သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

646K 84.1K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၇၉ - ရန်လိုမှု

2.6K 327 3
By CharmZoey

[Unicode]

အပိုင်း ၁၇၉ - ရန်လိုမှု

ဆိုင်မှာကျန်နေတဲ့ ဖရဲသီးတွေထဲကနေ ရှောင်ချောင်းက ဝိညာဉ်စွမ်းအင်အများဆုံးပါဝင်တဲ့ နှစ်လုံးကို ရွေးလိုက်ပြီး စင်ပေါ်ကနေ ဂရုတစိုက်ထုတ်လာကာ ကောင်တာဆီကို ကိုယ်တိုင် သယ်လာတယ်။ သူမရဲ့ မွေးစားအမေဆီကနေ ကောင်းမွန်တဲ့ ထင်မြင်ချက်ရအောင် လုပ်ဖို့လိုတယ်။ တခြားတစ်ဖက်မှာတော့ သခင်မဖန်းက သေးငယ်ပြီး ပျက်စီးလွယ်တဲ့ ခန္ဓာကိုယ်ရှိတဲ့ မိန်းမငယ်လေးက ဖရဲသီးတွေကို မ,လာတာ တွေ့တော့ သူမအစေခံတွေကို အမိန့်ပေးလိုက်တယ်

"လင်းလုံ, ကျန်းကျူး, မင်းတို့နှစ်ယောက် ဘာလို့ သွားမကူကြသေးတာလဲ"

ယွီရှောင်ချောင်းက သခင်မဖန်းရှေ့မှာမို့ နည်းနည်းရှက်နေပြီး ထိုအမျိုးသမီးကို ကြည့်ဖို့ မော့လိုက်တဲ့ အချိန် သူမမျက်နှာမှာ ရှက်တက်တက် အပြုံးလေးပေါ်နေတယ်။ သူမက တက်ကြွပြီး စကားများတတ်တဲ့ စရိုက်ရှိပေမယ့် အခုတော့ ဘာပြောရမှန်းကိုမသိတော့။

သခင်မဖန်းက ခေါင်းငုံ့လိုက်ပြီး ရှက်ကိုးရှက်ကန်းပြုံးနေတဲ့ ကလေးမလေးကို ညင်ညင်သာသာ ကြည့်လိုက်ကာ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးမှာ ပေနေတဲ့ ဖုန်တွေကို သူမရဲ့လက်ကိုင်ပဝါနဲ့ ဖွဖွလေး သုတ်ပေးလိုက်တယ်။ ထိုကလေးမလေးရဲ့ တောက်ပြောင်ချောမွေ့ပြီး နက်မှောင်နေတဲ့ ဆံသားလေးတွေကိုလည်း ပွတ်သပ်ပေးလိုက်တယ်။

ခုနတုန်းက စိုးရိမ်ကြောင့်ကြနေတဲ့ ကလေးမလေးရဲ့မျက်လုံးတွေက ချက်ချင်း တောက်ပပြီး ကြယ်ပွင့်တွေလို တဖျက်ဖျက် လက်လာတယ်။ ထိုသို့ ပြုလုပ်ပေးလိုက်ခြင်းက သူမကို တော်တော်လေး သွက်လက် တက်ကြွတဲ့ပုံစံ ဖြစ်လာစေတယ်။

"ကလေးမလေး, ဒီဖရဲသီးနှစ်လုံးက ဘယ်လောက်ကျလဲ"

ကလေးမလေးရဲ့ ရိုးသားစွာပြုံးနေတဲ့ မျက်နှာကိုမြင်ပြီး အမျိုးသမီးဖန်းက သူ့တူမရဲ့ မည်းမှောင်နေတဲ့ မျက်နှာအခြေအနေကို တစ်ချက် ခိုးကြည့်လိုက်ရင်း သူမက ပိုလို့တက်ကြွလာတယ်။ ထိုအမျိုးသမီးရဲ့ မျက်နှာအမူအရာနဲ့ စိတ်ခံစားချက်က ရှောင်ချောင်းကို စနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။

ယွီရှောင်ချောင်းက ရှက်သွေးဖြန်းနေတဲ့အမူအရာနဲ့ သူ့အင်္ကျီအနားစသူ လိမ်ပြီး သခင်မဖန်းအနားကို ပိုတိုးကပ်လာတယ်။ ထို့နောက် သူမက တည်တည်ငြိမ်ငြိမ်နဲ့

"ကျွန်မတို့က မိသားစုတွေပဲ ဖရဲသီးတွေအတွက်ကျသင့်ငွေအကြောင်း ပြောစရာမလိုပါဘူး ဟုတ်တယ်မလား။ ကျွန်မက ဒီဖရဲသီးနှစ်လုံးကို မွေးစားအမေဆီ ရိုသေသမှုပြတဲ့အနေနဲ့
ပေးလိုက်ပါ့မယ်"

"အိုး? ဘယ်သူမဆို မင်းရဲ့မွေးစားအမေဖြစ်တယ်ဆိုပြီး တွေးလို့မရဘူးလေ မင်းလူမှားမှာ မကြောက်ဘူးလား"

သခင်မဖန်းက သူမကို အိမ်က ပါရှားကြောင်လေးတစ်ကောင်လို သဘောထားပြီး စနေတယ်။ သူမ အမူအရာနဲ့ လေသံကလည်း ရယ်ချင်စိတ် သန်းနေတယ်။

ယွီရှောင်ချောင်းက ခဏတွန့်ဆုတ်နေပြီးနောက် မသေချာမရေရာတဲ့ လေသံကို တမင်သက်သက်သုံးပြီး မေးလိုက်တယ်

"ကျွန်မမေးလို့ရမလား အရီးက ဖန်းမိသားစုကလားဟင်"

သခင်မဖန်းက ပြုံးချင်ချင်ဖြစ်နေပြီး နှေးကွေးစွာ ပြန်ဖြေတယ်။
"ဒီကမ္ဘာမှာ မိသားစုနာမည်တူတဲ့သူတွေ အများကြီးပဲလေ ဖန်းအမျိုးသမီးတိုင်းက မင်းရဲ့ မွေးစားအမေလား ပြောပါဦး?"

"ကျွန်မရဲ့ မွေးစားအဖေပြောတာတော့ မွေးစားအမေက လှပတယ်၊ သဘောထားကြီးတယ်၊ နူးညံ့ သိမ်မွေ့တဲ့ စရိုက်ရှိပြီး ပြတ်လည်းပြတ်သားတယ်၊ ကြင်နာတတ်ပြီး သတ္တိလည်းရှိတယ်။ ပြီးတော့ မွေးစားအဖေက ပြောသေးတယ် ကျွန်မတို့က စိတ်သဘောထားချင်း တော်တော်လေးတူတာမို့ ကောင်းကောင်း ရှေ့သွားနောက်လိုက် ညီနိုင်တယ်တဲ့။ စမြင်ကတည်းက အရီးက ဖော်ရွေတဲ့သူဖြစ်ပြီး ကျွန်မရဲ့ မွေးစားအမေဆိုတာကို စိတ်ထဲကအလိုလိုသိနေတာ!"

ယွီရှောင်ချောင်းက ထိုအမျိုးသမီး စိတ်ကျေနပ်စေဖို့ ပါးပါးနပ်နပ်နဲ့ မြှောက်ပင့်လိုက်တယ်။

မင်းသားကျင်းရဲ့ ဒုတိယသားဆီပဲ အာရုံရောက်နေတဲ့ ရှဖူရုန်က ယွီရှောင်ချောင်းရဲ့ "ရှင်က ကျွန်မရဲ့ မွေးစားအမေ" လို့ပြောတာကို ကြားသွားပြီးနောက်  ရုတ်တရက် သတိရှိသွားတယ်။ သူမရဲ့ ဗာဒံသီးပုံစံ မျက်လုံးတွေက ပြူးကျယ်သွားပြီး ယွီရှောင်ချောင်းကို  အပြင်းအထန် စိုက်ကြည့်လိုက်သည်။ ထိုကောင်မလေးက အဝတ်အစားကို ရိုးရိုးစင်းစင်းပဲ ဝတ်ထားတယ်၊ သာမန်ရုပ်ရည်နဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကဆိုတာ သူမရဲ့ ရှက်ကိုးရှက်ကန်းအပြုအမူက ဖော်ပြနေတယ်။

သူမက သရော်လိုက်ပြီး ခြောက်ကပ်ကပ်နဲ့ မှတ်ချက်ပေးတယ်။
"မင်း ဘယ်သူ့ကိုမဆို မွေးစားအမေလို့ခေါ်နေတာလား။ ကလေးမလေး, နင်ကဒီအရွယ်လေးနဲ့ အမြင့်ကို ဘယ်လိုတွယ်တက်ရမလဲ သိနေပြီပဲ။ တကယ်ကို စဉ်းလဲတဲ့ကလေးမပဲ!"

သူမအဒေါ်က အကြံအစည်နဲ့လူတွေကို အမုန်းဆုံးဖြစ်သည်။ သူမစကားတွေနဲ့ အဒေါ့်ကို အတွေးမှားတွေ တွေးမိအောင် လုပ်နိုင်ရင် သူမဦးလေးက ဒီကလေးမကို မွေးစားသမီးအဖြစ် သတ်မှတ်လိုက်ရင်တောင် ကိစ္စမရှိ။ စစ်သူကြီးအိမ်တော်ရဲ့ သခင်မက သူမရဲ့သွေးရင်းအဒေါ်ဖြစ်နေဆဲပဲလေ။
ယွီရှောင်ချောင်းက ထိုမိန်းမချောလေးရဲ့ ရန်လိုမှုကို ခံစားလိုက်မိတယ်။ သူမအနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားရတယ်။

'ငါတို့က လုံးဝမသိတဲ့သူစိမ်းတွေလေ ဒါဆို ဘာလို့ ငါ့ကိုအရှက်ခွဲဖို့ တမင်ကြိုးစားနေရတာတုန်း?'
သခင်မဖန်းက သူ့တူမရဲ့ ရိုင်းစိုင်းတဲ့တဖက်ခြမ်းကို အရင်ကမမြင်ဖူးခဲ့။ အမြဲလိုလို သူ့တူမက မလည်မဝယ် ရိုးရိုးစင်းစင်းပုံစံပေါ်ပြီး တက်ကြွကာ သူများကိုလည်း ကောင်းကောင်း နားလည်ပေးတတ်သူ ဖြစ်သည်။ ဒီနေ့ ပြောလိုက်တဲ့ စကားတွေကျ ဘာလို့ ဒီလောက် ဆိုးရွားနေရတာလဲ။ သူ့တူမ သူမကို စိတ်ကျေနပ်စေဖို့ ကြိုးစားခဲ့တာတွေ၊ ပြီးတော့ သူမက စစ်သူကြီးအိမ်တော်ကို သူမရဲ့ ဒုတိယအိမ်လို့မြင်တယ်လို့ ပြောတာတွေကို ပြန်တွေးကြည့်မိတယ်။

သခင်မဖန်းက အတွင်းစည်းနိုင်ငံရေးနှင့် အကျွမ်းတဝင်ရှိပြီး ရှမိသားစုရဲ့ဇနီးနဲ့ ကိုယ်လုပ်တော်တွေရဲ့ ရန်လိုမှုနှင့် ကြံစည်မှုတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးသည်။ မျက်တောင်တစ်ခတ် အတွင်းမှာ သူမ တူမလေးလုပ်ဖို့ ကြိုးစားနေတဲ့အရာကို သိလိုက်ရပြီး ချက်ချင်း မပျော်မရွှင် ဖြစ်သွားတယ်။ သူမတူမရဲ့ ရိုးရှင်းပြီး အပြစ်ကင်းတဲ့ပုံစံက သူမရှေ့မှာမို့ သရုပ်ဆောင်နေခဲ့တာတွေပေါ့!

သခင်မဖန်းက ရှဖူရုန်ကို ခပ်တင်းတင်းကြည့်လိုက်ပြီး အနည်းငယ် နူးညံ့တဲ့အသံနဲ့ ပြောလိုက်တယ်
"ဖူရုန်, သူက မင်းရဲ့ ဦးလေးကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ မွေးစားသမီး။ သူ့နာမည်က ယွီရှောင်ချောင်းတဲ့။ သူက ဆယ်နှစ်တောင်မပြည့်သေးဘဲ သူ့မိသားစုကို ကိုယ်တိုင်ထောက်ပံ့နိုင်နေပြီ။ ငါတို့လက်ရှိဧကရာဇ်က အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုတိုးတက်ဖို့နဲ့ အမှီအခို ကင်းတဲ့သူဖြစ်ဖို့ ကြိုးစားသင့်တဲ့အကြောင်း အားပေးအားမြှောက်မပြုခဲ့ဖူးလား။ အဒေါ်ကတော့ ရှောင်ချောင်းက အကောင်းဆုံးဥပမာပဲဆိုတာ ယုံတယ်!"

မွေးစားအမေဖြစ်သူက သူမကိုထောက်ခံနေပြီး ဂုဏ်ပုဒ်မြင့်မြင့်ထားကာ ချီးကျူးနေတာ ကြားတော့ ယွီရှောင်ချောင်းက နှိမ့်ချစွာပဲ မြန်မြန်ဝင်ပြောလိုက်တယ်
"မွေးစားအမေ, ချီးကျူးလွန်းနေပါပြီ! ကျွန်မမိဘတွေနဲ့ မောင်နှမတွေ အကူအညီမပါဘဲ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ မွေးစားအဖေကလည်း အများကြီးကူညီပေးတယ်။ ဥပမာဆို ဒီဆိုင်က နေရာကောင်းမှာ ရှိတာလေ အရင်ပိုင်ရှင်က မွေးစားအဖေကို ကောင်းကောင်းအလေးထားလို့သာ ကျွန်မတို့ ဝယ်နိုင်သွားတာ..."

"ဘာ!"
ရှဖူရုန်က လေသံမြှင့်လိုက်ပြီး မနာလိုမှုကြောင့် မျက်နှာကရှုံမဲ့သွားတယ်။

"ဦးလေးက ဒီဆိုင်ကို နင့်အတွက်ဝယ်ပေးတာ အဒေါ်, ဒီလိုနေရာကောင်းတဲ့ဆိုင်က အနည်းဆုံး လျန်တစ်ထောင်လောက်တော့ ရှိမှာပဲ။ သူ့လို ကျေးတောသူလေးက ဒီလောက်ဈေးကြီးတာကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ ဦးလေး တော်ဝင်သံတမန်ရာထူးယူတုန်းက လျန်ထောင်ဂဏန်း အနည်းငယ်ပဲ ယူလာခဲ့တာမလား။ သူက တခြားသူတွေဆီက လာဘ်တွေယူခိုင်းပြီး ဝယ်ခဲ့တာ ဖြစ်နိုင်မလား အဒေါ်"

ရှဖူရုန်က သူမအဒေါ်နဲ့ရှိတာ နှစ်နှစ်လောက်ရှိပြီဖြစ်လို့ သူမအဒေါ်က လာဘ်စားတဲ့အရာရှိတွေကို ရွံ့မုန်းတာ သိထားတယ်။ သူမယောကျာ်းကိုလည်း တံစိုးလက်ဆောင်အနည်းငယ်မျှ မယူဖို့ ဧကရာဇ်ရဲ့ ယုံကြည်မှုမဆုံးရှုံးစေဖို့ အမြဲတစေ သတိပေးနေတတ်သူဖြစ်တယ်။ အကယ်၍ ဤကဲ့သို့သောကိစ္စသာ အမှန်တကယ် ဖြစ်လာကြည့်ပါလား ဒီခွေးမလေးကို သူ့အဒေါ်လုံးဝသဘောကျတော့မှာ မဟုတ်ပေ။ ဒါဆိုရင် သူမရဲ့ စစ်သူကြီးအိမ်တော်မှာ သခင်မလေးဖြစ်လာဖို့ အိမ်မက်ကလည်း ခြေတစ်လှမ်း ပိုနီးသွားမယ်မလား။

သို့သော်လည်း ယွီရှောင်ချောင်းက ကိုးနှစ်အရွယ်ကလေးလေးတစ်ယောက်မှ ဟုတ်မနေတာ။ ထို နူးညံ့သိမ်မွေ့သလို ကြာပန်းပျိုဖြူလေးရဲ့ မျက်လုံးနောက်ကွယ်မှာ အကြံအစီအစဉ်တွေရှိနေတာ တပ်အပ် ပြောနိုင်တာပေါ့။ သူမကမျက်ခုံးကျုံ့လိုက်ပြီး

'ငါသူ့ကို အနှောက်အယှက်မပေးခဲ့ဖူးတာ သေချာပါတယ်။ ဒါဆိုဘာလို့ ခြေလာထိုးဖို့ လုပ်နေရတာတုန်းဟ! သူဘာဖြစ်ချင်နေတာလဲ?'
သူမက ရှင်းပြလိုက်တယ်။

"ဒီကအစ်မရေ! ရှင်ပြောတာ မှားနေတယ်နော်။ ကျွန်မက ကျေးတောသူလေးသာသာပဲဆိုတာ ဘာပြောတာလဲ? ရှင်က တောင်သူလယ်သမားတွေကို ခွဲခွဲခြားခြားဆက်ဆံနေတာပဲ! လူတန်းစားလေးမျိုးမှာ လယ်သမားတွေအထက် ပညာရှင်တွေပဲရှိတယ်။ လယ်သမားတွေ နေ့ကောညရော အလုပ်မကြိုးစားဘူးဆိုရင် အစ်မတောင် အမတဖြစ်နေတော့မှာ..."

ယွီရှောင်ချောင်းကတော့ ဒီကောင်မလေးအရှက်ခွဲမှာကို လုံးဝလက်ခံမှာမဟုတ်။ မွေးစားအမေသာ သူ့အလိမ်အညာတွေကို ယုံသွားရင် ဘယ်လိုလုပ်ကြမလဲ။ သူမက စားရေးသောက်ရေးအတွက်ရော အမိုးအကာအတွက်ရော ဖန်းမိသားစုဆီမှာ မမှီခိုနေခဲ့ဘူးလေ ဒါကြောင့် သူမရိုက်ချတာ ဘာလို့ ခံနေရမှာလဲ။ ဘယ်ကိစ္စမဆို သူမမွေးစားအဖေက ရောက်လာပေးတယ်။ သူ သူမကို ကောင်းကောင်း ဆက်ဆံချင်တာ ကောင်းတဲ့အရာပဲလေ။ ဒါပေမယ့် ဒီလိုတွေ ကောင်းပေးဖို့ သူမဘယ်တုန်းကမှ တွန်းအားမပေးခဲ့။ ဒါကြောင့်မို့ စနိုးစနောင့်ဖြစ်မနေဘဲ လွယ်လွယ်ကူကူပဲ ယုံကြည်ချက်ရှိရှိ သူမကိုယ် သူမ ကာကွယ်နိုင်တာဖြစ်သည်။

သခင်မဖန်းက သူမရှေ့က ကလေးမလေးက ကျောမတ်မတ် မျက်လုံးကျယ်ကျယ်ဝန်းဝန်းတွေနဲ့ သူမကိုယ်သူမ ကာကွယ်နေတာကိုမြင်တော့ ဒီကောင်မလေးက မာနကြီးပြီး စိတ်အားထက်သန်တဲ့ ကြက်ပေါက်လေးတစ်ကောင်နဲ့ တူတယ်လို့ တွေးမိလိုက်တယ်။ ဒါ တော်တော်ကို ရှားပါးတဲ့မြင်ကွင်းပဲ။
"ခုနကပြောတာ ဘာကိုဆိုလိုတာလဲ"

သခင်မဖန်းက ဒီကိစ္စမှာ အမတဆိုတဲ့ အသုံးအနှုန်းက ချီးမွမ်းစကားဟုတ်မနေဘူးဆိုတာ သိတယ်။
"ဒဏ္ဍာရီတွေမှာဆို အမတတွေက လေကိုစုပ်ယူပြီး နှင်းရည်ကိုပဲ သောက်ဖို့ လိုအပ်တယ်တဲ့။ ဒါကြောင့် သူတို့က သေမျိုးလောကရဲ့ သာမန်အစားအစာတွေကို မလိုအပ်ဘူး။ လယ်စိုက်ဖို့ လယ်သမားတွေမရှိရင် ဘာသီးနှံမှ ရှိမှာမဟုတ်ဘူးလေ။ ဘာသီးနှံမှမရှိရင် လူတွေဘာစားမှာလဲ? အနောက်မြောက်လေကို သောက်ကြမှာလား?"

ယွီရှောင်ချောင်းက ရှဖူရုန်ကို မျက်လုံးလှန်ကြည့်လိုက်တယ်။ ဒါက မယုံနိုင်လောက်အောင် ချစ်ဖို့ကောင်းနေတယ်။

သို့သော်လည်း ရှဖူရုန်က ချစ်စရာကောင်းတယ်လို့ တစ်စက်ကလေးမှမြင်မနေ။ အဆင့်အတန်းနိမ့်ကျတဲ့ လယ်သမား သမီးကများ သူမကို အဒေါ်ရှေ့ မျက်နှာပျက်ရအောင်လုပ်တယ်။ သူမက ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး

"ဒီဆိုင်က မင်း ဦးလေးဆီကငွေနဲ့ ၀ယျခဲ့တာမဟုတျဘူးလို့ မင်းပြောရဲလား လျန်ထောင်ဂဏန်းက နည်းနည်းလေး မဟုတ်ဘူးနော်။ ဒီလိုအရွယ်မှာတောင် အကြံအစည်တွေနဲ့ဖြစ်နေပြီ ကြီးလာရင်တော့ မတွေးရဲစရာပဲ"

ကျူးကျွင်းရှီက သူ့ဖရဲသီးကို ယူနေတုန်းရှိသေးတယ် ရှဖူရုန်ရဲ့စူးစူးလောင်လောင်အသံနဲ့ အယုတ်တမာ အမူအရာမျိုးကို တွေ့တော့ ရုတ်တရက် ထိတ်လန့်အံ့ဩမိသွားတယ်။ မြင့်မြတ်တဲ့ မိသားစုက သခင်မလေးတစ်ယောက်မှာ ဒီလိုအပေါက်ဆိုးတဲ့ တစ်ဖက်ခြမ်းရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး။ နူးညံ့သိမ်မွေ့စွာ ပျိုးထောင်ခံလာရတဲ့ မိန်းမပျိုလေးတွေကတော့ သူ့ရဲ့ယူဆချက်ကြောင့် မတရားဘူးဆိုပြီး ကန့်ကွက်ကြလိမ့်မည်။

"တော်သင့်ပြီ!!"
သခင်မဖန်းက မင်းသားကျင်း ဒုတိယမြောက်သားရဲ့မျက်နှာမှာ အံ့ဩသွားတဲ့အမူအရာ ဖျက်ခနဲ လက်သွားတာ သတိထားမိလိုက်တယ်။ အခု သူမလည်း ထိုတူမလေးအပေါ် စိတ်ရှည်မှုတောင် နည်းသွားပြီ။

"ဖူရုန်, မင်းဦးလေးက ဒီဆိုင်အကြောင်း စာထဲမှာ ရှင်းပြထားပြီးသား။ ဒီဆိုင်ဝယ်ဖို့ ငွေတွေက ရှောင်ချောင်းကိုယ်တိုင် ရှာထားတာတွေ။ ဒီဆိုင်ပိုင်ရှင်ဟောင်းက တိုင်းတရားသူကြီးဝူလေ။ မင်းဦးလေးက ဘာလာဘ်မှ မယူခဲ့ဘူး။ သူက ပိုင်ရှင်နဲ့ ဆက်သွယ်ပေးဖို့ပဲကူညီခဲ့တာ"

"အဒေါ်!"
ရှဖူရုန်လည်း ကျူးကျွင်းရှီရဲ့ အမူအရာကိုမြင်လိုက်တော့ သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်တယ်။

သူမက သည်းမခံနိုင်စွာပဲ ထပ်ရှင်းပြဖို့လုပ်လိုက်တယ်။
"ဒီကောက်ကျစ်တဲ့ ကျေးတောသူလေး လှည့်စားတာ မခံမိစေနဲ့နော် အဒေါ် လယ်သမားတစ်ယောက်ရဲ့ သမီးက အရည်အချင်းတွေ ရှိနေပါစေဦး ဒီဆိုင်ဝယ်နိုင်ဖို့ထိတော့ မစွမ်းဆောင်နိုင်ပါဘူး။ ငွေပမာဏ နည်းနည်းလေးမှ မဟုတ်တာ အာ ထောင်ဂဏန်းထက်များတဲ့ လျန်ပမာဏလေ! သမီးအမြင်တော့ သူ ဒီလောက်ငွေအများကြီး ရှာနိုင်ဖို့မပြောနဲ့ မြင်တောင်မြင်ဖူးပါ့မလားမသိဘူး"

သူမရဲ့ဖြုတ်ဦးနှောက်နဲ့ တွေးနိုင်သလောက်ကတော့ အဒေါ့်မိသားစုက သူမကိုမွေးစားရင် သူမဘဝ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုတာပဲ။ စစ်သူကြီးနေအိမ်နဲ့ ဆက်နွယ်နေတဲ့ ဘုန်းအသရေနဲ့ ကြွယ်ဝ ချမ်းသာမှုအားလုံးက သူမဟာတွေလို့ ဆုံးဖြတ်နိုင်လိမ့်မည်။ ဒီလိုဆိုင်တွေကိုဝယ်ဖို့
လျန်ထောင်ကျော်လောက်ရောပေါ့။ ရှမိသားစုမှာဆို သူမက မျက်နှာသာမပေးခံရတဲ့သမီးဖြစ်သည်။ သူမရဲ့ လစဉ်ရတဲ့မုန့်ဖိုးက အစေခံခေါင်းဆောင် ရသလောက်တောင်မရှိပေ။ လျန်ထောင်ဂဏန်းလောက်နဲ့ဆို အဝတ်အစားတွေ လက်ဝတ်ရတနာတွေ ဘယ်လောက်ထိတောင် ဝယ်နိုင်လိမ့်မလဲ။ တွေးလေလေ ခါးသက်သက်ဖြစ်လာလေပဲ။

သူ့တူမက ဒီအကြောင်းကိုပဲ ထပ်တလဲလဲပြောနေတော့ သခင်မဖန်းရဲ့ မျက်နှာက မဲမှောင်လာပြီး ဝေဖန်လိုက်တယ်။

"ဘာလို့သူမက မရှာနိုင်ရမှာလဲ။ ရှောင်ချောင်းက ချက်ပြုတ်ရေးမှာ အရမ်းတော်တဲ့သူ။ ကျိန်ရှုံစားသောက်ဆိုင်က ကြက်ကင်၊ ဘဲသားပေါင်း၊ အသားနှပ်၊ ခရုဆီနဲ့ အသီးအရွက်တွေက သူမထွင်ထားတဲ့ ဟာတွေချည်းပဲ။ ဘဲသားပေါင်းတစ်ခုထဲနဲ့ သူမရှယ်ယာဝေစုကနေ လျန်ထောင်ဂဏန်းလောက် အသာလေး အမြတ်ရတယ်။ ထပ်ပြောရရင် မြို့တော်က ဟိုင်ထျန်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်မှာလည်း ရှောင်ချောင်းရဲ့ရှယ်ယာတွေရှိတယ်။ ဒီလောက် ငွေရွှင်နေတာ သူ့အတွက် ဒီလိုဆိုင်လေးများ ဝယ်ဖို့ခက်တယ်လို့ ထင်နေတာလား"

"အိုး? ဘဲသားပေါင်းက ဒီကလေးမလေး ထွင်ထားတာလား။ ငါရဲ့ မယ်အမေက တအားကြိုက်တာ (မယ်တော်လို့ပြောမို့ကို အမေလို့ ပြင်ပြောလိုက်တာပါ) ဒါပေမဲ့ သွားဝယ်တိုင်း အမြဲတန်းစီရတာ ငါတို့မှာ ဝယ်လို့ကိုမရဘူး"

ကျူးကျွင်းရှီက သူ့ရှေ့က ပိန်ပိန်ပါးပါးနှင့် သေးငယ်တဲ့ကောင်မလေးကို စိတ်ဝင်တစားနဲ့ ကြည့်ရှု စစ်ဆေးလိုက်တယ်။ မြို့တော်ရဲ့အကျော်ကြားဆုံး ဟင်းလျာတွေကို သူမဖန်တီးထားတယ်လို့ မထင်ထားခဲ့မိ။ ဒါက 'စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့' ဆိုတာရဲ့ အကောင်းဆုံးဥပမာပင်။

ရှဖူရုန်က သူမကို အကြည့်တစ်ချက်တောင်မပေးတဲ့ မင်းသားကျင်းရဲ့သားက ထိုနိမ့်ကျတဲ့ မိန်းကလေးကိုကျ ပြုံးပြနေတာတွေ့တော့ သူမရဲ့အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်စွမ်းတွေက ရိုက်ချခံလိုက်ရတော့တယ်။

"အဓိပ္ပာယ်မရှိလိုက်တာ!! အဒေါ် သူပြောတာတွေကိုမယုံနဲ့ ဆင်းရဲပြီးနိမ့်ကျတဲ့ လယ်သမားသမီးလေး သာသာပဲလေ။ တစ်နှစ်ကို ကြက်သား  ဘယ်နှခါလောက်များ စားနိုင်မှာလဲ ဘဲဝယ်ဖို့ရော တတ်နိုင်လို့လား စားစရာ စာရင်းတွေနဲ့ ချက်ပြုတ်နည်းတွေက စည်းကားတဲ့လမ်းတွေက နာမည်ကြီးစားဖိုမှူးတွေဆီက လာတာနေမှာပေါ့"

"ဒီကအမကြီးရေ, ကျွန်မတို့က တစ်ခါမှမသိဖူးတဲ့ သူစိမ်းတွေပါနော် ဘာကိစ္စ ကျွန်မကိုပဲ ပစ်မှတ်ထား နေရတာလဲရှင့် ကြက်ကင်နဲ့ ဘဲသားပေါင်းအပါအဝင် တခြားဟာတွေ ကျွန်မဆီက လာတာ မဟုတ်ဘူးပေါ့? အဲ့လိုဆို ပြောပါဦး ဘယ်သူ့ဆီကလာလဲဆိုတာလေး... သေချာတောင် မစုံစမ်း ကြည့်ရသေးဘဲနဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲတော့ လာမလုပ်ပါနဲ့။ ကျွန်မဂုဏ်သတင်းကို စွန်းထင်းအောင် လုပ်ဖို့ ရှင့်အတွက် လွယ်ကူတယ်လို့ တကယ်ကြီးများ ထင်နေတာလား?"

ထိုကောင်မလေးက သူ့မွေးစားအမေရဲ့တူမဖြစ်နေသေးတာမို့ လုံးဝပြတ်ပြတ်သားသား တုပ်လွှတ်လိုက်လို့ မဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လိုသေးတယ်လေ။ ဒီမိန်းကလေးက သူမကို တွန်းချပြီး အနိုင်ကျင့်ဖို့လွယ်ကူတယ်များ ထင်နေတာလား။

သူမက ရှဖူရုန် ပြန်လည်ချေပတာတောင် စောင့်မနေတော့ဘဲ ကောင်ချောလေးဘက် လှည့်လိုက်ပြီး သတိပေးလိုက်တယ်။
"ဘဲသားပေါင်းက အရသာရှိပြီး ရောင်ရမ်းခြင်းနှင့်အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးနိုင်တယ် သွေးကြောတွေကို အားကောင်းစေနိုင်တယ် ဆိုပေမယ့် အအေးစာဖြစ်နေတော့ အမျိုးသမီးတွေ မကြာခဏ စားလို့မသင့်ဘူး အဲ့ဒီအစား ရက်အနည်းငယ်လောက် ခြားစားပေါ့"

သူ့ရင်ဘတ်လောက်တောင်မရှိတဲ့ ကောင်မလေးက ဘဲသားပေါင်းရဲ့ ဂုဏ်သတ္တိတွေကို ကောင်းကောင်း ပြောလာနိုင်မယ်လို့ သူမထင်ထားခဲ့။ ဒါကြောင့် သခင်မဖန်း ရှင်းပြတဲ့စကားကို ယုံကြည်သွားတယ်

"မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်... အမေ့ကို သေချာပေါက်ပြောလိုက်ပါ့မယ် အခု ဖရဲသီးဖိုး ရှင်းရအောင်... အမေအကြာကြီးစောင့်နေရမှာစိုးလို့"

"အားလုံးပေါင်းဆယ်လျန်ပါ"
ယွီရှောင်ချောင်းက ငွေကိုမြန်မြန်ဆန်ဆန်ပဲ ယူလိုက်ပြီး နွေးထွေးစွာ ပြောလိုက်တယ်။

"လာဝယ်တဲ့အတွက် ကျေးဇူးပါ နောက်တစ်ခါ လာဝယ်ဖို့လည်း မျှော်လင့်ပါတယ်__"

ရှဖူရုန်ဟာ သူမနှစ်သက်တဲ့သူက သူမကို လုံးဝလျစ်လျုရှုသွားတော့ ဒေါသထွက်ကာ မကျေမနပ်ဖြစ်ပြီး လွှတ်ခနဲ ပြောလိုက်တယ်
"လယ်သမားသမီးမှန်း သိသားချက် နိမ့်ကျလိုက်တာ! ဒုတိယသခင်လေးက အဒေါ်ရဲ့ တူလိုမျိုးပဲကို ဘယ်လိုတောင် သူ့ငွေကိုယူနိုင်ရတာလဲ"

***

[Zawgyi]

အပိုင္း ၁၇၉ - ရန္လိုမႈ

ဆိုင္မွာက်န္ေနတဲ့ ဖရဲသီးေတြထဲကေန ေရွာင္ေခ်ာင္းက ဝိညာဥ္စြမ္းအင္အမ်ားဆုံးပါဝင္တဲ့ ႏွစ္လုံးကို ေ႐ြးလိုက္ၿပီး စင္ေပၚကေန ဂ႐ုတစိုက္ထုတ္လာကာ ေကာင္တာဆီကို ကိုယ္တိုင္ သယ္လာတယ္။ သူမရဲ႕ ေမြးစားအေမဆီကေန ေကာင္းမြန္တဲ့ ထင္ျမင္ခ်က္ရေအာင္ လုပ္ဖို႔လိုတယ္။ တျခားတစ္ဖက္မွာေတာ့ သခင္မဖန္းက ေသးငယ္ၿပီး ပ်က္စီးလြယ္တဲ့ ခႏၶာကိုယ္ရွိတဲ့ မိန္းမငယ္ေလးက ဖရဲသီးေတြကို မ,လာတာ ေတြ႕ေတာ့ သူမအေစခံေတြကို အမိန႔္ေပးလိုက္တယ္

"လင္းလုံ, က်န္းက်ဴး, မင္းတို႔ႏွစ္ေယာက္ ဘာလို႔ သြားမကူၾကေသးတာလဲ"

ယြီေရွာင္ေခ်ာင္းက သခင္မဖန္းေရွ႕မွာမို႔ နည္းနည္းရွက္ေနၿပီး ထိုအမ်ိဳးသမီးကို ၾကည့္ဖို႔ ေမာ့လိုက္တဲ့ အခ်ိန္ သူမမ်က္ႏွာမွာ ရွက္တက္တက္ အၿပဳံးေလးေပၚေနတယ္။ သူမက တက္ႂကြၿပီး စကားမ်ားတတ္တဲ့ စ႐ိုက္ရွိေပမယ့္ အခုေတာ့ ဘာေျပာရမွန္းကိုမသိေတာ့။

သခင္မဖန္းက ေခါင္းငုံ႔လိုက္ၿပီး ရွက္ကိုးရွက္ကန္းၿပဳံးေနတဲ့ ကေလးမေလးကို ညင္ညင္သာသာ ၾကည့္လိုက္ကာ သူမက ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးမွာ ေပေနတဲ့ ဖုန္ေတြကို သူမရဲ႕လက္ကိုင္ပဝါနဲ႔ ဖြဖြေလး သုတ္ေပးလိုက္တယ္။ ထိုကေလးမေလးရဲ႕ ေတာက္ေျပာင္ေခ်ာေမြ႕ၿပီး နက္ေမွာင္ေနတဲ့ ဆံသားေလးေတြကိုလည္း ပြတ္သပ္ေပးလိုက္တယ္။

ခုနတုန္းက စိုးရိမ္ေၾကာင့္ၾကေနတဲ့ ကေလးမေလးရဲ႕မ်က္လုံးေတြက ခ်က္ခ်င္း ေတာက္ပၿပီး ၾကယ္ပြင့္ေတြလို တဖ်က္ဖ်က္ လက္လာတယ္။ ထိုသို႔ ျပဳလုပ္ေပးလိုက္ျခင္းက သူမကို ေတာ္ေတာ္ေလး သြက္လက္ တက္ႂကြတဲ့ပုံစံ ျဖစ္လာေစတယ္။

"ကေလးမေလး, ဒီဖရဲသီးႏွစ္လုံးက ဘယ္ေလာက္က်လဲ"

ကေလးမေလးရဲ႕ ႐ိုးသားစြာၿပဳံးေနတဲ့ မ်က္ႏွာကိုျမင္ၿပီး အမ်ိဳးသမီးဖန္းက သူ႔တူမရဲ႕ မည္းေမွာင္ေနတဲ့ မ်က္ႏွာအေျခအေနကို တစ္ခ်က္ ခိုးၾကည့္လိုက္ရင္း သူမက ပိုလို႔တက္ႂကြလာတယ္။ ထိုအမ်ိဳးသမီးရဲ႕ မ်က္ႏွာအမူအရာနဲ႔ စိတ္ခံစားခ်က္က ေရွာင္ေခ်ာင္းကို စေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း ေဖာ္ျပေနတယ္။

ယြီေရွာင္ေခ်ာင္းက ရွက္ေသြးျဖန္းေနတဲ့အမူအရာနဲ႔ သူ႔အက်ႌအနားစသူ လိမ္ၿပီး သခင္မဖန္းအနားကို ပိုတိုးကပ္လာတယ္။ ထို႔ေနာက္ သူမက တည္တည္ၿငိမ္ၿငိမ္နဲ႔

"ကြၽန္မတို႔က မိသားစုေတြပဲ ဖရဲသီးေတြအတြက္က်သင့္ေငြအေၾကာင္း ေျပာစရာမလိုပါဘူး ဟုတ္တယ္မလား။ ကြၽန္မက ဒီဖရဲသီးႏွစ္လုံးကို ေမြးစားအေမဆီ ႐ိုေသသမႈျပတဲ့အေနနဲ႔
ေပးလိုက္ပါ့မယ္"

"အိုး? ဘယ္သူမဆို မင္းရဲ႕ေမြးစားအေမျဖစ္တယ္ဆိုၿပီး ေတြးလို႔မရဘူးေလ မင္းလူမွားမွာ မေၾကာက္ဘူးလား"

သခင္မဖန္းက သူမကို အိမ္က ပါရွားေၾကာင္ေလးတစ္ေကာင္လို သေဘာထားၿပီး စေနတယ္။ သူမ အမူအရာနဲ႔ ေလသံကလည္း ရယ္ခ်င္စိတ္ သန္းေနတယ္။

ယြီေရွာင္ေခ်ာင္းက ခဏတြန္႔ဆုတ္ေနၿပီးေနာက္ မေသခ်ာမေရရာတဲ့ ေလသံကို တမင္သက္သက္သုံးၿပီး ေမးလိုက္တယ္

"ကြၽန္မေမးလို႔ရမလား အရီးက ဖန္းမိသားစုကလားဟင္"

သခင္မဖန္းက ၿပဳံးခ်င္ခ်င္ျဖစ္ေနၿပီး ေႏွးေကြးစြာ ျပန္ေျဖတယ္။
"ဒီကမာၻမွာ မိသားစုနာမည္တူတဲ့သူေတြ အမ်ားႀကီးပဲေလ ဖန္းအမ်ိဳးသမီးတိုင္းက မင္းရဲ႕ ေမြးစားအေမလား ေျပာပါဦး?"

"ကြၽန္မရဲ႕ ေမြးစားအေဖေျပာတာေတာ့ ေမြးစားအေမက လွပတယ္၊ သေဘာထားႀကီးတယ္၊ ႏူးညံ့ သိမ္ေမြ႕တဲ့ စ႐ိုက္ရွိၿပီး ျပတ္လည္းျပတ္သားတယ္၊ ၾကင္နာတတ္ၿပီး သတၱိလည္းရွိတယ္။ ၿပီးေတာ့ ေမြးစားအေဖက ေျပာေသးတယ္ ကြၽန္မတို႔က စိတ္သေဘာထားခ်င္း ေတာ္ေတာ္ေလးတူတာမို႔ ေကာင္းေကာင္း ေရွ႕သြားေနာက္လိုက္ ညီႏိုင္တယ္တဲ့။ စျမင္ကတည္းက အရီးက ေဖာ္ေ႐ြတဲ့သူျဖစ္ၿပီး ကြၽန္မရဲ႕ ေမြးစားအေမဆိုတာကို စိတ္ထဲကအလိုလိုသိေနတာ!"

ယြီေရွာင္ေခ်ာင္းက ထိုအမ်ိဳးသမီး စိတ္ေက်နပ္ေစဖို႔ ပါးပါးနပ္နပ္နဲ႔ ေျမႇာက္ပင့္လိုက္တယ္။

မင္းသားက်င္းရဲ႕ ဒုတိယသားဆီပဲ အာ႐ုံေရာက္ေနတဲ့ ရွဖူ႐ုန္က ယြီေရွာင္ေခ်ာင္းရဲ႕ "ရွင္က ကြၽန္မရဲ႕ ေမြးစားအေမ" လို႔ေျပာတာကို ၾကားသြားၿပီးေနာက္  ႐ုတ္တရက္ သတိရွိသြားတယ္။ သူမရဲ႕ ဗာဒံသီးပုံစံ မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး ယြီေရွာင္ေခ်ာင္းကို  အျပင္းအထန္ စိုက္ၾကည့္လိုက္သည္။ ထိုေကာင္မေလးက အဝတ္အစားကို ႐ိုး႐ိုးစင္းစင္းပဲ ဝတ္ထားတယ္၊ သာမန္႐ုပ္ရည္နဲ႔ နိမ့္က်တဲ့ အဆင့္အတန္းကဆိုတာ သူမရဲ႕ ရွက္ကိုးရွက္ကန္းအျပဳအမူက ေဖာ္ျပေနတယ္။

သူမက သေရာ္လိုက္ၿပီး ေျခာက္ကပ္ကပ္နဲ႔ မွတ္ခ်က္ေပးတယ္။
"မင္း ဘယ္သူ႔ကိုမဆို ေမြးစားအေမလို႔ေခၚေနတာလား။ ကေလးမေလး, နင္ကဒီအ႐ြယ္ေလးနဲ႔ အျမင့္ကို ဘယ္လိုတြယ္တက္ရမလဲ သိေနၿပီပဲ။ တကယ္ကို စဥ္းလဲတဲ့ကေလးမပဲ!"

သူမအေဒၚက အႀကံအစည္နဲ႔လူေတြကို အမုန္းဆုံးျဖစ္သည္။ သူမစကားေတြနဲ႔ အေဒါ့္ကို အေတြးမွားေတြ ေတြးမိေအာင္ လုပ္ႏိုင္ရင္ သူမဦးေလးက ဒီကေလးမကို ေမြးစားသမီးအျဖစ္ သတ္မွတ္လိုက္ရင္ေတာင္ ကိစၥမရွိ။ စစ္သူႀကီးအိမ္ေတာ္ရဲ႕ သခင္မက သူမရဲ႕ေသြးရင္းအေဒၚျဖစ္ေနဆဲပဲေလ။
ယြီေရွာင္ေခ်ာင္းက ထိုမိန္းမေခ်ာေလးရဲ႕ ရန္လိုမႈကို ခံစားလိုက္မိတယ္။ သူမအနည္းငယ္ စိတ္ရႈပ္ေထြးသြားသလို ခံစားရတယ္။

'ငါတို႔က လုံးဝမသိတဲ့သူစိမ္းေတြေလ ဒါဆို ဘာလို႔ ငါ့ကိုအရွက္ခြဲဖို႔ တမင္ႀကိဳးစားေနရတာတုန္း?'
သခင္မဖန္းက သူ႔တူမရဲ႕ ႐ိုင္းစိုင္းတဲ့တဖက္ျခမ္းကို အရင္ကမျမင္ဖူးခဲ့။ အၿမဲလိုလို သူ႔တူမက မလည္မဝယ္ ႐ိုး႐ိုးစင္းစင္းပုံစံေပၚၿပီး တက္ႂကြကာ သူမ်ားကိုလည္း ေကာင္းေကာင္း နားလည္ေပးတတ္သူ ျဖစ္သည္။ ဒီေန႔ ေျပာလိုက္တဲ့ စကားေတြက် ဘာလို႔ ဒီေလာက္ ဆိုး႐ြားေနရတာလဲ။ သူ႔တူမ သူမကို စိတ္ေက်နပ္ေစဖို႔ ႀကိဳးစားခဲ့တာေတြ၊ ၿပီးေတာ့ သူမက စစ္သူႀကီးအိမ္ေတာ္ကို သူမရဲ႕ ဒုတိယအိမ္လို႔ျမင္တယ္လို႔ ေျပာတာေတြကို ျပန္ေတြးၾကည့္မိတယ္။

သခင္မဖန္းက အတြင္းစည္းႏိုင္ငံေရးႏွင့္ အကြၽမ္းတဝင္ရွိၿပီး ရွမိသားစုရဲ႕ဇနီးနဲ႔ ကိုယ္လုပ္ေတာ္ေတြရဲ႕ ရန္လိုမႈႏွင့္ ႀကံစည္မႈေတြကိုလည္း ကိုယ္တိုင္ကိုယ္က် ေတြ႕ႀကဳံဖူးသည္။ မ်က္ေတာင္တစ္ခတ္ အတြင္းမွာ သူမ တူမေလးလုပ္ဖို႔ ႀကိဳးစားေနတဲ့အရာကို သိလိုက္ရၿပီး ခ်က္ခ်င္း မေပ်ာ္မ႐ႊင္ ျဖစ္သြားတယ္။ သူမတူမရဲ႕ ႐ိုးရွင္းၿပီး အျပစ္ကင္းတဲ့ပုံစံက သူမေရွ႕မွာမို႔ သ႐ုပ္ေဆာင္ေနခဲ့တာေတြေပါ့!

သခင္မဖန္းက ရွဖူ႐ုန္ကို ခပ္တင္းတင္းၾကည့္လိုက္ၿပီး အနည္းငယ္ ႏူးညံ့တဲ့အသံနဲ႔ ေျပာလိုက္တယ္
"ဖူ႐ုန္, သူက မင္းရဲ႕ ဦးေလးကိုယ္တိုင္ အသိအမွတ္ျပဳထားတဲ့ ေမြးစားသမီး။ သူ႔နာမည္က ယြီေရွာင္ေခ်ာင္းတဲ့။ သူက ဆယ္ႏွစ္ေတာင္မျပည့္ေသးဘဲ သူ႔မိသားစုကို ကိုယ္တိုင္ေထာက္ပံ့ႏိုင္ေနၿပီ။ ငါတို႔လက္ရွိဧကရာဇ္က အမ်ိဳးသမီးေတြ ကိုယ့္ကိုယ္ကိုတိုးတက္ဖို႔နဲ႔ အမွီအခို ကင္းတဲ့သူျဖစ္ဖို႔ ႀကိဳးစားသင့္တဲ့အေၾကာင္း အားေပးအားေျမႇာက္မျပဳခဲ့ဖူးလား။ အေဒၚကေတာ့ ေရွာင္ေခ်ာင္းက အေကာင္းဆုံးဥပမာပဲဆိုတာ ယုံတယ္!"

ေမြးစားအေမျဖစ္သူက သူမကိုေထာက္ခံေနၿပီး ဂုဏ္ပုဒ္ျမင့္ျမင့္ထားကာ ခ်ီးက်ဴးေနတာ ၾကားေတာ့ ယြီေရွာင္ေခ်ာင္းက ႏွိမ့္ခ်စြာပဲ ျမန္ျမန္ဝင္ေျပာလိုက္တယ္
"ေမြးစားအေမ, ခ်ီးက်ဴးလြန္းေနပါၿပီ! ကြၽန္မမိဘေတြနဲ႔ ေမာင္ႏွမေတြ အကူအညီမပါဘဲ ဘာမွလုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ေမြးစားအေဖကလည္း အမ်ားႀကီးကူညီေပးတယ္။ ဥပမာဆို ဒီဆိုင္က ေနရာေကာင္းမွာ ရွိတာေလ အရင္ပိုင္ရွင္က ေမြးစားအေဖကို ေကာင္းေကာင္းအေလးထားလို႔သာ ကြၽန္မတို႔ ဝယ္ႏိုင္သြားတာ..."

"ဘာ!"
ရွဖူ႐ုန္က ေလသံျမႇင့္လိုက္ၿပီး မနာလိုမႈေၾကာင့္ မ်က္ႏွာကရႈံမဲ့သြားတယ္။

"ဦးေလးက ဒီဆိုင္ကို နင့္အတြက္ဝယ္ေပးတာ အေဒၚ, ဒီလိုေနရာေကာင္းတဲ့ဆိုင္က အနည္းဆုံး လ်န္တစ္ေထာင္ေလာက္ေတာ့ ရွိမွာပဲ။ သူ႔လို ေက်းေတာသူေလးက ဒီေလာက္ေဈးႀကီးတာကို ဘယ္လိုလုပ္ ဝယ္ႏိုင္မွာလဲ။ ဦးေလး ေတာ္ဝင္သံတမန္ရာထူးယူတုန္းက လ်န္ေထာင္ဂဏန္း အနည္းငယ္ပဲ ယူလာခဲ့တာမလား။ သူက တျခားသူေတြဆီက လာဘ္ေတြယူခိုင္းၿပီး ဝယ္ခဲ့တာ ျဖစ္ႏိုင္မလား အေဒၚ"

ရွဖူ႐ုန္က သူမအေဒၚနဲ႔ရွိတာ ႏွစ္ႏွစ္ေလာက္ရွိၿပီျဖစ္လို႔ သူမအေဒၚက လာဘ္စားတဲ့အရာရွိေတြကို ႐ြံ႕မုန္းတာ သိထားတယ္။ သူမေယာက်ာ္းကိုလည္း တံစိုးလက္ေဆာင္အနည္းငယ္မွ် မယူဖို႔ ဧကရာဇ္ရဲ႕ ယုံၾကည္မႈမဆုံးရႈံးေစဖို႔ အၿမဲတေစ သတိေပးေနတတ္သူျဖစ္တယ္။ အကယ္၍ ဤကဲ့သို႔ေသာကိစၥသာ အမွန္တကယ္ ျဖစ္လာၾကည့္ပါလား ဒီေခြးမေလးကို သူ႔အေဒၚလုံးဝသေဘာက်ေတာ့မွာ မဟုတ္ေပ။ ဒါဆိုရင္ သူမရဲ႕ စစ္သူႀကီးအိမ္ေတာ္မွာ သခင္မေလးျဖစ္လာဖို႔ အိမ္မက္ကလည္း ေျခတစ္လွမ္း ပိုနီးသြားမယ္မလား။

သို႔ေသာ္လည္း ယြီေရွာင္ေခ်ာင္းက ကိုးႏွစ္အ႐ြယ္ကေလးေလးတစ္ေယာက္မွ ဟုတ္မေနတာ။ ထို ႏူးညံ့သိမ္ေမြ႕သလို ၾကာပန္းပ်ိဳျဖဴေလးရဲ႕ မ်က္လုံးေနာက္ကြယ္မွာ အႀကံအစီအစဥ္ေတြရွိေနတာ တပ္အပ္ ေျပာႏိုင္တာေပါ့။ သူမကမ်က္ခုံးက်ဳံ႕လိုက္ၿပီး

'ငါသူ႔ကို အေႏွာက္အယွက္မေပးခဲ့ဖူးတာ ေသခ်ာပါတယ္။ ဒါဆိုဘာလို႔ ေျခလာထိုးဖို႔ လုပ္ေနရတာတုန္းဟ! သူဘာျဖစ္ခ်င္ေနတာလဲ?'
သူမက ရွင္းျပလိုက္တယ္။

"ဒီကအစ္မေရ! ရွင္ေျပာတာ မွားေနတယ္ေနာ္။ ကြၽန္မက ေက်းေတာသူေလးသာသာပဲဆိုတာ ဘာေျပာတာလဲ? ရွင္က ေတာင္သူလယ္သမားေတြကို ခြဲခြဲျခားျခားဆက္ဆံေနတာပဲ! လူတန္းစားေလးမ်ိဳးမွာ လယ္သမားေတြအထက္ ပညာရွင္ေတြပဲရွိတယ္။ လယ္သမားေတြ ေန႔ေကာညေရာ အလုပ္မႀကိဳးစားဘူးဆိုရင္ အစ္မေတာင္ အမတျဖစ္ေနေတာ့မွာ..."

ယြီေရွာင္ေခ်ာင္းကေတာ့ ဒီေကာင္မေလးအရွက္ခြဲမွာကို လုံးဝလက္ခံမွာမဟုတ္။ ေမြးစားအေမသာ သူ႔အလိမ္အညာေတြကို ယုံသြားရင္ ဘယ္လိုလုပ္ၾကမလဲ။ သူမက စားေရးေသာက္ေရးအတြက္ေရာ အမိုးအကာအတြက္ေရာ ဖန္းမိသားစုဆီမွာ မမွီခိုေနခဲ့ဘူးေလ ဒါေၾကာင့္ သူမ႐ိုက္ခ်တာ ဘာလို႔ ခံေနရမွာလဲ။ ဘယ္ကိစၥမဆို သူမေမြးစားအေဖက ေရာက္လာေပးတယ္။ သူ သူမကို ေကာင္းေကာင္း ဆက္ဆံခ်င္တာ ေကာင္းတဲ့အရာပဲေလ။ ဒါေပမယ့္ ဒီလိုေတြ ေကာင္းေပးဖို႔ သူမဘယ္တုန္းကမွ တြန္းအားမေပးခဲ့။ ဒါေၾကာင့္မို႔ စႏိုးစေနာင့္ျဖစ္မေနဘဲ လြယ္လြယ္ကူကူပဲ ယုံၾကည္ခ်က္ရွိရွိ သူမကိုယ္ သူမ ကာကြယ္ႏိုင္တာျဖစ္သည္။

သခင္မဖန္းက သူမေရွ႕က ကေလးမေလးက ေက်ာမတ္မတ္ မ်က္လုံးက်ယ္က်ယ္ဝန္းဝန္းေတြနဲ႔ သူမကိုယ္သူမ ကာကြယ္ေနတာကိုျမင္ေတာ့ ဒီေကာင္မေလးက မာနႀကီးၿပီး စိတ္အားထက္သန္တဲ့ ၾကက္ေပါက္ေလးတစ္ေကာင္နဲ႔ တူတယ္လို႔ ေတြးမိလိုက္တယ္။ ဒါ ေတာ္ေတာ္ကို ရွားပါးတဲ့ျမင္ကြင္းပဲ။
"ခုနကေျပာတာ ဘာကိုဆိုလိုတာလဲ"

သခင္မဖန္းက ဒီကိစၥမွာ အမတဆိုတဲ့ အသုံးအႏႈန္းက ခ်ီးမြမ္းစကားဟုတ္မေနဘူးဆိုတာ သိတယ္။
"ဒ႑ာရီေတြမွာဆို အမတေတြက ေလကိုစုပ္ယူၿပီး ႏွင္းရည္ကိုပဲ ေသာက္ဖို႔ လိုအပ္တယ္တဲ့။ ဒါေၾကာင့္ သူတို႔က ေသမ်ိဳးေလာကရဲ႕ သာမန္အစားအစာေတြကို မလိုအပ္ဘူး။ လယ္စိုက္ဖို႔ လယ္သမားေတြမရွိရင္ ဘာသီးႏွံမွ ရွိမွာမဟုတ္ဘူးေလ။ ဘာသီးႏွံမွမရွိရင္ လူေတြဘာစားမွာလဲ? အေနာက္ေျမာက္ေလကို ေသာက္ၾကမွာလား?"

ယြီေရွာင္ေခ်ာင္းက ရွဖူ႐ုန္ကို မ်က္လုံးလွန္ၾကည့္လိုက္တယ္။ ဒါက မယုံႏိုင္ေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းေနတယ္။

သို႔ေသာ္လည္း ရွဖူ႐ုန္က ခ်စ္စရာေကာင္းတယ္လို႔ တစ္စက္ကေလးမွျမင္မေန။ အဆင့္အတန္းနိမ့္က်တဲ့ လယ္သမား သမီးကမ်ား သူမကို အေဒၚေရွ႕ မ်က္ႏွာပ်က္ရေအာင္လုပ္တယ္။ သူမက ခ်က္ခ်င္း ေဒါသတႀကီး ေအာ္ဟစ္လိုက္ၿပီး

"ဒီဆိုင္က မင္း ဦးေလးဆီကေငြနဲ႔ ၀ယ်ခဲ့တာမဟုတ်ဘူးလို႔ မင္းေျပာရဲလား လ်န္ေထာင္ဂဏန္းက နည္းနည္းေလး မဟုတ္ဘူးေနာ္။ ဒီလိုအ႐ြယ္မွာေတာင္ အႀကံအစည္ေတြနဲ႔ျဖစ္ေနၿပီ ႀကီးလာရင္ေတာ့ မေတြးရဲစရာပဲ"

က်ဴးကြၽင္းရွီက သူ႔ဖရဲသီးကို ယူေနတုန္းရွိေသးတယ္ ရွဖူ႐ုန္ရဲ႕စူးစူးေလာင္ေလာင္အသံနဲ႔ အယုတ္တမာ အမူအရာမ်ိဳးကို ေတြ႕ေတာ့ ႐ုတ္တရက္ ထိတ္လန႔္အံ့ဩမိသြားတယ္။ ျမင့္ျမတ္တဲ့ မိသားစုက သခင္မေလးတစ္ေယာက္မွာ ဒီလိုအေပါက္ဆိုးတဲ့ တစ္ဖက္ျခမ္းရွိလိမ့္မယ္လို႔ တစ္ခါမွ မေတြးမိဖူးဘူး။ ႏူးညံ့သိမ္ေမြ႕စြာ ပ်ိဳးေထာင္ခံလာရတဲ့ မိန္းမပ်ိဳေလးေတြကေတာ့ သူ႔ရဲ႕ယူဆခ်က္ေၾကာင့္ မတရားဘူးဆိုၿပီး ကန႔္ကြက္ၾကလိမ့္မည္။

"ေတာ္သင့္ၿပီ!!"
သခင္မဖန္းက မင္းသားက်င္း ဒုတိယေျမာက္သားရဲ႕မ်က္ႏွာမွာ အံ့ဩသြားတဲ့အမူအရာ ဖ်က္ခနဲ လက္သြားတာ သတိထားမိလိုက္တယ္။ အခု သူမလည္း ထိုတူမေလးအေပၚ စိတ္ရွည္မႈေတာင္ နည္းသြားၿပီ။

"ဖူ႐ုန္, မင္းဦးေလးက ဒီဆိုင္အေၾကာင္း စာထဲမွာ ရွင္းျပထားၿပီးသား။ ဒီဆိုင္ဝယ္ဖို႔ ေငြေတြက ေရွာင္ေခ်ာင္းကိုယ္တိုင္ ရွာထားတာေတြ။ ဒီဆိုင္ပိုင္ရွင္ေဟာင္းက တိုင္းတရားသူႀကီးဝူေလ။ မင္းဦးေလးက ဘာလာဘ္မွ မယူခဲ့ဘူး။ သူက ပိုင္ရွင္နဲ႔ ဆက္သြယ္ေပးဖို႔ပဲကူညီခဲ့တာ"

"အေဒၚ!"
ရွဖူ႐ုန္လည္း က်ဴးကြၽင္းရွီရဲ႕ အမူအရာကိုျမင္လိုက္ေတာ့ သူ႔ကိုယ္သူ ျပန္ထိန္းခ်ဳပ္လိုက္တယ္။

သူမက သည္းမခံႏိုင္စြာပဲ ထပ္ရွင္းျပဖို႔လုပ္လိုက္တယ္။
"ဒီေကာက္က်စ္တဲ့ ေက်းေတာသူေလး လွည့္စားတာ မခံမိေစနဲ႔ေနာ္ အေဒၚ လယ္သမားတစ္ေယာက္ရဲ႕ သမီးက အရည္အခ်င္းေတြ ရွိေနပါေစဦး ဒီဆိုင္ဝယ္ႏိုင္ဖို႔ထိေတာ့ မစြမ္းေဆာင္ႏိုင္ပါဘူး။ ေငြပမာဏ နည္းနည္းေလးမွ မဟုတ္တာ အာ ေထာင္ဂဏန္းထက္မ်ားတဲ့ လ်န္ပမာဏေလ! သမီးအျမင္ေတာ့ သူ ဒီေလာက္ေငြအမ်ားႀကီး ရွာႏိုင္ဖို႔မေျပာနဲ႔ ျမင္ေတာင္ျမင္ဖူးပါ့မလားမသိဘူး"

သူမရဲ႕ျဖဳတ္ဦးေႏွာက္နဲ႔ ေတြးႏိုင္သေလာက္ကေတာ့ အေဒါ့္မိသားစုက သူမကိုေမြးစားရင္ သူမဘဝ ဘယ္လိုျဖစ္လာႏိုင္သလဲ ဆိုတာပဲ။ စစ္သူႀကီးေနအိမ္နဲ႔ ဆက္ႏြယ္ေနတဲ့ ဘုန္းအသေရနဲ႔ ႂကြယ္ဝ ခ်မ္းသာမႈအားလုံးက သူမဟာေတြလို႔ ဆုံးျဖတ္ႏိုင္လိမ့္မည္။ ဒီလိုဆိုင္ေတြကိုဝယ္ဖို႔
လ်န္ေထာင္ေက်ာ္ေလာက္ေရာေပါ့။ ရွမိသားစုမွာဆို သူမက မ်က္ႏွာသာမေပးခံရတဲ့သမီးျဖစ္သည္။ သူမရဲ႕ လစဥ္ရတဲ့မုန႔္ဖိုးက အေစခံေခါင္းေဆာင္ ရသေလာက္ေတာင္မရွိေပ။ လ်န္ေထာင္ဂဏန္းေလာက္နဲ႔ဆို အဝတ္အစားေတြ လက္ဝတ္ရတနာေတြ ဘယ္ေလာက္ထိေတာင္ ဝယ္ႏိုင္လိမ့္မလဲ။ ေတြးေလေလ ခါးသက္သက္ျဖစ္လာေလပဲ။

သူ႔တူမက ဒီအေၾကာင္းကိုပဲ ထပ္တလဲလဲေျပာေနေတာ့ သခင္မဖန္းရဲ႕ မ်က္ႏွာက မဲေမွာင္လာၿပီး ေဝဖန္လိုက္တယ္။

"ဘာလို႔သူမက မရွာႏိုင္ရမွာလဲ။ ေရွာင္ေခ်ာင္းက ခ်က္ျပဳတ္ေရးမွာ အရမ္းေတာ္တဲ့သူ။ က်ိန္ရႈံစားေသာက္ဆိုင္က ၾကက္ကင္၊ ဘဲသားေပါင္း၊ အသားႏွပ္၊ ခ႐ုဆီနဲ႔ အသီးအ႐ြက္ေတြက သူမထြင္ထားတဲ့ ဟာေတြခ်ည္းပဲ။ ဘဲသားေပါင္းတစ္ခုထဲနဲ႔ သူမရွယ္ယာေဝစုကေန လ်န္ေထာင္ဂဏန္းေလာက္ အသာေလး အျမတ္ရတယ္။ ထပ္ေျပာရရင္ ၿမိဳ႕ေတာ္က ဟိုင္ထ်န္တံဆိပ္ ဟင္းခတ္အေမႊးအႀကိဳင္မွာလည္း ေရွာင္ေခ်ာင္းရဲ႕ရွယ္ယာေတြရွိတယ္။ ဒီေလာက္ ေငြ႐ႊင္ေနတာ သူ႔အတြက္ ဒီလိုဆိုင္ေလးမ်ား ဝယ္ဖို႔ခက္တယ္လို႔ ထင္ေနတာလား"

"အိုး? ဘဲသားေပါင္းက ဒီကေလးမေလး ထြင္ထားတာလား။ ငါရဲ႕ မယ္အေမက တအားႀကိဳက္တာ (မယ္ေတာ္လို႔ေျပာမို႔ကို အေမလို႔ ျပင္ေျပာလိုက္တာပါ) ဒါေပမဲ့ သြားဝယ္တိုင္း အၿမဲတန္းစီရတာ ငါတို႔မွာ ဝယ္လို႔ကိုမရဘူး"

က်ဴးကြၽင္းရွီက သူ႔ေရွ႕က ပိန္ပိန္ပါးပါးႏွင့္ ေသးငယ္တဲ့ေကာင္မေလးကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈ စစ္ေဆးလိုက္တယ္။ ၿမိဳ႕ေတာ္ရဲ႕အေက်ာ္ၾကားဆုံး ဟင္းလ်ာေတြကို သူမဖန္တီးထားတယ္လို႔ မထင္ထားခဲ့မိ။ ဒါက 'စာအုပ္တစ္အုပ္ကို အဖုံးၾကည့္ၿပီး မဆုံးျဖတ္နဲ႔' ဆိုတာရဲ႕ အေကာင္းဆုံးဥပမာပင္။

ရွဖူ႐ုန္က သူမကို အၾကည့္တစ္ခ်က္ေတာင္မေပးတဲ့ မင္းသားက်င္းရဲ႕သားက ထိုနိမ့္က်တဲ့ မိန္းကေလးကိုက် ၿပဳံးျပေနတာေတြ႕ေတာ့ သူမရဲ႕အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားႏိုင္စြမ္းေတြက ႐ိုက္ခ်ခံလိုက္ရေတာ့တယ္။

"အဓိပၸာယ္မရွိလိုက္တာ!! အေဒၚ သူေျပာတာေတြကိုမယုံနဲ႔ ဆင္းရဲၿပီးနိမ့္က်တဲ့ လယ္သမားသမီးေလး သာသာပဲေလ။ တစ္ႏွစ္ကို ၾကက္သား  ဘယ္ႏွခါေလာက္မ်ား စားႏိုင္မွာလဲ ဘဲဝယ္ဖို႔ေရာ တတ္ႏိုင္လို႔လား စားစရာ စာရင္းေတြနဲ႔ ခ်က္ျပဳတ္နည္းေတြက စည္းကားတဲ့လမ္းေတြက နာမည္ႀကီးစားဖိုမႉးေတြဆီက လာတာေနမွာေပါ့"

"ဒီကအမႀကီးေရ, ကြၽန္မတို႔က တစ္ခါမွမသိဖူးတဲ့ သူစိမ္းေတြပါေနာ္ ဘာကိစၥ ကြၽန္မကိုပဲ ပစ္မွတ္ထား ေနရတာလဲရွင့္ ၾကက္ကင္နဲ႔ ဘဲသားေပါင္းအပါအဝင္ တျခားဟာေတြ ကြၽန္မဆီက လာတာ မဟုတ္ဘူးေပါ့? အဲ့လိုဆို ေျပာပါဦး ဘယ္သူ႔ဆီကလာလဲဆိုတာေလး... ေသခ်ာေတာင္ မစုံစမ္း ၾကည့္ရေသးဘဲနဲ႔ ဟိုစြပ္စြဲ ဒီစြပ္စြဲေတာ့ လာမလုပ္ပါနဲ႔။ ကြၽန္မဂုဏ္သတင္းကို စြန္းထင္းေအာင္ လုပ္ဖို႔ ရွင့္အတြက္ လြယ္ကူတယ္လို႔ တကယ္ႀကီးမ်ား ထင္ေနတာလား?"

ထိုေကာင္မေလးက သူ႔ေမြးစားအေမရဲ႕တူမျဖစ္ေနေသးတာမို႔ လုံးဝျပတ္ျပတ္သားသား တုပ္လႊတ္လိုက္လို႔ မျဖစ္ေပမယ့္ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ေတာ့ လိုေသးတယ္ေလ။ ဒီမိန္းကေလးက သူမကို တြန္းခ်ၿပီး အႏိုင္က်င့္ဖို႔လြယ္ကူတယ္မ်ား ထင္ေနတာလား။

သူမက ရွဖူ႐ုန္ ျပန္လည္ေခ်ပတာေတာင္ ေစာင့္မေနေတာ့ဘဲ ေကာင္ေခ်ာေလးဘက္ လွည့္လိုက္ၿပီး သတိေပးလိုက္တယ္။
"ဘဲသားေပါင္းက အရသာရွိၿပီး ေရာင္ရမ္းျခင္းႏွင့္အိုမင္းရင့္ေရာ္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္တယ္ ေသြးေၾကာေတြကို အားေကာင္းေစႏိုင္တယ္ ဆိုေပမယ့္ အေအးစာျဖစ္ေနေတာ့ အမ်ိဳးသမီးေတြ မၾကာခဏ စားလို႔မသင့္ဘူး အဲ့ဒီအစား ရက္အနည္းငယ္ေလာက္ ျခားစားေပါ့"

သူ႔ရင္ဘတ္ေလာက္ေတာင္မရွိတဲ့ ေကာင္မေလးက ဘဲသားေပါင္းရဲ႕ ဂုဏ္သတၱိေတြကို ေကာင္းေကာင္း ေျပာလာႏိုင္မယ္လို႔ သူမထင္ထားခဲ့။ ဒါေၾကာင့္ သခင္မဖန္း ရွင္းျပတဲ့စကားကို ယုံၾကည္သြားတယ္

"မင္းရဲ႕ သတိေပးမႈအတြက္ ေက်းဇူးတင္ပါတယ္... အေမ့ကို ေသခ်ာေပါက္ေျပာလိုက္ပါ့မယ္ အခု ဖရဲသီးဖိုး ရွင္းရေအာင္... အေမအၾကာႀကီးေစာင့္ေနရမွာစိုးလို႔"

"အားလုံးေပါင္းဆယ္လ်န္ပါ"
ယြီေရွာင္ေခ်ာင္းက ေငြကိုျမန္ျမန္ဆန္ဆန္ပဲ ယူလိုက္ၿပီး ေႏြးေထြးစြာ ေျပာလိုက္တယ္။

"လာဝယ္တဲ့အတြက္ ေက်းဇူးပါ ေနာက္တစ္ခါ လာဝယ္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္__"

ရွဖူ႐ုန္ဟာ သူမႏွစ္သက္တဲ့သူက သူမကို လုံးဝလ်စ္လ်ဳရႈသြားေတာ့ ေဒါသထြက္ကာ မေက်မနပ္ျဖစ္ၿပီး လႊတ္ခနဲ ေျပာလိုက္တယ္
"လယ္သမားသမီးမွန္း သိသားခ်က္ နိမ့္က်လိုက္တာ! ဒုတိယသခင္ေလးက အေဒၚရဲ႕ တူလိုမ်ိဳးပဲကို ဘယ္လိုေတာင္ သူ႔ေငြကိုယူႏိုင္ရတာလဲ"

***

Continue Reading

You'll Also Like

376K 8.4K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
118K 8.2K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
157K 14.2K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...