[Zawgyi]
အပိုင္း ၁၆၄ (ဝန္ခံလက္ေျမႇာက္ျခင္း)
ယြီဟိုင္ရဲ႕ အႀကီးဆုံးဦးရီးမိသားစုမွာ ဘယ္သူမွ ငါးမမွ်ားႏိုင္ၾကတာေၾကာင့္ စားဝတ္ေနေရးအတြက္ ငါးမူရွိတဲ့ သဲေျမေပၚမွာသာ မွီခိုၾကရတယ္။ ယြီ႐ႊီနဲ႔ ယြီက်န္းတို႔က မၾကာခဏ ၿမိဳ႕ထဲကို အလုပ္သြားရွာၾကသလို ဆိပ္ကမ္းကိုလည္း ကူလီထမ္းဖို႔ သြားၾကတယ္။ သူတို႔မိသားစု အေျခအေနက သိပ္အဆင္ေျပေနတာေတာ့ မဟုတ္ေပ။ မနက္ေစာေစာတုန္းက ယြီက်န္းတစ္ေယာက္ အိမ္ကေန လက္ဗလာနဲ႔ ထြက္သြားခဲ့ေပမဲ့ ျပန္လာေတာ့ သူ႔လက္ထဲမွာ တစ္လ်န္မက ပါလာခဲ့တယ္
ယြီလီခြၽမ္းနဲ႔ ယြီ႐ႊီက သူ႔ကို အံ့အားသင့္စြာ ၾကည့္ေနၾကတယ္။ ထင္ရွားစြာပဲ သူတို႔က သူရွင္းျပတာကို ေစာင့္ဆိုင္းေနၾကတာပင္။
ယြီက်န္းက စိတ္လႈပ္ရွားစြာနဲ႔ တုန္တုန္ယင္ယင္ ေျပာလိုက္တယ္။
ဒါက ဒီေန႔ ပင္လယ္စာေရာင္းတာကေန ရတာ
ေခြးေကာင္!
ယြီလီခြၽမ္းက ခတၱေၾကာင္အေနၿပီးေနာက္ ေဒါသေတြ ေပါက္ကြဲထြက္ေတာ့သည္။ သူက အံႀကိတ္ေျပာရင္း ႏႈတ္ခမ္းေမႊးေတြပင္ ေလေပၚသို႔ ေျမာက္တက္ေနသည္။
ရတဲ့ေငြရဲ႕ ေလးဆယ္ရာႏႈန္းပဲယူမယ္လို႔ ငါတို႔သေဘာမတူခဲ့ဘူးလား၊ မင္းမင္းအစ္ကို ရတဲ့ေငြေတြ အားလုံးကို ယူလာတာမလား ခုခ်က္ခ်င္း ျပန္ေပးလိုက္!!
ယြီ႐ႊီကလည္း သူ႔ညီကို လက္မခံႏိုင္စြာေျပာတယ္။
ညီေလး ငါမင္းကို ဆူေနတာမဟုတ္ဘူး! ဒါေပမယ့္ သာ့ဟိုင္က အဲ့ေငြေတြေပးတုန္းက မင္းကဒီလိုပဲ ယူလာရသလား။ မင္းကိုယ္တိုင္ တြက္ခ်က္မၾကည့္ခဲ့ဘူးလား
မဟုတ္ဘူးဗ်မဟုတ္ဘူး!
အထင္လြဲေနၾကတဲ့ သူ႔အေဖနဲ႔ အစ္ကိုႀကီးရဲ႕ေရွ႕မွာ ယြီက်န္း ဘာျပန္ေျပာရမွန္းပင္ မသိေတာ့ဘဲ စိတ္ဓာတ္ေတာင္ က်ခ်င္လာတယ္။ သူက အေၾကာင္းအရာကို ေသခ်ာရွင္းျပဖို႔ အေကာင္းဆုံး ႀကိဳးစားလိုက္တယ္။
ဒီေငြက ဒီေန႔ရခဲ့တဲ့ေငြရဲ႕ ေလးဆယ္ရာခိုင္ႏႈန္းပဲ။ ကြၽန္ေတာ္ စာရင္းစာအုပ္ကိုေတာင္ ၾကည့္ခဲ့ေသးတယ္!
ဒါေပမယ့္ အဲ့စာအုပ္ထဲမွာ ဘာေတြေရးထားတယ္ဆိုတာ သူသိပ္နားမလည္တဲ့ အေၾကာင္းကိုေတာ့ ေျပာမေနေတာ့ဘူး!
ယြီလီခြၽမ္းနဲ႔ ယြီ႐ႊီက သူ႔ကို သိပ္မယုံခ်င္ေသးပဲ ထပ္ေမးလာတယ္။
ဒါဆို သူတို႔က ဒီေန႔တစ္ေန႔တည္းနဲ႔ ေလးလ်န္နီးပါး ရတယ္လို႔ေျပာတာလား ဒါက မျဖစ္ႏိုင္ဘူးေလ ဟုတ္တယ္မလား ပင္လယ္စာေတြ ဝယ္စုတာက ဘာလို႔ ဒီေလာက္ အျမတ္ရႏိုင္မွာလဲ
ယြီက်န္းက သူတို႔အား အေျခအေနေတြကို တြက္ခ်က္ ရွင္းလင္းျပလိုက္တယ္။
က်ိန္ရႈံစားေသာက္ဆိုင္က ဒုတိယအစ္ကိုနဲ႔ သူတို႔မိသားစုလုပ္အားခအတြက္ ေငြသတ္မွတ္ေပးတာ၊ သူတို႔ေတြ ဒီေန႔ ပင္လယ္စာေတြ ဘယ္ေလာက္သြင္းတယ္ထင္လဲက်င္းတစ္ေထာင္ေက်ာ္ဗ်! အၾကမ္းသေဘာနဲ႔ တစ္က်င္းကို ေၾကးျပားသုံးဆယ္နဲ႔တြက္အုံး က်င္းတစ္ေထာင္ေက်ာ္ဆို သုံးဆယ္ ေလးဆယ္ လ်န္နီးပါးမလား ကြၽန္ေတာ္တို႔ မိသားစုႏွစ္ခု လုပ္အားခအတြက္ သုံးလ်န္ ေလးလ်န္ဝန္းက်င္ ရခဲ့တယ္။ ဒီေတာ့ ကြၽန္ေတာ္အိမ္ကို အနည္းဆုံး တစ္လ်န္ေလာက္ ျပန္ပါလာတာက မထူးဆန္းပါဘူး!
သူ႔သားက အားလုံးကို တြက္ခ်က္ျပၿပီး ေနာက္မွာေတာ့ ယြီလီခြၽမ္းက လက္ခံႏိုင္သြားတယ္။ သူ႔သားဒီေန႔ရခဲ့တဲ့ ေငြက သူတို႔မိသားစု တစ္လလုံး ႀကဳံရာက်ပန္း လုပ္လို႔ရတဲ့ေငြနဲ႔ ညီမွ်တယ္! ထို႔ေနာက္ တစ္လမွာ သူ႔သားရႏိုင္မယ့္ ဝင္ေငြ၊ ၿပီးေနာက္ တစ္ႏွစ္ဝင္ေငြ စုစုေပါင္းကို တြက္ၾကည့္လိုက္တဲ့ အခါမွာေတာ့ သူခ်က္ခ်င္းပဲ မူးေမ့မတက္ျဖစ္သြားတယ္။ သူတို႔ေတြ ဒီအတိုင္းသာ ဆက္သြားမယ္ဆိုရင္ တစ္ႏွစ္ပတ္လုံးရတဲ့ ေငြနဲ႔ဆို ဆယ္ဧကေက်ာ္တဲ့ လက္ကြက္ေကာင္းေကာင္းေတြ ဝယ္ႏိုင္လိမ့္မယ္။ ဒါမွမဟုတ္ ၿမိဳ႕မွာ အိမ္ေကာင္းတစ္လုံးေတာင္ ဝယ္ႏိုင္ေလာက္တယ္။ ဒီလိုသာဆို ေနာက္ထပ္ ႏွစ္အနည္းငယ္လုပ္႐ုံနဲ႔ သူတို႔မိသားစုေတြ တုန္ရွန္း႐ြာမွာ အခ်မ္းသာဆုံးမိသားစုထဲက တစ္ခု ျဖစ္မလာႏိုင္ဘူးလား...
ယြီလီခြၽမ္းက တံေတြးကို ခက္ခက္ခဲခဲ ၿမိဳခ်လိုက္ၿပီး တုန္ယင္ေနတဲ့အသံနဲ႔ ေျပာလာတယ္။
က်န္းအာ, အနာဂတ္မွာ မင္းအစ္ကိုသာ့ဟိုင္ရဲ႕ ေစတနာကို ေသခ်ာေပါက္ မွတ္ထားရမယ္၊ သူ႔ေၾကာင့္သာမဟုတ္ရင္ ငါတို႔မိသားစုေတြ တစ္ေန႔ထဲနဲ႔ ဒီလိုေငြေတြအမ်ားႀကီးရဖို႔ အိမ္မက္ေတာင္ မက္ႏိုင္မွာ မဟုတ္ဘူး! မင္း သူ႔အတြက္ အလုပ္ႀကိဳးစားလုပ္ေပးရမယ္!
အေဖ! ကြၽန္ေတာ့္ကို စိတ္ခ်ပါ!! အစ္ကိုဝမ္းကြဲက တကယ္ေတာ့ ကြၽန္ေတာ့္ရဲ႕ ဒုတိယအစ္ကိုရင္းလိုပါပဲ၊ သူ႔ကေလးေတြကလည္း က်ေနာ့္ရဲ႕ တူ၊တူမ အရင္းေတြပါပဲ!!
အရင္တုန္းက ဘာမွအစားျပန္ေပးစရာ မရွိခဲ့တုန္းက ယြီက်န္းက ယြီဟိုင္တို႔မိသားစု အခက္အခဲျဖစ္တိုင္း ကူညီေပးႏိုင္ခဲ့တယ္။ အခုေတာ့ သူတို႔ေတြ စီးပြားေရးကို အတူတူလုပ္ကိုင္ေနၾကတာဆိုေတာ့ အျပန္အလွန္ ျဖစ္သြားတာေပါ့
႐ုတ္တရက္ ယြီလီခြၽမ္းက မ်က္ေမွာင္က်ဳံ႕သြားၿပီး သတိေပးလိုက္တယ္။
မွတ္ထားအုံး မင္းဒီသတင္းကို အျပင္ကိုေလွ်ာက္ေျပာလို႔ေတာ့ မျဖစ္ဘူးေနာ္! တကယ္လို႔ မင္းရဲ႕ တတိယဦးေလး မိသားစုသာ သိသြားရင္ သာ့ဟိုင္တို႔ကို ျပႆနာရွာလိမ့္မယ္!
သူ႔ရဲ႕ ဒုတိယအစ္ကိုက ဒီမ်က္စိက်စရာအလုပ္ကို သာ့ရွန္းနဲ႔ အျခားလူ တစ္ေယာက္ေယာက္ကို မဟုတ္ဘဲ သူ႔ကိုပဲ အကူအညီေတာင္းခဲ့တာကို ယြီက်န္းသိတယ္။ ဒါက သာ့ဟိုင္က သူ႔ကို ယုံၾကည္လို႔ဆိုတာ အထင္အရွားပဲ။ ေသခ်ာေပါက္ သူ ဒုတိယအစ္ကိုတို႔မိသားစုကို ျပႆနာျဖစ္ေစလို႔ မျဖစ္ဘူး!
ေရွာင္ေခ်ာင္းက အႀကီးဆုံးအဖိုးတို႔အိမ္မွာ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ေတြးမိပုံမရ။ သူမက သူ႔ရဲ႕ ကိုယ္ပိုင္ေျမဩဇာ ထည့္ထားတဲ့ ေရပုံးေလးကို မလိုက္တယ္။ ယြီဟိုင္က ေရပုံးႏွစ္ခုကို ထမ္းပိုးနဲ႔ ထမ္းၿပီး သူမေနာက္ကေန လိုက္ပါလာတယ္။ အခ်ိန္တိုင္းလိုလိုလည္း သူမကို လမ္း ေသခ်ာ ၾကည့္ေလွ်ာက္ဖို႔ သတိေပးေနတယ္။
သူတို႔ေတြ စိုက္ခင္းကို ေရေလာင္းၿပီးတဲ့အခါ ယြီေရွာင္ေခ်ာင္းက ဖရဲခင္းကို လွည့္ပတ္ၾကည့္လိုက္တယ္။ အံ့ဖြယ္ေက်ာက္တုံးေလးရဲ႕ အခ်က္ျပမႈေၾကာင့္ သူမက ရင့္မွည့္ေနၿပီျဖစ္တဲ့ ဖရဲသီးႏွစ္လုံးကို ရွာေတြ႕ခဲ့တယ္။ ထိုဖရဲသီးႏွစ္လုံးက ႀကီးမားလုံးဝိုင္းၿပီး တစ္လုံးကို က်င္းႏွစ္ဆယ္ေလာက္ အေလးခ်ိန္ ရွိတယ္။ အျပင္ခြံက စိမ္းျပာေရာင္ ေတာက္ေတာက္ရွိၿပီး လက္နဲ႔ဆိတ္ၾကည့္ရင္ ေရေတြ ထြက္လာႏိုင္တဲ့အထိ လက္ဆတ္ပုံရတယ္။
အေဖ! ဒီဖရဲသီးႏွစ္လုံးက ရင့္ေနၿပီ! ဒါေတြကိုခူးသြားၿပီး ျမည္းၾကည့္ဖို႔ အိမ္ယူသြားရေအာင္!
ေရွာင္ေခ်ာင္းက ဖရဲသီးတစ္လုံးကို ႏြယ္ပင္ကခူးယူလိုက္တယ္။ ထို႔ေနာက္ လက္ေမာင္းထဲေပြ႕ကာ မလိုက္ၿပီး မႏိုင္မနင္းနဲ႔ ဒယိမ္းဒယိုင္ ျဖစ္ေနေတာ့တယ္။ ယြီဟိုင္က သူ႔သမီး မႏိုင္မနင္း ျဖစ္ေနတာကို ျမင္တဲ့အခါ ေျခလွမ္းက်ဲႀကီးေတြနဲ႔ အေျပးေရာက္လာၿပီး ေရွာင္ေခ်ာင္းလက္ေတြထဲက ဖရဲသီးကို ယူလိုက္တယ္။
ႏွစ္လုံးေပါင္း က်င္း၄၀ေတာင္မေက်ာ္တဲ့ အေလးခ်ိန္က ယြီဟိုင္အတြက္ေတာ့ ေပါ့တယ္လို႔ ယူဆႏိုင္တယ္။ သူက လက္ေမာင္းတစ္ဖက္မွာ တစ္လုံးစီသယ္သြားၿပီး စိုက္ခင္းရဲ႕ေဘာင္ေပၚမွာ တင္ထားလိုက္တယ္။ ထို႔ေနာက္ သူက ေရွာင္ေခ်ာင္းကို ညင္သာစြာ ေျပာတယ္။
အရင္ဆုံး သမီးကို အိမ္ျပန္ပို႔ၿပီးမွ ျပန္လာၿပီး ဖရဲခင္းေစာင့္ဖို႔ တဲထိုးေတာ့မယ္
ဖရဲသီးေတြက တုန္ရွန္း႐ြာနဲ႔ အနီးနားက ႐ြာေတြအတြက္ ရွားပါးထူးျခားတဲ့ အရာေတြပဲ။ သူတို႔ေတြ စစိုက္တုန္းကဆိုရင္ လာေရာက္ၾကည့္ရႈစူးစမ္းခ်င္တဲ့ လူေတြ တအုပ္တမႀကီး ေရာက္လာခဲ့တယ္။ အခုဆိုရင္ အခင္းထဲက ဖရဲသီးေတြ ရင့္စျပဳေနၿပီျဖစ္တဲ့အတြက္ အခင္းကို ေစာင့္ေရွာက္ၾကည့္ရႈဖို႔ တစ္ေယာက္ေယာက္ေတာ့ ရွိေနမွ ျဖစ္မယ္။ ယြီဟိုင္က ဖရဲခင္းမွာ တဲထိုးဖို႔အတြက္ ဝါးတခ်ိဳ႕ကို ႀကိဳတင္ခုတ္ထားၿပီးၿပီ။
အေဖ လုပ္စရာရွိတာ အခုလုပ္ပါ! ခဏေန ေမြးစားအေဖလည္း ျပန္ေရာက္လာေတာ့မွာ။ အဲ့က်မွ ဒါေတြကို ကူသယ္ခိုင္းလို႔ရပါတယ္!
ယြီေရွာင္ေခ်ာင္းက သူမအေဖ လ်င္ျမန္စြာ တဲေဆာက္ေနတာကို ေဘးကထိုင္ၾကည့္ေနတယ္။ ရံဖန္ရံခါ သူမက အေသးအမႊား အလုပ္ေလးေတြကို ကူညီေပးၿပီး အႀကံျပဳခ်က္တခ်ိဳ႕ကို ေပးတယ္။ မြန္းမတည့္ခင္ တဲရဲ႕အၾကမ္းဖ်ဥ္းပုံစံကို ျမင္ေနရေလၿပီ။
ေသခ်ာေပါက္ပဲ ေရွာင္ေခ်ာင္းရဲ႕ ခန႔္မွန္းခ်က္ မွန္ကန္ခဲ့တယ္။ ဆိပ္ကမ္းမွာ အလုပ္တခ်ိဳ႕ကို အၿပီးသတ္ၿပီးေနာက္ ဖန္းဇီက်န္းတစ္ေယာက္ ျမင္းနဲ႔အိမ္ကို အေျပးႏွင္လာတယ္။ သူ႔ရဲ႕ေမြးစားသမီးက ဖရဲခင္းထဲမွာ တဲတစ္လုံးေဆာက္တာကို ကူညီေနတဲ့အေၾကာင္း သိတဲ့အခါ စိတ္မေကာင္း ျဖစ္သြားတယ္။
ကေလးမေလးတစ္ေယာက္က ဘဝမွာ သက္ေတာင့္သက္သာ ရွိေနရမယ့္ဟာကို ဘာလို႔ ဒီလိုခက္ခဲပင္ပန္းတဲ့ အလုပ္ေတြ လုပ္ေနရတာလဲ၊ ဒါက အဆင္မေျပဘူး ငါ အခုခ်က္ခ်င္းသြားၿပီး ကူညီရမယ္!
ေနာက္ထပ္ သန္မာတဲ့လူႀကီးတစ္ေယာက္ပါ ပူေပါင္းလိုက္ေတာ့ ၿပီးဖို႔ႏွစ္ရက္ၾကာမယ့္ တဲက တစ္ရက္အတြင္းမွာပဲ ၿပီးစီးသြားခဲ့တယ္။ ဖရဲခင္းကိုေစာင့္ရင္း သူမအေဖ အေအးမိမွာ စိုးတာေၾကာင့္ ယြီေရွာင္ေခ်ာင္းက အေဖႏွစ္ေယာက္ကို တဲထဲမွာ ဝါးကုတင္တစ္ခုပါ လုပ္ခိုင္းလိုက္တယ္။
ညေနခင္းမွာ ရွီထုန္ေလးလည္း နားရက္ျပန္လာတာေၾကာင့္ မိသားစု စုံစုံလင္လင္ ညစာစားဖို႔အတြက္ စားပြဲခုံမွာ ဝိုင္းဖြဲ႕ထိုင္လိုက္ၾကတယ္။ သူတို႔က ပထမဆုံးရင့္မွည့္လာတဲ့ ဖရဲသီးေတြကို ေဝမွ်စားဖို႔ ျပင္ဆင္ၾကတယ္။
ဒီအခ်ိန္ကာလမွာ ဖရဲသီးေတြက ေပါမ်ားတဲ့ အသီးအႏွံတစ္မ်ိဳး မဟုတ္ဘူး။ ယြီမိသားစုအတြက္သာ ရွားပါး႐ုံသာမက ၿမိဳ႕ေတာ္မွာေနတဲ့ ဖန္းဇီက်န္းပင္ စားရတာရွားသည္။
ေရွာင္ရွ, ေနာက္တစ္လုံးကို မင္းအဘိုးဆီသြားပို႔ခ်ည္။ မင္းအဘိုးကိုလည္း ျမည္းခိုင္းရေအာင္!
ဖရဲသီးကို ခြဲခ်လိုက္တဲ့အခါ နီရဲတဲ့အတြင္းပိုင္းကို ယြီဟိုင္ ျမင္လိုက္ရတယ္။ ေတာက္ပတဲ့ အနီေရာင္ အရည္ေတြက ဓားတစ္ေလ်ာက္ စီးဆင္းေနၿပီး ခ်ိဳျမတဲ့အနံ႔ေလးက သူ႔ႏွာေခါင္းကို လာ႐ိုက္ခတ္တယ္။ သူေပ်ာ္႐ႊင္ေနမိတဲ့အခါ သူ႔ရဲ႕ အသက္ရေနၿပီျဖစ္တဲ့ဖခင္ကို သတိရသြားၿပီး သူ႔ကိုလည္း ျမည္းစမ္းေစခ်င္မိသည္။
ယြီဟန္က အနည္းငယ္ မ်က္ေမွာင္ကုတ္လိုက္ၿပီး ညင္သာစြာ ေျပာလာတယ္။
တကယ္လို႔ အဘြားက အဲ့ဒါကို အရသာရွိတယ္ဆိုၿပီး ေန႔တိုင္းလာပို႔ခိုင္းရင္ေရာ ကြၽန္ေတာ္တို႔ ပို႔ရမွာလား
အမွန္အားျဖင့္ သူတို႔ကို ေန႔တိုင္း ဖရဲသီးတစ္လုံး ပို႔ရမယ္ဆိုရင္လည္း ယြီဟိုင္ပို႔ႏိုင္တယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္မွာ ဖရဲသီးေဈး ဘယ္ေလာက္ရွိတယ္ဆိုတာကို ဖန္းဇီက်န္းေျပာျပလို႔ သူသိၿပီးၿပီ။ သူတို႔က အသားထက္ေတာင္ ေဈးႀကီးေနေသးတယ္! အတန္ဆုံးေဈးဆိုရင္ေတာင္ ဖရဲသီးတစ္လုံးက ေၾကးျပားရာေက်ာ္ေလာက္ ရွိတယ္။ ေန႔တိုင္းတစ္လုံးသာ ပို႔ရမယ္ဆိုရင္ သူတို႔မိသားစု ဖရဲသီးစိုက္တဲ့ ရည္႐ြယ္ခ်က္က ဘယ္မွာလဲ။ ပိုက္ဆံရဖို႔ေရာ ဟုတ္ေသးရဲ႕လား...
ယြီဟိုင့္မ်က္လုံးထဲက စိတ္အားထက္သန္မႈေတြ ႐ုတ္ခ်ည္း မွိန္က်သြားၿပီး ထိုင္ခုံေပၚကို ျဖည္းညင္းစြာ ထိုင္ခ်လိုက္တယ္။ သူက သက္ျပင္းခပ္ေလးေလး တစ္ခ်က္ခ်လိုက္တယ္။ အစက ေပ်ာ္႐ႊင္ေနတဲ့ ေလထုေလးက အဓိကမိသားစုအေၾကာင္း ပါလာတာနဲ႔ အုံ႔မႈိင္းသြားေတာ့တယ္။
ယြီေရွာင္ေခ်ာင္းက သူမအေဖကို စိတ္မညစ္ေစခ်င္တာေၾကာင့္ မတ္တပ္ထရပ္လိုက္တယ္။ သူမရဲ႕ ၾကည္လင္တဲ့အသံနဲ႔ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္တယ္။
အဘိုးဆီကို သမီးသြားပို႔ေပးရင္ေရာ
မျဖစ္ပါဘူး! သမီးအဘြားက သမီးကို ခက္ခဲေအာင္လုပ္ေနရင္ ဘယ္လိုလုပ္မလဲ တကယ္ေတာ့ အေဖတို႔ ဘာမွမပို႔လည္း အဆင္ေျပပါတယ္။ မနက္ျဖန္က်မွ အဘိုးကို အိမ္ေခၚၿပီး ေကြၽးလည္း ျဖစ္တာပဲ!
ယြီဟိုင္က သူ႔သမီး ထိခိုက္မိမွာ စိုးရိမ္တာေၾကာင့္ အစီအစဥ္ကို အျမန္ေျပာင္းလဲလိုက္တယ္။
ရပါတယ္! အဘိုးအနားမွာရွိရင္ အဘြားလည္း ဘာမွဆိုးဆိုးဝါးဝါး မလုပ္ရဲေလာက္ပါဘူး! တကယ္ဆို သမီးက သူ႔ဆီကို ဖရဲသီးလာပို႔လို႔ ေယာက္သြားတစ္ေကာင္လိုေတာင္ ေပ်ာ္ေနသင့္တယ္။ သမီးကို ခက္ခဲေအာင္ေတာ့ မလုပ္ေလာက္ပါဘူး
ယြီေရွာင္ေခ်ာင္းက သူ႔ေခါင္းထဲမွာ အႀကံတစ္ခုရၿပီဆိုရင္ တျခားဟာ ေျပာင္းလုပ္ခိုင္းဖို႔ ေျဖာင္းဖ်ရခက္တယ္။
ဖန္းဇီက်န္းက ကတိုက္က႐ိုက္ထလာၿပီး ေနာက္ထပ္ဖရဲသီးတစ္လုံးကို လွမ္းယူလိုက္တယ္။
သမီး ဒီဖရဲသီးက ေလးတယ္၊ အေဖမင္းကို ကူသယ္ေပးမယ္ သြားစို႔ ျမန္ျမန္သြားၿပီး ျမန္ျမန္ ျပန္လာရေအာင္ မင္းတို႔အားလုံး ငါတို႔ကိုေစာင့္ေနၿပီးမွ စားၾက!
သူမရဲ႕ေမြးစားအေဖက သူ အဓိကမိသားစုကေန ထပ္အႏိုင္က်င့္ခံရမွာ စိုးတာေၾကာင့္ အေဖာ္လိုက္ေပးခ်င္တာမွန္း ယြီေရွာင္ေခ်ာင္းသိတယ္! သူမက သူ႔ရဲ႕ၾကင္နာမႈေၾကာင့္ ခံစားသြားရၿပီး ခ်က္ခ်င္းပဲ လိုက္ခြင့္ေပးလိုက္တယ္။
ထင္မွတ္ထားတဲ့အတိုင္းပဲ သူတို႔ေရာက္သြားတဲ့အခါ အဘြားႀကီးက်န္းက ဖရဲသီးက အလြန္ေဈးႀကီးတဲ့ အသီးတစ္မ်ိဳးဆိုတာကို သိရွိသြားတယ္။ သူမက ေက်းဇူးမတင္တဲ့အျပင္ နည္းနည္းေလးပဲ ယူလာတယ္ဆိုၿပီး စကားရိပ္ သြင္းလိုက္ေသးတယ္။ အဘိုးယြီက သူမကို ခပ္ၾကာၾကာ စိုက္ၾကည့္လိုက္ခါမွ ပါးစပ္ပိတ္သြားေတာ့တယ္။ ဒါ့အျပင္ ဖန္းဇီက်န္းလည္းရွိေနတာေၾကာင့္ အဘြားႀကီးက်န္းက ဘာမွပြစိပြစိ မေျပာရဲေတာ့ဘူး။
သူတို႔ျပန္တဲ့အခါ ယြီခ်ိဳင္သ်ဲ႕က တံခါးဝထိ လိုက္ပို႔ေပးတယ္။ သူမက အနည္းငယ္ ရွက္႐ြံ႕စြာဆိုတယ္။
ေရွာင္ေခ်ာင္း တို႔အေမက ဒီလို စ႐ိုက္ပဲမလို႔ စိတ္ထဲမထားပါနဲ႔ေနာ္ ဒုတိယအစ္ကိုနဲ႔ ဒုတိယေယာက္မတို႔ကို တို႔အစား ေက်းဇူးတင္တယ္ ေျပာေပးပါအုံး မင္းတို႔ဆီမွာ တစ္ခုခု ေကာင္းတာရွိတိုင္း ငါတို႔ကို သတိတရရွိေပးလို႔ ေက်းဇူးပါကြယ္
သူတို႔ေတြ အိမ္မခြဲခင္က မိသားစုထဲမွာ အဘိုးယြီအျပင္ သူမအငယ္ဆုံးေဒၚေလးက သူတို႔အေပၚ ေကာင္းမြန္တဲ့စိတ္ထားရွိတဲ့ တစ္ဦးတည္းေသာသူလို႔ ေျပာရမယ္။ အငယ္ဆုံးေဒၚေလးက စိတ္ေပ်ာ့ၿပီး အရွက္အေၾကာက္ႀကီးေပမယ့္ ယြီေရွာင္ေခ်ာင္းက သူမအေပၚမွာ အေကာင္းျမင္စိတ္ရွိတယ္။
သူမက ယြီခ်ိဳင္သ်ဲ႕ရဲ႕ လက္ကိုကိုင္ၿပီး ႏူးညံ့စြာေျပာလိုက္တယ္။
အရီးငယ္ေလး, အရီးငယ္ေလးရဲ႕ မဂၤလာေဆာင္ရက္ကို ေ႐ြးၿပီးၿပီဆို။ ဂုဏ္ျပဳပါတယ္! အဲ့ဒီ ရက္ျမတ္က်ရင္ အေမနဲ႔ကြၽန္မလာၿပီး လက္ဖြဲ႕ လာေပါင္းလွည့္မယ္ေနာ္
ယြီခ်ိဳင္သ်ဲ႕က ရွက္ေသြးျဖာသြားၿပီး ေရွာင္ေခ်ာင္းရဲ႕လက္ကို ခပ္ဖြဖြပုတ္ကာ တိုးစိစိေျပာလာတယ္။
ဒုတိယအစ္ကိုနဲ႔ ဒုတိ ယေယာက္မကို ေက်းဇူးတင္တယ္လို႔ ဆက္ဆက္ေျပာေပးေနာ္
ထိုသို႔ေျပာၿပီးတဲ့ေနာက္ သူမက ရွက္႐ြံ႕စြာနဲ႔ လွည့္ျပန္ၿပီး အိမ္ထဲဝင္သြားေတာ့တယ္။
တစ္ဖက္မွာ ဖန္းဇီက်န္းက ေကာက္ခ်က္ခ်တယ္။
မင္းရဲ႕ အငယ္ဆုံးအရီးေလးက ၿမိဳ႕ေတာ္က မ်ိဳး႐ိုးျမင့္မိန္းမပ်ိဳေလးေတြနဲ႔ အေတာ္တူတာပဲ ရွက္တတ္လိုက္တာ လြန္ေရာ။ သူ႔လိုပုံစံထက္ သမီးလိုမ်ိဳး ယုံၾကည္မႈရွိၿပီး တည္ၿငိမ္တဲ့စ႐ိုက္က ပိုေကာင္းတယ္။ အဲ့ဒါကမွ ငါ့စ႐ိုက္နဲ႔ကိုက္တာ!
ယြီေရွာင္ေခ်ာင္းက သူ႔ရဲ႕အမႈထမ္းဝတ္႐ုံ လက္အနားစကိုဆြဲၿပီး မ်က္လုံးေလးေတြ လျခမ္းပုံ ျဖစ္သြားတဲ့အထိ ၿပဳံးရယ္လိုက္တယ္။
ေမြးစားအေဖ, ေမြးစားအေဖက ကိုယ့္သမီးလုပ္သမွ် အရာတိုင္းကို အေကာင္းျမင္ေနတာကိုး! ဒါေပမယ့္ တျခားလူေတြ မ်က္လုံးထဲမွာေတာ့ ကြၽန္မက မိန္းကေလးတစ္ေယာက္ရဲ႕ပုံစံနဲ႔ လုံးဝမတူဘူးလို႔ ျမင္ၾကေလာက္တယ္!
ဘယ္သူက ငါ့သမီးကို မေကာင္းေျပာရဲတာလဲ ၾကည့္ေနလိုက္ အေဖ သူတို႔ကို သြားကြၽတ္ထြက္တဲ့အထိ ႐ိုက္ႏွက္ပစ္မယ္!!
ဖန္းဇီက်န္းက လက္သီးဆုပ္ႀကီးဆုပ္လိုက္ရင္း ေလထဲကို ျပင္းျပင္းထန္ထန္ ေဝွ႔ယမ္းကာ ေျပာလာတယ္။
သူတို႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္စြာ စကားေတြေျပာလာရင္း အိမ္ထဲဝင္လိုက္တဲ့အခါ ၿခံဝင္းထဲမွာ လူပိုႏွစ္ေယာက္ ေရာက္ေနတာကို ႐ုတ္တရက္ ျမင္လိုက္ရတယ္။ အနီးကပ္ၾကည့္ကာမွ ထိုလူေတြက ဝမ္အာ့ကုန္းတို႔ လင္မယားမွန္း သိလိုက္ရတယ္။
လက္ရွိမွာ အာ့ကုန္းဇနီးက သူ႔ေယာက်္ားရဲ႕နား႐ြက္ကို ဆြဲထားၿပီး မ်က္ႏွာမွာ ေတာင္းပန္တိုးလ်ိဳးတဲ့ အမူအရာတစ္ခုရွိေနတယ္။ သူမကေျပာတယ္။
အစ္ကိုယြီ, ကြၽန္မ တကယ္ကို ေတာင္းပန္ပါတယ္! အာ့ကုန္းဇီက ခြင့္မေတာင္းဘဲ အစ္ကိုတို႔ အခင္းက ဖရဲသီးကိုခူးခဲ့တာ ဘယ္ေလာက္က်လဲေျပာပါ ကြၽန္မတို႔က အစ္ကို႔ဆီက ဝယ္တယ္သေဘာထားပါ
သူတို႔နဲ႔ေျမကြက္ခ်င္း နီးတာေၾကာင့္ အမ်ိဳးသမီးလ်ိဳက အာ့ကုန္းမိန္းမနဲ႔ ရင္းႏွီးၿပီး သူမအေပၚ ေကာင္းမြန္တဲ့အျမင္ရွိတယ္။ ထို႔ေၾကာင့္ သူမက ျပန္ေျပာလိုက္တယ္။
ငါတို႔က တစ္႐ြာတည္းသား လယ္နားနီးခ်င္းေတြပဲမင္းတို႔ ဖရဲသီးစားခ်င္တယ္ဆိုရင္ ငါတို႔ကို ေျပာပါ။ ပိုက္ဆံအေၾကာင္း ေျပာစရာမလိုပါဘူး!
အာ့ကုန္းဇနီးက ျပတ္သားစြာ ေခါင္းရမ္းတယ္။
ယြီဟိုင့္ဇနီး, မင္းမေျပာလည္း ဖရဲသီးက ရွားပါးတဲ့အသီးဆိုတာ ကြၽန္မသိပါတယ္၊ ဒါက တကယ့္ကို တန္ဖိုးႀကီးတယ္! အာ့ကုန္းဇီ, ရွင္ဘယ္လိုမ်ား လုပ္ရက္တာလဲ ကြၽန္မ ရွင့္ကို အခါခါ သတိေပးၿပီးၿပီ! ကြၽန္မတို႔ မိသားစုက ဆင္းရဲေပမယ့္ ႐ိုးသားရမယ္လို႔! အခုကစၿပီး ႐ိုးသားတဲ့လူတစ္ေယာက္ ျဖစ္ပါ့မယ္လို႔ ရွင္ကြၽန္မကို ကတိမေပးခဲ့ဘူးလား ဘာလို႔ ရွင့္ရဲ႕ အရင္က မေကာင္းတဲ့အက်င့္ေတြ ျပန္လုပ္ရက္တာလဲ ရွင္ရွင္ ကြၽန္မကို တကယ္ အရမ္းစိတ္ပ်က္ေအာင္လုပ္တယ္!
သူ႔ဇနီးက အရမ္းစိတ္ဆိုးၿပီး မ်က္ရည္ေတြပါ စီးက်လာတာကို ျမင္တဲ့အခါ ဝမ္းအာ့ကုန္းတစ္ေယာက္ ခ်က္ခ်င္း ထိတ္ျပာသြားၿပီး အထပ္ထပ္ ေတာင္းပန္ေတာ့တယ္။
မိန္းမ ငါမွားတာသိပါၿပီ!! ဒါ ေနာက္ဆုံးအႀကိမ္ပဲေနာက္တစ္ခါဒါမ်ိဳး လုံးဝမလုပ္ေတာ့ပါဘူး!!
ဒါေနာက္ဆုံးပဲလို႔ရွင္ေျပာတာ ဘယ္ႏွခါရွိေနၿပီလဲ အာ!! ရွင့္အက်င့္ေတြ ေျပာင္းမွာပါဆိုၿပီး ယုံခဲ့မိတာ ကြၽန္မ႐ူးတာပဲ! အခုေတာ့ ကြၽန္မ ေသခ်ာသိသြားၿပီ။ ေခြးတစ္ေကာင္က မစင္စားခ်င္တဲ့ သူ႔ရဲ႕အက်င့္ကို ဘယ္ေတာ့မွ ေဖ်ာက္ႏိုင္မွာမဟုတ္ဘူး! မနက္ျဖန္က်ရင္ ကြၽန္မမိဘေတြအိမ္ကို ျပန္မယ္ ကြၽန္မကေလးမွာ အေလလိုက္ၿပီး သူမ်ားပစၥည္းခိုးတဲ့ အေဖတစ္ေယာက္ ရွိတာထက္ အေဖမရွိတာကမွ ပိုေကာင္းအုံးမယ္ ကြၽန္မကေလးကို ေလာကအလယ္ ေခါင္းမေထာင္ႏိုင္ေအာင္ အရွက္ရေစမယ့္ အေဖမ်ိဳးေလ!!
အာ့ကုန္းရဲ႕ဇနီးက သူ႔ေယာက်္ားရဲ႕လက္ေတြကို တြန္းဖယ္ရင္း မ်က္ႏွာမွာ စိတ္ပ်က္အားေလ်ာ့မႈေတြ ျပည့္ႏွက္ေနတယ္။
.......
[Unicode]
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
ယွီဟိုင်ရဲ့ အကြီးဆုံးဦးရီးမိသားစုမှာ ဘယ်သူမှ ငါးမမျှားနိုင်ကြတာကြောင့် စားဝတ်နေရေးအတွက် ငါးမူရှိတဲ့ သဲမြေပေါ်မှာသာ မှီခိုကြရတယ်။ ယွီရွှီနဲ့ ယွီကျန်းတို့က မကြာခဏ မြို့ထဲကို အလုပ်သွားရှာကြသလို ဆိပ်ကမ်းကိုလည်း ကူလီထမ်းဖို့ သွားကြတယ်။ သူတို့မိသားစု အခြေအနေက သိပ်အဆင်ပြေနေတာတော့ မဟုတ်ပေ။ မနက်စောစောတုန်းက ယွီကျန်းတစ်ယောက် အိမ်ကနေ လက်ဗလာနဲ့ ထွက်သွားခဲ့ပေမဲ့ ပြန်လာတော့ သူ့လက်ထဲမှာ တစ်လျန်မက ပါလာခဲ့တယ်
ယွီလီချွမ်းနဲ့ ယွီရွှီက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြတယ်။ ထင်ရှားစွာပဲ သူတို့က သူရှင်းပြတာကို စောင့်ဆိုင်းနေကြတာပင်။
ယွီကျန်းက စိတ်လှုပ်ရှားစွာနဲ့ တုန်တုန်ယင်ယင် ပြောလိုက်တယ်။
ဒါက ဒီနေ့ ပင်လယ်စာရောင်းတာကနေ ရတာ
ခွေးကောင်!
ယွီလီချွမ်းက ခတ္တကြောင်အနေပြီးနောက် ဒေါသတွေ ပေါက်ကွဲထွက်တော့သည်။ သူက အံကြိတ်ပြောရင်း နှုတ်ခမ်းမွှေးတွေပင် လေပေါ်သို့ မြောက်တက်နေသည်။
ရတဲ့ငွေရဲ့ လေးဆယ်ရာနှုန်းပဲယူမယ်လို့ ငါတို့သဘောမတူခဲ့ဘူးလား၊ မင်းမင်းအစ်ကို ရတဲ့ငွေတွေ အားလုံးကို ယူလာတာမလား ခုချက်ချင်း ပြန်ပေးလိုက်!!
ယွီရွှီကလည်း သူ့ညီကို လက်မခံနိုင်စွာပြောတယ်။
ညီလေး ငါမင်းကို ဆူနေတာမဟုတ်ဘူး! ဒါပေမယ့် သာ့ဟိုင်က အဲ့ငွေတွေပေးတုန်းက မင်းကဒီလိုပဲ ယူလာရသလား။ မင်းကိုယ်တိုင် တွက်ချက်မကြည့်ခဲ့ဘူးလား
မဟုတ်ဘူးဗျမဟုတ်ဘူး!
အထင်လွဲနေကြတဲ့ သူ့အဖေနဲ့ အစ်ကိုကြီးရဲ့ရှေ့မှာ ယွီကျန်း ဘာပြန်ပြောရမှန်းပင် မသိတော့ဘဲ စိတ်ဓာတ်တောင် ကျချင်လာတယ်။ သူက အကြောင်းအရာကို သေချာရှင်းပြဖို့ အကောင်းဆုံး ကြိုးစားလိုက်တယ်။
ဒီငွေက ဒီနေ့ရခဲ့တဲ့ငွေရဲ့ လေးဆယ်ရာခိုင်နှုန်းပဲ။ ကျွန်တော် စာရင်းစာအုပ်ကိုတောင် ကြည့်ခဲ့သေးတယ်!
ဒါပေမယ့် အဲ့စာအုပ်ထဲမှာ ဘာတွေရေးထားတယ်ဆိုတာ သူသိပ်နားမလည်တဲ့ အကြောင်းကိုတော့ ပြောမနေတော့ဘူး!
ယွီလီချွမ်းနဲ့ ယွီရွှီက သူ့ကို သိပ်မယုံချင်သေးပဲ ထပ်မေးလာတယ်။
ဒါဆို သူတို့က ဒီနေ့တစ်နေ့တည်းနဲ့ လေးလျန်နီးပါး ရတယ်လို့ပြောတာလား ဒါက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား ပင်လယ်စာတွေ ဝယ်စုတာက ဘာလို့ ဒီလောက် အမြတ်ရနိုင်မှာလဲ
ယွီကျန်းက သူတို့အား အခြေအနေတွေကို တွက်ချက် ရှင်းလင်းပြလိုက်တယ်။
ကျိန်ရှုံစားသောက်ဆိုင်က ဒုတိယအစ်ကိုနဲ့ သူတို့မိသားစုလုပ်အားခအတွက် ငွေသတ်မှတ်ပေးတာ၊ သူတို့တွေ ဒီနေ့ ပင်လယ်စာတွေ ဘယ်လောက်သွင်းတယ်ထင်လဲကျင်းတစ်ထောင်ကျော်ဗျ! အကြမ်းသဘောနဲ့ တစ်ကျင်းကို ကြေးပြားသုံးဆယ်နဲ့တွက်အုံး ကျင်းတစ်ထောင်ကျော်ဆို သုံးဆယ် လေးဆယ် လျန်နီးပါးမလား ကျွန်တော်တို့ မိသားစုနှစ်ခု လုပ်အားခအတွက် သုံးလျန် လေးလျန်ဝန်းကျင် ရခဲ့တယ်။ ဒီတော့ ကျွန်တော်အိမ်ကို အနည်းဆုံး တစ်လျန်လောက် ပြန်ပါလာတာက မထူးဆန်းပါဘူး!
သူ့သားက အားလုံးကို တွက်ချက်ပြပြီး နောက်မှာတော့ ယွီလီချွမ်းက လက်ခံနိုင်သွားတယ်။ သူ့သားဒီနေ့ရခဲ့တဲ့ ငွေက သူတို့မိသားစု တစ်လလုံး ကြုံရာကျပန်း လုပ်လို့ရတဲ့ငွေနဲ့ ညီမျှတယ်! ထို့နောက် တစ်လမှာ သူ့သားရနိုင်မယ့် ဝင်ငွေ၊ ပြီးနောက် တစ်နှစ်ဝင်ငွေ စုစုပေါင်းကို တွက်ကြည့်လိုက်တဲ့ အခါမှာတော့ သူချက်ချင်းပဲ မူးမေ့မတက်ဖြစ်သွားတယ်။ သူတို့တွေ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် တစ်နှစ်ပတ်လုံးရတဲ့ ငွေနဲ့ဆို ဆယ်ဧကကျော်တဲ့ လက်ကွက်ကောင်းကောင်းတွေ ဝယ်နိုင်လိမ့်မယ်။ ဒါမှမဟုတ် မြို့မှာ အိမ်ကောင်းတစ်လုံးတောင် ဝယ်နိုင်လောက်တယ်။ ဒီလိုသာဆို နောက်ထပ် နှစ်အနည်းငယ်လုပ်ရုံနဲ့ သူတို့မိသားစုတွေ တုန်ရှန်းရွာမှာ အချမ်းသာဆုံးမိသားစုထဲက တစ်ခု ဖြစ်မလာနိုင်ဘူးလား...
ယွီလီချွမ်းက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလာတယ်။
ကျန်းအာ, အနာဂတ်မှာ မင်းအစ်ကိုသာ့ဟိုင်ရဲ့ စေတနာကို သေချာပေါက် မှတ်ထားရမယ်၊ သူ့ကြောင့်သာမဟုတ်ရင် ငါတို့မိသားစုတွေ တစ်နေ့ထဲနဲ့ ဒီလိုငွေတွေအများကြီးရဖို့ အိမ်မက်တောင် မက်နိုင်မှာ မဟုတ်ဘူး! မင်း သူ့အတွက် အလုပ်ကြိုးစားလုပ်ပေးရမယ်!
အဖေ! ကျွန်တော့်ကို စိတ်ချပါ!! အစ်ကိုဝမ်းကွဲက တကယ်တော့ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုရင်းလိုပါပဲ၊ သူ့ကလေးတွေကလည်း ကျနော့်ရဲ့ တူ၊တူမ အရင်းတွေပါပဲ!!
အရင်တုန်းက ဘာမှအစားပြန်ပေးစရာ မရှိခဲ့တုန်းက ယွီကျန်းက ယွီဟိုင်တို့မိသားစု အခက်အခဲဖြစ်တိုင်း ကူညီပေးနိုင်ခဲ့တယ်။ အခုတော့ သူတို့တွေ စီးပွားရေးကို အတူတူလုပ်ကိုင်နေကြတာဆိုတော့ အပြန်အလှန် ဖြစ်သွားတာပေါ့
ရုတ်တရက် ယွီလီချွမ်းက မျက်မှောင်ကျုံ့သွားပြီး သတိပေးလိုက်တယ်။
မှတ်ထားအုံး မင်းဒီသတင်းကို အပြင်ကိုလျှောက်ပြောလို့တော့ မဖြစ်ဘူးနော်! တကယ်လို့ မင်းရဲ့ တတိယဦးလေး မိသားစုသာ သိသွားရင် သာ့ဟိုင်တို့ကို ပြဿနာရှာလိမ့်မယ်!
သူ့ရဲ့ ဒုတိယအစ်ကိုက ဒီမျက်စိကျစရာအလုပ်ကို သာ့ရှန်းနဲ့ အခြားလူ တစ်ယောက်ယောက်ကို မဟုတ်ဘဲ သူ့ကိုပဲ အကူအညီတောင်းခဲ့တာကို ယွီကျန်းသိတယ်။ ဒါက သာ့ဟိုင်က သူ့ကို ယုံကြည်လို့ဆိုတာ အထင်အရှားပဲ။ သေချာပေါက် သူ ဒုတိယအစ်ကိုတို့မိသားစုကို ပြဿနာဖြစ်စေလို့ မဖြစ်ဘူး!
ရှောင်ချောင်းက အကြီးဆုံးအဖိုးတို့အိမ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တွေးမိပုံမရ။ သူမက သူ့ရဲ့ ကိုယ်ပိုင်မြေဩဇာ ထည့်ထားတဲ့ ရေပုံးလေးကို မလိုက်တယ်။ ယွီဟိုင်က ရေပုံးနှစ်ခုကို ထမ်းပိုးနဲ့ ထမ်းပြီး သူမနောက်ကနေ လိုက်ပါလာတယ်။ အချိန်တိုင်းလိုလိုလည်း သူမကို လမ်း သေချာ ကြည့်လျှောက်ဖို့ သတိပေးနေတယ်။
သူတို့တွေ စိုက်ခင်းကို ရေလောင်းပြီးတဲ့အခါ ယွီရှောင်ချောင်းက ဖရဲခင်းကို လှည့်ပတ်ကြည့်လိုက်တယ်။ အံ့ဖွယ်ကျောက်တုံးလေးရဲ့ အချက်ပြမှုကြောင့် သူမက ရင့်မှည့်နေပြီဖြစ်တဲ့ ဖရဲသီးနှစ်လုံးကို ရှာတွေ့ခဲ့တယ်။ ထိုဖရဲသီးနှစ်လုံးက ကြီးမားလုံးဝိုင်းပြီး တစ်လုံးကို ကျင်းနှစ်ဆယ်လောက် အလေးချိန် ရှိတယ်။ အပြင်ခွံက စိမ်းပြာရောင် တောက်တောက်ရှိပြီး လက်နဲ့ဆိတ်ကြည့်ရင် ရေတွေ ထွက်လာနိုင်တဲ့အထိ လက်ဆတ်ပုံရတယ်။
အဖေ! ဒီဖရဲသီးနှစ်လုံးက ရင့်နေပြီ! ဒါတွေကိုခူးသွားပြီး မြည်းကြည့်ဖို့ အိမ်ယူသွားရအောင်!
ရှောင်ချောင်းက ဖရဲသီးတစ်လုံးကို နွယ်ပင်ကခူးယူလိုက်တယ်။ ထို့နောက် လက်မောင်းထဲပွေ့ကာ မလိုက်ပြီး မနိုင်မနင်းနဲ့ ဒယိမ်းဒယိုင် ဖြစ်နေတော့တယ်။ ယွီဟိုင်က သူ့သမီး မနိုင်မနင်း ဖြစ်နေတာကို မြင်တဲ့အခါ ခြေလှမ်းကျဲကြီးတွေနဲ့ အပြေးရောက်လာပြီး ရှောင်ချောင်းလက်တွေထဲက ဖရဲသီးကို ယူလိုက်တယ်။
နှစ်လုံးပေါင်း ကျင်း၄၀တောင်မကျော်တဲ့ အလေးချိန်က ယွီဟိုင်အတွက်တော့ ပေါ့တယ်လို့ ယူဆနိုင်တယ်။ သူက လက်မောင်းတစ်ဖက်မှာ တစ်လုံးစီသယ်သွားပြီး စိုက်ခင်းရဲ့ဘောင်ပေါ်မှာ တင်ထားလိုက်တယ်။ ထို့နောက် သူက ရှောင်ချောင်းကို ညင်သာစွာ ပြောတယ်။
အရင်ဆုံး သမီးကို အိမ်ပြန်ပို့ပြီးမှ ပြန်လာပြီး ဖရဲခင်းစောင့်ဖို့ တဲထိုးတော့မယ်
ဖရဲသီးတွေက တုန်ရှန်းရွာနဲ့ အနီးနားက ရွာတွေအတွက် ရှားပါးထူးခြားတဲ့ အရာတွေပဲ။ သူတို့တွေ စစိုက်တုန်းကဆိုရင် လာရောက်ကြည့်ရှုစူးစမ်းချင်တဲ့ လူတွေ တအုပ်တမကြီး ရောက်လာခဲ့တယ်။ အခုဆိုရင် အခင်းထဲက ဖရဲသီးတွေ ရင့်စပြုနေပြီဖြစ်တဲ့အတွက် အခင်းကို စောင့်ရှောက်ကြည့်ရှုဖို့ တစ်ယောက်ယောက်တော့ ရှိနေမှ ဖြစ်မယ်။ ယွီဟိုင်က ဖရဲခင်းမှာ တဲထိုးဖို့အတွက် ဝါးတချို့ကို ကြိုတင်ခုတ်ထားပြီးပြီ။
အဖေ လုပ်စရာရှိတာ အခုလုပ်ပါ! ခဏနေ မွေးစားအဖေလည်း ပြန်ရောက်လာတော့မှာ။ အဲ့ကျမှ ဒါတွေကို ကူသယ်ခိုင်းလို့ရပါတယ်!
ယွီရှောင်ချောင်းက သူမအဖေ လျင်မြန်စွာ တဲဆောက်နေတာကို ဘေးကထိုင်ကြည့်နေတယ်။ ရံဖန်ရံခါ သူမက အသေးအမွှား အလုပ်လေးတွေကို ကူညီပေးပြီး အကြံပြုချက်တချို့ကို ပေးတယ်။ မွန်းမတည့်ခင် တဲရဲ့အကြမ်းဖျဉ်းပုံစံကို မြင်နေရလေပြီ။
သေချာပေါက်ပဲ ရှောင်ချောင်းရဲ့ ခန့်မှန်းချက် မှန်ကန်ခဲ့တယ်။ ဆိပ်ကမ်းမှာ အလုပ်တချို့ကို အပြီးသတ်ပြီးနောက် ဖန်းဇီကျန်းတစ်ယောက် မြင်းနဲ့အိမ်ကို အပြေးနှင်လာတယ်။ သူ့ရဲ့မွေးစားသမီးက ဖရဲခင်းထဲမှာ တဲတစ်လုံးဆောက်တာကို ကူညီနေတဲ့အကြောင်း သိတဲ့အခါ စိတ်မကောင်း ဖြစ်သွားတယ်။
ကလေးမလေးတစ်ယောက်က ဘဝမှာ သက်တောင့်သက်သာ ရှိနေရမယ့်ဟာကို ဘာလို့ ဒီလိုခက်ခဲပင်ပန်းတဲ့ အလုပ်တွေ လုပ်နေရတာလဲ၊ ဒါက အဆင်မပြေဘူး ငါ အခုချက်ချင်းသွားပြီး ကူညီရမယ်!
နောက်ထပ် သန်မာတဲ့လူကြီးတစ်ယောက်ပါ ပူပေါင်းလိုက်တော့ ပြီးဖို့နှစ်ရက်ကြာမယ့် တဲက တစ်ရက်အတွင်းမှာပဲ ပြီးစီးသွားခဲ့တယ်။ ဖရဲခင်းကိုစောင့်ရင်း သူမအဖေ အအေးမိမှာ စိုးတာကြောင့် ယွီရှောင်ချောင်းက အဖေနှစ်ယောက်ကို တဲထဲမှာ ဝါးကုတင်တစ်ခုပါ လုပ်ခိုင်းလိုက်တယ်။
ညနေခင်းမှာ ရှီထုန်လေးလည်း နားရက်ပြန်လာတာကြောင့် မိသားစု စုံစုံလင်လင် ညစာစားဖို့အတွက် စားပွဲခုံမှာ ဝိုင်းဖွဲ့ထိုင်လိုက်ကြတယ်။ သူတို့က ပထမဆုံးရင့်မှည့်လာတဲ့ ဖရဲသီးတွေကို ဝေမျှစားဖို့ ပြင်ဆင်ကြတယ်။
ဒီအချိန်ကာလမှာ ဖရဲသီးတွေက ပေါများတဲ့ အသီးအနှံတစ်မျိုး မဟုတ်ဘူး။ ယွီမိသားစုအတွက်သာ ရှားပါးရုံသာမက မြို့တော်မှာနေတဲ့ ဖန်းဇီကျန်းပင် စားရတာရှားသည်။
ရှောင်ရှ, နောက်တစ်လုံးကို မင်းအဘိုးဆီသွားပို့ချည်။ မင်းအဘိုးကိုလည်း မြည်းခိုင်းရအောင်!
ဖရဲသီးကို ခွဲချလိုက်တဲ့အခါ နီရဲတဲ့အတွင်းပိုင်းကို ယွီဟိုင် မြင်လိုက်ရတယ်။ တောက်ပတဲ့ အနီရောင် အရည်တွေက ဓားတစ်လျောက် စီးဆင်းနေပြီး ချိုမြတဲ့အနံ့လေးက သူ့နှာခေါင်းကို လာရိုက်ခတ်တယ်။ သူပျော်ရွှင်နေမိတဲ့အခါ သူ့ရဲ့ အသက်ရနေပြီဖြစ်တဲ့ဖခင်ကို သတိရသွားပြီး သူ့ကိုလည်း မြည်းစမ်းစေချင်မိသည်။
ယွီဟန်က အနည်းငယ် မျက်မှောင်ကုတ်လိုက်ပြီး ညင်သာစွာ ပြောလာတယ်။
တကယ်လို့ အဘွားက အဲ့ဒါကို အရသာရှိတယ်ဆိုပြီး နေ့တိုင်းလာပို့ခိုင်းရင်ရော ကျွန်တော်တို့ ပို့ရမှာလား
အမှန်အားဖြင့် သူတို့ကို နေ့တိုင်း ဖရဲသီးတစ်လုံး ပို့ရမယ်ဆိုရင်လည်း ယွီဟိုင်ပို့နိုင်တယ်။ ဒါပေမယ့် မြို့တော်မှာ ဖရဲသီးဈေး ဘယ်လောက်ရှိတယ်ဆိုတာကို ဖန်းဇီကျန်းပြောပြလို့ သူသိပြီးပြီ။ သူတို့က အသားထက်တောင် ဈေးကြီးနေသေးတယ်! အတန်ဆုံးဈေးဆိုရင်တောင် ဖရဲသီးတစ်လုံးက ကြေးပြားရာကျော်လောက် ရှိတယ်။ နေ့တိုင်းတစ်လုံးသာ ပို့ရမယ်ဆိုရင် သူတို့မိသားစု ဖရဲသီးစိုက်တဲ့ ရည်ရွယ်ချက်က ဘယ်မှာလဲ။ ပိုက်ဆံရဖို့ရော ဟုတ်သေးရဲ့လား...
ယွီဟိုင့်မျက်လုံးထဲက စိတ်အားထက်သန်မှုတွေ ရုတ်ချည်း မှိန်ကျသွားပြီး ထိုင်ခုံပေါ်ကို ဖြည်းညင်းစွာ ထိုင်ချလိုက်တယ်။ သူက သက်ပြင်းခပ်လေးလေး တစ်ချက်ချလိုက်တယ်။ အစက ပျော်ရွှင်နေတဲ့ လေထုလေးက အဓိကမိသားစုအကြောင်း ပါလာတာနဲ့ အုံ့မှိုင်းသွားတော့တယ်။
ယွီရှောင်ချောင်းက သူမအဖေကို စိတ်မညစ်စေချင်တာကြောင့် မတ်တပ်ထရပ်လိုက်တယ်။ သူမရဲ့ ကြည်လင်တဲ့အသံနဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
အဘိုးဆီကို သမီးသွားပို့ပေးရင်ရော
မဖြစ်ပါဘူး! သမီးအဘွားက သမီးကို ခက်ခဲအောင်လုပ်နေရင် ဘယ်လိုလုပ်မလဲ တကယ်တော့ အဖေတို့ ဘာမှမပို့လည်း အဆင်ပြေပါတယ်။ မနက်ဖြန်ကျမှ အဘိုးကို အိမ်ခေါ်ပြီး ကျွေးလည်း ဖြစ်တာပဲ!
ယွီဟိုင်က သူ့သမီး ထိခိုက်မိမှာ စိုးရိမ်တာကြောင့် အစီအစဉ်ကို အမြန်ပြောင်းလဲလိုက်တယ်။
ရပါတယ်! အဘိုးအနားမှာရှိရင် အဘွားလည်း ဘာမှဆိုးဆိုးဝါးဝါး မလုပ်ရဲလောက်ပါဘူး! တကယ်ဆို သမီးက သူ့ဆီကို ဖရဲသီးလာပို့လို့ ယောက်သွားတစ်ကောင်လိုတောင် ပျော်နေသင့်တယ်။ သမီးကို ခက်ခဲအောင်တော့ မလုပ်လောက်ပါဘူး
ယွီရှောင်ချောင်းက သူ့ခေါင်းထဲမှာ အကြံတစ်ခုရပြီဆိုရင် တခြားဟာ ပြောင်းလုပ်ခိုင်းဖို့ ဖြောင်းဖျရခက်တယ်။
ဖန်းဇီကျန်းက ကတိုက်ကရိုက်ထလာပြီး နောက်ထပ်ဖရဲသီးတစ်လုံးကို လှမ်းယူလိုက်တယ်။
သမီး ဒီဖရဲသီးက လေးတယ်၊ အဖေမင်းကို ကူသယ်ပေးမယ် သွားစို့ မြန်မြန်သွားပြီး မြန်မြန် ပြန်လာရအောင် မင်းတို့အားလုံး ငါတို့ကိုစောင့်နေပြီးမှ စားကြ!
သူမရဲ့မွေးစားအဖေက သူ အဓိကမိသားစုကနေ ထပ်အနိုင်ကျင့်ခံရမှာ စိုးတာကြောင့် အဖော်လိုက်ပေးချင်တာမှန်း ယွီရှောင်ချောင်းသိတယ်! သူမက သူ့ရဲ့ကြင်နာမှုကြောင့် ခံစားသွားရပြီး ချက်ချင်းပဲ လိုက်ခွင့်ပေးလိုက်တယ်။
ထင်မှတ်ထားတဲ့အတိုင်းပဲ သူတို့ရောက်သွားတဲ့အခါ အဘွားကြီးကျန်းက ဖရဲသီးက အလွန်ဈေးကြီးတဲ့ အသီးတစ်မျိုးဆိုတာကို သိရှိသွားတယ်။ သူမက ကျေးဇူးမတင်တဲ့အပြင် နည်းနည်းလေးပဲ ယူလာတယ်ဆိုပြီး စကားရိပ် သွင်းလိုက်သေးတယ်။ အဘိုးယွီက သူမကို ခပ်ကြာကြာ စိုက်ကြည့်လိုက်ခါမှ ပါးစပ်ပိတ်သွားတော့တယ်။ ဒါ့အပြင် ဖန်းဇီကျန်းလည်းရှိနေတာကြောင့် အဘွားကြီးကျန်းက ဘာမှပွစိပွစိ မပြောရဲတော့ဘူး။
သူတို့ပြန်တဲ့အခါ ယွီချိုင်သျဲ့က တံခါးဝထိ လိုက်ပို့ပေးတယ်။ သူမက အနည်းငယ် ရှက်ရွံ့စွာဆိုတယ်။
ရှောင်ချောင်း တို့အမေက ဒီလို စရိုက်ပဲမလို့ စိတ်ထဲမထားပါနဲ့နော် ဒုတိယအစ်ကိုနဲ့ ဒုတိယယောက်မတို့ကို တို့အစား ကျေးဇူးတင်တယ် ပြောပေးပါအုံး မင်းတို့ဆီမှာ တစ်ခုခု ကောင်းတာရှိတိုင်း ငါတို့ကို သတိတရရှိပေးလို့ ကျေးဇူးပါကွယ်
သူတို့တွေ အိမ်မခွဲခင်က မိသားစုထဲမှာ အဘိုးယွီအပြင် သူမအငယ်ဆုံးဒေါ်လေးက သူတို့အပေါ် ကောင်းမွန်တဲ့စိတ်ထားရှိတဲ့ တစ်ဦးတည်းသောသူလို့ ပြောရမယ်။ အငယ်ဆုံးဒေါ်လေးက စိတ်ပျော့ပြီး အရှက်အကြောက်ကြီးပေမယ့် ယွီရှောင်ချောင်းက သူမအပေါ်မှာ အကောင်းမြင်စိတ်ရှိတယ်။
သူမက ယွီချိုင်သျဲ့ရဲ့ လက်ကိုကိုင်ပြီး နူးညံ့စွာပြောလိုက်တယ်။
အရီးငယ်လေး, အရီးငယ်လေးရဲ့ မင်္ဂလာဆောင်ရက်ကို ရွေးပြီးပြီဆို။ ဂုဏ်ပြုပါတယ်! အဲ့ဒီ ရက်မြတ်ကျရင် အမေနဲ့ကျွန်မလာပြီး လက်ဖွဲ့ လာပေါင်းလှည့်မယ်နော်
ယွီချိုင်သျဲ့က ရှက်သွေးဖြာသွားပြီး ရှောင်ချောင်းရဲ့လက်ကို ခပ်ဖွဖွပုတ်ကာ တိုးစိစိပြောလာတယ်။
ဒုတိယအစ်ကိုနဲ့ ဒုတိ ယယောက်မကို ကျေးဇူးတင်တယ်လို့ ဆက်ဆက်ပြောပေးနော်
ထိုသို့ပြောပြီးတဲ့နောက် သူမက ရှက်ရွံ့စွာနဲ့ လှည့်ပြန်ပြီး အိမ်ထဲဝင်သွားတော့တယ်။
တစ်ဖက်မှာ ဖန်းဇီကျန်းက ကောက်ချက်ချတယ်။
မင်းရဲ့ အငယ်ဆုံးအရီးလေးက မြို့တော်က မျိုးရိုးမြင့်မိန်းမပျိုလေးတွေနဲ့ အတော်တူတာပဲ ရှက်တတ်လိုက်တာ လွန်ရော။ သူ့လိုပုံစံထက် သမီးလိုမျိုး ယုံကြည်မှုရှိပြီး တည်ငြိမ်တဲ့စရိုက်က ပိုကောင်းတယ်။ အဲ့ဒါကမှ ငါ့စရိုက်နဲ့ကိုက်တာ!
ယွီရှောင်ချောင်းက သူ့ရဲ့အမှုထမ်းဝတ်ရုံ လက်အနားစကိုဆွဲပြီး မျက်လုံးလေးတွေ လခြမ်းပုံ ဖြစ်သွားတဲ့အထိ ပြုံးရယ်လိုက်တယ်။
မွေးစားအဖေ, မွေးစားအဖေက ကိုယ့်သမီးလုပ်သမျှ အရာတိုင်းကို အကောင်းမြင်နေတာကိုး! ဒါပေမယ့် တခြားလူတွေ မျက်လုံးထဲမှာတော့ ကျွန်မက မိန်းကလေးတစ်ယောက်ရဲ့ပုံစံနဲ့ လုံးဝမတူဘူးလို့ မြင်ကြလောက်တယ်!
ဘယ်သူက ငါ့သမီးကို မကောင်းပြောရဲတာလဲ ကြည့်နေလိုက် အဖေ သူတို့ကို သွားကျွတ်ထွက်တဲ့အထိ ရိုက်နှက်ပစ်မယ်!!
ဖန်းဇီကျန်းက လက်သီးဆုပ်ကြီးဆုပ်လိုက်ရင်း လေထဲကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းကာ ပြောလာတယ်။
သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားတွေပြောလာရင်း အိမ်ထဲဝင်လိုက်တဲ့အခါ ခြံဝင်းထဲမှာ လူပိုနှစ်ယောက် ရောက်နေတာကို ရုတ်တရက် မြင်လိုက်ရတယ်။ အနီးကပ်ကြည့်ကာမှ ထိုလူတွေက ဝမ်အာ့ကုန်းတို့ လင်မယားမှန်း သိလိုက်ရတယ်။
လက်ရှိမှာ အာ့ကုန်းဇနီးက သူ့ယောကျ်ားရဲ့နားရွက်ကို ဆွဲထားပြီး မျက်နှာမှာ တောင်းပန်တိုးလျိုးတဲ့ အမူအရာတစ်ခုရှိနေတယ်။ သူမကပြောတယ်။
အစ်ကိုယွီ, ကျွန်မ တကယ်ကို တောင်းပန်ပါတယ်! အာ့ကုန်းဇီက ခွင့်မတောင်းဘဲ အစ်ကိုတို့ အခင်းက ဖရဲသီးကိုခူးခဲ့တာ ဘယ်လောက်ကျလဲပြောပါ ကျွန်မတို့က အစ်ကို့ဆီက ဝယ်တယ်သဘောထားပါ
သူတို့နဲ့မြေကွက်ချင်း နီးတာကြောင့် အမျိုးသမီးလျိုက အာ့ကုန်းမိန်းမနဲ့ ရင်းနှီးပြီး သူမအပေါ် ကောင်းမွန်တဲ့အမြင်ရှိတယ်။ ထို့ကြောင့် သူမက ပြန်ပြောလိုက်တယ်။
ငါတို့က တစ်ရွာတည်းသား လယ်နားနီးချင်းတွေပဲမင်းတို့ ဖရဲသီးစားချင်တယ်ဆိုရင် ငါတို့ကို ပြောပါ။ ပိုက်ဆံအကြောင်း ပြောစရာမလိုပါဘူး!
အာ့ကုန်းဇနီးက ပြတ်သားစွာ ခေါင်းရမ်းတယ်။
ယွီဟိုင့်ဇနီး, မင်းမပြောလည်း ဖရဲသီးက ရှားပါးတဲ့အသီးဆိုတာ ကျွန်မသိပါတယ်၊ ဒါက တကယ့်ကို တန်ဖိုးကြီးတယ်! အာ့ကုန်းဇီ, ရှင်ဘယ်လိုများ လုပ်ရက်တာလဲ ကျွန်မ ရှင့်ကို အခါခါ သတိပေးပြီးပြီ! ကျွန်မတို့ မိသားစုက ဆင်းရဲပေမယ့် ရိုးသားရမယ်လို့! အခုကစပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ပါ့မယ်လို့ ရှင်ကျွန်မကို ကတိမပေးခဲ့ဘူးလား ဘာလို့ ရှင့်ရဲ့ အရင်က မကောင်းတဲ့အကျင့်တွေ ပြန်လုပ်ရက်တာလဲ ရှင်ရှင် ကျွန်မကို တကယ် အရမ်းစိတ်ပျက်အောင်လုပ်တယ်!
သူ့ဇနီးက အရမ်းစိတ်ဆိုးပြီး မျက်ရည်တွေပါ စီးကျလာတာကို မြင်တဲ့အခါ ဝမ်းအာ့ကုန်းတစ်ယောက် ချက်ချင်း ထိတ်ပြာသွားပြီး အထပ်ထပ် တောင်းပန်တော့တယ်။
မိန်းမ ငါမှားတာသိပါပြီ!! ဒါ နောက်ဆုံးအကြိမ်ပဲနောက်တစ်ခါဒါမျိုး လုံးဝမလုပ်တော့ပါဘူး!!
ဒါနောက်ဆုံးပဲလို့ရှင်ပြောတာ ဘယ်နှခါရှိနေပြီလဲ အာ!! ရှင့်အကျင့်တွေ ပြောင်းမှာပါဆိုပြီး ယုံခဲ့မိတာ ကျွန်မရူးတာပဲ! အခုတော့ ကျွန်မ သေချာသိသွားပြီ။ ခွေးတစ်ကောင်က မစင်စားချင်တဲ့ သူ့ရဲ့အကျင့်ကို ဘယ်တော့မှ ဖျောက်နိုင်မှာမဟုတ်ဘူး! မနက်ဖြန်ကျရင် ကျွန်မမိဘတွေအိမ်ကို ပြန်မယ် ကျွန်မကလေးမှာ အလေလိုက်ပြီး သူများပစ္စည်းခိုးတဲ့ အဖေတစ်ယောက် ရှိတာထက် အဖေမရှိတာကမှ ပိုကောင်းအုံးမယ် ကျွန်မကလေးကို လောကအလယ် ခေါင်းမထောင်နိုင်အောင် အရှက်ရစေမယ့် အဖေမျိုးလေ!!
အာ့ကုန်းရဲ့ဇနီးက သူ့ယောကျ်ားရဲ့လက်တွေကို တွန်းဖယ်ရင်း မျက်နှာမှာ စိတ်ပျက်အားလျော့မှုတွေ ပြည့်နှက်နေတယ်။
.......