[Unicode]
အပိုင်း ၁၈၀ - ကံကြမ္မာ
ကျူးကျွင်းရှီရဲ့ အေးစက်တဲ့အကြည့်က ဝန်းကျင်တစ်ခွင်ကို လွှမ်းမိုးသွားတယ်။ သူ့စိတ်ထဲက တအုံ့နွေးနွေး စိတ်မရှည်မှုတွေက ဒေါသအဖြစ် ပြောင်းလဲသွားတယ်။ သူက ရှဖူရုန်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ သေချာမသိပေမယ့် သူမက သူ့ကို ပါဝင်ပတ်သက်စေတဲ့အတွက် သူက သူမကို ဆက်မပြောစေဘဲ
"မိန်းကလေးရှရဲ့ စကားတွေက မှန်ကန်မှုမရှိဘူး။ ဒီကောင်မလေးက လုပ်ငန်းတစ်ခု လုပ်နေပြီး ကျွန်တော်က သူမရောင်းတဲ့ ပစ္စည်းကို ဝယ်နေတာ။ ဒါက သင့်တင့်တဲ့ အရောင်းအဝယ်ပဲ ဒါကို သူမက ဘာကြောင့် ကျွန်တော့် ပိုက်ဆံကို မယူသင့်တာလဲ ဒါမှမဟုတ် မိန်းကလေးရှက ကျွန်တော်တို့ ကျူးမိသားစုက ဖရဲသီးဝယ်ဖို့ ဆယ်လျန်တောင် မတတ်နိုင်ဘူးလို့ ထင်နေတာလား"
"အဲ့လိုမဟုတ်ပါဘူး! ကျွန်မက ဒီသဘောဆိုလိုတာမဟုတ်ပါဘူး..."
ဒုတိယသခင်လေးကျူးက သူမကို နောက်ဆုံးအာရုံစိုက်ပြီး ကြည့်လာတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေထဲ အကြည့်က စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နေတယ်။ ရှဖူရုန်က တွန့်ဆုတ် လန့်ဖျပ်သွားတယ်။ သူမ သခင်လေးကျူးရှေ့မှာ ပိုပြီးစိတ်ရှည်ဖို့လိုတယ်။ သူမက အဲ့ဒီ နိမ့်ကျတဲ့ လယ်သူမကြောင့် ဒေါသထွက်မိတာကို ချက်ချင်း နောင်တရမိတယ်။ ဒုတိယသခင်လေးကျူးကို သူမရဲ့ မကောင်းတဲ့ အမူအကျင့်ကို မြင်စေခဲ့မိပြီ။ ဒါတွေအကုန်လုံးက အဲ့ဒီနိမ့်ကျတဲ့ လယ်သူမရဲ့အမှားပဲ!
နဂိုကတည်းက ရှဖူရုန်က အပြစ်ပြုတဲ့သူပေမယ့် သူမက အပြစ်တွေအကုန်လုံးကို ခံရတဲ့သူအပေါ် ပုံချချင်နေသေးတယ်။ ဒီလိုလူမျိုးက တကယ့်ရယ်ရတဲ့သူပဲ။
ကျူးကျွင်းရှီက ဖရဲသီးကို လက်မောင်းကြားမှာ ပိုက်လျက် လမ်းလျှောက်ထွက်လာခဲ့တယ်။ ရှဖူရုန်က သူမမျက်လုံးတွေကို သူ့ဆီမှာ သံလိုက်နဲ့ ကပ်ထားသလို စိုက်ငေးကြည့်တယ်။ သူမက အင်တင်တင်နဲ့ အကြည့်မလွှဲလိုက်ခင်အထိ ခန့်ညားထည်ဝါတဲ့ ကိုယ်ဟန်ကို မက်မက်မောမောနဲ့ ခပ်ကြာကြာ ငေးကြည့်နေခဲ့တယ်။
ယွီရှောင်ချောင်း အဲ့ဒီမိန်းကလေးအတွက် အနေရခက်မိတယ်။ သူမက အကြီးတွေရှေ့မှာ အဲ့လောက် သိသိသာသာ အချစ်နာကျနေတာ တကယ် ဘယ်လိုမှမနေဘူးလား?
"ဖူရုန်, ငါမင်းကို အတူခေါ်လာတာ နောင်တရအောင်မလုပ်နဲ့"
သခင်မဖန်းက ရှဖူရုန်အပေါ် သူမရဲ့စိတ်ပျက်မှုကို ဖုံးကွယ်မထားဘဲ သူမရဲ့ သံနေသံထားက ပိုပြီး တင်းမာလေးနက်လာတယ်။
ရှဖူရုန်က အင်တင်တင်နဲ့ အာရုံပြန်စုစည်းပြီး ပျော်ပျော်ကြီး ဘေးကကြည့်နေတဲ့ ရှောင်ချောင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ သူမနှလုံးသားတစ်ခုလုံး ဒေါသနဲ့ဖုံးလွှမ်းနေပြီး 'ဒါတွေအကုန်လုံးက ဒီကောက်ကျစ်စဉ်းလဲတဲ့ ဟာမအပြစ်တွေပဲ! သူက ငါ့အဒေါ်ရဲ့ မေတ္တာနဲ့ အလိုလိုက်မှုတွေကို ခိုးယူသွားခဲ့တာ... အရင်တုန်းက အဒေါ်က ဘယ်တုန်းကမှ ဆူရက်တာမဟုတ်ဘူး' တစ်ဖန် ယွီရှောင်ချောင်းက ကြားကနေဒဏ်ခံရသူ ဖြစ်လာပြန်တယ်။
"ဒီကိုလာဦး... ဖူရုန်, ငါမင်းကိုမိတ်ဆက်ပေးမယ်။ သူ့ကို မွေးစားသမီးအဖြစ် မင်းဦးလေးက အသိအမှတ်ပြုထားတာ အဲ့တော့ သူမကလည်း မင်းရဲ့ ဝမ်းကွဲညီမပဲပေါ့။ မင်းကသူ့ထက် နည်းနည်းလေး အသက်ကြီးတယ် ဒါကြောင့် မင်း မင်းရဲ့ညီမလေးကို ကောင်းကောင်းဆက်ဆံရမယ်နော်"
သခင်မဖန်းက သူမရဲ့တူမက ရှောင်ချောင်းအပေါ် ရန်လိုတဲ့အပြုအမူကို သိတဲ့အတွက်ကြောင့် သူမက ရှဖူရုန်ကို သွယ်ဝိုက်တဲ့နည်းနဲ့ သတိပေးလိုက်တယ်။
"မွေးစားအမေ, အမေရဲ့တူမဆိုတော့ သမီးရဲ့အစ်မပဲပေါ့ မစိုးရိမ်ပါနဲ့ သမီးတို့ အတူတူ အဆင်ပြေပြေ နေနိုင်မှာပါ"
ယွီရှောင်ချောင်းက ရှဖူရုန်ရဲ့လက်ကို ရင်းနှီးစွာ ဆွဲယူလိုက်ပြီး အသာလွှဲလျက်
"အစ်မ, ဒီမှာ လုပ်စရာတွေအများကြီးပဲ ကျွန်မတို့ တောင်ကုန်းပေါ်တက်ပြီး တောဟင်းသီးဟင်းရွက်တွေ တူးလို့ရတယ် ရစ်ငှက်ဖမ်းလို့လည်း ရပြီး ကမ်းခြေဆင်းပြီး အခွံမာကောင်တွေနဲ့ ပင်လယ်စာတွေလည်း ဖမ်းလို့ရတယ်။ ဒါပေါ့ မနက်ဖြန်ကျွန်မ သဲတီကောင်တူးဖို့ အစ်မကိုလာခေါ်မယ်! ဒီက သဲတီကောင်တွေက ရှည်ပြီး ဝဖြိုးတယ်။ အဲ့တီကောင်တွေက ကျွန်မလက်ချောင်းထက်တောင် တုတ်ပြီး အရမ်းလည်း ရှည်ပြီး နူးညံ့တယ်။ သူတို့ကို ထိလိုက်ရင် သူတို့က အိစိအိစိနဲ့ ရိုးရိုးတီကောင် အကြီးစားလိုမျိုးပဲ..."
ရှဖူရုန်က ချမ်းသာတဲ့မိသားစုက အလိုလိုက်ခံထားရတဲ့ မိန်းမငယ်လေးဖြစ်တာကြောင့် သူမက အင်းဆက်တွေကြိုက်မှာ မဟုတ်ဘူးဆိုတာ သိနေတယ်လေ။ ရှောင်ချောင်းက ရည်ရွယ်ချက်ရှိရှိနဲ့ သဲတီကောင်ရဲ့ ပုံပန်းသွင်ပြင်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တယ်။ ထင်တဲ့အတိုင်း ရှဖူရုန်က သူမရဲ့ဖော်ပြချက်ကို ကြားပြီးတဲ့နောက် ဖြူဖျော့သွားပြီး ရှောင်ချောင်းရဲ့လက်ကိုအားနဲ့ ခါချလိုက်တယ်။ သူမက ရှောင်ချောင်းကိုတောင် နည်းနည်းတွန်းဖယ်လိုက်ပြီး ခပ်စူးစူးအော်လိုက်တယ်။
"ဝေးဝေးထွက်သွားစမ်းပါ! မင်းက ညစ်ပတ်တဲ့တောသူမပဲ!!"
ရှောင်ချောင်းက သူမရဲ့တွန်းဖယ်မှုကြောင့် ဒယီးဒယိုင်ဖြစ်သွားပြီး သူမရဲ့နောက်ကျောက တံခါးဘောင်နဲ့ တိုက်မိကာ အသံအကျယ်ကြီး မြည်သွားခဲ့တယ်။ သူမရဲ့ မျက်လုံးထောင့်တွေမှာ မျက်ရည်တွေ ဝေ့ဝဲသွားတယ်။
(စာရေးသူရဲ့မှတ်ချက်: သူမက ဟန်ဆောင်တာမဟုတ်ဘူး တကယ် ထိခိုက်နာကျင်သွားတာ)
ပြီးနောက် သူမက သူမရဲ့မျက်နှာလေးကို မော့လိုက်တယ်။ သူမက အပြစ်ကင်းစွာနဲ့ သနားစရာကောင်းစွာ
"မွေးစားအမေ, ဝမ်းကွဲအစ်မက သမီးကို မကြိုက်ဘူးနဲ့တူတယ်... အဲ့လိုဆိုရင်တောင် သူသမီးကို ဒီတိုင်း ကျိန်ဆဲလို့ပဲ မရဘူးလား။ သမီးတို့အကုန်လုံးက လူသားတွေပါ မိဘရှိကြတာချည်းပဲ သမီးကလည်း သမီးမိဘတွေရဲ့ တန်ဖိုးထားရတဲ့ ရတနာတစ်ပါးပါ သမီးက ဘယ်လိုဖြစ်ပြီး ညစ်ပတ်နိမ့်ကျရမှာလဲ"
သခင်မဖန်းက သူမတူမရဲ့ ဒီနေ့အပြုအမူကြောင့် စိတ်ရှည်သည်းခံမှု အတိုင်းအတာက ကုန်ဆုံးတော့မည် ဖြစ်သည်။ သူမက မျက်နှာပေါ်က ရွံရှာစက်ဆုပ်တဲ့အမူအရာကို ဖုံးဖိတောင်မထားတဲ့ ရှဖူရုန်ကို ကြည့်လိုက်တယ်။ အမျိုးသမီးကြီးက သူ့တူမရဲ့ အရင်က စဉ်းစားချင့်ချိန်တတ်ပြီး ဖြူစင်ရိုးသားတဲ့ ပင်ကိုစရိုက်ကို တွေးမိကာ... ဟားဟား အခုတော့ အဲ့တာတွေ အကုန်လုံးက သူမ ကိုယ်ဟန်အမူအယာ တင့်တယ်နိုင်ဖို့အတွက် ဟန်ပြ ပြုမူခဲ့တာတွေပဲ! အခုတော့ သူမတူမက ဖန်းမိသားစုက သမီးတစ်ယောက် မွေးစားလိုက်တယ် ဆိုတာသိတော့ သူမရဲ့အရင် မျှော်လင့်ချက်တွေက ရိုက်ချခံလိုက်ရတယ်။ သူမက အခု သူမရဲ့စစ်မှန်တဲ့ သဘောသဘာဝတွေကို ဖုံးကွယ်ဖို့ မလိုတော့ဘူးလို့ ထင်နေတာလား
"ရှောင်ချောင်းဒီကိုလာပါဦး မွေးစားအမေ သမီးထိခိုက်ဒဏ်ရာ ရ, မရ ကြည့်ရအောင်"
သခင်မဖန်းက ရှောင်ချောင်းရဲ့လက်ကိုဆွဲပြီး ထိခိုက်သွားတဲ့ကျောကို အသာအယာထိလိုက်တယ်။
"မွေးစားအမေ, နာတယ်..."
အခုရှောင်ချောင်းက သူမကျောပေါ်မှာ ပွန်းပဲ့ ဒဏ်ရာရှိတယ်လို့ ခံစားလိုက်ရတယ်။ သူမက နူးညံ့ပြီး အားနည်းပုံပေါက်တဲ့ ငယ်ရွယ်တဲ့မိန်းမငယ်လေးမှာ ဒီလောက်ခွန်းအားရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူမ တခြားကောင်မလေးကို အရမ်းများ ဆွပေးလိုက်မိသလား
သခင်မဖန်းက သူမရဲ့မွေးစားသမီး တံခါးဘောင်နဲ့တိုက်မိတုန်းက အသံကို ပြန်စဉ်းစား ဆင်ခြင်လိုက်တယ်။ သူမက ရှောင်ချောင်းဟန်ဆောင်နေတာ မဟုတ်ဘူးဆိုတာ သိလိုက်ပြီး ကောင်မလေးကို နှစ်သိမ့်ပေးတယ်။
"ရှောင်ချောင်း, ခြံဝန်းအထဲကိုသွားရအောင်... မွေးစားအမေ ဒဏ်ရာပေါ်မှာ လိမ်းဆေးဆီ လိမ်းပေးမယ်။ မကြာခင် သက်သာသွားမှာပါ"
သူမကပြောရင်း ရှောင်ချောင်းရဲ့သေးငယ်တဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး သူမရဲ့ အစေခံ အမျိုးသမီးနှစ်ဦးနဲ့အတူ ဆိုင်ကိုဖြတ်လျက် ခြံဝန်းအတွင်းဘက်ဆီကို လျှောက်သွားတယ်။ သူမ ရှဖူရုန်ဘေးက ဖြတ်သွားတဲ့အခါ ထိုကောင်မလေးကို တစ်ချက်တောင် လှည့်မကြည့်ခဲ့။
သခင်မဖန်း မိန်းမပျိုလေးအရွယ်တုန်းက သူမက အဓိကမိသားစုကြီးရဲ့ တရားဝင်သမီးဖြစ်တာကြောင့် အမျိုးသမီးအိမ်ထောင်ဦးစီးဘက်ကနေ ကြီးပြင်းလာသူဖြစ်သည်။ ရှမိသားစုရဲ့ ဆက်နွယ်မှုတွေက အင်မတန် ရှုပ်ထွေးပေမယ့် အမျိုးသမီးအိမ်ထောင်ဦးစီးရဲ့ခြံဝန်းက နတ်ပြည်က ဥယျာဉ်အတိုင်း အေးချမ်းနေတယ်။ ဒါကြောင့် သခင်မဖန်းက ပွင်းလင်းတဲ့စိတ်သဘောထားရှိပြီး သူမဘာကိုကြိုက်တယ် မကြိုက်ဘူး ခိုင်ခိုင်မာမာသိတဲ့ စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးငယ်လေးအဖြစ် ကြီးပြင်းလာတာ ဖြစ်သည်။ သူမသာ ချစ်ခင်နှစ်သက်ရင် သူမက မင်းကို အကောင်းဆုံးဂရုစိုက်မှာ သေချာပေါက်ပဲ။ သူမသာ မချစ်ခင်မနှစ်သက်ဘူးဆိုရင် သူမက မင်းကို မရှိတဲ့လူလို့ ချက်ချင်း လျစ်လျူရှုပစ်လိုက်မှာ။
ရှမိသားစုရဲ့ မိသားစုအတွင်းရေး ဆက်နွယ်ချက်တွေက မအေးချမ်းဘူး။ အကြံသမားတွေနဲ့ စောင်းမြောင်းတိုက်ခိုက်ချင်တဲ့သူတွေ အများကြီးရှိတယ်။ သေချာတာပေါ့ သခင်မဖန်းလည်း ဒါကို သတိပြုမိတယ်။ သူမ အရင်က သူမရဲ့တူမ ရှဖူရုန်က သူမလိုမျိုး ညစ်ပတ်တဲ့ရွှံ့ပနွံ ရှမိသားစုထဲက သန့်စင်တဲ့ တစ်ခုတည်းသော ကြာပန်းလေးလို့ ယုံကြည်ခဲ့တာ။ သို့ပေမယ့် သူမ တူမက သူမကို လှည့်စားဖို့ ဟန်ဆောင်နေခဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူမကို လှည့်စားဖို့ ကြိုးစားတဲ့သူတွေ အကုန်လုံးကို သခင်မဖန်းက သူတို့ကို အရင်က နှစ်သက်ခဲ့မိသလောက် မုန်းတယ်။
ရှဖူရုန်က သူမအဒေါ်ကို ဖန်းမိသားစုမှာ နှစ်နှစ်နီးပါး အဖော်ပြုခဲ့ပြီး သေချာပေါက် သူ့အဒေါ်ရဲ့ ပင်ကိုစရိုက် သဘောသဘာဝကို သိနားလည်တယ်။ သူမက သခင်မဖန်း ဘေးက ဖြတ်လျှောက်သွားပြီး လျစ်လျူရှုသွားတာမြင်တော့ သူမက ရုတ်ချည်း ထိတ်လန့်တုန်လှုပ်သွားတယ်။ သူမက မဆိုင်းမတွ ဖြေရှင်းဖို့ ကြိုးစားတယ်။
"အဒေါ်, စောနက သမီးက ဝမ်းကွဲညီမလေးကြောင့် ကြောက်လန့်သွားလို့ပါ... အဒေါ်လည်း သိသားပဲ သမီး ပိုးကောင်တွေကြောက်တတ်တယ်ဆိုတာ အဲ့အချိန်တုန်းက သမီးက အသိစိတ်လွတ်သွားပြီး မတော်တဆ ဝမ်းကွဲညီမလေးကို ထိခိုက်စေခဲ့တာပါ။ သမီးအခု သူ့ကို တောင်းပန်ချင်တယ်..."
အခုချိန်ထိ သူမက သူမရဲ့အကြီးဆုံးအမှားကို မသိသေးဘူး သူမ ဒီတစ်ခါ မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်ဘူးပဲ။ သခင်မဖန်းက ခနရပ်လိုက်တယ်။ ဒါပေမယ့် ရှေ့ဆက်မသွားခင်မှာ သူမက ခေါင်းတောင်လှည့်မကြည့်ခဲ့ဘူး။
ယွီရှောင်ချောင်းက အမျိုးသမီးကြီးရဲ့လက်ထဲက သူမလက်ကို အသာယူပြီး လှည့်ကြည့်လိုက်တယ်။
"အစ်မဝမ်းကွဲ, ကျွန်မက မကြာခဏ တောင်ပေါ်လျှောက်သွားတတ်တော့ ထိခိုက်ဒဏ်ရာ ရတတ်တယ်။ ဒါကြောင့်မို့ ကျွန်မက အစ်မ မတော်တဆ ထိခိုက်မိစေခဲ့တာကို စိတ်မဆိုးပါဘူး။ ကျွန်မ ခံပြင်း ဒေါသထွက်မိတာက ဝမ်းကွဲအစ်မရဲ့ ကျွန်မကို စော်ကားထိပါးစေတဲ့ စကားလုံးတွေကြောင့်ပါ။ အစ်မက ကျွန်မရဲ့ ခံစားချက်တွေကို ထိခိုက်စေရုံသာမက အစ်မရဲ့ မျက်နှာပေါ်က အမူအရာက အလွန် ကြောက်မက်ဖွယ်ကောင်းတယ်။ ကျွန်မက လယ်သမားမိသားစုက မွေးဖွားလာပေမယ့် 'တစ်စုံတစ်ယောက်ကို ထိပါးစော်ကားတာဟာ အေးစက်ကြမ်းတမ်းတဲ့ ခြောက်လကို ဖိတ်ခေါ်လိုက်တာပဲ' ဆိုတဲ့ စကားစုရဲ့အဓိပ္ပာယ်ကိုတော့ သိပါတယ်။ ဆိုလိုတာက__ ကျွန်မတို့ ရွာထဲမှာဆိုရင် စိတ်ဆိုးအပေါက်ဆိုးတဲ့ မိန်းမတွေကသာ တစ်ပါးသူကို လူကြားသူကြား စော်ကားမော်ကား ပြောဆိုတတ်တာလေ!"
ရှဖူရုန်က ရှောင်ချောင်းပြောတာကြားတဲ့အခါ သူမမျက်နှာက နောက်ထပ်ရုပ်ဆိုးတဲ့ပုံပန်းသွင်ပြင်ကို တွန့်ရှုပ်သွားတယ်။
'ဒီငတုံးမက ငါနဲ့ကန့်လန့်တိုက်ဖို့ ကံပါလာပုံပဲ! သူက ငါ့အဒေါ်ရဲ့အချစ်တွေကို ငါ့ဆီကခိုးသွားရုံသာမက အဒေါ့်ရှေ့မှာ ငါအသရေပျက်အောင် လုပ်ကြံဖို့ နည်းလမ်းအမြဲရှိတယ်။ အဲ့လိုမဖြစ်စေရဘူး! ငါ ယွီရှောင်ချောင်းရဲ့ တကယ့် အကျင့်စရိုက်တွေကို အဒေါ်သိအောင် လုပ်ဖို့လိုတယ်
"အဒေါ်, သမီး ပုံမှန်စိတ်အခြေအနေမှာမဟုတ်လို့ မှားယွင်းစွာ ပြောဆိုခဲ့မိတာပါ။ ဒါပေမဲ့ ဝမ်းကွဲညီမက သမီးကို သူ့ရွာက အပေါက်ဆိုးသဘောဆိုးတဲ့အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်လိုက်တယ်..."
ရှဖူရုန်က သူမရဲ့လက်ကိုင်ပဝါကို ထုတ်ယူပြီး သူမမျက်လုံးထောင့်တွေကို တို့သုတ်လိုက်တယ်။ သူမက အနိုင်ကျင့်ခံရတဲ့သူတစ်ယောက်လို ခေါင်းငုံ့ထားတယ်။
သခင်မဖန်းက သက်ပြင်းအသာချလျက်
"ရက်အနည်းငယ်အတွင်း ငါ တစ်ယောက်ယောက်ကို မင်းကို မြို့တော်ဆီ ပြန်ပို့ခိုင်းရလိမ့်မယ်။ ထန်ကူမြို့က ကျဉ်းလွန်းတော့ မင်းဒီမှာနေရတာ အသားကျမှာမဟုတ်ဘူး"
"အဒေါ်, သမီးကို မောင်းမထုတ်ပါနဲ့! သမီး ဒီမှာနေရတာ အသားကျသွားမှာပါ ကျိန်ရဲပါတယ်!"
ရှဖူရုန်က စိုးထိတ်လာတယ်။ မြို့တော်ကို ပြန်သွားရမယ်တဲ့လား။ စစ်သူကြီးအိမ်တော်မှာ ဘယ်သူမှ မရှိတာကြောင့် သူမ အဲ့ဒီကို ပြန်သွားရမှာမဟုတ်ဘူးဆိုတာ သိနေတယ်။ အဲ့ဒီအစား သူမက ရှမိသားစု နေထိုင်ရာကို ပြန်ပို့ခံရလိမ့်မယ်။ သူမအသက် ဆယ့်သုံးနှစ်ရှိနေပြီ။ သူမသာ ရှမိသားစုဆီကို ပြန်ပို့ခံခဲ့ရရင် ရှမိသားစုရဲ့အကျိုးအမြတ်အတွက် အဆင့်အတန်းမြင့်အရာရှိအိမ်သို့ ကိုယ်လုပ်တော် အနေနဲ့ သူမ ပို့ခံရနိုင်တယ်။ အမျိုးသမီးအိမ်ထောင်ဦးစီးသာ သေဆုံးသွားပြီးကတည်းက ရှမိသားစုဟာ ပိုပိုပြီးတောင် ဖရိုဖရဲဖြစ်လျက် ရှုပ်ထွေးသွားခဲ့တာ...
သခင်မဖန်းက သူ့တူမ မာန်စွယ်ချိုးခံရတာမြင်တဲ့အခါ သူမအကောင်းဘက်ကို ပြောင်းလဲလာဖို့ မျှော်လင့်တယ်။ သူမက ညင်သာစွာ ပြန်ပြောတယ်။
"မင်းထွက်မသွားချင်ဘူးဆိုရင် ရှေ့လျောက် အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထား။ ငါက ဒီမှာ သက်တောင့်သက်သာ နေဖို့မဟုတ်ဘူးဆိုတာ မင်းမှတ်ထားဖို့လိုတယ်။ အဲ့ဒီအစား ငါက မင်းဦးလေး မပူမပင် အလုပ်လုပ်နိုင်ဖို့ မင်းဦးလေးကို ဒီမှာလာကူတာ"
"သမီးမှတ်သားထားပါ့မယ် အဒေါ်!"
ရှဖူရုန်က အတော်လေး စိတ်ထိခိုက်ခံစားသွားရပုံပေါ်ပြီး ဟန်ဆောင်နေတာ မဟုတ်ပေ။ သူမအခု တကယ် စိုးထိတ်နေတာဖြစ်သည်။
"မွေးစားအမေ, မွေးစားအမေ လာမှာကို မွေးစားအဖေကို အသိပေးမထားဘူးမလား"
ယွီရှောင်ချောင်းက ရှဖူရုန် ပညာပေးခံရတာကိုမြင်တဲ့အခါ သူမက သခင်မဖန်းလက်ကို အလျင်အမြန် ဆွဲယူလျက် အသာရမ်းကာ ကြားဝင်ပြောလိုက်တယ်။
သခင်မဖန်းက သူမခေါင်းကို အသာအယာ ပွတ်သပ်လျက် သူမကို ခြံဝန်းအတွင်းဝင်စေခဲ့တယ်။ သူမက လမ်းလျှောက်ရင်း စကားပြောလာတယ်။
"ဟုတ်တာပေါ့ တကယ်တော့ငါက မင်းနဲ့မင်းမွေးစားအဖေကို ကောင်းကောင်း အံ့အားသင့် သွားစေချင်တာ... ငါသူ့ကို ပြောမထားဘူးဆိုတာ မင်းဘယ်လိုသိလဲ"
"ဒီနေ့ မွေးစားအဖေက စီရင်စုမြို့ကို သွားတယ်! သူသာ မွေးစားအမေ ဒီနေ့လာတာသိရင် သူ သေချာပေါက် မွေးစားအမေကို ဒီမှာ ပစ်ထားနိုင်မှာမဟုတ်ဘူး..."
ယွီရှောင်ချောင်းက ရွှင်လန်းတက်ကြွစွာ ခေါင်းမော့လျက် ကြည့်လိုက်တယ်။ သူမအကြည့်က ပွင့်လင်းမှုရှိကာ သဘောထားပြည့်ဝပြီး သူမက မျက်နှာသာပေးခံချင်တာ ဒါမှမဟုတ် အကဲစမ်းချင်တဲ့ အရိပ်အယောင်မျိုးမရှိ။
သူမက သခင်မဖန်းကို အရင်းချာဆုံး ဆွေမျိုးတစ်ယောက်လို သဘောထားပြီး ပြုမူဆက်ဆံတယ်။ သူမ ဘာပဲပြောပြော ဘာပဲလုပ်လုပ် သူမရဲ့အရင်းနှီးဆုံး သွေးသားတော်စပ်သူက သူမအပေါ် အမှန်တကယ် စိတ်ဆိုးဒေါသထွက်မှာ မဟုတ်ဘူးဆိုတာ သူမသိတယ်။ နောက်ဆုံးတော့ သခင်မဖန်းက သူမနဲ့ ရှဖူရုန်ကြားက အနည်းငယ်ကွဲပြားချက်ကို သေသေချာချာ နားလည်လိုက်တယ် အကြောင်းပြချက် တစ်ခုတော့ရှိတယ်...
သခင်မဖန်းက ရှောင်ချောင်းခေါင်းကို အသာပုတ်လျက် စိတ်ဆိုးဟန်ဆောင်ကာ
"မင်းက အတော်ရဲတဲ့ ကောင်မလေးပဲ! မင်းရဲ့မွေးစားအမေကိုတောင် စရဲတယ်!! မင်းရဲ့ မွေးစားအဖေ ပြန်ရောက်လာရင် ငါမင်းကို တိုင်ပြောမယ်!"
ယွီရှောင်ချောင်းက အနည်းငယ်ကြောက်ရွံ့တဲ့အမူအရာ မျက်နှာပေါ်မှာ ဖော်ပြလျက် ကြောက်ရွံ့ထိတ်လန့်နေတဲ့ ကောင်မလေးလို တမင်သက်သက် တုန်ရီနေတဲ့အသံနဲ့ ပြန်ဖြေတယ်။
"အား အဲ့လိုမလုပ်ပါနဲ့! မွေးစားအဖေသာ သမီးက မွေးစားအမေကို စိတ်ပျက်စေခဲ့တာသိရင် သူက သေချာပေါက် သမီးခြေထောက်ကို နှစ်ပိုင်းချိုးပစ်လိမ့်မယ်... မွေးစားအမေ, ကျေးဇူးပြုပြီး သမီးကို ချမ်းသာပေးပါ~~~~"
သခင်မဖန်းက သူမရဲ့ အပြုအမူလေးက သိပ်ရယ်ရတယ်လို့ ခံစားရပြီး မျက်နှာကို ဆက်တည်မထားနိုင်တော့ပေ။ သူမက နောက်ဆုံးတော့ ရယ်မောသံထွက်လာတော့တယ်။ အမျိုးသမီးကြီးက ကိုယ်ကိုင်းလျက် ရှောင်ချောင်းရဲ့ သေးသွယ်နူးညံ့တဲ့ခန္ဓာကိုယ်ကို သူမလက်မောင်းထဲ ဆွဲသွင်းလိုက်တယ်။ ပျော်ရွှင်ရယ်မောမှုတွေနဲ့ ပြည့်နေတဲ့အသံနဲ့ မှတ်ချက်ပေးလိုက်တယ်။
"မင်းက တော်တော်ထူးဆန်းတဲ့ကောင်မလေးပဲ မင်းကဘယ်လိုလုပ်ပြီး အဲ့လောက်တောင် စိတ်ဝင်စားဖို့ ကောင်းရတာလဲ မင်းရဲ့မွေးစားအဖေက မင်းကို အဆုံးမရှိ မြှောက်ပင့်ပြောနေတာ မအံ့ဩတော့ပါဘူး!"
အနောက်ကလိုက်လာတဲ့ ရှဖူရုန်ဟာ သူမလက်ထဲက လက်ကိုင်ပဝါကို စုတ်ဖြဲမိမတတ်ပဲ။ အဒေါ်က သူမကို ဘယ်တုန်းကမှ အဲ့လိုတရင်းတနှီး မဆက်ဆံဖူးဘူး။ သူမ ဘယ်လောက်ပဲ သူမအဒေါ်အကြိုက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားပါစေ သူမအဒေါ်က သူမနဲ့ အမြဲတမ်း အနည်းငယ် ခြားနားနေတတ်တယ်။ ဘာလို့လဲ! ဘာလို့ ဒီအောက်တန်းစားက သူမအဒေါ်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်မြင်ချင်း ရရတာလဲ?
ကံမကောင်းစွာနဲ့ ယွီရှောင်ချောင်းက သူမမွေးစားအမေရဲ့ ပွေ့ဖက်မှုကို မပျော်မွေ့နိုင်ဘူး။ သူမက နာကျင်မှုကြောင့် အကြိမ်အနည်းငယ် ခပ်စူးစူး အော်မိတယ်။
"နာတယ်...နာလိုက်တာ! မွေးစားအမေ, သမီးကျော နာတယ်!"
သခင်မဖန်းက မိန်းမငယ်လေးရဲ့ ကျောကဒဏ်ရာကို သတိရသွားတယ်။ သူမက သူမကို ကလေးလေး တစ်ယောက်လို လျင်မြန်စွာ ပွေ့ချီလျက် အခန်းထဲကို သွက်လက်စွာ ဝင်သွားတယ်။
ယွီရှောင်ချောင်းရဲ့တင်ပါးဟာ အမျိုးသမီးကြီးရဲ့ တံတောင်ဆစ်ကွေး နှစ်ခုကြားကျလျက် သူမက သူမလက်တွေကို အမျိုးသမီးကြီးရဲ့လည်ပင်းမှာ သိုင်းဖက်ထားတယ်။ သူမစိတ်ထဲမှာ အနည်းငယ် ကသိကအောက်ဖြစ်မိတယ်။
'ငါက အသက်ဆယ်နှစ်ပေမယ့် သူက ငါ့ကို သုံးနှစ်ကလေးလို ဆက်ဆံနေတယ်။ တခြားသူတွေသာ ဒါကိုမြင်ရင် အရမ်းရှက်စရာကောင်းမှာပဲ! ဒါပေမယ့် ဒီလိုအားနည်းပြီး နူးညံ့တဲ့ပုံပေါက်တဲ့ မွေးစားအမေက ဒီလောက်သန်မာလိမ့်မယ်လို့ ငါလုံးဝ ထင်မထားဘူး။ မွေးစားအဖေက ကိုယ်ခံပညာသိကျွမ်းတာကြောင့် မွေးစားအမေကပါ သန်မာလာတာများလား?'
"သခင်မ, ကျွန်မ သူ့ကို ချီလိုက်ပါ့မယ်!"
သခင်မဖန်းရဲ့ အရည်အချင်းပြည့်ဝတဲ့ အစေခံအမျိုးသမီးလင်းလုံက သူမသခင်မရဲ့ လက်ထဲက ယွီရှောင်ချောင်းကို ခေါ်ယူဖို့ သွက်လက်စွာနဲ့ လာလိုက်တယ်။
"မလိုပါဘူး သိပ်ဝေးတာမှမဟုတ်တာ ငါသူ့ကို ပွေ့ထားနိုင်ပါတယ်!"
သခင်မဖန်းက သူမလက်ထဲက နူးညံ့ချိုသာတဲ့ကောင်မလေးကို လက်မလွှတ်ချင်ပေ။ သူမသာ သမီးတစ်ယောက်မွေးခဲ့ရင် အဲ့ဒီကလေးဟာ ဒီလိုချစ်ဖို့ကောင်းပြီး သဘောကောင်းမှာလား?
***
[Zawgyi]
အပိုင္း ၁၈၀ - ကံၾကမၼာ
က်ဴးကြၽင္းရွီရဲ႕ ေအးစက္တဲ့အၾကည့္က ဝန္းက်င္တစ္ခြင္ကို လႊမ္းမိုးသြားတယ္။ သူ႔စိတ္ထဲက တအုံ႔ေႏြးေႏြး စိတ္မရွည္မႈေတြက ေဒါသအျဖစ္ ေျပာင္းလဲသြားတယ္။ သူက ရွဖူ႐ုန္ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ ေသခ်ာမသိေပမယ့္ သူမက သူ႔ကို ပါဝင္ပတ္သက္ေစတဲ့အတြက္ သူက သူမကို ဆက္မေျပာေစဘဲ
"မိန္းကေလးရွရဲ႕ စကားေတြက မွန္ကန္မႈမရွိဘူး။ ဒီေကာင္မေလးက လုပ္ငန္းတစ္ခု လုပ္ေနၿပီး ကြၽန္ေတာ္က သူမေရာင္းတဲ့ ပစၥည္းကို ဝယ္ေနတာ။ ဒါက သင့္တင့္တဲ့ အေရာင္းအဝယ္ပဲ ဒါကို သူမက ဘာေၾကာင့္ ကြၽန္ေတာ့္ ပိုက္ဆံကို မယူသင့္တာလဲ ဒါမွမဟုတ္ မိန္းကေလးရွက ကြၽန္ေတာ္တို႔ က်ဴးမိသားစုက ဖရဲသီးဝယ္ဖို႔ ဆယ္လ်န္ေတာင္ မတတ္ႏိုင္ဘူးလို႔ ထင္ေနတာလား"
"အဲ့လိုမဟုတ္ပါဘူး! ကြၽန္မက ဒီသေဘာဆိုလိုတာမဟုတ္ပါဘူး..."
ဒုတိယသခင္ေလးက်ဴးက သူမကို ေနာက္ဆုံးအာ႐ုံစိုက္ၿပီး ၾကည့္လာတယ္။ ဒါေပမယ့္ သူ႔မ်က္လုံးေတြထဲ အၾကည့္က စက္ဆုပ္႐ြံရွာမႈေတြနဲ႔ ျပည့္ေနတယ္။ ရွဖူ႐ုန္က တြန႔္ဆုတ္ လန႔္ဖ်ပ္သြားတယ္။ သူမ သခင္ေလးက်ဴးေရွ႕မွာ ပိုၿပီးစိတ္ရွည္ဖို႔လိုတယ္။ သူမက အဲ့ဒီ နိမ့္က်တဲ့ လယ္သူမေၾကာင့္ ေဒါသထြက္မိတာကို ခ်က္ခ်င္း ေနာင္တရမိတယ္။ ဒုတိယသခင္ေလးက်ဴးကို သူမရဲ႕ မေကာင္းတဲ့ အမူအက်င့္ကို ျမင္ေစခဲ့မိၿပီ။ ဒါေတြအကုန္လုံးက အဲ့ဒီနိမ့္က်တဲ့ လယ္သူမရဲ႕အမွားပဲ!
နဂိုကတည္းက ရွဖူ႐ုန္က အျပစ္ျပဳတဲ့သူေပမယ့္ သူမက အျပစ္ေတြအကုန္လုံးကို ခံရတဲ့သူအေပၚ ပုံခ်ခ်င္ေနေသးတယ္။ ဒီလိုလူမ်ိဳးက တကယ့္ရယ္ရတဲ့သူပဲ။
က်ဴးကြၽင္းရွီက ဖရဲသီးကို လက္ေမာင္းၾကားမွာ ပိုက္လ်က္ လမ္းေလွ်ာက္ထြက္လာခဲ့တယ္။ ရွဖူ႐ုန္က သူမမ်က္လုံးေတြကို သူ႔ဆီမွာ သံလိုက္နဲ႔ ကပ္ထားသလို စိုက္ေငးၾကည့္တယ္။ သူမက အင္တင္တင္နဲ႔ အၾကည့္မလႊဲလိုက္ခင္အထိ ခန႔္ညားထည္ဝါတဲ့ ကိုယ္ဟန္ကို မက္မက္ေမာေမာနဲ႔ ခပ္ၾကာၾကာ ေငးၾကည့္ေနခဲ့တယ္။
ယြီေရွာင္ေခ်ာင္း အဲ့ဒီမိန္းကေလးအတြက္ အေနရခက္မိတယ္။ သူမက အႀကီးေတြေရွ႕မွာ အဲ့ေလာက္ သိသိသာသာ အခ်စ္နာက်ေနတာ တကယ္ ဘယ္လိုမွမေနဘူးလား?
"ဖူ႐ုန္, ငါမင္းကို အတူေခၚလာတာ ေနာင္တရေအာင္မလုပ္နဲ႔"
သခင္မဖန္းက ရွဖူ႐ုန္အေပၚ သူမရဲ႕စိတ္ပ်က္မႈကို ဖုံးကြယ္မထားဘဲ သူမရဲ႕ သံေနသံထားက ပိုၿပီး တင္းမာေလးနက္လာတယ္။
ရွဖူ႐ုန္က အင္တင္တင္နဲ႔ အာ႐ုံျပန္စုစည္းၿပီး ေပ်ာ္ေပ်ာ္ႀကီး ေဘးကၾကည့္ေနတဲ့ ေရွာင္ေခ်ာင္းကို ေဒါသတႀကီး စိုက္ၾကည့္လိုက္တယ္။ သူမႏွလုံးသားတစ္ခုလုံး ေဒါသနဲ႔ဖုံးလႊမ္းေနၿပီး 'ဒါေတြအကုန္လုံးက ဒီေကာက္က်စ္စဥ္းလဲတဲ့ ဟာမအျပစ္ေတြပဲ! သူက ငါ့အေဒၚရဲ႕ ေမတၱာနဲ႔ အလိုလိုက္မႈေတြကို ခိုးယူသြားခဲ့တာ... အရင္တုန္းက အေဒၚက ဘယ္တုန္းကမွ ဆူရက္တာမဟုတ္ဘူး' တစ္ဖန္ ယြီေရွာင္ေခ်ာင္းက ၾကားကေနဒဏ္ခံရသူ ျဖစ္လာျပန္တယ္။
"ဒီကိုလာဦး... ဖူ႐ုန္, ငါမင္းကိုမိတ္ဆက္ေပးမယ္။ သူ႔ကို ေမြးစားသမီးအျဖစ္ မင္းဦးေလးက အသိအမွတ္ျပဳထားတာ အဲ့ေတာ့ သူမကလည္း မင္းရဲ႕ ဝမ္းကြဲညီမပဲေပါ့။ မင္းကသူ႔ထက္ နည္းနည္းေလး အသက္ႀကီးတယ္ ဒါေၾကာင့္ မင္း မင္းရဲ႕ညီမေလးကို ေကာင္းေကာင္းဆက္ဆံရမယ္ေနာ္"
သခင္မဖန္းက သူမရဲ႕တူမက ေရွာင္ေခ်ာင္းအေပၚ ရန္လိုတဲ့အျပဳအမူကို သိတဲ့အတြက္ေၾကာင့္ သူမက ရွဖူ႐ုန္ကို သြယ္ဝိုက္တဲ့နည္းနဲ႔ သတိေပးလိုက္တယ္။
"ေမြးစားအေမ, အေမရဲ႕တူမဆိုေတာ့ သမီးရဲ႕အစ္မပဲေပါ့ မစိုးရိမ္ပါနဲ႔ သမီးတို႔ အတူတူ အဆင္ေျပေျပ ေနႏိုင္မွာပါ"
ယြီေရွာင္ေခ်ာင္းက ရွဖူ႐ုန္ရဲ႕လက္ကို ရင္းႏွီးစြာ ဆြဲယူလိုက္ၿပီး အသာလႊဲလ်က္
"အစ္မ, ဒီမွာ လုပ္စရာေတြအမ်ားႀကီးပဲ ကြၽန္မတို႔ ေတာင္ကုန္းေပၚတက္ၿပီး ေတာဟင္းသီးဟင္း႐ြက္ေတြ တူးလို႔ရတယ္ ရစ္ငွက္ဖမ္းလို႔လည္း ရၿပီး ကမ္းေျခဆင္းၿပီး အခြံမာေကာင္ေတြနဲ႔ ပင္လယ္စာေတြလည္း ဖမ္းလို႔ရတယ္။ ဒါေပါ့ မနက္ျဖန္ကြၽန္မ သဲတီေကာင္တူးဖို႔ အစ္မကိုလာေခၚမယ္! ဒီက သဲတီေကာင္ေတြက ရွည္ၿပီး ဝၿဖိဳးတယ္။ အဲ့တီေကာင္ေတြက ကြၽန္မလက္ေခ်ာင္းထက္ေတာင္ တုတ္ၿပီး အရမ္းလည္း ရွည္ၿပီး ႏူးညံ့တယ္။ သူတို႔ကို ထိလိုက္ရင္ သူတို႔က အိစိအိစိနဲ႔ ႐ိုး႐ိုးတီေကာင္ အႀကီးစားလိုမ်ိဳးပဲ..."
ရွဖူ႐ုန္က ခ်မ္းသာတဲ့မိသားစုက အလိုလိုက္ခံထားရတဲ့ မိန္းမငယ္ေလးျဖစ္တာေၾကာင့္ သူမက အင္းဆက္ေတြႀကိဳက္မွာ မဟုတ္ဘူးဆိုတာ သိေနတယ္ေလ။ ေရွာင္ေခ်ာင္းက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ သဲတီေကာင္ရဲ႕ ပုံပန္းသြင္ျပင္ကို ကြက္ကြက္ကြင္းကြင္း ေဖာ္ျပလိုက္တယ္။ ထင္တဲ့အတိုင္း ရွဖူ႐ုန္က သူမရဲ႕ေဖာ္ျပခ်က္ကို ၾကားၿပီးတဲ့ေနာက္ ျဖဴေဖ်ာ့သြားၿပီး ေရွာင္ေခ်ာင္းရဲ႕လက္ကိုအားနဲ႔ ခါခ်လိုက္တယ္။ သူမက ေရွာင္ေခ်ာင္းကိုေတာင္ နည္းနည္းတြန္းဖယ္လိုက္ၿပီး ခပ္စူးစူးေအာ္လိုက္တယ္။
"ေဝးေဝးထြက္သြားစမ္းပါ! မင္းက ညစ္ပတ္တဲ့ေတာသူမပဲ!!"
ေရွာင္ေခ်ာင္းက သူမရဲ႕တြန္းဖယ္မႈေၾကာင့္ ဒယီးဒယိုင္ျဖစ္သြားၿပီး သူမရဲ႕ေနာက္ေက်ာက တံခါးေဘာင္နဲ႔ တိုက္မိကာ အသံအက်ယ္ႀကီး ျမည္သြားခဲ့တယ္။ သူမရဲ႕ မ်က္လုံးေထာင့္ေတြမွာ မ်က္ရည္ေတြ ေဝ့ဝဲသြားတယ္။
(စာေရးသူရဲ႕မွတ္ခ်က္: သူမက ဟန္ေဆာင္တာမဟုတ္ဘူး တကယ္ ထိခိုက္နာက်င္သြားတာ)
ၿပီးေနာက္ သူမက သူမရဲ႕မ်က္ႏွာေလးကို ေမာ့လိုက္တယ္။ သူမက အျပစ္ကင္းစြာနဲ႔ သနားစရာေကာင္းစြာ
"ေမြးစားအေမ, ဝမ္းကြဲအစ္မက သမီးကို မႀကိဳက္ဘူးနဲ႔တူတယ္... အဲ့လိုဆိုရင္ေတာင္ သူသမီးကို ဒီတိုင္း က်ိန္ဆဲလို႔ပဲ မရဘူးလား။ သမီးတို႔အကုန္လုံးက လူသားေတြပါ မိဘရွိၾကတာခ်ည္းပဲ သမီးကလည္း သမီးမိဘေတြရဲ႕ တန္ဖိုးထားရတဲ့ ရတနာတစ္ပါးပါ သမီးက ဘယ္လိုျဖစ္ၿပီး ညစ္ပတ္နိမ့္က်ရမွာလဲ"
သခင္မဖန္းက သူမတူမရဲ႕ ဒီေန႔အျပဳအမူေၾကာင့္ စိတ္ရွည္သည္းခံမႈ အတိုင္းအတာက ကုန္ဆုံးေတာ့မည္ ျဖစ္သည္။ သူမက မ်က္ႏွာေပၚက ႐ြံရွာစက္ဆုပ္တဲ့အမူအရာကို ဖုံးဖိေတာင္မထားတဲ့ ရွဖူ႐ုန္ကို ၾကည့္လိုက္တယ္။ အမ်ိဳးသမီးႀကီးက သူ႔တူမရဲ႕ အရင္က စဥ္းစားခ်င့္ခ်ိန္တတ္ၿပီး ျဖဴစင္႐ိုးသားတဲ့ ပင္ကိုစ႐ိုက္ကို ေတြးမိကာ... ဟားဟား အခုေတာ့ အဲ့တာေတြ အကုန္လုံးက သူမ ကိုယ္ဟန္အမူအယာ တင့္တယ္ႏိုင္ဖို႔အတြက္ ဟန္ျပ ျပဳမူခဲ့တာေတြပဲ! အခုေတာ့ သူမတူမက ဖန္းမိသားစုက သမီးတစ္ေယာက္ ေမြးစားလိုက္တယ္ ဆိုတာသိေတာ့ သူမရဲ႕အရင္ ေမွ်ာ္လင့္ခ်က္ေတြက ႐ိုက္ခ်ခံလိုက္ရတယ္။ သူမက အခု သူမရဲ႕စစ္မွန္တဲ့ သေဘာသဘာဝေတြကို ဖုံးကြယ္ဖို႔ မလိုေတာ့ဘူးလို႔ ထင္ေနတာလား
"ေရွာင္ေခ်ာင္းဒီကိုလာပါဦး ေမြးစားအေမ သမီးထိခိုက္ဒဏ္ရာ ရ, မရ ၾကည့္ရေအာင္"
သခင္မဖန္းက ေရွာင္ေခ်ာင္းရဲ႕လက္ကိုဆြဲၿပီး ထိခိုက္သြားတဲ့ေက်ာကို အသာအယာထိလိုက္တယ္။
"ေမြးစားအေမ, နာတယ္..."
အခုေရွာင္ေခ်ာင္းက သူမေက်ာေပၚမွာ ပြန္းပဲ့ ဒဏ္ရာရွိတယ္လို႔ ခံစားလိုက္ရတယ္။ သူမက ႏူးညံ့ၿပီး အားနည္းပုံေပါက္တဲ့ ငယ္႐ြယ္တဲ့မိန္းမငယ္ေလးမွာ ဒီေလာက္ခြန္းအားရွိလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။ သူမ တျခားေကာင္မေလးကို အရမ္းမ်ား ဆြေပးလိုက္မိသလား
သခင္မဖန္းက သူမရဲ႕ေမြးစားသမီး တံခါးေဘာင္နဲ႔တိုက္မိတုန္းက အသံကို ျပန္စဥ္းစား ဆင္ျခင္လိုက္တယ္။ သူမက ေရွာင္ေခ်ာင္းဟန္ေဆာင္ေနတာ မဟုတ္ဘူးဆိုတာ သိလိုက္ၿပီး ေကာင္မေလးကို ႏွစ္သိမ့္ေပးတယ္။
"ေရွာင္ေခ်ာင္း, ၿခံဝန္းအထဲကိုသြားရေအာင္... ေမြးစားအေမ ဒဏ္ရာေပၚမွာ လိမ္းေဆးဆီ လိမ္းေပးမယ္။ မၾကာခင္ သက္သာသြားမွာပါ"
သူမကေျပာရင္း ေရွာင္ေခ်ာင္းရဲ႕ေသးငယ္တဲ့ လက္ကေလးကို ဆုပ္ကိုင္ၿပီး သူမရဲ႕ အေစခံ အမ်ိဳးသမီးႏွစ္ဦးနဲ႔အတူ ဆိုင္ကိုျဖတ္လ်က္ ၿခံဝန္းအတြင္းဘက္ဆီကို ေလွ်ာက္သြားတယ္။ သူမ ရွဖူ႐ုန္ေဘးက ျဖတ္သြားတဲ့အခါ ထိုေကာင္မေလးကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ခဲ့။
သခင္မဖန္း မိန္းမပ်ိဳေလးအ႐ြယ္တုန္းက သူမက အဓိကမိသားစုႀကီးရဲ႕ တရားဝင္သမီးျဖစ္တာေၾကာင့္ အမ်ိဳးသမီးအိမ္ေထာင္ဦးစီးဘက္ကေန ႀကီးျပင္းလာသူျဖစ္သည္။ ရွမိသားစုရဲ႕ ဆက္ႏြယ္မႈေတြက အင္မတန္ ရႈပ္ေထြးေပမယ့္ အမ်ိဳးသမီးအိမ္ေထာင္ဦးစီးရဲ႕ၿခံဝန္းက နတ္ျပည္က ဥယ်ာဥ္အတိုင္း ေအးခ်မ္းေနတယ္။ ဒါေၾကာင့္ သခင္မဖန္းက ပြင္းလင္းတဲ့စိတ္သေဘာထားရွိၿပီး သူမဘာကိုႀကိဳက္တယ္ မႀကိဳက္ဘူး ခိုင္ခိုင္မာမာသိတဲ့ စြမ္းေဆာင္ရည္ရွိတဲ့ အမ်ိဳးသမီးငယ္ေလးအျဖစ္ ႀကီးျပင္းလာတာ ျဖစ္သည္။ သူမသာ ခ်စ္ခင္ႏွစ္သက္ရင္ သူမက မင္းကို အေကာင္းဆုံးဂ႐ုစိုက္မွာ ေသခ်ာေပါက္ပဲ။ သူမသာ မခ်စ္ခင္မႏွစ္သက္ဘူးဆိုရင္ သူမက မင္းကို မရွိတဲ့လူလို႔ ခ်က္ခ်င္း လ်စ္လ်ဴရႈပစ္လိုက္မွာ။
ရွမိသားစုရဲ႕ မိသားစုအတြင္းေရး ဆက္ႏြယ္ခ်က္ေတြက မေအးခ်မ္းဘူး။ အႀကံသမားေတြနဲ႔ ေစာင္းေျမာင္းတိုက္ခိုက္ခ်င္တဲ့သူေတြ အမ်ားႀကီးရွိတယ္။ ေသခ်ာတာေပါ့ သခင္မဖန္းလည္း ဒါကို သတိျပဳမိတယ္။ သူမ အရင္က သူမရဲ႕တူမ ရွဖူ႐ုန္က သူမလိုမ်ိဳး ညစ္ပတ္တဲ့႐ႊံ႕ပႏြံ ရွမိသားစုထဲက သန႔္စင္တဲ့ တစ္ခုတည္းေသာ ၾကာပန္းေလးလို႔ ယုံၾကည္ခဲ့တာ။ သို႔ေပမယ့္ သူမ တူမက သူမကို လွည့္စားဖို႔ ဟန္ေဆာင္ေနခဲ့လိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။ သူမကို လွည့္စားဖို႔ ႀကိဳးစားတဲ့သူေတြ အကုန္လုံးကို သခင္မဖန္းက သူတို႔ကို အရင္က ႏွစ္သက္ခဲ့မိသေလာက္ မုန္းတယ္။
ရွဖူ႐ုန္က သူမအေဒၚကို ဖန္းမိသားစုမွာ ႏွစ္ႏွစ္နီးပါး အေဖာ္ျပဳခဲ့ၿပီး ေသခ်ာေပါက္ သူ႔အေဒၚရဲ႕ ပင္ကိုစ႐ိုက္ သေဘာသဘာဝကို သိနားလည္တယ္။ သူမက သခင္မဖန္း ေဘးက ျဖတ္ေလွ်ာက္သြားၿပီး လ်စ္လ်ဴရႈသြားတာျမင္ေတာ့ သူမက ႐ုတ္ခ်ည္း ထိတ္လန႔္တုန္လႈပ္သြားတယ္။ သူမက မဆိုင္းမတြ ေျဖရွင္းဖို႔ ႀကိဳးစားတယ္။
"အေဒၚ, ေစာနက သမီးက ဝမ္းကြဲညီမေလးေၾကာင့္ ေၾကာက္လန႔္သြားလို႔ပါ... အေဒၚလည္း သိသားပဲ သမီး ပိုးေကာင္ေတြေၾကာက္တတ္တယ္ဆိုတာ အဲ့အခ်ိန္တုန္းက သမီးက အသိစိတ္လြတ္သြားၿပီး မေတာ္တဆ ဝမ္းကြဲညီမေလးကို ထိခိုက္ေစခဲ့တာပါ။ သမီးအခု သူ႔ကို ေတာင္းပန္ခ်င္တယ္..."
အခုခ်ိန္ထိ သူမက သူမရဲ႕အႀကီးဆုံးအမွားကို မသိေသးဘူး သူမ ဒီတစ္ခါ မွန္မွန္ကန္ကန္ အကဲမျဖတ္ႏိုင္ဘူးပဲ။ သခင္မဖန္းက ခနရပ္လိုက္တယ္။ ဒါေပမယ့္ ေရွ႕ဆက္မသြားခင္မွာ သူမက ေခါင္းေတာင္လွည့္မၾကည့္ခဲ့ဘူး။
ယြီေရွာင္ေခ်ာင္းက အမ်ိဳးသမီးႀကီးရဲ႕လက္ထဲက သူမလက္ကို အသာယူၿပီး လွည့္ၾကည့္လိုက္တယ္။
"အစ္မဝမ္းကြဲ, ကြၽန္မက မၾကာခဏ ေတာင္ေပၚေလွ်ာက္သြားတတ္ေတာ့ ထိခိုက္ဒဏ္ရာ ရတတ္တယ္။ ဒါေၾကာင့္မို႔ ကြၽန္မက အစ္မ မေတာ္တဆ ထိခိုက္မိေစခဲ့တာကို စိတ္မဆိုးပါဘူး။ ကြၽန္မ ခံျပင္း ေဒါသထြက္မိတာက ဝမ္းကြဲအစ္မရဲ႕ ကြၽန္မကို ေစာ္ကားထိပါးေစတဲ့ စကားလုံးေတြေၾကာင့္ပါ။ အစ္မက ကြၽန္မရဲ႕ ခံစားခ်က္ေတြကို ထိခိုက္ေစ႐ုံသာမက အစ္မရဲ႕ မ်က္ႏွာေပၚက အမူအရာက အလြန္ ေၾကာက္မက္ဖြယ္ေကာင္းတယ္။ ကြၽန္မက လယ္သမားမိသားစုက ေမြးဖြားလာေပမယ့္ 'တစ္စုံတစ္ေယာက္ကို ထိပါးေစာ္ကားတာဟာ ေအးစက္ၾကမ္းတမ္းတဲ့ ေျခာက္လကို ဖိတ္ေခၚလိုက္တာပဲ' ဆိုတဲ့ စကားစုရဲ႕အဓိပၸာယ္ကိုေတာ့ သိပါတယ္။ ဆိုလိုတာက__ ကြၽန္မတို႔ ႐ြာထဲမွာဆိုရင္ စိတ္ဆိုးအေပါက္ဆိုးတဲ့ မိန္းမေတြကသာ တစ္ပါးသူကို လူၾကားသူၾကား ေစာ္ကားေမာ္ကား ေျပာဆိုတတ္တာေလ!"
ရွဖူ႐ုန္က ေရွာင္ေခ်ာင္းေျပာတာၾကားတဲ့အခါ သူမမ်က္ႏွာက ေနာက္ထပ္႐ုပ္ဆိုးတဲ့ပုံပန္းသြင္ျပင္ကို တြန႔္ရႈပ္သြားတယ္။
'ဒီငတုံးမက ငါနဲ႔ကန႔္လန႔္တိုက္ဖို႔ ကံပါလာပုံပဲ! သူက ငါ့အေဒၚရဲ႕အခ်စ္ေတြကို ငါ့ဆီကခိုးသြား႐ုံသာမက အေဒါ့္ေရွ႕မွာ ငါအသေရပ်က္ေအာင္ လုပ္ႀကံဖို႔ နည္းလမ္းအၿမဲရွိတယ္။ အဲ့လိုမျဖစ္ေစရဘူး! ငါ ယြီေရွာင္ေခ်ာင္းရဲ႕ တကယ့္ အက်င့္စ႐ိုက္ေတြကို အေဒၚသိေအာင္ လုပ္ဖို႔လိုတယ္
"အေဒၚ, သမီး ပုံမွန္စိတ္အေျခအေနမွာမဟုတ္လို႔ မွားယြင္းစြာ ေျပာဆိုခဲ့မိတာပါ။ ဒါေပမဲ့ ဝမ္းကြဲညီမက သမီးကို သူ႔႐ြာက အေပါက္ဆိုးသေဘာဆိုးတဲ့အမ်ိဳးသမီးေတြနဲ႔ ႏႈိင္းယွဥ္လိုက္တယ္..."
ရွဖူ႐ုန္က သူမရဲ႕လက္ကိုင္ပဝါကို ထုတ္ယူၿပီး သူမမ်က္လုံးေထာင့္ေတြကို တို႔သုတ္လိုက္တယ္။ သူမက အႏိုင္က်င့္ခံရတဲ့သူတစ္ေယာက္လို ေခါင္းငုံ႔ထားတယ္။
သခင္မဖန္းက သက္ျပင္းအသာခ်လ်က္
"ရက္အနည္းငယ္အတြင္း ငါ တစ္ေယာက္ေယာက္ကို မင္းကို ၿမိဳ႕ေတာ္ဆီ ျပန္ပို႔ခိုင္းရလိမ့္မယ္။ ထန္ကူၿမိဳ႕က က်ဥ္းလြန္းေတာ့ မင္းဒီမွာေနရတာ အသားက်မွာမဟုတ္ဘူး"
"အေဒၚ, သမီးကို ေမာင္းမထုတ္ပါနဲ႔! သမီး ဒီမွာေနရတာ အသားက်သြားမွာပါ က်ိန္ရဲပါတယ္!"
ရွဖူ႐ုန္က စိုးထိတ္လာတယ္။ ၿမိဳ႕ေတာ္ကို ျပန္သြားရမယ္တဲ့လား။ စစ္သူႀကီးအိမ္ေတာ္မွာ ဘယ္သူမွ မရွိတာေၾကာင့္ သူမ အဲ့ဒီကို ျပန္သြားရမွာမဟုတ္ဘူးဆိုတာ သိေနတယ္။ အဲ့ဒီအစား သူမက ရွမိသားစု ေနထိုင္ရာကို ျပန္ပို႔ခံရလိမ့္မယ္။ သူမအသက္ ဆယ့္သုံးႏွစ္ရွိေနၿပီ။ သူမသာ ရွမိသားစုဆီကို ျပန္ပို႔ခံခဲ့ရရင္ ရွမိသားစုရဲ႕အက်ိဳးအျမတ္အတြက္ အဆင့္အတန္းျမင့္အရာရွိအိမ္သို႔ ကိုယ္လုပ္ေတာ္ အေနနဲ႔ သူမ ပို႔ခံရႏိုင္တယ္။ အမ်ိဳးသမီးအိမ္ေထာင္ဦးစီးသာ ေသဆုံးသြားၿပီးကတည္းက ရွမိသားစုဟာ ပိုပိုၿပီးေတာင္ ဖ႐ိုဖရဲျဖစ္လ်က္ ရႈပ္ေထြးသြားခဲ့တာ...
သခင္မဖန္းက သူ႔တူမ မာန္စြယ္ခ်ိဳးခံရတာျမင္တဲ့အခါ သူမအေကာင္းဘက္ကို ေျပာင္းလဲလာဖို႔ ေမွ်ာ္လင့္တယ္။ သူမက ညင္သာစြာ ျပန္ေျပာတယ္။
"မင္းထြက္မသြားခ်င္ဘူးဆိုရင္ ေရွ႕ေလ်ာက္ အခက္အခဲေတြအတြက္ ႀကိဳတင္ျပင္ဆင္ထား။ ငါက ဒီမွာ သက္ေတာင့္သက္သာ ေနဖို႔မဟုတ္ဘူးဆိုတာ မင္းမွတ္ထားဖို႔လိုတယ္။ အဲ့ဒီအစား ငါက မင္းဦးေလး မပူမပင္ အလုပ္လုပ္ႏိုင္ဖို႔ မင္းဦးေလးကို ဒီမွာလာကူတာ"
"သမီးမွတ္သားထားပါ့မယ္ အေဒၚ!"
ရွဖူ႐ုန္က အေတာ္ေလး စိတ္ထိခိုက္ခံစားသြားရပုံေပၚၿပီး ဟန္ေဆာင္ေနတာ မဟုတ္ေပ။ သူမအခု တကယ္ စိုးထိတ္ေနတာျဖစ္သည္။
"ေမြးစားအေမ, ေမြးစားအေမ လာမွာကို ေမြးစားအေဖကို အသိေပးမထားဘူးမလား"
ယြီေရွာင္ေခ်ာင္းက ရွဖူ႐ုန္ ပညာေပးခံရတာကိုျမင္တဲ့အခါ သူမက သခင္မဖန္းလက္ကို အလ်င္အျမန္ ဆြဲယူလ်က္ အသာရမ္းကာ ၾကားဝင္ေျပာလိုက္တယ္။
သခင္မဖန္းက သူမေခါင္းကို အသာအယာ ပြတ္သပ္လ်က္ သူမကို ၿခံဝန္းအတြင္းဝင္ေစခဲ့တယ္။ သူမက လမ္းေလွ်ာက္ရင္း စကားေျပာလာတယ္။
"ဟုတ္တာေပါ့ တကယ္ေတာ့ငါက မင္းနဲ႔မင္းေမြးစားအေဖကို ေကာင္းေကာင္း အံ့အားသင့္ သြားေစခ်င္တာ... ငါသူ႔ကို ေျပာမထားဘူးဆိုတာ မင္းဘယ္လိုသိလဲ"
"ဒီေန႔ ေမြးစားအေဖက စီရင္စုၿမိဳ႕ကို သြားတယ္! သူသာ ေမြးစားအေမ ဒီေန႔လာတာသိရင္ သူ ေသခ်ာေပါက္ ေမြးစားအေမကို ဒီမွာ ပစ္ထားႏိုင္မွာမဟုတ္ဘူး..."
ယြီေရွာင္ေခ်ာင္းက ႐ႊင္လန္းတက္ႂကြစြာ ေခါင္းေမာ့လ်က္ ၾကည့္လိုက္တယ္။ သူမအၾကည့္က ပြင့္လင္းမႈရွိကာ သေဘာထားျပည့္ဝၿပီး သူမက မ်က္ႏွာသာေပးခံခ်င္တာ ဒါမွမဟုတ္ အကဲစမ္းခ်င္တဲ့ အရိပ္အေယာင္မ်ိဳးမရွိ။
သူမက သခင္မဖန္းကို အရင္းခ်ာဆုံး ေဆြမ်ိဳးတစ္ေယာက္လို သေဘာထားၿပီး ျပဳမူဆက္ဆံတယ္။ သူမ ဘာပဲေျပာေျပာ ဘာပဲလုပ္လုပ္ သူမရဲ႕အရင္းႏွီးဆုံး ေသြးသားေတာ္စပ္သူက သူမအေပၚ အမွန္တကယ္ စိတ္ဆိုးေဒါသထြက္မွာ မဟုတ္ဘူးဆိုတာ သူမသိတယ္။ ေနာက္ဆုံးေတာ့ သခင္မဖန္းက သူမနဲ႔ ရွဖူ႐ုန္ၾကားက အနည္းငယ္ကြဲျပားခ်က္ကို ေသေသခ်ာခ်ာ နားလည္လိုက္တယ္ အေၾကာင္းျပခ်က္ တစ္ခုေတာ့ရွိတယ္...
သခင္မဖန္းက ေရွာင္ေခ်ာင္းေခါင္းကို အသာပုတ္လ်က္ စိတ္ဆိုးဟန္ေဆာင္ကာ
"မင္းက အေတာ္ရဲတဲ့ ေကာင္မေလးပဲ! မင္းရဲ႕ေမြးစားအေမကိုေတာင္ စရဲတယ္!! မင္းရဲ႕ ေမြးစားအေဖ ျပန္ေရာက္လာရင္ ငါမင္းကို တိုင္ေျပာမယ္!"
ယြီေရွာင္ေခ်ာင္းက အနည္းငယ္ေၾကာက္႐ြံ႕တဲ့အမူအရာ မ်က္ႏွာေပၚမွာ ေဖာ္ျပလ်က္ ေၾကာက္႐ြံ႕ထိတ္လန႔္ေနတဲ့ ေကာင္မေလးလို တမင္သက္သက္ တုန္ရီေနတဲ့အသံနဲ႔ ျပန္ေျဖတယ္။
"အား အဲ့လိုမလုပ္ပါနဲ႔! ေမြးစားအေဖသာ သမီးက ေမြးစားအေမကို စိတ္ပ်က္ေစခဲ့တာသိရင္ သူက ေသခ်ာေပါက္ သမီးေျခေထာက္ကို ႏွစ္ပိုင္းခ်ိဳးပစ္လိမ့္မယ္... ေမြးစားအေမ, ေက်းဇူးျပဳၿပီး သမီးကို ခ်မ္းသာေပးပါ~~~~"
သခင္မဖန္းက သူမရဲ႕ အျပဳအမူေလးက သိပ္ရယ္ရတယ္လို႔ ခံစားရၿပီး မ်က္ႏွာကို ဆက္တည္မထားႏိုင္ေတာ့ေပ။ သူမက ေနာက္ဆုံးေတာ့ ရယ္ေမာသံထြက္လာေတာ့တယ္။ အမ်ိဳးသမီးႀကီးက ကိုယ္ကိုင္းလ်က္ ေရွာင္ေခ်ာင္းရဲ႕ ေသးသြယ္ႏူးညံ့တဲ့ခႏၶာကိုယ္ကို သူမလက္ေမာင္းထဲ ဆြဲသြင္းလိုက္တယ္။ ေပ်ာ္႐ႊင္ရယ္ေမာမႈေတြနဲ႔ ျပည့္ေနတဲ့အသံနဲ႔ မွတ္ခ်က္ေပးလိုက္တယ္။
"မင္းက ေတာ္ေတာ္ထူးဆန္းတဲ့ေကာင္မေလးပဲ မင္းကဘယ္လိုလုပ္ၿပီး အဲ့ေလာက္ေတာင္ စိတ္ဝင္စားဖို႔ ေကာင္းရတာလဲ မင္းရဲ႕ေမြးစားအေဖက မင္းကို အဆုံးမရွိ ေျမႇာက္ပင့္ေျပာေနတာ မအံ့ဩေတာ့ပါဘူး!"
အေနာက္ကလိုက္လာတဲ့ ရွဖူ႐ုန္ဟာ သူမလက္ထဲက လက္ကိုင္ပဝါကို စုတ္ၿဖဲမိမတတ္ပဲ။ အေဒၚက သူမကို ဘယ္တုန္းကမွ အဲ့လိုတရင္းတႏွီး မဆက္ဆံဖူးဘူး။ သူမ ဘယ္ေလာက္ပဲ သူမအေဒၚအႀကိဳက္နဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ ႀကိဳးစားပါေစ သူမအေဒၚက သူမနဲ႔ အၿမဲတမ္း အနည္းငယ္ ျခားနားေနတတ္တယ္။ ဘာလို႔လဲ! ဘာလို႔ ဒီေအာက္တန္းစားက သူမအေဒၚရဲ႕ ခ်စ္ျခင္းေမတၱာကို ျမင္ျမင္ခ်င္း ရရတာလဲ?
ကံမေကာင္းစြာနဲ႔ ယြီေရွာင္ေခ်ာင္းက သူမေမြးစားအေမရဲ႕ ေပြ႕ဖက္မႈကို မေပ်ာ္ေမြ႕ႏိုင္ဘူး။ သူမက နာက်င္မႈေၾကာင့္ အႀကိမ္အနည္းငယ္ ခပ္စူးစူး ေအာ္မိတယ္။
"နာတယ္...နာလိုက္တာ! ေမြးစားအေမ, သမီးေက်ာ နာတယ္!"
သခင္မဖန္းက မိန္းမငယ္ေလးရဲ႕ ေက်ာကဒဏ္ရာကို သတိရသြားတယ္။ သူမက သူမကို ကေလးေလး တစ္ေယာက္လို လ်င္ျမန္စြာ ေပြ႕ခ်ီလ်က္ အခန္းထဲကို သြက္လက္စြာ ဝင္သြားတယ္။
ယြီေရွာင္ေခ်ာင္းရဲ႕တင္ပါးဟာ အမ်ိဳးသမီးႀကီးရဲ႕ တံေတာင္ဆစ္ေကြး ႏွစ္ခုၾကားက်လ်က္ သူမက သူမလက္ေတြကို အမ်ိဳးသမီးႀကီးရဲ႕လည္ပင္းမွာ သိုင္းဖက္ထားတယ္။ သူမစိတ္ထဲမွာ အနည္းငယ္ ကသိကေအာက္ျဖစ္မိတယ္။
'ငါက အသက္ဆယ္ႏွစ္ေပမယ့္ သူက ငါ့ကို သုံးႏွစ္ကေလးလို ဆက္ဆံေနတယ္။ တျခားသူေတြသာ ဒါကိုျမင္ရင္ အရမ္းရွက္စရာေကာင္းမွာပဲ! ဒါေပမယ့္ ဒီလိုအားနည္းၿပီး ႏူးညံ့တဲ့ပုံေပါက္တဲ့ ေမြးစားအေမက ဒီေလာက္သန္မာလိမ့္မယ္လို႔ ငါလုံးဝ ထင္မထားဘူး။ ေမြးစားအေဖက ကိုယ္ခံပညာသိကြၽမ္းတာေၾကာင့္ ေမြးစားအေမကပါ သန္မာလာတာမ်ားလား?'
"သခင္မ, ကြၽန္မ သူ႔ကို ခ်ီလိုက္ပါ့မယ္!"
သခင္မဖန္းရဲ႕ အရည္အခ်င္းျပည့္ဝတဲ့ အေစခံအမ်ိဳးသမီးလင္းလုံက သူမသခင္မရဲ႕ လက္ထဲက ယြီေရွာင္ေခ်ာင္းကို ေခၚယူဖို႔ သြက္လက္စြာနဲ႔ လာလိုက္တယ္။
"မလိုပါဘူး သိပ္ေဝးတာမွမဟုတ္တာ ငါသူ႔ကို ေပြ႕ထားႏိုင္ပါတယ္!"
သခင္မဖန္းက သူမလက္ထဲက ႏူးညံ့ခ်ိဳသာတဲ့ေကာင္မေလးကို လက္မလႊတ္ခ်င္ေပ။ သူမသာ သမီးတစ္ေယာက္ေမြးခဲ့ရင္ အဲ့ဒီကေလးဟာ ဒီလိုခ်စ္ဖို႔ေကာင္းၿပီး သေဘာေကာင္းမွာလား?
***