သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

650K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ

2.8K 351 2
By CharmZoey

[Unicode]

အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ

အလုပ်များနေတဲ့ ရှောင်ချောင်းတစ်ယောက် နောက်ဆုံးမှာတော့ ထိုင်ချလိုက်ပြီး ခြောက်ကပ်နေတဲ့ အာခေါင်ကို စိုစွတ်အောင် ရေသောက်ချိန်လေး ရသွားတော့တယ်။ သူမက ဖရဲသီးဝယ်မရလို့ စိတ်ပျက်နေတဲ့ စျေးဝယ်တွေကို တွေ့တော့ နည်းလမ်းတစ်ခု စဉ်းစားပြီး သူတို့ကို စည်းရုံးဖို့ လုပ်လိုက်တယ်။ သူမက စျေးဝယ်တွေကို စရန်ငွေထားခဲ့ပြီး နောက်ရက်ကျရင် သူမပေးလိုက်တဲ့ ပြေစာနဲ့ ပစ္စည်းလာယူဖို့ ပြောလိုက်တယ်။ ဒီလိုဆို နောက်ကျမှ ရောက်လို့ဆိုပြီး ဖရဲသီး ဝယ်မရတော့မယ့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်မလား။

စျေးဝယ်တွေ အများကြီးက သူတို့ရဲ့ ကြိုတင်အော်ဒါအတွက် စရန်ငွေတွေ ပေးခဲ့တာကြောင့် ရှောင်ချောင်းလည်း သူမရဲ့ အနည်းငယ် မသေမသပ် တရုတ်စာလုံး လက်ရေးအချို့နဲ့ (1,2,3 အစရှိသော) အာရပ်ဂဏန်းခြေတချို့ပါတဲ့ ပြေစာတွေ ရေးပေးလိုက်တယ်။ သူမရဲ့ လက်ရေးလက်သားနဲ့ ရေးပုံရေးသားနည်းက ထူးခြားတာမို့ ပြေစာအတု လိုက်တုပလို့တောင် မရနိုင်ပေ။ ဒါကို ဘာလို့ ပြောနိုင်သလဲဆိုတော့ ဆိုင်ဖွင့်ပြီး နောက်တစ်နေ့မှာ မြို့ထဲက လူလိမ်တစ်ယောက်က ပြေစာအတု လုပ်ပြီး ရှောင်ချောင်းဆီမှာ ဖရဲသီးလာထုတ်တယ်။ ဒါပေမဲ့ ရှောင်ချောင်းက အဲ့ဒီပြေစာကို မျက်လုံးလေးတစ်ချက် ဝေ့ကြည့်ရုံနဲ့တင် သူမဆိုင်က ပြေစာမဟုတ်မှန်း တန်းသိပြီသား။ အဲ့ဒီလူက ရှောင်ချောင်းနဲ့ အငြင်းပွားချင်ပေမယ့် ရှောင်ချောင်းရဲ့ တမူထူးခြားတဲ့ လက်ရေးတွေပါတဲ့ ပြေစာကို မြင်တဲ့အခါမှာတော့ သူ့မှာ ပြောစရာစကား မရှိတော့ပေ။ ဒါကြောင့် ထိုလူလိမ်ကို ဆိုင်မှာ ကူပေးနေတဲ့ လီလီက တရားရုံးကို ခေါ်သွားတော့တယ်။

အဲ့ဒီကနေတဆင့် ထန်ကူဖရဲသီးဆိုင်က အုပ်ချုပ်ရေးရုံးနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး တစ်မြို့လုံးကို ပျံ့သွားတော့တယ်။ အဲ့ဒီလူလိမ်ကိုတော့ ဖရဲသီးဆိုင်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ ဆိုင်မှာ တောက်တိုမယ်ရ လုပ်သူအဖြစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ထိုအဖြစ်အပျက်ပြီးနောက် ဘယ်သူမှ ယွီမိသားစုရဲ့ ဖရဲသီးဆိုင်ကို လာမထိရဲကြတော့ပေ။

ရှောင်ချောင်းက 'ယနေ့ဖရဲသီးတွေ အကုန် ရောင်းထွက်သွားပါပြီ။ မနက်ဖြန်မှ စောစောလာခဲ့ပါ' ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်တံခါးဝမှာ ချိတ်ဆွဲပြီးနောက် ကိုယ်ကိုကိုင်းကာ ပိုက်ဆံသေတ္တာကို ကောက်ယူလိုက်တယ်။ သူမက မျက်နှာတွေ ရဲတက်လာတဲ့အထိ အားကုန်သုံးပြီး မတာတောင် ပိုက်ဆံသေတ္တာအလေးကြီးက မြေပေါ်မှာ ကျန်နေတုန်းပဲ။ ဒါကိုကြည့်ပြီး ရှောင်ချောင်းနားက လီလီက မရယ်ဘဲ မနေနိုင်ခဲ့။

"ဒီနေ့ ဖရဲသီးတွေ ဘယ်လောက်တောင် ရောင်းထွက်ခဲ့လဲ သိလား လှည်းနှစ်စီးစာ ဖရဲသီး အရေအတွက်ဆို အနည်းဆုံး အလုံးတစ်ရာလောက် ရှိတယ်... တစ်လုံးကို သုံးလျန်နဲ့ ရောင်းတယ်ပဲထား! လျန်သုံးရာတောင် ကျော်တယ်! ဒီလောက်များတဲ့ ပိုက်ဆံတွေ ထည့်ထားတဲ့ သေတ္တာကို မင်း လက်သေးသေးလေးတွေနဲ့ မချင်သေးတာလား"

လီလီက အကျီလက်ကို ပင့်တင်ကာ သူရဲ့သန်မာတဲ့ လက်တွေကို ဖော်ပြရင်း သေတ္တာကို အလွယ်လေး ကောက်မလိုက်တယ်။ သူက သေတ္တာကို လက်မောင်းအောက် လျိုသွင်းလိုက်ပြီး

" ကဲပြော, ဘယ်သွားမှာလဲ? ဦးလေး သယ်ပြီး လိုက်ပို့ပေးမယ် "
"ကျိန်ရှုံစားသောက်ဆိုင်ကိုပါ... ဦးလေးလီ တစ်နေ့ခင်းလုံး ပင်ပန်းထားတာ ဗိုက်မဆာဘူးလား သွားစားကြစို့လေ!"

စားသောက်ပွဲက မစလောက်သေးဘူးလို့ ယူဆမိတာမို့ သူတို့ အခုနေသွားရင်တော့ မှီလောက်သေးတယ်။

ပိုက်ဆံသေတ္တာနဲ့အတူ လီလီက ကျိန်ရှုံစားသောက်ဆိုင်ကို ခြေလှမ်းကြဲကြီးတွေနဲ့ သွားလိုက်တော့တယ်။ ကျိန်ရှုံစားသောက်ဆိုင်မှာ စားချင်တဲ့အချိန် သွားစားဖို့ဆိုတာ လူတိုင်းတတ်နိုင်တာ မဟုတ်ဘူး။ သူ တစ်လလောက် မစားမသောက်ဘဲ ပိုက်ဆံစုရင်တောင် ကျိန်ရှုံစားသောက်ဆိုင်မှာ ထမင်းတစ်နပ်စားဖို့ မလုံလောက်ဘူး။ ဒါကြောင့် ဒီလို ရတောင့်ရခဲ အခွင့်အရေးမျိုးကို လက်ခံပြီး သူသွားစားမှ ဖြစ်မယ်။
ယွီရှောင်ချောင်းက ပိုက်ဆံသေတ္တာနဲ့အတူ လူကြီးလူကောင်းတွေရှိတဲ့ ကျိန်ရှုံစားသောက်ဆိုင်က အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ သူမ ဝင်လာလာချင်းပဲ ကျောင်းအုပ်ယွမ်က လှမ်းစတယ်။

"အိုး! ငါတို့ဆိုင်ရှင်မလေးက နောက်ဆုံးတော့ ရောက်လာပြီပေါ့! ကြည့်ရတာ ဒီနေ့ ရောင်းကောင်းခဲ့ပုံပဲ... သေချာပေါက် စားပွဲနှစ်ဝိုင်းစာလောက် ဒကာခံနိုင်လောက်တယ်ဟေ့"

အစက ဖရဲသီးတွေ ရောင်းကောင်းခဲ့လို့ ပျော်ရွှင်နေတဲ့ ရှောင်ချောင်းရဲ့မျက်နှာလေးက ဒီစကားကြားတော့ ချက်ချင်း ပြောင်းသွားတယ်။

'ဟုတ်သားပဲ! ကျိန်ရှုံစားသောက်ဆိုင်က သီးသန့်ခန်းတစ်ခန်းမှာ စားရင် အနည်းဆုံး လျန်တစ်ရာ လောက်တော့ ကျမှာ... တကယ်လို့ ဆိုင်က အကောင်းဆုံးဟင်းတွေပဲ မှာထားတယ်ဆို လျန်နှစ်ရာတောင် မကလောက်ဘူး... ဘုရားရေ! အဲ့လိုဆို ဒီနေ့ အသက်ထွက်မတတ် ရှာထားတဲ့ ပိုက်ဆံလေးက ဘာမှမဟုတ်တာလေးနဲ့ ကုန်တော့မှာလား?'

သမီးဖြစ်သူက စိတ်ပျက်လက်ပျက်ပုံလေးနဲ့ ခေါင်းငိုက်စိုက်ကျနေတာတွေ့တော့ ဖန်းဇီကျန်းရင်ထဲ နာကျင်သွားရတယ်။ ဒါကြောင့် သူက မြန်မြန်ပဲ ပြောလိုက်တယ်။

"ဒီနေ့ ကျွန်တော့်သမီး ဆိုင်ဖွင့်တာဆိုတော့ သူ့ရဲ့ မွေးစားအဖေတစ်ယောက်အနေနဲ့ ဧည့်သည်တွေကို ဧည့်ခံရမှာ ဖြစ်သင့်တဲ့တာဝန်ပါ... လူငယ်လေးကျိုး... ဒီနေ့စားပွဲအတွက် ကုန်ကျစရိတ်ကို ငါ့နာမည်နဲ့သာ မှတ်လိုက်!"

ကျိုးကျီရွှီက ပိုက်ဆံမတ်တဲ့ ရှောင်ချောင်းအကြောင်းကို သိတာမို့ သူမ အခုမှ ရလာတဲ့ ပိုက်ဆံတွေကို သုံးပစ်ရမှာ စနိုးစနောက်ဖြစ်နေမှန်း သူသိပြီးသားပင်။ ဒါကြောင့် သူက ပြုံးလိုက်ရင်း

"သခင်ကြီးဖန်း ဘာလို့ ငွေရှင်းမှာလဲ? အမှန်အတိုင်းပြောရရင် ရှောင်ချောင်းက ကျွန်တော်တို့ဆိုင်ရဲ့ အကောင်းဆုံး ဟင်းလျာတွေဖြစ်တဲ့ ခရုဆီဟင်းတို့၊ ကြက်ကင်တို့ ပင်လုံးကြိုင်ဘဲပေါင်းတို့ ချက်နည်းတွေ ပေးခဲ့တဲ့ လူပဲဟာ... ရှောင်ချောင်းသာမရှိရင် ကျိန်ရှုံစားသောက်ဆိုင်လည်း ဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်... ဒါကြောင့် ဒီစားပွဲနှစ်ဝိုင်းကို ရှောင်ချောင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ပဲ ဒကာခံပါ့မယ်... ပိုက်ဆံရှင်းဖို့နဲ့ ပတ်သတ်ပြီး ဘာမှ စိတ်ထဲ မထားပါနဲ့တော့!"

ပိုက်ဆံမရှင်းရဘူးလည်း ကြားရော ပိုက်ဆံမက်သူလေး ရှောင်ချောင်းမှာ ချက်ချင်းပဲ ရွှင်ပျ သွားတော့တယ်။ သူက စားပွဲပေါ်က စားကောင်းသောက်ဖွယ်တွေကို ကြည့်လိုက်ပြီးနောက် ဝိုင်အစား လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဂုဏ်ပြုတဲ့အနေနဲ့ အခန်းထဲမှာရှိတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေဘက် လှည့်ကာ မတ်တပ်ရပ်လိုက်ပြီး ခွက်ကို မြှောက်လိုက်တယ်။

" ဒီနေ့က ကျွန်မရဲ့ အသေးစားစီးပွားရေးလုပ်ငန်းလေး စတဲ့နေ့ပါ... ဒီလို ဂုဏ်သရေရှိလူကြီးမင်းတို့ ကျွန်မကို လာရောက်ဂုဏ်ပြုမယ် မထင်ထားလို့ ဧည့်ဝတ်မကျေတာမျိုး ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးပါ... ရှောင်ချောင်းက အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်အစား လက်ဖက်ရည် သောက်ပါမယ်... အားလုံးပဲ ကျေးဇူးပြုပြီး--"

အခန်းထဲမှာရှိတဲ့ လူကြီးလူကောင်းတွေထဲက အသက်အငယ်ဆုံးလူတောင် ရှောင်ချောင်းအဖေထက် အသက်ကြီးတယ်။ ဒါကြောင့် ရှောင်ချောင်းလို ကလေးအရွယ်လေးက ခွက်မြှောက်ကာ လူကြီးတစ်ယောက်လို စကားတွေဆိုပြီး အလေးအနက်ပုံစံလေး ဖြစ်နေတာ မြင်တော့ အားလုံးက အထူးအဆန်း ဖြစ်နေကြတယ်။ ပြီးမှ အားလုံးက နားလည်တဲ့ပုံစံနဲ့ လက်ထဲက ဝိုင်ခွက်တွေကို ပြိုင်တူမြှောက်ပြီး တစ်ငုံသောက်လိုက်ကြတယ်။
ရှောင်ချောင်းက အားလုံးကို ဧည့်ခံနေတုန်း ရှီထုန်လေးက ဝိုင်ခွက်တွေ လိုက်ငှဲ့ပေးနေတယ်။ ကလေးနှစ်ယောက်က အခြေအနေကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းနေတာ မြင်တော့ သခင်ကြီးယောင်က ရယ်လျက်

"ယွီမိသားစုက သားသမီးပျိုးထောင်တဲ့နေရာမှာ တကယ်တော်တာပဲ... ငါ့မြေးတွေ သူတို့ အရွယ်တုန်းကဆို အော်ဟစ် ငိုယိုနေကြတုန်း"

"ရှေးစကားပုံတောင် ရှိတယ်မလား;
မပြည့်စုံတဲ့ မိသားစုက ကလေးတွေက မိသားစုကို စောစော တာဝန်ယူစောင့်ရှောက်ရတယ်တဲ့
အဘိုးရဲ့မြေးတွေက မတောင့်မတ မကြောင့်မကျ နေခဲ့ရတော့ ကျွန်မတို့နဲ့ ဘယ်တူပါ့မလဲ... အဘိုးယောင်... ကျွန်မတို့ကို အမြဲ အားပေးတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်တစ်ခွက် ငှဲ့ပေးပါရစေ"

အရင်ဘဝတုန်းက ယွီရှောင်ချောင်းဟာ လူမှုဆက်ဆံရေးလုပ်ငန်းတွေနဲ့ အကျွမ်းတဝင် ရှိခဲ့တာမို့ သူက အခုလည်း ဒီအစွမ်းအစကို ကောင်းကောင်းကြီး အသုံးချရင်း အခြေအနေကို အလွယ်တကူပဲ ထိန်းလိုက်နိုင်တယ်။
သခင်ကြီးယောင်ကတော့ ရှောင်ချောင်းငှဲ့ပေးတဲ့ ဝိုင်ကို သောက်ရင်း ရယ်မောလျက်

"မင်းတို့မိသားစုက အသီးအရွက်တွေက တကယ်ကို ကောင်းတယ်! မင်းတို့ဆီက အသီးအရွက်တွေ စားပြီးရင် တခြားဆိုင်ကဟာတွေဆို ပါးစပ်ထဲ အရသာကို မတိုးတော့ဘူး... အရင်ကဆို အဘိုးက အသားစားရတာ အရမ်းကြိုက်လို့ အသီးအရွက်ဆို တို့တောင် တို့တာမဟုတ်ဘူး... ဒါပေမဲ့ အခုဆို မင်းတို့အိမ်က အသီးအရွက်မပါရင် ထမင်းမစားနိုင်တဲ့အထိပဲ... မင်းတို့ရဲ့အသီးအရွက်တွေ စားလို့လားမသိ လူက အရင်ကထက်တောင် နေလို့ကောင်းလာသလိုပဲ... ကြည့်! အခုဆို အရင်က အဘိုးဖြစ်နေတဲ့ လူကြီးရောဂါတွေ အကုန် ပျောက်သွားသလားတောင် ထင်ရတယ် ဟဟ! အဘိုးယုံတယ် အဲ့တာ မင်းတို့မိသားစုက အသီးအရွက်ကြောင့်ပဲ"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး... ကျွန်မတို့အိမ်က အသီးအရွက်တွေက မှော်ဆေးလုံးတွေမှ မဟုတ်တာ အဘိုးပြောသလို ဘယ်အစွမ်းထက်နိုင်ပါ့မလဲ... ကျွန်မ အရင်က ရွာရဲ့ ဆေးဆရာဆီမှာ ဆေးပညာ လေ့လာတုန်းက သူပြောတာတော့ အသီးအရွက် များများစားတဲ့သူက တခြားသူတွေထက် ပိုကျန်းမာတယ်တဲ့! အရင်က အဘိုး ကျန်းမာရေးမကောင်းတာ အသီးအရွက်မစားလို့ပါ... အခု အဘိုးက အသီးအရွက်တွေ ကြိုက်လာပြီဆိုတော့ ကျန်းမာရေး ပိုကောင်းလာတာ သဘာဝပါပဲ... ကျွန်မတို့အိမ်က အသီးအရွက်တွေ အများကြီးစားလို့ရယ်တော့ မဟုတ်ပါဘူး"

ရှောင်ချောင်းက သူမတို့ရဲ့ လျှို့ဝှက်ချက်ကို တခြားသူတွေ မသိစေချင်တာမို့ လျင်လျင်မြန်မြန်ပဲ ရှင်းပြလိုက်တယ်။

သခင်ကြီးယောင်ကတော့ သူကျန်းမာရေးကောင်းလာတာ ရှောင်ချောင်းတို့ အသီးအရွက်တွေကြောင့်လို့ တွေးမိနေတုန်းမို့
" ဟုတ်ပါပြီ... ဒါပေမဲ့ အသီးအရွက်စားတာ ကြိုက်လာရတာက မင်းတို့ရဲ့ အသီးအရွက်တွေက အရည်ရွှမ်း လတ်ဆတ်ပြီး အရမ်းအရသာရှိလို့လေ! အဲ့တော့ ခြုံငုံပြောရရင် အဘိုး ကျန်းမာရေး ကောင်းလာတာ မင်းတို့အိမ်က အသီးအရွက်တွေကြောင့်ပဲပေါ့!"

သူတို့ပြောစကားကို ကြားတော့ ကျိုးကျီရွှီက ရယ်လိုက်ပြီး
"သခင်ကြီးယောင်ရော ရှောင်ချောင်းရော တော်လိုက်ပါတော့... တစ်ယောက်ကလည်း အဆတ်မပြတ် ချီးကျူးနေပြီး တစ်ယောက်ကလည်း အသည်းအသန်ကို ငြင်းနေတယ်... သခင်ကြီး ကျိန်ရှုံစားသောက်ဆိုင်က ဟင်းမှာပါတဲ့ အသီးအရွက်တွေအကုန် ရှောင်ချောင်းတို့ဆီက မှာတာလေ... သခင်ကြီး ကြိုက်တယ်ဆို များများသာစားပါဗျ "

တိုင်းတရားသူကြီးဝူက 'ဆလက်ရွက် ခရုဆီကြော်' ကိုစားပြီး ခေါင်းကို တညိတ်ညိတ်လုပ်ကာ
"ကျိန်ရှုံစားသောက်ဆိုင်က ခရုဆီဟင်းတွေက တော်တော်ကို အရသာရှိတာပဲ! နောက်ဆို ကျုပ်မှာ စားဖို့ အခွင့်အရေးတောင် ရှိပါတော့မလားပဲ"

ကျိုးကျီရွှီက ဒါကိုကြားတော့ မြန်မြန်ဆန်ဆန်ပဲ
" ဦးလေးဝူ, ကျွန်တော်တို့ ကျိန်ရှုံစားသောက်ဆိုင်ခွဲကို မြို့တော်မှာ အရင်လတွေတည်းက ဖွင့်ထားပြီးပါပြီ... ဒါကြောင့် ထပ်မစားရမှာ စိုးရိမ်မနေပါနဲ့ဗျ... နောက်ပြီး ကျွန်တော်တို့ရဲ့ မြို့တော်က ဟင်းခတ်အမွှေးအကြိုင်ဆိုင်မှာလည်း ခရုဆီတွေ ရောင်းပေးပါတယ်။ အခုဆို အရာရှိတွေ တော်ဝင်သခင်ကြီးတွေရဲ့ မီးဖိုချောင်တွေမှာ ဒီပစ္စည်းတွေရှိနေကြပြီ

သခင်ကြီးယောင်က ခရုဆီနဲ့ ချက်ထားတဲ့ အရွက်စိမ်းဟင်းကို စားပြီး အရသာ တော်တော်တွေ့နေတာမို့ ကျိုးကျီရွှီစကားကို ကြားတော့ ချက်ချင်းပဲ မေးလိုက်တယ်။

"ထန်ကူမြို့မှာရော ခရုဆီတွေ ရောင်းလား ငါတို့အိမ်က အကူတွေက အရမ်း မကျွမ်းကျင်ကြဘူး... သူတို့ အဲ့လိုပစ္စည်းမျိုးတွေ တကယ်လိုအပ်တယ်"

"သခင်ကြီးယောင် ကျိန်ရှုံစားသောက်ဆိုင်ဘေးက ကုန်စုံဆိုင်မှာ ကျွန်တော်တို့ ဟိုင်ထျန် က ထုတ်တဲ့ ပစ္စည်းတွေ ရောင်းတယ်... ခရုဆီအပြင် အရသာမှုန့်တွေ၊ ဆီတို့ဟူးတွေ ပါရှိတယ်... နောက်ဆို ရောင်းမယ့်ပစ္စည်းတွေ ပိုစုံလာမယ်ထင်တယ်... သခင်ကြီး လိုချင်တယ်ဆိုရင် တစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်ပါ... ကျွန်တော် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်ပါ့မယ်"
ကျိုးကျီရွှီက စီးပွားရေးလုပ်ရာမှာ တကယ်ကို ထက်မြက်လှတယ်။

တရားသူကြီးဝူက ဒါကိုကြားတော့ ကျိုးကျီရွှီကို လက်ညှိုးထိုးကာ ရယ်လိုက်ရင်း

"အာ...မင်းကတော့လေ... စားနေတဲ့အချိန်မှာတောင် မင်းတို့ ထွက်ကုန်တွေကို ကြော်ငြာဖို့ မမေ့ဘူးပဲ..."

"ရှောင်ရွှီ မင်းပစ္စည်းတွေက ကြော်ငြာစရာရော လိုလို့လား ငါကြားတာတော့ လူတွေတန်းစီပြီး ဝယ်တာတောင် ဝယ်မရဘူးဆို!"
သခင်လေးဝူက ကြက်တောင်ပံကင်ကို ကိုက်ဝါးရင်း မှတ်ချက်ပေးတယ်။

ဒါကိုကြားတော့ ကျိုးကျီရွှီက ရိုရိုကျိုးကျိူးလေး ပြန်ဖြေလိုက်တယ်။
"ဒါ ကျွန်တော့်ကို အဆက်မပြတ် အားပေးနေတဲ့ သူတွေကို ကျေးဇူးတင်ရမှာပါပဲ"

စားပွဲဝိုင်းမှာရှိတဲ့သူတိုင်းက စိတ်ကျေနပ်တဲ့အထိ စားကြသောက်နေကြပြီး ပျော်ရွှင်စွာ စကားစမြည် ပြောနေကြတယ်။ သူတို့ စားပြီးကြတော့ ဖရဲသီးတွေကို အချိုတည်းကြတယ်။ ကျွမ်းကျင်တဲ့ စာဖိုးမှူးရဲ့ လက်အောက်မှာ ဖရဲသီးတွေက ထူးခြားတဲ့ အနုပညာလက်ရာတွေအလား စိတ်ပိုင်းထားတာမို့ မြင်ရသူတို့အဖို့ စားရမှာတောင် နှမြောနေမိတယ်။ ဖရဲသီးရဲ့ လတ်ဆတ်ချိုမြိန်တဲ့ အရသာကိုတော့ လူတိုင်း ပါးစပ်ဖျားမှာ တညီတညွတ်တည်း ချီးကျူးနေကြလေတယ်။

စားသောက်ပွဲကြီး ပြီးတော့ ရှောင်ချောင်းက ဂုဏ်သရေရှိလူကြီးမင်းတို့အတွက် ချန်ထားတဲ့ ဖရဲသီးတွေ ယူလာပြီး တစ်ယောက်ကို နှစ်လုံးစီ ထည့်ပေးလိုက်တယ်။ ရှောင်ချောင်းက ဒီနေ့စားပွဲအတွက် မပြင်ဆင်ထားမိပေမဲ့လည်း ဧည့်ခံတဲ့သူရော ဧည့်သည်တွေပါ သူ့ဟာနဲ့သူ ကျေနပ်ပျော်ရွှင် နေကြလေတယ်။
ရှောင်ချောင်းက နေလည်ပိုင်းမှာ တုန်ရှန်းရွာကို ပြန်ရမှာမို့ ဖန်းဇီကျန်းက ဆိုင်စောင့်ကျန်ခဲ့တယ်။ ဖန်းဇီကျန်းနဲ့ သူ့ရဲ့တပည့်နှစ်ယောက်က ဖရဲသီးဆိုင် ကိစ္စတွေနဲ့ ရှုပ်နေတာမို့ ဆိပ်ကမ်းကိုတောင် မပြန်ဖြစ်တာ ရက်တော်တော်ကြာပြီ။ သူတို့ရဲ့ အလုပ်တွေကလည်း ဒီတိုင်း အကြာကြီး ပစ်ထားလို့ မဖြစ်တာမို့ ရှောင်ချောင်းက ဆိုင်အတွက် လူတစ်ယောက်လောက် အလုပ်ခန့်ဖို့ စဉ်းစားမိတယ်။

ဘယ်သူ့ကို ခန့်ရင်ကောင်းမလဲ ပထမဆုံးအနေနဲ့ အဲ့ဒီလူက ရိုးဖြောင့်ပြီး ဖြတ်ထိုးဉာဏ်လည်း ကောင်းရမယ် နောက်ပြီး ဆိုင်ကို စီမံခန့်ခွဲနိုင်တဲ့သူလည်း ဖြစ်ရမယ်။ ရှောင်ချောင်း အိမ်ကို ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို သူမမိဘတွေနဲ့ ဆွေးနွေးဖြစ်တော့ အမေဘက်က အကြီးဆုံးအဒေါ်နဲ့ သင့်တော်တဲ့ အလုပ်မှန်း ခံစားမိသွားတယ်။

အကြီးဆုံးအဒေါ်က ရိုးသားပြီး ကြင်နာတတ်တယ်။ ယွီမိသားစု အခက်အခဲဖြစ်တဲ့ အချိန်တွေတုန်းကဆို သူက ရှိတဲ့ငွေလေးတွေ ချေးငှားပေးခဲ့တာ။ နောက်ပြီး သူမက ဆိပ်ကမ်းမှာလည်း အလုပ်လုပ်ဖူးတယ်။ ဖရဲသီးဆိုင်က နောက်ရက်တွေဆို ဒီလောက် ပင်ပန်းမှာလည်းမဟုတ်တော့ နောက်ပိုင်း အခြေကျသွားရင် သူမတစ်ယောက်တည်းနဲ့ ဆိုင်ကို ဦးစီးနိုင်လောက်တယ်။

ရှောင်ချောင်းတို့ ပို့လိုက်တဲ့ စာကို ရပြီးတော့ အမျိုးသမီးဟန်က ရှောင်ချောင်းတို့ အမေဘက်က အဘွားနဲ့ ဦးလေးနှစ်ယောက်တို့နဲ့အတူ အိမ်ကို လာခဲ့လိုက်တယ်။

"ဒီကလေးမလေး, အကူအညီလိုရင် အစောတည်းက ပြောရောပေါ့! မင်းကတော့လေ အမေ မင်းကို ဘာပြောထားလဲ အမြဲ ကိုယ့်ဘာသာပဲ လုပ်နေတော့တာပဲကွယ်"

ရှောင်ချောင်းရဲ့ အဘွားက သမီးဖြစ်သူ အမျိုးသမီးလျိုကိုမြင်တော့ ချစ်စဖွယ် ဆူငေါက်လိုက်ရင်း နဖူးကို ခပ်ဖွဖွ ပုတ်တယ်။

အမျိုးသမီးလျိုက ပြုံးရင် ခေါင်းငုံ့အရိုအသေပေးကာ
" ဒီရက်ပိုင်း ဖရဲသီးတွေ မှည့်လာလို့ နည်းနည်း အလုပ်ရှုပ်နေလို့ပါ... လက်ထပ်ပြီးသား သမီး တစ်ယောက်အနေနဲ့ အမေတို့ဆီ လာပြီး ခဏခဏ ဒုက္ခပေးနေလို့ ဘယ်ကောင်းပါ့မလဲ အမေရဲ့"

"တစ်မိသားစုတည်းတွေပဲကွယ်... ဘယ်လိုလုပ် ဒုက္ခပေးတယ်ဖြစ်ရမှာလဲ"
အမျိုးသမီးဟန်က လှည်းပေါ်က ဝန်တွေကို လျင်လျင်မြန်မြန်နဲ့ ကူတင်ပေးလိုက်ပြီး ဖရဲသီးသယ်တဲ့ လှည်းနဲ့ မြို့ကိုသွားဖို့ လုပ်လိုက်တော့တယ်။ သူက ဆိုင်မှာ ကြာကြာနေရရင် ဆိုပြီး လိုရမယ်ရ အင်္ကျီအပိုတောင် ယူခဲ့သေးတယ်။

ရှောင်ချောင်းရဲ့ အကြီးဆုံးဦးလေးကတော့ ဖရဲသီးရောင်းတဲ့ကိစ္စတွေကို ယွီဟိုင်နဲ့ ရှောင်ချောင်းတို့နဲ့အတူ ဆွေးနွေးနေတယ်။
"ငါ့အထင် ဒီလှည်းနှစ်လှည်းတည်းနဲ့တော့ မင်းတို့ အဆင်မပြေလောက်ဘူး ငါတို့ကို မြည်းလှည်းငှားဖို့ ကိစ္စကို မေ့လိုက်တော့... ငါတို့ကြောင့်နဲ့ မင်းတို့ စီးပွားရေး ကြန့်ကြာနေတာမျိုး မဖြစ်စေချင်ဘူး"

ရှောင်ချောင်းက ဒါကိုကြားတော့ ကြားဖြတ်ပြောလိုက်တယ်။
"အကြီးဆုံးဦးလေး... ဒီအတွက်တော့ ပူစရာမလိုပါဘူး! တတိယသခင်လေးကျိူးက သူတို့မိသားစုမှာ ပုံမှန်မသုံးဖြစ်တဲ့ မြင်းရထားလုံး တစ်စီးရှိတယ်ပြောတယ်... အဲ့တာ ကျွန်မ သူ့ဆီက ငှားထားတယ်"

"ဒီကလေးမလေးကတော့ သခင်လေးကျိုးကို ဒုက္ခပေးပြန်ပြီ!"
ယွီဟိုင်က ခေါင်းကို ခါရင်း ဆိုတယ်။

ရှောင်ချောင်းက ပြောင်ချော်ချော်လေး လုပ်လိုက်ပြီး
" သူက ငှားချင်နေတာကို! နောက်ပြီး သူ့လှည်းက အိမ်မှာ အလဟသဖြစ်နေတာလေ သုံးမှ မသုံးတာ အဲ့တာမို့ သမီးကို ငှားလိုက်တာ ကောင်းကောင်း အသုံးချလိုက်တာပဲလေ အဖေရဲ့! အကြီးဆုံးဦးလေး... ဦးလေး ကျိုးမိသားစုက ရထားလုံးကို သုံးလို့ရတယ် အဲ့တာက ဝန်တွေတောင် ပိုဆံ့သေးတယ်!"

"လှည်းရှိရင်တော့ ပိုအဆင်ပြေသွားတာပေါ့! မင်း ဒုတိယဦးလေးနဲ့ ပြောနေကြတာ... ဖရဲသီးတွေက အရမ်းအဖိုးတန်တော့ မြို့မှာ မင်းတို့တစ်ဆိုင်တည်း ရောင်းတာနဲ့တင် လုံလောက်တယ်... ငါတို့က တော်ဝင်နွယ်တွေနဲ့ လူကုံထံတွေ ပိုရှိတဲ့ စီရင်စုမြို့ကို သွားရောင်းဖို့ ပြင်နေတာ... အဲ့လိုဆို ငါတို့တွေ ရောင်းလို့ရပြီလေ!"

လျိုဖေးက သူ့ဒုတိယညီလေးထက်တောင် ပိုပြီး စွန့်စားလိုစိတ်ရှိတယ်။
ရှောင်ချောင်းက သဘောတူတဲ့ အမူအရာနဲ့
" အကြီးဆုံးဦးလေး... ဦးလေးတို့ ဘယ်တော့သွားဖို့ စီစဥ်ထားလဲ မနက်ဖြန် ကျွန်မမွေးစားအဖေလည်း စီရင်စုမြို့ကို သွားဖို့ရှိတယ်... ဖြစ်နိုင်ရင် သူနဲ့အတူ တစ်ခါတည်း လိုက်သွားလိုက်... ကျွန်မ မွေးစားအဖေ အရှိန်အဝါနဲ့ ဦးလေးတို့ လူလိမ်တွေ၊ လူရမ်းကားတွေ၊ အနိုင်ကျင့်ချင်တဲ့လူတွေ ဆီကနေ ရှောင်လို့ရတယ်..."

စီရင်စုမြို့က ရိုးသားဖြောင့်မတ်ပြီး ရှေးရိုးဆန်တဲ့ ထန်ကူမြိုလေးနဲ့ ကွဲပြားခြားနားတယ်။ ဒီနှစ် ဒီလို အချိန်မှာ ဖရဲသီးကို မြင်ဖို့တွေ့ဖို့က အလွန်ရှားတာမို့ ဟိုရောက်ရင် သေချာပေါက် မနာလိုနေတဲ့ မျက်လုံးတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့သခင်ကြီး ဖန်းဇီကျန်းရဲ့ အကူအညီနဲ့ဆို လျိုညီအကိုတို့ ဘာအခက်အခဲမှ မရှိလောက်တော့ဘူး!

***

[Zawgyi]

အပိုင္း၁၇၄ - ဂုဏ္ျပဳစားပြဲ

အလုပ္မ်ားေနတဲ့ ေရွာင္ေခ်ာင္းတစ္ေယာက္ ေနာက္ဆုံးမွာေတာ့ ထိုင္ခ်လိုက္ၿပီး ေျခာက္ကပ္ေနတဲ့ အာေခါင္ကို စိုစြတ္ေအာင္ ေရေသာက္ခ်ိန္ေလး ရသြားေတာ့တယ္။ သူမက ဖရဲသီးဝယ္မရလို႔ စိတ္ပ်က္ေနတဲ့ ေစ်းဝယ္ေတြကို ေတြ႕ေတာ့ နည္းလမ္းတစ္ခု စဥ္းစားၿပီး သူတို႔ကို စည္း႐ုံးဖို႔ လုပ္လိုက္တယ္။ သူမက ေစ်းဝယ္ေတြကို စရန္ေငြထားခဲ့ၿပီး ေနာက္ရက္က်ရင္ သူမေပးလိုက္တဲ့ ေျပစာနဲ႔ ပစၥည္းလာယူဖို႔ ေျပာလိုက္တယ္။ ဒီလိုဆို ေနာက္က်မွ ေရာက္လို႔ဆိုၿပီး ဖရဲသီး ဝယ္မရေတာ့မယ့္ ျပႆနာကို ေျဖရွင္းၿပီးသား ျဖစ္သြားမယ္မလား။

ေစ်းဝယ္ေတြ အမ်ားႀကီးက သူတို႔ရဲ႕ ႀကိဳတင္ေအာ္ဒါအတြက္ စရန္ေငြေတြ ေပးခဲ့တာေၾကာင့္ ေရွာင္ေခ်ာင္းလည္း သူမရဲ႕ အနည္းငယ္ မေသမသပ္ တ႐ုတ္စာလုံး လက္ေရးအခ်ိဳ႕နဲ႔ (1,2,3 အစရွိေသာ) အာရပ္ဂဏန္းေျခတခ်ိဳ႕ပါတဲ့ ေျပစာေတြ ေရးေပးလိုက္တယ္။ သူမရဲ႕ လက္ေရးလက္သားနဲ႔ ေရးပုံေရးသားနည္းက ထူးျခားတာမို႔ ေျပစာအတု လိုက္တုပလို႔ေတာင္ မရႏိုင္ေပ။ ဒါကို ဘာလို႔ ေျပာႏိုင္သလဲဆိုေတာ့ ဆိုင္ဖြင့္ၿပီး ေနာက္တစ္ေန႔မွာ ၿမိဳ႕ထဲက လူလိမ္တစ္ေယာက္က ေျပစာအတု လုပ္ၿပီး ေရွာင္ေခ်ာင္းဆီမွာ ဖရဲသီးလာထုတ္တယ္။ ဒါေပမဲ့ ေရွာင္ေခ်ာင္းက အဲ့ဒီေျပစာကို မ်က္လုံးေလးတစ္ခ်က္ ေဝ့ၾကည့္႐ုံနဲ႔တင္ သူမဆိုင္က ေျပစာမဟုတ္မွန္း တန္းသိၿပီသား။ အဲ့ဒီလူက ေရွာင္ေခ်ာင္းနဲ႔ အျငင္းပြားခ်င္ေပမယ့္ ေရွာင္ေခ်ာင္းရဲ႕ တမူထူးျခားတဲ့ လက္ေရးေတြပါတဲ့ ေျပစာကို ျမင္တဲ့အခါမွာေတာ့ သူ႔မွာ ေျပာစရာစကား မရွိေတာ့ေပ။ ဒါေၾကာင့္ ထိုလူလိမ္ကို ဆိုင္မွာ ကူေပးေနတဲ့ လီလီက တရား႐ုံးကို ေခၚသြားေတာ့တယ္။

အဲ့ဒီကေနတဆင့္ ထန္ကူဖရဲသီးဆိုင္က အုပ္ခ်ဳပ္ေရး႐ုံးနဲ႔ အဆက္အသြယ္ရွိတယ္ဆိုၿပီး တစ္ၿမိဳ႕လုံးကို ပ်ံ႕သြားေတာ့တယ္။ အဲ့ဒီလူလိမ္ကိုေတာ့ ဖရဲသီးဆိုင္ရဲ႕ ဂုဏ္သိကၡာကို ျပန္လည္ေပးဆပ္တဲ့အေနနဲ႔ ဆိုင္မွာ ေတာက္တိုမယ္ရ လုပ္သူအျဖစ္ ျပစ္ဒဏ္ခ်မွတ္လိုက္တယ္။ ထိုအျဖစ္အပ်က္ၿပီးေနာက္ ဘယ္သူမွ ယြီမိသားစုရဲ႕ ဖရဲသီးဆိုင္ကို လာမထိရဲၾကေတာ့ေပ။

ေရွာင္ေခ်ာင္းက 'ယေန႔ဖရဲသီးေတြ အကုန္ ေရာင္းထြက္သြားပါၿပီ။ မနက္ျဖန္မွ ေစာေစာလာခဲ့ပါ' ဆိုတဲ့ ဆိုင္းဘုတ္ကို ဆိုင္တံခါးဝမွာ ခ်ိတ္ဆြဲၿပီးေနာက္ ကိုယ္ကိုကိုင္းကာ ပိုက္ဆံေသတၱာကို ေကာက္ယူလိုက္တယ္။ သူမက မ်က္ႏွာေတြ ရဲတက္လာတဲ့အထိ အားကုန္သုံးၿပီး မတာေတာင္ ပိုက္ဆံေသတၱာအေလးႀကီးက ေျမေပၚမွာ က်န္ေနတုန္းပဲ။ ဒါကိုၾကည့္ၿပီး ေရွာင္ေခ်ာင္းနားက လီလီက မရယ္ဘဲ မေနႏိုင္ခဲ့။

"ဒီေန႔ ဖရဲသီးေတြ ဘယ္ေလာက္ေတာင္ ေရာင္းထြက္ခဲ့လဲ သိလား လွည္းႏွစ္စီးစာ ဖရဲသီး အေရအတြက္ဆို အနည္းဆုံး အလုံးတစ္ရာေလာက္ ရွိတယ္... တစ္လုံးကို သုံးလ်န္နဲ႔ ေရာင္းတယ္ပဲထား! လ်န္သုံးရာေတာင္ ေက်ာ္တယ္! ဒီေလာက္မ်ားတဲ့ ပိုက္ဆံေတြ ထည့္ထားတဲ့ ေသတၱာကို မင္း လက္ေသးေသးေလးေတြနဲ႔ မခ်င္ေသးတာလား"

လီလီက အက်ီလက္ကို ပင့္တင္ကာ သူရဲ႕သန္မာတဲ့ လက္ေတြကို ေဖာ္ျပရင္း ေသတၱာကို အလြယ္ေလး ေကာက္မလိုက္တယ္။ သူက ေသတၱာကို လက္ေမာင္းေအာက္ လ်ိဳသြင္းလိုက္ၿပီး

" ကဲေျပာ, ဘယ္သြားမွာလဲ? ဦးေလး သယ္ၿပီး လိုက္ပို႔ေပးမယ္ "
"က်ိန္ရႈံစားေသာက္ဆိုင္ကိုပါ... ဦးေလးလီ တစ္ေန႔ခင္းလုံး ပင္ပန္းထားတာ ဗိုက္မဆာဘူးလား သြားစားၾကစို႔ေလ!"

စားေသာက္ပြဲက မစေလာက္ေသးဘူးလို႔ ယူဆမိတာမို႔ သူတို႔ အခုေနသြားရင္ေတာ့ မွီေလာက္ေသးတယ္။

ပိုက္ဆံေသတၱာနဲ႔အတူ လီလီက က်ိန္ရႈံစားေသာက္ဆိုင္ကို ေျခလွမ္းႀကဲႀကီးေတြနဲ႔ သြားလိုက္ေတာ့တယ္။ က်ိန္ရႈံစားေသာက္ဆိုင္မွာ စားခ်င္တဲ့အခ်ိန္ သြားစားဖို႔ဆိုတာ လူတိုင္းတတ္ႏိုင္တာ မဟုတ္ဘူး။ သူ တစ္လေလာက္ မစားမေသာက္ဘဲ ပိုက္ဆံစုရင္ေတာင္ က်ိန္ရႈံစားေသာက္ဆိုင္မွာ ထမင္းတစ္နပ္စားဖို႔ မလုံေလာက္ဘူး။ ဒါေၾကာင့္ ဒီလို ရေတာင့္ရခဲ အခြင့္အေရးမ်ိဳးကို လက္ခံၿပီး သူသြားစားမွ ျဖစ္မယ္။
ယြီေရွာင္ေခ်ာင္းက ပိုက္ဆံေသတၱာနဲ႔အတူ လူႀကီးလူေကာင္းေတြရွိတဲ့ က်ိန္ရႈံစားေသာက္ဆိုင္က အခန္းထဲကို ဝင္လာခဲ့လိုက္တယ္။ သူမ ဝင္လာလာခ်င္းပဲ ေက်ာင္းအုပ္ယြမ္က လွမ္းစတယ္။

"အိုး! ငါတို႔ဆိုင္ရွင္မေလးက ေနာက္ဆုံးေတာ့ ေရာက္လာၿပီေပါ့! ၾကည့္ရတာ ဒီေန႔ ေရာင္းေကာင္းခဲ့ပုံပဲ... ေသခ်ာေပါက္ စားပြဲႏွစ္ဝိုင္းစာေလာက္ ဒကာခံႏိုင္ေလာက္တယ္ေဟ့"

အစက ဖရဲသီးေတြ ေရာင္းေကာင္းခဲ့လို႔ ေပ်ာ္႐ႊင္ေနတဲ့ ေရွာင္ေခ်ာင္းရဲ႕မ်က္ႏွာေလးက ဒီစကားၾကားေတာ့ ခ်က္ခ်င္း ေျပာင္းသြားတယ္။

'ဟုတ္သားပဲ! က်ိန္ရႈံစားေသာက္ဆိုင္က သီးသန႔္ခန္းတစ္ခန္းမွာ စားရင္ အနည္းဆုံး လ်န္တစ္ရာ ေလာက္ေတာ့ က်မွာ... တကယ္လို႔ ဆိုင္က အေကာင္းဆုံးဟင္းေတြပဲ မွာထားတယ္ဆို လ်န္ႏွစ္ရာေတာင္ မကေလာက္ဘူး... ဘုရားေရ! အဲ့လိုဆို ဒီေန႔ အသက္ထြက္မတတ္ ရွာထားတဲ့ ပိုက္ဆံေလးက ဘာမွမဟုတ္တာေလးနဲ႔ ကုန္ေတာ့မွာလား?'

သမီးျဖစ္သူက စိတ္ပ်က္လက္ပ်က္ပုံေလးနဲ႔ ေခါင္းငိုက္စိုက္က်ေနတာေတြ႕ေတာ့ ဖန္းဇီက်န္းရင္ထဲ နာက်င္သြားရတယ္။ ဒါေၾကာင့္ သူက ျမန္ျမန္ပဲ ေျပာလိုက္တယ္။

"ဒီေန႔ ကြၽန္ေတာ့္သမီး ဆိုင္ဖြင့္တာဆိုေတာ့ သူ႔ရဲ႕ ေမြးစားအေဖတစ္ေယာက္အေနနဲ႔ ဧည့္သည္ေတြကို ဧည့္ခံရမွာ ျဖစ္သင့္တဲ့တာဝန္ပါ... လူငယ္ေလးက်ိဳး... ဒီေန႔စားပြဲအတြက္ ကုန္က်စရိတ္ကို ငါ့နာမည္နဲ႔သာ မွတ္လိုက္!"

က်ိဳးက်ီ႐ႊီက ပိုက္ဆံမတ္တဲ့ ေရွာင္ေခ်ာင္းအေၾကာင္းကို သိတာမို႔ သူမ အခုမွ ရလာတဲ့ ပိုက္ဆံေတြကို သုံးပစ္ရမွာ စႏိုးစေနာက္ျဖစ္ေနမွန္း သူသိၿပီးသားပင္။ ဒါေၾကာင့္ သူက ၿပဳံးလိုက္ရင္း

"သခင္ႀကီးဖန္း ဘာလို႔ ေငြရွင္းမွာလဲ? အမွန္အတိုင္းေျပာရရင္ ေရွာင္ေခ်ာင္းက ကြၽန္ေတာ္တို႔ဆိုင္ရဲ႕ အေကာင္းဆုံး ဟင္းလ်ာေတြျဖစ္တဲ့ ခ႐ုဆီဟင္းတို႔၊ ၾကက္ကင္တို႔ ပင္လုံးႀကိဳင္ဘဲေပါင္းတို႔ ခ်က္နည္းေတြ ေပးခဲ့တဲ့ လူပဲဟာ... ေရွာင္ေခ်ာင္းသာမရွိရင္ က်ိန္ရႈံစားေသာက္ဆိုင္လည္း ဒီလို ျဖစ္လာမွာ မဟုတ္ဘူးလို႔ေတာင္ ေျပာလို႔ရတယ္... ဒါေၾကာင့္ ဒီစားပြဲႏွစ္ဝိုင္းကို ေရွာင္ေခ်ာင္းကို ေက်းဇူးတင္တဲ့အေနနဲ႔ ကြၽန္ေတာ္ပဲ ဒကာခံပါ့မယ္... ပိုက္ဆံရွင္းဖို႔နဲ႔ ပတ္သတ္ၿပီး ဘာမွ စိတ္ထဲ မထားပါနဲ႔ေတာ့!"

ပိုက္ဆံမရွင္းရဘူးလည္း ၾကားေရာ ပိုက္ဆံမက္သူေလး ေရွာင္ေခ်ာင္းမွာ ခ်က္ခ်င္းပဲ ႐ႊင္ပ် သြားေတာ့တယ္။ သူက စားပြဲေပၚက စားေကာင္းေသာက္ဖြယ္ေတြကို ၾကည့္လိုက္ၿပီးေနာက္ ဝိုင္အစား လက္ဖက္ရည္ခြက္ကို ေျမႇာက္ကာ ဂုဏ္ျပဳတဲ့အေနနဲ႔ အခန္းထဲမွာရွိတဲ့ ဂုဏ္သေရရွိ လူႀကီးမင္းေတြဘက္ လွည့္ကာ မတ္တပ္ရပ္လိုက္ၿပီး ခြက္ကို ေျမႇာက္လိုက္တယ္။

" ဒီေန႔က ကြၽန္မရဲ႕ အေသးစားစီးပြားေရးလုပ္ငန္းေလး စတဲ့ေန႔ပါ... ဒီလို ဂုဏ္သေရရွိလူႀကီးမင္းတို႔ ကြၽန္မကို လာေရာက္ဂုဏ္ျပဳမယ္ မထင္ထားလို႔ ဧည့္ဝတ္မေက်တာမ်ိဳး ျဖစ္ခဲ့ရင္ ခြင့္လႊတ္ေပးပါ... ေရွာင္ေခ်ာင္းက အားလုံးကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဝိုင္အစား လက္ဖက္ရည္ ေသာက္ပါမယ္... အားလုံးပဲ ေက်းဇူးျပဳၿပီး--"

အခန္းထဲမွာရွိတဲ့ လူႀကီးလူေကာင္းေတြထဲက အသက္အငယ္ဆုံးလူေတာင္ ေရွာင္ေခ်ာင္းအေဖထက္ အသက္ႀကီးတယ္။ ဒါေၾကာင့္ ေရွာင္ေခ်ာင္းလို ကေလးအ႐ြယ္ေလးက ခြက္ေျမႇာက္ကာ လူႀကီးတစ္ေယာက္လို စကားေတြဆိုၿပီး အေလးအနက္ပုံစံေလး ျဖစ္ေနတာ ျမင္ေတာ့ အားလုံးက အထူးအဆန္း ျဖစ္ေနၾကတယ္။ ၿပီးမွ အားလုံးက နားလည္တဲ့ပုံစံနဲ႔ လက္ထဲက ဝိုင္ခြက္ေတြကို ၿပိဳင္တူေျမႇာက္ၿပီး တစ္ငုံေသာက္လိုက္ၾကတယ္။
ေရွာင္ေခ်ာင္းက အားလုံးကို ဧည့္ခံေနတုန္း ရွီထုန္ေလးက ဝိုင္ခြက္ေတြ လိုက္ငွဲ႔ေပးေနတယ္။ ကေလးႏွစ္ေယာက္က အေျခအေနကို ကြၽမ္းကြၽမ္းက်င္က်င္ ထိန္းေနတာ ျမင္ေတာ့ သခင္ႀကီးေယာင္က ရယ္လ်က္

"ယြီမိသားစုက သားသမီးပ်ိဳးေထာင္တဲ့ေနရာမွာ တကယ္ေတာ္တာပဲ... ငါ့ေျမးေတြ သူတို႔ အ႐ြယ္တုန္းကဆို ေအာ္ဟစ္ ငိုယိုေနၾကတုန္း"

"ေရွးစကားပုံေတာင္ ရွိတယ္မလား;
မျပည့္စုံတဲ့ မိသားစုက ကေလးေတြက မိသားစုကို ေစာေစာ တာဝန္ယူေစာင့္ေရွာက္ရတယ္တဲ့
အဘိုးရဲ႕ေျမးေတြက မေတာင့္မတ မေၾကာင့္မက် ေနခဲ့ရေတာ့ ကြၽန္မတို႔နဲ႔ ဘယ္တူပါ့မလဲ... အဘိုးေယာင္... ကြၽန္မတို႔ကို အၿမဲ အားေပးတာကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဝိုင္တစ္ခြက္ ငွဲ႔ေပးပါရေစ"

အရင္ဘဝတုန္းက ယြီေရွာင္ေခ်ာင္းဟာ လူမႈဆက္ဆံေရးလုပ္ငန္းေတြနဲ႔ အကြၽမ္းတဝင္ ရွိခဲ့တာမို႔ သူက အခုလည္း ဒီအစြမ္းအစကို ေကာင္းေကာင္းႀကီး အသုံးခ်ရင္း အေျခအေနကို အလြယ္တကူပဲ ထိန္းလိုက္ႏိုင္တယ္။
သခင္ႀကီးေယာင္ကေတာ့ ေရွာင္ေခ်ာင္းငွဲ႔ေပးတဲ့ ဝိုင္ကို ေသာက္ရင္း ရယ္ေမာလ်က္

"မင္းတို႔မိသားစုက အသီးအ႐ြက္ေတြက တကယ္ကို ေကာင္းတယ္! မင္းတို႔ဆီက အသီးအ႐ြက္ေတြ စားၿပီးရင္ တျခားဆိုင္ကဟာေတြဆို ပါးစပ္ထဲ အရသာကို မတိုးေတာ့ဘူး... အရင္ကဆို အဘိုးက အသားစားရတာ အရမ္းႀကိဳက္လို႔ အသီးအ႐ြက္ဆို တို႔ေတာင္ တို႔တာမဟုတ္ဘူး... ဒါေပမဲ့ အခုဆို မင္းတို႔အိမ္က အသီးအ႐ြက္မပါရင္ ထမင္းမစားႏိုင္တဲ့အထိပဲ... မင္းတို႔ရဲ႕အသီးအ႐ြက္ေတြ စားလို႔လားမသိ လူက အရင္ကထက္ေတာင္ ေနလို႔ေကာင္းလာသလိုပဲ... ၾကည့္! အခုဆို အရင္က အဘိုးျဖစ္ေနတဲ့ လူႀကီးေရာဂါေတြ အကုန္ ေပ်ာက္သြားသလားေတာင္ ထင္ရတယ္ ဟဟ! အဘိုးယုံတယ္ အဲ့တာ မင္းတို႔မိသားစုက အသီးအ႐ြက္ေၾကာင့္ပဲ"

"အဲ့လိုေတာ့လည္း မဟုတ္ပါဘူး... ကြၽန္မတို႔အိမ္က အသီးအ႐ြက္ေတြက ေမွာ္ေဆးလုံးေတြမွ မဟုတ္တာ အဘိုးေျပာသလို ဘယ္အစြမ္းထက္ႏိုင္ပါ့မလဲ... ကြၽန္မ အရင္က ႐ြာရဲ႕ ေဆးဆရာဆီမွာ ေဆးပညာ ေလ့လာတုန္းက သူေျပာတာေတာ့ အသီးအ႐ြက္ မ်ားမ်ားစားတဲ့သူက တျခားသူေတြထက္ ပိုက်န္းမာတယ္တဲ့! အရင္က အဘိုး က်န္းမာေရးမေကာင္းတာ အသီးအ႐ြက္မစားလို႔ပါ... အခု အဘိုးက အသီးအ႐ြက္ေတြ ႀကိဳက္လာၿပီဆိုေတာ့ က်န္းမာေရး ပိုေကာင္းလာတာ သဘာဝပါပဲ... ကြၽန္မတို႔အိမ္က အသီးအ႐ြက္ေတြ အမ်ားႀကီးစားလို႔ရယ္ေတာ့ မဟုတ္ပါဘူး"

ေရွာင္ေခ်ာင္းက သူမတို႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို တျခားသူေတြ မသိေစခ်င္တာမို႔ လ်င္လ်င္ျမန္ျမန္ပဲ ရွင္းျပလိုက္တယ္။

သခင္ႀကီးေယာင္ကေတာ့ သူက်န္းမာေရးေကာင္းလာတာ ေရွာင္ေခ်ာင္းတို႔ အသီးအ႐ြက္ေတြေၾကာင့္လို႔ ေတြးမိေနတုန္းမို႔
" ဟုတ္ပါၿပီ... ဒါေပမဲ့ အသီးအ႐ြက္စားတာ ႀကိဳက္လာရတာက မင္းတို႔ရဲ႕ အသီးအ႐ြက္ေတြက အရည္႐ႊမ္း လတ္ဆတ္ၿပီး အရမ္းအရသာရွိလို႔ေလ! အဲ့ေတာ့ ၿခဳံငုံေျပာရရင္ အဘိုး က်န္းမာေရး ေကာင္းလာတာ မင္းတို႔အိမ္က အသီးအ႐ြက္ေတြေၾကာင့္ပဲေပါ့!"

သူတို႔ေျပာစကားကို ၾကားေတာ့ က်ိဳးက်ီ႐ႊီက ရယ္လိုက္ၿပီး
"သခင္ႀကီးေယာင္ေရာ ေရွာင္ေခ်ာင္းေရာ ေတာ္လိုက္ပါေတာ့... တစ္ေယာက္ကလည္း အဆတ္မျပတ္ ခ်ီးက်ဴးေနၿပီး တစ္ေယာက္ကလည္း အသည္းအသန္ကို ျငင္းေနတယ္... သခင္ႀကီး က်ိန္ရႈံစားေသာက္ဆိုင္က ဟင္းမွာပါတဲ့ အသီးအ႐ြက္ေတြအကုန္ ေရွာင္ေခ်ာင္းတို႔ဆီက မွာတာေလ... သခင္ႀကီး ႀကိဳက္တယ္ဆို မ်ားမ်ားသာစားပါဗ် "

တိုင္းတရားသူႀကီးဝူက 'ဆလက္႐ြက္ ခ႐ုဆီေၾကာ္' ကိုစားၿပီး ေခါင္းကို တညိတ္ညိတ္လုပ္ကာ
"က်ိန္ရႈံစားေသာက္ဆိုင္က ခ႐ုဆီဟင္းေတြက ေတာ္ေတာ္ကို အရသာရွိတာပဲ! ေနာက္ဆို က်ဳပ္မွာ စားဖို႔ အခြင့္အေရးေတာင္ ရွိပါေတာ့မလားပဲ"

က်ိဳးက်ီ႐ႊီက ဒါကိုၾကားေတာ့ ျမန္ျမန္ဆန္ဆန္ပဲ
" ဦးေလးဝူ, ကြၽန္ေတာ္တို႔ က်ိန္ရႈံစားေသာက္ဆိုင္ခြဲကို ၿမိဳ႕ေတာ္မွာ အရင္လေတြတည္းက ဖြင့္ထားၿပီးပါၿပီ... ဒါေၾကာင့္ ထပ္မစားရမွာ စိုးရိမ္မေနပါနဲ႔ဗ်... ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ၿမိဳ႕ေတာ္က ဟင္းခတ္အေမႊးအႀကိဳင္ဆိုင္မွာလည္း ခ႐ုဆီေတြ ေရာင္းေပးပါတယ္။ အခုဆို အရာရွိေတြ ေတာ္ဝင္သခင္ႀကီးေတြရဲ႕ မီးဖိုေခ်ာင္ေတြမွာ ဒီပစၥည္းေတြရွိေနၾကၿပီ

သခင္ႀကီးေယာင္က ခ႐ုဆီနဲ႔ ခ်က္ထားတဲ့ အ႐ြက္စိမ္းဟင္းကို စားၿပီး အရသာ ေတာ္ေတာ္ေတြ႕ေနတာမို႔ က်ိဳးက်ီ႐ႊီစကားကို ၾကားေတာ့ ခ်က္ခ်င္းပဲ ေမးလိုက္တယ္။

"ထန္ကူၿမိဳ႕မွာေရာ ခ႐ုဆီေတြ ေရာင္းလား ငါတို႔အိမ္က အကူေတြက အရမ္း မကြၽမ္းက်င္ၾကဘူး... သူတို႔ အဲ့လိုပစၥည္းမ်ိဳးေတြ တကယ္လိုအပ္တယ္"

"သခင္ႀကီးေယာင္ က်ိန္ရႈံစားေသာက္ဆိုင္ေဘးက ကုန္စုံဆိုင္မွာ ကြၽန္ေတာ္တို႔ ဟိုင္ထ်န္ က ထုတ္တဲ့ ပစၥည္းေတြ ေရာင္းတယ္... ခ႐ုဆီအျပင္ အရသာမႈန႔္ေတြ၊ ဆီတို႔ဟူးေတြ ပါရွိတယ္... ေနာက္ဆို ေရာင္းမယ့္ပစၥည္းေတြ ပိုစုံလာမယ္ထင္တယ္... သခင္ႀကီး လိုခ်င္တယ္ဆိုရင္ တစ္ေယာက္ေယာက္ကို ဝယ္ခိုင္းလိုက္ပါ... ကြၽန္ေတာ္ ႏွစ္ဆယ္ရာခိုင္ႏႈန္း ေလွ်ာ့ေပးလိုက္ပါ့မယ္"
က်ိဳးက်ီ႐ႊီက စီးပြားေရးလုပ္ရာမွာ တကယ္ကို ထက္ျမက္လွတယ္။

တရားသူႀကီးဝူက ဒါကိုၾကားေတာ့ က်ိဳးက်ီ႐ႊီကို လက္ညႇိဳးထိုးကာ ရယ္လိုက္ရင္း

"အာ...မင္းကေတာ့ေလ... စားေနတဲ့အခ်ိန္မွာေတာင္ မင္းတို႔ ထြက္ကုန္ေတြကို ေၾကာ္ျငာဖို႔ မေမ့ဘူးပဲ..."

"ေရွာင္႐ႊီ မင္းပစၥည္းေတြက ေၾကာ္ျငာစရာေရာ လိုလို႔လား ငါၾကားတာေတာ့ လူေတြတန္းစီၿပီး ဝယ္တာေတာင္ ဝယ္မရဘူးဆို!"
သခင္ေလးဝူက ၾကက္ေတာင္ပံကင္ကို ကိုက္ဝါးရင္း မွတ္ခ်က္ေပးတယ္။

ဒါကိုၾကားေတာ့ က်ိဳးက်ီ႐ႊီက ႐ို႐ိုက်ိဳးက်ိဴးေလး ျပန္ေျဖလိုက္တယ္။
"ဒါ ကြၽန္ေတာ့္ကို အဆက္မျပတ္ အားေပးေနတဲ့ သူေတြကို ေက်းဇူးတင္ရမွာပါပဲ"

စားပြဲဝိုင္းမွာရွိတဲ့သူတိုင္းက စိတ္ေက်နပ္တဲ့အထိ စားၾကေသာက္ေနၾကၿပီး ေပ်ာ္႐ႊင္စြာ စကားစျမည္ ေျပာေနၾကတယ္။ သူတို႔ စားၿပီးၾကေတာ့ ဖရဲသီးေတြကို အခ်ိဳတည္းၾကတယ္။ ကြၽမ္းက်င္တဲ့ စာဖိုးမႉးရဲ႕ လက္ေအာက္မွာ ဖရဲသီးေတြက ထူးျခားတဲ့ အႏုပညာလက္ရာေတြအလား စိတ္ပိုင္းထားတာမို႔ ျမင္ရသူတို႔အဖို႔ စားရမွာေတာင္ ႏွေျမာေနမိတယ္။ ဖရဲသီးရဲ႕ လတ္ဆတ္ခ်ိဳၿမိန္တဲ့ အရသာကိုေတာ့ လူတိုင္း ပါးစပ္ဖ်ားမွာ တညီတၫြတ္တည္း ခ်ီးက်ဴးေနၾကေလတယ္။

စားေသာက္ပြဲႀကီး ၿပီးေတာ့ ေရွာင္ေခ်ာင္းက ဂုဏ္သေရရွိလူႀကီးမင္းတို႔အတြက္ ခ်န္ထားတဲ့ ဖရဲသီးေတြ ယူလာၿပီး တစ္ေယာက္ကို ႏွစ္လုံးစီ ထည့္ေပးလိုက္တယ္။ ေရွာင္ေခ်ာင္းက ဒီေန႔စားပြဲအတြက္ မျပင္ဆင္ထားမိေပမဲ့လည္း ဧည့္ခံတဲ့သူေရာ ဧည့္သည္ေတြပါ သူ႔ဟာနဲ႔သူ ေက်နပ္ေပ်ာ္႐ႊင္ ေနၾကေလတယ္။
ေရွာင္ေခ်ာင္းက ေနလည္ပိုင္းမွာ တုန္ရွန္း႐ြာကို ျပန္ရမွာမို႔ ဖန္းဇီက်န္းက ဆိုင္ေစာင့္က်န္ခဲ့တယ္။ ဖန္းဇီက်န္းနဲ႔ သူ႔ရဲ႕တပည့္ႏွစ္ေယာက္က ဖရဲသီးဆိုင္ ကိစၥေတြနဲ႔ ရႈပ္ေနတာမို႔ ဆိပ္ကမ္းကိုေတာင္ မျပန္ျဖစ္တာ ရက္ေတာ္ေတာ္ၾကာၿပီ။ သူတို႔ရဲ႕ အလုပ္ေတြကလည္း ဒီတိုင္း အၾကာႀကီး ပစ္ထားလို႔ မျဖစ္တာမို႔ ေရွာင္ေခ်ာင္းက ဆိုင္အတြက္ လူတစ္ေယာက္ေလာက္ အလုပ္ခန႔္ဖို႔ စဥ္းစားမိတယ္။

ဘယ္သူ႔ကို ခန႔္ရင္ေကာင္းမလဲ ပထမဆုံးအေနနဲ႔ အဲ့ဒီလူက ႐ိုးေျဖာင့္ၿပီး ျဖတ္ထိုးဉာဏ္လည္း ေကာင္းရမယ္ ေနာက္ၿပီး ဆိုင္ကို စီမံခန႔္ခြဲႏိုင္တဲ့သူလည္း ျဖစ္ရမယ္။ ေရွာင္ေခ်ာင္း အိမ္ကို ျပန္ေရာက္တဲ့အခါ ဒီအေၾကာင္းကို သူမမိဘေတြနဲ႔ ေဆြးေႏြးျဖစ္ေတာ့ အေမဘက္က အႀကီးဆုံးအေဒၚနဲ႔ သင့္ေတာ္တဲ့ အလုပ္မွန္း ခံစားမိသြားတယ္။

အႀကီးဆုံးအေဒၚက ႐ိုးသားၿပီး ၾကင္နာတတ္တယ္။ ယြီမိသားစု အခက္အခဲျဖစ္တဲ့ အခ်ိန္ေတြတုန္းကဆို သူက ရွိတဲ့ေငြေလးေတြ ေခ်းငွားေပးခဲ့တာ။ ေနာက္ၿပီး သူမက ဆိပ္ကမ္းမွာလည္း အလုပ္လုပ္ဖူးတယ္။ ဖရဲသီးဆိုင္က ေနာက္ရက္ေတြဆို ဒီေလာက္ ပင္ပန္းမွာလည္းမဟုတ္ေတာ့ ေနာက္ပိုင္း အေျခက်သြားရင္ သူမတစ္ေယာက္တည္းနဲ႔ ဆိုင္ကို ဦးစီးႏိုင္ေလာက္တယ္။

ေရွာင္ေခ်ာင္းတို႔ ပို႔လိုက္တဲ့ စာကို ရၿပီးေတာ့ အမ်ိဳးသမီးဟန္က ေရွာင္ေခ်ာင္းတို႔ အေမဘက္က အဘြားနဲ႔ ဦးေလးႏွစ္ေယာက္တို႔နဲ႔အတူ အိမ္ကို လာခဲ့လိုက္တယ္။

"ဒီကေလးမေလး, အကူအညီလိုရင္ အေစာတည္းက ေျပာေရာေပါ့! မင္းကေတာ့ေလ အေမ မင္းကို ဘာေျပာထားလဲ အၿမဲ ကိုယ့္ဘာသာပဲ လုပ္ေနေတာ့တာပဲကြယ္"

ေရွာင္ေခ်ာင္းရဲ႕ အဘြားက သမီးျဖစ္သူ အမ်ိဳးသမီးလ်ိဳကိုျမင္ေတာ့ ခ်စ္စဖြယ္ ဆူေငါက္လိုက္ရင္း နဖူးကို ခပ္ဖြဖြ ပုတ္တယ္။

အမ်ိဳးသမီးလ်ိဳက ၿပဳံးရင္ ေခါင္းငုံ႔အ႐ိုအေသေပးကာ
" ဒီရက္ပိုင္း ဖရဲသီးေတြ မွည့္လာလို႔ နည္းနည္း အလုပ္ရႈပ္ေနလို႔ပါ... လက္ထပ္ၿပီးသား သမီး တစ္ေယာက္အေနနဲ႔ အေမတို႔ဆီ လာၿပီး ခဏခဏ ဒုကၡေပးေနလို႔ ဘယ္ေကာင္းပါ့မလဲ အေမရဲ႕"

"တစ္မိသားစုတည္းေတြပဲကြယ္... ဘယ္လိုလုပ္ ဒုကၡေပးတယ္ျဖစ္ရမွာလဲ"
အမ်ိဳးသမီးဟန္က လွည္းေပၚက ဝန္ေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ ကူတင္ေပးလိုက္ၿပီး ဖရဲသီးသယ္တဲ့ လွည္းနဲ႔ ၿမိဳ႕ကိုသြားဖို႔ လုပ္လိုက္ေတာ့တယ္။ သူက ဆိုင္မွာ ၾကာၾကာေနရရင္ ဆိုၿပီး လိုရမယ္ရ အက်ႌအပိုေတာင္ ယူခဲ့ေသးတယ္။

ေရွာင္ေခ်ာင္းရဲ႕ အႀကီးဆုံးဦးေလးကေတာ့ ဖရဲသီးေရာင္းတဲ့ကိစၥေတြကို ယြီဟိုင္နဲ႔ ေရွာင္ေခ်ာင္းတို႔နဲ႔အတူ ေဆြးေႏြးေနတယ္။
"ငါ့အထင္ ဒီလွည္းႏွစ္လွည္းတည္းနဲ႔ေတာ့ မင္းတို႔ အဆင္မေျပေလာက္ဘူး ငါတို႔ကို ျမည္းလွည္းငွားဖို႔ ကိစၥကို ေမ့လိုက္ေတာ့... ငါတို႔ေၾကာင့္နဲ႔ မင္းတို႔ စီးပြားေရး ၾကန႔္ၾကာေနတာမ်ိဳး မျဖစ္ေစခ်င္ဘူး"

ေရွာင္ေခ်ာင္းက ဒါကိုၾကားေတာ့ ၾကားျဖတ္ေျပာလိုက္တယ္။
"အႀကီးဆုံးဦးေလး... ဒီအတြက္ေတာ့ ပူစရာမလိုပါဘူး! တတိယသခင္ေလးက်ိဴးက သူတို႔မိသားစုမွာ ပုံမွန္မသုံးျဖစ္တဲ့ ျမင္းရထားလုံး တစ္စီးရွိတယ္ေျပာတယ္... အဲ့တာ ကြၽန္မ သူ႔ဆီက ငွားထားတယ္"

"ဒီကေလးမေလးကေတာ့ သခင္ေလးက်ိဳးကို ဒုကၡေပးျပန္ၿပီ!"
ယြီဟိုင္က ေခါင္းကို ခါရင္း ဆိုတယ္။

ေရွာင္ေခ်ာင္းက ေျပာင္ေခ်ာ္ေခ်ာ္ေလး လုပ္လိုက္ၿပီး
" သူက ငွားခ်င္ေနတာကို! ေနာက္ၿပီး သူ႔လွည္းက အိမ္မွာ အလဟသျဖစ္ေနတာေလ သုံးမွ မသုံးတာ အဲ့တာမို႔ သမီးကို ငွားလိုက္တာ ေကာင္းေကာင္း အသုံးခ်လိုက္တာပဲေလ အေဖရဲ႕! အႀကီးဆုံးဦးေလး... ဦးေလး က်ိဳးမိသားစုက ရထားလုံးကို သုံးလို႔ရတယ္ အဲ့တာက ဝန္ေတြေတာင္ ပိုဆံ့ေသးတယ္!"

"လွည္းရွိရင္ေတာ့ ပိုအဆင္ေျပသြားတာေပါ့! မင္း ဒုတိယဦးေလးနဲ႔ ေျပာေနၾကတာ... ဖရဲသီးေတြက အရမ္းအဖိုးတန္ေတာ့ ၿမိဳ႕မွာ မင္းတို႔တစ္ဆိုင္တည္း ေရာင္းတာနဲ႔တင္ လုံေလာက္တယ္... ငါတို႔က ေတာ္ဝင္ႏြယ္ေတြနဲ႔ လူကုံထံေတြ ပိုရွိတဲ့ စီရင္စုၿမိဳ႕ကို သြားေရာင္းဖို႔ ျပင္ေနတာ... အဲ့လိုဆို ငါတို႔ေတြ ေရာင္းလို႔ရၿပီေလ!"

လ်ိဳေဖးက သူ႔ဒုတိယညီေလးထက္ေတာင္ ပိုၿပီး စြန႔္စားလိုစိတ္ရွိတယ္။
ေရွာင္ေခ်ာင္းက သေဘာတူတဲ့ အမူအရာနဲ႔
" အႀကီးဆုံးဦးေလး... ဦးေလးတို႔ ဘယ္ေတာ့သြားဖို႔ စီစဥ္ထားလဲ မနက္ျဖန္ ကြၽန္မေမြးစားအေဖလည္း စီရင္စုၿမိဳ႕ကို သြားဖို႔ရွိတယ္... ျဖစ္ႏိုင္ရင္ သူနဲ႔အတူ တစ္ခါတည္း လိုက္သြားလိုက္... ကြၽန္မ ေမြးစားအေဖ အရွိန္အဝါနဲ႔ ဦးေလးတို႔ လူလိမ္ေတြ၊ လူရမ္းကားေတြ၊ အႏိုင္က်င့္ခ်င္တဲ့လူေတြ ဆီကေန ေရွာင္လို႔ရတယ္..."

စီရင္စုၿမိဳ႕က ႐ိုးသားေျဖာင့္မတ္ၿပီး ေရွး႐ိုးဆန္တဲ့ ထန္ကူၿမိဳေလးနဲ႔ ကြဲျပားျခားနားတယ္။ ဒီႏွစ္ ဒီလို အခ်ိန္မွာ ဖရဲသီးကို ျမင္ဖို႔ေတြ႕ဖို႔က အလြန္ရွားတာမို႔ ဟိုေရာက္ရင္ ေသခ်ာေပါက္ မနာလိုေနတဲ့ မ်က္လုံးေတြ ရွိလိမ့္မယ္။ ဒါေပမဲ့ ႀကီးျမတ္တဲ့သခင္ႀကီး ဖန္းဇီက်န္းရဲ႕ အကူအညီနဲ႔ဆို လ်ိဳညီအကိုတို႔ ဘာအခက္အခဲမွ မရွိေလာက္ေတာ့ဘူး!

***

Continue Reading

You'll Also Like

113K 5.7K 28
ငလျင်လှုပ်မှု့တစ်ခုကနေ အခြားအပြိုင်ကမ္ဘာကိုရောက်ရှိသွားရတဲ့ နှိုင်းမဲ့ နဲ့လင်းမြတ်တို့ သူငယ်ချင်းနှစ်ယောက်....သူတို့ရောက်သွားတဲ့နေရာက ဝံပုလွေလူသားတွေ...
691K 30.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
186K 20.7K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1M 117K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...