[Unicode]
အပိုင်း - ၁၇၃ (အကုန် ရောင်းထွက်ခြင်း)
"မိန်းကလေးယွီ, ကျိန်ရှုံစားသောက်ဆိုင်က ညီလေးချန်းကြောင့်သာမဟုတ်ရင် ဆိုင်ဖွင့်တာတောင် ကျွန်တော်တို့ သိမှာမဟုတ်ဘူး! ကျွန်တော်တို့ သခင်ကြီးဆို ဒီသတင်းကြားတုန်းက မိန်းကလေးဆီ လူချင်းလာတွေ့ပြီး ဂုဏ်ပြုစကားပြောဖို့ကို လုပ်နေတာ! အရာရှိဖန်း, မိန်းကလေးယွီ... ဂုဏ်ယူပါတယ်ဗျာ ဂုဏ်ယူပါတယ်"
အိမ်တော်ထိန်းယောင်က လက်နှစ်ဖက်ကို အတူတကွ ဆုပ်ကိုင်လိုက်ပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလို့နေတယ်။ မသိတဲ့သူဆိုရင် ဆိုင်ဖွင့်တာ သူလို့တောင် ထင်ရင် ထင်နေကြလောက်တယ်။
"ဒုတိယအစ်မရေ... ဒုတိယအစ်မ!! "
ရင်းနှီးနေတဲ့ အသံဆာဆာလေးက လူအုပ်ကြားထဲကိုဖြတ်ပြီး ရှောင်ချောင်းနားစည်ကို လာရောက် ရိုက်ခတ်တယ်။ ခဏလောက်ကြာတော့ ပင်လယ်ပြာရောင် ကျောင်းဝတ်စုံနဲ့ ပညာရှင်ဖဲကြိုးကို ဆံပင်တွေမှာ ချည်ထားတဲ့ ပုံရိပ်သေးသေးလေးက လူအုပ်ကြားထဲ တွန်းဖယ်ကာ ရှောင်ချောင်းရင်ခွင်ထဲ အမြှောက်ဆံလေးလို တဟုန်ထိုး ပြေးဝင်လာတယ်။
" ရှီထုန်? အစ်မအထင် ဒီနေ့နားရက် မဟုတ်ပါဘူး... မင်း ဒီမှာ ဘာလာလုပ်နေတာလဲ... အတန်း လစ်လာတာလား"
ရှောင်ချောင်းက ရှီထုန်လေး ပုခုံးကို ဖက်လိုက်ပြီးနောက် တအံ့တဩ ဆိုလိုက်တယ်။
ရှီထုန်လေးက ဒါကိုကြားတော့ နှုတ်ခမ်းဆူကာ သူမရင်ခွင်ထဲက ထွက်လိုက်ပြီး သုန်မှုန်နေတဲ့ အမူအရာလေးနဲ့
"ဒုတိယအစ်မ ကျွန်တော့်ကို မှားပြီး စွပ်စွဲနေတာပဲ! ကျွန်တော်တို့ ကျောင်းအုပ်ကြီးက အစ်မဆိုင်ဖွင့်တာ ကြားလို့ ဂုဏ်ပြုရအောင် ကျွန်တော်နဲ့ အကိုယွင်ရှီးကို ခေါ်ပြီး လာခဲ့တာ... ပြောရရင် ကျွန်တော်လည်း ဒီဆိုင်နဲ့ တစ်စိတ်တစ်ပိုင်း ပတ်သက်တာပဲလေ... ဘာလို့ ကျွန်တော်က မလာရမှာလဲ"
ရှောင်ချောင်းက သူ့မောင်လေး လာခဲ့တဲ့ လမ်းကို မျှော်ကြည့်လိုက်တော့ သေချာပေါက်ပဲ ကျော့ကျော့မော့မော့ ဝတ်ဆင်ထားပြီး အိန္ဒြေအပြည့်နဲ့ ကျောင်းအုပ်ယွမ်ကို တွေ့လိုက်ရတယ်။ သူ့နောက်မှာတော့ ချောမောခန့်ညားတဲ့ လူငယ်လေး ယွမ်ယွင်ရှီးပင်။ ရှောင်ချောင်းက ကျောင်းအုပ်ယွမ်ကို မျက်လုံးထောင့်လေးတွေ ကျုံ့ကာ ကြည့်ပြီး တွေးလိုက်မိသည်... ဒီအဘိုးက မျက်နှာနှစ်ခုပါတဲ့ လူတွေရဲ့ စံပြနမူနာ လူပဲ။ သူက လူကြားထဲဆို ဟိတ်ဟန်အပြည့်နဲ့ တကယ်တော့ အစားမြင်ရင် အိန္ဒြေမဆယ်နိုင်တဲ့ အစားကြူးတဲ့ လူတစ်ယောက်မလား။
"ဆရာယွမ်လည်း ပါတာကိုး... လာပါရှင် ကြွပါ"
ရှောင်ချောင်းစိတ်ထဲကနေ ညည်းနေပေမယ့် ကျောင်းအုပ်ယွမ်ကိုတော့ နွေးထွေးစွာပင် ကြိုဆိုလိုက်တယ်။
ယွမ်စီနျန်က သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီးနောက် အထဲကို အေးအေးလူလူပဲ ဝင်သွားတယ်။ ပြီးနောက် သူက ပြုံးလျက်
" ရှောင်ချောင်း, ကျိန်ရှုံစားသောက်ဆိုင်က အခမဲ့ အသီးဗန်းတွေက မင်းတို့မိသားစုက ဖရဲသီးတွေနဲ့ လုပ်တာဆို အရမ်းချိုပြီး အရည်ကို ရွှမ်းနေတာပဲ တော်တော် စားလို့ကောင်းတယ်... စိတ်မကောင်းစရာကတော့ ကျိုးအိမ်က ကောင်စုတ်လေးက ကပ်စေးလေးဖြစ်နေတာပဲ... သူက စားပွဲတစ်ဝိုင်းကို ဗန်းတစ်ခုပဲ ကျွေးတယ်လေ..."
ရှောင်ချောင်းက ဒါကိုကြားတော့ မထိန်းနိုင်ဘဲ ပြုံးလိုက်မိတယ်။ ဒါဆို ဖရဲသီးတွေ အလကား စားရပေမယ့် ဗိုက်ဝအောင် မစားရလို့ သူက မကျေမနပ် ဖြစ်နေတာပေါ့! ဒါပေမဲ့ ကျောင်းအုပ်ယွမ်လို လူအတွက်တော့ ဒီကိစ္စက မကျေနပ်ရင်လည်း မကျေနပ်ချင်စရာပါပဲလေ။
"ဆရာယွမ်, ဒီနေ့တော့ ဆရာ ဖရဲသီး အဝစားရစေရလိမ့်မယ်လို့ ကျွန်မ အာမခံပါတယ်!"
ရှောင်ချောင်းက သူမ မွေးစားအဖေကို ခြံရှေ့မှာ ဆရာယွမ်ကို ဧည့်ခံဖို့ ပြောလိုက်တယ်။ သူမက ဒီလို အရေးကြီးဧည့်သည်တွေ လာမယ်မှန်းမသိလို့ ဘာမှ ထွေထွေထူးထူး မပြင်ထားမိဘူး။ ကံကောင်းလို့ မနေ့က မွေးစားအဖေအတွက် လက်ဖက်ခြောက်ကောင်းကောင်းလေးတွေ ဝယ်ထားမိလို့သာပေါ့။ မဟုတ်ရင် ဧည့်သည်ကို ဧည့်ခံစရာ ဘာမှတောင် ရှိမှာ မဟုတ်ဘူး။
'အာဟုတ်သား! စီးပွားရေးတစ်ခုခုစလို့ လူတွေလာပြီး ဂုဏ်ပြုရင် သူတို့ကို ထမင်းကျွေးဖို့ လိုမယ်မလား!'
ရှောင်ချောင်းက ဧည့်သည်တွေကို ပြုံးကာ နှုတ်ဆက်ရင်း သူ့နည်းတူ ဧည့်ခံနေတဲ့ ကျိုးကျီရွှီနား တိုးကာ ခပ်တိုးတိုး ဆိုလိုက်တယ်။
" ရှင်တို့ စားသောက်ဆိုင်မှာ သီးသန့်ခန်းတွေ ရှိသေးလား ဒီနေ့ ဧည့်သည် အဲ့လောက်များမယ်မထင်လို့ ကျွန်မ ဘာမှ မပြင်ထားမိဘူး... "
ဒါကိုကြားတော့ ကျိုးကျီရွှီလည်း သူမနားကပ်ကာ ခပ်တိုးတိုး ပြန်ပြောလာတယ်။
" ရှိတာပေါ့! ငါတို့ဆက်ဆံရေးက ဒီလို စကားပလ္လင်ခံနေရမယ့် ဆက်ဆံရေးလား မင်းကိစ္စကလည်း ကိုယ့်ကိစ္စပါပဲ! မင်းအတွက် အခန်းတွေ သီးသန့်ယူထားပြီးပါပြီ ဘယ်လောက် ဧည့်သည်များများ ကိစ္စမရှိဘူး"
ကံကောင်းတာက ယွီမိသားစုဟာ မြို့၌ အသိ သိပ်မရှိပေ။ စစ်သူကြီးဖန်းဆီ မျက်နှာရဖို့လာတဲ့ အုပ်ချုပ်ရေးရုံးအဖွဲ့ကလွဲလို့ ကျန်တာက ကျောင်းအုပ်ယွမ်နဲ့ သူတို့အိမ်က အသီးအရွက်တွေ ဝယ်လေ့ရှိတဲ့ အိမ်တော်က လူတွေပါပဲ။ သခင်ကြီးယောင်ကလွဲလို့ ကျန်တဲ့ အိမ်တော်အများစုက ကိုယ်တိုင်မတက်ဘဲ သူတို့အိမ်က အိမ်တော်ထိန်းတွေကိုပဲ လွှတ်လိုက်ကြတယ်။ အဲ့တော့ သီးသန့်ခန်း နှစ်ခန်းဆို လုံလောက်ပါတယ်။
ကျောင်းအုပ်ယွမ်နဲ့ သခင်ကြီးယောင်ကို စားပွဲတစ်ဝိုင်းတည်းမှာ နေရာချပေးလိုက်ပြီး တိုင်းတရားသူကြီးဝူနဲ့ ဖန်းဇီကျန်းတို့ကတော့ သူတို့ကို ဧည့်ခံနေကြတယ်။ တခြား အိမ်တော်ထိန်းတွေကိုတော့ လီလီနဲ့ ဝူယွင်တို့ကပဲ ဧည့်ခံပေးကြတယ်။
ဖရဲသီးဆိုင် သေးသေးလေးဖွင့်တာကို အရာရှိကြီးတစ်ယောက်ရယ်၊ တိုင်းတရားသူကြီးရယ်၊ ကျော်ကြားတဲ့ ရုံရွှမ်ကျောင်းက ကျောင်းအုပ်ရယ် နောက်ပြီး ထန်ကူမြို့က မြို့မျက်နှာဖုံးတွေ အများကြီး လာကြတာမို့ ချက်ချင်းပဲ အနီးအနားက လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့တယ်။
မြင့်မြတ်ပြီး ဂုဏ်ကျက်သရေရှိတဲ့ ကျောင်းအုပ်ယွမ် ကိုယ်တိုင် 'ထန်ကူ ဖရဲသီးဆိုင်' ဆိုတဲ့ ဆိုင်နာမည် ထွင်းထားတဲ့ မော်ကွန်းကျောက်ပြားပေါ်က အနီရောင်ပိုးစကို ဖယ်လိုက်ပြီးနောက် ကျောင်းအုပ်ယွမ် နှုတ်ခမ်းတွေ ကော့ညွတ်သွားတယ်။ ဆိုင်နာမည်က ရိုးရှင်းပြီး နားလည်လွယ်တဲ့ နာမည်ပဲ။
ဆိုင်ထဲမှာ လူတွေအများကြီး ရှိနေပြီး နောက်ဖေးခြံဝင်းကတော့ တော်တော်လေး ရိုးရှင်းတယ်။ ဒါကြောင့် ဖန်းဇီကျန်းက ဂုဏ်ပြုဖို့လာတဲ့ ဧည့်သည်တွေကို ဆိုင်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျိန်ရှုံစားသောက်ဆိုင်ကို ခေါ်သွားလိုက်တယ်။ ပြင်ပကြည့်ရှုသူတွေကတော့ စူးစမ်းလိုစိတ် အပြည့်နဲ့ ဆိုင်ထဲကို အလုံးအရင်း ဝင်လာကြတယ်။ ယွီရှောင်ချောင်း၊ လီလီနဲ့ ဝူယွင်တို့ကတော့ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ ပါးစပ်ဆယ်ပေါက်ရှိဖို့ စိတ်ကူးမိသည်အထိ ဆိုင်ထဲမှာအလုပ်ရှုပ်နေကြရတယ်။
အရင်က ထန်ကူမြို့မှာရှိတဲ့ မြို့သူမြို့သား တော်တော်များများက ဖရဲသီးကို မမြင်ဖူးကြချေ။ ဒီတစ်ခေါက်မှာတော့ လူတွေက ဆိုင်ထဲဝင်ပြီး ဖရဲသီးအကြောင်းတွေ အလုအယက်မေးကာ လာရောက်ကြည့်ရှုကြပေမဲ့ တကယ် ဝယ်တဲ့သူကတော့ များများစားစားမရှိပေ။
ယွီရှောင်ချောင်းက ဒီအခြေအနေကို ကြိုမြင်ပြီးသားပင်။ သူမက ဆိုင်ဝင်ပေါက်မှာ ဖရဲသီးစိတ် သေးသေးလေးတွေ အပြည့်ပါတဲ့ ဗန်းတွေကို ချထားလိုက်ပြီးနောက် ခပ်ကျယ်ကျယ် အော်လိုက်တယ်။
"ထန်ကူဖရဲသီးဆိုင်ဖွင့်ပွဲအနေနဲ့ အထူးအစီအစဉ် ရှိပါတယ်!! ဆိုင်ထဲကို ဝင်လာတဲ့ မည်သူမဆို ဖရဲသီးတစ်စိတ် အလကား စားလို့ရပါတယ်! အားလုံးပဲ အုံခဲပြီး တိုးမရတာမျိုးမဖြစ်အောင် လူတိုင်း တန်းစီပေးကြပါ... တကယ်လို့ စားရတာ အရသာရှိလို့ ဝယ်ချင်တယ်ဆိုလည်း ရပါတယ်... အကြီး တစ်လုံးကို ငါးလျန်ကျပြီး အသေးတွေကတော့ သုံးလျန်ပဲ ကျပါမယ်ရှင့်!"
ဒီလို အလကားကျွေးတဲ့ ဆိုင်ဖွင့်ပွဲမျိုး အရင်က ထန်ကူမြို့မှာ တစ်ခါမှ မလုပ်ဖူးသေးပေ။ ဒါကြောင့် ဆိုင်ထဲမှာ ရှိတဲ့လူတွေက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စားဖို့မရဲတာမို့ ပထမဆုံး စားမယ့်သူ မရှိ ဖြစ်နေတယ်။
"ဝိုး! အလကား အမြည်းကျွေးတာလား!! ကျွန်မ, ကျွန်မစားမယ်!"
မိန်းကလေးဝမ်ရဲ့အသံက တက်ကြွလို့နေတယ်။ သူ့နောက်က စားဖို့မရဲဘဲ ရှက်နေတဲ့ အမျိုးသားငယ်လေးကို လျစ်လျူရှုကာ သူမက ဖရဲသီးစိတ် အမြည်းကျွေးတဲ့နား ဦးဆောင် လျှောက်လာလိုက်တယ်။ သူမက ဖရဲသီးတစ်စိတ်ကို သေချာကောက်ယူလိုက်ပြီး တစ်လုတ်ပြီး တစ်လုတ်ကိုက်ကာ ဖရဲသီးကို မျက်လုံးမှိတ်ပြီး အရသာခံနေတယ်။
ဝမ်ချိန်ရန်ကတော့ သူဝင်ပုန်းဖို့ရာ မြေကြီးအောက်မှာ အပေါက်တစ်ခုခုရှိရင် ကောင်းမှာပဲလို့ ဆုတောင်းနေမိတယ်။ သူ သူ့အမေစကား နားထောင်ပြီး ညီမဖြစ်သူနောက် မလိုက်စဖူး လိုက်လာမိတာ မှားတာပဲ။ သူ့ညီမက လူပုံအလယ်မှာ အလကားကျွေးတဲ့ အမြည်းကို စားရဲလိမ့်မယ်လို့ သူ စိတ်တောင် မကူးဖူးဘူး။
နောက်ထပ် သူ့ကို ခေါင်းမဖော်စေနိုင်တာက ဝမ်ယန်ရန်ဆိုတဲ့ ကလေးမလေးက အမြည်း စားပြီးတာတောင် အာသာမပြေနိုင်ဘဲ
"တစ်ယောက်ကို တစ်ခုပဲ စားလို့ရတာလား" လို့ မေးလိုက်သေးတယ်။
'တစ်ခု မစားလို့ ဘယ်နှခုစားချင်သေးတာလဲ... ဗန်းကြီးပါ ဝါးစားချင်သေးတာလား'
ဝမ်ချိန်ရန်က ချက်ချင်းပဲ သူမပါးစပ်ကို လက်နဲ့အုပ်ပြီး အဲ့ဒီအရှက်မရှိတဲ့ ကလေးမစုတ်လေးကို ဆိုင်အပြင်ဘက်သာ ဆွဲခေါ်လာလိုက်ချင်တော့တာပဲ။
ရှောင်ချောင်းက တစ်ယောက်ကို တစ်စိတ်လို့ပဲ ဆိုတော့ ဝမ်ယန်ရန်က စိတ်ပျက်လက်ပျက်ပုံနဲ့ နှုတ်ခမ်းဆူလိုက်တယ်။ ပြီးနောက် သူမက ရုတ်တရက် မျက်နှာမဖော်နိုင်ဖြစ်နေတဲ့ အကိုဖြစ်သူဘက် လှည့်ကြည့်လိုက်ပြီး တောက်ပနေတဲ့ မျက်ဝန်းလေးတွေနဲ့ ဆိုလာတယ်။
"အကိုကြီးလည်း လာမစားဘူးလား... ရှက်လို့ မစားရဲဘူးဆို အကိုကြီးဝေစုကို ကျွန်မစားလိုက်မယ်နော်!
ထိုစကားနှင့်အတူ ဝမ်ယန်ရန်က ဖရဲသီးနောက်တစ်စိတ်ကို ပြုံးကာ ကောက်ယူလိုက်တော့တယ်။
ဝမ်ချိန်ရန်က စူးစမ်းမေးငေါ့ချင်နေတဲ့ အကြည့်တွေကို သည်းခံလိုက်ပြီးနောက် သူ့နားက ညီမဖြစ်သူကို ဆွဲကာ အံကြိတ်လုနီးပါး ပုံစံနဲ့
"မနေ့ကမှာထားတဲ့ ဖရဲသီးတွေ ယူဖို့ လာခဲ့တာ မဟုတ်ဘူးလား ငါ့မှာ လုပ်စရာတွေရှိသေးတယ် ယူပြီးရင် မြန်မြန် ပြန်ကြစို့"
ယွီရှောင်ချောင်းက မနေ့က သူမထုတ်ပိုးထားတဲ့ ဖရဲသီးကို ထုတ်ကာ ခက်ခက်ခဲခဲ သယ်လာလိုက်တယ်။ ပြီးနောက် သူက သခင်လေးဝမ်လက်ထဲကို ကမ်းပေးလိုက်ပြီး ပြုံးလျက်
"သခင်မလေးဝမ်... ဒါမနေ့က ရှင်မှာထားတဲ့ ဖရဲသီးပါ... မနေ့က ကျွန်မ ပေးလိုက်တဲ့ ပြေစာ ပြပေးပါဦး..."
ဝမ်ယန်ရန်က ဖရဲသီးပေါ်က စာရွက်ကို ကြည့်လိုက်ပြီးနောက် မနေ့က သူမလက်သည်းနဲ့ လုပ်ပေးလိုက်တဲ့ အမှတ်အသားကို တွေ့လိုက်တယ်။ သူမက အပြုံးတစ်ပွင့်နဲ့အတူ ပန်းထိုး ပိုက်ဆံအိတ်ထဲက ပြေစာကို ထုတ်လိုက်ပြီး
"မိန်းကလေးယွီ, ရှင့်ဆိုင်က ဖရဲသီးတွေကတော့ ကျွန်မ စားဖူးသမျှတွေထဲ အကောင်းဆုံးပဲ... မြို့တော်က ဖရဲသီးတွေတောင် ရှင်တို့ဆိုင်ကလောက် မကောင်းဘူး! နောက်ရက်တွေ မုန့်ဖိုးရရင်လည်း ဒီမှာ ဖရဲသီးလာဝယ်ဦးမယ်!"
ဝမ်ချိန်ရန်က လက်တစ်ဖက်ကနေ ဖရဲသီးအလေးကြီးကို ကိုင်ရင်း နောက်လက်တစ်ဖက်က သူ့ညီမလက်ကို ဆွဲကာ ဆိုင်အပြင်ဘက် ထွက်လာခဲ့လိုက်တယ်။ ပြီးနောက် မြင်းရထားလုံးပေါ် ရောက်တာနဲ့ သူက ညီမဖြစ်သူ ဝမ်ယန်ရန်ကို ဆူလိုက်တော့တယ်။ ဒါပေမဲ့ ထိုကလေးမလေးက အိမ်ပြန်ရောက်တာနဲ့ ဖရဲသီးချိုချိုလေး စားရတော့မှာ ဖြစ်တာမို့ အဆူခံရတာတောင် စိတ်ပျက်ပုံ မပေါ်။ သူမက ပြုံးဖြီးနေပြီး အလွန်အမင်း ပျော်ရွှင်နေတာမို့ ဝမ်ချိန်ရန် ဘာလုပ်ရမှန်းတောင် မသိတော့ပေ။
ဒါပေမဲ့ သူကိုယ်တိုင်လည်း ဖရဲသီးတစ်ကိုက် စားပြီးချိန်မှာတော့ သူရဲ့ ညီမလေးက ဘာလို့ ယွီမိသားစုက ဖရဲသီးတွေကို ငမ်းငမ်းတက်ဖြစ်နေရသလဲဆိုတာ သဘောပေါက်မိသွားတော့တယ်။ သူ ငယ်ငယ်ထဲက အဖေနဲ့အတူ တိုင်းပြည်အနှံ့ အလုပ်ကိစ္စတွေ သွားလုပ်ရင် အတူလိုက်ရတာမို့ ဖရဲသီးကို အရင်ကလည်း စားဖူးတယ်။ ဒါပေမဲ့ ဒီချိုမွှေးပြီး အရည်ရွှမ်းနေတဲ့ ဖရဲသီးကို စားဖူးတာတော့ ဒါပထမဆုံးပဲ။ ဒါ့အပြင် ဖရဲသီးက အရမ်းလည်း စျေးတန်သေးတယ်။ မြို့တော်မှာဆို ဒီငါးလျန်တန် ဖရဲသီးလောက် ကြီးတဲ့ အရွယ်ဆို လျန်နှစ်ဆယ်နဲ့တောင် ရမယ်မထင်ဘူး။
ဝမ်မိသားစုက မိသားစုဝင်များတယ်။ အိမ်ရဲ့ အိမ်ထောင်ဦးစီးရယ်၊ ဇနီးဖြစ်သူနဲ့ ကိုယ်လုပ်တော်တွေရယ် နောက်ပြီး ကလေးတွေရယ်။ တရားဝင်ဇနီးရဲ့ သားသမီးတွေကတော့ တစ်ယောက်ကို ဖရဲသီး နှစ်စိတ် စီရပြီး တခြားကလေးတွေကတော့ တစ်စိတ်စီသာ ရကြတယ်။ ချိုမြိန်လက်ဆတ်တဲ့ အရသာကို မကြိုက်သူမရှိတာမို့ လူတိုင်းက တစ်ခါစားပြီး ထပ်ထပ် စားချင်နေကြတော့တယ်။
သခင်မလေး ဝမ်ယန်ရန်ကတော့ ထုံစံအတိုင်း နှုတ်ခမ်းကို ဆူထားကာ သူ့နှုတ်ခမ်းပေါ် ဆီပုလင်း ထောင်ထားလို့တောင် ရလောက်တယ်။ တကယ်လို့ သူမအမေက အဖေ စိတ်ကျေနပ်စေဖို့ သူမဝယ်လာတဲ့ ဖရဲသီးကို ပေးလိုက်မယ်မှန်းသာသိရင် ဒီဖရဲသီးအကြောင်းကို အစတည်းက အမေ့ကို ပြောမနေဘူး။ သူမတစ်ယောက်တည်း တိတ်တိတ်လေး ယူပြီး ဗိုက်ဝအောင် ကြိတ်စားပစ်မှာ။ ဖရဲသီးလေး နှစ်စိတ်ကတော့ သူမ သွားကြားတောင် မညပ်ဘူး! ကံကောင်းလို့ အဖေက ဖရဲသီးဝယ်တဲ့ ပိုက်ဆံကို ပြန်ပေးလို့သာပေါ့!
'ဟမ့်! မနက်ဖြန်ကျမှ တိတ်တိတ်လေး ထပ်ဝယ်ပြီး တစ်ယောက်တည်း ခိုးစားဦးမယ်!'
ရှောင်ချောင်းတို့ဆိုင်မှာတော့ ဝမ်ယန်ရန်က ဦးဆောင်ကာ အမြည်းလာစားသွားပြီးတည်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် မရှက်တော့ဘဲ အမြည်းလာစားနေကြတယ်။ စားပြီးတဲ့ သူတိုင်းက ဖရဲသီးရဲ့ အရသာကို ချီးကျူးလို့ မဆုံးကြတော့ပေ။
ဆိုင်ကိုရောက်တဲ့ ပထမအသုတ်က ဆိုင်အနီးနားက စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်ကြတယ်။ ဒီလမ်းမှာ ဆိုင်ငှားဖို့ဆိုတာကလည်း ပိုက်ဆံရှိတဲ့သူတွေမှသာ ဖြစ်တာမို့ သူတို့က အမြည်းစားပြီး အရသာတွေ့သွားကာ အိမ်အတွက်လည်း ဝယ်သွားကြတော့တယ်။
ဒုတိယအသုတ်ကတော့ အနီးအနားက စျေးလာဝယ်သူတွေပင်။ ထန်ကူမြို့က ဒီစျေးလမ်းဟာ အနာဂတ်ခေတ်အနေနဲ့ ပြောရမယ်ဆိုရင် ဇိမ်ခံပစ္စည်းတွေပဲ ရောင်းတဲ့ နေရာမို့ သာမန်လူတန်းစာတွေ လာလည်ခဲတယ်။ သူတို့လိုချင်ရင်တောင် ပစ္စည်းဝယ်ဖို့ တတ်နိုင်ကြမှာမဟုတ်။ ဒါ့အပြင် သူတို့က ကုန်သည်တချို့ရဲ့ အထင်သေးအကြည့်တွေကိုလည်း ခေါင်းငုံ့ခံရဦးမှာပင်။ ဒီလိုနေရာကို ဘယ်သူကများ အရေထူထူနဲ့ ပြန်လာပါလိမ့်မလဲ!!
ရှောင်ချောင်းကတော့ ဆိုင်ကို ကောင်းမွန်တဲ့ နေရာမှာ ရွေးဖွင့်ထားတယ်လို့ ဆိုလို့ရမယ်။ ဆိုင်ကနေ လက်ဗလာနဲ့ ထွက်သွားသူဆိုတာ မရှိသလောက်ပဲ။ ဒါပေမယ့် အကြီးဆုံး သခင်မလေးကျွမ်းလို ဆယ်လုံးတစ်ပြိုင်နက် ဝယ်သွားတဲ့သူတော့ မရှိသေးဘူး။ ဒါကြောင့် ကျွမ်းမိသားစုမှ အိမ်တော်ထိန်းနဲ့ အစေခံတွေက ပြေစာတွေပြကာ ဖရဲသီးတွေ တစ်လုံးပြီးတစ်လုံး သယ်သွားတာမို့ ရှောင်ချောင်းဆိုင်ကို စျေးဝယ်သူတွေ စိတ်ဝင်စားအောင် ဆွဲဆောင်ပေးသလိုတောင်ဖြစ်နေတယ်။
ယွီရှောင်ချောင်း နောက်ဆုံးတော့ 'ပိုက်ဆံတွေ လက်ထိပ်နာတဲ့အထိ ရေရတယ်' ဆိုတဲ့ နာကျင်ရတဲ့ ပျော်ရွှင်မှုကို ခံစားဖူးခဲ့ပြီ။ သူမ ဖရဲသီးဆိုင်က ခေတ်သစ်အချိန်အခါကလိုမျိုး အဆင်မြင့် စူပါမားကတ်တွေလို ဝယ်သူတွေက ကိုယ်ကြိုက်တာရွေးယူပြီး တံခါးမှာ ငွေရှင်းရုံပဲ။ သူမကလည်း
" နောက်တစ်ခါ လာလည်ဖို့ မျှော်လင့်ပါတယ် "
ဆိုပြီး ချိုသာစွာပြောရင်း အပြုံးလေးတစ်ခု ဆင်မြန်းထားရုံသာ လိုအပ်သည်။
စျေးဝယ်တဲ့ ဖောက်သည်တွေကတော့ ပိုက်ဆံလက်ခံပေးနေတဲ့ ကလေးမလေးက ချိုသာတဲ့အပြုံး၊ ကြည်လင်တဲ့အသံနဲ့၊ ကောင်းမွန်တဲ့ အတွက်အချက်စွမ်းရည်ရှိတယ်လို့ ခံစားနေရတယ်။ ဘယ်လောက်ပဲ ဖရဲသီးတွေ များများဝယ်ဝယ် သူမက တစ်ချက်ကြည့်ရုံနဲ့ ငွေပမာဏကို လုံးဝမမှားဘဲ တွက်ပေးနိုင်တယ်။
တကယ်တော့ ဒီလိုတစ်တန်းနှစ်တန်း သင်္ချာအတွက်အချက်က ရှေးခေတ်လူတွေအဖို့တော့ အနည်းငယ် ခက်ခဲမှုရှိတယ်။ ဒါပေမဲ့ ရှောင်ချောင်းလို အလီကျက်ခဲ့ရတဲ့သူ အတွက်တော့ ဒါလေးက အပျော့ပဲ။
မနေ့က ဆိုင်ကိုပို့ထားတဲ့ ဖရဲသီးနှစ်လှည်းလုံးက နေ့လည်မတိုင်ခင်မှာပဲ လုံးဝ ရောင်းထွက်သွားခဲ့တယ်။ "ထန်ကူ ဖရဲသီးဆိုင်" ရဲ့ စျေးချိုပြီး ချိုမြန်လှတဲ့ ဖရဲသီးအကြောင်းသတင်းကို ကြားပြီးနောက်မှ လာတဲ့သူတွေအဖို့တော့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီမို့ ပြောင်ရှင်းနေတဲ့ စင်ကြီးကိုသာ ကြည့်ပြီး ပြန်လာခဲ့ကြရတယ်။
***
[Zawgyi]
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
"မိန္းကေလးယြီ, က်ိန္ရႈံစားေသာက္ဆိုင္က ညီေလးခ်န္းေၾကာင့္သာမဟုတ္ရင္ ဆိုင္ဖြင့္တာေတာင္ ကြၽန္ေတာ္တို႔ သိမွာမဟုတ္ဘူး! ကြၽန္ေတာ္တို႔ သခင္ႀကီးဆို ဒီသတင္းၾကားတုန္းက မိန္းကေလးဆီ လူခ်င္းလာေတြ႕ၿပီး ဂုဏ္ျပဳစကားေျပာဖို႔ကို လုပ္ေနတာ! အရာရွိဖန္း, မိန္းကေလးယြီ... ဂုဏ္ယူပါတယ္ဗ်ာ ဂုဏ္ယူပါတယ္"
အိမ္ေတာ္ထိန္းေယာင္က လက္ႏွစ္ဖက္ကို အတူတကြ ဆုပ္ကိုင္လိုက္ၿပီး ပါးစပ္နား႐ြက္ခ်ိတ္မတတ္ ၿပဳံးလို႔ေနတယ္။ မသိတဲ့သူဆိုရင္ ဆိုင္ဖြင့္တာ သူလို႔ေတာင္ ထင္ရင္ ထင္ေနၾကေလာက္တယ္။
"ဒုတိယအစ္မေရ... ဒုတိယအစ္မ!! "
ရင္းႏွီးေနတဲ့ အသံဆာဆာေလးက လူအုပ္ၾကားထဲကိုျဖတ္ၿပီး ေရွာင္ေခ်ာင္းနားစည္ကို လာေရာက္ ႐ိုက္ခတ္တယ္။ ခဏေလာက္ၾကာေတာ့ ပင္လယ္ျပာေရာင္ ေက်ာင္းဝတ္စုံနဲ႔ ပညာရွင္ဖဲႀကိဳးကို ဆံပင္ေတြမွာ ခ်ည္ထားတဲ့ ပုံရိပ္ေသးေသးေလးက လူအုပ္ၾကားထဲ တြန္းဖယ္ကာ ေရွာင္ေခ်ာင္းရင္ခြင္ထဲ အေျမႇာက္ဆံေလးလို တဟုန္ထိုး ေျပးဝင္လာတယ္။
" ရွီထုန္? အစ္မအထင္ ဒီေန႔နားရက္ မဟုတ္ပါဘူး... မင္း ဒီမွာ ဘာလာလုပ္ေနတာလဲ... အတန္း လစ္လာတာလား"
ေရွာင္ေခ်ာင္းက ရွီထုန္ေလး ပုခုံးကို ဖက္လိုက္ၿပီးေနာက္ တအံ့တဩ ဆိုလိုက္တယ္။
ရွီထုန္ေလးက ဒါကိုၾကားေတာ့ ႏႈတ္ခမ္းဆူကာ သူမရင္ခြင္ထဲက ထြက္လိုက္ၿပီး သုန္မႈန္ေနတဲ့ အမူအရာေလးနဲ႔
"ဒုတိယအစ္မ ကြၽန္ေတာ့္ကို မွားၿပီး စြပ္စြဲေနတာပဲ! ကြၽန္ေတာ္တို႔ ေက်ာင္းအုပ္ႀကီးက အစ္မဆိုင္ဖြင့္တာ ၾကားလို႔ ဂုဏ္ျပဳရေအာင္ ကြၽန္ေတာ္နဲ႔ အကိုယြင္ရွီးကို ေခၚၿပီး လာခဲ့တာ... ေျပာရရင္ ကြၽန္ေတာ္လည္း ဒီဆိုင္နဲ႔ တစ္စိတ္တစ္ပိုင္း ပတ္သက္တာပဲေလ... ဘာလို႔ ကြၽန္ေတာ္က မလာရမွာလဲ"
ေရွာင္ေခ်ာင္းက သူ႔ေမာင္ေလး လာခဲ့တဲ့ လမ္းကို ေမွ်ာ္ၾကည့္လိုက္ေတာ့ ေသခ်ာေပါက္ပဲ ေက်ာ့ေက်ာ့ေမာ့ေမာ့ ဝတ္ဆင္ထားၿပီး အိေျႏၵအျပည့္နဲ႔ ေက်ာင္းအုပ္ယြမ္ကို ေတြ႕လိုက္ရတယ္။ သူ႔ေနာက္မွာေတာ့ ေခ်ာေမာခန႔္ညားတဲ့ လူငယ္ေလး ယြမ္ယြင္ရွီးပင္။ ေရွာင္ေခ်ာင္းက ေက်ာင္းအုပ္ယြမ္ကို မ်က္လုံးေထာင့္ေလးေတြ က်ဳံ႕ကာ ၾကည့္ၿပီး ေတြးလိုက္မိသည္... ဒီအဘိုးက မ်က္ႏွာႏွစ္ခုပါတဲ့ လူေတြရဲ႕ စံျပနမူနာ လူပဲ။ သူက လူၾကားထဲဆို ဟိတ္ဟန္အျပည့္နဲ႔ တကယ္ေတာ့ အစားျမင္ရင္ အိေျႏၵမဆယ္ႏိုင္တဲ့ အစားၾကဴးတဲ့ လူတစ္ေယာက္မလား။
"ဆရာယြမ္လည္း ပါတာကိုး... လာပါရွင္ ႂကြပါ"
ေရွာင္ေခ်ာင္းစိတ္ထဲကေန ညည္းေနေပမယ့္ ေက်ာင္းအုပ္ယြမ္ကိုေတာ့ ေႏြးေထြးစြာပင္ ႀကိဳဆိုလိုက္တယ္။
ယြမ္စီန်န္က သူ႔မုတ္ဆိတ္ကို ပြတ္သပ္လိုက္ၿပီးေနာက္ အထဲကို ေအးေအးလူလူပဲ ဝင္သြားတယ္။ ၿပီးေနာက္ သူက ၿပဳံးလ်က္
" ေရွာင္ေခ်ာင္း, က်ိန္ရႈံစားေသာက္ဆိုင္က အခမဲ့ အသီးဗန္းေတြက မင္းတို႔မိသားစုက ဖရဲသီးေတြနဲ႔ လုပ္တာဆို အရမ္းခ်ိဳၿပီး အရည္ကို ႐ႊမ္းေနတာပဲ ေတာ္ေတာ္ စားလို႔ေကာင္းတယ္... စိတ္မေကာင္းစရာကေတာ့ က်ိဳးအိမ္က ေကာင္စုတ္ေလးက ကပ္ေစးေလးျဖစ္ေနတာပဲ... သူက စားပြဲတစ္ဝိုင္းကို ဗန္းတစ္ခုပဲ ေကြၽးတယ္ေလ..."
ေရွာင္ေခ်ာင္းက ဒါကိုၾကားေတာ့ မထိန္းႏိုင္ဘဲ ၿပဳံးလိုက္မိတယ္။ ဒါဆို ဖရဲသီးေတြ အလကား စားရေပမယ့္ ဗိုက္ဝေအာင္ မစားရလို႔ သူက မေက်မနပ္ ျဖစ္ေနတာေပါ့! ဒါေပမဲ့ ေက်ာင္းအုပ္ယြမ္လို လူအတြက္ေတာ့ ဒီကိစၥက မေက်နပ္ရင္လည္း မေက်နပ္ခ်င္စရာပါပဲေလ။
"ဆရာယြမ္, ဒီေန႔ေတာ့ ဆရာ ဖရဲသီး အဝစားရေစရလိမ့္မယ္လို႔ ကြၽန္မ အာမခံပါတယ္!"
ေရွာင္ေခ်ာင္းက သူမ ေမြးစားအေဖကို ၿခံေရွ႕မွာ ဆရာယြမ္ကို ဧည့္ခံဖို႔ ေျပာလိုက္တယ္။ သူမက ဒီလို အေရးႀကီးဧည့္သည္ေတြ လာမယ္မွန္းမသိလို႔ ဘာမွ ေထြေထြထူးထူး မျပင္ထားမိဘူး။ ကံေကာင္းလို႔ မေန႔က ေမြးစားအေဖအတြက္ လက္ဖက္ေျခာက္ေကာင္းေကာင္းေလးေတြ ဝယ္ထားမိလို႔သာေပါ့။ မဟုတ္ရင္ ဧည့္သည္ကို ဧည့္ခံစရာ ဘာမွေတာင္ ရွိမွာ မဟုတ္ဘူး။
'အာဟုတ္သား! စီးပြားေရးတစ္ခုခုစလို႔ လူေတြလာၿပီး ဂုဏ္ျပဳရင္ သူတို႔ကို ထမင္းေကြၽးဖို႔ လိုမယ္မလား!'
ေရွာင္ေခ်ာင္းက ဧည့္သည္ေတြကို ၿပဳံးကာ ႏႈတ္ဆက္ရင္း သူ႔နည္းတူ ဧည့္ခံေနတဲ့ က်ိဳးက်ီ႐ႊီနား တိုးကာ ခပ္တိုးတိုး ဆိုလိုက္တယ္။
" ရွင္တို႔ စားေသာက္ဆိုင္မွာ သီးသန႔္ခန္းေတြ ရွိေသးလား ဒီေန႔ ဧည့္သည္ အဲ့ေလာက္မ်ားမယ္မထင္လို႔ ကြၽန္မ ဘာမွ မျပင္ထားမိဘူး... "
ဒါကိုၾကားေတာ့ က်ိဳးက်ီ႐ႊီလည္း သူမနားကပ္ကာ ခပ္တိုးတိုး ျပန္ေျပာလာတယ္။
" ရွိတာေပါ့! ငါတို႔ဆက္ဆံေရးက ဒီလို စကားပလႅင္ခံေနရမယ့္ ဆက္ဆံေရးလား မင္းကိစၥကလည္း ကိုယ့္ကိစၥပါပဲ! မင္းအတြက္ အခန္းေတြ သီးသန႔္ယူထားၿပီးပါၿပီ ဘယ္ေလာက္ ဧည့္သည္မ်ားမ်ား ကိစၥမရွိဘူး"
ကံေကာင္းတာက ယြီမိသားစုဟာ ၿမိဳ႕၌ အသိ သိပ္မရွိေပ။ စစ္သူႀကီးဖန္းဆီ မ်က္ႏွာရဖို႔လာတဲ့ အုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕ကလြဲလို႔ က်န္တာက ေက်ာင္းအုပ္ယြမ္နဲ႔ သူတို႔အိမ္က အသီးအ႐ြက္ေတြ ဝယ္ေလ့ရွိတဲ့ အိမ္ေတာ္က လူေတြပါပဲ။ သခင္ႀကီးေယာင္ကလြဲလို႔ က်န္တဲ့ အိမ္ေတာ္အမ်ားစုက ကိုယ္တိုင္မတက္ဘဲ သူတို႔အိမ္က အိမ္ေတာ္ထိန္းေတြကိုပဲ လႊတ္လိုက္ၾကတယ္။ အဲ့ေတာ့ သီးသန႔္ခန္း ႏွစ္ခန္းဆို လုံေလာက္ပါတယ္။
ေက်ာင္းအုပ္ယြမ္နဲ႔ သခင္ႀကီးေယာင္ကို စားပြဲတစ္ဝိုင္းတည္းမွာ ေနရာခ်ေပးလိုက္ၿပီး တိုင္းတရားသူႀကီးဝူနဲ႔ ဖန္းဇီက်န္းတို႔ကေတာ့ သူတို႔ကို ဧည့္ခံေနၾကတယ္။ တျခား အိမ္ေတာ္ထိန္းေတြကိုေတာ့ လီလီနဲ႔ ဝူယြင္တို႔ကပဲ ဧည့္ခံေပးၾကတယ္။
ဖရဲသီးဆိုင္ ေသးေသးေလးဖြင့္တာကို အရာရွိႀကီးတစ္ေယာက္ရယ္၊ တိုင္းတရားသူႀကီးရယ္၊ ေက်ာ္ၾကားတဲ့ ႐ုံ႐ႊမ္ေက်ာင္းက ေက်ာင္းအုပ္ရယ္ ေနာက္ၿပီး ထန္ကူၿမိဳ႕က ၿမိဳ႕မ်က္ႏွာဖုံးေတြ အမ်ားႀကီး လာၾကတာမို႔ ခ်က္ခ်င္းပဲ အနီးအနားက လူေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံလိုက္ရေတာ့တယ္။
ျမင့္ျမတ္ၿပီး ဂုဏ္က်က္သေရရွိတဲ့ ေက်ာင္းအုပ္ယြမ္ ကိုယ္တိုင္ 'ထန္ကူ ဖရဲသီးဆိုင္' ဆိုတဲ့ ဆိုင္နာမည္ ထြင္းထားတဲ့ ေမာ္ကြန္းေက်ာက္ျပားေပၚက အနီေရာင္ပိုးစကို ဖယ္လိုက္ၿပီးေနာက္ ေက်ာင္းအုပ္ယြမ္ ႏႈတ္ခမ္းေတြ ေကာ့ၫြတ္သြားတယ္။ ဆိုင္နာမည္က ႐ိုးရွင္းၿပီး နားလည္လြယ္တဲ့ နာမည္ပဲ။
ဆိုင္ထဲမွာ လူေတြအမ်ားႀကီး ရွိေနၿပီး ေနာက္ေဖးၿခံဝင္းကေတာ့ ေတာ္ေတာ္ေလး ႐ိုးရွင္းတယ္။ ဒါေၾကာင့္ ဖန္းဇီက်န္းက ဂုဏ္ျပဳဖို႔လာတဲ့ ဧည့္သည္ေတြကို ဆိုင္ရဲ႕ မ်က္ေစာင္းထိုးမွာရွိတဲ့ က်ိန္ရႈံစားေသာက္ဆိုင္ကို ေခၚသြားလိုက္တယ္။ ျပင္ပၾကည့္ရႈသူေတြကေတာ့ စူးစမ္းလိုစိတ္ အျပည့္နဲ႔ ဆိုင္ထဲကို အလုံးအရင္း ဝင္လာၾကတယ္။ ယြီေရွာင္ေခ်ာင္း၊ လီလီနဲ႔ ဝူယြင္တို႔ကေတာ့ ေခါင္းသုံးလုံး၊ လက္ေျခာက္ဖက္၊ ပါးစပ္ဆယ္ေပါက္ရွိဖို႔ စိတ္ကူးမိသည္အထိ ဆိုင္ထဲမွာအလုပ္ရႈပ္ေနၾကရတယ္။
အရင္က ထန္ကူၿမိဳ႕မွာရွိတဲ့ ၿမိဳ႕သူၿမိဳ႕သား ေတာ္ေတာ္မ်ားမ်ားက ဖရဲသီးကို မျမင္ဖူးၾကေခ်။ ဒီတစ္ေခါက္မွာေတာ့ လူေတြက ဆိုင္ထဲဝင္ၿပီး ဖရဲသီးအေၾကာင္းေတြ အလုအယက္ေမးကာ လာေရာက္ၾကည့္ရႈၾကေပမဲ့ တကယ္ ဝယ္တဲ့သူကေတာ့ မ်ားမ်ားစားစားမရွိေပ။
ယြီေရွာင္ေခ်ာင္းက ဒီအေျခအေနကို ႀကိဳျမင္ၿပီးသားပင္။ သူမက ဆိုင္ဝင္ေပါက္မွာ ဖရဲသီးစိတ္ ေသးေသးေလးေတြ အျပည့္ပါတဲ့ ဗန္းေတြကို ခ်ထားလိုက္ၿပီးေနာက္ ခပ္က်ယ္က်ယ္ ေအာ္လိုက္တယ္။
"ထန္ကူဖရဲသီးဆိုင္ဖြင့္ပြဲအေနနဲ႔ အထူးအစီအစဥ္ ရွိပါတယ္!! ဆိုင္ထဲကို ဝင္လာတဲ့ မည္သူမဆို ဖရဲသီးတစ္စိတ္ အလကား စားလို႔ရပါတယ္! အားလုံးပဲ အုံခဲၿပီး တိုးမရတာမ်ိဳးမျဖစ္ေအာင္ လူတိုင္း တန္းစီေပးၾကပါ... တကယ္လို႔ စားရတာ အရသာရွိလို႔ ဝယ္ခ်င္တယ္ဆိုလည္း ရပါတယ္... အႀကီး တစ္လုံးကို ငါးလ်န္က်ၿပီး အေသးေတြကေတာ့ သုံးလ်န္ပဲ က်ပါမယ္ရွင့္!"
ဒီလို အလကားေကြၽးတဲ့ ဆိုင္ဖြင့္ပြဲမ်ိဳး အရင္က ထန္ကူၿမိဳ႕မွာ တစ္ခါမွ မလုပ္ဖူးေသးေပ။ ဒါေၾကာင့္ ဆိုင္ထဲမွာ ရွိတဲ့လူေတြက တစ္ေယာက္ကို တစ္ေယာက္ၾကည့္ရင္း စားဖို႔မရဲတာမို႔ ပထမဆုံး စားမယ့္သူ မရွိ ျဖစ္ေနတယ္။
"ဝိုး! အလကား အျမည္းေကြၽးတာလား!! ကြၽန္မ, ကြၽန္မစားမယ္!"
မိန္းကေလးဝမ္ရဲ႕အသံက တက္ႂကြလို႔ေနတယ္။ သူ႔ေနာက္က စားဖို႔မရဲဘဲ ရွက္ေနတဲ့ အမ်ိဳးသားငယ္ေလးကို လ်စ္လ်ဴရႈကာ သူမက ဖရဲသီးစိတ္ အျမည္းေကြၽးတဲ့နား ဦးေဆာင္ ေလွ်ာက္လာလိုက္တယ္။ သူမက ဖရဲသီးတစ္စိတ္ကို ေသခ်ာေကာက္ယူလိုက္ၿပီး တစ္လုတ္ၿပီး တစ္လုတ္ကိုက္ကာ ဖရဲသီးကို မ်က္လုံးမွိတ္ၿပီး အရသာခံေနတယ္။
ဝမ္ခ်ိန္ရန္ကေတာ့ သူဝင္ပုန္းဖို႔ရာ ေျမႀကီးေအာက္မွာ အေပါက္တစ္ခုခုရွိရင္ ေကာင္းမွာပဲလို႔ ဆုေတာင္းေနမိတယ္။ သူ သူ႔အေမစကား နားေထာင္ၿပီး ညီမျဖစ္သူေနာက္ မလိုက္စဖူး လိုက္လာမိတာ မွားတာပဲ။ သူ႔ညီမက လူပုံအလယ္မွာ အလကားေကြၽးတဲ့ အျမည္းကို စားရဲလိမ့္မယ္လို႔ သူ စိတ္ေတာင္ မကူးဖူးဘူး။
ေနာက္ထပ္ သူ႔ကို ေခါင္းမေဖာ္ေစႏိုင္တာက ဝမ္ယန္ရန္ဆိုတဲ့ ကေလးမေလးက အျမည္း စားၿပီးတာေတာင္ အာသာမေျပႏိုင္ဘဲ
"တစ္ေယာက္ကို တစ္ခုပဲ စားလို႔ရတာလား" လို႔ ေမးလိုက္ေသးတယ္။
'တစ္ခု မစားလို႔ ဘယ္ႏွခုစားခ်င္ေသးတာလဲ... ဗန္းႀကီးပါ ဝါးစားခ်င္ေသးတာလား'
ဝမ္ခ်ိန္ရန္က ခ်က္ခ်င္းပဲ သူမပါးစပ္ကို လက္နဲ႔အုပ္ၿပီး အဲ့ဒီအရွက္မရွိတဲ့ ကေလးမစုတ္ေလးကို ဆိုင္အျပင္ဘက္သာ ဆြဲေခၚလာလိုက္ခ်င္ေတာ့တာပဲ။
ေရွာင္ေခ်ာင္းက တစ္ေယာက္ကို တစ္စိတ္လို႔ပဲ ဆိုေတာ့ ဝမ္ယန္ရန္က စိတ္ပ်က္လက္ပ်က္ပုံနဲ႔ ႏႈတ္ခမ္းဆူလိုက္တယ္။ ၿပီးေနာက္ သူမက ႐ုတ္တရက္ မ်က္ႏွာမေဖာ္ႏိုင္ျဖစ္ေနတဲ့ အကိုျဖစ္သူဘက္ လွည့္ၾကည့္လိုက္ၿပီး ေတာက္ပေနတဲ့ မ်က္ဝန္းေလးေတြနဲ႔ ဆိုလာတယ္။
"အကိုႀကီးလည္း လာမစားဘူးလား... ရွက္လို႔ မစားရဲဘူးဆို အကိုႀကီးေဝစုကို ကြၽန္မစားလိုက္မယ္ေနာ္!
ထိုစကားႏွင့္အတူ ဝမ္ယန္ရန္က ဖရဲသီးေနာက္တစ္စိတ္ကို ၿပဳံးကာ ေကာက္ယူလိုက္ေတာ့တယ္။
ဝမ္ခ်ိန္ရန္က စူးစမ္းေမးေငါ့ခ်င္ေနတဲ့ အၾကည့္ေတြကို သည္းခံလိုက္ၿပီးေနာက္ သူ႔နားက ညီမျဖစ္သူကို ဆြဲကာ အံႀကိတ္လုနီးပါး ပုံစံနဲ႔
"မေန႔ကမွာထားတဲ့ ဖရဲသီးေတြ ယူဖို႔ လာခဲ့တာ မဟုတ္ဘူးလား ငါ့မွာ လုပ္စရာေတြရွိေသးတယ္ ယူၿပီးရင္ ျမန္ျမန္ ျပန္ၾကစို႔"
ယြီေရွာင္ေခ်ာင္းက မေန႔က သူမထုတ္ပိုးထားတဲ့ ဖရဲသီးကို ထုတ္ကာ ခက္ခက္ခဲခဲ သယ္လာလိုက္တယ္။ ၿပီးေနာက္ သူက သခင္ေလးဝမ္လက္ထဲကို ကမ္းေပးလိုက္ၿပီး ၿပဳံးလ်က္
"သခင္မေလးဝမ္... ဒါမေန႔က ရွင္မွာထားတဲ့ ဖရဲသီးပါ... မေန႔က ကြၽန္မ ေပးလိုက္တဲ့ ေျပစာ ျပေပးပါဦး..."
ဝမ္ယန္ရန္က ဖရဲသီးေပၚက စာ႐ြက္ကို ၾကည့္လိုက္ၿပီးေနာက္ မေန႔က သူမလက္သည္းနဲ႔ လုပ္ေပးလိုက္တဲ့ အမွတ္အသားကို ေတြ႕လိုက္တယ္။ သူမက အၿပဳံးတစ္ပြင့္နဲ႔အတူ ပန္းထိုး ပိုက္ဆံအိတ္ထဲက ေျပစာကို ထုတ္လိုက္ၿပီး
"မိန္းကေလးယြီ, ရွင့္ဆိုင္က ဖရဲသီးေတြကေတာ့ ကြၽန္မ စားဖူးသမွ်ေတြထဲ အေကာင္းဆုံးပဲ... ၿမိဳ႕ေတာ္က ဖရဲသီးေတြေတာင္ ရွင္တို႔ဆိုင္ကေလာက္ မေကာင္းဘူး! ေနာက္ရက္ေတြ မုန႔္ဖိုးရရင္လည္း ဒီမွာ ဖရဲသီးလာဝယ္ဦးမယ္!"
ဝမ္ခ်ိန္ရန္က လက္တစ္ဖက္ကေန ဖရဲသီးအေလးႀကီးကို ကိုင္ရင္း ေနာက္လက္တစ္ဖက္က သူ႔ညီမလက္ကို ဆြဲကာ ဆိုင္အျပင္ဘက္ ထြက္လာခဲ့လိုက္တယ္။ ၿပီးေနာက္ ျမင္းရထားလုံးေပၚ ေရာက္တာနဲ႔ သူက ညီမျဖစ္သူ ဝမ္ယန္ရန္ကို ဆူလိုက္ေတာ့တယ္။ ဒါေပမဲ့ ထိုကေလးမေလးက အိမ္ျပန္ေရာက္တာနဲ႔ ဖရဲသီးခ်ိဳခ်ိဳေလး စားရေတာ့မွာ ျဖစ္တာမို႔ အဆူခံရတာေတာင္ စိတ္ပ်က္ပုံ မေပၚ။ သူမက ၿပဳံးၿဖီးေနၿပီး အလြန္အမင္း ေပ်ာ္႐ႊင္ေနတာမို႔ ဝမ္ခ်ိန္ရန္ ဘာလုပ္ရမွန္းေတာင္ မသိေတာ့ေပ။
ဒါေပမဲ့ သူကိုယ္တိုင္လည္း ဖရဲသီးတစ္ကိုက္ စားၿပီးခ်ိန္မွာေတာ့ သူရဲ႕ ညီမေလးက ဘာလို႔ ယြီမိသားစုက ဖရဲသီးေတြကို ငမ္းငမ္းတက္ျဖစ္ေနရသလဲဆိုတာ သေဘာေပါက္မိသြားေတာ့တယ္။ သူ ငယ္ငယ္ထဲက အေဖနဲ႔အတူ တိုင္းျပည္အႏွံ႔ အလုပ္ကိစၥေတြ သြားလုပ္ရင္ အတူလိုက္ရတာမို႔ ဖရဲသီးကို အရင္ကလည္း စားဖူးတယ္။ ဒါေပမဲ့ ဒီခ်ိဳေမႊးၿပီး အရည္႐ႊမ္းေနတဲ့ ဖရဲသီးကို စားဖူးတာေတာ့ ဒါပထမဆုံးပဲ။ ဒါ့အျပင္ ဖရဲသီးက အရမ္းလည္း ေစ်းတန္ေသးတယ္။ ၿမိဳ႕ေတာ္မွာဆို ဒီငါးလ်န္တန္ ဖရဲသီးေလာက္ ႀကီးတဲ့ အ႐ြယ္ဆို လ်န္ႏွစ္ဆယ္နဲ႔ေတာင္ ရမယ္မထင္ဘူး။
ဝမ္မိသားစုက မိသားစုဝင္မ်ားတယ္။ အိမ္ရဲ႕ အိမ္ေထာင္ဦးစီးရယ္၊ ဇနီးျဖစ္သူနဲ႔ ကိုယ္လုပ္ေတာ္ေတြရယ္ ေနာက္ၿပီး ကေလးေတြရယ္။ တရားဝင္ဇနီးရဲ႕ သားသမီးေတြကေတာ့ တစ္ေယာက္ကို ဖရဲသီး ႏွစ္စိတ္ စီရၿပီး တျခားကေလးေတြကေတာ့ တစ္စိတ္စီသာ ရၾကတယ္။ ခ်ိဳၿမိန္လက္ဆတ္တဲ့ အရသာကို မႀကိဳက္သူမရွိတာမို႔ လူတိုင္းက တစ္ခါစားၿပီး ထပ္ထပ္ စားခ်င္ေနၾကေတာ့တယ္။
သခင္မေလး ဝမ္ယန္ရန္ကေတာ့ ထုံစံအတိုင္း ႏႈတ္ခမ္းကို ဆူထားကာ သူ႔ႏႈတ္ခမ္းေပၚ ဆီပုလင္း ေထာင္ထားလို႔ေတာင္ ရေလာက္တယ္။ တကယ္လို႔ သူမအေမက အေဖ စိတ္ေက်နပ္ေစဖို႔ သူမဝယ္လာတဲ့ ဖရဲသီးကို ေပးလိုက္မယ္မွန္းသာသိရင္ ဒီဖရဲသီးအေၾကာင္းကို အစတည္းက အေမ့ကို ေျပာမေနဘူး။ သူမတစ္ေယာက္တည္း တိတ္တိတ္ေလး ယူၿပီး ဗိုက္ဝေအာင္ ႀကိတ္စားပစ္မွာ။ ဖရဲသီးေလး ႏွစ္စိတ္ကေတာ့ သူမ သြားၾကားေတာင္ မညပ္ဘူး! ကံေကာင္းလို႔ အေဖက ဖရဲသီးဝယ္တဲ့ ပိုက္ဆံကို ျပန္ေပးလို႔သာေပါ့!
'ဟမ့္! မနက္ျဖန္က်မွ တိတ္တိတ္ေလး ထပ္ဝယ္ၿပီး တစ္ေယာက္တည္း ခိုးစားဦးမယ္!'
ေရွာင္ေခ်ာင္းတို႔ဆိုင္မွာေတာ့ ဝမ္ယန္ရန္က ဦးေဆာင္ကာ အျမည္းလာစားသြားၿပီးတည္းက လူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ မရွက္ေတာ့ဘဲ အျမည္းလာစားေနၾကတယ္။ စားၿပီးတဲ့ သူတိုင္းက ဖရဲသီးရဲ႕ အရသာကို ခ်ီးက်ဴးလို႔ မဆုံးၾကေတာ့ေပ။
ဆိုင္ကိုေရာက္တဲ့ ပထမအသုတ္က ဆိုင္အနီးနားက စတိုးဆိုင္ပိုင္ရွင္ေတြ ျဖစ္ၾကတယ္။ ဒီလမ္းမွာ ဆိုင္ငွားဖို႔ဆိုတာကလည္း ပိုက္ဆံရွိတဲ့သူေတြမွသာ ျဖစ္တာမို႔ သူတို႔က အျမည္းစားၿပီး အရသာေတြ႕သြားကာ အိမ္အတြက္လည္း ဝယ္သြားၾကေတာ့တယ္။
ဒုတိယအသုတ္ကေတာ့ အနီးအနားက ေစ်းလာဝယ္သူေတြပင္။ ထန္ကူၿမိဳ႕က ဒီေစ်းလမ္းဟာ အနာဂတ္ေခတ္အေနနဲ႔ ေျပာရမယ္ဆိုရင္ ဇိမ္ခံပစၥည္းေတြပဲ ေရာင္းတဲ့ ေနရာမို႔ သာမန္လူတန္းစာေတြ လာလည္ခဲတယ္။ သူတို႔လိုခ်င္ရင္ေတာင္ ပစၥည္းဝယ္ဖို႔ တတ္ႏိုင္ၾကမွာမဟုတ္။ ဒါ့အျပင္ သူတို႔က ကုန္သည္တခ်ိဳ႕ရဲ႕ အထင္ေသးအၾကည့္ေတြကိုလည္း ေခါင္းငုံ႔ခံရဦးမွာပင္။ ဒီလိုေနရာကို ဘယ္သူကမ်ား အေရထူထူနဲ႔ ျပန္လာပါလိမ့္မလဲ!!
ေရွာင္ေခ်ာင္းကေတာ့ ဆိုင္ကို ေကာင္းမြန္တဲ့ ေနရာမွာ ေ႐ြးဖြင့္ထားတယ္လို႔ ဆိုလို႔ရမယ္။ ဆိုင္ကေန လက္ဗလာနဲ႔ ထြက္သြားသူဆိုတာ မရွိသေလာက္ပဲ။ ဒါေပမယ့္ အႀကီးဆုံး သခင္မေလးကြၽမ္းလို ဆယ္လုံးတစ္ၿပိဳင္နက္ ဝယ္သြားတဲ့သူေတာ့ မရွိေသးဘူး။ ဒါေၾကာင့္ ကြၽမ္းမိသားစုမွ အိမ္ေတာ္ထိန္းနဲ႔ အေစခံေတြက ေျပစာေတြျပကာ ဖရဲသီးေတြ တစ္လုံးၿပီးတစ္လုံး သယ္သြားတာမို႔ ေရွာင္ေခ်ာင္းဆိုင္ကို ေစ်းဝယ္သူေတြ စိတ္ဝင္စားေအာင္ ဆြဲေဆာင္ေပးသလိုေတာင္ျဖစ္ေနတယ္။
ယြီေရွာင္ေခ်ာင္း ေနာက္ဆုံးေတာ့ 'ပိုက္ဆံေတြ လက္ထိပ္နာတဲ့အထိ ေရရတယ္' ဆိုတဲ့ နာက်င္ရတဲ့ ေပ်ာ္႐ႊင္မႈကို ခံစားဖူးခဲ့ၿပီ။ သူမ ဖရဲသီးဆိုင္က ေခတ္သစ္အခ်ိန္အခါကလိုမ်ိဳး အဆင္ျမင့္ စူပါမားကတ္ေတြလို ဝယ္သူေတြက ကိုယ္ႀကိဳက္တာေ႐ြးယူၿပီး တံခါးမွာ ေငြရွင္း႐ုံပဲ။ သူမကလည္း
" ေနာက္တစ္ခါ လာလည္ဖို႔ ေမွ်ာ္လင့္ပါတယ္ "
ဆိုၿပီး ခ်ိဳသာစြာေျပာရင္း အၿပဳံးေလးတစ္ခု ဆင္ျမန္းထား႐ုံသာ လိုအပ္သည္။
ေစ်းဝယ္တဲ့ ေဖာက္သည္ေတြကေတာ့ ပိုက္ဆံလက္ခံေပးေနတဲ့ ကေလးမေလးက ခ်ိဳသာတဲ့အၿပဳံး၊ ၾကည္လင္တဲ့အသံနဲ႔၊ ေကာင္းမြန္တဲ့ အတြက္အခ်က္စြမ္းရည္ရွိတယ္လို႔ ခံစားေနရတယ္။ ဘယ္ေလာက္ပဲ ဖရဲသီးေတြ မ်ားမ်ားဝယ္ဝယ္ သူမက တစ္ခ်က္ၾကည့္႐ုံနဲ႔ ေငြပမာဏကို လုံးဝမမွားဘဲ တြက္ေပးႏိုင္တယ္။
တကယ္ေတာ့ ဒီလိုတစ္တန္းႏွစ္တန္း သခ်ၤာအတြက္အခ်က္က ေရွးေခတ္လူေတြအဖို႔ေတာ့ အနည္းငယ္ ခက္ခဲမႈရွိတယ္။ ဒါေပမဲ့ ေရွာင္ေခ်ာင္းလို အလီက်က္ခဲ့ရတဲ့သူ အတြက္ေတာ့ ဒါေလးက အေပ်ာ့ပဲ။
မေန႔က ဆိုင္ကိုပို႔ထားတဲ့ ဖရဲသီးႏွစ္လွည္းလုံးက ေန႔လည္မတိုင္ခင္မွာပဲ လုံးဝ ေရာင္းထြက္သြားခဲ့တယ္။ "ထန္ကူ ဖရဲသီးဆိုင္" ရဲ႕ ေစ်းခ်ိဳၿပီး ခ်ိဳျမန္လွတဲ့ ဖရဲသီးအေၾကာင္းသတင္းကို ၾကားၿပီးေနာက္မွ လာတဲ့သူေတြအဖို႔ေတာ့ အလာေကာင္းေပမယ့္ အခါေႏွာင္းခဲ့ၿပီမို႔ ေျပာင္ရွင္းေနတဲ့ စင္ႀကီးကိုသာ ၾကည့္ၿပီး ျပန္လာခဲ့ၾကရတယ္။
***