သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

648K 84.1K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)

2.9K 347 1
By CharmZoey

[Zawgyi]

အပိုင္း ၁၅၈ (မသမာတဲ့နည္းလမ္းသုံးျခင္း)

အနီးမွာရွိတဲ့ က်ိဳးရွန္ဟူက ေၾကာင္ကေလး ေရထဲက်သြားတာကိုၾကည့္ရင္း သူမက အနည္းငယ္ စိုးရိမ္ေနေလတယ္။ သူက အသံတိုးတိုးေလးနဲ႔ ေမးလိုက္တယ္

"ေရွာင္ေခ်ာင္း နင့္ရဲ႕ေၾကာင္ေလးက ေရကူးႏိုင္လား ေရမနစ္ႏိုင္ေလာက္ဘူး မလား"

"မက်ပါဘူး မက်ပါဘူး! ေကာက္ညႇင္းဖက္ထုပ္ေလးက ေရကူးရတာကို ႀကိဳက္တယ္ မစိုးရိမ္ပါနဲ႔"

ေ႐ႊေရာင္ေၾကာင္ေလးက ယက္ကန္ယက္ကန္နဲ႔  ကမ္းေျခကို ေရာက္လုနီးပါးျဖစ္တာေၾကာင့္ မစိုးရိမ္ဘဲ ပင္လယ္ေမွ်ာ့ပဲ ရွာဖို႔သြားလိုက္တယ္။

ကမ္းေျခကိုေရာက္တဲ့အခါ ေ႐ႊေရာင္ေၾကာင္ေလးရဲ႕ ခႏၶာကိုယ္ တစ္ခုလုံး စို႐ႊဲေနၿပီး အရမ္းရွက္စရာေကာင္းတဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္။ အံ့ဖြယ္ေက်ာက္တုံးေလးက ႏွာမႈတ္ၿပီး ကမ္းေျခမွာထိုင္ရင္း သဲေတြတူးေနတဲ့ ယြီေရွာင္ေခ်ာင္းနားကို ကပ္လာကာ သူ႔ရဲ႕ ခႏၶာကိုယ္ကို ခါၿပီး ေရွာင္ေခ်ာင္း မ်က္ႏွာေပၚ ပင္လယ္ေရေတြကို ခါခ်လိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ေခါင္းကို ေမာ့ၿပီး ဖ်တ္လတ္စြာ လမ္းေလွ်ာက္သြားတယ္။ ၿပီးေနာက္ တစ္ေယာက္မွ အာ႐ုံမစိုက္ၾကတဲ့အခ်ိန္ သူ႔ရဲ႕အေမြးေတြ ေရေျခာက္ဖို႔ စြမ္းအားကို တိတ္တဆိတ္ သုံးလိုက္တယ္။

ေရွာင္ေခ်ာင္းက လူမ်ားတဲ့ေနရာကေန ပိုေဝးတဲ့ေနရာကို တမင္တကာ ေ႐ႊ႕သြားတယ္။ အေပါက္ေတြ အမ်ားႀကီးနဲ႔ ေနရာကို သူမေတြ႕လိုက္ရတာမို႔ မီတာဝက္ေလာက္ႀကီးတဲ့ စတုရန္းပုံက်င္းကို တူးဖို႔ ေဂၚျပားကို သုံးလိုက္တယ္။ အဲ့တာၿပီးတဲ့ေနာက္မွာ သူမလက္ေကာက္ဝတ္က ေရာင္စုံေက်ာက္တုံးေလးကို သဲတြင္းထဲက ပင္လယ္ေရထဲ ျမႇဳပ္လိုက္တယ္။

ေျပးလာတဲ့ ေ႐ႊေရာင္ေၾကာင္ေလးက သူ႔ရဲ႕အစစ္အမွန္ကိုယ္ေက်ာက္တုံးက ႐ႊံ႕ထူတဲ့ ပင္လယ္ေရထဲ အႏွစ္ခံထားရတာကို ေတြ႕လိုက္ရတယ္။ သူက ေသာကေရာက္စြာနဲ႔ ေရွာင္ေခ်ာင္းနား ေလွ်ာက္ေနရင္း ေျပာလိုက္တယ္
[ပင္လယ္ေရက အရမ္း ညစ္ပတ္ေနတာႀကီး ဒီအံ့ဖြယ္ေက်ာက္တုံးက ေရခ်ိဳးရတာႀကိဳက္ေပမယ့္ ညႇီနံ႔နံၿပီး ညစ္ပတ္တဲ့ ပင္လယ္ေရကို မသုံးႏိုင္ဘူး အား!]

ယြီေရွာင္ေခ်ာင္းက သဲတြင္းေဘးမွာထိုင္ကာ သဲထဲကထြက္လာၿပီး ေရာင္စုံေက်ာက္တုံးေလးဆီ ခ်ဥ္းကပ္လာၾကတဲ့ ပင္လယ္ေမွ်ာ့ေတြကို ၾကည့္ေနတယ္။ သူမက ေအးေအးေဆးေဆးပဲ ျပန္ေျပာလိုက္တယ္
"အဲ့လိုမွမလုပ္ရင္မရဘူးေလ ပင္လယ္ေမွ်ာ့ေတြကို ဆြဲေဆာင္ဖို႔ မင္းရဲ႕ဝိညာဥ္စြမ္းအားလိုတယ္
ဒီထဲမႏွစ္ထားေစခ်င္ဘူးဆို တျခားေကာင္းတဲ့နည္းလမ္းေျပာေလ"

အံ့ဖြယ္ေက်ာက္တုံးေလးက သူမကိုေဒါသထြက္ၿပီး အကူညီမဲ့စြာနဲ႔ ေျပာလာတယ္

[ငါ့ခႏၶာကိုယ္ကို ထုတ္လိုက္!အခုငါ ငါ့ရဲ႕ စိတ္ဝိညာဥ္စြမ္းရည္ကို ထုတ္လို႔ရၿပီ]

အိုး!မင္းရဲ႕ စြမ္းအားေတြက ေနာက္တခါ တိုးလာၿပီလား ဂုဏ္ယူပါတယ္

ယြီေရွာင္ေခ်ာင္းက အံ့ဖြယ္ေက်ာက္တုံးေလးရဲ႕ စြမ္းအားတိုးတက္မႈကေန အက်ိဳးအရဆုံးက သူမဆိုတာ သိတာေၾကာင့္ သူ႔ကို ႐ိုးသားစြာ ဂုဏ္ျပဳလိုက္တယ္။

အံ့ဖြယ္ေက်ာက္တုံးေလးက ယြီေရွာင္ေခ်ာင္း သဲတြင္းထဲကေန သူ႔ခႏၶာကိုယ္အား ထုတ္တာကို ေစာင့္ၾကည့္ၿပီး ေရာင္စုံေက်ာက္တုံးေလးကို သန႔္ရွင္းေအာင္သုတ္ဖို႔ သူမကို ေျပာလိုက္တယ္။ သူမရဲ႕ လက္ေကာက္ဝတ္မွာ ျပန္ဝတ္ၿပီးတဲ့ေနာက္ သူ႔ရဲ႕ လက္သည္းေလးေတြကို ပ်င္းရိစြာ ဆြဲဆန႔္ၿပီး သဲတြင္းထဲကို ေ႐ႊေရာင္ အလင္းေလးနည္းနည္း လႊတ္ထုတ္လိုက္တယ္။

"နည္းနည္းေလးပဲလား အလုပ္ျဖစ္ပါ့မလား"

အဲ့ေဘးမွာ ေရွာင္ေခ်ာင္းက သူမရဲ႕ သံသယေတြကို ေဖာ္ျပလိုက္တယ္။

အံ့ဖြယ္ေက်ာက္တုံးေလးက သူ႔ရဲ႕ မ်က္လုံးေတြ လွန္ျပလိုက္ၿပီး

"ဒါဆို လုံေလာက္တယ္!! ဒီထက္ပို ထုတ္လိုက္မယ္ဆိုရင္ ဒီ႐ုပ္ဆိုးတဲ့ ဂ်ပိုးေတြက စိတ္စြမ္းအင္ေတြ အမ်ားႀကီး စားသုံးမိလို႔ ေပါက္ကြဲကုန္လိမ့္မယ္"

သူတို႔ေျပာေနတုန္း သဲတြင္းထဲက ပင္လယ္ေမွ်ာ့ေတြအားလုံးက တစ္ေကာင္ၿပီး တစ္ေကာင္ အေျပးအလႊား ထြက္လာတယ္။ ေရွာင္ေခ်ာင္းက သူတို႔ကို တစ္ေကာင္ၿပီး တစ္ေကာင္ ေပ်ာ္႐ႊင္စြာ ေကာက္ၿပီး ေရပုံးထဲ ထည့္လိုက္တယ္။ သူမ ပင္လယ္ေမွ်ာ့အားလုံးကို ေကာက္ၿပီးတဲ့ေနာက္ တျခား ေရသတၱဝါေတြကိုပါ ဆြဲေဆာင္မိသြားမွာစိုးတာမို႔ အံ့ဖြယ္ေက်ာက္တုံးေလးက သူ႔ရဲ႕လက္သည္းေတြကို ရမ္းၿပီး စြမ္းအင္ေတြကို ျပန္သိမ္းလိုက္တယ္။

အံ့ဖြယ္ေက်ာက္တုံးေလးက စြမ္းအင္ေတြကို လိုသလိုထိန္းခ်ဳပ္ႏိုင္ေနၿပီး ျပန္လည္ ႐ုတ္သိမ္းႏိုင္ေနၿပီ။ ဥပမာဆိုရင္ ယြီေရွာင္ေခ်ာင္းရဲ႕ ဖရဲခင္းမွာ ေရ ေလာင္းဖို႔သုံးတဲ့ အံ့ဖြယ္ေက်ာက္ေရကို အပင္ေတြ အတြက္ပဲ အသုံးဝင္ဖို႔ စစ္ထုတ္ေပးႏိုင္တယ္။ ဒီမတိုင္ခင္ကလို သားရဲေတြကိုပါ ဆြဲေဆာင္ႏိုင္တဲ့ အံ့ဖြယ္ေက်ာက္ေရကို သုံးမယ္ဆိုရင္ ဖရဲခင္းက ေသခ်ာေပါက္လုံးဝ ဖ်က္ဆီးဝါးမ်ိဳခံရလိမ့္မယ္။

ေရွာင္ေခ်ာင္းက တျခားေနရာကို ေ႐ြးၿပီး ပိုၿပီး ႀကီးတဲ့သဲတြင္းကို တူးလိုက္တယ္။ ထိုတြင္းက ပိုႀကီးေပမဲ့ အရမ္းမနက္ေပ။ သူမရဲ႕ ေသးငယ္တဲ့ ခႏၶာကိုယ္နဲ႔ေတာင္မွ သဲတြင္းကို အခက္အခဲမရွိဘဲ တူးႏိုင္တယ္။ အဲ့ဒီအခ်ိန္အေတာအတြင္း ေရွာင္လ်န္က သူ႔ညီမကို တစ္ခ်က္ၾကည့္ဖို႔ ေရာက္လာတယ္။ သူမရဲ႕ ညီမေလးက ပင္လယ္ေမွ်ာ့ေတြကို တူးတာမွာ အရႈံးေပးၿပီး သဲကို အေပ်ာ္တူးေနတယ္လို႔ပဲ ေတြးလိုက္တယ္။ ဒါေပမယ့္ ေရွာင္လ်န္က သူ႔ရဲ႕ညီမကို ႀကိဳးစားလုပ္ဖို႔ ဖိအားမေပးဘူး။ တုန္းရန္ေဆးတိုက္က ေဈးျမင့္ျမင့္ေပးေပမယ့္ ယြီမိသားစုရဲ႕ လက္ရွိဝင္ေငြနဲ႔ဆို အမွန္တကယ္ သူမကို မဆြဲေဆာင္ႏိုင္ဘူး။

ေရွာင္ေခ်ာင္းက တူးၿပီးတဲ့ေနာက္မွာ ေ႐ႊေရာင္ေၾကာင္ေလးက တြင္းဆီကိုလာၿပီး တတြတ္တြတ္ေျပာရင္း သူလက္သည္းေတြကို ေဝ့ယမ္းလိုက္တယ္

[တကယ္ပါပဲ ဒီပင္လယ္ေရက ငါ့လက္ေတြကို စိုေအာင္လုပ္တယ္ အဆင္မေျပလိုက္တာ။ မင္းက ဘယ္လို သခင္ျဖစ္မ်ိဳးလဲ မင္း ငါ့ကို မင္းရဲ႕အိတ္ကပ္ထဲ ထည့္ထားလို႔မရဘူးလား]

ယြီေရွာင္ေခ်ာင္းက သူမအျပင္ထြက္တဲ့အခါ တန္ဖိုးရွိတဲ့ အရာေတြကို ထည့္ႏိုင္ဖို႔ သူမအေပၚဝတ္ အက်ႌထဲမွာ အိတ္ကပ္ကို ခ်ဳပ္ထားတယ္။ ဒါေၾကာင့္ ထိုအိတ္ကပ္က အေသးစားေၾကာင္ေလး တစ္ေကာင္ကို သယ္ဖို႔ လုံေလာက္တာထက္ ပိုတယ္။

ကမ္းေျခမွာ ဒီေရက က်႐ုံျဖစ္တာေၾကာင့္ စိုစြတ္ေနတုန္းပင္။ တခ်ိဳ႕နိမ့္တဲ့ေနရာမွာဆို ဗြက္အိုင္ အနည္းငယ္လည္း ရွိတယ္။ ေ႐ႊေရာင္ေၾကာင္ေလးက အ႐ြယ္အစား အရမ္းေသးၿပီး သူမလက္ဖဝါး ေလာက္ေတာင္မႀကီးေပ။ သူရဲ႕ ေျခေထာက္တိုေလးေတြနဲ႔ ဒီလို စိုေနတဲ့ ကမ္းေျခေပၚမွာ လမ္းေလွ်ာက္ဖို႔အတြက္ အမွန္တကယ္ ခက္တယ္။

ယြီေရွာင္ေခ်ာင္းက ဂ႐ုဏာသက္စြာနဲ႔ ေၾကာင္ေလးကို မၿပီး သူ႔ရဲ႕ စိုေနတဲ့ လက္သည္းေတြကို ေျခာက္ေသြ႕ေစလိုက္ကာ သူမရဲ႕ အေပၚအက်ႌထဲသို႔ ေသးငယ္တဲ့ ခႏၶာကိုယ္ေလးကို ထည့္ထားလိုက္တယ္။ ေ႐ႊေရာင္ေၾကာင္ေလးက သူမရဲ႕ ေကာ္လံကို လက္သည္းနဲ႔ ကုပ္ထားၿပီး ေတာက္ပတဲ့ ေခါင္းေလးကို ထုတ္ထားတယ္။

ပင္လယ္ေမွ်ာ့ေတြက သူတို႔ရဲ႕ ဝဖီးေနတဲ့ ကိုယ္ေတြနဲ႔ တစ္ေကာင္ၿပီးတစ္ေကာင္ သဲတြင္းထဲကို တြန႔္လိမ္ကာ တြားသြားဝင္သြားၾကတယ္။ ေရွာင္ေခ်ာင္းက ပင္လယ္ေမွ်ာ့ေတြကို ေရတြက္လိုက္တယ္။ ဒီသဲတြင္းထဲမွာ ဝၿဖိဳးေနတဲ့ ပင္လယ္ေမွ်ာ့ ဆယ္ေကာင္မက ရွိေလတယ္။ ပင္လယ္ေရနဲ႔ ပင္လယ္ေမွ်ာ့ေပၚမွာရွိတဲ့ သဲေတြကို ေဆးလိုက္ၿပီးတဲ့ေနာက္ ဝၿဖိဳးေနတဲ့ အေကာင္ေတြ တစုတစည္းတည္း ျမင္ရတာ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းလြန္းလွတယ္။ ဒါေပမယ့္ သူမ သူတို႔ရဲ႕ တန္ဖိုးကို ေတြးမိသြားတဲ့အခါ သည္းခံႏိုင္သြားတယ္။

ဒီလိုမ်ိဳး အခ်ိန္ႏွစ္နာရီ ကုန္သြားၿပီးတဲ့ေနာက္မွာ က်ိဳးရွန္ဟူက သူမကို လက္ေဝွ႔ျပၿပီး အေဝးကေန လွမ္းေအာ္လိုက္တယ္

"ေရွာင္ေခ်ာင္း,  သမားေတာ္စန္းက ပင္လယ္ေမွ်ာ့ေတြ စဝယ္ေနၿပီ ဒီကို ျမန္ျမန္လာ"

သူမေအာ္ရင္း ကမ္းေျခတေလွ်ာက္ကေန ဦးတည္ေျပးသြားတယ္။ တုန္းရန္ေဆးခန္းမက ဝယ္လို႔ ၿပီးသြားၿပီး သူမ မေရာင္းလိုက္ရမွာကို စိုးရိမ္ေနမိတယ္။

ေရွာင္ေခ်ာင္းက ေလးတဲ့ေရပုံးကို သယ္လာရတာေၾကာင့္ သူက အရမ္းျမန္ျမန္ မေလွ်ာက္ႏိုင္ေပ။ ေရွာင္လ်န္က ဝယ္တဲ့ေနရာကို အျမန္ ေရာက္ႏွင့္ေနၿပီးေပမယ့္ သူမက သူ႔ညီမေလး ႐ုန္းကန္ေနရတာကို ျမင္တဲ့အခါ သူမဆီျပန္ေျပးလာၿပီး ကူေပးလိုက္တယ္။

ေရွာင္ေခ်ာင္းက အလုပ္လုပ္ရင္း ကစားေနတဲ့ ႏႈန္းနဲ႔ဆိုရင္ အမ်ားႀကီး မေကာက္ႏိုင္ေလာက္ဘူးလို႔ သူမ အစက ေတြးလိုက္မိတယ္။ ဒါေပမဲ့ ေရွာင္ေခ်ာင္းရဲ႕ေရပုံးကိုသယ္လိုက္ေတာ့ မသယ္ႏိုင္ေလာက္ေအာင္ ေလးေနလိမ့္မယ္လို႔ မထင္ထားမိဘူး။ ေရွာင္ေခ်ာင္းရဲ႕ သစ္သားေရပုံးေပၚမွာ အဖုံးရွိတာမို႔ သူမ ပုံးထဲကို မျမင္ရတာေၾကာင့္ မွန္းဆလိုက္ကာ
"ညီမေလး ပင္လယ္ေမွ်ာ့က ငါးမဟုတ္ပါဘူး သူတို႔ကို ပင္လယ္ကေခၚလာလည္း တန္းမေသႏိုင္ဘူးေလ ေရေတြအမ်ားႀကီး ေရပုံးထဲထည့္တာက တကယ္ေလးတယ္ ငါမင္းကို တခ်ိဳ႕ေလာင္းထုတ္ဖို႔ ကူေပးမယ္"

သူမေျပာရင္း သစ္သားေရပုံးကို တဖက္ကို ယိုင္ၿပီး တျခားလက္တဖက္နဲ႔ အဖုံးကို ဖြင့္လိုက္တယ္။

"မလုပ္နဲ႔..."

ယြီေရွာင္ေခ်ာင္းက သူမျမန္ျမန္ သြန္ခ်လိုက္မယ္လို႔ မေမွ်ာ္လင့္ခဲ့မိဘူး။ သူမကို ရပ္တန႔္ဖို႔ ႀကိဳးစားေနတုန္း ပင္လယ္ေမွ်ာ့တခ်ိဳ႕က ေရပုံးထဲကေန ကမ္းေျခေပၚကို ထြက္သြားေလၿပီ။ သူမက အျမန္ထိုင္ၿပီး သဲေပၚက်သြားတဲ့ ပင္လယ္ေမွ်ာ့ေတြကို ေကာက္ကာ ေရပုံးထဲ ျပန္ထည့္လိုက္တယ္။

ေရွာင္လ်န္က လုံးဝကိုေတာင့္ခဲသြားတယ္။ သူမက ေရပုံးထဲက တြန႔္လိမ္ေနတဲ့ ပင္လယ္ေမွ်ာ့ေတြကို ၾကည့္လိုက္မိတယ္။ ဒါက အမွန္တကယ္ ေရပုံးရဲ႕ တဝက္ထက္ပိုတယ္။ အေလးခ်ိန္ မွန္းတြက္ၾကည့္ရင္ေတာင္ အနည္းဆုံး က်င္းႏွစ္ဆယ္ က်င္းသုံးဆယ္ေလာက္ ရွိတယ္။ သူမရဲ႕ ညီမငယ္ေလး ဒီေရပုံးကို သယ္ဖို႔ အခက္အခဲျဖစ္ေနတာ အံ့ဩစရာ မရွိေပ။

အေစာတုန္းက သူမရဲ႕ညီမေလး တူးေနတာကို သတိထားမိေပမယ့္ တအားအျပင္းအထန္ တူးေနပုံလည္း မေပၚပါဘူး။ သူမက ဒီလို အခ်ိန္အတြင္း ပင္လယ္ေမွ်ာ့ေတြအမ်ားႀကီး ဘယ္လို တူးလိုက္တာလဲ။ သူမ ပင္လယ္ေမ်ာ့ စတူးေတာ့ ဒါ သူမညီမေလးရဲ႕ ပထမဆုံးအႀကိမ္ ပင္လယ္ေမွ်ာ့တူးတယ္ဆိုတာ လုံးဝ ေသခ်ာတယ္။ ဒါ ဘုရားသိၾကားမတယ္ ဆိုတာမ်ိဳးလား။

အဓိက မိသားစုကေန သူတို႔ ခြဲထြက္လာၿပီးတဲ့ေနာက္မွာ သူမညီမေလးရဲ႕ စြမ္းရည္ေတြက သူတို႔ ေမွ်ာ္လင့္ထားတာထက္ အၿမဲ ေက်ာ္လြန္ေနတာကို ေတြးမိသြားၿပီး သူမ ပင္လယ္ေမွ်ာ့ေတြ အမ်ားႀကီး ဘယ္လိုဖမ္းႏိုင္တာလဲ ေတြးေနတာကို ရပ္လိုက္ေတာ့တယ္။ သူမ ညီမေလးအား အရမ္းေလးတာေတြ အၾကာႀကီး မကိုင္ထားေစခ်င္တာမို႔

"ညီမေလး မင္း ျမန္ျမန္ေျပးၿပီး တန္းစီ ေစာင့္ေနလိုက္ ငါ မင္းအတြက္ ပင္လယ္ေမွ်ာ့ေတြ သယ္လာေပးမယ္"

သူမကို တေယာက္ေယာက္က သယ္ကူေနမွာေတာ့ ေရွာင္ေခ်ာင္းက ေပ်ာ္႐ႊင္စြာ လိုက္ေလ်ာလိုက္တယ္။ သူမျပန္ေမြးဖြားလာတည္းက သူမရဲ႕ ေသးသြယ္တဲ့ လက္ေမာင္းေတြနဲ႔ ေျခေထာက္ေတြက ေလးတဲ့အရာေတြ တစ္ခုမွ မလို႔မရဘူး။ ေရွာင္ေခ်ာင္းက လူတန္းအရွည္ႀကီးဆီကို အရွိန္ျပည့္နဲ႔ အျမန္ ေျပးသြားတယ္။

လူတန္းရဲ႕ အေရွ႕ဆုံးနီးနီးမွာရပ္ေနတဲ့ က်ိဳးရွန္ဟူက ေရွာင္ေခ်ာင္း အေမာတေကာ ေျပးလာတာကို ျမင္လိုက္တာေၾကာင့္ သူမရဲ႕လက္ေတြကို ရမ္းျပၿပီး

"ေရွာင္ေခ်ာင္း ျမန္ျမန္လာ ငါ ငါ့အကိုကို နင့္အတြက္ ေနရာဦးထားေပးဖို႔ ေျပာထားတယ္ နင္နဲ႔ ေရွာင္လ်န္ ဘာလို႔အရမ္းေႏွးေနတာလဲ"

သူ႔ရဲ႕ေနရာကိုေပးေနတဲ့ က်ိဳးေရွာင္ဟြားကို ေရွာင္ေခ်ာင္းက ၾကည့္လိုက္ၿပီး သူ႔ရဲ႕ေနာက္မွာ ရွိတဲ့ လူတန္းရွည္ႀကီးကို ၾကည့္လိုက္တယ္။ လူတန္းကို ျဖတ္ဖို႔က ယဥ္ေက်းမႈမရွိတာလို႔ သူမျမင္မိတယ္။ သူမ ခ်ီတုံခ်တုံျဖစ္ေနခ်ိန္မွာ က်ိဳးေရွာင္ဟြားက သူမလက္ေမာင္းကိုဆြဲၿပီး လူတန္းထဲကို ဆြဲလိုက္ရင္း တိုးတိုးေလး ေျပာလိုက္တယ္
"ငါမင္းကို ငါ့ေနရာေပးလိုက္တာမို႔ လူတန္းကို ျဖတ္ဝင္တယ္လို႔ မေတြးနဲ႔"

ယြီေရွာင္ေခ်ာင္းက သူ႔ေနာက္မွာ ရွိတဲ့သူကို အနည္းငယ္ ေတာင္းပန္တဲ့အၿပဳံး ၿပဳံးျပလိုက္ေတာ့ သူမေနာက္က လူက သူမတို႔နဲ႔အသိ အရီး႐ႊမ္းက်ဴးဆိုတာ သတိထားမိသြားတယ္။ တကယ္ေတာ့ ပင္လယ္ေမွ်ာ့ေတြ ေရာင္းဖို႔ ရပ္ေနတဲ့ လူအမ်ားစုက တုန္ရွန္း႐ြာရဲ႕ ငါးဖမ္းသမားေတြပင္။ ႐ြာသားအခ်င္းခ်င္းမို႔ က်ိဳးေရွာင္ဟြားက သူ႔ေနရာမေပးဘဲ သူမက တန္းျဖတ္စီလိုက္ရင္ေတာင္ ခြင့္လႊတ္ေပးႏိုင္ၾကတယ္။

႐ႊမ္းက်ဴးရဲ႕ဇနီး သယ္လာတဲ့ ျခင္းေတာင္းထဲမွာ အလြန္ေကာင္းမြန္စြာ သန႔္ရွင္းထားတဲ့ ပင္လယ္ေမွ်ာ့ ဆယ္က်င္းေလာက္ပါတယ္။ သူမက ေရွာင္ေခ်ာင္း ရင္ဘတ္ေပၚက ေၾကာင္ေလးရဲ႕ ေခါင္းေလးကို ၾကည့္ၿပီး ရယ္လိုက္တယ္

"အိုး ေရွာင္ေခ်ာင္း မင္းေမြးထားတဲ့ ဒီေၾကာင္ေလးက အရမ္းတက္ႂကြၿပီး အေရာင္ေတာက္ေနတာပဲ ဒါနဲ႔ မင္းကတန္းစီေနၿပီေတာ့ ပင္လယ္ေမွ်ာ့ေတြလည္းပါမလာပါ့လား"

ေရွာင္ေခ်ာင္းက ရွက္႐ြံ႕စြာ ၿပဳံးရင္း ေျပာလိုက္တယ္

"ေရွာင္လ်န္ သယ္လာေနတယ္ ဟိုမွာေလ! သူမ မၾကာခင္ ေရာက္လာေတာ့မွာပါ အရီး ဒီေန႔ အမ်ားႀကီး ရခဲ့တာပဲ ဒါကို တစ္လ်န္ ဒါမွမဟုတ္ ႏွစ္လ်န္ေလာက္နဲ႔ ေရာင္းလို႔ရေလာက္တယ္"

႐ႊမ္းက်ဴးရဲ႕ ဇနီးက ေပါ့ပါးစြာ အားရပါးရၿပဳံးၿပီးေျပာခဲ့တယ္

"မွန္တာေပါ့ မင္းရဲ႕ဦးေလး႐ႊမ္းက်ဴး ပင္လယ္ဆီ ထြက္သြားေတာ့ ငါအိမ္မွာ ပ်င္းေနတာေလ ငါ တစ္ေယာက္ေယာက္က ပင္လယ္ေမွ်ာ့ဝယ္ေနတယ္ ၾကားတာနဲ႔ ပိုက္ဆံတခ်ိဳ႕ရွာဖို႔ လာခဲ့တာ ငါ ဒီေလာက္ ကံေကာင္းလိမ့္မယ္လို႔ ထင္မထားဘူး"

တုန္းရန္ေဆးတိုက္က ပင္လယ္ေမွ်ာ့ကို စုတာ ပထမအႀကိမ္မဟုတ္ဘူး။ သမားေတာ္စန္းက အလုပ္သမား အနည္းငယ္နဲ႔လာၿပီး သုံးခ်ိဳး ေလးခ်ိဳးေလာက္ေတာင္ဝယ္တယ္။
လူတစ္ေယာက္ခ်င္းစီတိုင္းရဲ႕ ပင္လယ္ေမွ်ာ့ေတြကို ခ်ိန္ေပးၿပီး စာရင္းမွတ္လိုက္ ေငြရွင္းလိုက္နဲ႔ သူတို႔ရဲ႕ အလုပ္လုပ္ႏႈန္းက အရမ္းကိုျမန္တယ္။ ေရွာင္လ်န္ ေရာက္လာတဲ့အခါက် သူမေရွ႕မွာ လူအမ်ားႀကီး မရွိေတာ့ေပ။

က်ိဳးရွန္းဟူအလွည့္ေရာက္တဲ့အခါ သူနဲ႔သူအကိုႀကီးက ပင္လယ္ေမွ်ာ့ စုစုေပါင္း ဆယ့္ႏွစ္က်င္းကိုတူးၿပီး တစ္လ်န္နဲ႔ ႏွစ္မတ္သားရခဲ့တယ္။ က်ိဳးရွန္းဟူက ေငြတုံးေလးကိုကိုင္ၿပီး ပြင့္ေနတဲ့ပန္းေလးလို ေပ်ာ္႐ႊင္စြာ ၿပဳံးေနေတာ့တယ္။

ေရွာင္ေခ်ာင္းနဲ႔ သူ႔ရဲ႕အစ္မ အလွည့္ေရာက္တဲ့အခါ သမားေတာ္စန္းရဲ႕ မ်က္လုံးေတြထဲက အၿပဳံးရိပ္က ပိုနက္ရႈိင္းလာတယ္။ သူ ယြီမိသားစုအေပၚမွာ ေလးနက္တဲ့ ထင္ျမင္ခ်က္ရွိတယ္။ ဆယ္စုႏွစ္အတြင္းမွာ သူ ေရာဂါအမည္တပ္မွားၿပီး မွားယြင္း ထင္ျမင္ခ်က္ခ်မိတယ္ဆိုတာ တအားကိုရွားတယ္။ ဒါေပမယ့္ ယြီမိသားစုမွာေတာ့ ျဖစ္သြားတယ္။

ယြီေရွာင္ေခ်ာင္းက အားနည္းတဲ့ အေျခအေနနဲ႔ ေမြးလာခဲ့တယ္။ သူမက ေဆးဝါးအကူအညီနဲ႔ အာဟာရ ျပည့္ခဲ့ရင္ေတာင္ ဆယ္ႏွစ္မတိုင္ခင္အထိ သူမအသက္ရွင္ဖို႔အတြက္ခက္ခဲတယ္။ သို႔ေသာ္လည္း ကိုးႏွစ္ရွိလာၿပီျဖစ္တဲ့ ဒီမိန္းကေလးက မာမာခ်ာခ်ာရွိေန႐ုံမကပဲ ေဆးစစ္ၿပီးတဲ့ေနာက္မွာ သူမအရင္က ေရာဂါလကၡဏာေတြ ေပ်ာက္ေတာင္သြားေလၿပီ။

ယြီဟိုင္ရဲ႕ ေျခေထာက္ဟာလည္း ဝက္ဝံအကိုက္ခံရတာေၾကာင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့တယ္။ တျခားလူေတြသာဆို ဒီေသြးသားမရွိေတာ့တဲ့ ေျခေထာက္နဲ႔ဆိုရင္ ေသသြားတာၾကာေလာက္ေလၿပီ။ ဒါေပမယ့္ သူကေတာ့ ျပန္ေကာင္းလာ႐ုံသာမက အခုသူက အခက္အခဲမရွိ လမ္းေတာင္ ေလွ်ာက္ႏိုင္ေနၿပီ။

အလုပ္သင္ ယြီဟန္ကလည္း အတြင္းပိုင္း ေသြးယိုစိမ့္တဲ့အထိ အ႐ိုက္ခံထားရၿပီး သူရဲ႕ ႀကံ့ခိုင္တဲ့နံ႐ိုးေတြ အမ်ားႀကီး က်ိဳးခဲ့တယ္။ ဒီလို အတြင္းပိုင္း ေသြးယိုစိမ့္မႈလို ျဖစ္စဥ္အတြက္ သူတို႔ထဲက ၉၀ ရာခိုင္ႏႈန္းက ကယ္ဖို႔ ခက္ခဲတယ္။ သို႔ေသာ္လည္း ယြီဟန္ခႏၶာကိုယ္အေျခအေနအရ သူ႔ရဲ႕ေသြးယိုစိမ့္မႈက ျမန္ျမန္ ရပ္သြားၿပီး သူ႔အ႐ိုးေတြကလည္း အလြန္လ်င္ျမန္စြာ ျပန္ေကာင္းလာခဲ့တယ္။ အျပင္းအထန္ ဒဏ္ရာကေန ျပန္ေကာင္းလာဖို႔အတြက္ ရက္တစ္ရာေလာက္ အခ်ိန္ယူရတယ္။ ဒါေပမယ့္ ယြီဟန္ကေတာ့ လြန္ခဲ့တဲ့ႏွစ္လကပဲ သူ႔အေဖနဲ႔ ၿမိဳ႕ေဈးထဲကို လိုက္ႏိုင္ေနၿပီ။ ေသြးခုန္ႏႈန္း စမ္းသပ္ၾကည့္ၿပီးေနာက္ သူ႔အ႐ိုးေတြ ျပန္ေကာင္းလာ႐ုံသာမက ယြီဟန္ရဲ႕ခႏၶာကိုယ္က ပိုၿပီး သန္မာလာတာကိုလည္း သတိထားမိတယ္။

ဒီျဖစ္စဥ္ေတြအားလုံးက သူကို စိတ္ရႈပ္ေထြးေစတယ္။ ယြီမိသားစုရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံေတြက သာမန္လူေတြနဲ႔ ကြဲေနတာ ျဖစ္ႏိုင္လား။ ဒါေပမယ့္ ေသြးခုန္ႏႈန္း စမ္းၾကည့္ေတာ့လည္း တစ္ခုမွ ကြဲေနတဲ့ပုံ မေပၚပါဘူး အာ!

ဒီအေတြးေတြနဲ႔ပဲ သမားေတာ္စန္းက သူမကို အရင္စႏႈတ္ဆက္လိုက္တယ္

"ေကာင္မေလး ဒီေန႔တူးလာတာ ဘယ္လိုလဲ"

"မဂၤလာပါ သမားေတာ္စန္း"

အရင္ဘဝမွာဘဲ ျဖစ္ျဖစ္ ဒီဘဝမွာဘဲ ျဖစ္ျဖစ္ ဆရာဝန္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိဖို႔ မရွိမျဖစ္ လိုအပ္တယ္။ ယြီေရွာင္ေခ်ာင္းက သူ႔ကို ယဥ္ေက်းစြာႏႈတ္ဆက္ၿပီး ေျပာလိုက္တယ္။

"တူးလာတာ မ်ားမ်ားရလာတယ္ သမားေတာ္စန္း ရွင္ေဆးေဖာ္စပ္တဲ့ေနရာမွာ သဲတီေကာင္ေတြ အမ်ားႀကီးသုံးမွာလား"

သဲတီေကာင္လား သဲထဲက တီေကာင္။ ဒီမိန္းကေလးက သာမန္ကေန တကယ္ ကြဲထြက္ေနတာပဲ။ အမွန္တကယ္ေတာ့ ဒီနာမည္က ပိုၿပီး ကြက္ကြက္ကြင္းကြင္းျမင္ေစတယ္။


......

[Unicode]

အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)

အနီးမှာရှိတဲ့ ကျိုးရှန်ဟူက ကြောင်ကလေး ရေထဲကျသွားတာကိုကြည့်ရင်း သူမက အနည်းငယ် စိုးရိမ်နေလေတယ်။ သူက အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်

"ရှောင်ချောင်း နင့်ရဲ့ကြောင်လေးက ရေကူးနိုင်လား ရေမနစ်နိုင်လောက်ဘူး မလား"

"မကျပါဘူး မကျပါဘူး! ကောက်ညှင်းဖက်ထုပ်လေးက ရေကူးရတာကို ကြိုက်တယ် မစိုးရိမ်ပါနဲ့"

ရွှေရောင်ကြောင်လေးက ယက်ကန်ယက်ကန်နဲ့  ကမ်းခြေကို ရောက်လုနီးပါးဖြစ်တာကြောင့် မစိုးရိမ်ဘဲ ပင်လယ်မျှော့ပဲ ရှာဖို့သွားလိုက်တယ်။

ကမ်းခြေကိုရောက်တဲ့အခါ ရွှေရောင်ကြောင်လေးရဲ့ ခန္ဓာကိုယ် တစ်ခုလုံး စိုရွှဲနေပြီး အရမ်းရှက်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ အံ့ဖွယ်ကျောက်တုံးလေးက နှာမှုတ်ပြီး ကမ်းခြေမှာထိုင်ရင်း သဲတွေတူးနေတဲ့ ယွီရှောင်ချောင်းနားကို ကပ်လာကာ သူ့ရဲ့ ခန္ဓာကိုယ်ကို ခါပြီး ရှောင်ချောင်း မျက်နှာပေါ် ပင်လယ်ရေတွေကို ခါချလိုက်တယ်။ ပြီးတော့ သူ့ရဲ့ခေါင်းကို မော့ပြီး ဖျတ်လတ်စွာ လမ်းလျှောက်သွားတယ်။ ပြီးနောက် တစ်ယောက်မှ အာရုံမစိုက်ကြတဲ့အချိန် သူ့ရဲ့အမွေးတွေ ရေခြောက်ဖို့ စွမ်းအားကို တိတ်တဆိတ် သုံးလိုက်တယ်။

ရှောင်ချောင်းက လူများတဲ့နေရာကနေ ပိုဝေးတဲ့နေရာကို တမင်တကာ ရွှေ့သွားတယ်။ အပေါက်တွေ အများကြီးနဲ့ နေရာကို သူမတွေ့လိုက်ရတာမို့ မီတာဝက်လောက်ကြီးတဲ့ စတုရန်းပုံကျင်းကို တူးဖို့ ဂေါ်ပြားကို သုံးလိုက်တယ်။ အဲ့တာပြီးတဲ့နောက်မှာ သူမလက်ကောက်ဝတ်က ရောင်စုံကျောက်တုံးလေးကို သဲတွင်းထဲက ပင်လယ်ရေထဲ မြှုပ်လိုက်တယ်။

ပြေးလာတဲ့ ရွှေရောင်ကြောင်လေးက သူ့ရဲ့အစစ်အမှန်ကိုယ်ကျောက်တုံးက ရွှံ့ထူတဲ့ ပင်လယ်ရေထဲ အနှစ်ခံထားရတာကို တွေ့လိုက်ရတယ်။ သူက သောကရောက်စွာနဲ့ ရှောင်ချောင်းနား လျှောက်နေရင်း ပြောလိုက်တယ်
[ပင်လယ်ရေက အရမ်း ညစ်ပတ်နေတာကြီး ဒီအံ့ဖွယ်ကျောက်တုံးက ရေချိုးရတာကြိုက်ပေမယ့် ညှီနံ့နံပြီး ညစ်ပတ်တဲ့ ပင်လယ်ရေကို မသုံးနိုင်ဘူး အား!]

ယွီရှောင်ချောင်းက သဲတွင်းဘေးမှာထိုင်ကာ သဲထဲကထွက်လာပြီး ရောင်စုံကျောက်တုံးလေးဆီ ချဉ်းကပ်လာကြတဲ့ ပင်လယ်မျှော့တွေကို ကြည့်နေတယ်။ သူမက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်
"အဲ့လိုမှမလုပ်ရင်မရဘူးလေ ပင်လယ်မျှော့တွေကို ဆွဲဆောင်ဖို့ မင်းရဲ့ဝိညာဉ်စွမ်းအားလိုတယ်
ဒီထဲမနှစ်ထားစေချင်ဘူးဆို တခြားကောင်းတဲ့နည်းလမ်းပြောလေ"

အံ့ဖွယ်ကျောက်တုံးလေးက သူမကိုဒေါသထွက်ပြီး အကူညီမဲ့စွာနဲ့ ပြောလာတယ်

[ငါ့ခန္ဓာကိုယ်ကို ထုတ်လိုက်!အခုငါ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကို ထုတ်လို့ရပြီ]

အိုး!မင်းရဲ့ စွမ်းအားတွေက နောက်တခါ တိုးလာပြီလား ဂုဏ်ယူပါတယ်

ယွီရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးရဲ့ စွမ်းအားတိုးတက်မှုကနေ အကျိုးအရဆုံးက သူမဆိုတာ သိတာကြောင့် သူ့ကို ရိုးသားစွာ ဂုဏ်ပြုလိုက်တယ်။

အံ့ဖွယ်ကျောက်တုံးလေးက ယွီရှောင်ချောင်း သဲတွင်းထဲကနေ သူ့ခန္ဓာကိုယ်အား ထုတ်တာကို စောင့်ကြည့်ပြီး ရောင်စုံကျောက်တုံးလေးကို သန့်ရှင်းအောင်သုတ်ဖို့ သူမကို ပြောလိုက်တယ်။ သူမရဲ့ လက်ကောက်ဝတ်မှာ ပြန်ဝတ်ပြီးတဲ့နောက် သူ့ရဲ့ လက်သည်းလေးတွေကို ပျင်းရိစွာ ဆွဲဆန့်ပြီး သဲတွင်းထဲကို ရွှေရောင် အလင်းလေးနည်းနည်း လွှတ်ထုတ်လိုက်တယ်။

"နည်းနည်းလေးပဲလား အလုပ်ဖြစ်ပါ့မလား"

အဲ့ဘေးမှာ ရှောင်ချောင်းက သူမရဲ့ သံသယတွေကို ဖော်ပြလိုက်တယ်။

အံ့ဖွယ်ကျောက်တုံးလေးက သူ့ရဲ့ မျက်လုံးတွေ လှန်ပြလိုက်ပြီး

"ဒါဆို လုံလောက်တယ်!! ဒီထက်ပို ထုတ်လိုက်မယ်ဆိုရင် ဒီရုပ်ဆိုးတဲ့ ဂျပိုးတွေက စိတ်စွမ်းအင်တွေ အများကြီး စားသုံးမိလို့ ပေါက်ကွဲကုန်လိမ့်မယ်"

သူတို့ပြောနေတုန်း သဲတွင်းထဲက ပင်လယ်မျှော့တွေအားလုံးက တစ်ကောင်ပြီး တစ်ကောင် အပြေးအလွှား ထွက်လာတယ်။ ရှောင်ချောင်းက သူတို့ကို တစ်ကောင်ပြီး တစ်ကောင် ပျော်ရွှင်စွာ ကောက်ပြီး ရေပုံးထဲ ထည့်လိုက်တယ်။ သူမ ပင်လယ်မျှော့အားလုံးကို ကောက်ပြီးတဲ့နောက် တခြား ရေသတ္တဝါတွေကိုပါ ဆွဲဆောင်မိသွားမှာစိုးတာမို့ အံ့ဖွယ်ကျောက်တုံးလေးက သူ့ရဲ့လက်သည်းတွေကို ရမ်းပြီး စွမ်းအင်တွေကို ပြန်သိမ်းလိုက်တယ်။

အံ့ဖွယ်ကျောက်တုံးလေးက စွမ်းအင်တွေကို လိုသလိုထိန်းချုပ်နိုင်နေပြီး ပြန်လည် ရုတ်သိမ်းနိုင်နေပြီ။ ဥပမာဆိုရင် ယွီရှောင်ချောင်းရဲ့ ဖရဲခင်းမှာ ရေ လောင်းဖို့သုံးတဲ့ အံ့ဖွယ်ကျောက်ရေကို အပင်တွေ အတွက်ပဲ အသုံးဝင်ဖို့ စစ်ထုတ်ပေးနိုင်တယ်။ ဒီမတိုင်ခင်ကလို သားရဲတွေကိုပါ ဆွဲဆောင်နိုင်တဲ့ အံ့ဖွယ်ကျောက်ရေကို သုံးမယ်ဆိုရင် ဖရဲခင်းက သေချာပေါက်လုံးဝ ဖျက်ဆီးဝါးမျိုခံရလိမ့်မယ်။

ရှောင်ချောင်းက တခြားနေရာကို ရွေးပြီး ပိုပြီး ကြီးတဲ့သဲတွင်းကို တူးလိုက်တယ်။ ထိုတွင်းက ပိုကြီးပေမဲ့ အရမ်းမနက်ပေ။ သူမရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့တောင်မှ သဲတွင်းကို အခက်အခဲမရှိဘဲ တူးနိုင်တယ်။ အဲ့ဒီအချိန်အတောအတွင်း ရှောင်လျန်က သူ့ညီမကို တစ်ချက်ကြည့်ဖို့ ရောက်လာတယ်။ သူမရဲ့ ညီမလေးက ပင်လယ်မျှော့တွေကို တူးတာမှာ အရှုံးပေးပြီး သဲကို အပျော်တူးနေတယ်လို့ပဲ တွေးလိုက်တယ်။ ဒါပေမယ့် ရှောင်လျန်က သူ့ရဲ့ညီမကို ကြိုးစားလုပ်ဖို့ ဖိအားမပေးဘူး။ တုန်းရန်ဆေးတိုက်က ဈေးမြင့်မြင့်ပေးပေမယ့် ယွီမိသားစုရဲ့ လက်ရှိဝင်ငွေနဲ့ဆို အမှန်တကယ် သူမကို မဆွဲဆောင်နိုင်ဘူး။

ရှောင်ချောင်းက တူးပြီးတဲ့နောက်မှာ ရွှေရောင်ကြောင်လေးက တွင်းဆီကိုလာပြီး တတွတ်တွတ်ပြောရင်း သူလက်သည်းတွေကို ဝေ့ယမ်းလိုက်တယ်

[တကယ်ပါပဲ ဒီပင်လယ်ရေက ငါ့လက်တွေကို စိုအောင်လုပ်တယ် အဆင်မပြေလိုက်တာ။ မင်းက ဘယ်လို သခင်ဖြစ်မျိုးလဲ မင်း ငါ့ကို မင်းရဲ့အိတ်ကပ်ထဲ ထည့်ထားလို့မရဘူးလား]

ယွီရှောင်ချောင်းက သူမအပြင်ထွက်တဲ့အခါ တန်ဖိုးရှိတဲ့ အရာတွေကို ထည့်နိုင်ဖို့ သူမအပေါ်ဝတ် အင်္ကျီထဲမှာ အိတ်ကပ်ကို ချုပ်ထားတယ်။ ဒါကြောင့် ထိုအိတ်ကပ်က အသေးစားကြောင်လေး တစ်ကောင်ကို သယ်ဖို့ လုံလောက်တာထက် ပိုတယ်။

ကမ်းခြေမှာ ဒီရေက ကျရုံဖြစ်တာကြောင့် စိုစွတ်နေတုန်းပင်။ တချို့နိမ့်တဲ့နေရာမှာဆို ဗွက်အိုင် အနည်းငယ်လည်း ရှိတယ်။ ရွှေရောင်ကြောင်လေးက အရွယ်အစား အရမ်းသေးပြီး သူမလက်ဖဝါး လောက်တောင်မကြီးပေ။ သူရဲ့ ခြေထောက်တိုလေးတွေနဲ့ ဒီလို စိုနေတဲ့ ကမ်းခြေပေါ်မှာ လမ်းလျှောက်ဖို့အတွက် အမှန်တကယ် ခက်တယ်။

ယွီရှောင်ချောင်းက ဂရုဏာသက်စွာနဲ့ ကြောင်လေးကို မပြီး သူ့ရဲ့ စိုနေတဲ့ လက်သည်းတွေကို ခြောက်သွေ့စေလိုက်ကာ သူမရဲ့ အပေါ်အင်္ကျီထဲသို့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးကို ထည့်ထားလိုက်တယ်။ ရွှေရောင်ကြောင်လေးက သူမရဲ့ ကော်လံကို လက်သည်းနဲ့ ကုပ်ထားပြီး တောက်ပတဲ့ ခေါင်းလေးကို ထုတ်ထားတယ်။

ပင်လယ်မျှော့တွေက သူတို့ရဲ့ ဝဖီးနေတဲ့ ကိုယ်တွေနဲ့ တစ်ကောင်ပြီးတစ်ကောင် သဲတွင်းထဲကို တွန့်လိမ်ကာ တွားသွားဝင်သွားကြတယ်။ ရှောင်ချောင်းက ပင်လယ်မျှော့တွေကို ရေတွက်လိုက်တယ်။ ဒီသဲတွင်းထဲမှာ ဝဖြိုးနေတဲ့ ပင်လယ်မျှော့ ဆယ်ကောင်မက ရှိလေတယ်။ ပင်လယ်ရေနဲ့ ပင်လယ်မျှော့ပေါ်မှာရှိတဲ့ သဲတွေကို ဆေးလိုက်ပြီးတဲ့နောက် ဝဖြိုးနေတဲ့ အကောင်တွေ တစုတစည်းတည်း မြင်ရတာ မနှစ်မြို့ဖွယ်ကောင်းလွန်းလှတယ်။ ဒါပေမယ့် သူမ သူတို့ရဲ့ တန်ဖိုးကို တွေးမိသွားတဲ့အခါ သည်းခံနိုင်သွားတယ်။

ဒီလိုမျိုး အချိန်နှစ်နာရီ ကုန်သွားပြီးတဲ့နောက်မှာ ကျိုးရှန်ဟူက သူမကို လက်ဝှေ့ပြပြီး အဝေးကနေ လှမ်းအော်လိုက်တယ်

"ရှောင်ချောင်း,  သမားတော်စန်းက ပင်လယ်မျှော့တွေ စဝယ်နေပြီ ဒီကို မြန်မြန်လာ"

သူမအော်ရင်း ကမ်းခြေတလျှောက်ကနေ ဦးတည်ပြေးသွားတယ်။ တုန်းရန်ဆေးခန်းမက ဝယ်လို့ ပြီးသွားပြီး သူမ မရောင်းလိုက်ရမှာကို စိုးရိမ်နေမိတယ်။

ရှောင်ချောင်းက လေးတဲ့ရေပုံးကို သယ်လာရတာကြောင့် သူက အရမ်းမြန်မြန် မလျှောက်နိုင်ပေ။ ရှောင်လျန်က ဝယ်တဲ့နေရာကို အမြန် ရောက်နှင့်နေပြီးပေမယ့် သူမက သူ့ညီမလေး ရုန်းကန်နေရတာကို မြင်တဲ့အခါ သူမဆီပြန်ပြေးလာပြီး ကူပေးလိုက်တယ်။

ရှောင်ချောင်းက အလုပ်လုပ်ရင်း ကစားနေတဲ့ နှုန်းနဲ့ဆိုရင် အများကြီး မကောက်နိုင်လောက်ဘူးလို့ သူမ အစက တွေးလိုက်မိတယ်။ ဒါပေမဲ့ ရှောင်ချောင်းရဲ့ရေပုံးကိုသယ်လိုက်တော့ မသယ်နိုင်လောက်အောင် လေးနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ရှောင်ချောင်းရဲ့ သစ်သားရေပုံးပေါ်မှာ အဖုံးရှိတာမို့ သူမ ပုံးထဲကို မမြင်ရတာကြောင့် မှန်းဆလိုက်ကာ
"ညီမလေး ပင်လယ်မျှော့က ငါးမဟုတ်ပါဘူး သူတို့ကို ပင်လယ်ကခေါ်လာလည်း တန်းမသေနိုင်ဘူးလေ ရေတွေအများကြီး ရေပုံးထဲထည့်တာက တကယ်လေးတယ် ငါမင်းကို တချို့လောင်းထုတ်ဖို့ ကူပေးမယ်"

သူမပြောရင်း သစ်သားရေပုံးကို တဖက်ကို ယိုင်ပြီး တခြားလက်တဖက်နဲ့ အဖုံးကို ဖွင့်လိုက်တယ်။

"မလုပ်နဲ့..."

ယွီရှောင်ချောင်းက သူမမြန်မြန် သွန်ချလိုက်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သူမကို ရပ်တန့်ဖို့ ကြိုးစားနေတုန်း ပင်လယ်မျှော့တချို့က ရေပုံးထဲကနေ ကမ်းခြေပေါ်ကို ထွက်သွားလေပြီ။ သူမက အမြန်ထိုင်ပြီး သဲပေါ်ကျသွားတဲ့ ပင်လယ်မျှော့တွေကို ကောက်ကာ ရေပုံးထဲ ပြန်ထည့်လိုက်တယ်။

ရှောင်လျန်က လုံးဝကိုတောင့်ခဲသွားတယ်။ သူမက ရေပုံးထဲက တွန့်လိမ်နေတဲ့ ပင်လယ်မျှော့တွေကို ကြည့်လိုက်မိတယ်။ ဒါက အမှန်တကယ် ရေပုံးရဲ့ တဝက်ထက်ပိုတယ်။ အလေးချိန် မှန်းတွက်ကြည့်ရင်တောင် အနည်းဆုံး ကျင်းနှစ်ဆယ် ကျင်းသုံးဆယ်လောက် ရှိတယ်။ သူမရဲ့ ညီမငယ်လေး ဒီရေပုံးကို သယ်ဖို့ အခက်အခဲဖြစ်နေတာ အံ့ဩစရာ မရှိပေ။

အစောတုန်းက သူမရဲ့ညီမလေး တူးနေတာကို သတိထားမိပေမယ့် တအားအပြင်းအထန် တူးနေပုံလည်း မပေါ်ပါဘူး။ သူမက ဒီလို အချိန်အတွင်း ပင်လယ်မျှော့တွေအများကြီး ဘယ်လို တူးလိုက်တာလဲ။ သူမ ပင်လယ်မျော့ စတူးတော့ ဒါ သူမညီမလေးရဲ့ ပထမဆုံးအကြိမ် ပင်လယ်မျှော့တူးတယ်ဆိုတာ လုံးဝ သေချာတယ်။ ဒါ ဘုရားသိကြားမတယ် ဆိုတာမျိုးလား။

အဓိက မိသားစုကနေ သူတို့ ခွဲထွက်လာပြီးတဲ့နောက်မှာ သူမညီမလေးရဲ့ စွမ်းရည်တွေက သူတို့ မျှော်လင့်ထားတာထက် အမြဲ ကျော်လွန်နေတာကို တွေးမိသွားပြီး သူမ ပင်လယ်မျှော့တွေ အများကြီး ဘယ်လိုဖမ်းနိုင်တာလဲ တွေးနေတာကို ရပ်လိုက်တော့တယ်။ သူမ ညီမလေးအား အရမ်းလေးတာတွေ အကြာကြီး မကိုင်ထားစေချင်တာမို့

"ညီမလေး မင်း မြန်မြန်ပြေးပြီး တန်းစီ စောင့်နေလိုက် ငါ မင်းအတွက် ပင်လယ်မျှော့တွေ သယ်လာပေးမယ်"

သူမကို တယောက်ယောက်က သယ်ကူနေမှာတော့ ရှောင်ချောင်းက ပျော်ရွှင်စွာ လိုက်လျောလိုက်တယ်။ သူမပြန်မွေးဖွားလာတည်းက သူမရဲ့ သေးသွယ်တဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေက လေးတဲ့အရာတွေ တစ်ခုမှ မလို့မရဘူး။ ရှောင်ချောင်းက လူတန်းအရှည်ကြီးဆီကို အရှိန်ပြည့်နဲ့ အမြန် ပြေးသွားတယ်။

လူတန်းရဲ့ အရှေ့ဆုံးနီးနီးမှာရပ်နေတဲ့ ကျိုးရှန်ဟူက ရှောင်ချောင်း အမောတကော ပြေးလာတာကို မြင်လိုက်တာကြောင့် သူမရဲ့လက်တွေကို ရမ်းပြပြီး

"ရှောင်ချောင်း မြန်မြန်လာ ငါ ငါ့အကိုကို နင့်အတွက် နေရာဦးထားပေးဖို့ ပြောထားတယ် နင်နဲ့ ရှောင်လျန် ဘာလို့အရမ်းနှေးနေတာလဲ"

သူ့ရဲ့နေရာကိုပေးနေတဲ့ ကျိုးရှောင်ဟွားကို ရှောင်ချောင်းက ကြည့်လိုက်ပြီး သူ့ရဲ့နောက်မှာ ရှိတဲ့ လူတန်းရှည်ကြီးကို ကြည့်လိုက်တယ်။ လူတန်းကို ဖြတ်ဖို့က ယဉ်ကျေးမှုမရှိတာလို့ သူမမြင်မိတယ်။ သူမ ချီတုံချတုံဖြစ်နေချိန်မှာ ကျိုးရှောင်ဟွားက သူမလက်မောင်းကိုဆွဲပြီး လူတန်းထဲကို ဆွဲလိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်
"ငါမင်းကို ငါ့နေရာပေးလိုက်တာမို့ လူတန်းကို ဖြတ်ဝင်တယ်လို့ မတွေးနဲ့"

ယွီရှောင်ချောင်းက သူ့နောက်မှာ ရှိတဲ့သူကို အနည်းငယ် တောင်းပန်တဲ့အပြုံး ပြုံးပြလိုက်တော့ သူမနောက်က လူက သူမတို့နဲ့အသိ အရီးရွှမ်းကျူးဆိုတာ သတိထားမိသွားတယ်။ တကယ်တော့ ပင်လယ်မျှော့တွေ ရောင်းဖို့ ရပ်နေတဲ့ လူအများစုက တုန်ရှန်းရွာရဲ့ ငါးဖမ်းသမားတွေပင်။ ရွာသားအချင်းချင်းမို့ ကျိုးရှောင်ဟွားက သူ့နေရာမပေးဘဲ သူမက တန်းဖြတ်စီလိုက်ရင်တောင် ခွင့်လွှတ်ပေးနိုင်ကြတယ်။

ရွှမ်းကျူးရဲ့ဇနီး သယ်လာတဲ့ ခြင်းတောင်းထဲမှာ အလွန်ကောင်းမွန်စွာ သန့်ရှင်းထားတဲ့ ပင်လယ်မျှော့ ဆယ်ကျင်းလောက်ပါတယ်။ သူမက ရှောင်ချောင်း ရင်ဘတ်ပေါ်က ကြောင်လေးရဲ့ ခေါင်းလေးကို ကြည့်ပြီး ရယ်လိုက်တယ်

"အိုး ရှောင်ချောင်း မင်းမွေးထားတဲ့ ဒီကြောင်လေးက အရမ်းတက်ကြွပြီး အရောင်တောက်နေတာပဲ ဒါနဲ့ မင်းကတန်းစီနေပြီတော့ ပင်လယ်မျှော့တွေလည်းပါမလာပါ့လား"

ရှောင်ချောင်းက ရှက်ရွံ့စွာ ပြုံးရင်း ပြောလိုက်တယ်

"ရှောင်လျန် သယ်လာနေတယ် ဟိုမှာလေ! သူမ မကြာခင် ရောက်လာတော့မှာပါ အရီး ဒီနေ့ အများကြီး ရခဲ့တာပဲ ဒါကို တစ်လျန် ဒါမှမဟုတ် နှစ်လျန်လောက်နဲ့ ရောင်းလို့ရလောက်တယ်"

ရွှမ်းကျူးရဲ့ ဇနီးက ပေါ့ပါးစွာ အားရပါးရပြုံးပြီးပြောခဲ့တယ်

"မှန်တာပေါ့ မင်းရဲ့ဦးလေးရွှမ်းကျူး ပင်လယ်ဆီ ထွက်သွားတော့ ငါအိမ်မှာ ပျင်းနေတာလေ ငါ တစ်ယောက်ယောက်က ပင်လယ်မျှော့ဝယ်နေတယ် ကြားတာနဲ့ ပိုက်ဆံတချို့ရှာဖို့ လာခဲ့တာ ငါ ဒီလောက် ကံကောင်းလိမ့်မယ်လို့ ထင်မထားဘူး"

တုန်းရန်ဆေးတိုက်က ပင်လယ်မျှော့ကို စုတာ ပထမအကြိမ်မဟုတ်ဘူး။ သမားတော်စန်းက အလုပ်သမား အနည်းငယ်နဲ့လာပြီး သုံးချိုး လေးချိုးလောက်တောင်ဝယ်တယ်။
လူတစ်ယောက်ချင်းစီတိုင်းရဲ့ ပင်လယ်မျှော့တွေကို ချိန်ပေးပြီး စာရင်းမှတ်လိုက် ငွေရှင်းလိုက်နဲ့ သူတို့ရဲ့ အလုပ်လုပ်နှုန်းက အရမ်းကိုမြန်တယ်။ ရှောင်လျန် ရောက်လာတဲ့အခါကျ သူမရှေ့မှာ လူအများကြီး မရှိတော့ပေ။

ကျိုးရှန်းဟူအလှည့်ရောက်တဲ့အခါ သူနဲ့သူအကိုကြီးက ပင်လယ်မျှော့ စုစုပေါင်း ဆယ့်နှစ်ကျင်းကိုတူးပြီး တစ်လျန်နဲ့ နှစ်မတ်သားရခဲ့တယ်။ ကျိုးရှန်းဟူက ငွေတုံးလေးကိုကိုင်ပြီး ပွင့်နေတဲ့ပန်းလေးလို ပျော်ရွှင်စွာ ပြုံးနေတော့တယ်။

ရှောင်ချောင်းနဲ့ သူ့ရဲ့အစ်မ အလှည့်ရောက်တဲ့အခါ သမားတော်စန်းရဲ့ မျက်လုံးတွေထဲက အပြုံးရိပ်က ပိုနက်ရှိုင်းလာတယ်။ သူ ယွီမိသားစုအပေါ်မှာ လေးနက်တဲ့ ထင်မြင်ချက်ရှိတယ်။ ဆယ်စုနှစ်အတွင်းမှာ သူ ရောဂါအမည်တပ်မှားပြီး မှားယွင်း ထင်မြင်ချက်ချမိတယ်ဆိုတာ တအားကိုရှားတယ်။ ဒါပေမယ့် ယွီမိသားစုမှာတော့ ဖြစ်သွားတယ်။

ယွီရှောင်ချောင်းက အားနည်းတဲ့ အခြေအနေနဲ့ မွေးလာခဲ့တယ်။ သူမက ဆေးဝါးအကူအညီနဲ့ အာဟာရ ပြည့်ခဲ့ရင်တောင် ဆယ်နှစ်မတိုင်ခင်အထိ သူမအသက်ရှင်ဖို့အတွက်ခက်ခဲတယ်။ သို့သော်လည်း ကိုးနှစ်ရှိလာပြီဖြစ်တဲ့ ဒီမိန်းကလေးက မာမာချာချာရှိနေရုံမကပဲ ဆေးစစ်ပြီးတဲ့နောက်မှာ သူမအရင်က ရောဂါလက္ခဏာတွေ ပျောက်တောင်သွားလေပြီ။

ယွီဟိုင်ရဲ့ ခြေထောက်ဟာလည်း ဝက်ဝံအကိုက်ခံရတာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ တခြားလူတွေသာဆို ဒီသွေးသားမရှိတော့တဲ့ ခြေထောက်နဲ့ဆိုရင် သေသွားတာကြာလောက်လေပြီ။ ဒါပေမယ့် သူကတော့ ပြန်ကောင်းလာရုံသာမက အခုသူက အခက်အခဲမရှိ လမ်းတောင် လျှောက်နိုင်နေပြီ။

အလုပ်သင် ယွီဟန်ကလည်း အတွင်းပိုင်း သွေးယိုစိမ့်တဲ့အထိ အရိုက်ခံထားရပြီး သူရဲ့ ကြံ့ခိုင်တဲ့နံရိုးတွေ အများကြီး ကျိုးခဲ့တယ်။ ဒီလို အတွင်းပိုင်း သွေးယိုစိမ့်မှုလို ဖြစ်စဉ်အတွက် သူတို့ထဲက ၉၀ ရာခိုင်နှုန်းက ကယ်ဖို့ ခက်ခဲတယ်။ သို့သော်လည်း ယွီဟန်ခန္ဓာကိုယ်အခြေအနေအရ သူ့ရဲ့သွေးယိုစိမ့်မှုက မြန်မြန် ရပ်သွားပြီး သူ့အရိုးတွေကလည်း အလွန်လျင်မြန်စွာ ပြန်ကောင်းလာခဲ့တယ်။ အပြင်းအထန် ဒဏ်ရာကနေ ပြန်ကောင်းလာဖို့အတွက် ရက်တစ်ရာလောက် အချိန်ယူရတယ်။ ဒါပေမယ့် ယွီဟန်ကတော့ လွန်ခဲ့တဲ့နှစ်လကပဲ သူ့အဖေနဲ့ မြို့ဈေးထဲကို လိုက်နိုင်နေပြီ။ သွေးခုန်နှုန်း စမ်းသပ်ကြည့်ပြီးနောက် သူ့အရိုးတွေ ပြန်ကောင်းလာရုံသာမက ယွီဟန်ရဲ့ခန္ဓာကိုယ်က ပိုပြီး သန်မာလာတာကိုလည်း သတိထားမိတယ်။

ဒီဖြစ်စဉ်တွေအားလုံးက သူကို စိတ်ရှုပ်ထွေးစေတယ်။ ယွီမိသားစုရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေက သာမန်လူတွေနဲ့ ကွဲနေတာ ဖြစ်နိုင်လား။ ဒါပေမယ့် သွေးခုန်နှုန်း စမ်းကြည့်တော့လည်း တစ်ခုမှ ကွဲနေတဲ့ပုံ မပေါ်ပါဘူး အာ!

ဒီအတွေးတွေနဲ့ပဲ သမားတော်စန်းက သူမကို အရင်စနှုတ်ဆက်လိုက်တယ်

"ကောင်မလေး ဒီနေ့တူးလာတာ ဘယ်လိုလဲ"

"မင်္ဂလာပါ သမားတော်စန်း"

အရင်ဘဝမှာဘဲ ဖြစ်ဖြစ် ဒီဘဝမှာဘဲ ဖြစ်ဖြစ် ဆရာဝန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ မရှိမဖြစ် လိုအပ်တယ်။ ယွီရှောင်ချောင်းက သူ့ကို ယဉ်ကျေးစွာနှုတ်ဆက်ပြီး ပြောလိုက်တယ်။

"တူးလာတာ များများရလာတယ် သမားတော်စန်း ရှင်ဆေးဖော်စပ်တဲ့နေရာမှာ သဲတီကောင်တွေ အများကြီးသုံးမှာလား"

သဲတီကောင်လား သဲထဲက တီကောင်။ ဒီမိန်းကလေးက သာမန်ကနေ တကယ် ကွဲထွက်နေတာပဲ။ အမှန်တကယ်တော့ ဒီနာမည်က ပိုပြီး ကွက်ကွက်ကွင်းကွင်းမြင်စေတယ်။


......

Continue Reading

You'll Also Like

85.3K 12.1K 97
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
2.6M 40.7K 10
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
19.2K 3.1K 42
ဘာသာပြန်သူ - စွဲညို့အသင်း