သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

649K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)

2.6K 323 1
By CharmZoey

[Unicode]

အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)

သခင်မဖန်းတစ်ယောက် သူမရဲ့တူမလေးကြည့်နေရာကို လိုက်ကြည့်လိုက်တယ်။ သေချာတာပေါ့ မင်းသားကြီးကျင်းရဲ့ ဒုတိယသား ကျူးကျွင်းရှီဟာ ဆိုင်တာဝန်ခံဖြစ်ပုံရသူတစ်ဦးနဲ့ စကားပြောနေတယ်။ ထိုအချိန်မှာ ကုန်သည်များဟု ထင်ရသောလူတွေဟာ မချမ်းမြေ့သောမျက်နှာများနှင့် စားသောက်ဆိုင်မှ ထွက်လာကြတယ်။

ထားလိုက်ပါတော့... မွေးစားအမေက ဖူလင်းစားသောက်ဆိုင်က အထူးဟင်းတွေ လိုက်ကျွေးမယ်! မွေးစားအဖေရဲ့စာထဲမှာ ရေးထားပုံအရ ထန်ကူမြို့မှာ နှစ်လရှည်ဖွင့်ထားတဲ့ စားသောက်ဆိုင် အနည်းငယ်ရှိတယ်တဲ့... ဆိုင်တစ်ခုစီ တစ်ခုစီမှာ သူတို့ ကိုယ်ပိုင် အထူးဟင်းတွေရှိတယ် ပြောတယ်... နောက်နေ့တွေမှပဲ မွေးစားအမေတို့ကို ကျိန်ရှုံစားသောက်ဆိုင်ဆီ ဖိတ်ပေါ့!

သူတို့တွေ ဆုံတာမကြာသေးပေမယ့် အမျိုးသမီးဖန်းစိတ်မှာတော့ ဤမိန်းကလေးနဲ့ သွေးသား တော်စပ်တယ်လို့တောင် ခံစားနေရတယ်။ ထို့ကြောင့် သူမဟာ ဤကိုးရိုးကားယားနိုင်သော အခြေအနေမှ ခေါ်ထုတ်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းပင်။

ယွီရှောင်ချောင်းဟာ သူမမွေးစားအမေအား စစ်မှန်တဲ့အပြုံးဖြင့် ပြုံးပြရင်း သူမလက်အား ဆွဲကိုင်လျက် ကျိန်ရှုံစားသောက်ဆိုင်၏ ဝင်ပေါက်ဆီလျှောက်လာခဲ့တယ်။

ဒီက ဧည့်သည်... စိတ်မရှိပါနဲ့ခင်ဗျ ဒီနေ့စားပွဲတွေက လွန်ခဲ့တဲ့သုံးရက်ကတည်းက ကြိုမှာထားတာတွေပါ... ကျွန်တော်တို့ဘက်က တကယ်ကို သီးသန့်အခန်း နေနေသာသာ အခန်းလွတ်ကို မရှိတော့လို့ပါ...

ဆိုင်တာဝန်ခံမှာ အကင်းပါသူဖြစ်တယ်။ သူ့ရှေ့က ဂုဏ်သရေရှိ မြင့်မြတ်သောလူငယ်ဆိုသူမှာ အံ့မခန်း မိသားစုနောက်ခံရှိသူ ဖြစ်ရမယ်။ သို့ပေမယ့်လည်း အလုပ်တစ်ခုမှာ ပမာနအကျဆုံးက ရိုးသားမှုပင်။ သူ့ရှေ့ရှိလူက အထက်တန်းကျတာ တစ်ခုတည်းနှင့် တစ်ပါးသူတွေ ခက်ခက်ခဲခဲ ကြိုတင် နေရာချိတ်ထားခြင်းအား မပယ်ဖျက်နိုင်ပါချေ။ လုပ်ခဲ့လျှင် သူ့လုပ်ရပ်ဟာ သူ့ဆိုင်ဂုဏ်သတင်းကို ဆွဲချရာ မရောက်လေဘူးလား။ ဒါကြောင့် သူ့အနေနဲ့ စိတ်ရင်းနဲ့ တောင်းပန်ရုံသာရှိလေတယ်။

ကျူးကျွင်းရှီရဲ့ မျက်နှာတွင်တော့ မကျေချမ်းမှု ခပ်ရေးရေး စွက်လို့နေတယ်။ ပုံမှန်အားဖြင့် ဆိုင်ကြီးတွေမှာ ဆိုင်ပိုင်ရှင်ရဲ့ မိတ်ဆွေတွေအတွက် သီးသန့်အခန်းသုံးလေးခန်းလောက် ထားတတ်တယ်မလား။ သူ ကျိန်ရှုံစားသောက်ဆိုင်ပိုင်ရှင်ကို မသိပေမယ့် အားလုံးမှာ ချွင်းချက်ဆိုတာ ရှိတယ်မဟုတ်လား။ သူ့ဘက်က သီးသန့်ခန်းကို တစ်ကြိမ်သာငှားရန်အတွက် ငွေနှစ်ဆပေးဖို့ထိ ဆန္ဒရှိနေတာတောင် ဆိုင်တာဝန်ခံက လက်ခံခြင်းအလျှင်းမရှိပါချေ...

သူ လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တစ်ခုခုပြောရန်အပြုမှာ ရှင်းလင်းပြတ်သားတဲ့ အသံတစ်ခုက ထွက်ပေါ်လာတယ်။
ဆိုင်တာဝန်ခံဦးလေးဒီနေ့ တတိယသခင်လေး ဒီမှာရှိလား

ဆိုင်တာဝန်ခံချုပ်က ပြုံးလျက်သာ ကျူးကျွင်းရှီကို တောင်းပန်နေရင်း သူ့နောက်တွင်ရှိနေတဲ့ ရှောင်ချောင်းကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေကို မျဉ်းတစ်ကြောင်းကဲ့သို့ ကျဉ်းမြောင်းသွားသည် အထိ ပြုံးလိုက်ကာ

မိန်းကလေးရှောင်ချောင်း... ကျွန်တော်တို့ သူဌေးက မြို့တော်ကို ဂျုံကြာဇံနဲ့ ဆေးဘဲဥသွားပို့ဖို့ ဒီမနက်ပဲ ထွက်သွားတာ! သူဌေးကို ရှာနေတာများလား

ကိစ္စကြီးတော့ မဟုတ်ပါဘူး! ကျွန်မမွေးစားအမေက အဝေးကနေ ရောက်လာတာ အဲ့တာ တတိယသခင်လေးရဲ့ သီးသန့်ခန်းလေးငှားပြီး သူမကို ဧည့်ခံချင်လို့

ယွီရှောင်ချောင်းဟာ ပွင့်ပွင့်လင်းလင်းပဲ လာရင်းကိစ္စကို ပြောပြလိုက်တယ်။
ဆိုင်တာဝန်ခံချုပ်က ချက်ချင်းခွန်းတုံ့ပြန်လာတယ်။
ဘာကို ငှားတယ်ဆိုနေဦးမှာလဲ။ မိန်းကလေးရှောင်ချောင်းသာဆိုရင် သူ့သီးသန့်အခန်းကို အလိုရှိတဲ့အချိန် အသုံးပြုလို့ရတယ်လို့ ကျွန်တော်တို့သူဌေးက မှာထားပြီးသား!

ဒါဆိုလည်း ဆိုင်တာဝန်ခံဦးလေးကို ကျေးဇူးအများကြီးတင်ပါတယ်နော်!
ယွီရှောင်ချောင်းဟာ ချိုသာစွာပြုံးရင်း ပင်မခန်းမဘေးရှိ လှေကားကနေ ရင်းနှီးကျွမ်းဝင်လှတဲ့ ဒုတိယထပ်ဆီ တက်သွားလိုက်တယ်။

ကျူးကျွင်းရှီမှာ လွန်စွာဘဝင်မကျဖြစ်ကာ အမျက်ပင်ထွက်လို့လာတယ်။
ဆိုင်တာဝန်ခံ... ဘယ်နေရာမဆို ဦးသူယူ စနစ်ဖြစ်သင့်တာလေ! ငါ့မှာတော့ ဒီသီးသန့်ခန်းလေး ငှားဖို့ကို ခခယယနဲ့ အချိန်အကြာကြီးပြောနေခဲ့တဲ့အပြင် ငွေနှစ်ဆပေးဖို့အထိပါ ဆန္ဒရှိခဲ့တာတောင် ဘယ်လိုပြောပြော လက်မခံခဲ့ဘူး... ခုကျ အလွယ်တကူပဲ လက်ခံလိုက်ရရောလား

ဘာပဲဖြစ်ဖြစ် သူက တော်ဝင်မင်းသားကြီးကျင်းရဲ့ ဒုတိယသားလေ။ သူ့ရဲ့ ဟိတ်ဟန်ပါတဲ့ အရှိန်အဝါကိုမှ ဒေါသပါ စွက်လိုက်တော့ ဆိုင်တာဝန်ခံချုပ်တစ်ယောက် နေရာမှာတင် ခဲမတတ် ဖြစ်နေရှာတယ်။ စျေးဝယ်သူရဲ့ဒေါသကို အံတုကာ ဆိုင်တာဝန်ခံချုပ်က ဖြေရှင်းချက်ပေးလာတယ်။

သီးသန့်ခန်းက ကျွန်တော်တို့သူဌေးရဲ့ အထူးသီးသန့်ခန်းပါ... အဲ့တာကြောင့် မိတ်ဆွေနဲ့ ဆွေမျိုးတွေကို တည်ခင်းတာကလွဲရင် အပြင်လူကို ငှါးရမ်းတာမျိုးမပြုဘူး... မိန်းကလေးရှောင်ချောင်းက သူဌေးနဲ့ အင်မတန်မှ ရင်းနှီးတဲ့ အဆက်အသွယ်ရှိတယ်... သူမက ကျိန်ရှုံစားသောက်ဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူလို့တောင် သတ်မှတ်လို့ရတယ်... အဲ့တာမို့ပါ...

ဒုတိယသခင်လေး... ကျွန်မတို့က လူမများဘူး... စိတ်မရှိရင် အတူစားရအောင်!
ရှဖူရုန်တစ်ယောက် ထိုကောင်မစုတ်လေး တကယ်ကြီး စားပွဲတစ်နေရာ ရနိုင်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါ့အပြင် ဒါကအထူးသီးသန့်ခန်းလေ။ ဒုတိယသခင်လေးကျူးက ဆိုင်တာဝန်ခံနဲ့ ဒီလို အတားခံနေရတာကို မြင်ရတော့ ရှားပါးအခွင့်အရေးဆိုပြီး ဖိတ်ကြားချက်ပြုလိုက်တယ်။

ကျူးကျွင်းရှီအနေနဲ့ အမျိုးသမီးဖန်းက သူနဲ့မလှမ်းမကမ်းမှာ ရှိနေတာကို သတိပြုမိလိုက်တယ်။ သူဟာ ရှဖူရုန်အား ခပ်ယဲ့ယဲ့ကြည့်လိုက်တယ်။ သူ့ရဲ့ စိတ်အခြေအနေဟာလည်း ပိုလို့ကို ဆိုရွားလာတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အသက်ခုနစ်နှစ်ကျော်ရင် ထမင်းစားပွဲဝိုင်း တစ်ခုတည်း အတူတကွ တည်ခင်းလို့ မရတဲ့ဓလေ့ကို သူမက လျစ်လျူရှုရုံမက ဒီသီးသန့်အခန်းဟာ သူမ ငှားရမ်းထားတာ မဟုတ်သလို သူမရှင်းပေးမှာလည်း မဟုတ်ဘူးလေ။ ဒါ့အပြင် တည်ခင်းမည့်သူကို ဦးစွာ မေးမြန်းခြင်းမရှိပဲ သူ့ကို ဖိတ်ကြားလိုက်သေးတယ်။ ဘယ်လောက်တောင် ရိုင်းပျလိုက်သလဲ...

သူ ရှဖူရုန်အား လျစ်လျူရှုလိုက်ပြီး သခင်မဖန်းကို ယဉ်ကျေးစွာ ခါးကိုင်းလျက် အရိုအသေး ပေးလိုက်တယ်။

သခင်မဖန်း တွေ့ရတာဝမ်းသာပါတယ်!
သခင်မဖန်းလည်း သူမ တူမရဲ့ ဖော်လန်ဖားသယောင် စကားလုံးတွေအတွက် အတော်လေး ဘဝင်မတွေ့ ဖြစ်နေတယ်။ သို့ပေငြား ဒေါသကို ရင်ဝယ်သာ မျိုသိပ်ထားရင်း ဒုတိယသခင်လေးကျူးအား

မင်းရဲ့အမေလည်း ကျန်းမာရေးကောင်းသေးတာမဟုတ်ဘူး... ရထားလုံးပေါ် ထိုင်နေရတာလည်း ကြာနေပြီဆိုတော့ နားဖို့နေရာ ရှာသင့်တာပေါ့! ဘာဖြစ်လို့လဲ တိုင်းတရားသူကြီးမင်းရဲ့ ဇနီးနဲ့ ချိန်းထားတာ ပျက်သွားလို့လား

မဟုတ်ပါဘူးဗျ... ကျွန်တော့်အမေက နေ့လည်လည်းကျော်ပြီဆိုတော့ တိုင်းတရားသူကြီးမိသားစုကို အနှောင့်အယှက်ပေးသလို မဖြစ်အောင် တိုင်းအုပ်ချုပ်ရေးရုံးမသွားခင် ဒီမှာပဲ နေ့လယ်စာစားကြမယ်လို့ စီစဉ်တာ... ဒါပေမဲ့...

ကျူးကျွင်းရှီတစ်ယောက် သူ့အမေရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို မြင်ယောင်ကြည့်မိတော့ စိတ်မကောင်းဖြစ်လို့ သွားတယ်။
သခင်မဖန်းတစ်ယောက် သူမမွေးစားသမီးအားကြည့်ပြီး သူမရဲ့ထင်မြင်ချက်ကို မေးလိုက်တယ်။

ရှောင်ချောင်း..သခင်မကျူးနဲ့ သခင်လေးကျူးက ဒီလာတဲ့ခရီးမှာ မွေးစားအမေကို အဖော်ပြုပေးခဲ့တာ... ခု သူမက ဒီမှာ ခဏလောက်အနားယူချင်နေတာ..အဲ့တာ သမီး..ဘယ်လို.
ရှောင်ချောင်းဟာ သူမမွေးစားအမေရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ရိုးမရှိဘူး။ တောက်ပတဲ့ အပြုံးကို ပြုံးပြလိုက်ပြီး သူမဟာ တက်ကြွစွာပြန်ပြောလာတယ်။

မွေးစားအမေရဲ့ မိတ်ဆွေဆိုတော့ သမီးက တတ်နိုင်သမျှ ဧည့်ဝတ်ကျေပေးရမှာပေါ့... သမီးတို့နဲ့အတူ ထမင်းစားဖို့ သခင်မကျူးကို ဖိတ်လိုက်ပါမယ်

ကျူးကျွင်းရှီမှာ ရှောင်ချောင်းရဲ့ နွမ်းလျတဲ့အဝတ်အစားအား အထင်အမြင်သေးခြင်း မရှိခဲ့ပါချေ။ ထိုအစား သူမအား လေးလေးနက်နက်ခါးညွှတ်ကာ
ကျေးဇူးအထူးတင်ပါတယ် မိန်းကလေး!

ကြင်ယာတော်မင်းသမီးကျင်းက ရထားလုံးထဲမှာ ကြာညောင်းစွာ စောင့်နေရတာမို့ ပျင်းရိလျက် ရှိနေတယ်။ မကြာမကြာဆိုသလို ရထားလုံးရဲ့ လိုက်ကာကိုပင့်ပြီး ကျိန်ရှုံစားသောက်ဆိုင်ရှိရာဆီသို့ လှမ်းလှမ်း ကြည့်နေတယ်။ သူမသား ပြန်ရောက်လာတာကိုမြင်တော့ နူးညံ့ညင်သာသောအသံဖြင့်

ဘယ်လိုဖြစ်သွားလဲ သီးသန့်အခန်း ငှားလို့မရခဲ့ဘူးလား

ဒီတစ်ကြိမ်မှာ သူတို့ဟာ ရုပ်ဖျက်ပြီးခရီးထွက်နေတာဖြစ်ပြီး လူမြင်ကွင်းဝယ်ဖြစ်နေတာကြောင့် ဒုတိယသခင်လေးဟာ သူ့မယ်တော်အား အမေ ဟုသာ ခေါ်လိုက်တယ်။ ထို့နောက် ညင်သာစွာ ရှင်းပြလေတယ်။

အမေ ထန်ကူမြို့ရဲ့ကျိန်ရှုံစားသောက်ဆိုင်က မြို့တော်ပေါ်က ဆိုင်တွေလို ခုနစ်ရက်၊ ရှစ်ရက် ကြိုငှါးထားရတယ်... ကံကောင်းလို့ သခင်မဖန်းရဲ့မွေးစားသမီးက ကျိန်ရှုံစားသောက်ဆိုင်နဲ့ ရင်းနှီးတော့ သီးသန့်ခန်းတစ်ခု ရတယ်လေ... သခင်မဖန်းက အမေ့ကို အတူတည်ခင်းဖို့ ဖိတ်ချင်တယ်တဲ့!

သခင်မဖန်းရဲ့မွေးစားသမီးတဲ့လား သူမက ဘယ်တုန်းက မွေးစားသမီး ရှိသွားရတာလဲ ဘာလို့ ဒီသတင်းနဲ့ ပတ်သက်ပြီး တစ်ခုတစ်လေတောင် မကြားမိတာပါလိမ့်။ အားလုံးက သူမ တူမကိုပဲ သမီးအဖြစ် မွေးစားလိမ့်မယ်ဆိုပြီး ထင်ကြေးပေးနေကြတာ! တချို့တချို့ရဲ့ အကြံအစည်တွေတော့ ပျက်စီးပြီ ထင်ပါရဲ့!

မိန်းမတွေရဲ့ အတင်းတုပ်စကေးကို လျော့မတွက်မိစေနဲ့။ ကြင်ယာတော်မင်းသမီးကျင်းက အပြင်ထွက်တာ ရှားပေမယ့် ထိုအကြောင်းတွေကိုတော့ ခပ်ယဲ့ယဲ့ကြားမိထားတယ်။

မိန်ရှီအန်းနဲ့ လန်ရှီအန်းအကူအညီဖြင့် ကြင်ယာတော်မင်းသမီးဟာ ရထားလုံးပေါ်က ဆင်းလာခဲ့ပြီး သခင်မဖန်းအား ယဉ်ကျေးဖော်ရွေစွာ ပြုံးပြလိုက်တယ်။ သခင်မဖန်းဘေးက ပိန်ပိန်ပါးပါး မိန်းကလေးငယ်ကို တွေ့တော့ နူးညံ့စွာဆိုလာတယ်။
သခင်မဖန်း...ဒါက မွေးစားသမီးလား ထက်မြက်ပြီး ကြည့်ကောင်းတဲ့ မိန်းကလေးပဲ

ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်! ဒီမှာ စကားပြောရတာ အဆင်မပြေဘူးဆိုတော့ ဒုတိယထပ်က သီးသန့်ခန်းမှာ စကားပြောကြရအောင်!

အမျိုးသမီးဖန်းရဲ့ သဘောထား၌ ရိုသေလေးစားမှုတို့ ကိန်းဝပ်နေတယ်။
ရှောင်ချောင်းက ထိုအရာအား သတိထားမိခဲ့တယ်။ တတိယအဆင့်စစ်သူကြီးရဲ့ ဇနီးဖြစ်သူ သူမ မွေးစားအမေတောင် သူမ(မင်းသမီးကျင်း)ကို တယဉ်တကျေး ဆက်ဆံနေတယ်။ ကြည့်ရတာ ထိုမြင့်မြတ်တဲ့ အမျိုးသမီးရဲ့ အဆင့်အတန်းက တော်ရုံတန်ရုံ မဟုတ်လောက်ဘူး။ သူမက ကြည့်ရတာနဲ့ကို မြင့်မြတ်ပြီး ကျက်သရေရှိလှတယ်။ ဒါကြောင့် တော်ဝင်မိသားစုနဲ့များ ဆက်နွယ်နေမလား။ မျိုးရိုးကြီးတွေက ဘာတွေဖြစ်နေကြတာလဲ။ ဘာလို့ ဒီလို နုံချာပြီးဝေးလံတဲ့ ထန်ကူမြို့ဆီပဲ တဝဲလည်လည် လာချင်နေကြတာလဲ။

သူတို့အားလုံးဟာ အမျိုးသမီးတွေပဲဖြစ်တာကြောင့် ကျင့်ဝတ်နဲ့လျော်ကန်စွာ ကျူးကျွင်းရှီဟာ သီးသန့်ခန်းသို့ လိုက်မသွားတော့ပေ။ ထိုအစား အစေခံ အယောင်ဆောင်ထားတဲ့ တော်ဝင်ကိုယ်ရံတော်တွေကို ခေါ်ဆောင်ပြီး အနီးနားက နာမည်ကြီးတဲ့ စားသောက်ဆိုင်မှာပဲ တည်ခင်းလိုက်တယ်။ ရှဖူရုန်မှာ ယနေ့ရလာတဲ့အခွင့်အရေးကို အခွင့်ကောင်းယူပြီး ဒုတိယသခင်လေးနဲ့ ရင်းနှီးအောင် ပြုမည်ကြံကာမှ မဆုံးသေး သူမ၏အကြံက ရှုံးနိမ့်သွားဟန်။

ရှောင်ချောင်းမှာ အထူးဧည့်သည်ရှေ့တွင် သူမမွေးစားအမေ မျက်နှာမပျက်ရလေအောင် အစားအသောက် မှာယူရာ၌ ကျိန်ရှုံစားသောက်ဆိုင်ရဲ့  နာမည်ကြီးတကာ့ကြီးတဲ့ ဟင်းလျာတွေကိုသာ မှာယူလိုက်တယ်။ ထိုဟင်းပွဲတွေထဲမှာ ကြင်ယာတော်မင်းသမီး မကြားဖူးသေးတဲ့ အမည်တွေပါ ပါလို့ နေသေးတယ်!

ကြင်ယာတော်မင်းသမီးကျင်းက အမျိုးသမီးဖန်းအား နူးညံ့စွာပြုံးပြကာ ဆိုလာတယ်။
မင်းရဲ့ ဒီကလေးက သိပ်ကိုသိတတ်တာပဲ! စားစရာတွေ အများကြီးမှာပေးထားတာ... တို့တွေ ကုန်ရောကုန်ပါ့မလား!

ယွီရှောင်ချောင်း ကြင်ယာတော်မင်းသမီးနှင့် သူမမွေးစားအမေအတွက် ဆေးဖက်ဝင် လက်ဖက်ရည်အား ကိုယ်တိုင် ထငှဲ့ပေးလေတယ်။ မောပန်းမှု ပြေလျော့စေရန်အလို့ငှာ လက်ဖက်ရည်ထဲတွင် အံ့ဖွယ်ကျောက်ရေ အနည်းငယ် အစက်ချလိုက်တယ်။ သူမစကားကို နားထောင်ပြီးလေတော့ ရှောင်ချောင်းဟာ ပြုံးလျက် ပြောလာတယ်။

သခင်မနဲ့ မွေးစားအမေက အဝေးကနေရောက်လာကြတာဆိုတော့ ကျွန်မဘက်က ကြိုဆိုတဲ့အနေနဲ့ ဧည့်ခံသင့်တာပေါ့!
မိန်းကလေးငယ်မှာ ငယ်လွန်းတဲ့အပြင် ထွားကျိုင်းတာမျိုးလည်း ရှိမနေဘူး။ သို့ပေသိ မိန်းကလေးငယ်ရဲ့ ထက်မြက်မှုကတော့ ဘယ်ရှုထောင့်ကကြည့်ကြည့် ထင်ပေါ်လို့နေတယ်။ ဒါဟာ ကြင်ယာတော်မင်းသမီး နှစ်သက်တဲ့ အရည်အချင်းတစ်ခုပဲ။ သူမလည်း အပြုံးပန်းဆင်လျက် ပြော၍လာတယ်။

ဒါက သမီးမွေးစားအမေရဲ့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး သမီးဆီက အမြတ်ထုတ်သလို ဖြစ်နေလား

ဘယ်ဟုတ်မလဲ သခင်မက မွေးစားအမေကို မြို့တော်က ထွက်လာကတည်းက တစ်လမ်းလုံး အဖော်ပြုပေးခဲ့တာလေ! အဲ့တာကြောင့် ကျွန်မဘက်က ဒီစားပွဲပေါ်က အစားအသောက်တွေနဲ့ ကျေးဇူးတင်ကြောင်း ပြချင်လို့ပါ!

ယွီရှောင်ချောင်းရဲ့ သဘောထားဟာ ယဉ်ကျေးလွန်းတာလည်း မဟုတ်သလို မောက်မာတာမျိုးလည်း မဟုတ်ပေ။ ထို့ကြောင့် အမျိုးသမီးဖန်းနဲ့ ကြင်ယာတော်မင်းသမီးတို့ သူမအပေါ် ပို၍ပင် အမြင်ကောင်း ရှိလာတယ်။

ကြင်ယာတော်မင်းသမီးဆိုလျှင် သူမအား စချင်နောက်ချင်ပင်ဖြစ်မိလာတယ်။
အို! ဒါဆို ဒီစားပွဲက ငါ့ကို ကြိုဆိုတာရော ကျေးဇူးတင်တာရော တပြိုင်တည်း လုပ်လိုက်တဲ့ သဘောပေါ့! ငါ့ကို ထမင်းတစ်နပ်ထဲကျွေးပြီး ပထုတ်ချင်နေပြီပေါ့လေ! မရဘူးနော်... အဲ့လို ဘယ်လုပ်လို့ရလိမ့်မလဲ... ကျွေးချင်ကျွေး နှစ်ခါကျွေးရမှာပေါ့!

ထမင်းနှစ်နှပ်ပဲမဟုတ်ပါဘူး... သခင်မဘက်က စိတ်ရှိရင် ကျိန်ရှုံစားသောက်ဆိုင်က အမြဲ ကြိုဆိုနေမှာပါ... ဒီ တိုဖူးဆေးဘဲဥသုပ်ကို စားကြည့်ပါဦး... ဒါက ကျိန်ရှုံစားသောက်ဆိုင်ရဲ့ ဟင်းပွဲအသစ်လေ

ယွီရှောင်ချောင်းဟာ ဟင်းလိုက်ဇွန်းဖြင့် ဇွန်းအပြည့် ခတ်ကာ ကြင်ယာတော်မင်းသမီးနှင့် အမျိုးသမီးဖန်းတို့၏ သက်ဆိုင်ရာ ပန်ကန်လုံးထဲသို့ ဦးချပေးခဲ့တယ်။

မင်းသမီးကျင်းက ပြုံးလိုက်ပြီး
ရပါပြီ... သမီးလည်း ထိုင်ပြီး စားတော့! အစေခံတွေ တည်ခင်းပေးလိမ့်မယ် Mhm! ဒီတိုဖူးက ပါးစပ်ထဲမှာ နူးညံ့ပြီး အိချွတ်နေလိုက်တာဒါကဘာလဲ ဆေးဘဲဥဆိုတာလား ဒီပေါင်းစပ်မှုရလဒ်က တကယ်ကိုထူးခြားတာပဲ... ဒီလိုဖြစ်မှာပေါ့... ဒါက ကျိန်ရှုံစားသောက်ဆိုင်ပဲကိုး... ဒီစားသောက်ဆိုင်က ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆန်းသစ်တဲ့ဟင်းလျာတွေ ဖန်တီးနိုင်တာပဲ!

တိုဖူးနှင့်ဆေးဘဲဥကို နှစ်လုပ်မျှစားပြီးလေတော့ ကြင်ယာတော်မင်းသမီးဟာ သူမ အနှစ်သက်ဆုံးသော ပင်လုံးကြိုင်ဘဲပေါင်းကို ကြည့်လိုက်တယ်။ သူမနောက်တွင်ရှိသော မိန်ရှီအန်းဟာ အလိုက်တသိပဲ ဘဲသားတစ်ပိုင်းကို ယူပြီး သူမပန်းကန်လုံးထဲ ထည့်ပေးလိုက်တယ်။

ကျွန်မရဲ့သရက်ရွက်နဲ့အစာအိမ်က အားနည်းတယ်... ဆီနည်းနည်းပါတဲ့ ဘဲကင်တောင် တစ်ဖတ်ပဲ စားလို့ရတယ်... ဒါပေမယ့် ဒီပင်လုံးကြိုင်ဘဲပေါင်းက အဆီပါပေမယ့် သိပ်မချွဲဘူး... အနံ့ကလည်း သင်းသလို အရသာကလည်း ရှိလွန်းတယ် ဒါကြောင့် နည်းနည်းတော့ ပိုစားလို့ရတယ်

ကြင်ယာတော်မင်းသမီးမှာ ထမင်းဝိုင်းစည်းကမ်းကို ကောင်းမွန်စွာ လက်ကိုင်ထားသူဖြစ်ပေမယ့် ဒီတစ်ကြိမ်တွင်တော့ မြိန်ရေရှက်ရေ စားသုံးလို့နေတယ်။

ယွီရှောင်ချောင်းဟာ ထိုအမျိုးသမီးနှစ်ဦးအား ဂျုံကြာဇံပါသည့် ဘဲသွေးစွပ်ပြုတ်ဟင်းလျာနှင့် မိတ်ဆက်ပေးလိုက်တယ်။ သူတို့နှစ်ဦးသား ဟင်းရည်ထဲပါရှိနေသည့် ဂျုံကြာဇံကို အထူး စိတ်ဝင်စားနေရင်း ဟင်းတစ်ပွဲလုံးကို မသိလိုက်မသိဘာသာပဲ အပြောင် သောက်ကုန်သွားတယ်။

ကျိုးမိသားစုပိုင်စက်ရုံက ထုတ်လုပ်တဲ့ဂျုံကြာဇံတွေဟာ ကျွမ်းကျင်မှုမရှိသေးတဲ့ ယွီရှောင်ချောင်း ပြုလုပ်တဲ့ ဂျုံကြာဇံကဲ့သို့ ဆံလုံးကြီး ခြင်းမျိုးမရှိချေ။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကြောင့် အလုပ်သမားတွေရဲ့ လက်ရည်တွေဟာ အထူးတလည် တိုးတက်လာတယ်။ ဂျုံကြာဇံတွေဟာ တောက်ပပြီး ကြည်လင်နေတယ်။ စားလိုက်တဲ့အခါမှာလည်း နူးညံ့ချောမွေ့ လန်းဆန်းနေတာမို့ စား၍ အလွန်တရာမှ ကောင်းသည်။

ဂျုံကြာဇံနဲ့ ဆေးဘဲဥတွေဟာ ထုတ်ကုန်အဖြစ် ခုမှတင်သွင်းတာကြောင့် စားရဖို့နေနေ ကျိန်ရှုံစားသောက်ဆိုင်ကလွဲလျှင် အရိပ်တောင် တွေ့ရမည်မဟုတ်သေးချေ။ ကြင်ယာတော် မင်းသမီးကျင်းတစ်ယောက် အားရစွာ စားသောက်နေရတဲ့ အကြောင်းပြချက်များစွာထဲမှာ အရေးကြီးဆုံး တစ်ချက်မှာ ဆန်းသစ်သော ဟင်းလျာသစ်ကို စားသုံးနေရခြင်းကြောင့်ပင်။
ထမင်းဝိုင်းရှိ လူအားလုံးဟာ မြိန်ရေရှက်ရေ စားသောက်နေကြတယ်။ တိုင်းတရားသူကြီး၏ ဇနီးသည်လည်း ထိုသတင်းကို လက်ခံရရော ကြင်ယာတော်မင်းသမီးအား အခြွေအရံတွေနဲ့အတူ ကိုယ်တိုင် လာရောက်ခေါ်ဆိုခဲ့တယ်။

ယခုအချိန်တွင် ဖရဲဆိုင်က ဖရဲသီးတွေလည်း ရောင်းကုန်သွားကြပြီ။ ရှောင်ချောင်းရဲ့ (အမေဘက်က)အဘွားနဲ့ (အမေဘက်က) အကြီးဆုံးအရီးတို့လည်း ကျိန်ရှုံစားသောက်ဆိုင်က ရှောင်ချောင်း ပါဆယ်ထုတ်လာတဲ့ဟင်းတွေကို စားသောက်ပြီးကြကာ ဆိုင်ထဲရှိ စင်တန်းတွေကို သုတ်နေကြတယ်။

အမျိုးသမီးဖန်းက မြို့ပေါ်မှာ မနေချင်တာကြောင့် ယွီရှောင်ချောင်းက သူမမွေးစားအမေရဲ့ ရထားလုံးပေါ်တွင် နေရာယူလိုက်ပြီး ရထားလုံးမောင်းသမားအား လမ်းပြကာ ရှုခင်းတွေ လိုက်ပြပေးတယ်။
(အမေဘက်က)အကြီးဆုံးအရီးက ဆိုင်မှာကူဖို့လာခဲ့တာကြောင့် ဒီကစပြီး သူမက ဆိုင်ကို စောင့်ပေးတော့မှာ ဖြစ်တယ်။ ရှောင်ချောင်းရဲ့ အဘွားဖြစ်သူမှာ သူမကူညီဖို့ မလိုတော့တာက တစ်ကြောင်း အိမ်မှာကျန်ခဲ့တဲ့ သူမယောကျာ်းနဲ့ ကြက်တွေဘဲတွေကို ပူပန်တာကတစ်ကြောင်းမို့ မြို့ကနေ ရွာသို့ပြန်သွားခဲ့တယ်။

***

[Zawgyi]

အပိုင္း၁၈၂ - (ဧည့္ဝတ္ေက်ပြန္မႈ)

သခင္မဖန္းတစ္ေယာက္ သူမရဲ႕တူမေလးၾကည့္ေနရာကို လိုက္ၾကည့္လိုက္တယ္။ ေသခ်ာတာေပါ့ မင္းသားႀကီးက်င္းရဲ႕ ဒုတိယသား က်ဴးကြၽင္းရွီဟာ ဆိုင္တာဝန္ခံျဖစ္ပုံရသူတစ္ဦးနဲ႔ စကားေျပာေနတယ္။ ထိုအခ်ိန္မွာ ကုန္သည္မ်ားဟု ထင္ရေသာလူေတြဟာ မခ်မ္းေျမ့ေသာမ်က္ႏွာမ်ားႏွင့္ စားေသာက္ဆိုင္မွ ထြက္လာၾကတယ္။

ထားလိုက္ပါေတာ့... ေမြးစားအေမက ဖူလင္းစားေသာက္ဆိုင္က အထူးဟင္းေတြ လိုက္ေကြၽးမယ္! ေမြးစားအေဖရဲ႕စာထဲမွာ ေရးထားပုံအရ ထန္ကူၿမိဳ႕မွာ ႏွစ္လရွည္ဖြင့္ထားတဲ့ စားေသာက္ဆိုင္ အနည္းငယ္ရွိတယ္တဲ့... ဆိုင္တစ္ခုစီ တစ္ခုစီမွာ သူတို႔ ကိုယ္ပိုင္ အထူးဟင္းေတြရွိတယ္ ေျပာတယ္... ေနာက္ေန႔ေတြမွပဲ ေမြးစားအေမတို႔ကို က်ိန္ရႈံစားေသာက္ဆိုင္ဆီ ဖိတ္ေပါ့!

သူတို႔ေတြ ဆုံတာမၾကာေသးေပမယ့္ အမ်ိဳးသမီးဖန္းစိတ္မွာေတာ့ ဤမိန္းကေလးနဲ႔ ေသြးသား ေတာ္စပ္တယ္လို႔ေတာင္ ခံစားေနရတယ္။ ထို႔ေၾကာင့္ သူမဟာ ဤကိုး႐ိုးကားယားႏိုင္ေသာ အေျခအေနမွ ေခၚထုတ္ဖို႔ လမ္းေၾကာင္းဖြင့္ေပးလိုက္ျခင္းပင္။

ယြီေရွာင္ေခ်ာင္းဟာ သူမေမြးစားအေမအား စစ္မွန္တဲ့အၿပဳံးျဖင့္ ၿပဳံးျပရင္း သူမလက္အား ဆြဲကိုင္လ်က္ က်ိန္ရႈံစားေသာက္ဆိုင္၏ ဝင္ေပါက္ဆီေလွ်ာက္လာခဲ့တယ္။

ဒီက ဧည့္သည္... စိတ္မရွိပါနဲ႔ခင္ဗ် ဒီေန႔စားပြဲေတြက လြန္ခဲ့တဲ့သုံးရက္ကတည္းက ႀကိဳမွာထားတာေတြပါ... ကြၽန္ေတာ္တို႔ဘက္က တကယ္ကို သီးသန္႔အခန္း ေနေနသာသာ အခန္းလြတ္ကို မရွိေတာ့လို႔ပါ...

ဆိုင္တာဝန္ခံမွာ အကင္းပါသူျဖစ္တယ္။ သူ႔ေရွ႕က ဂုဏ္သေရရွိ ျမင့္ျမတ္ေသာလူငယ္ဆိုသူမွာ အံ့မခန္း မိသားစုေနာက္ခံရွိသူ ျဖစ္ရမယ္။ သို႔ေပမယ့္လည္း အလုပ္တစ္ခုမွာ ပမာနအက်ဆုံးက ႐ိုးသားမႈပင္။ သူ႔ေရွ႕ရွိလူက အထက္တန္းက်တာ တစ္ခုတည္းႏွင့္ တစ္ပါးသူေတြ ခက္ခက္ခဲခဲ ႀကိဳတင္ ေနရာခ်ိတ္ထားျခင္းအား မပယ္ဖ်က္ႏိုင္ပါေခ်။ လုပ္ခဲ့လွ်င္ သူ႔လုပ္ရပ္ဟာ သူ႔ဆိုင္ဂုဏ္သတင္းကို ဆြဲခ်ရာ မေရာက္ေလဘူးလား။ ဒါေၾကာင့္ သူ႔အေနနဲ႔ စိတ္ရင္းနဲ႔ ေတာင္းပန္႐ုံသာရွိေလတယ္။

က်ဴးကြၽင္းရွီရဲ႕ မ်က္ႏွာတြင္ေတာ့ မေက်ခ်မ္းမႈ ခပ္ေရးေရး စြက္လို႔ေနတယ္။ ပုံမွန္အားျဖင့္ ဆိုင္ႀကီးေတြမွာ ဆိုင္ပိုင္ရွင္ရဲ႕ မိတ္ေဆြေတြအတြက္ သီးသန္႔အခန္းသုံးေလးခန္းေလာက္ ထားတတ္တယ္မလား။ သူ က်ိန္ရႈံစားေသာက္ဆိုင္ပိုင္ရွင္ကို မသိေပမယ့္ အားလုံးမွာ ခြၽင္းခ်က္ဆိုတာ ရွိတယ္မဟုတ္လား။ သူ႔ဘက္က သီးသန္႔ခန္းကို တစ္ႀကိမ္သာငွားရန္အတြက္ ေငြႏွစ္ဆေပးဖို႔ထိ ဆႏၵရွိေနတာေတာင္ ဆိုင္တာဝန္ခံက လက္ခံျခင္းအလွ်င္းမရွိပါေခ်...

သူ ေလျပင္းတစ္ခ်က္ ရႉသြင္းလိုက္ၿပီး တစ္ခုခုေျပာရန္အျပဳမွာ ရွင္းလင္းျပတ္သားတဲ့ အသံတစ္ခုက ထြက္ေပၚလာတယ္။
ဆိုင္တာဝန္ခံဦးေလးဒီေန႔ တတိယသခင္ေလး ဒီမွာရွိလား

ဆိုင္တာဝန္ခံခ်ဳပ္က ၿပဳံးလ်က္သာ က်ဴးကြၽင္းရွီကို ေတာင္းပန္ေနရင္း သူ႔ေနာက္တြင္ရွိေနတဲ့ ေရွာင္ေခ်ာင္းကို ျမင္လိုက္ရတယ္။ သူ႔မ်က္လုံးေတြကို မ်ဥ္းတစ္ေၾကာင္းကဲ့သို႔ က်ဥ္းေျမာင္းသြားသည္ အထိ ၿပဳံးလိုက္ကာ

မိန္းကေလးေရွာင္ေခ်ာင္း... ကြၽန္ေတာ္တို႔ သူေဌးက ၿမိဳ႕ေတာ္ကို ဂ်ဳံၾကာဇံနဲ႔ ေဆးဘဲဥသြားပို႔ဖို႔ ဒီမနက္ပဲ ထြက္သြားတာ! သူေဌးကို ရွာေနတာမ်ားလား

ကိစၥႀကီးေတာ့ မဟုတ္ပါဘူး! ကြၽန္မေမြးစားအေမက အေဝးကေန ေရာက္လာတာ အဲ့တာ တတိယသခင္ေလးရဲ႕ သီးသန္႔ခန္းေလးငွားၿပီး သူမကို ဧည့္ခံခ်င္လို႔

ယြီေရွာင္ေခ်ာင္းဟာ ပြင့္ပြင့္လင္းလင္းပဲ လာရင္းကိစၥကို ေျပာျပလိုက္တယ္။
ဆိုင္တာဝန္ခံခ်ဳပ္က ခ်က္ခ်င္းခြန္းတုံ႔ျပန္လာတယ္။
ဘာကို ငွားတယ္ဆိုေနဦးမွာလဲ။ မိန္းကေလးေရွာင္ေခ်ာင္းသာဆိုရင္ သူ႔သီးသန္႔အခန္းကို အလိုရွိတဲ့အခ်ိန္ အသုံးျပဳလို႔ရတယ္လို႔ ကြၽန္ေတာ္တို႔သူေဌးက မွာထားၿပီးသား!

ဒါဆိုလည္း ဆိုင္တာဝန္ခံဦးေလးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္!
ယြီေရွာင္ေခ်ာင္းဟာ ခ်ိဳသာစြာၿပဳံးရင္း ပင္မခန္းမေဘးရွိ ေလွကားကေန ရင္းႏွီးကြၽမ္းဝင္လွတဲ့ ဒုတိယထပ္ဆီ တက္သြားလိုက္တယ္။

က်ဴးကြၽင္းရွီမွာ လြန္စြာဘဝင္မက်ျဖစ္ကာ အမ်က္ပင္ထြက္လို႔လာတယ္။
ဆိုင္တာဝန္ခံ... ဘယ္ေနရာမဆို ဦးသူယူ စနစ္ျဖစ္သင့္တာေလ! ငါ့မွာေတာ့ ဒီသီးသန္႔ခန္းေလး ငွားဖို႔ကို ခခယယနဲ႔ အခ်ိန္အၾကာႀကီးေျပာေနခဲ့တဲ့အျပင္ ေငြႏွစ္ဆေပးဖို႔အထိပါ ဆႏၵရွိခဲ့တာေတာင္ ဘယ္လိုေျပာေျပာ လက္မခံခဲ့ဘူး... ခုက် အလြယ္တကူပဲ လက္ခံလိုက္ရေရာလား

ဘာပဲျဖစ္ျဖစ္ သူက ေတာ္ဝင္မင္းသားႀကီးက်င္းရဲ႕ ဒုတိယသားေလ။ သူ႔ရဲ႕ ဟိတ္ဟန္ပါတဲ့ အရွိန္အဝါကိုမွ ေဒါသပါ စြက္လိုက္ေတာ့ ဆိုင္တာဝန္ခံခ်ဳပ္တစ္ေယာက္ ေနရာမွာတင္ ခဲမတတ္ ျဖစ္ေနရွာတယ္။ ေစ်းဝယ္သူရဲ႕ေဒါသကို အံတုကာ ဆိုင္တာဝန္ခံခ်ဳပ္က ေျဖရွင္းခ်က္ေပးလာတယ္။

သီးသန္႔ခန္းက ကြၽန္ေတာ္တို႔သူေဌးရဲ႕ အထူးသီးသန္႔ခန္းပါ... အဲ့တာေၾကာင့္ မိတ္ေဆြနဲ႔ ေဆြမ်ိဳးေတြကို တည္ခင္းတာကလြဲရင္ အျပင္လူကို ငွါးရမ္းတာမ်ိဳးမျပဳဘူး... မိန္းကေလးေရွာင္ေခ်ာင္းက သူေဌးနဲ႔ အင္မတန္မွ ရင္းႏွီးတဲ့ အဆက္အသြယ္ရွိတယ္... သူမက က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္သူလို႔ေတာင္ သတ္မွတ္လို႔ရတယ္... အဲ့တာမို႔ပါ...

ဒုတိယသခင္ေလး... ကြၽန္မတို႔က လူမမ်ားဘူး... စိတ္မရွိရင္ အတူစားရေအာင္!
ရွဖူ႐ုန္တစ္ေယာက္ ထိုေကာင္မစုတ္ေလး တကယ္ႀကီး စားပြဲတစ္ေနရာ ရႏိုင္မယ္လို႔ ထင္မထားခဲ့ဘူး။ ဒါ့အျပင္ ဒါကအထူးသီးသန္႔ခန္းေလ။ ဒုတိယသခင္ေလးက်ဴးက ဆိုင္တာဝန္ခံနဲ႔ ဒီလို အတားခံေနရတာကို ျမင္ရေတာ့ ရွားပါးအခြင့္အေရးဆိုၿပီး ဖိတ္ၾကားခ်က္ျပဳလိုက္တယ္။

က်ဴးကြၽင္းရွီအေနနဲ႔ အမ်ိဳးသမီးဖန္းက သူနဲ႔မလွမ္းမကမ္းမွာ ရွိေနတာကို သတိျပဳမိလိုက္တယ္။ သူဟာ ရွဖူ႐ုန္အား ခပ္ယဲ့ယဲ့ၾကည့္လိုက္တယ္။ သူ႔ရဲ႕ စိတ္အေျခအေနဟာလည္း ပိုလို႔ကို ဆို႐ြားလာတယ္။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြဟာ အသက္ခုနစ္ႏွစ္ေက်ာ္ရင္ ထမင္းစားပြဲဝိုင္း တစ္ခုတည္း အတူတကြ တည္ခင္းလို႔ မရတဲ့ဓေလ့ကို သူမက လ်စ္လ်ဴရႈ႐ုံမက ဒီသီးသန္႔အခန္းဟာ သူမ ငွားရမ္းထားတာ မဟုတ္သလို သူမရွင္းေပးမွာလည္း မဟုတ္ဘူးေလ။ ဒါ့အျပင္ တည္ခင္းမည့္သူကို ဦးစြာ ေမးျမန္းျခင္းမရွိပဲ သူ႔ကို ဖိတ္ၾကားလိုက္ေသးတယ္။ ဘယ္ေလာက္ေတာင္ ႐ိုင္းပ်လိုက္သလဲ...

သူ ရွဖူ႐ုန္အား လ်စ္လ်ဴရႈလိုက္ၿပီး သခင္မဖန္းကို ယဥ္ေက်းစြာ ခါးကိုင္းလ်က္ အ႐ိုအေသး ေပးလိုက္တယ္။

သခင္မဖန္း ေတြ႕ရတာဝမ္းသာပါတယ္!
သခင္မဖန္းလည္း သူမ တူမရဲ႕ ေဖာ္လန္ဖားသေယာင္ စကားလုံးေတြအတြက္ အေတာ္ေလး ဘဝင္မေတြ႕ ျဖစ္ေနတယ္။ သို႔ေပျငား ေဒါသကို ရင္ဝယ္သာ မ်ိဳသိပ္ထားရင္း ဒုတိယသခင္ေလးက်ဴးအား

မင္းရဲ႕အေမလည္း က်န္းမာေရးေကာင္းေသးတာမဟုတ္ဘူး... ရထားလုံးေပၚ ထိုင္ေနရတာလည္း ၾကာေနၿပီဆိုေတာ့ နားဖို႔ေနရာ ရွာသင့္တာေပါ့! ဘာျဖစ္လို႔လဲ တိုင္းတရားသူႀကီးမင္းရဲ႕ ဇနီးနဲ႔ ခ်ိန္းထားတာ ပ်က္သြားလို႔လား

မဟုတ္ပါဘူးဗ်... ကြၽန္ေတာ့္အေမက ေန႔လည္လည္းေက်ာ္ၿပီဆိုေတာ့ တိုင္းတရားသူႀကီးမိသားစုကို အေႏွာင့္အယွက္ေပးသလို မျဖစ္ေအာင္ တိုင္းအုပ္ခ်ဳပ္ေရး႐ုံးမသြားခင္ ဒီမွာပဲ ေန႔လယ္စာစားၾကမယ္လို႔ စီစဥ္တာ... ဒါေပမဲ့...

က်ဴးကြၽင္းရွီတစ္ေယာက္ သူ႔အေမရဲ႕ ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္ႏွာေလးကို ျမင္ေယာင္ၾကည့္မိေတာ့ စိတ္မေကာင္းျဖစ္လို႔ သြားတယ္။
သခင္မဖန္းတစ္ေယာက္ သူမေမြးစားသမီးအားၾကည့္ၿပီး သူမရဲ႕ထင္ျမင္ခ်က္ကို ေမးလိုက္တယ္။

ေရွာင္ေခ်ာင္း..သခင္မက်ဴးနဲ႔ သခင္ေလးက်ဴးက ဒီလာတဲ့ခရီးမွာ ေမြးစားအေမကို အေဖာ္ျပဳေပးခဲ့တာ... ခု သူမက ဒီမွာ ခဏေလာက္အနားယူခ်င္ေနတာ..အဲ့တာ သမီး..ဘယ္လို.
ေရွာင္ေခ်ာင္းဟာ သူမေမြးစားအေမရဲ႕ ေတာင္းဆိုခ်က္ကို ျငင္းဆန္႐ိုးမရွိဘူး။ ေတာက္ပတဲ့ အၿပဳံးကို ၿပဳံးျပလိုက္ၿပီး သူမဟာ တက္ႂကြစြာျပန္ေျပာလာတယ္။

ေမြးစားအေမရဲ႕ မိတ္ေဆြဆိုေတာ့ သမီးက တတ္ႏိုင္သမွ် ဧည့္ဝတ္ေက်ေပးရမွာေပါ့... သမီးတို႔နဲ႔အတူ ထမင္းစားဖို႔ သခင္မက်ဴးကို ဖိတ္လိုက္ပါမယ္

က်ဴးကြၽင္းရွီမွာ ေရွာင္ေခ်ာင္းရဲ႕ ႏြမ္းလ်တဲ့အဝတ္အစားအား အထင္အျမင္ေသးျခင္း မရွိခဲ့ပါေခ်။ ထိုအစား သူမအား ေလးေလးနက္နက္ခါးၫႊတ္ကာ
ေက်းဇူးအထူးတင္ပါတယ္ မိန္းကေလး!

ၾကင္ယာေတာ္မင္းသမီးက်င္းက ရထားလုံးထဲမွာ ၾကာေညာင္းစြာ ေစာင့္ေနရတာမို႔ ပ်င္းရိလ်က္ ရွိေနတယ္။ မၾကာမၾကာဆိုသလို ရထားလုံးရဲ႕ လိုက္ကာကိုပင့္ၿပီး က်ိန္ရႈံစားေသာက္ဆိုင္ရွိရာဆီသို႔ လွမ္းလွမ္း ၾကည့္ေနတယ္။ သူမသား ျပန္ေရာက္လာတာကိုျမင္ေတာ့ ႏူးညံ့ညင္သာေသာအသံျဖင့္

ဘယ္လိုျဖစ္သြားလဲ သီးသန္႔အခန္း ငွားလို႔မရခဲ့ဘူးလား

ဒီတစ္ႀကိမ္မွာ သူတို႔ဟာ ႐ုပ္ဖ်က္ၿပီးခရီးထြက္ေနတာျဖစ္ၿပီး လူျမင္ကြင္းဝယ္ျဖစ္ေနတာေၾကာင့္ ဒုတိယသခင္ေလးဟာ သူ႔မယ္ေတာ္အား အေမ ဟုသာ ေခၚလိုက္တယ္။ ထို႔ေနာက္ ညင္သာစြာ ရွင္းျပေလတယ္။

အေမ ထန္ကူၿမိဳ႕ရဲ႕က်ိန္ရႈံစားေသာက္ဆိုင္က ၿမိဳ႕ေတာ္ေပၚက ဆိုင္ေတြလို ခုနစ္ရက္၊ ရွစ္ရက္ ႀကိဳငွါးထားရတယ္... ကံေကာင္းလို႔ သခင္မဖန္းရဲ႕ေမြးစားသမီးက က်ိန္ရႈံစားေသာက္ဆိုင္နဲ႔ ရင္းႏွီးေတာ့ သီးသန္႔ခန္းတစ္ခု ရတယ္ေလ... သခင္မဖန္းက အေမ့ကို အတူတည္ခင္းဖို႔ ဖိတ္ခ်င္တယ္တဲ့!

သခင္မဖန္းရဲ႕ေမြးစားသမီးတဲ့လား သူမက ဘယ္တုန္းက ေမြးစားသမီး ရွိသြားရတာလဲ ဘာလို႔ ဒီသတင္းနဲ႔ ပတ္သက္ၿပီး တစ္ခုတစ္ေလေတာင္ မၾကားမိတာပါလိမ့္။ အားလုံးက သူမ တူမကိုပဲ သမီးအျဖစ္ ေမြးစားလိမ့္မယ္ဆိုၿပီး ထင္ေၾကးေပးေနၾကတာ! တခ်ိဳ႕တခ်ိဳ႕ရဲ႕ အႀကံအစည္ေတြေတာ့ ပ်က္စီးၿပီ ထင္ပါရဲ႕!

မိန္းမေတြရဲ႕ အတင္းတုပ္စေကးကို ေလ်ာ့မတြက္မိေစနဲ႔။ ၾကင္ယာေတာ္မင္းသမီးက်င္းက အျပင္ထြက္တာ ရွားေပမယ့္ ထိုအေၾကာင္းေတြကိုေတာ့ ခပ္ယဲ့ယဲ့ၾကားမိထားတယ္။

မိန္ရွီအန္းနဲ႔ လန္ရွီအန္းအကူအညီျဖင့္ ၾကင္ယာေတာ္မင္းသမီးဟာ ရထားလုံးေပၚက ဆင္းလာခဲ့ၿပီး သခင္မဖန္းအား ယဥ္ေက်းေဖာ္ေ႐ြစြာ ၿပဳံးျပလိုက္တယ္။ သခင္မဖန္းေဘးက ပိန္ပိန္ပါးပါး မိန္းကေလးငယ္ကို ေတြ႕ေတာ့ ႏူးညံ့စြာဆိုလာတယ္။
သခင္မဖန္း...ဒါက ေမြးစားသမီးလား ထက္ျမက္ၿပီး ၾကည့္ေကာင္းတဲ့ မိန္းကေလးပဲ

ခ်ီးမြမ္းမႈအတြက္ ေက်းဇူးတင္ပါတယ္! ဒီမွာ စကားေျပာရတာ အဆင္မေျပဘူးဆိုေတာ့ ဒုတိယထပ္က သီးသန္႔ခန္းမွာ စကားေျပာၾကရေအာင္!

အမ်ိဳးသမီးဖန္းရဲ႕ သေဘာထား၌ ႐ိုေသေလးစားမႈတို႔ ကိန္းဝပ္ေနတယ္။
ေရွာင္ေခ်ာင္းက ထိုအရာအား သတိထားမိခဲ့တယ္။ တတိယအဆင့္စစ္သူႀကီးရဲ႕ ဇနီးျဖစ္သူ သူမ ေမြးစားအေမေတာင္ သူမ(မင္းသမီးက်င္း)ကို တယဥ္တေက်း ဆက္ဆံေနတယ္။ ၾကည့္ရတာ ထိုျမင့္ျမတ္တဲ့ အမ်ိဳးသမီးရဲ႕ အဆင့္အတန္းက ေတာ္႐ုံတန္႐ုံ မဟုတ္ေလာက္ဘူး။ သူမက ၾကည့္ရတာနဲ႔ကို ျမင့္ျမတ္ၿပီး က်က္သေရရွိလွတယ္။ ဒါေၾကာင့္ ေတာ္ဝင္မိသားစုနဲ႔မ်ား ဆက္ႏြယ္ေနမလား။ မ်ိဳး႐ိုးႀကီးေတြက ဘာေတြျဖစ္ေနၾကတာလဲ။ ဘာလို႔ ဒီလို ႏုံခ်ာၿပီးေဝးလံတဲ့ ထန္ကူၿမိဳ႕ဆီပဲ တဝဲလည္လည္ လာခ်င္ေနၾကတာလဲ။

သူတို႔အားလုံးဟာ အမ်ိဳးသမီးေတြပဲျဖစ္တာေၾကာင့္ က်င့္ဝတ္နဲ႔ေလ်ာ္ကန္စြာ က်ဴးကြၽင္းရွီဟာ သီးသန္႔ခန္းသို႔ လိုက္မသြားေတာ့ေပ။ ထိုအစား အေစခံ အေယာင္ေဆာင္ထားတဲ့ ေတာ္ဝင္ကိုယ္ရံေတာ္ေတြကို ေခၚေဆာင္ၿပီး အနီးနားက နာမည္ႀကီးတဲ့ စားေသာက္ဆိုင္မွာပဲ တည္ခင္းလိုက္တယ္။ ရွဖူ႐ုန္မွာ ယေန႔ရလာတဲ့အခြင့္အေရးကို အခြင့္ေကာင္းယူၿပီး ဒုတိယသခင္ေလးနဲ႔ ရင္းႏွီးေအာင္ ျပဳမည္ႀကံကာမွ မဆုံးေသး သူမ၏အႀကံက ရႈံးနိမ့္သြားဟန္။

ေရွာင္ေခ်ာင္းမွာ အထူးဧည့္သည္ေရွ႕တြင္ သူမေမြးစားအေမ မ်က္ႏွာမပ်က္ရေလေအာင္ အစားအေသာက္ မွာယူရာ၌ က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕  နာမည္ႀကီးတကာ့ႀကီးတဲ့ ဟင္းလ်ာေတြကိုသာ မွာယူလိုက္တယ္။ ထိုဟင္းပြဲေတြထဲမွာ ၾကင္ယာေတာ္မင္းသမီး မၾကားဖူးေသးတဲ့ အမည္ေတြပါ ပါလို႔ ေနေသးတယ္!

ၾကင္ယာေတာ္မင္းသမီးက်င္းက အမ်ိဳးသမီးဖန္းအား ႏူးညံ့စြာၿပဳံးျပကာ ဆိုလာတယ္။
မင္းရဲ႕ ဒီကေလးက သိပ္ကိုသိတတ္တာပဲ! စားစရာေတြ အမ်ားႀကီးမွာေပးထားတာ... တို႔ေတြ ကုန္ေရာကုန္ပါ့မလား!

ယြီေရွာင္ေခ်ာင္း ၾကင္ယာေတာ္မင္းသမီးႏွင့္ သူမေမြးစားအေမအတြက္ ေဆးဖက္ဝင္ လက္ဖက္ရည္အား ကိုယ္တိုင္ ထငွဲ႔ေပးေလတယ္။ ေမာပန္းမႈ ေျပေလ်ာ့ေစရန္အလို႔ငွာ လက္ဖက္ရည္ထဲတြင္ အံ့ဖြယ္ေက်ာက္ေရ အနည္းငယ္ အစက္ခ်လိုက္တယ္။ သူမစကားကို နားေထာင္ၿပီးေလေတာ့ ေရွာင္ေခ်ာင္းဟာ ၿပဳံးလ်က္ ေျပာလာတယ္။

သခင္မနဲ႔ ေမြးစားအေမက အေဝးကေနေရာက္လာၾကတာဆိုေတာ့ ကြၽန္မဘက္က ႀကိဳဆိုတဲ့အေနနဲ႔ ဧည့္ခံသင့္တာေပါ့!
မိန္းကေလးငယ္မွာ ငယ္လြန္းတဲ့အျပင္ ထြားက်ိဳင္းတာမ်ိဳးလည္း ရွိမေနဘူး။ သို႔ေပသိ မိန္းကေလးငယ္ရဲ႕ ထက္ျမက္မႈကေတာ့ ဘယ္ရႈေထာင့္ကၾကည့္ၾကည့္ ထင္ေပၚလို႔ေနတယ္။ ဒါဟာ ၾကင္ယာေတာ္မင္းသမီး ႏွစ္သက္တဲ့ အရည္အခ်င္းတစ္ခုပဲ။ သူမလည္း အၿပဳံးပန္းဆင္လ်က္ ေျပာ၍လာတယ္။

ဒါက သမီးေမြးစားအေမရဲ႕ ခင္မင္မႈကို အခြင့္ေကာင္းယူၿပီး သမီးဆီက အျမတ္ထုတ္သလို ျဖစ္ေနလား

ဘယ္ဟုတ္မလဲ သခင္မက ေမြးစားအေမကို ၿမိဳ႕ေတာ္က ထြက္လာကတည္းက တစ္လမ္းလုံး အေဖာ္ျပဳေပးခဲ့တာေလ! အဲ့တာေၾကာင့္ ကြၽန္မဘက္က ဒီစားပြဲေပၚက အစားအေသာက္ေတြနဲ႔ ေက်းဇူးတင္ေၾကာင္း ျပခ်င္လို႔ပါ!

ယြီေရွာင္ေခ်ာင္းရဲ႕ သေဘာထားဟာ ယဥ္ေက်းလြန္းတာလည္း မဟုတ္သလို ေမာက္မာတာမ်ိဳးလည္း မဟုတ္ေပ။ ထို႔ေၾကာင့္ အမ်ိဳးသမီးဖန္းနဲ႔ ၾကင္ယာေတာ္မင္းသမီးတို႔ သူမအေပၚ ပို၍ပင္ အျမင္ေကာင္း ရွိလာတယ္။

ၾကင္ယာေတာ္မင္းသမီးဆိုလွ်င္ သူမအား စခ်င္ေနာက္ခ်င္ပင္ျဖစ္မိလာတယ္။
အို! ဒါဆို ဒီစားပြဲက ငါ့ကို ႀကိဳဆိုတာေရာ ေက်းဇူးတင္တာေရာ တၿပိဳင္တည္း လုပ္လိုက္တဲ့ သေဘာေပါ့! ငါ့ကို ထမင္းတစ္နပ္ထဲေကြၽးၿပီး ပထုတ္ခ်င္ေနၿပီေပါ့ေလ! မရဘူးေနာ္... အဲ့လို ဘယ္လုပ္လို႔ရလိမ့္မလဲ... ေကြၽးခ်င္ေကြၽး ႏွစ္ခါေကြၽးရမွာေပါ့!

ထမင္းႏွစ္ႏွပ္ပဲမဟုတ္ပါဘူး... သခင္မဘက္က စိတ္ရွိရင္ က်ိန္ရႈံစားေသာက္ဆိုင္က အၿမဲ ႀကိဳဆိုေနမွာပါ... ဒီ တိုဖူးေဆးဘဲဥသုပ္ကို စားၾကည့္ပါဦး... ဒါက က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ ဟင္းပြဲအသစ္ေလ

ယြီေရွာင္ေခ်ာင္းဟာ ဟင္းလိုက္ဇြန္းျဖင့္ ဇြန္းအျပည့္ ခတ္ကာ ၾကင္ယာေတာ္မင္းသမီးႏွင့္ အမ်ိဳးသမီးဖန္းတို႔၏ သက္ဆိုင္ရာ ပန္ကန္လုံးထဲသို႔ ဦးခ်ေပးခဲ့တယ္။

မင္းသမီးက်င္းက ၿပဳံးလိုက္ၿပီး
ရပါၿပီ... သမီးလည္း ထိုင္ၿပီး စားေတာ့! အေစခံေတြ တည္ခင္းေပးလိမ့္မယ္ Mhm! ဒီတိုဖူးက ပါးစပ္ထဲမွာ ႏူးညံ့ၿပီး အိခြၽတ္ေနလိုက္တာဒါကဘာလဲ ေဆးဘဲဥဆိုတာလား ဒီေပါင္းစပ္မႈရလဒ္က တကယ္ကိုထူးျခားတာပဲ... ဒီလိုျဖစ္မွာေပါ့... ဒါက က်ိန္ရႈံစားေသာက္ဆိုင္ပဲကိုး... ဒီစားေသာက္ဆိုင္က ႐ိုးရွင္းတဲ့ ပါဝင္ပစၥည္းေတြနဲ႔ ဆန္းသစ္တဲ့ဟင္းလ်ာေတြ ဖန္တီးႏိုင္တာပဲ!

တိုဖူးႏွင့္ေဆးဘဲဥကို ႏွစ္လုပ္မွ်စားၿပီးေလေတာ့ ၾကင္ယာေတာ္မင္းသမီးဟာ သူမ အႏွစ္သက္ဆုံးေသာ ပင္လုံးႀကိဳင္ဘဲေပါင္းကို ၾကည့္လိုက္တယ္။ သူမေနာက္တြင္ရွိေသာ မိန္ရွီအန္းဟာ အလိုက္တသိပဲ ဘဲသားတစ္ပိုင္းကို ယူၿပီး သူမပန္းကန္လုံးထဲ ထည့္ေပးလိုက္တယ္။

ကြၽန္မရဲ႕သရက္႐ြက္နဲ႔အစာအိမ္က အားနည္းတယ္... ဆီနည္းနည္းပါတဲ့ ဘဲကင္ေတာင္ တစ္ဖတ္ပဲ စားလို႔ရတယ္... ဒါေပမယ့္ ဒီပင္လုံးႀကိဳင္ဘဲေပါင္းက အဆီပါေပမယ့္ သိပ္မခြၽဲဘူး... အနံ႔ကလည္း သင္းသလို အရသာကလည္း ရွိလြန္းတယ္ ဒါေၾကာင့္ နည္းနည္းေတာ့ ပိုစားလို႔ရတယ္

ၾကင္ယာေတာ္မင္းသမီးမွာ ထမင္းဝိုင္းစည္းကမ္းကို ေကာင္းမြန္စြာ လက္ကိုင္ထားသူျဖစ္ေပမယ့္ ဒီတစ္ႀကိမ္တြင္ေတာ့ ၿမိန္ေရရွက္ေရ စားသုံးလို႔ေနတယ္။

ယြီေရွာင္ေခ်ာင္းဟာ ထိုအမ်ိဳးသမီးႏွစ္ဦးအား ဂ်ဳံၾကာဇံပါသည့္ ဘဲေသြးစြပ္ျပဳတ္ဟင္းလ်ာႏွင့္ မိတ္ဆက္ေပးလိုက္တယ္။ သူတို႔ႏွစ္ဦးသား ဟင္းရည္ထဲပါရွိေနသည့္ ဂ်ဳံၾကာဇံကို အထူး စိတ္ဝင္စားေနရင္း ဟင္းတစ္ပြဲလုံးကို မသိလိုက္မသိဘာသာပဲ အေျပာင္ ေသာက္ကုန္သြားတယ္။

က်ိဳးမိသားစုပိုင္စက္႐ုံက ထုတ္လုပ္တဲ့ဂ်ဳံၾကာဇံေတြဟာ ကြၽမ္းက်င္မႈမရွိေသးတဲ့ ယြီေရွာင္ေခ်ာင္း ျပဳလုပ္တဲ့ ဂ်ဳံၾကာဇံကဲ့သို႔ ဆံလုံးႀကီး ျခင္းမ်ိဳးမရွိေခ်။ ျပင္းထန္တဲ့ ေလ့က်င့္မႈေတြေၾကာင့္ အလုပ္သမားေတြရဲ႕ လက္ရည္ေတြဟာ အထူးတလည္ တိုးတက္လာတယ္။ ဂ်ဳံၾကာဇံေတြဟာ ေတာက္ပၿပီး ၾကည္လင္ေနတယ္။ စားလိုက္တဲ့အခါမွာလည္း ႏူးညံ့ေခ်ာေမြ႕ လန္းဆန္းေနတာမို႔ စား၍ အလြန္တရာမွ ေကာင္းသည္။

ဂ်ဳံၾကာဇံနဲ႔ ေဆးဘဲဥေတြဟာ ထုတ္ကုန္အျဖစ္ ခုမွတင္သြင္းတာေၾကာင့္ စားရဖို႔ေနေန က်ိန္ရႈံစားေသာက္ဆိုင္ကလြဲလွ်င္ အရိပ္ေတာင္ ေတြ႕ရမည္မဟုတ္ေသးေခ်။ ၾကင္ယာေတာ္ မင္းသမီးက်င္းတစ္ေယာက္ အားရစြာ စားေသာက္ေနရတဲ့ အေၾကာင္းျပခ်က္မ်ားစြာထဲမွာ အေရးႀကီးဆုံး တစ္ခ်က္မွာ ဆန္းသစ္ေသာ ဟင္းလ်ာသစ္ကို စားသုံးေနရျခင္းေၾကာင့္ပင္။
ထမင္းဝိုင္းရွိ လူအားလုံးဟာ ၿမိန္ေရရွက္ေရ စားေသာက္ေနၾကတယ္။ တိုင္းတရားသူႀကီး၏ ဇနီးသည္လည္း ထိုသတင္းကို လက္ခံရေရာ ၾကင္ယာေတာ္မင္းသမီးအား အေႁခြအရံေတြနဲ႔အတူ ကိုယ္တိုင္ လာေရာက္ေခၚဆိုခဲ့တယ္။

ယခုအခ်ိန္တြင္ ဖရဲဆိုင္က ဖရဲသီးေတြလည္း ေရာင္းကုန္သြားၾကၿပီ။ ေရွာင္ေခ်ာင္းရဲ႕ (အေမဘက္က)အဘြားနဲ႔ (အေမဘက္က) အႀကီးဆုံးအရီးတို႔လည္း က်ိန္ရႈံစားေသာက္ဆိုင္က ေရွာင္ေခ်ာင္း ပါဆယ္ထုတ္လာတဲ့ဟင္းေတြကို စားေသာက္ၿပီးၾကကာ ဆိုင္ထဲရွိ စင္တန္းေတြကို သုတ္ေနၾကတယ္။

အမ်ိဳးသမီးဖန္းက ၿမိဳ႕ေပၚမွာ မေနခ်င္တာေၾကာင့္ ယြီေရွာင္ေခ်ာင္းက သူမေမြးစားအေမရဲ႕ ရထားလုံးေပၚတြင္ ေနရာယူလိုက္ၿပီး ရထားလုံးေမာင္းသမားအား လမ္းျပကာ ရႈခင္းေတြ လိုက္ျပေပးတယ္။
(အေမဘက္က)အႀကီးဆုံးအရီးက ဆိုင္မွာကူဖို႔လာခဲ့တာေၾကာင့္ ဒီကစၿပီး သူမက ဆိုင္ကို ေစာင့္ေပးေတာ့မွာ ျဖစ္တယ္။ ေရွာင္ေခ်ာင္းရဲ႕ အဘြားျဖစ္သူမွာ သူမကူညီဖို႔ မလိုေတာ့တာက တစ္ေၾကာင္း အိမ္မွာက်န္ခဲ့တဲ့ သူမေယာက်ာ္းနဲ႔ ၾကက္ေတြဘဲေတြကို ပူပန္တာကတစ္ေၾကာင္းမို႔ ၿမိဳ႕ကေန ႐ြာသို႔ျပန္သြားခဲ့တယ္။

***

Continue Reading

You'll Also Like

134K 9.3K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
1.7M 161K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...