင်လိုက်ရသူရဲ့ စိတ်နှလုံးကို ကြည်လင်စေတယ်။ မြို့ကြီးပြကြီးမှာ အချိန်အကြာကြီး နေလာခဲ့ရတဲ့ သခင်မဖန်း အတွက်တော့ ဒီပတ်ဝန်းကျင်လေးက စိတ်ရောကိုယ်ကိုပါ သက်တောင့်သက်သာ ဖြစ်စေတယ်။

နောက်ဖေးမှာရှိနေတဲ့ ရှောင်ချောင်းရဲ့ ပန်းကန်ဆေးတာဝန်ကိုတော့ ကျန်းကျူးနဲ့ လင်းလုံက တာဝန်ယူလိုက်တာမို့ သူမက ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် မွေးစားအမေကို နှုတ်ဆက်လိုက်တယ်။

"မွေးစားအမေ, သမီးပြန်တော့မယ်... မွေးစားအမေလည်း စောစောနားသင့်တယ်... မနက်ဖြန်မှ တွေ့ကြမယ်နော်"

"အခု အရမ်းမှောင်နေပြီလေ... တောလမ်းကြီးကို မင်းတစ်ယောက်တည်း လွှတ်ဖို့ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။ မွေးစားအမေ လိုက်ပို့ပေးမယ်!"

သခင်မဖန်းက ပန်းပုံနဲ့ ငှက်ပုံ ဆေးခြယ်ထားတဲ့ မီးအိမ်တစ်ခုကို ဆွဲယူလိုက်ပြီး ရှောင်ချောင်း နောက်ကနေ တံခါးအပြင်ဘက်ကို လိုက်ဖို့လုပ်လိုက်တယ်။

ရှောင်ချောင်က ပျာယိပျာယာနဲ့
"မွေးစားအမေ, ကျွန်မ အကိုဟန်နဲ့ တောထဲမှာ ယုန်ရိုင်းတွေ ရစ်ငှက်တွေ ခဏခဏ ဖမ်းနေကြပါ... ဒီလမ်းကြောက ရင်းနှီးနေပြီ... လိုက်ပို့စရာမလိုပါဘူး"

"ကိုယ့်ရဲ့ မွေးစားအမေကိုတောင် မင်းက အားနာနေတာလား မွေးစားအမေ ညနေက အစားတွေ အများကြီး စားထားလို့ အစာကြေအောင် လမ်းလေးဘာလေး လျှောက်ချင်လို့ပါ"

သခင်မဖန်းက မီးအိမ်ကို ထွန်းကာ ရှောင်ချောင်း လက်ကို ကိုင်လိုက်ပြီး တံခါးမကြီးဆီ လျှောက်လာခဲ့လိုက်တယ်။ ကျန်းကျူးက ဒါကိုတွေ့တော့ မီးဖိုချောင်ထဲက အလုပ်တွေကို လင်းလုံနဲ့ လွှဲခဲ့လိုက်ပြီး မီးအိမ်ကိုင်ထားတဲ့ သခင်မဆီ အပြေးအလွှားသွားကာ မီးအိမ်ကို ယူလိုက်တယ်။

ကျောက်မိသားစုအိမ်က တော်တော်လေး ကြီးပြီး ခြံဝင်းကလည်း ကျယ်တယ်။ အခုမှ နေရာစိမ်းကို ရောက်ဖူးတဲ့ ရှဖူရုန်က အားလုံးအပြင်ထွက်ဖို့ ပြင်နေတာ မြင်တော့ သူမပါ လေးတိလေးကန်နဲ့ လိုက်လာခဲ့တယ်။

တောလမ်းက တိတ်ဆိတ်နေပြီး လမ်းမပေါ်မှာ ဘေးနှစ်ဖက်က ချုံပုတ်တွေရဲ့ အရိပ်က ကွက်တိကွက်ကျား ကျနေသည်။ ရှဖူရုန်က မှောင်ပိန်းနေတဲ့ တောင်ကြီးကို ကြည့်လိုက်တဲ့အချိန်မှာပဲ ညဉ့်ငှက်တွေရဲ့ အော်ညည်းသံကို ကြားလိုက်ရသည်။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ သူမက သူမရဲ့ အဒေါ်နားကို ပို၍ တိုးကပ်သွားလိုက်သည်။ လေပြင်းတစ်ချက် ဝေ့လိုက်တဲ့အခိုက် မြေပြင်ပေါ်က သစ်ပင်ရိပ်တွေက ရုတ်တရက် လှုပ်ခါသွားသည်။ အစကတည်းက လန့်နေတဲ့ ရှဖူရုန်တစ်ယောက် အကျယ်ကြီး အော်လိုက်တာမို့ အနီးအနားက လူတွေကိုပါ ခြောက်လိုက်မိသလို ဖြစ်သွားသည်။

"ဝမ်းကွဲအစ်မ, လူတွေလည်း လန့်ပြီး သေတတ်တယ်နော်... ပတ်ဝန်းကျင်ကို အထိတ်တလန့်ဖြစ်အောင် လုပ်တာ ရပ်ပေးနိုင်မလား!"

ယွီရှောင်ချောင်းက အမှောင်ထဲမှာ မျက်ဖြူလှန်လိုက်မိတယ်။
ရှဖူရုန်က သခင်မဖန်းရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ကာ လမ်းဘေးက မှောင်မည်းနေတဲ့ တောချုံကြီးကို အမည်မသိ သတ္တဝါကြီးတစ်ကောင်ကောင် ထွက်လာတော့မယ်အတိုင်း ကြောက်လန့်ကာ သင်္ကာမကင်း ကြည့်နေတယ်။

ကိုယ်ကြောက်တဲ့အရာဆိုတာ အမြဲတည့်တိုး ဖြစ်လာတတ်တယ်။ ရုတ်တရက် ခပ်မည်းမည်း အရာ တစ်ခုက သူမခြေထောက်တွေနားက ဖြတ်ပြေးသွားပြီး ထိုအရာက သူမခြေချောင်းတွေပေါ်က ဖြတ်ပြေးသွားတာကိုပါ ခံစားလိုက်ရတယ်။ ရုဖူရုန်က ပိုလို့တောင် ငိုသံပါကြီးနဲ့ အော်လိုက်ပြီး သခင်မဖန်းကို ဖက်တွယ်ထားတယ်။ သူမရဲ့ ခေါင်းကို အဒေါ်ဖြစ်သူရဲ့ ရင်ခွင်ထဲမှာ ဝှက်ထားပြီး ထွက်ကို မလာရဲတော့။

ရှောင်ချောင်းက အတော်လေးကို ဆွံ့အမိနေတယ်။ အဲ့ဒီခြေထောက်ပေါ် ဖြတ်သွားတဲ့ အမဲရောင်အရိပ်ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ လမ်းလျှောက်ဟန်ကို ကြည့်ရတာ ယုန်ရိုင်းအသေးလေး ဖြစ်ဖို့ များပါတယ်။ အဲ့ဒါကို သူက သားထိုးခံနေရတဲ့ ဝက်တစ်ကောင်လို အော်ဖို့လိုလို့လား...

"ဝမ်းကွဲအစ်မ, မကြောက်ပါနဲ့။ အဲ့ဒါ ဒီတိုင်း ယုန်ရိုင်းလေး တစ်ကောင်ပါ။ အနောက်ဘက် တောင်ပေါ်က သားရိုင်းကြီးတွေက တောလယ်မှာပဲ ရှိတာ။ ဒီအနီးနားမှာ ရှိတဲ့ တိရိစ္ဆာန်တွေက ယုန်ရိုင်းတို့၊ ရစ်ငှက်တို့၊ ခွေးတူဝက်တူတို့လို အကောင်ငယ်လေးတွေပဲ... သူတို့က လူကို ရန်မပြုတတ်ပါဘူး!"

ရှောင်ချောင်းက မြင့်မြတ်တဲ့သခင်မလေး ရှဖူရုန်ကို ရှင်းပြလိုက်တယ်။
ရှဖူရုန်က သူမစကားကို လျစ်လျူရှုကာ တုန်ရီနေတဲ့ အသံနဲ့ ငိုလိုက်ပြီး
"အဒေါ်, ဒီမှာ အရမ်းကြောက်စရာကောင်းတယ်... ပြန်ကြရအောင်!"

သခင်မဖန်းက တူမဖြစ်သူရဲ့ ပုခုံးကို ခပ်ဖွဖွပုတ်ကာ ချော့လိုက်ပြီး အပြုံးလေးနဲ့ ပြောတယ်။
"မကြောက်ပါနဲ့! အဒေါ်တို့မှာ လူတွေ အများကြီးလည်း ပါတယ် မီးအိမ်လည်း ရှိတယ်။ သားရိုင်းတွေ ရှိရင်တောင် ဒီကို မလာရဲပါဘူး... တူမလေးက အခုမှ ပတ်ဝန်းကျင်အသစ်ကို ရောက်ပြီး အသားမကျသေးလို့ပါ။ ရက်နည်းနည်းလောက်နေရင် ရွာမှာနေရတဲ့ ကြည်နူးမှုကို ခံစားတတ်လာမှာပါ။ သမီးဦးလေးနားရက်ရရင် အမဲလိုက်ထွက်တဲ့အခါ အဒေါ်တို့ကိုပါ ခေါ်သွားဖို့ ပြောရမယ်။ ကိုယ်တိုင် ဖမ်းလို့ရတဲ့ အသားဆို ပိုစားကောင်းမှာ သေချာတယ်"

ယွီရှောင်ချောင်းက ခေါင်းတဆတ်ဆတ် ညိမ့်ရင်းပြောတယ်။
"ဟုတ်တယ်, ဟုတ်တယ်! သမင်ရိုင်းတစ်ကောင်လောက် ဖမ်းမိရင် ပိုတောင်ကောင်းသေး! သမင်သားကင်ရဲ့ အရသာဆို ဖော်ပြနေစရာ လိုမယ်တောင် မထင်ဘူး! နူးညံ့ပြီး အရသာရှိတဲ့ ခွေးတူဝက်တူတွေလည်း ရှိတယ်... ပြောရင်းသွားရည်တောင် ကျလာပြီ!"

သခင်မဖန်းက ရယ်လိုက်ရင်း ရှောင်ချောင်းရဲ့ခေါင်းလေးကို အုပ်ကိုင်လိုက်တယ်။ သူမက အလွန်တရာ ချစ်မြတ်နိုးတဲ့ အသံနဲ့
" မင်းကတော့လေ! တကယ့် အစားသရဲလေးပါလား!"

ယွီရှောင်ချောင်းတစ်ယောက် အရင်က သူမရဲ့ ခါးတစ်ဝက် ချိုတစ်ဝက် မှတ်ဉာဏ်တွေကို ပြန်စဉ်းစားလိုက်ပြီး ပြုံးလျက် ဆိုတယ်။

"မွေးစားအမေ, ကျွန်မအဖေကလေ ရွာမှာ အတော်ဆုံး မုဆိုးတစ်ယောက် ဖြစ်ခဲ့တာ! သူက မွေးစားအဖေရဲ့ ဆရာတူညီ ဦးလေးကျောက်နဲ့ဆို ခဏခဏ တောင်ပေါ်သွားနေကျ။ သွားတိုင်းလည်း သားကောင်တွေ အများကြီး ဖမ်းမိတယ်! အဖေက တောဝက်ရိုင်းကြီးတစ်ကောင်ကိုတောင် သူတစ်ယောက်တည်း သတ်ခဲ့တာ။ အဲ့တာက ကျင်းနှစ်ရာသုံးရာလောက်တောင် အလေးချိန်ရှိတယ်!"

ညက တိတ်ဆိတ်နေပြီး တောလမ်းတစ်ခုလုံးမှာ ရှောင်ချောင်းရဲ့ စကားသံတွေပဲ ပဲ့တင်ထပ်နေတယ်။ သခင်မဖန်းက သူမစကားတွေကို စိတ်ဝင်တစားနဲ့ သေချာနားထောင်ပြီး တစ်ခါတစ်လေ သိချင်တာတွေပါ မေးတော့ ရှောင်ချောင်းအတွက် ပိုပြီး စကားပြောရတာ စိတ်အားထက်သန်စေတယ်။

ရှဖူရုန်က ရှောင်ချောင်းစကားတွေကို မယုံသလိုနဲ့ နှုတ်ခမ်းတွန့်လိုက်တယ်။ တကယ်လို့ အမဲလိုက်တာ လွယ်တယ်ဆိုရင် ဘာလို့ သူတို့က ခြံစိုက်စားနေသေးတုန်း! သူမက ရှောင်ချောင်း အလိမ်အညာတွေကို မဖော်ထုတ်ဘဲ မနေနိုင်တာကြောင့်

"နင့်အဖေက အမဲလိုက်တော်တယ်ဆိုရင် ဘာလို့ အသီးအရွက်တွေ ဖရဲသီးတွေ စိုက်နေသေးတာလဲ အဲ့ဒါ မင်းတို့ မိသားစုပို အလုပ်ပိပြီး ပင်ပန်းတယ်မဟုတ်ဘူးလား"

ယွီရှောင်ချောင်းက တုန့်ဆိုင်းမှုမရှိ ပြန်ဖြေလိုက်တယ်။
"အမဲလိုက်တာ အန္တရာယ်လည်း များတယ်။ ဘယ်လိုလုပ် ခြံစိုက်တာလောက် လုံခြုံပြီး တည်တည်ငြိမ်ငြိမ် ရှိမှာလဲ... အဖေ ဝက်ဝံတစ်ကောင်ကြောင့် ဒဏ်ရာရပြီးကတည်းက အမေက ကျွန်မတို့ကို တောင်ပေါ်သွားဖို့ ခွင့်မပြုတော့တာ။ ဒါပေမဲ့ ခြံစိုက်လို့ရတဲ့ ကျွန်မတို့ မိသားစုဝင်ငွေကိုတော့ အထင်မသေးနဲ့နော်... မြို့က လူကုံထံတွေ ခြံစိုက်တာထက်တောင် ပိုပြီး အကျိုးအမြတ် ရသေးတယ်!"

သခင်မဖန်းက ဒီနေ့ ဖရဲသီးဆိုင်က ရခဲ့တဲ့ ပိုက်ဆံတွေကို တွေးမိပြီး ထောက်ခံတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်မိတယ်။ သူမ ခန်းဝင်ပစ္စည်းအဖြစ်ရခဲ့တဲ့ စိုက်ပျိုးခြံဟာ တစ်နှစ်ပတ်လုံးအတွက် အများဆုံးဝင်ငွေက ငွေလျန်တစ်ထောင် လောက်သာရှိသည်။ ထိုပမာဏက ရှောင်ချောင်းတို့မိသားစု ရက်နည်းနည်းလောက် ဖရဲသီးရောင်းရငွေလောက် မများတာတော့ အမှန်ပဲ။

ခြံစိုက်တဲ့ အကြောင်း ဘာမှမသိတဲ့ ရှဖူရုန်ကတော့ ရှောင်ချောင်းစကားတွေကို လုံးဝ မယုံ။ တကယ်လို့ သူမပြောသလို ခြံစိုက်ပြီး ပိုက်ဆံတွေ အများကြီရတယ်ဆို ဘာကိစ္စ လယ်သမားတွေက အဟောင်းအနွမ်းတွေပဲ ဝတ်ရပြီး အစားဆိုလည်း နည်းနည်းပဲ စားရတာတုန်း ဒီသောက်ကောင်မစုတ် လျှောက်ကြွားနေတာပဲ ဖြစ်ရမယ်!

ဒါပေမဲ့ နေပါဦး ဒီကလေးမ ဘာပြောလိုက်တာ!! တောထဲမှာ ဝက်ဝံတွေရှိတယ်? သူတို့ တူအရီး နှစ်ယောက်ရော အစေခံနှစ်ယောက်ရောက အကုန်မိန်းမသားတွေလေ သူတို့ နေတဲ့နေရာက တောင်တွေနဲ့ မလှမ်းမကမ်းရယ်။ တကယ်လို့ ကြမ်းကြုတ်တဲ့ တောရိုင်းတိရိစ္ဆာန်ကြီး တစ်ကောင်သာ တောင်ပေါ်က ဆင်းလာခဲ့ရင် မတွေးရဲစရာ အကျိုးဆက်တွေ ဖြစ်ကုန်လိမ့်မယ်__ရှဖူရုန်က ဒါကို တွေးမိတော့ ပိုလို့ တုန်လှုပ်သွားပြီး သူမမျက်နှာက ပိုမို ဖျော့တော့လာကာ ဒူးတွေပါ တုန်လာတော့သည်။
သူတို့ စကားတပြောပြောနဲ့ ယွီမိသားစု အိမ်ဝကို ရောက်မှန်းမသိ ရောက်လာကြတယ်။ အဲ့ဒီအချိန်၌ ငြိမ်သက်နေသင့်တဲ့ ယွီမိသားစုအိမ်မှာတော့ အော်ဟစ်သံတွေနဲ့ ဆူညံလို့နေတယ်။

ယွီရှောင်ချောင်းနဲ့ သူမမွေးစားအမေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ခပ်မြန်မြန် ဝင်သွားလိုက်ကြတယ်။ သူတို့ ခြံဝင်းထဲ အပြေးအလွှားရောက်သွားတော့ ဝမ်အာ့ကုန်းရဲ့ စူးရှရန်လိုနေတဲ့ အသံကြီးကို ကြားလိုက်ရတယ်။ သူက စိတ်တိုစွာ အော်လိုက်ပြီး

"...ခင်ဗျားက ဒီလောက် လူအိပ်ချိန်ကြီးကို မအိပ်ဘဲ ကျုပ်တို့ ဖရဲခင်းထဲမှာ လာပုန်းနေတာ သူခိုး မဟုတ်ရင် ဘာဖြစ်ရမှာလဲ ဘာလဲ ဖရဲခင်းထဲ ရည်းစားနဲ့ ချိန်းတွေ့ဖို့ စောင့်နေတာလား ပြောစမ်းပါဦး!"

ပြီးနောက် အဖေဘက်က အကြီးဆုံးအဒေါ်ရဲ့ အသံက စူးခနဲ ထွက်လာတယ်။
"ဝမ်အာ့ကုန်း, အကောင်စုတ်! နင်က ငါ့ရဲ့ ရိုးသားမှုကို ဖျက်လိုဖျက်ဆီး လုပ်နေတာပဲ... နင့်ကို အသေသတ်ပစ်မယ်!"

ဝမ်အာ့ကုန်းဇနီးရဲ့ တည်ငြိမ်နေတဲ့ ပြစ်တင်သံကိုလည်း ကြားရတယ်
"သာ့ရှန်းဇနီး, အာ့ကုန်းက အပြောအဆိုမတတ်လို့ပါ။ သူ့ရဲ့ စိတ်ဆိုးစေလောက်တဲ့ အပြုအမူတွေ အတွက် ကျွန်မကပဲ တောင်းပန်ပါတယ်။ ဒါကြောင့် ဒေါသမထွက်ပါနဲ့။ ဒါပေမဲ့ ညဉ့်နက် သန်းခေါင်ကြီး ဖရဲခင်းထဲ ဝင်ပုန်းပြီး ဘာလာလုပ်နေရတာလဲ"

အဲ့ဒီအချိန်မှာ ယွီရှောင်ချောင်းက လူအုပ်ဘေး၌ ရောက်နှင့်နေပြီ။ ခြံထဲက မီးအိမ်အလင်းအောက်မှာ မြို့မှာ စာသွားသင်နေတဲ့ ရှီထုန်လေးကလွဲလို့ ယွီမိသားစုတစ်ခုလုံးကို သူမ တွေ့လိုက်ရတယ်။ ဒါ့အပြင် ဝမ်အာ့ကုန်းတို့ လင်မယားနဲ့ ဖရိုဖရဲဖြစ်နေတဲ့ သူမရဲ့ အဖေဘက်က အကြီးဆုံးအဒေါ် အမျိုးသမီးလီတို့ပါ ရှိနေတယ်။

ဝမ်အာ့ကုန်းမိန်းမရဲ့ မေးခွန်းကို ကြားတော့ လီကွေ့ဟွားမျက်လုံးတွေက ရိပ်ခနဲ ဖြစ်သွားပြီး မေးခွန်းကို ဖြေဖို့ ချီတုံချတုံ ဖြစ်နေတယ်။ သူမ ဒီနေ့ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ သူမသားဆီ စားစရာ သွားပို့တော့ ဖရဲသီးတွေ လှည်းပေါ်တင်ရောင်းနေတဲ့ ဝမ်အာ့ကုန်းကို တွေ့လိုက်ရတယ်။ ယွီဟိုင်တို့ မိသားစုက ဒီနွေဦးမှာ ကန်စွန်းဥတွေ မစိုက်ဘဲ ဖရဲသီးလို့ခေါ်တဲ့ အသီးတွေ ပြောင်းစိုက်နေတဲ့ သတင်းက ရွာထဲမှာ ပျံ့နေပြီးသားပင်။ ဖရဲသီးတွေ စိုက်တာက အရမ်း ခေတ်မစားသေးဘူးပေ။ ဒါကြောင့် အမျိုးသမီးလီက ဒုတိယမိသားစု အလှောင်အပြောင်ခံ ဖြစ်လာဖို့ စောင့်ကြည့်နေသူဆိုတော့ ဖရဲသီးတွေ ရောင်းမထွက်ဘဲ စိုက်ခင်းထဲမှာပဲ ပုပ်သိုးဆွေးမြည့်သွားတာကို ကြည့်ဖို့ စောင့်နေခဲ့တယ်။

မမျှော်လင့်ဘဲ သူမဆိပ်ကမ်းကိုရောက်တော့ ကောင်းမွန်စွာ ဝတ်စားထားတဲ့ အိမ်ရှင်မတွေဆီ ဖရဲသီးတွေ လက်မလည်အောင် ရောင်းနေရတဲ့ ဝမ်အာ့ကုန်းကို တွေ့လိုက်ရတယ်။ ဒါ့အပြင် တချို့စျေးဝယ်တွေဆို လုယက်ပြီးတောင် ဝယ်နေကြသေးတာ။

သူမက တိတ်တိတ်လေး ရှေ့တိုး ကြည့်လိုက်တော့ တကယ်ကို ဖရဲသီးတစ်လုံးက ငါးလျန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ငါးလျန်ဆိုတာ သာမန်မိသားစုလေးအဖို့ ခြွေခြွေတာတာ သုံးရင် တစ်နှစ်လောက် သုံးလို့ရတာ ဒါတောင် အရူးတွေက လုယက်ဝယ်နေကြတာ။ ယွီဟိုင်ရဲ့ ဖရဲသီးတွေ ပြည့်နေတဲ့ စိုက်ခင်း အကြောင်း တွေးမိတဲ့အခါ အမျိုးသမီးလီ နှလုံးသားကို ကြောင်ကုတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်__ ပိုက်ဆံတွေ အများကြီးပဲ! အဲ့ဒါ ဒုတိယမိသားစု ချမ်းသာလာတော့မယ့် အရိပ်အယောင်ပဲ မဟုတ်လား!
ဆိပ်ကမ်းက ပြန်ရောက်တော့ အမျိုးသမီးလီက သူမအခန်းထဲ ဝင်ပြီး အစီအစဉ်ဆွဲတော့တယ်: ညကျရင် ဒုတိယမတ်လေးတို့ ဖရဲခင်းထဲ သွားပုန်းပြီး ဖရဲသီးနှစ်လုံး သွားယူမယ်။ ပြီးရင် မနက်ကျ အဲ့ဖရဲသီးတွေကို ဆိပ်ကမ်းမှာ ရောင်းလို့ရပြီ။ အဲ့လိုဆို သူမလက်ထဲ ပိုက်ဆံဆယ်လျန် ရောက်လာလိမ့်မယ်။ ညနေကျ ဒုတိယမတ်လေးနဲ့ တွေ့ရင်တောင် သူမ ကြောက်စရာမလိုဘူး။ အဖေနဲ့ အမေက စားချင်လို့ ဖရဲသီးနှစ်လုံး လာခူးခိုင်းတာလို့ ပြောလိုက်ရင် သူ သူမကို ဖရဲသီးတွေ မပေးဘဲ နေပါ့မလား

ဒါပေမဲ့ အမျိုးသမီးလီ မထင်ထားတာက ဒီည ဖရဲခင်းစောင့်တဲ့သူက တစ်ရွာလုံးမှာ လက်ပေါက်အကပ်ဆုံး ဝမ်အာ့ကုန်းဆိုတဲ့လူ ဖြစ်နေတာပဲ! ယွီဟိုင် တကယ်ပဲ ရူးများသွားတာလား ဒီလောက် အဖိုးတန်ပစ္စည်းကိုများ ဒီလို မယုံရတဲ့ အပြင်လူကို စောင့်ခိုင်းရတယ်လို့။ ပြစ်မှု အသေးစားလေးတွေ ကျူးလွန်တတ်တဲ့ ဝမ်အာ့ကုန်းလိုလူက ဖရဲသီးတွေ ခိုးသွားမှာကို မစိုးရိမ်ဘူးလား

အမျိုးသမီးလီက ဘယ်လိုရှင်းပြရမှန်း မသိတာမို့ အဟင်းအဟမ်း လုပ်နေတယ်။ ဝမ်အာ့ကုန်းက သူမကို လွယ်လွယ်နဲ့ အလွှတ်မပေးဘဲ ပြောလိုက်တယ်

"ဘာရှိရအုံးမှာလဲ... သေချာပေါက် သူတစ်ခုခု ခိုးဖို့ ကြိုးစားနေတာပေါ့! အမျိုးသမီးလီက ဒီမနက် ငါ ဆိပ်ကမ်းမှာ ဖရဲသီးရောင်းနေတာတွေ့တော့ မနာလိုဖြစ်ပြီး သူရောင်းဖို့အတွက် ဒီည ဖရဲသီးတွေ ခိုးဖို့လာခဲ့တာ! အကိုသာ့ဟိုင်, ခင်ဗျားတောင် ပြောပါသေးတယ် ရွာသားအချင်းချင်း ဘယ်သူမှ ဖရဲသီးတွေ လာမခိုးလောက်ပါဘူးဆို။ မမျှော်လင့်ဘဲ ခင်ဗျားက အပြင်လူတွေ ရန်ကသာ ကာကွယ်နိုင်ခဲ့ပြီး မိသားစုတော့ မပါဘူးပဲ။ အခုအခြေအနေက ဟိုစကားလို ဖြစ်နေပြီ: ဘယ်လောက် ကာကွယ်ရေး စီမံချက်တွေလုပ်လုပ် အိမ်တွင်းသူခိုးကတော့ ဖမ်းရခက်တယ်ဆိုတာ!"

အမျိုးသမီးလီက ရုတ်ရင်းတဲ့ အသွင်အပြင်နဲ့ အော်တော့တယ်
"အာ့ကုန်းဇီ, နင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့! ဖရဲသီးတွေကို ဘယ်သူခိုးလို့လဲ? ဘယ်မှာလဲ ဖရဲသီးတွေ? သူခိုးဖမ်းရင် ခိုးတဲ့ပစ္စည်းကိုပါ ရှာနိုင်ရမှာပေါ့... ဘယ်မလဲ ငါခိုးတယ်ဆိုတဲ့ သက်သေ?"

"အဲ့ဒါ ကျုပ်အချိန်ကိုက် ရောက်လာလို့ ခင်ဗျား လှုပ်ရှားဖို့ အခွင့်မရတော့တာလေ! ဖရဲသီးတွေ ခိုးတာ မဟုတ်ရင် ဒီမှောင်ကြီး မည်းကြီးထဲ ခင်ဗျားက ဘာလုပ်နေရတာတုန်း!"

ဝမ်အာ့ကုန်းက လေသံကို တစ်စက်မှ မလျှော့ဘဲ ပြန်ပြောလိုက်တယ်။
"ငါ... ငါဒီတိုင်း ဖြတ်သွားဖြတ်လာလုပ်ရုံပဲ, ဟုတ်ပြီလား?"
အမျိုးသမီးလီက ဆက်ပြီး အငြင်းပွားလိုက်တယ်။

***

[Zawgyi]

အပိုင္း ၁၈၅ - သူခိုး

အေဒၚျဖစ္သူက ပင္လယ္ေမွ်ာ့ကို တူနဲ႔ညႇပ္ကာ ပါးစပ္ထဲထည့္ၿပီး ဝါးေနၿပီမို႔ ရွဖူ႐ုန္ရဲ႕အသံက ႐ုတ္တရက္ တန႔္သြားရတယ္။ ဘာလို႔လဲ? ဒီပိုးေကာင္နဲ႔ တူတဲ့ဟာႀကီးက ဒီေလာက္ ႐ြံစရာေကာင္းတာ။ သူမလိုပဲ သူမအေဒၚကလည္း ဒါႀကီးကို ႐ြံစရာေကာင္းတယ္ဆိုၿပီး ေတြးမိသင့္တယ္ မဟုတ္ဘူးလား အေဒါ့္လို ေတာ္ဝင္မ်ိဳးႏြယ္ အမ်ိဳးသမီးတစ္ေယာက္က ဘယ္လိုလုပ္မ်ား ဒီလိုဟာႀကီးကို စားႏိုင္ရတာပါလိမ့္...

"အမ္း! ႏူးညံ့ၿပီး လတ္ဆတ္ေနတာပဲ... သမီးေမြးစားအေဖက သူ႔စာေတြထဲမွာ ပင္လယ္ေမွ်ာ့ အေၾကာင္းကို အရမ္း ခ်ီးက်ဴးထားလို႔ ျမည္းၾကည့္ခ်င္ေနတာ ၾကာၿပီ... ေရွာင္ေခ်ာင္း လက္ရာက တကယ္ ေကာင္းတာပဲ... ဒီဟင္းကို အရမ္းႀကိဳက္တယ္"

သခင္မဖန္းက ပင္လယ္ေမွ်ာ့ဟင္းကို ပါးစပ္ထဲ ႏွစ္ခါေလာက္ အျပည့္ထည့္လိုက္ၿပီးမွ ေရွာင္ေခ်ာင္းကို ခ်ီးက်ဴးဖို႔ အခ်ိန္ရတယ္။
ရွဖူ႐ုန္ကေတာ့ စိတ္ထဲမွာ ကမာၻပ်က္ေနၿပီ။

ငါ့အေဒၚလို ဂုဏ္က်က္သေရရွိတဲ့ ေတာ္ဝင္ႏြယ္တစ္ေယာက္က ဘယ္လိုလုပ္မ်ား ပိုးေကာင္ေတြ စားရတာ ႀကိဳက္ရတာလဲ

အမွန္ေတာ့ သခင္မဖန္းက ေတာ္ေတာ္ သတၱိရွိတယ္ ဆိုရမယ္။ ႏူးညံ့ေဖာင္းတုတ္ေနတဲ့ ပင္လယ္ေမွ်ာ့ ပုံစံကို ၾကည့္ၿပီး ေတာ္႐ုံလူဆို စားဖို႔ျငင္းမွာပဲ။ အစက ေရွာင္ေခ်ာင္း ဒီၿမိဳ႕ေတာ္ကလာတဲ့ သခင္မႀကီးနဲ႔ သဟဇာတ မျဖစ္မွာ စိုးရိမ္ေနေပမယ့္ အခုေတာ့ သူမ စိတ္သက္သာရာရသြားၿပီ။ သူမရဲ႕ ေမြးစားအေမက အရမ္းကို ေပါင္းသင္းရလြယ္တာပဲ!

သခင္မဖန္းက အစထဲက သူ႔ေမြးစားသမီး ခ်က္ထားတဲ့ ညစာအတြက္ ခ်ီးက်ဴးခ်င္ေနတာ။ ဒါ့အျပင္ ေရွာင္ေခ်ာင္းမွာက ေျပာင္ေျမာက္လွတဲ့ ဟင္းခ်က္စြမ္းရည္ေတြ ရွိေနတယ္။ သူမက အလြန္႐ိုးရွင္းတဲ့ ပါဝင္ပစၥည္းေတြနဲ႔ေတာင္ ထူးျခားဆန္းျပားတဲ့ ဟင္းပြဲေတြကို ျပင္ဆင္ႏိုင္တယ္။ ဒါေၾကာင့္လည္း အိေျႏၵအလြန္ထိန္းတဲ့ သခင္မဖန္းလိုလူကိုေတာင္ မထင္မွတ္ပဲ တစ္ခဏအတြင္းမွာ အစားၾကဴးသူအျဖစ္ ေရာက္ေစရတာေပါ့။

ညက တျဖည္းျဖည္း နက္လာၿပီ။ အနီးအနားက သစ္ပင္ေတြရဲ႕ အရိပ္ေတြက လေရာင္ေအာက္မွာ ယိမ္းထိုးေနၿပီး စန္းေသာ္တာ လမင္းကလည္း သစ္ပင္ေတြထက္မွာ ေမးတင္ေနသည္။ ရံဖန္ရံခါ အိမ္ျပန္ေနာက္က်တဲ့ ငွက္႐ိုင္းေလး တစ္ေကာင္စ ႏွစ္ေကာင္စ ျဖတ္ျဖတ္သြားတတ္ၿပီး ေငြလမင္းေပၚမွာ လွပတဲ့ အရိပ္အေယာင္ေလး ထင္ေနေစသည္။

ဒီလို လွပတဲ့ ညေကာင္းကင္အလွကို ခံစားရတာ သခင္မဖန္းအတြက္ေတာ့ ပထမဦးဆုံးပဲ။ ႐ိုးရွင္းတဲ့ ေက်ာက္တုံးနံရံေတြရယ္၊ အၾကမ္းထည္ အုတ္အိမ္ေလးရယ္၊ က်ယ္က်ယ္ဝန္းဝန္း ၿခံကေလးရယ္... အားလုံးက ေရွးဆန္ေနတယ္။ ဒီလို ႐ိုးရွင္းၿပီး သဘာဝဆန္တဲ့ ပတ္ဝန္းက်င္မ်ိဳးက ျမင္လိုက္ရသူရဲ႕ စိတ္ႏွလုံးကို ၾကည္လင္ေစတယ္။ ၿမိဳ႕ႀကီးျပႀကီးမွာ အခ်ိန္အၾကာႀကီး ေနလာခဲ့ရတဲ့ သခင္မဖန္း အတြက္ေတာ့ ဒီပတ္ဝန္းက်င္ေလးက စိတ္ေရာကိုယ္ကိုပါ သက္ေတာင့္သက္သာ ျဖစ္ေစတယ္။

ေနာက္ေဖးမွာရွိေနတဲ့ ေရွာင္ေခ်ာင္းရဲ႕ ပန္းကန္ေဆးတာဝန္ကိုေတာ့ က်န္းက်ဴးနဲ႔ လင္းလုံက တာဝန္ယူလိုက္တာမို႔ သူမက ေကာင္းကင္ကို ၾကည့္လိုက္ၿပီးေနာက္ ေမြးစားအေမကို ႏႈတ္ဆက္လိုက္တယ္။

"ေမြးစားအေမ, သမီးျပန္ေတာ့မယ္... ေမြးစားအေမလည္း ေစာေစာနားသင့္တယ္... မနက္ျဖန္မွ ေတြ႕ၾကမယ္ေနာ္"

"အခု အရမ္းေမွာင္ေနၿပီေလ... ေတာလမ္းႀကီးကို မင္းတစ္ေယာက္တည္း လႊတ္ဖို႔ ဘယ္လိုလုပ္ စိတ္ခ်ႏိုင္မွာလဲ။ ေမြးစားအေမ လိုက္ပို႔ေပးမယ္!"

သခင္မဖန္းက ပန္းပုံနဲ႔ ငွက္ပုံ ေဆးျခယ္ထားတဲ့ မီးအိမ္တစ္ခုကို ဆြဲယူလိုက္ၿပီး ေရွာင္ေခ်ာင္း ေနာက္ကေန တံခါးအျပင္ဘက္ကို လိုက္ဖို႔လုပ္လိုက္တယ္။

ေရွာင္ေခ်ာင္က ပ်ာယိပ်ာယာနဲ႔
"ေမြးစားအေမ, ကြၽန္မ အကိုဟန္နဲ႔ ေတာထဲမွာ ယုန္႐ိုင္းေတြ ရစ္ငွက္ေတြ ခဏခဏ ဖမ္းေနၾကပါ... ဒီလမ္းေၾကာက ရင္းႏွီးေနၿပီ... လိုက္ပို႔စရာမလိုပါဘူး"

"ကိုယ့္ရဲ႕ ေမြးစားအေမကိုေတာင္ မင္းက အားနာေနတာလား ေမြးစားအေမ ညေနက အစားေတြ အမ်ားႀကီး စားထားလို႔ အစာေၾကေအာင္ လမ္းေလးဘာေလး ေလွ်ာက္ခ်င္လို႔ပါ"

သခင္မဖန္းက မီးအိမ္ကို ထြန္းကာ ေရွာင္ေခ်ာင္း လက္ကို ကိုင္လိုက္ၿပီး တံခါးမႀကီးဆီ ေလွ်ာက္လာခဲ့လိုက္တယ္။ က်န္းက်ဴးက ဒါကိုေတြ႕ေတာ့ မီးဖိုေခ်ာင္ထဲက အလုပ္ေတြကို လင္းလုံနဲ႔ လႊဲခဲ့လိုက္ၿပီး မီးအိမ္ကိုင္ထားတဲ့ သခင္မဆီ အေျပးအလႊားသြားကာ မီးအိမ္ကို ယူလိုက္တယ္။

ေက်ာက္မိသားစုအိမ္က ေတာ္ေတာ္ေလး ႀကီးၿပီး ၿခံဝင္းကလည္း က်ယ္တယ္။ အခုမွ ေနရာစိမ္းကို ေရာက္ဖူးတဲ့ ရွဖူ႐ုန္က အားလုံးအျပင္ထြက္ဖို႔ ျပင္ေနတာ ျမင္ေတာ့ သူမပါ ေလးတိေလးကန္နဲ႔ လိုက္လာခဲ့တယ္။

ေတာလမ္းက တိတ္ဆိတ္ေနၿပီး လမ္းမေပၚမွာ ေဘးႏွစ္ဖက္က ခ်ဳံပုတ္ေတြရဲ႕ အရိပ္က ကြက္တိကြက္က်ား က်ေနသည္။ ရွဖူ႐ုန္က ေမွာင္ပိန္းေနတဲ့ ေတာင္ႀကီးကို ၾကည့္လိုက္တဲ့အခ်ိန္မွာပဲ ညဥ့္ငွက္ေတြရဲ႕ ေအာ္ညည္းသံကို ၾကားလိုက္ရသည္။ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ပဲ သူမက သူမရဲ႕ အေဒၚနားကို ပို၍ တိုးကပ္သြားလိုက္သည္။ ေလျပင္းတစ္ခ်က္ ေဝ့လိုက္တဲ့အခိုက္ ေျမျပင္ေပၚက သစ္ပင္ရိပ္ေတြက ႐ုတ္တရက္ လႈပ္ခါသြားသည္။ အစကတည္းက လန႔္ေနတဲ့ ရွဖူ႐ုန္တစ္ေယာက္ အက်ယ္ႀကီး ေအာ္လိုက္တာမို႔ အနီးအနားက လူေတြကိုပါ ေျခာက္လိုက္မိသလို ျဖစ္သြားသည္။

"ဝမ္းကြဲအစ္မ, လူေတြလည္း လန႔္ၿပီး ေသတတ္တယ္ေနာ္... ပတ္ဝန္းက်င္ကို အထိတ္တလန႔္ျဖစ္ေအာင္ လုပ္တာ ရပ္ေပးႏိုင္မလား!"

ယြီေရွာင္ေခ်ာင္းက အေမွာင္ထဲမွာ မ်က္ျဖဴလွန္လိုက္မိတယ္။
ရွဖူ႐ုန္က သခင္မဖန္းရဲ႕ လက္ေမာင္းကို တင္းတင္းက်ပ္က်ပ္ ဖက္ကာ လမ္းေဘးက ေမွာင္မည္းေနတဲ့ ေတာခ်ဳံႀကီးကို အမည္မသိ သတၱဝါႀကီးတစ္ေကာင္ေကာင္ ထြက္လာေတာ့မယ္အတိုင္း ေၾကာက္လန႔္ကာ သကၤာမကင္း ၾကည့္ေနတယ္။

ကိုယ္ေၾကာက္တဲ့အရာဆိုတာ အၿမဲတည့္တိုး ျဖစ္လာတတ္တယ္။ ႐ုတ္တရက္ ခပ္မည္းမည္း အရာ တစ္ခုက သူမေျခေထာက္ေတြနားက ျဖတ္ေျပးသြားၿပီး ထိုအရာက သူမေျခေခ်ာင္းေတြေပၚက ျဖတ္ေျပးသြားတာကိုပါ ခံစားလိုက္ရတယ္။ ႐ုဖူ႐ုန္က ပိုလို႔ေတာင္ ငိုသံပါႀကီးနဲ႔ ေအာ္လိုက္ၿပီး သခင္မဖန္းကို ဖက္တြယ္ထားတယ္။ သူမရဲ႕ ေခါင္းကို အေဒၚျဖစ္သူရဲ႕ ရင္ခြင္ထဲမွာ ဝွက္ထားၿပီး ထြက္ကို မလာရဲေတာ့။

ေရွာင္ေခ်ာင္းက အေတာ္ေလးကို ဆြံ႕အမိေနတယ္။ အဲ့ဒီေျခေထာက္ေပၚ ျဖတ္သြားတဲ့ အမဲေရာင္အရိပ္ရဲ႕ ခႏၶာကိုယ္ အ႐ြယ္အစားနဲ႔ လမ္းေလွ်ာက္ဟန္ကို ၾကည့္ရတာ ယုန္႐ိုင္းအေသးေလး ျဖစ္ဖို႔ မ်ားပါတယ္။ အဲ့ဒါကို သူက သားထိုးခံေနရတဲ့ ဝက္တစ္ေကာင္လို ေအာ္ဖို႔လိုလို႔လား...

"ဝမ္းကြဲအစ္မ, မေၾကာက္ပါနဲ႔။ အဲ့ဒါ ဒီတိုင္း ယုန္႐ိုင္းေလး တစ္ေကာင္ပါ။ အေနာက္ဘက္ ေတာင္ေပၚက သား႐ိုင္းႀကီးေတြက ေတာလယ္မွာပဲ ရွိတာ။ ဒီအနီးနားမွာ ရွိတဲ့ တိရိစာၦန္ေတြက ယုန္႐ိုင္းတို႔၊ ရစ္ငွက္တို႔၊ ေခြးတူဝက္တူတို႔လို အေကာင္ငယ္ေလးေတြပဲ... သူတို႔က လူကို ရန္မျပဳတတ္ပါဘူး!"

ေရွာင္ေခ်ာင္းက ျမင့္ျမတ္တဲ့သခင္မေလး ရွဖူ႐ုန္ကို ရွင္းျပလိုက္တယ္။
ရွဖူ႐ုန္က သူမစကားကို လ်စ္လ်ဴရႈကာ တုန္ရီေနတဲ့ အသံနဲ႔ ငိုလိုက္ၿပီး
"အေဒၚ, ဒီမွာ အရမ္းေၾကာက္စရာေကာင္းတယ္... ျပန္ၾကရေအာင္!"

သခင္မဖန္းက တူမျဖစ္သူရဲ႕ ပုခုံးကို ခပ္ဖြဖြပုတ္ကာ ေခ်ာ့လိုက္ၿပီး အၿပဳံးေလးနဲ႔ ေျပာတယ္။
"မေၾကာက္ပါနဲ႔! အေဒၚတို႔မွာ လူေတြ အမ်ားႀကီးလည္း ပါတယ္ မီးအိမ္လည္း ရွိတယ္။ သား႐ိုင္းေတြ ရွိရင္ေတာင္ ဒီကို မလာရဲပါဘူး... တူမေလးက အခုမွ ပတ္ဝန္းက်င္အသစ္ကို ေရာက္ၿပီး အသားမက်ေသးလို႔ပါ။ ရက္နည္းနည္းေလာက္ေနရင္ ႐ြာမွာေနရတဲ့ ၾကည္ႏူးမႈကို ခံစားတတ္လာမွာပါ။ သမီးဦးေလးနားရက္ရရင္ အမဲလိုက္ထြက္တဲ့အခါ အေဒၚတို႔ကိုပါ ေခၚသြားဖို႔ ေျပာရမယ္။ ကိုယ္တိုင္ ဖမ္းလို႔ရတဲ့ အသားဆို ပိုစားေကာင္းမွာ ေသခ်ာတယ္"

ယြီေရွာင္ေခ်ာင္းက ေခါင္းတဆတ္ဆတ္ ညိမ့္ရင္းေျပာတယ္။
"ဟုတ္တယ္, ဟုတ္တယ္! သမင္႐ိုင္းတစ္ေကာင္ေလာက္ ဖမ္းမိရင္ ပိုေတာင္ေကာင္းေသး! သမင္သားကင္ရဲ႕ အရသာဆို ေဖာ္ျပေနစရာ လိုမယ္ေတာင္ မထင္ဘူး! ႏူးညံ့ၿပီး အရသာရွိတဲ့ ေခြးတူဝက္တူေတြလည္း ရွိတယ္... ေျပာရင္းသြားရည္ေတာင္ က်လာၿပီ!"

သခင္မဖန္းက ရယ္လိုက္ရင္း ေရွာင္ေခ်ာင္းရဲ႕ေခါင္းေလးကို အုပ္ကိုင္လိုက္တယ္။ သူမက အလြန္တရာ ခ်စ္ျမတ္ႏိုးတဲ့ အသံနဲ႔
" မင္းကေတာ့ေလ! တကယ့္ အစားသရဲေလးပါလား!"

ယြီေရွာင္ေခ်ာင္းတစ္ေယာက္ အရင္က သူမရဲ႕ ခါးတစ္ဝက္ ခ်ိဳတစ္ဝက္ မွတ္ဉာဏ္ေတြကို ျပန္စဥ္းစားလိုက္ၿပီး ၿပဳံးလ်က္ ဆိုတယ္။

"ေမြးစားအေမ, ကြၽန္မအေဖကေလ ႐ြာမွာ အေတာ္ဆုံး မုဆိုးတစ္ေယာက္ ျဖစ္ခဲ့တာ! သူက ေမြးစားအေဖရဲ႕ ဆရာတူညီ ဦးေလးေက်ာက္နဲ႔ဆို ခဏခဏ ေတာင္ေပၚသြားေနက်။ သြားတိုင္းလည္း သားေကာင္ေတြ အမ်ားႀကီး ဖမ္းမိတယ္! အေဖက ေတာဝက္႐ိုင္းႀကီးတစ္ေကာင္ကိုေတာင္ သူတစ္ေယာက္တည္း သတ္ခဲ့တာ။ အဲ့တာက က်င္းႏွစ္ရာသုံးရာေလာက္ေတာင္ အေလးခ်ိန္ရွိတယ္!"

ညက တိတ္ဆိတ္ေနၿပီး ေတာလမ္းတစ္ခုလုံးမွာ ေရွာင္ေခ်ာင္းရဲ႕ စကားသံေတြပဲ ပဲ့တင္ထပ္ေနတယ္။ သခင္မဖန္းက သူမစကားေတြကို စိတ္ဝင္တစားနဲ႔ ေသခ်ာနားေထာင္ၿပီး တစ္ခါတစ္ေလ သိခ်င္တာေတြပါ ေမးေတာ့ ေရွာင္ေခ်ာင္းအတြက္ ပိုၿပီး စကားေျပာရတာ စိတ္အားထက္သန္ေစတယ္။

ရွဖူ႐ုန္က ေရွာင္ေခ်ာင္းစကားေတြကို မယုံသလိုနဲ႔ ႏႈတ္ခမ္းတြန္႔လိုက္တယ္။ တကယ္လို႔ အမဲလိုက္တာ လြယ္တယ္ဆိုရင္ ဘာလို႔ သူတို႔က ၿခံစိုက္စားေနေသးတုန္း! သူမက ေရွာင္ေခ်ာင္း အလိမ္အညာေတြကို မေဖာ္ထုတ္ဘဲ မေနႏိုင္တာေၾကာင့္

"နင့္အေဖက အမဲလိုက္ေတာ္တယ္ဆိုရင္ ဘာလို႔ အသီးအ႐ြက္ေတြ ဖရဲသီးေတြ စိုက္ေနေသးတာလဲ အဲ့ဒါ မင္းတို႔ မိသားစုပို အလုပ္ပိၿပီး ပင္ပန္းတယ္မဟုတ္ဘူးလား"

ယြီေရွာင္ေခ်ာင္းက တုန႔္ဆိုင္းမႈမရွိ ျပန္ေျဖလိုက္တယ္။
"အမဲလိုက္တာ အႏၲရာယ္လည္း မ်ားတယ္။ ဘယ္လိုလုပ္ ၿခံစိုက္တာေလာက္ လုံၿခဳံၿပီး တည္တည္ၿငိမ္ၿငိမ္ ရွိမွာလဲ... အေဖ ဝက္ဝံတစ္ေကာင္ေၾကာင့္ ဒဏ္ရာရၿပီးကတည္းက အေမက ကြၽန္မတို႔ကို ေတာင္ေပၚသြားဖို႔ ခြင့္မျပဳေတာ့တာ။ ဒါေပမဲ့ ၿခံစိုက္လို႔ရတဲ့ ကြၽန္မတို႔ မိသားစုဝင္ေငြကိုေတာ့ အထင္မေသးနဲ႔ေနာ္... ၿမိဳ႕က လူကုံထံေတြ ၿခံစိုက္တာထက္ေတာင္ ပိုၿပီး အက်ိဳးအျမတ္ ရေသးတယ္!"

သခင္မဖန္းက ဒီေန႔ ဖရဲသီးဆိုင္က ရခဲ့တဲ့ ပိုက္ဆံေတြကို ေတြးမိၿပီး ေထာက္ခံတဲ့ အေနနဲ႔ ေခါင္းညိတ္လိုက္မိတယ္။ သူမ ခန္းဝင္ပစၥည္းအျဖစ္ရခဲ့တဲ့ စိုက္ပ်ိဳးၿခံဟာ တစ္ႏွစ္ပတ္လုံးအတြက္ အမ်ားဆုံးဝင္ေငြက ေငြလ်န္တစ္ေထာင္ ေလာက္သာရွိသည္။ ထိုပမာဏက ေရွာင္ေခ်ာင္းတို႔မိသားစု ရက္နည္းနည္းေလာက္ ဖရဲသီးေရာင္းရေငြေလာက္ မမ်ားတာေတာ့ အမွန္ပဲ။

ၿခံစိုက္တဲ့ အေၾကာင္း ဘာမွမသိတဲ့ ရွဖူ႐ုန္ကေတာ့ ေရွာင္ေခ်ာင္းစကားေတြကို လုံးဝ မယုံ။ တကယ္လို႔ သူမေျပာသလို ၿခံစိုက္ၿပီး ပိုက္ဆံေတြ အမ်ားႀကီရတယ္ဆို ဘာကိစၥ လယ္သမားေတြက အေဟာင္းအႏြမ္းေတြပဲ ဝတ္ရၿပီး အစားဆိုလည္း နည္းနည္းပဲ စားရတာတုန္း ဒီေသာက္ေကာင္မစုတ္ ေလွ်ာက္ႂကြားေနတာပဲ ျဖစ္ရမယ္!

ဒါေပမဲ့ ေနပါဦး ဒီကေလးမ ဘာေျပာလိုက္တာ!! ေတာထဲမွာ ဝက္ဝံေတြရွိတယ္? သူတို႔ တူအရီး ႏွစ္ေယာက္ေရာ အေစခံႏွစ္ေယာက္ေရာက အကုန္မိန္းမသားေတြေလ သူတို႔ ေနတဲ့ေနရာက ေတာင္ေတြနဲ႔ မလွမ္းမကမ္းရယ္။ တကယ္လို႔ ၾကမ္းၾကဳတ္တဲ့ ေတာ႐ိုင္းတိရိစာၦန္ႀကီး တစ္ေကာင္သာ ေတာင္ေပၚက ဆင္းလာခဲ့ရင္ မေတြးရဲစရာ အက်ိဳးဆက္ေတြ ျဖစ္ကုန္လိမ့္မယ္__ရွဖူ႐ုန္က ဒါကို ေတြးမိေတာ့ ပိုလို႔ တုန္လႈပ္သြားၿပီး သူမမ်က္ႏွာက ပိုမို ေဖ်ာ့ေတာ့လာကာ ဒူးေတြပါ တုန္လာေတာ့သည္။
သူတို႔ စကားတေျပာေျပာနဲ႔ ယြီမိသားစု အိမ္ဝကို ေရာက္မွန္းမသိ ေရာက္လာၾကတယ္။ အဲ့ဒီအခ်ိန္၌ ၿငိမ္သက္ေနသင့္တဲ့ ယြီမိသားစုအိမ္မွာေတာ့ ေအာ္ဟစ္သံေတြနဲ႔ ဆူညံလို႔ေနတယ္။

ယြီေရွာင္ေခ်ာင္းနဲ႔ သူမေမြးစားအေမက တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၿပီး ခပ္ျမန္ျမန္ ဝင္သြားလိုက္ၾကတယ္။ သူတို႔ ၿခံဝင္းထဲ အေျပးအလႊားေရာက္သြားေတာ့ ဝမ္အာ့ကုန္းရဲ႕ စူးရွရန္လိုေနတဲ့ အသံႀကီးကို ၾကားလိုက္ရတယ္။ သူက စိတ္တိုစြာ ေအာ္လိုက္ၿပီး

"...ခင္ဗ်ားက ဒီေလာက္ လူအိပ္ခ်ိန္ႀကီးကို မအိပ္ဘဲ က်ဳပ္တို႔ ဖရဲခင္းထဲမွာ လာပုန္းေနတာ သူခိုး မဟုတ္ရင္ ဘာျဖစ္ရမွာလဲ ဘာလဲ ဖရဲခင္းထဲ ရည္းစားနဲ႔ ခ်ိန္းေတြ႕ဖို႔ ေစာင့္ေနတာလား ေျပာစမ္းပါဦး!"

ၿပီးေနာက္ အေဖဘက္က အႀကီးဆုံးအေဒၚရဲ႕ အသံက စူးခနဲ ထြက္လာတယ္။
"ဝမ္အာ့ကုန္း, အေကာင္စုတ္! နင္က ငါ့ရဲ႕ ႐ိုးသားမႈကို ဖ်က္လိုဖ်က္ဆီး လုပ္ေနတာပဲ... နင့္ကို အေသသတ္ပစ္မယ္!"

ဝမ္အာ့ကုန္းဇနီးရဲ႕ တည္ၿငိမ္ေနတဲ့ ျပစ္တင္သံကိုလည္း ၾကားရတယ္
"သာ့ရွန္းဇနီး, အာ့ကုန္းက အေျပာအဆိုမတတ္လို႔ပါ။ သူ႔ရဲ႕ စိတ္ဆိုးေစေလာက္တဲ့ အျပဳအမူေတြ အတြက္ ကြၽန္မကပဲ ေတာင္းပန္ပါတယ္။ ဒါေၾကာင့္ ေဒါသမထြက္ပါနဲ႔။ ဒါေပမဲ့ ညဥ့္နက္ သန္းေခါင္ႀကီး ဖရဲခင္းထဲ ဝင္ပုန္းၿပီး ဘာလာလုပ္ေနရတာလဲ"

အဲ့ဒီအခ်ိန္မွာ ယြီေရွာင္ေခ်ာင္းက လူအုပ္ေဘး၌ ေရာက္ႏွင့္ေနၿပီ။ ၿခံထဲက မီးအိမ္အလင္းေအာက္မွာ ၿမိဳ႕မွာ စာသြားသင္ေနတဲ့ ရွီထုန္ေလးကလြဲလို႔ ယြီမိသားစုတစ္ခုလုံးကို သူမ ေတြ႕လိုက္ရတယ္။ ဒါ့အျပင္ ဝမ္အာ့ကုန္းတို႔ လင္မယားနဲ႔ ဖ႐ိုဖရဲျဖစ္ေနတဲ့ သူမရဲ႕ အေဖဘက္က အႀကီးဆုံးအေဒၚ အမ်ိဳးသမီးလီတို႔ပါ ရွိေနတယ္။

ဝမ္အာ့ကုန္းမိန္းမရဲ႕ ေမးခြန္းကို ၾကားေတာ့ လီေကြ႕ဟြားမ်က္လုံးေတြက ရိပ္ခနဲ ျဖစ္သြားၿပီး ေမးခြန္းကို ေျဖဖို႔ ခ်ီတုံခ်တုံ ျဖစ္ေနတယ္။ သူမ ဒီေန႔ဆိပ္ကမ္းမွာ အလုပ္လုပ္ေနတဲ့ သူမသားဆီ စားစရာ သြားပို႔ေတာ့ ဖရဲသီးေတြ လွည္းေပၚတင္ေရာင္းေနတဲ့ ဝမ္အာ့ကုန္းကို ေတြ႕လိုက္ရတယ္။ ယြီဟိုင္တို႔ မိသားစုက ဒီေႏြဦးမွာ ကန္စြန္းဥေတြ မစိုက္ဘဲ ဖရဲသီးလို႔ေခၚတဲ့ အသီးေတြ ေျပာင္းစိုက္ေနတဲ့ သတင္းက ႐ြာထဲမွာ ပ်ံ႕ေနၿပီးသားပင္။ ဖရဲသီးေတြ စိုက္တာက အရမ္း ေခတ္မစားေသးဘူးေပ။ ဒါေၾကာင့္ အမ်ိဳးသမီးလီက ဒုတိယမိသားစု အေလွာင္အေျပာင္ခံ ျဖစ္လာဖို႔ ေစာင့္ၾကည့္ေနသူဆိုေတာ့ ဖရဲသီးေတြ ေရာင္းမထြက္ဘဲ စိုက္ခင္းထဲမွာပဲ ပုပ္သိုးေဆြးျမည့္သြားတာကို ၾကည့္ဖို႔ ေစာင့္ေနခဲ့တယ္။

မေမွ်ာ္လင့္ဘဲ သူမဆိပ္ကမ္းကိုေရာက္ေတာ့ ေကာင္းမြန္စြာ ဝတ္စားထားတဲ့ အိမ္ရွင္မေတြဆီ ဖရဲသီးေတြ လက္မလည္ေအာင္ ေရာင္းေနရတဲ့ ဝမ္အာ့ကုန္းကို ေတြ႕လိုက္ရတယ္။ ဒါ့အျပင္ တခ်ိဳ႕ေစ်းဝယ္ေတြဆို လုယက္ၿပီးေတာင္ ဝယ္ေနၾကေသးတာ။

သူမက တိတ္တိတ္ေလး ေရွ႕တိုး ၾကည့္လိုက္ေတာ့ တကယ္ကို ဖရဲသီးတစ္လုံးက ငါးလ်န္ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။ ငါးလ်န္ဆိုတာ သာမန္မိသားစုေလးအဖို႔ ေႁခြေႁခြတာတာ သုံးရင္ တစ္ႏွစ္ေလာက္ သုံးလို႔ရတာ ဒါေတာင္ အ႐ူးေတြက လုယက္ဝယ္ေနၾကတာ။ ယြီဟိုင္ရဲ႕ ဖရဲသီးေတြ ျပည့္ေနတဲ့ စိုက္ခင္း အေၾကာင္း ေတြးမိတဲ့အခါ အမ်ိဳးသမီးလီ ႏွလုံးသားကို ေၾကာင္ကုတ္ခံလိုက္ရသလို ခံစားလိုက္ရတယ္__ ပိုက္ဆံေတြ အမ်ားႀကီးပဲ! အဲ့ဒါ ဒုတိယမိသားစု ခ်မ္းသာလာေတာ့မယ့္ အရိပ္အေယာင္ပဲ မဟုတ္လား!
ဆိပ္ကမ္းက ျပန္ေရာက္ေတာ့ အမ်ိဳးသမီးလီက သူမအခန္းထဲ ဝင္ၿပီး အစီအစဥ္ဆြဲေတာ့တယ္: ညက်ရင္ ဒုတိယမတ္ေလးတို႔ ဖရဲခင္းထဲ သြားပုန္းၿပီး ဖရဲသီးႏွစ္လုံး သြားယူမယ္။ ၿပီးရင္ မနက္က် အဲ့ဖရဲသီးေတြကို ဆိပ္ကမ္းမွာ ေရာင္းလို႔ရၿပီ။ အဲ့လိုဆို သူမလက္ထဲ ပိုက္ဆံဆယ္လ်န္ ေရာက္လာလိမ့္မယ္။ ညေနက် ဒုတိယမတ္ေလးနဲ႔ ေတြ႕ရင္ေတာင္ သူမ ေၾကာက္စရာမလိုဘူး။ အေဖနဲ႔ အေမက စားခ်င္လို႔ ဖရဲသီးႏွစ္လုံး လာခူးခိုင္းတာလို႔ ေျပာလိုက္ရင္ သူ သူမကို ဖရဲသီးေတြ မေပးဘဲ ေနပါ့မလား

ဒါေပမဲ့ အမ်ိဳးသမီးလီ မထင္ထားတာက ဒီည ဖရဲခင္းေစာင့္တဲ့သူက တစ္႐ြာလုံးမွာ လက္ေပါက္အကပ္ဆုံး ဝမ္အာ့ကုန္းဆိုတဲ့လူ ျဖစ္ေနတာပဲ! ယြီဟိုင္ တကယ္ပဲ ႐ူးမ်ားသြားတာလား ဒီေလာက္ အဖိုးတန္ပစၥည္းကိုမ်ား ဒီလို မယုံရတဲ့ အျပင္လူကို ေစာင့္ခိုင္းရတယ္လို႔။ ျပစ္မႈ အေသးစားေလးေတြ က်ဴးလြန္တတ္တဲ့ ဝမ္အာ့ကုန္းလိုလူက ဖရဲသီးေတြ ခိုးသြားမွာကို မစိုးရိမ္ဘူးလား

အမ်ိဳးသမီးလီက ဘယ္လိုရွင္းျပရမွန္း မသိတာမို႔ အဟင္းအဟမ္း လုပ္ေနတယ္။ ဝမ္အာ့ကုန္းက သူမကို လြယ္လြယ္နဲ႔ အလႊတ္မေပးဘဲ ေျပာလိုက္တယ္

"ဘာရွိရအုံးမွာလဲ... ေသခ်ာေပါက္ သူတစ္ခုခု ခိုးဖို႔ ႀကိဳးစားေနတာေပါ့! အမ်ိဳးသမီးလီက ဒီမနက္ ငါ ဆိပ္ကမ္းမွာ ဖရဲသီးေရာင္းေနတာေတြ႕ေတာ့ မနာလိုျဖစ္ၿပီး သူေရာင္းဖို႔အတြက္ ဒီည ဖရဲသီးေတြ ခိုးဖို႔လာခဲ့တာ! အကိုသာ့ဟိုင္, ခင္ဗ်ားေတာင္ ေျပာပါေသးတယ္ ႐ြာသားအခ်င္းခ်င္း ဘယ္သူမွ ဖရဲသီးေတြ လာမခိုးေလာက္ပါဘူးဆို။ မေမွ်ာ္လင့္ဘဲ ခင္ဗ်ားက အျပင္လူေတြ ရန္ကသာ ကာကြယ္ႏိုင္ခဲ့ၿပီး မိသားစုေတာ့ မပါဘူးပဲ။ အခုအေျခအေနက ဟိုစကားလို ျဖစ္ေနၿပီ: ဘယ္ေလာက္ ကာကြယ္ေရး စီမံခ်က္ေတြလုပ္လုပ္ အိမ္တြင္းသူခိုးကေတာ့ ဖမ္းရခက္တယ္ဆိုတာ!"

အမ်ိဳးသမီးလီက ႐ုတ္ရင္းတဲ့ အသြင္အျပင္နဲ႔ ေအာ္ေတာ့တယ္
"အာ့ကုန္းဇီ, နင္ အဓိပၸာယ္မရွိတာေတြ မေျပာနဲ႔! ဖရဲသီးေတြကို ဘယ္သူခိုးလို႔လဲ? ဘယ္မွာလဲ ဖရဲသီးေတြ? သူခိုးဖမ္းရင္ ခိုးတဲ့ပစၥည္းကိုပါ ရွာႏိုင္ရမွာေပါ့... ဘယ္မလဲ ငါခိုးတယ္ဆိုတဲ့ သက္ေသ?"

"အဲ့ဒါ က်ဳပ္အခ်ိန္ကိုက္ ေရာက္လာလို႔ ခင္ဗ်ား လႈပ္ရွားဖို႔ အခြင့္မရေတာ့တာေလ! ဖရဲသီးေတြ ခိုးတာ မဟုတ္ရင္ ဒီေမွာင္ႀကီး မည္းႀကီးထဲ ခင္ဗ်ားက ဘာလုပ္ေနရတာတုန္း!"

ဝမ္အာ့ကုန္းက ေလသံကို တစ္စက္မွ မေလွ်ာ့ဘဲ ျပန္ေျပာလိုက္တယ္။
"ငါ... ငါဒီတိုင္း ျဖတ္သြားျဖတ္လာလုပ္႐ုံပဲ, ဟုတ္ၿပီလား?"
အမ်ိဳးသမီးလီက ဆက္ၿပီး အျငင္းပြားလိုက္တယ္။

***

Continue Reading

You'll Also Like

378K 8.4K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022