[Unicode]
စုထျန်းထျန်းကို အားရပါးရ စော်ကားပြီးတာတောင်မှ နင်မုန့်က အခုထိ သူ့ဒေါသကို အကုန်မဖွင့်ချလိုက်ရလို့ ဆိုပြီး ပြောနေသေးတယ်? စုထျန်းထျန်းကို သူ့ဒေါသနဲ့သူ သေသွားအောင်ထိ လုပ်ဖို့ ကြံစည်နေတာလား?
နင်ဝမ့်ထောင်ကတော့ သူ့သမီးကြောင့် မျက်လုံးသာ လှိမ့်လိုက်သည်။
"ဟ!"
တဖက်မှ ဟော်ပေ့ချန်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့တာမို့ ခပ်တိုးတိုး ရယ်သံ ထွက်လာလေ၏။
သားမက်ဖြစ်သူ စိတ်အခြေအနေ ကောင်းသွားတာကို မြင်လိုက်ရတော့မှ နင်ဝမ့်ထောင် စိတ်သက်သာရာ ရစွာပဲ သက်ပြင်းချလိုက်သည်။
"ချစ်သားမက်လေး chessကစား ရအောင်လေ"
၅မိနစ် ကြာပြီးနောက်
နင်ဝမ့်ထောင်က chessဘုတ်ပြားကို တခုခုလွဲနေသည့် အပြုံးနဲ့ ကြည့်လိုက်သည်။ "သားမက်လေး အရင်က chessလုံး၀ မကစားဖူးတာ သေချာရဲ့လား"
"သေချာပါတယ်။ ဒါပထမဆုံး ကစားဖူးတာ"
“…”
ဒါဆို ဘယ်လိုဖြစ်ပြီး သူ့ကို အသာလေး အနိုင်ယူသွားနိုင် နေရတာလဲ။
တကယ်လို့ သူသာ ရှုံးသွားခဲ့ရင် ဒီလူရဲ့ ယောက္ခထီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်လို ဆက်ထိန်းနိုင်တော့မှာလဲ။
Chessဘုတ်ပြားကို ကြည့်နေရင်းပဲ ဟော်ပေ့ချန်ကို တချက်ကြည့်လိုက်ပြီး နင်ဝမ့်ထောင် ပါးစပ်ကို လှုပ်ရှားလိုက်သည်။
"အာ ချစ်သားမက်လေး...အစောက ငါမှားချလိုက်မိပြီ ထင်တယ်။ ဒါက စစ်တုရင် ရွှေ့တဲ့အကွက် မဟုတ်သေးဘူး။ Lပုံစံ ရွှေ့ရမှာ မဟုတ်ဘူး"
"ဒါဆို ဘယ်လို ရွှေ့ရမှာလဲ"
"ထောင့်ဖြတ်အတိုင်း ရွှေ့ရမှာ"
"အော် အဲ့လိုကိုး"
ထိုအခါမှ နင်ဝမ့်ထောင် သက်ပြင်းချလိုက်သည်။
တစ်ချိန်လုံး ကစားတာကို ကြည့်ပဲကြည့်နေတဲ့ နင်မုန့်ကလည်း စတင် စကားပြောလာ၏။
"အဖေ....သေချာလို့လား"
ခေါင်းထောင်ကြည့်လိုက်တော့ သမီးဖြစ်သူရဲ့ မျက်ဝန်းတွေထဲမှ စူးစမ်းနေတဲ့ အကြည့်တို့ကို နင်ဝမ့်ထောင် မြင်လိုက်ရသည်။
အတုအယောင် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။ "အိုး ငါလည်း သိပ်မသေချာဘူး။ ငါက အခုအသက်ကြီးနေပြီ ဆိုတော့ မှတ်ဉာဏ်တွေက သိပ်မကောင်းချင်တော့ဘူးလေ။ ကောင်းပြီ ကောင်းပြီ ရပ်ကြတာပေါ့။ ထမင်းစားခန်းပဲ သွားကြမယ်!"
“…”
သူမ ဖခင်ရဲ့ အရှက်မရှိမှုကို နင်မုန့် လက်ဖျားခါမိသွားသည်။ ထိုအချိန် ဟော်ပေ့ချန်ကတော့ ယခုကိစ္စထဲ အရမ်း အာရုံမစိုက်ထားသလို ပုံမှန်အတိုင်းပဲ မတ်တပ်ရပ်လိုက်သည်။ သူ့ပုံစံက chessကစားနည်းမှာ ရှုံးတာနိုင်တာကို လုံးလုံး စိတ်မဝင်စားသည့် အတိုင်းပင်။
အစားအသောက် စားပြီးနောက်မှာတော့ ဟော်ပေ့ချန်က သူတို့ကို နှုတ်ဆက်စကားဆိုလိုက်ပြီး လေဆိပ်ကို သွားရန် ပြင်သည်။
နင်ဝမ့်ထောင်က ယောက္ခထီး ဆိုသည့်အတိုင်း ဂုဏ်ယူစွာ မတ်တပ်ရပ်ထားလျက် ပြောလိုက်သည်။ "ကောင်းပြီး သွား သွား။ အနာဂတ်မှာလဲ မကြာခန လာလည်ချေပေါ့။ အိုး တစ်ခုရှိသေးတယ်။ မုန့်မုန့်အပေါ်ကိုလည်း ကောင်းကောင်း ဆက်ဆံပေး မဟုတ်လို့ကတော့...."
ဆက်မပြောခင် ဟော်ပေ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သားမက်ဖြစ်သူ အဆင်ပြေနေတာကို မြင်လိုက်ရတဲ့အခါ စကား ပြန်ဆက်လိုက်သည်။ "မဟုတ်လို့ကတော့ မင်းအရှေ့မှာပဲ ငါငိုမှာ!"
“…”
နင်မုန့်ကတော့ သူမ ဖခင်ကို ဆွံ့အစွာသာ ကြည့်လိုက်သည်။
"ကောင်းပြီ သွားတော့ သွားတော့။ မုန့်မုန့် ငါတို့ရဲ့ ချစ်ဧည့်သည်လေးကို လေဆိပ်ထိ လိုက်ပို့လိုက်လေ"
“??”
နင်မုန့် ကြောင်အမ်း သွားလေ၏။
ဘာ? သူက ဒီအတိုင်းလေး လေဆိပ်ကို သွားရုံပါ....အဲ့အထိ သူ့ကို လိုက်ကြည့်ပေးဖို့ လိုလို့လား။ ရက်အနည်းငယ် လောက်ကြာရင်ပဲ ပြန်တွေ့ရမယ့်ဟာ တသက်လုံး ထပ်မတွေ့ရတော့မယ့် အတိုင်း လုပ်နေတာပဲ!
တစ်ယောက်တည်း အတွေးထဲ ပတ်ချာလည်နေတုန်းမှာပဲ ဟော်ပေ့ချန်က လူကြီးလူကောင်း တစ်ယောက်နှယ် သူမအတွက် ကားတံခါးကို ဖွင့်ပေးလာပြီး မျက်လုံးမှိတ်ပြတာကို မြင်လိုက်ရသည်။
နင်မုန့် ကြက်သေ သေ သွားရ၏။
ဘာလဲ? သူက တကယ်ကြီး သူမကို လိုက်ပို့စေချင် နေတာလား!
ရွေးချယ်စရာ မရှိစွာပဲ သူမ ကားထဲ ဝင်လိုက်သည်။ ဟော်ပေ့ချန်က ကားရဲ့ တခြား တဖက်ခြမ်းဆီ လမ်းလျှောက်သွားပြီးနောက် ကားထဲ ဝင်လိုက်သည်။ ကားထဲ မဝင်ခင်မှာ နင်ဝမ့်ထောင်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။ "chessနောက်ပွဲတွေ အတွက် ထပ်ပြီး လာလည်ပါဦးမယ် sir"
နင်ဝမ့်ထောင်က ကတိုက်ကရိုက် ပြန်တုံ့ပြန်လိုက်သည်။ "အိုး မလိုတာကွယ် အဲ့လိုလုပ်ဖို့ မလိုဘူး!"
“…”
နင်စံအိမ်ကနေ ကားထွက်လာပြီးတဲ့နောက်မှာတော့ ကားပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။ ဟော်ပေ့ချန်ကလည်း စကားတစ်ခွန်းတောင် မဆိုပဲ ငြိမ်သက်စွာ ထိုင်နေလေ၏။
အရှေ့မှာ ကားမောင်းနေတဲ့ ချီရှန်က ပြောလာသည်။ "ဘော့စ်ရဲ့ ခရီးဆောင် အိတ်ကို စစ်ကြည့်ဦးနော်။ ၁၀၀မီလီမီတာထက် ပိုတဲ့ အရည်ပုလင်းတွေ ပါလာရင် လေဆိပ်မှာပဲ သောင်တင်နေဦးမယ်"
“ပြီးပြီ”
ဟော်ပေ့ချန်က တိုတောင်းတဲ့ တုံ့ပြန်မှု ပေးပြီးနောက်မှာတော့ သူ့ကို ကြည့်နေတဲ့ နင်မုန့်ကို သတိပြုမိသွားသည်။ ထို့နောက်မှာတော့ သူမ ရှိရာဘက်သို့ သိချင်စိတ်နဲ့ ပြန်ကြည့်လိုက်သည်။
သူမဘက် လှည့်လာတဲ့ သူ့ကို မြင်လိုက်တဲ့အခါ နင်မုန့် အလျင်အမြန်ပဲ ပြောလိုက်သည်။ "ဒါဆိုရင်တော့ ငါသာဆို လေဆိပ်မှာပဲ သောင်တင်နေတော့မှာပဲ"
ချီရှန်က ရှုပ်ထွေးစွာ မေးလိုက်သည်။ "ဘာလို့လဲ"
နင်မုန့်က ဟော်ပေ့ချန်ကို ကျီစယ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာလို့ဆို ငါ့ယောက်ျားက ငါ့နှလုံးသားထဲမှာ ရှိနေလို့လေ"
“…”
ကလူတတ်တဲ့ အရင်သူမ ပြန်လာလေပြီ။
ထိုအခိုက် နင်မုန့်ရဲ့ မျက်နှာ ရှက်သွေးဖြာလာလေသည်။ ထူးဆန်းတယ်။ ပုံမှန်ဆို ဒီလို ကလူတတ်တဲ့ စကားတွေ ပြောလိုက်တိုင်း ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေကျပါ.... ဒါပေမယ့် ဒီနေ့မှာတော့ သူမရဲ့ နားရွက်တစ်ခုလုံး လောင်ကျွမ်းနေတာကို သူမ ခံစားလို့ ရနေသည်။
နောက်ဆို ဒီလို ရှက်စရာ စကားတွေကို ဆင်ဆင်ခြင်ခြင် ပြောရတော့မှာပဲ!
လေဆိပ်ရောက်ဖို့ အချိန်အများကြီး မမောင်းလိုက်ရပေ။ ဟော်ပေ့ချန် နဲ့ ချီရှန်ကို လိုက်ပို့ပြီးနောက်မှာတော့ နင်မုန့် taxiငှားပြီးသာ နင်စံအိမ်ဆီသို့ ပြန်လာခဲ့လေ၏။
သူမ အိမ်ရောက်တာနဲ့ လင်းချင်ပေ့ မန်နေဂျာက သူမကို ဖုန်းခေါ်လာလေ၏။
" ‘Throne of Songs’ရဲ့ seasonအသစ်က စနေပြီဆိုတော့ သူတို့က လင်းချင်ပေ့ကို သူတို့ရဲ့ programမှာ ပါဝင်ပေးဖို့ ဖိတ်ထားပါတယ် မစ္စနင်။ အဲ့ရှိုးက ပြိုင်ဖက်တွေက နည်းနည်းတော့ ရင်ဆိုင်ရ ခက်တယ်။ ကျွန်တော်တို့ အနေနဲ့ ပါဝင်လိုက်သင့်ရဲ့လား"
နင်မုန့် ကြောင်သွားသည်။ ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ မေးခွန်းကြီးလဲ!
"ဒါပေါ့ သေချာပေါက် ငါတို့ ပါဝင်သင့်တာပေါ့!"
မန်နေဂျာက လည်ချောင်း ရှင်းလိုက်ပြီးနောက် အကြောင်းပြန်လိုက်သည်။
"ဒါပေမယ့် လင်းချင်ပေ့က ငြင်းနေတယ်...သူပြောတာတော့....စုထျန်းထျန်းလဲ ရှိနေတာ မို့လို့တဲ့"
----------------------
[Zawgyi]
စုထ်န္းထ်န္းကို အားရပါးရ ေစာ္ကားၿပီးတာေတာင္မွ နင္မုန႔္က အခုထိ သူ႔ေဒါသကို အကုန္မဖြင့္ခ်လိုက္ရလို႔ ဆိုၿပီး ေျပာေနေသးတယ္? စုထ်န္းထ်န္းကို သူ႔ေဒါသနဲ႔သူ ေသသြားေအာင္ထိ လုပ္ဖို႔ ႀကံစည္ေနတာလား?
နင္၀မ့္ေထာင္ကေတာ့ သူ႔သမီးေၾကာင့္ မ်က္လုံးသာ လွိမ့္လိုက္သည္။
"ဟ!"
တဖက္မွ ေဟာ္ေပ့ခ်န္က ရယ္ခ်င္စိတ္ကို မထိန္းႏိုင္ေတာ့တာမို႔ ခပ္တိုးတိုး ရယ္သံ ထြက္လာေလ၏။
သားမက္ျဖစ္သူ စိတ္အေျခအေန ေကာင္းသြားတာကို ျမင္လိုက္ရေတာ့မွ နင္၀မ့္ေထာင္ စိတ္သက္သာရာ ရစြာပဲ သက္ျပင္းခ်လိုက္သည္။
"ခ်စ္သားမက္ေလး chessကစား ရေအာင္ေလ"
၅မိနစ္ ၾကာၿပီးေနာက္
နင္၀မ့္ေထာင္က chessဘုတ္ျပားကို တခုခုလြဲေနသည့္ အၿပဳံးနဲ႔ ၾကည့္လိုက္သည္။ "သားမက္ေလး အရင္က chessလုံး၀ မကစားဖူးတာ ေသခ်ာရဲ႕လား"
"ေသခ်ာပါတယ္။ ဒါပထမဆုံး ကစားဖူးတာ"
“…”
ဒါဆို ဘယ္လိုျဖစ္ၿပီး သူ႔ကို အသာေလး အႏိုင္ယူသြားႏိုင္ ေနရတာလဲ။
တကယ္လို႔ သူသာ ရႈံးသြားခဲ့ရင္ ဒီလူရဲ႕ ေယာကၡထီးဆိုတဲ့ ဂုဏ္ပုဒ္ကို ဘယ္လို ဆက္ထိန္းန္ိုင္ေတာ့မွာလဲ။
Chessဘုတ္ျပားကို ၾကည့္ေနရင္းပဲ ေဟာ္ေပ့ခ်န္ကို တခ်က္ၾကည့္လိုက္ၿပီး နင္၀မ့္ေထာင္ ပါးစပ္ကို လႈပ္ရွားလိုက္သည္။
"အာ ခ်စ္သားမက္ေလး...အေစာက ငါမွားခ်လိုက္မိၿပီ ထင္တယ္။ ဒါက စစ္တုရင္ ေ႐ႊ႕တဲ့အကြက္ မဟုတ္ေသးဘူး။ Lပုံစံ ေ႐ႊ႕ရမွာ မဟုတ္ဘူး"
"ဒါဆို ဘယ္လို ေ႐ႊ႕ရမွာလဲ"
"ေထာင့္ျဖတ္အတိုင္း ေ႐ႊ႕ရမွာ"
"ေအာ္ အဲ့လိုကိုး"
ထိုအခါမွ နင္၀မ့္ေထာင္ သက္ျပင္းခ်လိုက္သည္။
တစ္ခ်ိန္လုံး ကစားတာကို ၾကည့္ပဲၾကည့္ေနတဲ့ နင္မုန႔္ကလည္း စတင္ စကားေျပာလာ၏။
"အေဖ....ေသခ်ာလို႔လား"
ေခါင္းေထာင္ၾကည့္လိုက္ေတာ့ သမီးျဖစ္သူရဲ႕ မ်က္၀န္းေတြထဲမွ စူးစမ္းေနတဲ့ အၾကည့္တို႔ကို နင္၀မ့္ေထာင္ ျမင္လိုက္ရသည္။
အတုအေယာင္ ေခ်ာင္းဆိုးလိုက္ၿပီး ေျပာလိုက္သည္။ "အိုး ငါလည္း သိပ္မေသခ်ာဘူး။ ငါက အခုအသက္ႀကီးေနၿပီ ဆိုေတာ့ မွတ္ဉာဏ္ေတြက သိပ္မေကာင္းခ်င္ေတာ့ဘူးေလ။ ေကာင္းၿပီ ေကာင္းၿပီ ရပ္ၾကတာေပါ့။ ထမင္းစားခန္းပဲ သြားၾကမယ္!"
“…”
သူမ ဖခင္ရဲ႕ အရွက္မရွိမႈကို နင္မုန႔္ လက္ဖ်ားခါမိသြားသည္။ ထိုအခ်ိန္ ေဟာ္ေပ့ခ်န္ကေတာ့ ယခုကိစၥထဲ အရမ္း အာ႐ုံမစိုက္ထားသလို ပုံမွန္အတိုင္းပဲ မတ္တပ္ရပ္လိုက္သည္။ သူ႔ပုံစံက chessကစားနည္းမွာ ရႈံးတာႏိုင္တာကို လုံးလုံး စိတ္မ၀င္စားသည့္ အတိုင္းပင္။
အစားအေသာက္ စားၿပီးေနာက္မွာေတာ့ ေဟာ္ေပ့ခ်န္က သူတို႔ကို ႏႈတ္ဆက္စကားဆိုလိုက္ၿပီး ေလဆိပ္ကို သြားရန္ ျပင္သည္။
နင္၀မ့္ေထာင္က ေယာကၡထီး ဆိုသည့္အတိုင္း ဂုဏ္ယူစြာ မတ္တပ္ရပ္ထားလ်က္ ေျပာလိုက္သည္။ "ေကာင္းၿပီး သြား သြား။ အနာဂတ္မွာလဲ မၾကာခန လာလည္ေခ်ေပါ့။ အိုး တစ္ခုရွိေသးတယ္။ မုန႔္မုန႔္အေပၚကိုလည္း ေကာင္းေကာင္း ဆက္ဆံေပး မဟုတ္လို႔ကေတာ့...."
ဆက္မေျပာခင္ ေဟာ္ေပ့ခ်န္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သားမက္ျဖစ္သူ အဆင္ေျပေနတာကို ျမင္လိုက္ရတဲ့အခါ စကား ျပန္ဆက္လိုက္သည္။ "မဟုတ္လို႔ကေတာ့ မင္းအေရွ႕မွာပဲ ငါငိုမွာ!"
“…”
နင္မုန႔္ကေတာ့ သူမ ဖခင္ကို ဆြံ႕အစြာသာ ၾကည့္လိုက္သည္။
"ေကာင္းၿပီ သြားေတာ့ သြားေတာ့။ မုန႔္မုန႔္ ငါတို႔ရဲ႕ ခ်စ္ဧည့္သည္ေလးကို ေလဆိပ္ထိ လိုက္ပို႔လိုက္ေလ"
“??”
နင္မုန႔္ ေၾကာင္အမ္း သြားေလ၏။
ဘာ? သူက ဒီအတိုင္းေလး ေလဆိပ္ကို သြား႐ုံပါ....အဲ့အထိ သူ႔ကို လိုက္ၾကည့္ေပးဖို႔ လိုလို႔လား။ ရက္အနည္းငယ္ ေလာက္ၾကာရင္ပဲ ျပန္ေတြ႕ရမယ့္ဟာ တသက္လုံး ထပ္မေတြ႕ရေတာ့မယ့္ အတိုင္း လုပ္ေနတာပဲ!
တစ္ေယာက္တည္း အေတြးထဲ ပတ္ခ်ာလည္ေနတုန္းမွာပဲ ေဟာ္ေပ့ခ်န္က လူႀကီးလူေကာင္း တစ္ေယာက္ႏွယ္ သူမအတြက္ ကားတံခါးကို ဖြင့္ေပးလာၿပီး မ်က္လုံးမွိတ္ျပတာကို ျမင္လိုက္ရသည္။
နင္မုန႔္ ၾကက္ေသ ေသ သြားရ၏။
ဘာလဲ? သူက တကယ္ႀကီး သူမကို လိုက္ပို႔ေစခ်င္ ေနတာလား!
ေ႐ြးခ်ယ္စရာ မရွိစြာပဲ သူမ ကားထဲ ၀င္လိုက္သည္။ ေဟာ္ေပ့ခ်န္က ကားရဲ႕ တျခား တဖက္ျခမ္းဆီ လမ္းေလွ်ာက္သြားၿပီးေနာက္ ကားထဲ ၀င္လိုက္သည္။ ကားထဲ မ၀င္ခင္မွာ နင္၀မ့္ေထာင္ကို ယဥ္ေက်းစြာ ေျပာလိုက္သည္။ "chessေနာက္ပြဲေတြ အတြက္ ထပ္ၿပီး လာလည္ပါဦးမယ္ sir"
နင္၀မ့္ေထာင္က ကတိုက္က႐ိုက္ ျပန္တုံ႔ျပန္လိုက္သည္။ "အိုး မလိုတာကြယ္ အဲ့လိုလုပ္ဖို႔ မလိုဘူး!"
“…”
နင္စံအိမ္ကေန ကားထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ကားပတ္၀န္းက်င္ တစ္ခုလုံး ၿငိမ္သက္သြားသည္။ ေဟာ္ေပ့ခ်န္ကလည္း စကားတစ္ခြန္းေတာင္ မဆိုပဲ ၿငိမ္သက္စြာ ထိုင္ေနေလ၏။
အေရွ႕မွာ ကားေမာင္းေနတဲ့ ခ်ီရွန္က ေျပာလာသည္။ "ေဘာ့စ္ရဲ႕ ခရီးေဆာင္ အိတ္ကို စစ္ၾကည့္ဦးေနာ္။ ၁၀၀မီလီမီတာထက္ ပိုတဲ့ အရည္ပုလင္းေတြ ပါလာရင္ ေလဆိပ္မွာပဲ ေသာင္တင္ေနဦးမယ္"
“ၿပီးၿပီ”
ေဟာ္ေပ့ခ်န္က တိုေတာင္းတဲ့ တုံ႔ျပန္မႈ ေပးၿပီးေနာက္မွာေတာ့ သူ႔ကို ၾကည့္ေနတဲ့ နင္မုန႔္ကို သတိျပဳမိသြားသည္။ ထို႔ေနာက္မွာေတာ့ သူမ ရွိရာဘက္သို႔ သိခ်င္စိတ္နဲ႔ ျပန္ၾကည့္လိုက္သည္။
သူမဘက္ လွည့္လာတဲ့ သူ႔ကို ျမင္လိုက္တဲ့အခါ နင္မုန႔္ အလ်င္အျမန္ပဲ ေျပာလိုက္သည္။ "ဒါဆိုရင္ေတာ့ ငါသာဆို ေလဆိပ္မွာပဲ ေသာင္တင္ေနေတာ့မွာပဲ"
ခ်ီရွန္က ရႈပ္ေထြးစြာ ေမးလိုက္သည္။ "ဘာလို႔လဲ"
နင္မုန႔္က ေဟာ္ေပ့ခ်န္ကို က်ီစယ္တဲ့ အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ "ဘာလို႔ဆို ငါ့ေယာက္်ားက ငါ့ႏွလုံးသားထဲမွာ ရွိေနလို႔ေလ"
“…”
ကလူတတ္တဲ့ အရင္သူမ ျပန္လာေလၿပီ။
ထိုအခိုက္ နင္မုန႔္ရဲ႕ မ်က္ႏွာ ရွက္ေသြးျဖာလာေလသည္။ ထူးဆန္းတယ္။ ပုံမွန္ဆို ဒီလို ကလူတတ္တဲ့ စကားေတြ ေျပာလိုက္တိုင္း ေပါ့ေပါ့ပါးပါးပဲ ျဖစ္ေနက်ပါ.... ဒါေပမယ့္ ဒီေန႔မွာေတာ့ သူမရဲ႕ နား႐ြက္တစ္ခုလုံး ေလာင္ကြၽမ္းေနတာကို သူမ ခံစားလို႔ ရေနသည္။
ေနာက္ဆို ဒီလို ရွက္စရာ စကားေတြကို ဆင္ဆင္ျခင္ျခင္ ေျပာရေတာ့မွာပဲ!
ေလဆိပ္ေရာက္ဖို႔ အခ်ိန္အမ်ားႀကီး မေမာင္းလိုက္ရေပ။ ေဟာ္ေပ့ခ်န္ နဲ႔ ခ်ီရွန္ကို လိုက္ပို႔ၿပီးေနာက္မွာေတာ့ နင္မုန႔္ taxiငွားၿပီးသာ နင္စံအိမ္ဆီသို႔ ျပန္လာခဲ့ေလ၏။
သူမ အိမ္ေရာက္တာနဲ႔ လင္းခ်င္ေပ့ မန္ေနဂ်ာက သူမကို ဖုန္းေခၚလာေလ၏။
" ‘Throne of Songs’ရဲ႕ seasonအသစ္က စေနၿပီဆိုေတာ့ သူတို႔က လင္းခ်င္ေပ့ကို သူတို႔ရဲ႕ programမွာ ပါ၀င္ေပးဖို႔ ဖိတ္ထားပါတယ္ မစၥနင္။ အဲ့ရႈိးက ၿပိဳင္ဖက္ေတြက နည္းနည္းေတာ့ ရင္ဆိုင္ရ ခက္တယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ပါ၀င္လိုက္သင့္ရဲ႕လား"
နင္မုန႔္ ေၾကာင္သြားသည္။ ဒါက ဘယ္လိုေတာင္ ထူးဆန္းတဲ့ ေမးခြန္းႀကီးလဲ!
"ဒါေပါ့ ေသခ်ာေပါက္ ငါတို႔ ပါ၀င္သင့္တာေပါ့!"
မန္ေနဂ်ာက လည္ေခ်ာင္း ရွင္းလိုက္ၿပီးေနာက္ အေၾကာင္းျပန္လိုက္သည္။
"ဒါေပမယ့္ လင္းခ်င္ေပ့က ျငင္းေနတယ္...သူေျပာတာေတာ့....စုထ်န္းထ်န္းလဲ ရွိေနတာ မို႔လို႔တဲ့"