[Unicode]
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
လင်းလုံနဲ့ကျန်းကျူးက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်တယ်။ အာ...ကြည့်ရတာ မိန်းကလေးယွီက သခင်မကြီးရဲ့ နှလုံးသားထဲမှာ ကြီးကြီးကျယ်ကျယ်ကို အသိအမှတ်ပြုခံထားရပုံပဲ။ အနည်းဆုံးတော့ သူမက ဖန်းမိသားစုအိမ်မှာ နှစ်ပေါင်းများစွာနေလာတဲ့ သခင်မကြီးရဲ့ တူမထက် သာလွန်တယ်လေ။ သူတို့(လင်းလုံနဲ့ကျန်းကျူ)က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သတိပေးလိုက်ကြတယ် : နောက်ဆို ဒီမွေးစားသခင်မလေးကို လျစ်လျူရှု အထင်သေးလို့မရတော့ဘူးပဲ။
သို့သော် ရှောင်ချောင်းက ရှက်ရွံ့စွာနဲ့
" မွေးစားအမေ, သမီး ကလေးမဟုတ်တော့ပါဘူး... သမီးကိုယ့်ဘာသာ လမ်းလျှောက်ပြီး အမေ့ကို မပင်ပန်းအောင် လုပ်သင့်တယ် ထင်တယ်"
"သမီးခန္ဓာကိုယ်လေးက ဘယ်လောက်များ အလေးချိန်ရှိလို့လဲကွဲ့။ အိမ်မှာဆို ကျင်းတစ်ရာရှိတဲ့ ဆန်အိတ်တောင် မွေးစားအမေက ကိုယ့်ဘာသာ သယ်နိုင်တယ်... သမီး အလေးချိန်က အခုထက် သုံးဆလောက် ဖြစ်နေရင်တောင်အမေက မမောပါဘူး!"
သခင်မကြီးဖန်းက ကုတင်ပေါ် ရှောင်ချောင်းကို ချလိုက်ပြီး သုံးနှစ်ကလေးလေးကို စောင့်ရှောက်ပေးတဲ့ အလား ရှောင်ချောင်းရဲ့ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးလိုက်တယ်။
" ကိုယ့်ဘာသာပဲ လုပ်ပါ့မယ်..."
ရှောင်ချောင်းက ရှက်ပြီး သူမ အပြင်အဝတ်ကို ချွတ်ရင်းဆိုတယ်။ ဒါပေမယ့် သူမ လှုပ်ရှားမှုက အားပါသွားတာကြောင့် ကျောမှာရှိတဲ့ အနာကို ရုတ်တရတ်ဆွဲဆန့်လိုက်သလိုဖြစ်ပြီး နာလွန်းလို့ အံပါကြိတ်ထားမိတဲ့ အထိပဲ။
" အာ... သမီးက အရမ်းမရဲနဲ့လေ!"
သခင်မကြီးဖန်းက သူမကို ကုတင်ပေါ် အသာဖိချလိုက်ပြီး ရှောင်ချောင်းရဲ့ နှင်းမှုန်ပမာ ဖြူဖွေးနေတဲ့ အတွင်းအင်္ကျီကို မ လိုက်တယ်။ ပြီးနောက် ရှောင်ချောင်းရဲ့ ကြည်လင်ပြီးဖြူဖွေးနေတဲ့ ကျောပေါ်မှာ ထင်ရှားပြီး ကြောက်စရာကောင်းတဲ့ ခရမ်းရောင် ပွန်းပဲ့ ဒဏ်ရာကြီးကို မြင်လိုက်ရတယ်။
ဒါကိုမြင်တော့ သခင်မကြီးဖန်း အလွန်အမင်း စိတ်ထိခိုက်သွားရုံတင်မက လင်းလုံနဲ့ ကျန်းကျူတို့ပါ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်သွားမိတယ်။ ဒါကြီးက အရမ်းနာမှာပဲ! တခြားကလေးမလေးတွေ သာဆို ဒီလိုဒဏ်ရာကြီးနဲ့ သေချာပေါက် အော်ငိုနေတာ ကြာပြီပေါ့! ဒါပေမယ့် ဒီသခင်မလေးကတော့ နာကျင်မှုကို အံတုပြီး သခင်မကြီး ဒေါသမထွက်ဘဲ ပြုံးရယ်အောင် လုပ်နေတယ်။
သခင်မကြီးဖန်းက သေးငယ်တဲ့ ဆေးသေတ္တာလေးကို ယူလာခဲ့တယ်။ ပြီးနောက် ဧကရာဇ် အပ်နှင်းထားတဲ့ 'အနာသက်သာတဲ့ လိမ်းဆေးမှုန့်' ထည့်ထားတဲ့ ကွဲလွယ်တဲ့ ကြွေပုလင်းလေးကို ထုတ်လိုက်တယ်။ သခင်မကြီးက ဆေးမှုန့်တချို့ကို လက်ဖဝါးထဲထည့်ပြီးနောက် ရှောင်ချောင်းရဲ့ သေးသွယ်တဲ့ ကျောပြင်ပေါ် အသာအယာ လိမ်းပေးလိုက်တယ်။ ဆေးမှုန့် ဆေးစွမ်းပြဖို့အတွက် အပ်စိုက်ကုထုံး လုပ်တဲ့နေရာတွေကို အားနည်းနည်းသုံးပြီး အနာထဲကို ဆေးစိမ့်ဝင်သွားစေတယ်။ သခင်မကြီးဖန်းက ကလေးမလေး နာကျင်မှုဒဏ်ကို မခံနိုင်မှာ စိုးတာကြောင့် အားမထည့်ခင် ဖြည်းဖြည်းချင်း အသာအယာလေး နှိပ်နယ်ပေးနေတယ်။
အစပိုင်းမှာတော့ ရှောင်ချောင်းက နာကျင်မှုကြောင့် တရှူးရှူးနဲ့ လေအေးတွေ မှုတ်ထုတ်နေတယ်။ သို့သော်နောက်ပိုင်းကျတော့ သူမက ဝမ်းနည်းပက်လက် အော်ငိုတော့တယ်။
" အား... နာတယ်... နာတယ်... နည်းနည်းလေး ညင်သာပေးပါ... မွေးစား အမေ ကျေးဇူးပြုပြီး ဖြည်းဖြည်းလေးပဲ"
"နည်းနည်းလေးပဲ သည်းခံလိုက်ပါ... အားသိပ်မထည့်ရင် ဆေးမစိမ့်ဘဲနေမှာ စိုးလို့"
သခင်မကြီးဖန်းက ယုယုယယ နဲ့ နှစ်သိမ့်လိုက်ပေမယ့် လက်က အားကိုတော့ မလျှော့လိုက်ဘူး။ ရှောင်ချောင်းကတော့ ဆက်အော်နေပြီး သူမ ခြေတွေလက်တွေကလည်း ကုတင်ကို ထိကာ ကန်ကျောက်နေတယ်။
လင်းလုံနဲ့ကျန်းကျူးတို့ကတော့ ခေါင်းတွေကို နှိမ့်ကာ သူတို့ရဲ့ ရယ်သံတွေကို ချုပ်တည်းနေရတယ်။ အခုချိန်မှာ သခင်မလေးရှောင်ချောင်းက ကုန်းပေါ်ရောက်နေတဲ့ ငါးကလေးလိုပဲ။ သူမပုံစံက တကယ်ပဲ ချစ်စရာ၊ ရယ်စရာလေးဖြစ်လို့နေတယ်။
ရှဖုရုန်ကတော့ တညည်းညည်း တညူညူလုပ်နေတဲ့ ကောင်မစုတ်လေးကို အံကြိတ်ပြီး မနာလိုစွာ ကြည့်လိုက်တယ်။ အဒေါ်က အရမ်းကို မျက်နှာလိုက်တာပဲ! သူမ ခုနှစ်နှစ်ရှစ်နှစ်အရွယ် စစ်သူကြီးအိမ်တော်ကို စရောက်တုန်းကဆို အဒေါ်က အများဆုံး ရင်းရင်းနှီးနှီးဆက်ဆံမှ လက်ကိုင်ရုံ ခေါင်းပုတ်ရုံလောက်ပဲ။ ဒါပေမယ့်အခု အဲ့ဒီ ညစ်စုတ်နေတဲ့ တောသူမကိုကျတော့ အဒေါ်က ရင်ခွင်ထဲ ထည့်ပြီး ဆေးတောင် လိမ်းပေးနေသေးတယ်ပေါ့။ အနာလိမ်းဆေးမှုန့်က ဧကရာဇ် ချီးမြှင့်ထားတဲ့ဟာမို့ စျေးထဲမှာဆို ရွေစတစ်ထောင်ပုံပေးရင်တောင် ဝယ်မရတဲ့ဟာ။ အဲ့လို ကောင်မစုတ်ကို လိမ်းပေးဖို့ တန်ရဲ့လား။
သို့သော် ရှောင်ချောင်းမှာလည်း ဒီလို ဂုဏ်ပုဒ်တွေ ယုယမှုတွေကို လိုချင်တာမဟုတ်ဘူး။ သူမက ဒဏ်ရာ သေးသေးလေးပဲရခဲ့တာ။ အိမ်ပြန်ရောက်ရင် အံ့ဖွယ်ကျောက်တုံးလေးကို ဥုံဖွဆိုပြီး မန်းမှုတ်ခိုင်းလိုက်ရင် အနာက အေးအေးဆေးဆေး သက်သာတယ်။ ဒါကို ဘာလို့များ ဒီလို အကြောင်းမဲ့ ခံစားနေရပါ့လိမ့် မပျော်တော့ဘူး။
သခင်မကြီးဖန်းက ရယ်လိုက်ရင်း အငြိမ်မနေတဲ့ ရှောင်ချောင်း တင်ပါးကို ပုတ်ကာ နည်းနည်းလောက် လှန့်လိုက်တယ်။
" ဣန္ဒြေရရနေ! လက်မောင်းတွေ ခြေထောက်တွေပါ မထိခိုက်မိအောင် ဂရုစိုက်... လက်တွေ ခြေထောက်တွေ ထိခိုက်မိရင် ထပ်နာရမှာနော်"
ဒါကိုကြားတော့ ယွီရှောင်ချောင်းက ချက်ချင်းပဲ ဓာတ်ခဲကုန်သွားတဲ့ ကော်ပတ်ရုပ်လေးလို ငြိမ်ကျသွားတော့တယ်။ ဒါပေမယ့် သူမ နာလို့ ငိုတဲ့ အသံတွေကတော့ ပိုပိုကျယ်လာတယ်။ အငိုသန်တဲ့ ကလေးက နို့ပိုစို့ရတယ်တဲ့ ဒါကြောင့်မလို့ သူမက အံကြိတ်ပြီး အနာကို ကြိတ်ခံတာတို့လို အပိုအလုပ်တွေ ဟန်ဆောင်လုပ်မနေတော့ဘူး။
" ဘာတွေဖြစ်နေတာလဲ"
အမေဘက်က အကြီးဆုံးအဒေါ်အမျိုးသမီးဟန်ရယ်၊ ရှောင်ချောင်းရဲ့ အမေဘက်က အဘွားယောင်က ပစ္စည်းတွေပို့ဖို့ ရောက်လာတယ်။ ဆိုင်ထဲ ဝင်ဝင်ချင်းပဲ ရှောင်ချောင်း အော်ငိုသံကို စီခနဲ ကြားလိုက်ရတာမို့ သူတို့က ဆိုင်ထဲအမြန်ဝင်လာပြီး အကျိုးအကြောင်း မေးကြတော့တယ်။ ကလေးမလေးရဲ့ ကျောက အနာကို မြင်တဲ့အခါမှာတော့ နှစ်ယောက်သား နှလုံးသားထဲ စို့နင့် သွားရတော့တယ်။
ယွီရှောင်ချောင်းက ချက်ချင်းပဲ အော်နေတာ ရပ်လိုက်တယ်။ သူမက အဖွားနဲ့ အကြီးဆုံးအဒေါ်ဟန်ကို ပြုံးပြဖို့ ခေါင်းကို လှည့်လိုက်ပြီးနောက် ညင်ညင်သာသာနဲ့
" အဖွား, အကြီးအဆုံး အဒေါ်... ဘာမှ မဖြစ်ဘူးရယ်... ကျွန်မ ဒီတိုင်း တံခါးနဲ့ ဝင်ဆောင့်မိရုံပဲ... ဆေးထည့်ပြီးရင် သက်သာသွားမှာပါ... စကားမစပ်... ဒါ မြို့တော်က လာတဲ့ ကျွန်မ မွေးစားအမေလေ!"
အဖွားယောင်နဲ့ သူ့ချွေးမက ရှောင်ချောင်းကို မြို့က အရာရှိကြီးတစ်ယောက် မွေးစားလိုက်တာကို သိတယ်။ ဒါက ရှောင်ချောင်းမွေးစားအမေဆိုတော့ အရာရှိကတော်ကြီးက ဒီကို လာခဲ့တာပေါ့။ ရိုးသားတဲ့ အိမ်ထောင်ရှင်အမျိုးသမီးနှစ်ဦးက စိတ်ရှုပ်ထွေးသွားကြပြီး အနေရခက်ဟန် ပြုံးလိုက်ကြတယ်။
သခင်မကြီးဖန်းကတော့ သူတို့ကို ဖော်ရွေစွာကြည့်လိုက်ပြီး
" ကျွန်မတို့က အခုအမျိုးတွေ ဖြစ်နေပြီပဲ... အနေရခက်မနေပါနဲ့ နေသာသလိုသာနေကြပါ "
အဘွားနဲ့အဒေါ်ရဲ့ အနေရခက်နေတဲ့ အမူအရာကြောင့် ရှောင်ချောင်းကလည်း ပြုံးကာ ဆိုလိုက်တယ်။
"အဘွား, အကြီးဆုံးအဒေါ်, ရှေ့မှာ ဦးလေးလီ တစ်ယောက်တည်း အဆင်ပြေရဲ့လား မသိဘူး အရင်ဆုံး သူ့ကို သွားကူပေးလို့ရမလားဟင် သမီးဆေးလိမ်းပြီးရင် လာကူပါ့မယ်"
အမျိုးသမီးဟန်က ခေါင်းကို ညိတ်လိုက်ပြီး
" အရမ်းအလုပ်မရှုပ်နေဘူးဆိုတော့ သမီးအဘွားနဲ့ အရီးနဲ့တင် ရပါတယ်... သမီးက ဒဏ်ရာရနေတာ ဆိုတော့ မွေးစားအမေနဲ့ပဲ နေနေလိုက်"
ရှဖုရုန်ရဲ့ စိတ်ထဲမှာတော့ ကျေးလက်နေအမျိုးသမီးကြီးနှစ်ယောက်ရဲ့ လေယူလေသိမ်းနဲ့ အပြုအမူတွေကို ကြည့်ကာ အထင်သေးစိတ်တွေ ပြည့်လို့နေတယ် - ထင်တဲ့ အတိုင်းပဲ ဟိုစုန်းမရဲ့ အမျိုးတွေကလည်း သူမလိုပဲ ပုံမလာကြဘူး!
နောက်ဆုံးမှာတော့ ဆေးလိမ်းပြီးလို့ ရှောင်ချောင်းရဲ့ နာကျင်မှုတွေက အဆုံးသတ်သွားခဲ့ပြီ။ သူမက ချက်ချင်းပဲ လက်တွေ ခြေထောက်တွေကို ဆန့်ဆန့်ကြီးလုပ်ကာ ကုတင်ပေါ်သေချင်ဟန် ဆောင်လိုက်တယ်။ ဒါကိုမြင်တော့ သခင်မကြီးဖန်းက သဘောကျပြီး ရယ်တာကို မရပ်တော့ဘူး။ ပြီးနောက် သူမက ရှောင်ချောင်းရဲ့ လုံးဝန်းတဲ့တင်ပါး လေးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး
" ကစားမနေနဲ့တော့... မြန်မြန်ထပြီး အင်္ကျီဝတ်လိုက်... မဟုတ်ရင် အအေးမိနေလိမ့်မယ်"
ရှောင်ချောင်းက ထလိုက်ပြီး သူမရဲ့ လက်တွေကို လှုပ်လိုက်တယ်။ ကြည့်ရတာ နောက်ကျောက အစောကလောက် မနာတော့သလိုပဲ။ သူမက အင်္ကျီကို ခပ်ဖြည်းဖြည်း ဝတ်လိုက်ပြီး
"မွေးစားအမေ... မြို့က အိမ်တော်မှာပဲ နားနေခဲ့မှာလား ဒါမှမဟုတ် ကျွန်မတို့နဲ့အတူ တုန်ရှန်းရွာကို လိုက်ခဲ့မှာလားဟင်"
သူမ မွေးစားအဖေရဲ့ အလုပ်က စီမံကိန်းကြီးကြပ်ရေးမှူးလို ရာထူးနဲ့ တူတူပဲ။ နောက်ပြီး ဆိပ်ကမ်း ပြန်လည်တည်ဆောင်ရေး ပြီးဖို့ကလည်း လေးငါးနှစ်လောက် လိုသေးတာဆိုတော့ မြို့မှာ အိမ်တစ်လုံး ဝယ်ထားတယ်။ ဒါပေမဲ့ မွေးစားအဖေကတော့ မြို့ကအိမ်မှာနေတာ ရှားတယ်။ အနောက်ဘက် တောင်ခြေက ကျောက်မိသားစုတို့ အိမ်ဟောင်းမှာပဲ လာနေလေ့ရှိတယ်။ အကြောင်းကတော့ ကျောက်မိသားစုအိမ်က ရှောင်ချောင်းတို့အိမ်နဲ့ နီးတဲ့အတွက် သူ့အတွက် စားရေးသောက်ရေး မပူရလို့ပဲ ဖြစ်တယ်။
ဖန်းဇီကျန်းက ဒီအကြောင်းတွေကို သူ့ဇနီးဆီရေးတဲ့ စာထဲမှာ အားလုံးပြောပြသားပင်။ သခင်မကြီးဖန်းက ခဏလောက် တွေးဆ ကြည့်လိုက်ပြီးနောက်
"အမေထင်တာတော့ သမီးမွေးစားအဖေက စီရင်စုမြို့က ပြန်ရောက်တာနဲ့ တုန်ရှန်းရွာကို တန်းသွားမယ် ထင်တယ်... အဲ့ဒီတော့ အမေလည်း ရွာကိုလိုက်ပြီးပဲ သူ့ကို စောင့်လိုက်မယ်လေ"
ရှောင်ချောင်းက နာခံခေါင်းညိတ်လိုက်ရင်း
"ဟုတ်ပြီ... မွေးစားအဖေက အစောကြီးထဲက စီရင်စုမြို့ကို ထွက်သွားတာဆိုတော့ အခုနေ ရွာကိုတောင် ရောက်နေသင့်ပြီ... သမီး ခန့်မှန်းမိတာတော့ သူ စီရင်စုမြို့မှာ တစ်ည အိပ်ပြီး မနက်ဖြန်မှ ပြန်လာမယ် ထင်တယ်! မြို့မှာရှိတဲ့အိမ်က ပိုကောင်းပေမယ့် လူမနေတာက ကြာပြီဆိုတော့ သန့်ရှင်းရေးလုပ်ရတာနဲ့ ဘာနဲ့ ကတိကထများပါတယ်... တုန်ရှန်းရွာက အိမ်ကတော့ ရှေးရိုးဆန်ပြီး အကြမ်းထည်ဆိုပေမယ့် သမီးတို့ အိမ်နဲ့လည်း နီးတော့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးလို့ရတယ်... မွေးစားအမေ... အကြာကြီး ခရီးပန်းလာခဲ့တာဆိုတော့ ဗိုက်ဆာနေရောပေါ့... သမီး ကျိန်ရှုံစားသောက်ဆိုင်မှာ လိုက်ကျွေးမယ်လေ"
ကျိန်ရှုံစားသောက်ဆိုင်မှာက ထမင်းတစ်ခါစားရင် လျှန်သုံးရာလောက်ကုန်တာ။ သခင်မကြီးဖန်းက သူမမွေးစားသမီးတို့ မိသားစုက အသင့်အတင့်ပဲ တတ်နိုင်တယ်ဆိုတာကို သိတယ်။ ဖရဲသီးဆိုင်ကလည်း ရောင်းကောင်းတယ်ဆိုပေမယ့် သူမအနေနဲ့ သမီးအတွက် စုထားဖို့ ကူညီပေးတာပဲ ပိုသင့်တော်လိမ့်မယ်။
" သမီးမွေးစားအဖေ ပြောတာတော့ သမီးက ဟင်းချက်အရမ်းကောင်းတယ်ဆို... မွေးစားအမေက သမီးလက်ရာကိုပဲ မြည်းကြည့်ချင်တာ"
အမျိုးသမီးဖန်းက ရှောင်ချောင်းတဲ့ နက်မှောင်ချောမွေ့နေတဲ့ဆံပင်တွေကို စိတ်ထဲကနေ ချီးကျူးရင်း ခေါင်းလေးကို ပွတ်သပ်ရင်းဆိုတယ်။ သူမ သတိမထားမိတာက ဒီမဲနက်နေတဲ့ ဆံပင်တွေရှိတဲ့ ခေါင်းကြီးက လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ထင်းချောင်းကြီးလို တောင့်နေခဲ့တယ်ဆိုတာပဲ!
ရှောင်ချောင်းက ခြံဝင်းထဲက ပြောင်ရှင်းနေတဲ့ မီးဖိုချောင်ကို တွေးမိသွားတယ်။ ဆိုင်ဖွင့်တဲ့ ကိစ္စတွေနဲ့ ရှုပ်နေခဲ့တာမို့ သူမမှာ ဟင်းခတ်အမွှေးအကြိုင်တွေ မပြောနဲ့ မီးဖိုချောင် အသုံးအဆောင်တွေ ပြင်ဆင်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါကြောင့် သူမက နှုတ်ခမ်ကိုကိုက်လိုက်ပြီး သခင်မကြီးဖန်းကို ခပ်တိုးတိုး ပြောလိုက်တယ်။
"မွေးစားအမေ, ဆိုင်ထဲက မီးဖိုချောင်ထဲမှာ ဘာမှ မရှိဘူးရယ်... ကျွမ်းကျင်တဲ့ အမျိုးသမီး တစ်ယောက်တောင် ဆန်မရှိရင် ချက်ပြုတ်ဖို့ ခက်ခဲတယ်မလား... အခု နေ့လည်တောင် ရောက်နေပြီ ဆိုတော့ အခုမှ ဟင်းချက်ဖို့က ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ... တကယ်လို့ သမီးလက်ရာ စားချင်တယ်ဆိုရင် ဒီည အမေ့ကို သမီးရှယ်ချက်ကျွေးပါ့မယ်! အခုတော့ ကျိန်ရှုံစားသောက်ဆိုင်မှာသာ အရင် သွားစားကြရအောင်ပါ... "
ကျိန်ရှုံစားသောက်ဆိုင်ကို သွားရုံတင်မက နေ့လည်စာပါ ကျွေးဦးမယ်။ တခြားသူတွေသာ ကြားရင် သေချာပေါက် သူမကို ထိပ်ခေါက်ကြမှာ! ကျိန်ရှုံစားသောက်ဆိုင်က ဟင်းပွဲအသစ် တသီတသန်းကြီးကြောင့် ပင်မ စားသောက်ခန်းမှာတောင် နေ့တိုင်း လူက ပြည့်နေတာ။ ကြိုတင် မှာမထားဘဲနဲ့ ကျိန်ရှုံစားသောက်ဆိုင်မှာ စားရဖို့ဆိုတာ ဝေလာဝေး!
ရှဖုရုန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး မဲ့ပြုံးတစ်ခုနဲ့အတူ သရော်လိုက်တယ်။
'ဆင်းရဲသား တောသူမက ကျိန်ရှုံဆိုင်မှာ ထမင်းတစ်နပ်ကျွေးပြီး ငါ့အဒေါ်အရှေ့မှာ တတ်နိုင်သလို အထင်ကြီးစရာကောင်းအောင် ဟန်ဆောင်းဦးမယ်ပေါ့။ ကျိန်ရှုံဆိုင်က အရန်ဟင်းပွဲတောင် ဒင်္ဂါး ခုနစ်ဒါဇင်လောက်ရှိတယ်... တစ်နေ့လုံး သူမဖရဲသီးတွေ ထိုင်ရောင်းနေတောင် အဲ့မှာ ထမင်းတစ်နပ် စားဖို့ ပိုက်ဆံလောက်မှာ မဟုတ်ဘူး'
ဟိုရောက်ရင် ဒီအခွင့်အရေးကို အသုံးချပြီး ဆိုင်ရဲ့အထူးဟင်းတွေချည်း မှာပစ်ဦးမယ်။ ဒါမှ အဲ့ဒီကောင်မစုတ်လေး ခေါင်းကိုက်သွားအောင်လို့! သူမလိုကျေးတောသူမ မပြောနဲ့ ကြိုတင် စာရင်းသွင်းထားတဲ့ မြို့တော်က လူကုန်ထံတွေတောင် ကျိန်ရှုံစားသောက်ဆိုင်မှာ တစ်ခါစားရဖို့ မလွယ်တဲ့ဟာ, ဒီကလေးမကို မှတ်လောက်အောင်ကို လွှတ်ထားပေးလိုက်ဦးမယ်!
အချိန်က နေ့မွန်းတည့်ချိန်တောင်ရောက်တော့မယ်။ ရှောင်ချောင်းက အာရုံတက်ထဲက အလုပ်တွေ လုပ်နေရတာမို့ ဗိုက်ဆာလွန်းလို့ ရင်ဘတ်ပါကျောကို ပြေးကပ်တော့မယ်။ မွေးစားအမေနဲ့ ခဏလောက် စကားပြောပြီးနောက် သူမ မွေးစားအမေကို ခေါ်ကာ ကျိန်ရှုံစားသောက်ဆိုင်ဆီ ထွက်လာခဲ့ လိုက်တော့တယ်။
ရှောင်ချောင်းက သူတို့ဖရဲဆိုင်နားက ဖြတ်လာရင်း ဆိုင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အဖွားနဲ့ အကြီးဆုံးအဒေါ်ကို ပြုံးပြလိုက်ပြီး
" အဘွား... အရီး... ဆိုင်မှာ အခု လူမကျနေဘူးဆိုတော့... တစ်ခုခု အရင်သွားစားကြစို့လေ!"
အဖွားယောင်က သခင်မကြီးဖန်းဝတ်ထားတဲ့ ခမ်းနားထည်ဝါတဲ့ ပိုးသားကျင်ခပ်နဲ့ သူမကိုယ်က တောက်ပနေတဲ့ အရောင်အဝါတွေကို မြင်လိုက်ရတယ်။ သူမနောက်က အစေခံနှစ်ယောက်ကတောင် သူတို့ထက်စာရင် ကောင်းကောင်းမွန်မွန် ဝတ်စားထားကြသေးတယ်။ သူမက သိမ်ငယ်စိတ်နဲ့အတူ ရှက်ရွံ့သွားပြီး လက်ကို ခါယမ်းကာ
"သမီး မွေးစားအမေနဲ့ပဲ သွားလိုက်တော့! ဆိုင်မှာက လူရှိနေမှဖြစ်မှာ... အရီးတို့ ပြီးမှ နံပြားနှစ်ချပ် ဝယ်စားလိုက်မယ်"
ရှောင်ချောင်းကလည်း လိုက်လာရင် အရီးတို့ အနေရခက်နေမှာ သိတယ်။ ဒါကြောင့် သူမလည်း တွန်းအား ဆက်မပေးတော့ဘဲ
" သမီး အစားအသောက်တွေ ပို့ခိုင်းလိုက်မယ်... အဘွားနဲ့အရီး ကျိန်ရှုံစားသောက်ဆိုင်က ကြက်ကင်နဲ့ ဘဲသားပေါင်းက တအားကောင်းတာ... နောက်တော့မှ စားကြည့်ပြီး ခံတွင်း တွေ့မတွေ့ မြည်းကြပေါ့!"
"ရတယ် ရတယ်! ကြက်ကင်နဲ့ ဘဲသားအတွက်ဆို ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးရမလဲမသိ! ပိုက်ဆံရှိရင်တောင် အဲ့လိုကြီး မဖြုန်းပစ်လိုက်နဲ့ဦး... အရီးအထင် နံပြားစားရရင်ကို အဆင်ပြေပါတယ်!!"
အမေဘက်က အကြီးဆုံးအဒေါ်က ရှောင်ချောင်း ပိုက်ဆံတွေ မဆင်မခြင်သုံးတာကို လက်မခံဘူး။
ရှောင်ချောင်း ကျိန်ရှုံစားသောက်ဆိုင်မှာ ထမင်းစားရင် ပိုက်ဆံမပေးရတာကိုတော့ တစ်ယောက်မှ မသိကြဘူး။ ဘာပဲဖြစ်ဖြစ် သူမက ဆိုင်က သူဌေးရဲ့ စီးပွားဖက်ပဲလေ။ ဆိုင်အတွက် ငွေရအောင် သူမ လုပ်ပေးထားတာအတွက် ရာသက်ပန် စျေးကြီးတဲ့ဟင်းတွေ အလကား စားသွားဖို့က အရမ်းကို လုံလောက်ပါတယ်!
နေ့လည်စာစားချိန်ဆိုတော့ ကျိန်ရှုံစားသောက်ဆိုင်မှာ လူတွေကို အပြည့်ပဲ။ ဆိုင်ရဲ့ နာမည်ကြီးမှုကြောင့် လာစားကြတဲ့ တခြားမြို့က လူတချို့ကတော့ နောက်သုံးရက်ထိ ကြိုစာရင်းသွင်းထားပြီးသား စားပွဲတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဆိုင်ပြင်ကို ထွက်သွားကြတယ်။
" ကြည့်ရတာ စားပွဲလွတ်မရှိတော့ဘူးနဲ့တူတယ် "
မွေးစားသမီးလက်ကိုဆွဲထားတဲ့ သခင်မကြီးဖန်းက စိတ်ပျက်လက်ပျက် ထွက်သွားတဲ့ သူတွေကိုကြည့်ပြီး ရှောင်ချောင်းကို ဆိုင်ထဲ မလွှတ်ပေးချင်တာမို့ ခေါင်းကို နိမ့်လိုက်ပြီး ရှောင်ချောင်းကို ညင်သာစွာ ပြောလိုက်တယ်။
ရှဖုရုန်ရဲ့ မျက်နှာမှာတော့ စိတ်ပျက်မှုတွေ ပြည့်နေပြီး သူမက မနေနိုင်တော့ဘဲ ရှေ့နောက်မစဉ်းစားကာ ပြောချလိုက်တယ်။
"ဝမ်းကွဲညီမလေး, ကျိန်ရှုံစားသောက်ဆိုင်မှာ စားပွဲမရမယ်မှန်းသိလို့ တမင်တကာ ငါတို့ကို ခေါ်လာပြီး အရှက်ခွဲလိုက်တာလား!"
" ဖုရုန်! "
သခင်မကြီးဖန်းက သူ့တူမ နည်းနည်းဘဝင်မြင့်နေတာကို နားလည်ပေးနိုင်တာမို့ စိတ်တော့ မဆိုးသွားဘူး။ ဒါပေမယ့် သူမမွေးစားသမီးလေး ရှက်ပြီး ဒေါသထွက်သွားမှာစိုးတာကြောင့် တူမ ဖြစ်သူကို မြန်မြန်ပဲ ဆူလိုက်တယ်။
ရှဖုရုန်က ပိုလို့တောင် ဒေါသထွက်သွားတယ်။ သူမက မပျော်မရွှင်နဲ့ နှာမှုတ်လိုက်ရင်း
" အဒေါ်, အဒေါ်က မွေးစားသမီးဘက်က ချည်းပဲ! ကြည့်လိုက်လေ ဒုတိယသခင်လေးကျူးလို လူတောင် စားပွဲမရတာ သူ့လို သာမန် တောသူမဆိုတာ ပြောမနေနဲ့တော့!"
***
[Zawgyi]
အပိုင္း-၁၈၁ ( ထမင္းတစ္နပ္ေကြၽးျခင္း )
လင္းလုံနဲ႔က်န္းက်ဴးက တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္တယ္။ အာ...ၾကည့္ရတာ မိန္းကေလးယြီက သခင္မႀကီးရဲ႕ ႏွလုံးသားထဲမွာ ႀကီးႀကီးက်ယ္က်ယ္ကို အသိအမွတ္ျပဳခံထားရပုံပဲ။ အနည္းဆုံးေတာ့ သူမက ဖန္းမိသားစုအိမ္မွာ ႏွစ္ေပါင္းမ်ားစြာေနလာတဲ့ သခင္မႀကီးရဲ႕ တူမထက္ သာလြန္တယ္ေလ။ သူတို႔(လင္းလုံနဲ႔က်န္းက်ဴ)က တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္း သတိေပးလိုက္ၾကတယ္ : ေနာက္ဆို ဒီေမြးစားသခင္မေလးကို လ်စ္လ်ဴရႈ အထင္ေသးလို႔မရေတာ့ဘူးပဲ။
သို႔ေသာ္ ေရွာင္ေခ်ာင္းက ရွက္႐ြံ႕စြာနဲ႔
" ေမြးစားအေမ, သမီး ကေလးမဟုတ္ေတာ့ပါဘူး... သမီးကိုယ့္ဘာသာ လမ္းေလွ်ာက္ၿပီး အေမ့ကို မပင္ပန္းေအာင္ လုပ္သင့္တယ္ ထင္တယ္"
"သမီးခႏၶာကိုယ္ေလးက ဘယ္ေလာက္မ်ား အေလးခ်ိန္ရွိလို႔လဲကြဲ႕။ အိမ္မွာဆို က်င္းတစ္ရာရွိတဲ့ ဆန္အိတ္ေတာင္ ေမြးစားအေမက ကိုယ့္ဘာသာ သယ္ႏိုင္တယ္... သမီး အေလးခ်ိန္က အခုထက္ သုံးဆေလာက္ ျဖစ္ေနရင္ေတာင္အေမက မေမာပါဘူး!"
သခင္မႀကီးဖန္းက ကုတင္ေပၚ ေရွာင္ေခ်ာင္းကို ခ်လိုက္ၿပီး သုံးႏွစ္ကေလးေလးကို ေစာင့္ေရွာက္ေပးတဲ့ အလား ေရွာင္ေခ်ာင္းရဲ႕ အေပၚဝတ္အက်ႌကို ခြၽတ္ေပးလိုက္တယ္။
" ကိုယ့္ဘာသာပဲ လုပ္ပါ့မယ္..."
ေရွာင္ေခ်ာင္းက ရွက္ၿပီး သူမ အျပင္အဝတ္ကို ခြၽတ္ရင္းဆိုတယ္။ ဒါေပမယ့္ သူမ လႈပ္ရွားမႈက အားပါသြားတာေၾကာင့္ ေက်ာမွာရွိတဲ့ အနာကို ႐ုတ္တရတ္ဆြဲဆန႔္လိုက္သလိုျဖစ္ၿပီး နာလြန္းလို႔ အံပါႀကိတ္ထားမိတဲ့ အထိပဲ။
" အာ... သမီးက အရမ္းမရဲနဲ႔ေလ!"
သခင္မႀကီးဖန္းက သူမကို ကုတင္ေပၚ အသာဖိခ်လိုက္ၿပီး ေရွာင္ေခ်ာင္းရဲ႕ ႏွင္းမႈန္ပမာ ျဖဴေဖြးေနတဲ့ အတြင္းအက်ႌကို မ လိုက္တယ္။ ၿပီးေနာက္ ေရွာင္ေခ်ာင္းရဲ႕ ၾကည္လင္ၿပီးျဖဴေဖြးေနတဲ့ ေက်ာေပၚမွာ ထင္ရွားၿပီး ေၾကာက္စရာေကာင္းတဲ့ ခရမ္းေရာင္ ပြန္းပဲ့ ဒဏ္ရာႀကီးကို ျမင္လိုက္ရတယ္။
ဒါကိုျမင္ေတာ့ သခင္မႀကီးဖန္း အလြန္အမင္း စိတ္ထိခိုက္သြား႐ုံတင္မက လင္းလုံနဲ႔ က်န္းက်ဴတို႔ပါ ထိတ္လန႔္မႈေၾကာင့္ ပင့္သက္ရႈိက္သြားမိတယ္။ ဒါႀကီးက အရမ္းနာမွာပဲ! တျခားကေလးမေလးေတြ သာဆို ဒီလိုဒဏ္ရာႀကီးနဲ႔ ေသခ်ာေပါက္ ေအာ္ငိုေနတာ ၾကာၿပီေပါ့! ဒါေပမယ့္ ဒီသခင္မေလးကေတာ့ နာက်င္မႈကို အံတုၿပီး သခင္မႀကီး ေဒါသမထြက္ဘဲ ၿပဳံးရယ္ေအာင္ လုပ္ေနတယ္။
သခင္မႀကီးဖန္းက ေသးငယ္တဲ့ ေဆးေသတၱာေလးကို ယူလာခဲ့တယ္။ ၿပီးေနာက္ ဧကရာဇ္ အပ္ႏွင္းထားတဲ့ 'အနာသက္သာတဲ့ လိမ္းေဆးမႈန႔္' ထည့္ထားတဲ့ ကြဲလြယ္တဲ့ ေႂကြပုလင္းေလးကို ထုတ္လိုက္တယ္။ သခင္မႀကီးက ေဆးမႈန႔္တခ်ိဳ႕ကို လက္ဖဝါးထဲထည့္ၿပီးေနာက္ ေရွာင္ေခ်ာင္းရဲ႕ ေသးသြယ္တဲ့ ေက်ာျပင္ေပၚ အသာအယာ လိမ္းေပးလိုက္တယ္။ ေဆးမႈန႔္ ေဆးစြမ္းျပဖို႔အတြက္ အပ္စိုက္ကုထုံး လုပ္တဲ့ေနရာေတြကို အားနည္းနည္းသုံးၿပီး အနာထဲကို ေဆးစိမ့္ဝင္သြားေစတယ္။ သခင္မႀကီးဖန္းက ကေလးမေလး နာက်င္မႈဒဏ္ကို မခံႏိုင္မွာ စိုးတာေၾကာင့္ အားမထည့္ခင္ ျဖည္းျဖည္းခ်င္း အသာအယာေလး ႏွိပ္နယ္ေပးေနတယ္။
အစပိုင္းမွာေတာ့ ေရွာင္ေခ်ာင္းက နာက်င္မႈေၾကာင့္ တရႉးရႉးနဲ႔ ေလေအးေတြ မႈတ္ထုတ္ေနတယ္။ သို႔ေသာ္ေနာက္ပိုင္းက်ေတာ့ သူမက ဝမ္းနည္းပက္လက္ ေအာ္ငိုေတာ့တယ္။
" အား... နာတယ္... နာတယ္... နည္းနည္းေလး ညင္သာေပးပါ... ေမြးစား အေမ ေက်းဇူးျပဳၿပီး ျဖည္းျဖည္းေလးပဲ"
"နည္းနည္းေလးပဲ သည္းခံလိုက္ပါ... အားသိပ္မထည့္ရင္ ေဆးမစိမ့္ဘဲေနမွာ စိုးလို႔"
သခင္မႀကီးဖန္းက ယုယုယယ နဲ႔ ႏွစ္သိမ့္လိုက္ေပမယ့္ လက္က အားကိုေတာ့ မေလွ်ာ့လိုက္ဘူး။ ေရွာင္ေခ်ာင္းကေတာ့ ဆက္ေအာ္ေနၿပီး သူမ ေျခေတြလက္ေတြကလည္း ကုတင္ကို ထိကာ ကန္ေက်ာက္ေနတယ္။
လင္းလုံနဲ႔က်န္းက်ဴးတို႔ကေတာ့ ေခါင္းေတြကို ႏွိမ့္ကာ သူတို႔ရဲ႕ ရယ္သံေတြကို ခ်ဳပ္တည္းေနရတယ္။ အခုခ်ိန္မွာ သခင္မေလးေရွာင္ေခ်ာင္းက ကုန္းေပၚေရာက္ေနတဲ့ ငါးကေလးလိုပဲ။ သူမပုံစံက တကယ္ပဲ ခ်စ္စရာ၊ ရယ္စရာေလးျဖစ္လို႔ေနတယ္။
ရွဖု႐ုန္ကေတာ့ တညည္းညည္း တညဴညဴလုပ္ေနတဲ့ ေကာင္မစုတ္ေလးကို အံႀကိတ္ၿပီး မနာလိုစြာ ၾကည့္လိုက္တယ္။ အေဒၚက အရမ္းကို မ်က္ႏွာလိုက္တာပဲ! သူမ ခုႏွစ္ႏွစ္ရွစ္ႏွစ္အ႐ြယ္ စစ္သူႀကီးအိမ္ေတာ္ကို စေရာက္တုန္းကဆို အေဒၚက အမ်ားဆုံး ရင္းရင္းႏွီးႏွီးဆက္ဆံမွ လက္ကိုင္႐ုံ ေခါင္းပုတ္႐ုံေလာက္ပဲ။ ဒါေပမယ့္အခု အဲ့ဒီ ညစ္စုတ္ေနတဲ့ ေတာသူမကိုက်ေတာ့ အေဒၚက ရင္ခြင္ထဲ ထည့္ၿပီး ေဆးေတာင္ လိမ္းေပးေနေသးတယ္ေပါ့။ အနာလိမ္းေဆးမႈန႔္က ဧကရာဇ္ ခ်ီးျမႇင့္ထားတဲ့ဟာမို႔ ေစ်းထဲမွာဆို ေ႐ြစတစ္ေထာင္ပုံေပးရင္ေတာင္ ဝယ္မရတဲ့ဟာ။ အဲ့လို ေကာင္မစုတ္ကို လိမ္းေပးဖို႔ တန္ရဲ႕လား။
သို႔ေသာ္ ေရွာင္ေခ်ာင္းမွာလည္း ဒီလို ဂုဏ္ပုဒ္ေတြ ယုယမႈေတြကို လိုခ်င္တာမဟုတ္ဘူး။ သူမက ဒဏ္ရာ ေသးေသးေလးပဲရခဲ့တာ။ အိမ္ျပန္ေရာက္ရင္ အံ့ဖြယ္ေက်ာက္တုံးေလးကို ဥဳံဖြဆိုၿပီး မန္းမႈတ္ခိုင္းလိုက္ရင္ အနာက ေအးေအးေဆးေဆး သက္သာတယ္။ ဒါကို ဘာလို႔မ်ား ဒီလို အေၾကာင္းမဲ့ ခံစားေနရပါ့လိမ့္ မေပ်ာ္ေတာ့ဘူး။
သခင္မႀကီးဖန္းက ရယ္လိုက္ရင္း အၿငိမ္မေနတဲ့ ေရွာင္ေခ်ာင္း တင္ပါးကို ပုတ္ကာ နည္းနည္းေလာက္ လွန႔္လိုက္တယ္။
" ဣေျႏၵရရေန! လက္ေမာင္းေတြ ေျခေထာက္ေတြပါ မထိခိုက္မိေအာင္ ဂ႐ုစိုက္... လက္ေတြ ေျခေထာက္ေတြ ထိခိုက္မိရင္ ထပ္နာရမွာေနာ္"
ဒါကိုၾကားေတာ့ ယြီေရွာင္ေခ်ာင္းက ခ်က္ခ်င္းပဲ ဓာတ္ခဲကုန္သြားတဲ့ ေကာ္ပတ္႐ုပ္ေလးလို ၿငိမ္က်သြားေတာ့တယ္။ ဒါေပမယ့္ သူမ နာလို႔ ငိုတဲ့ အသံေတြကေတာ့ ပိုပိုက်ယ္လာတယ္။ အငိုသန္တဲ့ ကေလးက ႏို႔ပိုစို႔ရတယ္တဲ့ ဒါေၾကာင့္မလို႔ သူမက အံႀကိတ္ၿပီး အနာကို ႀကိတ္ခံတာတို႔လို အပိုအလုပ္ေတြ ဟန္ေဆာင္လုပ္မေနေတာ့ဘူး။
" ဘာေတြျဖစ္ေနတာလဲ"
အေမဘက္က အႀကီးဆုံးအေဒၚအမ်ိဳးသမီးဟန္ရယ္၊ ေရွာင္ေခ်ာင္းရဲ႕ အေမဘက္က အဘြားေယာင္က ပစၥည္းေတြပို႔ဖို႔ ေရာက္လာတယ္။ ဆိုင္ထဲ ဝင္ဝင္ခ်င္းပဲ ေရွာင္ေခ်ာင္း ေအာ္ငိုသံကို စီခနဲ ၾကားလိုက္ရတာမို႔ သူတို႔က ဆိုင္ထဲအျမန္ဝင္လာၿပီး အက်ိဳးအေၾကာင္း ေမးၾကေတာ့တယ္။ ကေလးမေလးရဲ႕ ေက်ာက အနာကို ျမင္တဲ့အခါမွာေတာ့ ႏွစ္ေယာက္သား ႏွလုံးသားထဲ စို႔နင့္ သြားရေတာ့တယ္။
ယြီေရွာင္ေခ်ာင္းက ခ်က္ခ်င္းပဲ ေအာ္ေနတာ ရပ္လိုက္တယ္။ သူမက အဖြားနဲ႔ အႀကီးဆုံးအေဒၚဟန္ကို ၿပဳံးျပဖို႔ ေခါင္းကို လွည့္လိုက္ၿပီးေနာက္ ညင္ညင္သာသာနဲ႔
" အဖြား, အႀကီးအဆုံး အေဒၚ... ဘာမွ မျဖစ္ဘူးရယ္... ကြၽန္မ ဒီတိုင္း တံခါးနဲ႔ ဝင္ေဆာင့္မိ႐ုံပဲ... ေဆးထည့္ၿပီးရင္ သက္သာသြားမွာပါ... စကားမစပ္... ဒါ ၿမိဳ႕ေတာ္က လာတဲ့ ကြၽန္မ ေမြးစားအေမေလ!"
အဖြားေယာင္နဲ႔ သူ႔ေခြၽးမက ေရွာင္ေခ်ာင္းကို ၿမိဳ႕က အရာရွိႀကီးတစ္ေယာက္ ေမြးစားလိုက္တာကို သိတယ္။ ဒါက ေရွာင္ေခ်ာင္းေမြးစားအေမဆိုေတာ့ အရာရွိကေတာ္ႀကီးက ဒီကို လာခဲ့တာေပါ့။ ႐ိုးသားတဲ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးႏွစ္ဦးက စိတ္ရႈပ္ေထြးသြားၾကၿပီး အေနရခက္ဟန္ ၿပဳံးလိုက္ၾကတယ္။
သခင္မႀကီးဖန္းကေတာ့ သူတို႔ကို ေဖာ္ေ႐ြစြာၾကည့္လိုက္ၿပီး
" ကြၽန္မတို႔က အခုအမ်ိဳးေတြ ျဖစ္ေနၿပီပဲ... အေနရခက္မေနပါနဲ႔ ေနသာသလိုသာေနၾကပါ "
အဘြားနဲ႔အေဒၚရဲ႕ အေနရခက္ေနတဲ့ အမူအရာေၾကာင့္ ေရွာင္ေခ်ာင္းကလည္း ၿပဳံးကာ ဆိုလိုက္တယ္။
"အဘြား, အႀကီးဆုံးအေဒၚ, ေရွ႕မွာ ဦးေလးလီ တစ္ေယာက္တည္း အဆင္ေျပရဲ႕လား မသိဘူး အရင္ဆုံး သူ႔ကို သြားကူေပးလို႔ရမလားဟင္ သမီးေဆးလိမ္းၿပီးရင္ လာကူပါ့မယ္"
အမ်ိဳးသမီးဟန္က ေခါင္းကို ညိတ္လိုက္ၿပီး
" အရမ္းအလုပ္မရႈပ္ေနဘူးဆိုေတာ့ သမီးအဘြားနဲ႔ အရီးနဲ႔တင္ ရပါတယ္... သမီးက ဒဏ္ရာရေနတာ ဆိုေတာ့ ေမြးစားအေမနဲ႔ပဲ ေနေနလိုက္"
ရွဖု႐ုန္ရဲ႕ စိတ္ထဲမွာေတာ့ ေက်းလက္ေနအမ်ိဳးသမီးႀကီးႏွစ္ေယာက္ရဲ႕ ေလယူေလသိမ္းနဲ႔ အျပဳအမူေတြကို ၾကည့္ကာ အထင္ေသးစိတ္ေတြ ျပည့္လို႔ေနတယ္ - ထင္တဲ့ အတိုင္းပဲ ဟိုစုန္းမရဲ႕ အမ်ိဳးေတြကလည္း သူမလိုပဲ ပုံမလာၾကဘူး!
ေနာက္ဆုံးမွာေတာ့ ေဆးလိမ္းၿပီးလို႔ ေရွာင္ေခ်ာင္းရဲ႕ နာက်င္မႈေတြက အဆုံးသတ္သြားခဲ့ၿပီ။ သူမက ခ်က္ခ်င္းပဲ လက္ေတြ ေျခေထာက္ေတြကို ဆန႔္ဆန႔္ႀကီးလုပ္ကာ ကုတင္ေပၚေသခ်င္ဟန္ ေဆာင္လိုက္တယ္။ ဒါကိုျမင္ေတာ့ သခင္မႀကီးဖန္းက သေဘာက်ၿပီး ရယ္တာကို မရပ္ေတာ့ဘူး။ ၿပီးေနာက္ သူမက ေရွာင္ေခ်ာင္းရဲ႕ လုံးဝန္းတဲ့တင္ပါး ေလးကို ခပ္ဖြဖြ ႐ိုက္လိုက္ၿပီး
" ကစားမေနနဲ႔ေတာ့... ျမန္ျမန္ထၿပီး အက်ႌဝတ္လိုက္... မဟုတ္ရင္ အေအးမိေနလိမ့္မယ္"
ေရွာင္ေခ်ာင္းက ထလိုက္ၿပီး သူမရဲ႕ လက္ေတြကို လႈပ္လိုက္တယ္။ ၾကည့္ရတာ ေနာက္ေက်ာက အေစာကေလာက္ မနာေတာ့သလိုပဲ။ သူမက အက်ႌကို ခပ္ျဖည္းျဖည္း ဝတ္လိုက္ၿပီး
"ေမြးစားအေမ... ၿမိဳ႕က အိမ္ေတာ္မွာပဲ နားေနခဲ့မွာလား ဒါမွမဟုတ္ ကြၽန္မတို႔နဲ႔အတူ တုန္ရွန္း႐ြာကို လိုက္ခဲ့မွာလားဟင္"
သူမ ေမြးစားအေဖရဲ႕ အလုပ္က စီမံကိန္းႀကီးၾကပ္ေရးမႉးလို ရာထူးနဲ႔ တူတူပဲ။ ေနာက္ၿပီး ဆိပ္ကမ္း ျပန္လည္တည္ေဆာင္ေရး ၿပီးဖို႔ကလည္း ေလးငါးႏွစ္ေလာက္ လိုေသးတာဆိုေတာ့ ၿမိဳ႕မွာ အိမ္တစ္လုံး ဝယ္ထားတယ္။ ဒါေပမဲ့ ေမြးစားအေဖကေတာ့ ၿမိဳ႕ကအိမ္မွာေနတာ ရွားတယ္။ အေနာက္ဘက္ ေတာင္ေျခက ေက်ာက္မိသားစုတို႔ အိမ္ေဟာင္းမွာပဲ လာေနေလ့ရွိတယ္။ အေၾကာင္းကေတာ့ ေက်ာက္မိသားစုအိမ္က ေရွာင္ေခ်ာင္းတို႔အိမ္နဲ႔ နီးတဲ့အတြက္ သူ႔အတြက္ စားေရးေသာက္ေရး မပူရလို႔ပဲ ျဖစ္တယ္။
ဖန္းဇီက်န္းက ဒီအေၾကာင္းေတြကို သူ႔ဇနီးဆီေရးတဲ့ စာထဲမွာ အားလုံးေျပာျပသားပင္။ သခင္မႀကီးဖန္းက ခဏေလာက္ ေတြးဆ ၾကည့္လိုက္ၿပီးေနာက္
"အေမထင္တာေတာ့ သမီးေမြးစားအေဖက စီရင္စုၿမိဳ႕က ျပန္ေရာက္တာနဲ႔ တုန္ရွန္း႐ြာကို တန္းသြားမယ္ ထင္တယ္... အဲ့ဒီေတာ့ အေမလည္း ႐ြာကိုလိုက္ၿပီးပဲ သူ႔ကို ေစာင့္လိုက္မယ္ေလ"
ေရွာင္ေခ်ာင္းက နာခံေခါင္းညိတ္လိုက္ရင္း
"ဟုတ္ၿပီ... ေမြးစားအေဖက အေစာႀကီးထဲက စီရင္စုၿမိဳ႕ကို ထြက္သြားတာဆိုေတာ့ အခုေန ႐ြာကိုေတာင္ ေရာက္ေနသင့္ၿပီ... သမီး ခန႔္မွန္းမိတာေတာ့ သူ စီရင္စုၿမိဳ႕မွာ တစ္ည အိပ္ၿပီး မနက္ျဖန္မွ ျပန္လာမယ္ ထင္တယ္! ၿမိဳ႕မွာရွိတဲ့အိမ္က ပိုေကာင္းေပမယ့္ လူမေနတာက ၾကာၿပီဆိုေတာ့ သန႔္ရွင္းေရးလုပ္ရတာနဲ႔ ဘာနဲ႔ ကတိကထမ်ားပါတယ္... တုန္ရွန္း႐ြာက အိမ္ကေတာ့ ေရွး႐ိုးဆန္ၿပီး အၾကမ္းထည္ဆိုေပမယ့္ သမီးတို႔ အိမ္နဲ႔လည္း နီးေတာ့ တစ္ေယာက္ကို တစ္ေယာက္ ဂ႐ုစိုက္ေပးလို႔ရတယ္... ေမြးစားအေမ... အၾကာႀကီး ခရီးပန္းလာခဲ့တာဆိုေတာ့ ဗိုက္ဆာေနေရာေပါ့... သမီး က်ိန္ရႈံစားေသာက္ဆိုင္မွာ လိုက္ေကြၽးမယ္ေလ"
က်ိန္ရႈံစားေသာက္ဆိုင္မွာက ထမင္းတစ္ခါစားရင္ လွ်န္သုံးရာေလာက္ကုန္တာ။ သခင္မႀကီးဖန္းက သူမေမြးစားသမီးတို႔ မိသားစုက အသင့္အတင့္ပဲ တတ္ႏိုင္တယ္ဆိုတာကို သိတယ္။ ဖရဲသီးဆိုင္ကလည္း ေရာင္းေကာင္းတယ္ဆိုေပမယ့္ သူမအေနနဲ႔ သမီးအတြက္ စုထားဖို႔ ကူညီေပးတာပဲ ပိုသင့္ေတာ္လိမ့္မယ္။
" သမီးေမြးစားအေဖ ေျပာတာေတာ့ သမီးက ဟင္းခ်က္အရမ္းေကာင္းတယ္ဆို... ေမြးစားအေမက သမီးလက္ရာကိုပဲ ျမည္းၾကည့္ခ်င္တာ"
အမ်ိဳးသမီးဖန္းက ေရွာင္ေခ်ာင္းတဲ့ နက္ေမွာင္ေခ်ာေမြ႕ေနတဲ့ဆံပင္ေတြကို စိတ္ထဲကေန ခ်ီးက်ဴးရင္း ေခါင္းေလးကို ပြတ္သပ္ရင္းဆိုတယ္။ သူမ သတိမထားမိတာက ဒီမဲနက္ေနတဲ့ ဆံပင္ေတြရွိတဲ့ ေခါင္းႀကီးက လြန္ခဲ့တဲ့ ႏွစ္ဝက္ေလာက္က ထင္းေခ်ာင္းႀကီးလို ေတာင့္ေနခဲ့တယ္ဆိုတာပဲ!
ေရွာင္ေခ်ာင္းက ၿခံဝင္းထဲက ေျပာင္ရွင္းေနတဲ့ မီးဖိုေခ်ာင္ကို ေတြးမိသြားတယ္။ ဆိုင္ဖြင့္တဲ့ ကိစၥေတြနဲ႔ ရႈပ္ေနခဲ့တာမို႔ သူမမွာ ဟင္းခတ္အေမႊးအႀကိဳင္ေတြ မေျပာနဲ႔ မီးဖိုေခ်ာင္ အသုံးအေဆာင္ေတြ ျပင္ဆင္ဖို႔ အခ်ိန္မရွိခဲ့ဘူး။ ဒါေၾကာင့္ သူမက ႏႈတ္ခမ္ကိုကိုက္လိုက္ၿပီး သခင္မႀကီးဖန္းကို ခပ္တိုးတိုး ေျပာလိုက္တယ္။
"ေမြးစားအေမ, ဆိုင္ထဲက မီးဖိုေခ်ာင္ထဲမွာ ဘာမွ မရွိဘူးရယ္... ကြၽမ္းက်င္တဲ့ အမ်ိဳးသမီး တစ္ေယာက္ေတာင္ ဆန္မရွိရင္ ခ်က္ျပဳတ္ဖို႔ ခက္ခဲတယ္မလား... အခု ေန႔လည္ေတာင္ ေရာက္ေနၿပီ ဆိုေတာ့ အခုမွ ဟင္းခ်က္ဖို႔က ဘယ္လိုလုပ္ အဆင္ေျပပါ့မလဲ... တကယ္လို႔ သမီးလက္ရာ စားခ်င္တယ္ဆိုရင္ ဒီည အေမ့ကို သမီးရွယ္ခ်က္ေကြၽးပါ့မယ္! အခုေတာ့ က်ိန္ရႈံစားေသာက္ဆိုင္မွာသာ အရင္ သြားစားၾကရေအာင္ပါ... "
က်ိန္ရႈံစားေသာက္ဆိုင္ကို သြား႐ုံတင္မက ေန႔လည္စာပါ ေကြၽးဦးမယ္။ တျခားသူေတြသာ ၾကားရင္ ေသခ်ာေပါက္ သူမကို ထိပ္ေခါက္ၾကမွာ! က်ိန္ရႈံစားေသာက္ဆိုင္က ဟင္းပြဲအသစ္ တသီတသန္းႀကီးေၾကာင့္ ပင္မ စားေသာက္ခန္းမွာေတာင္ ေန႔တိုင္း လူက ျပည့္ေနတာ။ ႀကိဳတင္ မွာမထားဘဲနဲ႔ က်ိန္ရႈံစားေသာက္ဆိုင္မွာ စားရဖို႔ဆိုတာ ေဝလာေဝး!
ရွဖု႐ုန္က မ်က္လုံးကို က်ဥ္းေျမာင္းလိုက္ၿပီး မဲ့ၿပဳံးတစ္ခုနဲ႔အတူ သေရာ္လိုက္တယ္။
'ဆင္းရဲသား ေတာသူမက က်ိန္ရႈံဆိုင္မွာ ထမင္းတစ္နပ္ေကြၽးၿပီး ငါ့အေဒၚအေရွ႕မွာ တတ္ႏိုင္သလို အထင္ႀကီးစရာေကာင္းေအာင္ ဟန္ေဆာင္းဦးမယ္ေပါ့။ က်ိန္ရႈံဆိုင္က အရန္ဟင္းပြဲေတာင္ ဒဂၤါး ခုနစ္ဒါဇင္ေလာက္ရွိတယ္... တစ္ေန႔လုံး သူမဖရဲသီးေတြ ထိုင္ေရာင္းေနေတာင္ အဲ့မွာ ထမင္းတစ္နပ္ စားဖို႔ ပိုက္ဆံေလာက္မွာ မဟုတ္ဘူး'
ဟိုေရာက္ရင္ ဒီအခြင့္အေရးကို အသုံးခ်ၿပီး ဆိုင္ရဲ႕အထူးဟင္းေတြခ်ည္း မွာပစ္ဦးမယ္။ ဒါမွ အဲ့ဒီေကာင္မစုတ္ေလး ေခါင္းကိုက္သြားေအာင္လို႔! သူမလိုေက်းေတာသူမ မေျပာနဲ႔ ႀကိဳတင္ စာရင္းသြင္းထားတဲ့ ၿမိဳ႕ေတာ္က လူကုန္ထံေတြေတာင္ က်ိန္ရႈံစားေသာက္ဆိုင္မွာ တစ္ခါစားရဖို႔ မလြယ္တဲ့ဟာ, ဒီကေလးမကို မွတ္ေလာက္ေအာင္ကို လႊတ္ထားေပးလိုက္ဦးမယ္!
အခ်ိန္က ေန႔မြန္းတည့္ခ်ိန္ေတာင္ေရာက္ေတာ့မယ္။ ေရွာင္ေခ်ာင္းက အာ႐ုံတက္ထဲက အလုပ္ေတြ လုပ္ေနရတာမို႔ ဗိုက္ဆာလြန္းလို႔ ရင္ဘတ္ပါေက်ာကို ေျပးကပ္ေတာ့မယ္။ ေမြးစားအေမနဲ႔ ခဏေလာက္ စကားေျပာၿပီးေနာက္ သူမ ေမြးစားအေမကို ေခၚကာ က်ိန္ရႈံစားေသာက္ဆိုင္ဆီ ထြက္လာခဲ့ လိုက္ေတာ့တယ္။
ေရွာင္ေခ်ာင္းက သူတို႔ဖရဲဆိုင္နားက ျဖတ္လာရင္း ဆိုင္ထဲမွာ အလုပ္ရႈပ္ေနတဲ့ အဖြားနဲ႔ အႀကီးဆုံးအေဒၚကို ၿပဳံးျပလိုက္ၿပီး
" အဘြား... အရီး... ဆိုင္မွာ အခု လူမက်ေနဘူးဆိုေတာ့... တစ္ခုခု အရင္သြားစားၾကစို႔ေလ!"
အဖြားေယာင္က သခင္မႀကီးဖန္းဝတ္ထားတဲ့ ခမ္းနားထည္ဝါတဲ့ ပိုးသားက်င္ခပ္နဲ႔ သူမကိုယ္က ေတာက္ပေနတဲ့ အေရာင္အဝါေတြကို ျမင္လိုက္ရတယ္။ သူမေနာက္က အေစခံႏွစ္ေယာက္ကေတာင္ သူတို႔ထက္စာရင္ ေကာင္းေကာင္းမြန္မြန္ ဝတ္စားထားၾကေသးတယ္။ သူမက သိမ္ငယ္စိတ္နဲ႔အတူ ရွက္႐ြံ႕သြားၿပီး လက္ကို ခါယမ္းကာ
"သမီး ေမြးစားအေမနဲ႔ပဲ သြားလိုက္ေတာ့! ဆိုင္မွာက လူရွိေနမွျဖစ္မွာ... အရီးတို႔ ၿပီးမွ နံျပားႏွစ္ခ်ပ္ ဝယ္စားလိုက္မယ္"
ေရွာင္ေခ်ာင္းကလည္း လိုက္လာရင္ အရီးတို႔ အေနရခက္ေနမွာ သိတယ္။ ဒါေၾကာင့္ သူမလည္း တြန္းအား ဆက္မေပးေတာ့ဘဲ
" သမီး အစားအေသာက္ေတြ ပို႔ခိုင္းလိုက္မယ္... အဘြားနဲ႔အရီး က်ိန္ရႈံစားေသာက္ဆိုင္က ၾကက္ကင္နဲ႔ ဘဲသားေပါင္းက တအားေကာင္းတာ... ေနာက္ေတာ့မွ စားၾကည့္ၿပီး ခံတြင္း ေတြ႕မေတြ႕ ျမည္းၾကေပါ့!"
"ရတယ္ ရတယ္! ၾကက္ကင္နဲ႔ ဘဲသားအတြက္ဆို ပိုက္ဆံေတြ ဘယ္ေလာက္ေတာင္ သုံးရမလဲမသိ! ပိုက္ဆံရွိရင္ေတာင္ အဲ့လိုႀကီး မျဖဳန္းပစ္လိုက္နဲ႔ဦး... အရီးအထင္ နံျပားစားရရင္ကို အဆင္ေျပပါတယ္!!"
အေမဘက္က အႀကီးဆုံးအေဒၚက ေရွာင္ေခ်ာင္း ပိုက္ဆံေတြ မဆင္မျခင္သုံးတာကို လက္မခံဘူး။
ေရွာင္ေခ်ာင္း က်ိန္ရႈံစားေသာက္ဆိုင္မွာ ထမင္းစားရင္ ပိုက္ဆံမေပးရတာကိုေတာ့ တစ္ေယာက္မွ မသိၾကဘူး။ ဘာပဲျဖစ္ျဖစ္ သူမက ဆိုင္က သူေဌးရဲ႕ စီးပြားဖက္ပဲေလ။ ဆိုင္အတြက္ ေငြရေအာင္ သူမ လုပ္ေပးထားတာအတြက္ ရာသက္ပန္ ေစ်းႀကီးတဲ့ဟင္းေတြ အလကား စားသြားဖို႔က အရမ္းကို လုံေလာက္ပါတယ္!
ေန႔လည္စာစားခ်ိန္ဆိုေတာ့ က်ိန္ရႈံစားေသာက္ဆိုင္မွာ လူေတြကို အျပည့္ပဲ။ ဆိုင္ရဲ႕ နာမည္ႀကီးမႈေၾကာင့္ လာစားၾကတဲ့ တျခားၿမိဳ႕က လူတခ်ိဳ႕ကေတာ့ ေနာက္သုံးရက္ထိ ႀကိဳစာရင္းသြင္းထားၿပီးသား စားပြဲေတြကို ၾကည့္ၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ဆိုင္ျပင္ကို ထြက္သြားၾကတယ္။
" ၾကည့္ရတာ စားပြဲလြတ္မရွိေတာ့ဘူးနဲ႔တူတယ္ "
ေမြးစားသမီးလက္ကိုဆြဲထားတဲ့ သခင္မႀကီးဖန္းက စိတ္ပ်က္လက္ပ်က္ ထြက္သြားတဲ့ သူေတြကိုၾကည့္ၿပီး ေရွာင္ေခ်ာင္းကို ဆိုင္ထဲ မလႊတ္ေပးခ်င္တာမို႔ ေခါင္းကို နိမ့္လိုက္ၿပီး ေရွာင္ေခ်ာင္းကို ညင္သာစြာ ေျပာလိုက္တယ္။
ရွဖု႐ုန္ရဲ႕ မ်က္ႏွာမွာေတာ့ စိတ္ပ်က္မႈေတြ ျပည့္ေနၿပီး သူမက မေနႏိုင္ေတာ့ဘဲ ေရွ႕ေနာက္မစဥ္းစားကာ ေျပာခ်လိုက္တယ္။
"ဝမ္းကြဲညီမေလး, က်ိန္ရႈံစားေသာက္ဆိုင္မွာ စားပြဲမရမယ္မွန္းသိလို႔ တမင္တကာ ငါတို႔ကို ေခၚလာၿပီး အရွက္ခြဲလိုက္တာလား!"
" ဖု႐ုန္! "
သခင္မႀကီးဖန္းက သူ႔တူမ နည္းနည္းဘဝင္ျမင့္ေနတာကို နားလည္ေပးႏိုင္တာမို႔ စိတ္ေတာ့ မဆိုးသြားဘူး။ ဒါေပမယ့္ သူမေမြးစားသမီးေလး ရွက္ၿပီး ေဒါသထြက္သြားမွာစိုးတာေၾကာင့္ တူမ ျဖစ္သူကို ျမန္ျမန္ပဲ ဆူလိုက္တယ္။
ရွဖု႐ုန္က ပိုလို႔ေတာင္ ေဒါသထြက္သြားတယ္။ သူမက မေပ်ာ္မ႐ႊင္နဲ႔ ႏွာမႈတ္လိုက္ရင္း
" အေဒၚ, အေဒၚက ေမြးစားသမီးဘက္က ခ်ည္းပဲ! ၾကည့္လိုက္ေလ ဒုတိယသခင္ေလးက်ဴးလို လူေတာင္ စားပြဲမရတာ သူ႔လို သာမန္ ေတာသူမဆိုတာ ေျပာမေနနဲ႔ေတာ့!"
***