[Zawgyi]
အခန္း ၁၇၀ (ဖရဲသီးေရာင္းျခင္း)
ဒါေပမဲ့ အေနာက္ေပါက္က ဝင္ခ်င္တဲ့သူက အမ်ိဳးသမီးလီ တစ္ေယာက္တည္းေတာ့ မဟုတ္! ေရွာင္ေခ်ာင္းရဲ႕ အေမဘက္က ဒုတိယေဒၚေလးကလည္း အရာရာတိုင္းအေပၚ ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာတတ္တဲ့ စိတ္ႀကီးတဲ့ အမ်ိဳးသမီးတစ္ေယာက္ပင္။ ဒါေပမယ့္ သူမက ေပါ့ပါးတဲ့အလုပ္ကိုသာ ေ႐ြးလုပ္ၿပီး ေရသာခိုတတ္တဲ့ လူစားမ်ိဳးေတာ့ မဟုတ္ေပ။ က်ိဳးမိသားစုက တုန္ရွန္း႐ြာမွာ အရင္ဆုံး အလုပ္သမားေတြ စုေဆာင္းေနတယ္ဆိုတဲ့ သတင္းကို တုန္ရွန္း႐ြာသားနဲ႔ ရသြားတဲ့ သူမရဲ႕ အႀကီးဆုံးဝမ္းကြဲအစ္မဆီကေန ၾကားခဲ့ရတယ္။ ခ်က္ခ်င္းပဲ သူမရဲ႕ရင္ထဲမွာ အခ်က္ေပးသံေတြ ဆူညံသြားတယ္။ တကယ္လို႔ က်ိဳးမိသားစုစက္႐ုံအတြက္ အလုပ္ေနရာေတြ အားလုံး တုန္ရွန္း႐ြာသားေတြနဲ႔ ျပည့္သြားၿပီဆိုရင္ သူမအတြက္ ဘာအခြင့္အေရးမွ မရွိေတာ့ဘူးဆိုတဲ့ သေဘာေပါ့
အမ်ိဳးသမီးဟူက ႐ိုးသားတဲ့ ေရွာင္ေခ်ာင္းရဲ႕ ဒုတိယဦးေလးကို ေယာကၡမေတြကြယ္ရာမွာ သူမနဲ႔အတူ တုန္ရွန္း႐ြာကို လိုက္ခဲ့ဖို႔ အတင္းပူဆာေတာ့တယ္။ ဘာလို႔ သူမ တစ္ေယာက္တည္း မသြားရဲတာလဲ? အေၾကာင္းအရင္းကေတာ့ မ်က္ႏွာပူလို႔!
ေရွာင္ေခ်ာင္းတို႔မိသားစု အဓိကမိသားစုႀကီးကေန ခြဲထြက္ခ်ိန္တုန္းက ေရွာင္ေခ်ာင္းရဲ႕အေမဘက္က အဖြားက သူတို႔ကို လ်န္မ်ားစြာေပးခဲ့တယ္။ သူမက ဒီအေၾကာင္းကို အခ်ိန္အေတာ္ၾကာတဲ့အထိ ျငဴစူလို႔ မၿပီးႏိုင္ခဲ့ဘူး။ အမ်ိဳးသမီးလ်ိဳနဲ႔ ယြီမိသားစုကို ေတြ႕တိုင္းလည္း ထိုအေၾကာင္းကို ေစာင္းခ်ိတ္ ေျပာတတ္တယ္။
အစားကို ကုန္ေအာင္စား စကားကို ကုန္ေအာင္ မေျပာနဲ႔ ဆိုတဲ့ ဆို႐ိုးတစ္ခုရွိတယ္မလား။ အဲ့တာက တကယ္ကို မွတ္သားထိုက္တဲ့ စကားပဲ။ ယြီမိသားစုရဲ႕အေျခအေနက လအနည္းငယ္အတြင္းမွာ လုံးဝ ေျပာင္းလဲသြားလိမ့္မယ္လို႔ သူမ ေမွ်ာ္လင့္မထားခဲ့ဘူး။ သူတို႔က ပိုက္ဆံအားလုံးကို ျပန္ဆပ္ခဲ့႐ုံမက ၿမိဳ႕က လူကုံထံ လုပ္ငန္းရွင္တစ္ေယာက္နဲ႔လည္း ရင္းႏွီးေနတယ္။ သူမက အမ်ိဳးသမီးလီေလာက္ေတာ့ အေရမထူေပ။ အရင္က သူတို႔အေပၚ သူမ ဆက္ဆံခဲ့ပုံေတြနဲ႔ ခုက်မွ သူတို႔ဆီ အကူအညီေတာင္းဖို႔က ဘာလို႔ မ်က္ႏွာမပူဘဲ ေနပါ့မလဲ။
အမ်ိဳးသမီးဟူနဲ႔ သူမေယာက်္ား နံနက္ေစာေစာထသြားၿပီး သူတို႔ တုန္ရွန္း႐ြာကို ေရာက္တဲ့အခ်ိန္မွာေတာ့ ေနေတာင္ျမင့္ေနၿပီ။ သို႔ေသာ္လည္း သူတို႔ ယြီအိမ္ေဟာင္းကို ေရာက္တဲ့အခါမွာေတာ့ သူတို႔ ေတြ႕ခ်င္တဲ့သူက အိမ္၌မရွိေပ! အိမ္ေဘးမွာ ပင္လယ္ထြက္ကုန္ေတြ စုေဆာင္းေနတဲ့ ယြီဟန္ကို ေမးလိုက္တဲ့အခါမွ ဖရဲသီးေတြရင့္ၿပီျဖစ္လို႔ တစ္အိမ္လုံး ယာခင္းထဲကို သြားၾကတယ္ဆိုတဲ့အေၾကာင္း သိလိုက္ရတယ္။
ဒုတိယဦးေလးနဲ႔ေဒၚေလး, အရင္ဆုံး ၿခံထဲမွာထိုင္ၿပီး နားၾကပါအုံး။ မြန္းလြဲေတာ့မွာဆိုေတာ့ ခဏေနရင္ ေန႔လည္စာလုပ္ဖို႔ အေမျပန္လာေတာ့မွာပါ
ယြီဟန္က သူတို႔ကို အၿပဳံးေလးနဲ႔ ယဥ္ေက်းစြာ ႏႈတ္ဆက္တယ္။
အမ်ိဳးသမီးဟူက စိတ္မရွည္စြာနဲ႔ သူမလက္ကို ေဝ့ရမ္းလိုက္ၿပီး
ရတယ္ ရတယ္! ငါတို႔ ယာထဲကို ကူဖို႔ လိုက္သြားလိုက္မယ္။ ေရွာင္ရွ, မင္း လုပ္စရာရွိတာကိုသာ ဆက္လုပ္ပါ!
လ်ိဳဟန္က အရင္တစ္ခါ ထယ္ထိုးတုန္းက ကူညီဖူးတာေၾကာင့္ ယြီမိသားစုရဲ႕ သုံးမူရွိတဲ့ေျမေတြက ဘယ္ေနရာမွာ ရွိတယ္ဆိုတာ သိတယ္။ လမ္းေမးစရာမလိုဘဲ သူက သူ႔ဇနီးကို ဖရဲခင္းေတြဆီ ေခၚသြားလိုက္ေတာ့တယ္။
အမ်ိဳးသမီးဟူက တိုးတိုးတိတ္တိတ္ ေျပာတယ္။
ေယာက်္ား, ပင္လယ္စာေတြ ေရာင္းဖို႔လာတဲ့ လူတန္းႀကီးကို ျမင္ခဲ့လား။ ကြၽန္မေတာ့ ရွင့္ညီမက အဲ့ဒီကေန ေငြေတြအမ်ားႀကီးဝင္မယ္ ထင္တာပဲ
သူတို႔ဘယ္ေလာက္ရရ သူတို႔ကိစၥပါ! ငါတို႔႐ြာက ပင္လယ္နဲ႔မနီးတာမလို႔ အဲ့လိုနည္းနဲ႔ ေငြရွာခ်င္တယ္ဆိုရင္ေတာင္ ျဖစ္မွာမဟုတ္ဘူး!
လ်ိဳဟန္က စကားကို ဒဲ့ေျပာတတ္တဲ့ လူ႐ိုးႀကီးတစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔စကားေတြက တစ္ခါတေလ သူမ်ားေတြကို မသက္မသာျဖစ္ေစတယ္။
အမ်ိဳးသမီးဟူက သူ႔ကို ေစာင္းငဲ့ၾကည့္ၿပီး ေျပာတယ္။
ကြၽန္မတို႔က ပင္လယ္စာေတြ မစုေဆာင္းႏိုင္ေပမယ့္ သူတို႔ေတြ အလုပ္မ်ားေနရင္ သြားကူေပးလို႔ရတာပဲ! ရွင့္ေယာက္ဖရဲ႕ ဝမ္းကြဲညီကို ၾကည့္ပါ့လား။ သူ အလကား ကူညီေနတာေတာ့ မျဖစ္ႏိုင္ဘူး အက်ိဳးအျမတ္ တစ္ခုခုေတာ့ ရမွာပဲ
သူတို႔က နီးနီးနားနားမွာ ေနတာဆိုေတာ့ သြားကူလို႔ အဆင္ေျပတာေပါ့!! ယြီက်န္းက ႐ိုးသားေျဖာင့္မတ္တဲ့ လူေကာင္းတစ္ေယာက္ပါ။ ငါ့ေယာက္ဖ လူေ႐ြးမမွားပါဘူး!
လ်ိဳဟန္က သူ႔မိန္းမရဲ႕ ဆိုလိုရင္းကို ခုထိ သေဘာမေပါက္ေသးတာေၾကာင့္ အမ်ိဳးသမီးဟူတစ္ေယာက္ ေဒါပြလာေတာ့တယ္။
ဟြန္႔! ရွင့္ညီမဆိုတာကလည္း ကိုယ့္ဘက္ကိုက် မယက္တတ္ဘူးပဲ! အခြင့္ေကာင္း အခါေကာင္းရွိရင္ ကိုယ့္မိဘဘက္က ေဆြမ်ိဳးေတြအတြက္ေတာ့ ထည့္မစဥ္းစားဘူး
ေနာက္ဆုံးမွာေတာ့ အမ်ိဳးသမီးဟူက သူမရဲ႕ အတြင္းစိတ္ကူးေတြကို လွစ္ဟာျပေတာ့တယ္။
လ်ိဳဟန္က သူမကို စူးခနဲၾကည့္ၿပီး
ငါ့အမ်ိဳးေတြက မင္းအမ်ိဳးေတြလို မဟုတ္ဘူး။ အစ္ကိုျဖစ္သူေတြက ဘာအလုပ္မွ မယ္မယ္ရရ မလုပ္ၾကဘဲ အၿမဲတမ္း အိမ္ေထာင္က်ၿပီးတဲ့ ညီမေတြ သမီးေတြဆီကေန လက္ျဖန႔္ေတာင္းခ်င္ၾကတယ္! မင္းညီမေတြကိုပဲၾကည့္ မင္းအစ္ကိုေတြ ျပႆနာရွာလြန္းလို႔ ေနဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္ကုန္ၾကၿပီ! ငါ့မိဘေတြရဲ႕ ရက္ေရာမႈေၾကာင့္သာမဟုတ္ရင္ မင္းဒီလိုမ်ိဳး ေအးေအးေဆးေဆးနဲ႔ အိမ္မွာေနႏိုင္မယ္မ်ား ထင္ေနလား
အမ်ိဳးသမီးဟူရဲ႕အသံက ႐ုတ္တရက္ အားေပ်ာ့သြားတယ္။
ကြၽန္မတို႔ ရွင့္ညီမအေၾကာင္းကို ေျပာေနၾကတာ မဟုတ္ဘူးလား။ ဘာလို႔ ကြၽန္မမိသားစုအေၾကာင္း ပါလာရတာလဲ။ ကြၽန္မလည္း ဒီလိုအစ္ကိုမ်ိဳးေတြ လိုခ်င္ေနတာမွ မဟုတ္တာ
လ်ိဳဟန္က သူမကိုၾကည့္ၿပီး ေျပာတယ္။
ငါ့ညီမတို႔မိသားစု အိမ္စခြဲတုန္းက ဘယ္လိုလဲဆိုတာ ငါတို႔အားလုံး သိၾကတာပဲ။ အခုမွ သူတို႔ အေျခအေနက ေကာင္းခါစရွိေသးတာ၊ အႀကီးျဖစ္တဲ့ ငါတို႔လင္မယားက သူ႔ကို ဘာျပႆနာမွ ထပ္မေပးသင့္ဘူး! မုယြမ္နဲ႔ေတြ႕ရင္ တိုက္႐ိုက္သာေျပာလိုက္၊ သူကူညီႏိုင္ရင္ ကူညီလိမ့္မယ္၊ တကယ္လို႔ သူ မကူညီႏိုင္ဘူးဆိုရင္လည္း ဘာမေကာင္းတာမွ မေျပာနဲ႔, ဟုတ္ၿပီလား
အမ်ိဳးသမီးဟူက ႏႈတ္ၾကမ္းၿပီး တစ္ကိုယ္ေကာင္းဆန္တတ္ေပမယ့္ သူမေယာက်္ားရဲ႕စကားကိုေတာ့ နားေထာင္ခဲ့တယ္။
ကြၽန္မမွတ္ထားပါ့မယ္ တကယ္လည္း ကြၽန္မတို႔က သူတို႔ဆီ အကူအညီေတာင္းဖို႔ လာခဲ့တာပဲ! ကြၽန္မ ကိုယ့္ပါးစပ္ကိုယ္ ေသခ်ာထိန္းပါ့မယ္!
သူတို႔ႏွစ္ေယာက္ စကားတေျပာေျပာနဲ႔ပဲ ဖရဲသီးခင္းဆီ ေရာက္သြားၾကတယ္။ အစိမ္းေရာင္ ႏြယ္ေတြေပၚမွာ ႀကီးမားတဲ့ဖရဲသီးႀကီးေတြက ဗိုက္ေဖာင္းေဖာင္းေလးေတြနဲ႔ ေနေရာင္ေအာက္မွာ လဲေလ်ာင္းေနၾကတယ္။ ဖရဲခင္းထဲမွ ယြီမိသားစုတို႔ဟာ ခါးတကုန္းကုန္းနဲ႔ ရင့္တဲ့အလုံးေတြကိုရွာဖို႔ လက္နဲ႔ဖြဖြ ပုတ္ၾကည့္ေနၾကတယ္။ ရင္တဲ့ဖရဲသီးေတြကို ေ႐ြးယူၿပီး သူတို႔အႏြယ္ေတြဆီကေန ခူးဆြတ္ၾကတယ္။ တကယ္ေတာ့ ခူးၿပီးသားဖရဲသီးေတြက ေျမေပၚမွာ အပုံလိုက္ေတာင္ ရွိေနၾကၿပီ။
အိုး ဘုရားေရ! ဒါဆို ဒါေတြကဖရဲသီးေတြေပါ့ ေတာ္ေတာ္ႀကီးတာပဲ။ အနည္းဆုံး တစ္လုံးကို ၁၀က်င္းကေန က်င္း၂၀ေလာက္ ရွိေလာက္တယ္ေနာ္။ ငါတို႔ ဇနပုဒ္႐ြာေလးကိုထားအုံး ၿမိဳ႕မွာေတာင္ ေတြ႕ဖို႔ရွားတယ္မလား ေယာက်္ား, အဲ့တာက တစ္က်င္းကို ဘယ္ေလာက္က်မယ္ထင္လဲ
အမ်ိဳးသမီးဟူက တစူးတစမ္းနဲ႔ ဖရဲသီးေတြကို လွည့္ပတ္ၾကည့္ၿပီး အားက်စြာေျပာတယ္။
ယြီေရွာင္ေခ်ာင္းက ရင့္ေနတဲ့ ဖရဲသီးႀကီးတစ္လုံးကို မႏိုင့္တႏိုင္သယ္ၿပီး ယိုင္နဲ႔စြာ ေလွ်ာက္ေနတယ္။ ဒါကိုျမင္ေတာ့ လ်ိဳဟန္က အျမန္ေျပးသြားၿပီး သူမလက္ထဲက ဖရဲသီးကို ယူလိုက္တယ္။
ဒုတိယဦးေလး, ဘယ္လိုေရာက္လာတာလဲ ဒီမနက္ေတာင္ အေမနဲ႔ကြၽန္မ ဦးေလးနဲ႔ အႀကီးဆုံးဦးေလးတို႔အေၾကာင္း ေျပာေနၾကေသးတယ္!
ယြီေရွာင္ေခ်ာင္းက အမ်ိဳးသမီးဟူကို လုံးဝသေဘာမက်ေပမယ့္ သူမရဲ႕ အနည္းငယ္ ႐ိုးအတဲ့ ဦးေလးအေပၚကိုေတာ့ မေကာင္းတဲ့အျမင္မရွိဘူး။
လ်ိဳဟန္က သူ႔လက္ထဲကဖရဲသီးကို ခူးၿပီးသားအပုံမွာ ထားလိုက္တယ္။ သူက သူ႔လက္ေတြကိုပြတ္ၿပီး ရွက္႐ြံ႕စြာၿပဳံးတယ္။
မင္းရဲ႕ ဒုတိယအရီးက က်ိဳးမိသားစုစက္႐ုံမွာ အလုပ္လုပ္ခ်င္ေနတာ။ ဒါေပမယ့္ လူေတြ ေခၚေနေသးလားဆိုတာ မေသခ်ာလို႔ ေမးဖို႔လာခဲ့တာ
ယြီေရွာင္ေခ်ာင္းက ဖရဲသီးေတြကို ေငးၾကည့္ေနတဲ့ အမ်ိဳးသမီးဟူကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာတယ္။
ၾကာဇံေတြအေျခာက္ခံရမယ့္ အပိုင္းမွာေတာ့ ေနရာလပ္ေတြ ရွိေနေသးတယ္။ အဲ့ဒီေနရာအတြက္ ေစ့စပ္ၿပီး စိတ္ရွည္တဲ့လူေတြပဲ လိုတယ္။ က်ား/မ မေ႐ြးဘူး
လ်ိဳဟန္က ရယ္ေမာၿပီးေျပာတယ္။
မင္းရဲ႕ဒုတိယအေဒၚက အာၾကမ္းလွ်ာၾကမ္းႀကီးေပမယ့္ အလုပ္ေတာ့ အေတာ္ႀကိဳးစားတဲ့သူပါ!
သူတို႔ေဘးမွာေတာ့ အမ်ိဳးသမီးဟူက တစ္ခုခုလြတ္သြားမွာ စိုးရိမ္သလိုမ်ိဳး နားေတြစြင့္ၿပီး ဂ႐ုတစိုက္နဲ႔ နားေထာင္ေနတယ္။ သူမက သူမေယာက်္ားရဲ႕စကားကို ၾကားတဲ့အခါ ေခါင္းတဆတ္ဆတ္ ညိမ့္ျပတယ္။
ယြီေရွာင္ေခ်ာင္းက ေခါင္းငုံ႔ကာ တစ္ခ်က္စဥ္းစားလိုက္ၿပီးေနာက္ ေျပာလိုက္တယ္။
ေကာင္းၿပီေလ ေန႔လည္က်ရင္ ကြၽန္မဒုတိယေဒၚေလးနဲ႔ သြားလိုက္မယ္၊ ဒါေပမယ့္ ၾကာဇံစက္႐ုံမွာ လုပ္ဖို႔ဆိုရင္ အရင္ဆုံး ခံဝန္ခ်က္စာခ်ဳပ္မွာ လက္မွတ္ထိုးရမယ္၊ တကယ္လို႔ ၾကာဇံလုပ္တဲ့နည္းကို ေပါက္ၾကားေအာင္လုပ္ရင္ ေလ်ာ္ေၾကးေပးရမယ့္အျပင္ အက်ဥ္းေထာင္ပါ ပို႔ခံရမွာ!
အမ်ိဳးသမီးဟူက ခ်က္ခ်င္းပဲ က်ိန္ဆိုလိုက္တယ္။
ေရွာင္ေခ်ာင္း, မင္းစိတ္ခ်သာေနပါ! ငါဘယ္ေတာ့မွ အျပင္လူေတြကို စက္႐ုံအေၾကာင္းေျပာမွာ မဟုတ္ဘူး!... ေစာေစာက မင္းေျပာေတာ့ မင္းရဲ႕ဦးေလးေတြကို ရွာေနခဲ့တာဆို ဘာကိစၥရွိလို႔လဲ
အမ်ိဳးသမီးဟူက သူမရဲ႕အၾကည့္ေတြကို ဖရဲသီးပုံႀကီးဆီ ပို႔လိုက္တယ္။ အဲ့ဒီေဘးမွာ အမ်ိဳးသမီးလ်ိဳက ဝမ္အာ့ကုန္းအတြက္ ဖရဲသီးေတြကို ခ်ိန္ေပးရင္း အလုပ္မ်ားေနသည္။
ဝမ္အာ့ကုန္းအေၾကာင္း ႀကဳံႀကိဳက္လို႔ေျပာရမယ္ဆိုရင္ ေရွာင္ေခ်ာင္းက ဖရဲသီးေတြကို အေႂကြး ယူေရာင္းခြင့္ ျပဳေပးၿပီးကတည္းက သူက ယြီမိသားစုရဲ႕ဖရဲခင္းကို စိတ္အပူဆုံးလူ ျဖစ္လာခဲ့တယ္။ ယြီဟိုင္နဲ႔ ေရွာင္ေခ်ာင္းတို႔ ေရေလာင္းေနတာနဲ႔ႀကဳံတိုင္း သူက အေျပးေရာက္လာၿပီး ေရေတြ သယ္ကူေပးတယ္။ ညေနခင္းေတြမွာဆိုလည္း သူဟာသူ ေရာက္လာၿပီး ယြီဟိုင့္အစား ဖရဲခင္း ေစာင့္ေပးတတ္တယ္။ ဒီေတာ့ ယြီဟိုင္လည္း အိမ္ျပန္ၿပီး ရက္အနည္းငယ္ အနားယူႏိုင္တာေပါ့။
ဒီရက္ေတြအတြင္း သူက ဖရဲခင္းကို ေန႔တိုင္းနီးပါး အလည္လာတယ္။ ဒီကေန႔မွာ ယြီမိသားစုက ဖရဲသီးခူးမယ္ဆိုတာကို သိေတာ့ သူတို႔ကိုကူညီဖို႔အတြက္ အာ႐ုဏ္မတက္ခင္ကတည္းက ႏိုးေနခဲ့တယ္။ သူက ဖရဲသီး ရင့္,မရင့္ကို မခြဲတတ္ေပမယ့္ ဖရဲသီးေတြကို အခင္းေဘးဆီ ကူသယ္ေပးတယ္။ မနက္ေစာေစာမွာပင္ ေခြၽးတလုံးလုံးနဲ႔ သူ႔အိမ္က အလုပ္ထက္ေတာင္ ႀကိဳးစားပမ္းစား လုပ္ေနေတာ့တယ္။
သူက သူ႔မိသားစုပိုင္ လက္တြန္းလွည္းေလးကို ျပန္ျပင္ၿပီး ဖရဲသီးတစ္လွည္းနဲ႔ ဆိပ္ကမ္းမွာ အစမ္းေရာင္းၾကည့္မလို႔။ သူအစက ၿမိဳ႕ထဲကိုသြားေရာင္းဖို႔ စီစဥ္ထားေပမယ့္ ယြီမိသားစုက ၿမိဳ႕ထဲမွာ ဖရဲသီးဆိုင္ ဖြင့္မယ္ဆိုတဲ့အေၾကာင္းသိကာမွ ထိုအႀကံကို လက္ေလ်ာ့လိုက္တယ္။ ေဈးေရာင္းတဲ့ ေနရာမွာေတာ့ သူ(၈)ေယာက္ဆိုရင္ေတာင္ ေရွာင္ေခ်ာင္း၁ေယာက္နဲ႔ ယွဥ္ႏိုင္မွာ မဟုတ္ဘူး။ ေန႔တိုင္း ဆိပ္ခံတံတားမွာ ကုန္သည္ေတြ ခရီးသည္တင္သေဘၤာေတြ မျပတ္ဆိုက္ကပ္ေနတာေၾကာင့္ အဲ့ဒီမွာ လူကုံထံေတြလည္း အမ်ားအျပား ရွိေလာက္တယ္။ ဒါေၾကာင့္ သူက ေရွာင္ေခ်ာင္းရဲ႕ အႀကံေပးခ်က္အတိုင္း ဆိပ္ကမ္းမွာ ဆိုင္ဖြင့္ဖို႔ ဆုံးျဖတ္လိုက္တယ္။
ေရွာင္ေခ်ာင္း, ငါက အေလးခ်ိန္ေတြ မဖတ္တတ္ဘူးဟ၊ တကယ္လို႔ အရႈံးေပၚရင္ ဘယ္ႏွယ့္လုပ္မလဲ
ဝမ္အာ့ကုန္းက အသိပညာေခါင္းပါးၿပီး လက္ေၾကာမတင္းတဲ့သူ ျဖစ္ေပမယ့္ အိမ္ေထာင္က်ၿပီး ေနာက္မွာေတာ့ အနည္းငယ္ လိမၼာလာခဲ့တယ္။ တစ္ဖက္မွာေတာ့ သူ႔ဇနီးက လုပ္ရည္ကိုင္ရည္ရွိၿပီး သူမ မလုပ္တတ္တဲ့အရာဆိုတာ မရွိသေလာက္ပဲ။ အခု သူ႔ဇနီးက ကိုယ္ေလးလက္ဝန္ႀကီးနဲ႔ဆိုေတာ့ ဘယ္လိုလုပ္ၿပီး ဆိပ္ကမ္းကို ေခါက္တုန႔္ေခါက္ျပန္ သြားခိုင္းလို႔ျဖစ္မလဲ။
ယြီေရွာင္ေခ်ာင္းက သူ႔ကို ၿပဳံးျပၿပီး ေျပာလိုက္တယ္။
လြယ္ပါတယ္! ႀကီးတဲ့အလုံးေတြက က်င္း၂၀ ေလာက္ရွိတယ္။ ဦးေလးက ကြၽန္မတို႔ဆီက ဖရဲသီးယူတာဆိုေတာ့ လက္ကားေဈး ၁က်င္းကို ေၾကးျပား၁၅၀နဲ႔ ေပးလိုက္မယ္။ ဒီေတာ့ က်င္း၂၀ကို ၃လ်န္ေပါ့။ ၿမိဳ႕ထဲမွာ ေရာင္းရင္ ၅လ်န္နဲ႔ေရာင္း! အဲ့ထက္ ေသးတဲ့အလုံးေတြဆို ၄လ်န္၊ ပိုေသးတဲ့ ၁၀က်င္းေလာက္ ရွိတာေတြကိုေတာ့ ၃လ်န္ေပါ့! ဒီလိုဆို ျဖစ္ပါတယ္!
ဝမ္အာ့ကုန္းက ဘာမွမတုန႔္ျပန္ရေသးခင္မွာပဲ အမ်ိဳးသမီးဟူက တအံ့တဩ ေအာ္ေျပာတယ္။
ဘယ္လို? ဖရဲသီးတစ္လုံးကို ငါးလ်န္? ငါးလ်န္ဆို မိသားစုတစ္စု ႏွစ္ဝက္ေလာက္ေတာင္ ထိုင္စားလို႔ရတယ္... ေရာင္းလို႔ေရာ ထြက္ပါ့မလား?
လ်ိဳဟန္က သူ႔မိန္းမကို အျမန္ဆြဲေခၚလိုက္ၿပီး စိုက္ၾကည့္လိုက္တယ္။
မင္းမွာ အေကာင္းေျပာစရာတစ္ခုခု မရွိဘူးဆိုလည္း ဘာမွမေျပာနဲ႔! ဘယ္သူမွ မင္းကို အ,အလို႔ မထင္ဘူး!!
ဝမ္အာ့ကုန္းက စိတ္ မမႈဘဲ ၿပဳံးလ်က္ေျပာတယ္။
လ်ိဳမိသားစုက ဒုတိယေခြၽးမ, ေသခ်ာေပါက္ ကြၽန္ေတာ္တို႔လို လူေတြကေတာ့ ဖရဲသီးတစ္လုံးအတြက္ ဒီေလာက္လ်န္ေတြ အမ်ားႀကီးသုံးဖို႔ ဆႏၵရွိမွာမဟုတ္ဘူး။ ဒါေပမယ့္ ဆိပ္ကမ္းမွာက သူေဌးေတြ မ်ိဳး႐ိုးျမင့္ေတြ ေပါတယ္ေလ။ ကြၽန္ေတာ္တို႔ ဖရဲသီးေတြက အရည္႐ႊမ္းၿပီး ခ်ိဳတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔က တစ္ဦးတည္းေသာ ေရာင္းသူေတြမို႔ တျခားေနရာေတြမွာ ရွာဝယ္လို႔ရမွာမဟုတ္ဘူး! ငါးလ်န္ကိုထားအုံး ဒီထက္ေဈးမ်ားမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္ေတာ့ မေရာင္းရမွာ စိတ္မပူဘူး!! ေရွာင္ေခ်ာင္း မင္းအႀကံေကာင္းတယ္၊ ငါအဲ့အတိုင္းပဲ လုပ္လိုက္မယ္!
အမ်ိဳးသမီးလ်ိဳက ဖရဲသီးေတြ ခ်ိန္လို႔ၿပီးေတာ့မွာပင္။ ဝမ္အာ့ကုန္းရဲ႕ လက္တြန္းလွည္းက သိပ္မႀကီးတာေၾကာင့္ အမ်ားဆုံး အလုံးႏွစ္ဆယ္ခန႔္သာ ဆန႔္သည္။
စုစုေပါင္း ၃၆၈က်င္း။ ကြၽန္မတို႔ ရွင့္အတြက္ အစြန္းထြက္ကိုႏႈတ္ၿပီး ၃၆၀က်င္းထားလိုက္မယ္။ ေရွာင္ေခ်ာင္း, မင္းရဲ႕ဦးေလးအာ့ကုန္းအတြက္ ေဈးတြက္ေပးလိုက္အုံး!
အမ်ိဳးသမီးလ်ိဳရဲ႕ အတြက္အခ်က္စြမ္းရည္က သူမကေလးေတြထက္ပင္ ဆိုး႐ြားတာေၾကာင့္ ဒီလို ကိန္းဂဏန္းႀကီးေတြ တြက္ခ်က္ဖို႔ကို ယုံၾကည္ခ်က္မရွိဘူး။
ယြီေရွာင္ေခ်ာင္းက စိတ္ထဲကေန တိတ္တဆိတ္တြက္ခ်က္ၿပီး လ်င္ျမန္စြာ ေျဖလိုက္တယ္။
ဦးေလးအာ့ကုန္း, အားလုံးေပါင္း ၅၄လ်န္က်တယ္! ကြၽန္မ ကတိစာခ်ဳပ္ေရးေပးလိုက္မယ္။ လက္ေဗြႏွိပ္ၿပီးရင္ ဖရဲသီးေတြ ယူသြားလို႔ရၿပီ!
ကတိစာခ်ဳပ္က ေရးၿပီးသားျဖစ္ၿပီး သူမက ဖရဲသီးေတြရဲ႕ စုစုေပါင္းအေလးခ်ိန္နဲ႔ က်သင့္တဲ့ေငြကို ျဖည့္လိုက္႐ုံပဲ။ ယြီေရွာင္ေခ်ာင္းက ကေလာင္တစ္ေခ်ာင္းနဲ႔ ဂဏန္းေတြေရးၿပီးေနာက္ စာမတတ္တဲ့ ဝမ္အာ့ကုန္းက ေသခ်ာဖတ္ျပလိုက္တယ္။
ေတြေဝမႈမရွိဘဲ ဝမ္အာ့ကုန္းက သူ႔လက္ညႇိဳးကို မင္ထဲအျမန္ႏွစ္လိုက္ၿပီး စာ႐ြက္ေပၚမွာ လက္ေဗြႏွိပ္လိုက္တယ္။
မင္းဖတ္ျပေနစရာမလိုပါဘူး။ ငါက တျခားသူေတြကို မယုံရင္ေတာင္ မင္းကိုေတာ့ ယုံပါတယ္။ ေနာက္က် ငါ့မိန္းမလာလို႔ရွိရင္ ငါဆိပ္ကမ္းဘက္သြားတယ္လို႔သာ ေျပာလိုက္ေနာ္
ဖရဲသီးေတြရဲ႕ အ႐ြယ္အစားအလိုက္ ဝမ္အာ့ကုန္းက သူ႔လွည္းေပၚကိုစီတင္ၿပီး စိတ္အားတက္ႂကြစြာနဲ႔ အေဝးကို တြန္းသြားေတာ့တယ္။
ယြီေရွာင္ေခ်ာင္းရဲ႕ ၿမိဳ႕ထဲကဆိုင္က မနက္ျဖန္ ဖြင့္မွာျဖစ္တာေၾကာင့္ အဆင္သင့္ျဖစ္ေအာင္ ဒီေန႔ကတည္းက ဖရဲသီးေတြကို ဆိုင္မွာသြားထားရမွာျဖစ္သည္။ သူမက အက်ႌလက္ေတြကို ေျမႇာက္ၿပီး အားသြန္ခြန္စိုက္နဲ႔ ဖရဲသီးတစ္လုံးကို မလိုက္သည္။ ထို႔ေနာက္ ျမည္းလွည္းေပၚကိုတင္ဖို႔ ႀကိဳးပမ္းလိုက္သည္။
လ်ိဳဟန္က သူမကိုျမင္တဲ့အခါ လ်င္ျမန္စြာ ေျပာလိုက္တယ္။
ဒီတိုင္းထားလိုက္ပါ... လွည္းေပၚကို ဦးေလးတင္ေပးမယ္!
အမ်ိဳးသမီးဟူကပါ ပါးနပ္စြာနဲ႔ ဖရဲသီးတစ္လုံးကို မလိုက္ၿပီး
ေရွာင္ေခ်ာင္း, မင္းရဲ႕ လက္ေသးေသးေလးေတြနဲ႔ သယ္ႏိုင္လို႔လား ဒါေတြကို လွည္းေပၚ တင္႐ုံပဲမလား... မင္းဦးေလးနဲ႔ ေဒၚေလးဆီသာ အပ္လိုက္ပါ!
ဒီေတာ့ ေရွာင္ေခ်ာင္းလည္း သူတို႔အေပၚ အားနာမေနေတာ့ေပ။ အတူကူလုပ္ေနရင္း သူမက လ်ိဳဟန႔္ကို ေျပာလိုက္တယ္။
ဒုတိယဦးေလး, အခင္းထဲမွာ ဘာမွလုပ္စရာ သိပ္မက်န္ေတာ့ဘူးဆိုေတာ့ ဦးေလးလည္း ဖရဲသီးတစ္လွည္းယူၿပီး ၿမိဳ႕ထဲ သြားေရာင္းရင္ေရာ ဘယ္လိုလဲ! ဖရဲသီးေတြက ျပဳတ္က်တာတို႔ ခိုက္မိတာတို႔ မျဖစ္သေ႐ြ႕ေတာ့ ငါးရက္ေျခာက္ရက္ေလာက္ သိမ္းထားလို႔ရပါတယ္။ တကယ္လို႔ တစ္ေန႔ထဲနဲ႔ အားလုံးေရာင္းမကုန္ရင္ေတာင္ ေနာက္ေန႔ေတြ ဆက္ေရာင္းလို႔ရတယ္
လ်ိဳဟန္က ဖရဲသီးေတြကို တိတ္တဆိတ္ေ႐ြ႕ေနရင္း ပြင့္ပြင့္လင္းလင္း ေျပာလိုက္တယ္။
ဖရဲသီးတစ္လုံးရဲ႕ အသားတင္စရိတ္ကတင္ ၂လ်န္ကေန ၃လ်န္ရွိတာဆိုေတာ့ ငါေၾကာင့္ ျပႆနာျဖစ္မွာ စိုးပါတယ္ ၿပီးေတာ့ ငါတို႔ဆီမွာ သယ္ဖို႔ လွည္းလည္းမရွိဘူး
***
[Unicode]
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
ဒါပေမဲ့ အနောက်ပေါက်က ဝင်ချင်တဲ့သူက အမျိုးသမီးလီ တစ်ယောက်တည်းတော့ မဟုတ်! ရှောင်ချောင်းရဲ့ အမေဘက်က ဒုတိယဒေါ်လေးကလည်း အရာရာတိုင်းအပေါ် ဗျစ်တောက်ဗျစ်တောက် ပြောတတ်တဲ့ စိတ်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ပင်။ ဒါပေမယ့် သူမက ပေါ့ပါးတဲ့အလုပ်ကိုသာ ရွေးလုပ်ပြီး ရေသာခိုတတ်တဲ့ လူစားမျိုးတော့ မဟုတ်ပေ။ ကျိုးမိသားစုက တုန်ရှန်းရွာမှာ အရင်ဆုံး အလုပ်သမားတွေ စုဆောင်းနေတယ်ဆိုတဲ့ သတင်းကို တုန်ရှန်းရွာသားနဲ့ ရသွားတဲ့ သူမရဲ့ အကြီးဆုံးဝမ်းကွဲအစ်မဆီကနေ ကြားခဲ့ရတယ်။ ချက်ချင်းပဲ သူမရဲ့ရင်ထဲမှာ အချက်ပေးသံတွေ ဆူညံသွားတယ်။ တကယ်လို့ ကျိုးမိသားစုစက်ရုံအတွက် အလုပ်နေရာတွေ အားလုံး တုန်ရှန်းရွာသားတွေနဲ့ ပြည့်သွားပြီဆိုရင် သူမအတွက် ဘာအခွင့်အရေးမှ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့
အမျိုးသမီးဟူက ရိုးသားတဲ့ ရှောင်ချောင်းရဲ့ ဒုတိယဦးလေးကို ယောက္ခမတွေကွယ်ရာမှာ သူမနဲ့အတူ တုန်ရှန်းရွာကို လိုက်ခဲ့ဖို့ အတင်းပူဆာတော့တယ်။ ဘာလို့ သူမ တစ်ယောက်တည်း မသွားရဲတာလဲ? အကြောင်းအရင်းကတော့ မျက်နှာပူလို့!
ရှောင်ချောင်းတို့မိသားစု အဓိကမိသားစုကြီးကနေ ခွဲထွက်ချိန်တုန်းက ရှောင်ချောင်းရဲ့အမေဘက်က အဖွားက သူတို့ကို လျန်များစွာပေးခဲ့တယ်။ သူမက ဒီအကြောင်းကို အချိန်အတော်ကြာတဲ့အထိ ငြူစူလို့ မပြီးနိုင်ခဲ့ဘူး။ အမျိုးသမီးလျိုနဲ့ ယွီမိသားစုကို တွေ့တိုင်းလည်း ထိုအကြောင်းကို စောင်းချိတ် ပြောတတ်တယ်။
အစားကို ကုန်အောင်စား စကားကို ကုန်အောင် မပြောနဲ့ ဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ်မလား။ အဲ့တာက တကယ်ကို မှတ်သားထိုက်တဲ့ စကားပဲ။ ယွီမိသားစုရဲ့အခြေအနေက လအနည်းငယ်အတွင်းမှာ လုံးဝ ပြောင်းလဲသွားလိမ့်မယ်လို့ သူမ မျှော်လင့်မထားခဲ့ဘူး။ သူတို့က ပိုက်ဆံအားလုံးကို ပြန်ဆပ်ခဲ့ရုံမက မြို့က လူကုံထံ လုပ်ငန်းရှင်တစ်ယောက်နဲ့လည်း ရင်းနှီးနေတယ်။ သူမက အမျိုးသမီးလီလောက်တော့ အရေမထူပေ။ အရင်က သူတို့အပေါ် သူမ ဆက်ဆံခဲ့ပုံတွေနဲ့ ခုကျမှ သူတို့ဆီ အကူအညီတောင်းဖို့က ဘာလို့ မျက်နှာမပူဘဲ နေပါ့မလဲ။
အမျိုးသမီးဟူနဲ့ သူမယောကျ်ား နံနက်စောစောထသွားပြီး သူတို့ တုန်ရှန်းရွာကို ရောက်တဲ့အချိန်မှာတော့ နေတောင်မြင့်နေပြီ။ သို့သော်လည်း သူတို့ ယွီအိမ်ဟောင်းကို ရောက်တဲ့အခါမှာတော့ သူတို့ တွေ့ချင်တဲ့သူက အိမ်၌မရှိပေ! အိမ်ဘေးမှာ ပင်လယ်ထွက်ကုန်တွေ စုဆောင်းနေတဲ့ ယွီဟန်ကို မေးလိုက်တဲ့အခါမှ ဖရဲသီးတွေရင့်ပြီဖြစ်လို့ တစ်အိမ်လုံး ယာခင်းထဲကို သွားကြတယ်ဆိုတဲ့အကြောင်း သိလိုက်ရတယ်။
ဒုတိယဦးလေးနဲ့ဒေါ်လေး, အရင်ဆုံး ခြံထဲမှာထိုင်ပြီး နားကြပါအုံး။ မွန်းလွဲတော့မှာဆိုတော့ ခဏနေရင် နေ့လည်စာလုပ်ဖို့ အမေပြန်လာတော့မှာပါ
ယွီဟန်က သူတို့ကို အပြုံးလေးနဲ့ ယဉ်ကျေးစွာ နှုတ်ဆက်တယ်။
အမျိုးသမီးဟူက စိတ်မရှည်စွာနဲ့ သူမလက်ကို ဝေ့ရမ်းလိုက်ပြီး
ရတယ် ရတယ်! ငါတို့ ယာထဲကို ကူဖို့ လိုက်သွားလိုက်မယ်။ ရှောင်ရှ, မင်း လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ!
လျိုဟန်က အရင်တစ်ခါ ထယ်ထိုးတုန်းက ကူညီဖူးတာကြောင့် ယွီမိသားစုရဲ့ သုံးမူရှိတဲ့မြေတွေက ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိတယ်။ လမ်းမေးစရာမလိုဘဲ သူက သူ့ဇနီးကို ဖရဲခင်းတွေဆီ ခေါ်သွားလိုက်တော့တယ်။
အမျိုးသမီးဟူက တိုးတိုးတိတ်တိတ် ပြောတယ်။
ယောကျ်ား, ပင်လယ်စာတွေ ရောင်းဖို့လာတဲ့ လူတန်းကြီးကို မြင်ခဲ့လား။ ကျွန်မတော့ ရှင့်ညီမက အဲ့ဒီကနေ ငွေတွေအများကြီးဝင်မယ် ထင်တာပဲ
သူတို့ဘယ်လောက်ရရ သူတို့ကိစ္စပါ! ငါတို့ရွာက ပင်လယ်နဲ့မနီးတာမလို့ အဲ့လိုနည်းနဲ့ ငွေရှာချင်တယ်ဆိုရင်တောင် ဖြစ်မှာမဟုတ်ဘူး!
လျိုဟန်က စကားကို ဒဲ့ပြောတတ်တဲ့ လူရိုးကြီးတစ်ယောက် ဖြစ်တာကြောင့် သူ့စကားတွေက တစ်ခါတလေ သူများတွေကို မသက်မသာဖြစ်စေတယ်။
အမျိုးသမီးဟူက သူ့ကို စောင်းငဲ့ကြည့်ပြီး ပြောတယ်။
ကျွန်မတို့က ပင်လယ်စာတွေ မစုဆောင်းနိုင်ပေမယ့် သူတို့တွေ အလုပ်များနေရင် သွားကူပေးလို့ရတာပဲ! ရှင့်ယောက်ဖရဲ့ ဝမ်းကွဲညီကို ကြည့်ပါ့လား။ သူ အလကား ကူညီနေတာတော့ မဖြစ်နိုင်ဘူး အကျိုးအမြတ် တစ်ခုခုတော့ ရမှာပဲ
သူတို့က နီးနီးနားနားမှာ နေတာဆိုတော့ သွားကူလို့ အဆင်ပြေတာပေါ့!! ယွီကျန်းက ရိုးသားဖြောင့်မတ်တဲ့ လူကောင်းတစ်ယောက်ပါ။ ငါ့ယောက်ဖ လူရွေးမမှားပါဘူး!
လျိုဟန်က သူ့မိန်းမရဲ့ ဆိုလိုရင်းကို ခုထိ သဘောမပေါက်သေးတာကြောင့် အမျိုးသမီးဟူတစ်ယောက် ဒေါပွလာတော့တယ်။
ဟွန့်! ရှင့်ညီမဆိုတာကလည်း ကိုယ့်ဘက်ကိုကျ မယက်တတ်ဘူးပဲ! အခွင့်ကောင်း အခါကောင်းရှိရင် ကိုယ့်မိဘဘက်က ဆွေမျိုးတွေအတွက်တော့ ထည့်မစဉ်းစားဘူး
နောက်ဆုံးမှာတော့ အမျိုးသမီးဟူက သူမရဲ့ အတွင်းစိတ်ကူးတွေကို လှစ်ဟာပြတော့တယ်။
လျိုဟန်က သူမကို စူးခနဲကြည့်ပြီး
ငါ့အမျိုးတွေက မင်းအမျိုးတွေလို မဟုတ်ဘူး။ အစ်ကိုဖြစ်သူတွေက ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြဘဲ အမြဲတမ်း အိမ်ထောင်ကျပြီးတဲ့ ညီမတွေ သမီးတွေဆီကနေ လက်ဖြန့်တောင်းချင်ကြတယ်! မင်းညီမတွေကိုပဲကြည့် မင်းအစ်ကိုတွေ ပြဿနာရှာလွန်းလို့ နေဖို့တောင် အနိုင်နိုင် ဖြစ်ကုန်ကြပြီ! ငါ့မိဘတွေရဲ့ ရက်ရောမှုကြောင့်သာမဟုတ်ရင် မင်းဒီလိုမျိုး အေးအေးဆေးဆေးနဲ့ အိမ်မှာနေနိုင်မယ်များ ထင်နေလား
အမျိုးသမီးဟူရဲ့အသံက ရုတ်တရက် အားပျော့သွားတယ်။
ကျွန်မတို့ ရှင့်ညီမအကြောင်းကို ပြောနေကြတာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်မမိသားစုအကြောင်း ပါလာရတာလဲ။ ကျွန်မလည်း ဒီလိုအစ်ကိုမျိုးတွေ လိုချင်နေတာမှ မဟုတ်တာ
လျိုဟန်က သူမကိုကြည့်ပြီး ပြောတယ်။
ငါ့ညီမတို့မိသားစု အိမ်စခွဲတုန်းက ဘယ်လိုလဲဆိုတာ ငါတို့အားလုံး သိကြတာပဲ။ အခုမှ သူတို့ အခြေအနေက ကောင်းခါစရှိသေးတာ၊ အကြီးဖြစ်တဲ့ ငါတို့လင်မယားက သူ့ကို ဘာပြဿနာမှ ထပ်မပေးသင့်ဘူး! မုယွမ်နဲ့တွေ့ရင် တိုက်ရိုက်သာပြောလိုက်၊ သူကူညီနိုင်ရင် ကူညီလိမ့်မယ်၊ တကယ်လို့ သူ မကူညီနိုင်ဘူးဆိုရင်လည်း ဘာမကောင်းတာမှ မပြောနဲ့, ဟုတ်ပြီလား
အမျိုးသမီးဟူက နှုတ်ကြမ်းပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမယ့် သူမယောကျ်ားရဲ့စကားကိုတော့ နားထောင်ခဲ့တယ်။
ကျွန်မမှတ်ထားပါ့မယ် တကယ်လည်း ကျွန်မတို့က သူတို့ဆီ အကူအညီတောင်းဖို့ လာခဲ့တာပဲ! ကျွန်မ ကိုယ့်ပါးစပ်ကိုယ် သေချာထိန်းပါ့မယ်!
သူတို့နှစ်ယောက် စကားတပြောပြောနဲ့ပဲ ဖရဲသီးခင်းဆီ ရောက်သွားကြတယ်။ အစိမ်းရောင် နွယ်တွေပေါ်မှာ ကြီးမားတဲ့ဖရဲသီးကြီးတွေက ဗိုက်ဖောင်းဖောင်းလေးတွေနဲ့ နေရောင်အောက်မှာ လဲလျောင်းနေကြတယ်။ ဖရဲခင်းထဲမှ ယွီမိသားစုတို့ဟာ ခါးတကုန်းကုန်းနဲ့ ရင့်တဲ့အလုံးတွေကိုရှာဖို့ လက်နဲ့ဖွဖွ ပုတ်ကြည့်နေကြတယ်။ ရင်တဲ့ဖရဲသီးတွေကို ရွေးယူပြီး သူတို့အနွယ်တွေဆီကနေ ခူးဆွတ်ကြတယ်။ တကယ်တော့ ခူးပြီးသားဖရဲသီးတွေက မြေပေါ်မှာ အပုံလိုက်တောင် ရှိနေကြပြီ။
အိုး ဘုရားရေ! ဒါဆို ဒါတွေကဖရဲသီးတွေပေါ့ တော်တော်ကြီးတာပဲ။ အနည်းဆုံး တစ်လုံးကို ၁၀ကျင်းကနေ ကျင်း၂၀လောက် ရှိလောက်တယ်နော်။ ငါတို့ ဇနပုဒ်ရွာလေးကိုထားအုံး မြို့မှာတောင် တွေ့ဖို့ရှားတယ်မလား ယောကျ်ား, အဲ့တာက တစ်ကျင်းကို ဘယ်လောက်ကျမယ်ထင်လဲ
အမျိုးသမီးဟူက တစူးတစမ်းနဲ့ ဖရဲသီးတွေကို လှည့်ပတ်ကြည့်ပြီး အားကျစွာပြောတယ်။
ယွီရှောင်ချောင်းက ရင့်နေတဲ့ ဖရဲသီးကြီးတစ်လုံးကို မနိုင့်တနိုင်သယ်ပြီး ယိုင်နဲ့စွာ လျှောက်နေတယ်။ ဒါကိုမြင်တော့ လျိုဟန်က အမြန်ပြေးသွားပြီး သူမလက်ထဲက ဖရဲသီးကို ယူလိုက်တယ်။
ဒုတိယဦးလေး, ဘယ်လိုရောက်လာတာလဲ ဒီမနက်တောင် အမေနဲ့ကျွန်မ ဦးလေးနဲ့ အကြီးဆုံးဦးလေးတို့အကြောင်း ပြောနေကြသေးတယ်!
ယွီရှောင်ချောင်းက အမျိုးသမီးဟူကို လုံးဝသဘောမကျပေမယ့် သူမရဲ့ အနည်းငယ် ရိုးအတဲ့ ဦးလေးအပေါ်ကိုတော့ မကောင်းတဲ့အမြင်မရှိဘူး။
လျိုဟန်က သူ့လက်ထဲကဖရဲသီးကို ခူးပြီးသားအပုံမှာ ထားလိုက်တယ်။ သူက သူ့လက်တွေကိုပွတ်ပြီး ရှက်ရွံ့စွာပြုံးတယ်။
မင်းရဲ့ ဒုတိယအရီးက ကျိုးမိသားစုစက်ရုံမှာ အလုပ်လုပ်ချင်နေတာ။ ဒါပေမယ့် လူတွေ ခေါ်နေသေးလားဆိုတာ မသေချာလို့ မေးဖို့လာခဲ့တာ
ယွီရှောင်ချောင်းက ဖရဲသီးတွေကို ငေးကြည့်နေတဲ့ အမျိုးသမီးဟူကို တစ်ချက်ကြည့်လိုက်ပြီး ပြောတယ်။
ကြာဇံတွေအခြောက်ခံရမယ့် အပိုင်းမှာတော့ နေရာလပ်တွေ ရှိနေသေးတယ်။ အဲ့ဒီနေရာအတွက် စေ့စပ်ပြီး စိတ်ရှည်တဲ့လူတွေပဲ လိုတယ်။ ကျား/မ မရွေးဘူး
လျိုဟန်က ရယ်မောပြီးပြောတယ်။
မင်းရဲ့ဒုတိယအဒေါ်က အာကြမ်းလျှာကြမ်းကြီးပေမယ့် အလုပ်တော့ အတော်ကြိုးစားတဲ့သူပါ!
သူတို့ဘေးမှာတော့ အမျိုးသမီးဟူက တစ်ခုခုလွတ်သွားမှာ စိုးရိမ်သလိုမျိုး နားတွေစွင့်ပြီး ဂရုတစိုက်နဲ့ နားထောင်နေတယ်။ သူမက သူမယောကျ်ားရဲ့စကားကို ကြားတဲ့အခါ ခေါင်းတဆတ်ဆတ် ညိမ့်ပြတယ်။
ယွီရှောင်ချောင်းက ခေါင်းငုံ့ကာ တစ်ချက်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်တယ်။
ကောင်းပြီလေ နေ့လည်ကျရင် ကျွန်မဒုတိယဒေါ်လေးနဲ့ သွားလိုက်မယ်၊ ဒါပေမယ့် ကြာဇံစက်ရုံမှာ လုပ်ဖို့ဆိုရင် အရင်ဆုံး ခံဝန်ချက်စာချုပ်မှာ လက်မှတ်ထိုးရမယ်၊ တကယ်လို့ ကြာဇံလုပ်တဲ့နည်းကို ပေါက်ကြားအောင်လုပ်ရင် လျော်ကြေးပေးရမယ့်အပြင် အကျဉ်းထောင်ပါ ပို့ခံရမှာ!
အမျိုးသမီးဟူက ချက်ချင်းပဲ ကျိန်ဆိုလိုက်တယ်။
ရှောင်ချောင်း, မင်းစိတ်ချသာနေပါ! ငါဘယ်တော့မှ အပြင်လူတွေကို စက်ရုံအကြောင်းပြောမှာ မဟုတ်ဘူး!... စောစောက မင်းပြောတော့ မင်းရဲ့ဦးလေးတွေကို ရှာနေခဲ့တာဆို ဘာကိစ္စရှိလို့လဲ
အမျိုးသမီးဟူက သူမရဲ့အကြည့်တွေကို ဖရဲသီးပုံကြီးဆီ ပို့လိုက်တယ်။ အဲ့ဒီဘေးမှာ အမျိုးသမီးလျိုက ဝမ်အာ့ကုန်းအတွက် ဖရဲသီးတွေကို ချိန်ပေးရင်း အလုပ်များနေသည်။
ဝမ်အာ့ကုန်းအကြောင်း ကြုံကြိုက်လို့ပြောရမယ်ဆိုရင် ရှောင်ချောင်းက ဖရဲသီးတွေကို အကြွေး ယူရောင်းခွင့် ပြုပေးပြီးကတည်းက သူက ယွီမိသားစုရဲ့ဖရဲခင်းကို စိတ်အပူဆုံးလူ ဖြစ်လာခဲ့တယ်။ ယွီဟိုင်နဲ့ ရှောင်ချောင်းတို့ ရေလောင်းနေတာနဲ့ကြုံတိုင်း သူက အပြေးရောက်လာပြီး ရေတွေ သယ်ကူပေးတယ်။ ညနေခင်းတွေမှာဆိုလည်း သူဟာသူ ရောက်လာပြီး ယွီဟိုင့်အစား ဖရဲခင်း စောင့်ပေးတတ်တယ်။ ဒီတော့ ယွီဟိုင်လည်း အိမ်ပြန်ပြီး ရက်အနည်းငယ် အနားယူနိုင်တာပေါ့။
ဒီရက်တွေအတွင်း သူက ဖရဲခင်းကို နေ့တိုင်းနီးပါး အလည်လာတယ်။ ဒီကနေ့မှာ ယွီမိသားစုက ဖရဲသီးခူးမယ်ဆိုတာကို သိတော့ သူတို့ကိုကူညီဖို့အတွက် အာရုဏ်မတက်ခင်ကတည်းက နိုးနေခဲ့တယ်။ သူက ဖရဲသီး ရင့်,မရင့်ကို မခွဲတတ်ပေမယ့် ဖရဲသီးတွေကို အခင်းဘေးဆီ ကူသယ်ပေးတယ်။ မနက်စောစောမှာပင် ချွေးတလုံးလုံးနဲ့ သူ့အိမ်က အလုပ်ထက်တောင် ကြိုးစားပမ်းစား လုပ်နေတော့တယ်။
သူက သူ့မိသားစုပိုင် လက်တွန်းလှည်းလေးကို ပြန်ပြင်ပြီး ဖရဲသီးတစ်လှည်းနဲ့ ဆိပ်ကမ်းမှာ အစမ်းရောင်းကြည့်မလို့။ သူအစက မြို့ထဲကိုသွားရောင်းဖို့ စီစဉ်ထားပေမယ့် ယွီမိသားစုက မြို့ထဲမှာ ဖရဲသီးဆိုင် ဖွင့်မယ်ဆိုတဲ့အကြောင်းသိကာမှ ထိုအကြံကို လက်လျော့လိုက်တယ်။ ဈေးရောင်းတဲ့ နေရာမှာတော့ သူ(၈)ယောက်ဆိုရင်တောင် ရှောင်ချောင်း၁ယောက်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ နေ့တိုင်း ဆိပ်ခံတံတားမှာ ကုန်သည်တွေ ခရီးသည်တင်သင်္ဘောတွေ မပြတ်ဆိုက်ကပ်နေတာကြောင့် အဲ့ဒီမှာ လူကုံထံတွေလည်း အများအပြား ရှိလောက်တယ်။ ဒါကြောင့် သူက ရှောင်ချောင်းရဲ့ အကြံပေးချက်အတိုင်း ဆိပ်ကမ်းမှာ ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရှောင်ချောင်း, ငါက အလေးချိန်တွေ မဖတ်တတ်ဘူးဟ၊ တကယ်လို့ အရှုံးပေါ်ရင် ဘယ်နှယ့်လုပ်မလဲ
ဝမ်အာ့ကုန်းက အသိပညာခေါင်းပါးပြီး လက်ကြောမတင်းတဲ့သူ ဖြစ်ပေမယ့် အိမ်ထောင်ကျပြီး နောက်မှာတော့ အနည်းငယ် လိမ္မာလာခဲ့တယ်။ တစ်ဖက်မှာတော့ သူ့ဇနီးက လုပ်ရည်ကိုင်ရည်ရှိပြီး သူမ မလုပ်တတ်တဲ့အရာဆိုတာ မရှိသလောက်ပဲ။ အခု သူ့ဇနီးက ကိုယ်လေးလက်ဝန်ကြီးနဲ့ဆိုတော့ ဘယ်လိုလုပ်ပြီး ဆိပ်ကမ်းကို ခေါက်တုန့်ခေါက်ပြန် သွားခိုင်းလို့ဖြစ်မလဲ။
ယွီရှောင်ချောင်းက သူ့ကို ပြုံးပြပြီး ပြောလိုက်တယ်။
လွယ်ပါတယ်! ကြီးတဲ့အလုံးတွေက ကျင်း၂၀ လောက်ရှိတယ်။ ဦးလေးက ကျွန်မတို့ဆီက ဖရဲသီးယူတာဆိုတော့ လက်ကားဈေး ၁ကျင်းကို ကြေးပြား၁၅၀နဲ့ ပေးလိုက်မယ်။ ဒီတော့ ကျင်း၂၀ကို ၃လျန်ပေါ့။ မြို့ထဲမှာ ရောင်းရင် ၅လျန်နဲ့ရောင်း! အဲ့ထက် သေးတဲ့အလုံးတွေဆို ၄လျန်၊ ပိုသေးတဲ့ ၁၀ကျင်းလောက် ရှိတာတွေကိုတော့ ၃လျန်ပေါ့! ဒီလိုဆို ဖြစ်ပါတယ်!
ဝမ်အာ့ကုန်းက ဘာမှမတုန့်ပြန်ရသေးခင်မှာပဲ အမျိုးသမီးဟူက တအံ့တဩ အော်ပြောတယ်။
ဘယ်လို? ဖရဲသီးတစ်လုံးကို ငါးလျန်? ငါးလျန်ဆို မိသားစုတစ်စု နှစ်ဝက်လောက်တောင် ထိုင်စားလို့ရတယ်... ရောင်းလို့ရော ထွက်ပါ့မလား?
လျိုဟန်က သူ့မိန်းမကို အမြန်ဆွဲခေါ်လိုက်ပြီး စိုက်ကြည့်လိုက်တယ်။
မင်းမှာ အကောင်းပြောစရာတစ်ခုခု မရှိဘူးဆိုလည်း ဘာမှမပြောနဲ့! ဘယ်သူမှ မင်းကို အ,အလို့ မထင်ဘူး!!
ဝမ်အာ့ကုန်းက စိတ် မမှုဘဲ ပြုံးလျက်ပြောတယ်။
လျိုမိသားစုက ဒုတိယချွေးမ, သေချာပေါက် ကျွန်တော်တို့လို လူတွေကတော့ ဖရဲသီးတစ်လုံးအတွက် ဒီလောက်လျန်တွေ အများကြီးသုံးဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဆိပ်ကမ်းမှာက သူဌေးတွေ မျိုးရိုးမြင့်တွေ ပေါတယ်လေ။ ကျွန်တော်တို့ ဖရဲသီးတွေက အရည်ရွှမ်းပြီး ချိုတယ်။ ပြီးတော့ ကျွန်တော်တို့က တစ်ဦးတည်းသော ရောင်းသူတွေမို့ တခြားနေရာတွေမှာ ရှာဝယ်လို့ရမှာမဟုတ်ဘူး! ငါးလျန်ကိုထားအုံး ဒီထက်ဈေးများမယ်ဆိုရင်တောင် ကျွန်တော်တော့ မရောင်းရမှာ စိတ်မပူဘူး!! ရှောင်ချောင်း မင်းအကြံကောင်းတယ်၊ ငါအဲ့အတိုင်းပဲ လုပ်လိုက်မယ်!
အမျိုးသမီးလျိုက ဖရဲသီးတွေ ချိန်လို့ပြီးတော့မှာပင်။ ဝမ်အာ့ကုန်းရဲ့ လက်တွန်းလှည်းက သိပ်မကြီးတာကြောင့် အများဆုံး အလုံးနှစ်ဆယ်ခန့်သာ ဆန့်သည်။
စုစုပေါင်း ၃၆၈ကျင်း။ ကျွန်မတို့ ရှင့်အတွက် အစွန်းထွက်ကိုနှုတ်ပြီး ၃၆၀ကျင်းထားလိုက်မယ်။ ရှောင်ချောင်း, မင်းရဲ့ဦးလေးအာ့ကုန်းအတွက် ဈေးတွက်ပေးလိုက်အုံး!
အမျိုးသမီးလျိုရဲ့ အတွက်အချက်စွမ်းရည်က သူမကလေးတွေထက်ပင် ဆိုးရွားတာကြောင့် ဒီလို ကိန်းဂဏန်းကြီးတွေ တွက်ချက်ဖို့ကို ယုံကြည်ချက်မရှိဘူး။
ယွီရှောင်ချောင်းက စိတ်ထဲကနေ တိတ်တဆိတ်တွက်ချက်ပြီး လျင်မြန်စွာ ဖြေလိုက်တယ်။
ဦးလေးအာ့ကုန်း, အားလုံးပေါင်း ၅၄လျန်ကျတယ်! ကျွန်မ ကတိစာချုပ်ရေးပေးလိုက်မယ်။ လက်ဗွေနှိပ်ပြီးရင် ဖရဲသီးတွေ ယူသွားလို့ရပြီ!
ကတိစာချုပ်က ရေးပြီးသားဖြစ်ပြီး သူမက ဖရဲသီးတွေရဲ့ စုစုပေါင်းအလေးချိန်နဲ့ ကျသင့်တဲ့ငွေကို ဖြည့်လိုက်ရုံပဲ။ ယွီရှောင်ချောင်းက ကလောင်တစ်ချောင်းနဲ့ ဂဏန်းတွေရေးပြီးနောက် စာမတတ်တဲ့ ဝမ်အာ့ကုန်းက သေချာဖတ်ပြလိုက်တယ်။
တွေဝေမှုမရှိဘဲ ဝမ်အာ့ကုန်းက သူ့လက်ညှိုးကို မင်ထဲအမြန်နှစ်လိုက်ပြီး စာရွက်ပေါ်မှာ လက်ဗွေနှိပ်လိုက်တယ်။
မင်းဖတ်ပြနေစရာမလိုပါဘူး။ ငါက တခြားသူတွေကို မယုံရင်တောင် မင်းကိုတော့ ယုံပါတယ်။ နောက်ကျ ငါ့မိန်းမလာလို့ရှိရင် ငါဆိပ်ကမ်းဘက်သွားတယ်လို့သာ ပြောလိုက်နော်
ဖရဲသီးတွေရဲ့ အရွယ်အစားအလိုက် ဝမ်အာ့ကုန်းက သူ့လှည်းပေါ်ကိုစီတင်ပြီး စိတ်အားတက်ကြွစွာနဲ့ အဝေးကို တွန်းသွားတော့တယ်။
ယွီရှောင်ချောင်းရဲ့ မြို့ထဲကဆိုင်က မနက်ဖြန် ဖွင့်မှာဖြစ်တာကြောင့် အဆင်သင့်ဖြစ်အောင် ဒီနေ့ကတည်းက ဖရဲသီးတွေကို ဆိုင်မှာသွားထားရမှာဖြစ်သည်။ သူမက အင်္ကျီလက်တွေကို မြှောက်ပြီး အားသွန်ခွန်စိုက်နဲ့ ဖရဲသီးတစ်လုံးကို မလိုက်သည်။ ထို့နောက် မြည်းလှည်းပေါ်ကိုတင်ဖို့ ကြိုးပမ်းလိုက်သည်။
လျိုဟန်က သူမကိုမြင်တဲ့အခါ လျင်မြန်စွာ ပြောလိုက်တယ်။
ဒီတိုင်းထားလိုက်ပါ... လှည်းပေါ်ကို ဦးလေးတင်ပေးမယ်!
အမျိုးသမီးဟူကပါ ပါးနပ်စွာနဲ့ ဖရဲသီးတစ်လုံးကို မလိုက်ပြီး
ရှောင်ချောင်း, မင်းရဲ့ လက်သေးသေးလေးတွေနဲ့ သယ်နိုင်လို့လား ဒါတွေကို လှည်းပေါ် တင်ရုံပဲမလား... မင်းဦးလေးနဲ့ ဒေါ်လေးဆီသာ အပ်လိုက်ပါ!
ဒီတော့ ရှောင်ချောင်းလည်း သူတို့အပေါ် အားနာမနေတော့ပေ။ အတူကူလုပ်နေရင်း သူမက လျိုဟန့်ကို ပြောလိုက်တယ်။
ဒုတိယဦးလေး, အခင်းထဲမှာ ဘာမှလုပ်စရာ သိပ်မကျန်တော့ဘူးဆိုတော့ ဦးလေးလည်း ဖရဲသီးတစ်လှည်းယူပြီး မြို့ထဲ သွားရောင်းရင်ရော ဘယ်လိုလဲ! ဖရဲသီးတွေက ပြုတ်ကျတာတို့ ခိုက်မိတာတို့ မဖြစ်သရွေ့တော့ ငါးရက်ခြောက်ရက်လောက် သိမ်းထားလို့ရပါတယ်။ တကယ်လို့ တစ်နေ့ထဲနဲ့ အားလုံးရောင်းမကုန်ရင်တောင် နောက်နေ့တွေ ဆက်ရောင်းလို့ရတယ်
လျိုဟန်က ဖရဲသီးတွေကို တိတ်တဆိတ်ရွေ့နေရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
ဖရဲသီးတစ်လုံးရဲ့ အသားတင်စရိတ်ကတင် ၂လျန်ကနေ ၃လျန်ရှိတာဆိုတော့ ငါကြောင့် ပြဿနာဖြစ်မှာ စိုးပါတယ် ပြီးတော့ ငါတို့ဆီမှာ သယ်ဖို့ လှည်းလည်းမရှိဘူး
***