သက်တန့်ရောင် မိန်းမပျို Book...

Av CharmZoey

674K 85.4K 681

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... Mer

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၅၄ (ဂျုံကြာဇံ)

3.1K 366 2
Av CharmZoey

[Zawgyi]

အပိုင္း ၁၅၄ (ဂ်ဳံၾကာဇံ)

မင္းက လူတစ္ေယာက္အေနနဲ႔ ဆိုရင္ တျခားအရည္အခ်င္းေတြအားလုံး ရွိေပမယ့္ မိုက္မိုက္မဲမဲ သိတတ္လြန္းေနတယ္ မင္းဘယ္ေတာ့မွ စည္း သတ္မွတ္မထားဘူးဆိုရင္ အျမတ္ထုတ္ခံေနရဖို႔သာ ျပင္ထားလိုက္!! ဒီလိုပဲဆက္သြားေနမယ္ဆိုရင္ မင္းရဲ႕ မိန္းမနဲ႔ ကေလးေတြပိုၿပီး ခံစားေနရမွာကိုပဲ ငါစိုးရိမ္မိတယ္!

ဧကရာဇ္ေဟာင္းက စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္းကိုသာ ခါရမ္းေနမိတယ္။ သူ႔အတြက္ေတာ့ ယြီဟိုင္က သံမဏိျဖစ္လာဖို႔ ျငင္းဆန္ေနတဲ့ သံတုံးတစ္တုံးလိုပင္။

ဖန္းဇီက်န္းက ယြီမိသားစုအတြင္းက ရႈပ္ေထြးတဲ့ ဆက္ဆံေရးေတြကို ေတာ္ေတာ္ေလး နားလည္သြားၿပီ ျဖစ္တာမို႔ ယြီဟိုင္ကို ၾကည့္လိုက္တယ္။ သူက အနည္းငယ္ မ်က္ေမွာင္ၾကဳပ္လိုက္ကာ

ငါ့ရဲ႕ေမြးစားသမီးကသာ ထပ္ၿပီး ႏွိပ္စက္ခံရမယ္ဆိုရင္ ငါမင္းကို သတိမေပးဘူးဆိုၿပီး အျပစ္မတင္နဲ႔! အဲ့လို အခ်ိန္ေရာက္လာရင္ ငါ ငါ့သမီးကို သက္ေတာင့္သက္သာေနႏိုင္ဖို႔ ၿမိဳ႕ကို ေခၚသြားမယ္!! ၿပီးရင္ မင္းဘယ္ေတာ့မွ သူ႔ကို ထပ္ေတြ႕ရမယ္မထင္နဲ႔!!

ယြီဟိုင္က ထိုစကားကို ၾကားေတာ့ သူ႔မ်က္ႏွာေပၚမွ အၾကည့္က ခ်က္ခ်င္းေျပာင္းလဲသြားေတာ့တယ္။ သူ႔ရဲ႕ သမီးကိုခိုးယူဖို႔ ႀကိဳးစားေနတဲ့ ဒီတစ္ေယာက္နဲ႔ ပတ္သတ္ၿပီး သူေတာ္ေတာ္ေလး မေပ်ာ္မ႐ႊင္ ျဖစ္ေနမိတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္ကတည္းက သူက ဒီဆက္ဆံေရးမွာ ပေထြးတစ္ေယာက္လိုျဖစ္ေနၿပီး ဖန္းဇီက်န္းကေတာ့ အေဖရင္းတစ္ေယာက္လိုပင္။ ဖန္းဇီက်န္းရွိေနရင္ သူေျခတစ္လွမ္း ဆုတ္ေပးရမယ္လို႔ပဲ ခံစားေနရတယ္။

ဒါေပမဲ့လည္း စစ္သူႀကီးဖန္းက သူ႔သမီးအေပၚ တကယ့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေလတယ္။ သူတို႔ ပိုက္ဆံဘာမွ မကုန္လိုက္ရဘဲ အဝတ္အစားေတြ၊ လက္ဝတ္တန္ဆာေတြနဲ႔ ေန႔စဥ္အသုံးျပဳဖို႔ အျခားေဈးႀကီးပစၥည္းေတြက သူ႔သမီးအခန္းထဲကို ေရာက္လာတယ္။ အေရွ႕ဘက္က သူ႔သမီးရဲ႕ အခန္းက အျပည့္ျဖစ္လုနီးပါးပင္။ တကယ္လို႔ ေရွာင္ေခ်ာင္းကသာ မတားခဲ့ဘူးဆိုရင္ ဖန္းဇီက်န္းက သူမကို ဒီထက္ေတာင္ ပိုေပးလိမ့္မည္ျဖစ္သည္။

ႏႈိင္းယွဥ္စရာလူသာ မရွိခဲ့ရင္ သူ႔ရဲ႕ခ်ိဳ႕တဲ့မႈေတြကို ျမင္ႏိုင္ခဲ့မွာမဟုတ္။ အခုေတာ့ ႏႈိင္းယွဥ္စရာရွိလာၿပီ ဆိုေတာ့ သူက အေဖရင္းတစ္ေယာက္အေနနဲ႔ သူ႔သမီးလိုအပ္သမွ် အရာအားလုံး မေပးစြမ္းႏိုင္ခဲ့တဲ့အျပင္ သူမမွာ ေလာဘတက္ၿပီး အလိုရမၼက္ႀကီးလွတဲ့ အမ်ိဳးသမီးလီနဲ႔ အဘြားႀကီးက်န္းတို႔နဲ႔လည္း မၾကာခဏ အဆက္အဆံ လုပ္ေနရေသးတယ္!

အား! အေဖတစ္ေယာက္အေနနဲ႔ သူက တကယ့္ကို အရည္အခ်င္းမျပည့္မီတဲ့သူပဲ ဒါေပမဲ့လည္း သူ႔ထက္ အႀကီးေတြကို သိတတ္မႈျပဖို႔အတြက္နဲ႔ေတာ့ သူ႔ကေလးေတြကို ဒုကၡမေရာက္ေစခ်င္ေပ။သူသာ သူရဲ႕ မိဘေတြအေပၚမနာခံဘူးဆိုတဲ့ ဂုဏ္သတင္းဆိုးသာ ရွိသြားရင္ သူ႔ကေလးေတြက အျခားသူေတြရဲ႕ အတင္းေျပာစရာ ျဖစ္လာၿပီး ၿမိဳ႕မွာ စာသင္သြားတဲ့ သူ႔ရဲ႕သားငယ္ေလးအတြက္ပါ နာမည္ဆိုး ထြက္ႏိုင္တယ္... ဒီအေျခအေနက တကယ့္ကို ေဘးက်ပ္နံက်ပ္ျဖစ္ေနတာပဲ!!

ေရွာင္ေခ်ာင္းက ပူပန္ေနတဲ့ သူ႔အေဖေဘးကို ေလွ်ာက္သြားကာ သူ႔ရဲ႕ ႀကီးမားၿပီး အသာားမာတက်ေနတဲ့ လက္ေတြကို ဆုပ္ကိုင္လိုက္တယ္။ သူမက သူ႔ကို ႏွစ္သိမ့္ေပးလိုက္ရင္း

အေဖ စိတ္မပူပါနဲ႔! သမီး မိသားစုကို စြန႔္ပစ္ၿပီး ၿမိဳ႕ေတာ္မွာ ဇိမ္ရွိရွိနဲ႔ ေနမွာ မဟုတ္ပါဘူး သမီး သြားခ်င္တယ္ဆိုရင္ေတာင္ သမီးတို႔ တစ္မိသားစုလုံး အတူတူ သြားရမွာေပါ့! အေဖ သမီးကို ယုံပါ သမီးတို႔ မိသားစုအတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ခ်မ္းခ်မ္းသာသာ ေနႏိုင္ေအာင္ သမီး ေသခ်ာေပါက္ လုပ္မွာပါ! အျခားသူေတြ သမီးတို႔ကို အားက်သြားေအာင္ လုပ္ၾကတာေပါ့

ယြီဟိုင္ရဲ႕ မ်က္ဝန္းေတြက တျဖည္းျဖည္း နီရဲလာေတာ့တယ္! အား! သူ သူ႔ရဲ႕ ကိုးႏွစ္ေလာက္သာ ရွိေသးတဲ့ သမီးေလးက ႏွစ္သိမ့္ေပးရေလာက္တဲ့အထိ အသုံးမက်ျဖစ္ေနၿပီပဲ။ သူ သူ႔သမီးရဲ႕ ေသးငယ္တဲ့ လက္ေဖာင္းေဖာင္းေလးကို ညင္ညင္သာသာနဲ႔ ဆုပ္ကိုင္လိုက္တယ္။ သူတို႔ ပင္မ မိသားစုကေန ခြဲထြက္လာကတည္းက သူရဲ႕ သမီးငယ္ေလးတင္မကဘဲ က်န္တဲ့ မိသားစုဝင္ေတြေရာ ကိုယ္အေလးခ်ိန္ တိုးလာၾကတယ္။ သူတို႔ရဲ႕ အရင္ကတုတ္ေခ်ာင္းေတြလို ပိန္ကပ္ကပ္ပုံစံနဲ႔ ယွဥ္ၾကည့္လိုက္ရင္ သူတို႔အခု ေတာ္ေတာ္ေလး က်န္းမာလာၾကၿပီပဲ!

အိုး! တကယ့္ကို သမီးလိမၼာေလးပဲ သမီးေတြက ပို ညာတာေထာက္ထားတတ္ၿပီး ခ်စ္ခင္တတ္ၾကတာပဲကိုး သမီးေတြက မိဘေတြကို ေႏြးေထြးေစႏိုင္တဲ့ ေဆာင္းရာသီဝတ္အက်ႌေလးလို႔ ေျပာၾကတာ မဆန္းပါဘူး!

ဖန္းဇီက်န္းရဲ႕ ႏွလုံးသားေလးက သားအဖႏွစ္ေယာက္ကို ၾကည့္ၿပီး မၾကည္မသာ ျဖစ္လာေတာ့တယ္။ ေကာင္းကင္ဘုံက ဘာလို႔မ်ား အျမင္မရွိရတာလဲ ဒီလိုသမီးအလိမၼာေလးက သူ႔ရဲ႕မိသားစုမွာ ေမြးဖြားလာသင့္တာ! သူ႔မွာသာ ဒီလို ႏွစ္လိုဖြယ္ေကာင္းတဲ့ သမီးေလးသာရွိရင္ သူမကို ပိုးေမြးသလို ေမြးၿပီး အေကာင္းဆုံးေတြပဲ ေပးမွာ။ ဘယ္သူ႔ကိုမွ သူမကို အႏိုင္က်င့္ခြင့္ မျပဳႏိုင္ဘူး။

သူတို႔ ေန႔လည္စားစားၿပီးသြားတဲ့ အခါမွာေတာ့ ဧကရာဇ္ေဟာင္းက သူ႔ရဲ႕ အၿခံအရံေတြ ေတာ္ဝင္မိန္းမစိုးတို႔နဲ႔အတူ ေက်ာက္မိသားစုစီ သြားလည္ဖို႔ ထြက္သြားေတာ့တယ္။ သူမသြားခင္မွာ ေျပာသြားခဲ့ေသးတယ္

ဒီည ငါ ဝက္ေခါင္းသားႏွပ္နဲ႔ ဘဲေသြးဂ်ဳံၾကာဇံစြတ္ျပဳတ္စားဖို႔ လာခဲ့မယ္

အဘိုးေက်ာက္ဇီေမာ့က သူနဲ႔ အရင္တုန္းက ႏွစ္ေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့ဖူးေလတယ္။ အရင္မင္းဆက္ကသာ ထီနန္းအတြက္ မိုက္မိုက္မဲမဲ မလုပ္ခဲ့ရင္ သူ႔အတြက္လည္း ထီးနန္းကို သိမ္းပိုက္ဖို႔ လြယ္ကူခဲ့မွာ မဟုတ္ေခ်။ ေက်ာက္ဇီေမာ့ရဲ႕ နည္းဗ်ဴဟာေတြက အလြန္ ေျပာင္ေျမာက္တာေၾကာင့္ သူနဲ႔ အႀကံဉာဏ္ေတြကို ဖလွယ္ဖို႔ မေစာင့္ႏိုင္ေတာ့!

ယြီေရွာင္ေခ်ာင္းက အလြန္ကို အကူအညီမဲ့သြားသလို ခံစားလိုက္ရတယ္! လက္နဲ႔ ပဲဂ်ဳံၾကာဇံ လုပ္ရတာက ေတာ္ေတာ္ေလးရႈပ္ေထြးၿပီး ခက္ခဲလွတယ္။ ဧကရာဇ္ေဟာင္းကေတာ့ တကယ့္ကိုပဲ လူကို တစ္စကၠန႔္ေလာက္ေတာင္ နားနားေနေန မေနခိုင္းပါ့လား!

ေစာေစာက အျပင္မွာ ဧည့္သည္ေတြရွိေနတာေၾကာင့္ အမ်ိဳးသမီးလ်ိဳက အထဲမွာသာ ေနေနခဲ့တယ္။ သူမ အစာစားၿပီး ျပန္ထြက္လာေတာ့ သူမသမီးရဲ႕ မ်က္ႏွာေပၚက စိုးရိမ္ပူပန္မႈေတြကို ျမင္လိုက္ရတယ္။ သူမက စိုးရိမ္တႀကီးနဲ႔ ေမးလိုက္တယ္

ပၪၥမအရွင္ ဆက္တိုက္ ေတာင္းဆိုေနတဲ့ ဂ်ဳံၾကာဇံက ပါဝင္ပစၥည္းေတြရဖို႔ ေတာ္ေတာ္ေလး ခက္လို႔လား

အိမ္မွာ လိုအပ္တဲ့ ပစၥည္းေတြအကုန္ရွိပါတယ္။ ဒါေပမဲ့ လုပ္နည္းက တအားရႈပ္ေထြးလြန္းတယ္!

ယြီေရွာင္ေခ်ာင္းက အလိုလိုက္ခံထားရတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး အမ်ိဳးသမီးလ်ိဳရဲ႕ လက္ေမာင္းထဲ တိုးဝင္လိုက္ၿပီး သူ႔အေမ့ရဲ႕ ကိုယ္သင္းနံ႔ကို ရႉရႈိက္လိုက္တယ္။

အမ်ိဳးသမီးလ်ိဳက သူမသမီးရဲ႕ နက္ေမွာင္ၿပီး ႐ႊန္းစိုေနတဲ့ ဆံႏြယ္ေလးေတြကို ပြတ္သပ္ေပးလိုက္တယ္။ သူ႔သမီးေလးရဲ႕ ခႏၶာကိုယ္က တစ္ေန႔ထက္တစ္ေန႔ ပိုပို က်န္းမာလာၿပီး မိသားစုကေန ခြဲထြက္ လာကတည္းက အေအးမိခ်င္းလည္း မရွိေတာ့။ သူမရဲ႕ အရင္ကရႈပ္ေထြးေျခာက္ေသြ႕ၿပီး ဝါညစ္ေနတဲ့ ဆံပင္ေတြက အာဟာရဓာတ္ေတြ ရလာၿပီးတဲ့ေနာက္ နက္ေမွာင္ေတာက္ပလာၿပီပင္။ သူမေလးရဲ႕ မ်က္ႏွာဟာ ဆိုရင္လည္း အရင္က ျဖဴဖက္ျဖဴေရာနဲ႔ လူမမာ႐ုပ္ေပါက္ေနခဲ့ေပမဲ့ ဆြဲညစ္လို႔ ရေလာက္ေအာင္ကို အသားျပည့္ၿဖိဳးလာခဲ့ၿပီ။ အမ်ိဳးသမီးလ်ိဳ သူမရဲ႕ႏွလုံးသားထဲမွာ စိတ္ေက်နပ္မႈ အႀကီးႀကီး ရသြားေတာ့တယ္။ သူမရဲ႕ကေလးေတြသာ ဒီလိုျဖစ္လာမယ္ဆိုတာ အရင္ကတည္းက ႀကိဳသိခဲ့ရင္ မသိတတ္ဘူး လို႔အေျပာခံရပါေစ ပိုမိုျပင္းျပင္းထန္ထန္နဲ႔ သူတို႔ကို ဆန႔္က်င္မိမွာေပ။

သူမက သူမသမီးငယ္ေလးရဲ႕ ႏွင္းဆီေရာင္သန္းၿပီး ႏူးညံ့ေနတဲ့ မ်က္ႏွာေလးကို ပြတ္လိုက္ရင္း ညင္သာစြာ ေျပာလိုက္တယ္

ကိစၥမရွိပါဘူး အေမကူညီေပးမွာေပါ့!

ၿပီးေတာ့ ငါတို႔လည္းရွိတာပဲ!

ပန္းကန္ေတြနဲ႔ တူေတြကို ေဆးေၾကာသိမ္းဆည္းၿပီးသြားတဲ့ ယြီဟန္ နဲ႔ ေရွာင္လ်န္တို႔က ဝင္လာၿပီး သူတို႔ ညီမေလးက ကေလးဆိုးေလးတစ္ေယာက္လိုျပဳမူေနတဲ့ ရွားပါးျမင္ကြင္းကိုသာ ၾကည့္ရင္း ၿပဳံးေနၾကေတာ့တယ္။ သူတို႔ညီမေလးက ဒီလိုမ်ိဳး ကိုးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္လို ျပဳမူတာက တစ္ခါတစ္ေလမွ မလား။

လက္ေတြအမ်ားႀကီးက အလုပ္ကို ေပါ့ပါးေစတယ္။ သူမရဲ႕ မိသားစုတစ္ခုလုံးဒီမွာ ရွိေနတာဆိုေတာ့ ယြီေရွာင္ေခ်ာင္းက သူမ ခႏၶာကိုယ္မွာ အားအင္ေတြ တလိပ္လိပ္တက္လာသလို ခံစားလိုက္ရတယ္။ သူမက စိတ္လႈပ္ရွားစြာနဲ႔ လက္သီးဆုပ္ေလးကို ေလထဲမွာ လႈပ္ယမ္းလိုက္ရင္း က်ယ္ေလာင္စြာ ဆိုလာတယ္

ဟုတ္ၿပီ ဒါဆို တူတူလုပ္ၾကရေအာင္!!

ေရွာင္လ်န္, မီးဖိုေပၚက အိုးႀကီးကို ေျပာင္ေနေအာင္ တိုက္ခြၽတ္ၿပီးရင္ ေရအျပည့္ထည့္က်ိဳလိုက္

အစ္ကိုႀကီးက ေျမတိုက္ထဲသြားၿပီး ကန္စြန္းဥအမႈန႔္တစ္အိတ္ယူလာခဲ့ေပး!

အေမက သမီးကို ဇလုံႀကီး ကူေဆးေပး... ၿပီးရင္ သမီးကို ပိတ္က်ဲစ တစ္လိပ္ပါျပင္ေပးပါ

အေဖ ဒီသစ္သားဇလုံေလးရဲ႕ေအာက္မွာ အေပါက္ေလးေတြ အက်ဲညီညီေလးျဖစ္ေအာင္ ေဖာက္ေပးလို႔ ရမလား

ယြီေရွာင္ေခ်ာင္းက အကုန္လုံးကို တစ္ေယာက္ၿပီးတစ္ေယာက္ ခိုင္းလိုက္ေတာ့တယ္။ အကုန္လုံးက အလုပ္ေတြ ရႈပ္ေနၾကေပမဲ့ သူတို႔ရဲ႕ရင္ထဲမွာေတာ့ ေပ်ာ္႐ႊင္မႈပန္းေတြ ပြင့္ဖူးေနေတာ့တယ္။ ရည္မွန္းခ်က္ တစ္ခုအတြက္ မိသားစုေတြ အတူတကြ အလုပ္လုပ္ေနၾကရတာက တကယ့္ကို ေပ်ာ္႐ႊင္စရာပင္။

ေရွာင္ေခ်ာင္းက သူ႔အစ္ကိုအား ကန္စြန္းဥအမႈန္႔ေတြကို ဇလုံႀကီးထဲ ေလာင္းထဲလိုက္ၿပီး ေစးပ်စ္သြားတဲ့ အထိ ေရေရာထည့္ဖို႔ ေျပာလိုက္တယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သူမက အညစ္အေၾကးေတြကို ဖယ္ထုတ္ဖို႔ ပိတ္က်ဲစကို သုံးလိုက္တယ္။ သူမလုပ္လို႔ၿပီးသြားတဲ့ အခ်ိန္မွာေတာ့ မီးဖိုေပၚက ေရေတြက စတင္ ဆူပြက္ေနေလၿပီ။

သူတို႔က ေရပူေတြကို ေနာက္တစ္အိုးထဲကို ေလာင္းထည့္လိုက္ၿပီး စစ္ထုတ္ထားတဲ့ ကန္းစြန္းဥအမႈန္႔ေတြကို ထိုအိုးထဲသို႔ ထည့္လိုက္တယ္။ လူတစ္ေယာက္ရဲ႕ လက္ေမာင္းေလာက္ ရွိတဲ့ ဒလိမ့္တုံးကို သုံးၿပီး ပါဝင္ပစၥည္းေတြကို ေရာေမႊလိုက္တယ္။ ဒီအလုပ္က သစ္သားဇလုံကို အေပါက္ေဖာက္ၿပီးသြားတဲ့ ယြီဟိုင္ဆီသို႔ ေရာက္သြားေတာ့တယ္။ သူက စစ္ထုတ္ထားတဲ့ ကန္စြန္းဥအမႈန္႔ေတြကို  ထပ္ထည့္ၿပီး ေမႊလိုက္တယ္။

အိုးကို မီးေအးေအးေလးနဲ႔ တည္ထားလိုက္ၿပီး ကန္စြန္းဥအမႈန႔္ေတြ နယ္ဖို႔ကိုေတာ့ အားအမ်ားႀကီး သုံးဖို႔ လိုတယ္။ မုန႔္နယ္ရတာက ပင္ပန္းတဲ့ အလုပ္ျဖစ္ၿပီး အားအင္ အမ်ားႀကီးလိုတာမလို႔ ယြီဟိုင္က သူ႔မိန္းမနဲ႔ ကေလးေတြကို ဒီလိုအလုပ္ေတြ မလုပ္ခိုင္းဘဲ သူ႔သမီးငယ္ေလးရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း အားအမ်ားႀကီးစိုက္ထုတ္ၿပီး နယ္ေနေတာ့တယ္။

မုန႔္သားကို နယ္ၿပီးသြားတဲ့အခါမွာေတာ့ ေရွာင္ေခ်ာင္းက မီးဖိုေဘးက သူ႔အေမနားမွာ ရပ္ေနေလတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သူမက အေပါက္အသစ္ေဖာက္ထားတဲ့ သစ္သားဇလုံကို ယူလိုက္ၿပီး နယ္ထားတဲ့ ကန္စြန္းဥအမႈန႔္ေတြကို ထည့္လိုက္ေတာ့တယ္။ အမ်ိဳးသမီးလ်ိဳက ေခြးေျခခုံေလးေပၚမွာ မတ္တပ္ရပ္ေနၿပီး သစ္သားဇလုံေလးကို အားနဲ႔ ထုေနတယ္။ နယ္ထားတဲ့ ကန္စြန္းဥမုန႔္သားေတြက အေပါက္ေလးၾကားကေန ျဖည္းျဖည္းခ်င္း က်လာေတာ့တယ္။ ဆြဲအားေၾကာင့္ ကန္စြန္းဥမုန္သား အမွ်င္ေတြက ရွည္ရွည္ေလးနဲ႔ က်စ္က်စ္လစ္လစ္ေလးပင္။ အမွ်င္ေလးေတြက ဆူပြက္ေနတဲ့ ေရထဲကို က်သြားတာနဲ႔ ခ်က္ခ်င္းပဲ က်က္သြားေတာ့တယ္။

ေရွာင္လ်န္က ရွည္လ်ားတဲ့ သစ္သားပ်ဥ္တစ္ေခ်ာင္းကို ယူလိုက္ၿပီး  ဂ်ဳံၾကာဇံအျပည့္နဲ႔အိုးကို အဆက္မျပတ္ ေမႊေနေလတယ္။ တိက်တဲ့ အခ်ိန္ေရာက္ေတာ့ ေရွာင္ေခ်ာင္းက သူမလက္ထဲမွ ဆန္ခါကို သုံးၿပီး က်က္သြားတဲ့ ဂ်ဳံၾကာဇံေတြကို စစ္ထုတ္လိုက္တယ္။ ေရးေအးရဲ႕အစြမ္းက ဂ်ဳံၾကာဇံရဲ႕ အရသာကို ခ်က္ခ်င္းသက္ေရာက္မႈ ရွိေစႏိုင္သည္ပင္။ ဒါေၾကာင့္ စည္ပိုင္းက ေတာင္ေပၚက စမ္းေရကို ျဖည့္ထား႐ုံသာမကဘဲ အံ့ဖြယ္ေက်ာက္ေရ အနည္းငယ္ကိုပါ ေရာထားတာျဖစ္တယ္။

ဂ်ဳံၾကာဇံေတြကို အေအးခံၿပီးတာနဲ႔ ယြီဟန္က ဂ႐ုတစိုက္ ဆြဲယူလိုက္တယ္။ ထိုအခ်ိန္မွာေတာ့ ၾကာဇံေတြက အနည္းငယ္ေစးကပ္ေနေသးၿပီး ယြီဟန္က လက္နဲ႔တစ္မွ်င္ခ်င္း ခြာဖို႔ လိုေသးသည္။ ဒီအလုပ္က ေတာ္ေတာ္ေလး လက္ဝင္ၿပီး ပင္ပန္းတဲ့ အလုပ္ပင္။

ကန္စြန္းဥမုန္႔သားေတြ အေပါက္ထဲကေန ထြက္က်လာေစရန္ ထုေပးဖို႔ ခံႏိုင္ရည္ အမ်ားႀကီး လိုတာေၾကာင့္ မၾကာခင္မွာပဲ အမ်ိဳးသမီးလ်ိဳရဲ႕ လက္ေမာင္းေတြက အလြန္နာက်င္လာၿပီး ထပ္ကိုင္မထားႏိုင္ေတာ့ေပ။ ယြီဟိုင္းက သူ႔မိန္းမအတြက္ စိတ္မေကာင္းျဖစ္သြားၿပီး အလ်င္အျမန္ သူမရဲ႕အလုပ္ကို လြဲယူလိုက္ေတာ့တယ္။

အမ်ိဳးသမီးလ်ိဳက အလဟႆ မေနလိုတာေၾကာင့္ သူမကအေအးခံထားတဲ့ ဂ်ဳံၾကာဇံေတြကို ယူကာ ဝါးလုံးတန္းမွာ ခ်ိတ္ဆြဲလိုက္ၿပီး ေျခာက္ေသြ႕သြားေစဖို႔ သစ္သားျပားေပၚမွာ တင္ထားလိုက္တယ္။ ေနာက္ဆုံးရလဒ္က ပ်က္စီးသြားမွာစိုးတာေၾကာင့္ ဂ်ဳံၾကာဇံကို ေနပူထဲမွာ ထုတ္မလွမ္းၾကေခ်။ ၿပီးေတာ့လည္း သူတို႔ အေျခာက္ခံေနစဥ္မွာ တစ္ခုနဲ႔တစ္ခု ပူးကပ္သြားမွာကေန ကာကြယ္ဖို႔ အေပၚမွာ ေရဖ်န္းဖို႔ လိုေသးတာပင္။ ဒါေပါ့ သူတို႔အေပၚကေန ေရဖ်န္းေပး႐ုံတင္မကဘဲ လက္နဲ႔ အမွ်င္ေလးေတြကို အဆက္မျပတ္ ခြာေပးဖို႔လည္း လိုေသးတယ္။

ဒီလုပ္ငန္းစဥ္ကို အႀကိမ္မ်ားစြာ ထပ္ခါထပ္ခါ လုပ္ၿပီး ေနာက္ဆုံးမွာေတာ့ သစ္သားျပားကို ဖယ္လိုက္ကာ ဝါးလုံးတန္းကို ေထာင္ထားႏိုင္ၿပီပင္။ ဂ်ဳံၾကာဇံေတြကို ဝါးလုံးတန္းမွာခ်ိတ္ဆြဲထားၿပီး ေလနဲ႔ အေျခာက္ခံလိုက္ေတာ့တယ္။ အေျခာက္ခံရတဲ့ လုပ္ငန္းစဥ္အတြင္းမွာ ဂ်ဳံၾကာဇံေတြ လုံးဝ ေျခာက္သြားသည္အထိ တစ္ဖက္ကို လွန္ေပးဖို႔ လူတစ္ေယာက္လိုအပ္တယ္။

မိသားစုတစ္ခုလုံး အလုပ္လုပ္ေနၾကတာျဖစ္လို႔ သူတို႔တစ္ေနလည္ခင္းလုံး ကန္စြန္းဥဂ်ဳံၾကာဇံ က်င္း ႏွစ္ဆယ္ေက်ာ္ေက်ာ္ေလာက္ လုပ္ရင္း အလုပ္မ်ားေနၾကေတာ့တယ္။

သူမ ဂ်ဳံၾကာဇံလုပ္နည္းကို သိေနရသည့္ အေၾကာင္းအရင္းမွာ သူမအရင္ဘဝတုန္းက သူမတို႔႐ြာကို အိမ္ေထာင္က်ၿပီး ေရာက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္က ကန္စြန္းဥဂ်ဳံၾကာဇံလုပ္နည္းကို သိတဲ့ မိသားစုကေန လာတာျဖစ္သည္။ အခ်ိန္တစ္ခုေလာက္အထိ အမ်ိဳးသမီးႀကီးက ၿမိဳ႕ထဲမွာ လက္လုပ္ဂ်ဳံၾကာဇံကို ေရာင္းေလ့ရွိတယ္။ ေရွာင္ေခ်ာင္းျဖစ္တဲ့ အရင္ဘဝက လင္းေရွာင္ဝမ္က ထိုအမ်ိဳးသမီးကို ကူလုပ္ေပးခဲ့တာေၾကာင့္ လုပ္ငန္းစဥ္တစ္ခုလုံးကို ရင္းရင္းႏွီးႏွီးသိေနျခင္းပင္။

သို႔ေသာ္လည္း ဒါက သူမကိုယ္တိုင္ တသီးတျခား ၿပီးၿပီးေျမာက္ေျမာက္လုပ္ႏိုင္ၿပီး ဂ်ဳံၾကာဇံေတြလည္း အဆင္ေျပေျပထြက္လာခဲ့တဲ့ ပထမဆုံးအႀကိမ္ပင္။ သို႔ေသာ္လည္း ထြက္လာတဲ့ ရလဒ္က အထူ မညီေပ။ ဂ်ဳံၾကာဇံလုပ္တာက အေလ့အက်င့္နဲ႔ စြမ္းေဆာင္ရည္လိုအပ္တဲ့ အလုပ္ျဖစ္တယ္။ ပိုမ်ားမ်ား လုပ္ေလ ပိုေကာင္းေကာင္း ထြက္လာေလပင္။

သို႔ေပမဲ့လည္း ဂ်ဳံၾကာဇံျပဳလုပ္ရတဲ့ အလုပ္က ေတာ္ေတာင္ေလး ပင္ပန္းၿပီး ေျခကုန္လက္ပန္း က်ေလတယ္။ အထူးသျဖင့္ ယြီဟန္ရဲ႕ တာဝန္ပင္--သူကေတာ္ေတာ္ေလး ေလးတဲ့ သစ္သားဇလုံကို ကိုင္ေျမာက္ထားရၿပီး ကန္စြန္းဥမုန႔္သားေတြ ထြက္က်လာေစဖို႔ အဆက္မျပတ္ ထုေနရတာကိုး။ ဒီအလုပ္ေတြၿပီးသြားတဲ့ အခါမွာလည္း သူ႔လက္ေမာင္းေတြက သူ႔အပိုင္လို႔ကို မခံစားရေတာ့။ လက္ေတြကို ေျမႇာက္ပင္ မေျမႇာက္ႏိုင္ေတာ့ေအာင္ကို နာက်င္ေနေတာ့တယ္။ ေရွာင္ေခ်ာင္းက ေရာင္စုံေက်ာက္တုံးေလးကို သုံးကာ အေတာ္ၾကာေအာင္ သူလက္ေမာင္းကို ႏွိပ္ေပးလိုက္ေတာ့မွ အနည္းငယ္ သက္သာလာေတာ့တယ္။

ညအခ်ိန္အခါက တျဖည္းျဖည္း က်ေရာက္လာၿပီး ဧကရာဇ္ေဟာင္းက ေနာက္ဆုံးမွာေတာ့ ေက်ာက္ဇီေမာ့တို႔ တစ္မိသားစုလုံးနဲ႔ အတူ ျပန္ေရာက္လာတယ္။ ဧကရာဇ္ေဟာင္းက အလြန႔္အလြန္ ေက်နပ္အားရစြာနဲ႔ အထဲကို ေလွ်ာက္ဝင္လာလိုက္တယ္။ သူ႔မ်က္ႏွာေပၚက အမူအရာကို ၾကည့္ရပုံအရ ေန႔လည္တုန္းက သူေဆြးေႏြးေျပာဆိုခဲ့ အက်ိဳးျဖစ္ထြန္းခဲ့မွန္း သိသာလွတယ္။ မ်ိဳးဆက္ေတြ ေျပာင္းလဲလာၿပီး ႏွစ္ေတြကုန္ဆုံးလာတာနဲ႔အမွ် စစ္ပြဲနဲ႔ ပတ္သတ္တဲ့ နည္းဗ်ဴဟာေတြက ေပ်ာက္ဆုံးကုန္ၿပီပင္။ ေက်ာက္မိသားစုရဲ႕ စြမ္းရည္ေတြနဲ႔ သူ႔ကိုရွင္းျပခဲ့တာေၾကာင့္ သူနားမလည္ႏိုင္တဲ့ ျပႆနာေတြအမ်ားႀကီးကို ႐ုတ္တရက္ ရွင္းလင္းသြားေတာ့တယ္။

သူတို႔ စစ္ေျမျပင္ကို ေနာက္ဆုံးေရာက္ခဲ့တာ ေတာ္ေတာ္ေလး ၾကာေနၿပီဆိုေပမဲ့ ဧကရာဇ္ေဟာင္းနဲ႔ ေက်ာက္ဇီေမာ့တို႔က အ႐ိုးစြဲတဲ့အထိ စစ္သားမ်ားျဖစ္ၾကတယ္။ သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ နည္းဗ်ဴဟာေတြ ေဆြးေႏြးေနၾကခ်ိန္မွာ သူတို႔က တျခားလူေတြကို သဲက်င္းတစ္ခုလုပ္ႏိုင္ဖို႔ ကမ္းေျခကေန သဲေတြကို ယူခိုင္းလိုက္တယ္။ သဲက်င္းေတြကို သုံးၿပီး ေန႔လည္ခင္းတစ္ခုလုံး တစ္ေယာက္နဲ႔ တစ္ေယာက္ယွဥ္တိုက္ၾကၿပီး အျခားသူေတြကို ေႏွာက္ယွက္ခြင့္ မျပဳခဲ့ေခ်။ ႏွစ္ေယာက္လုံး ႏိုင္လိုက္ရႈံးလိုက္နဲ႔ စစ္ပညာရဲ႕ အသိအျမင္အသစ္ေတြကို ရရွိၾကတယ္။ လူအိုႀကီး ႏွစ္ေယာက္က သူတို႔ႏွစ္ေယာက္တည္းနဲ႔ အေတာ္ေလး ေပ်ာ္႐ႊင္ေနၾကတယ္။

သူတို႔ ၿပီးသြားတာနဲ႔ ဧကရာဇ္ေဟာင္းက ေက်ာက္ဇီေမာ့နဲ႔ သူ႔မိသားစုဝင္ေတြကို ယြီမိသားစုအိမ္မွာ စားေကာင္းေသာက္ဖြယ္ေတြ လိုက္စားဖို႔ အထူးဖိတ္ၾကားလိုက္တယ္။ သူက ေက်ာက္ဇီေမာ့ကိုေတာင္ ထူးထူးဆန္းဆန္း ေစာင္းပါးရိပ္ခ်ည္ ေျပာလိုက္ေသးတယ္

ဒီေန႔ မိန္းကေလး ေရွာင္ေခ်ာင္းက ဟင္းပြဲအသစ္တစ္ပြဲ ျပဳလုပ္ထားတာေလ မင္းဒီလိုမ်ိဳး အရင္က တစ္ခါမွ စားဖူးမွာ မဟုတ္ဘူးဆိုတာ ငါအာမခံရဲတယ္။ မင္းမသြားရင္ မင္းၿမိဳ႕ေတာ္ကို ျပန္သြားတဲ့ အခါ ဘယ္ေတာ့မွ စားႏိုင္မွာ မဟုတ္ေတာ့ဘူး

သူ႔အတြက္ေတာ့ ႏႈတ္ခမ္းေလးကို လႈပ္ၿပီး ေျပာရတာလြယ္ကူေပမဲ့ သူ႔ရဲ႕ စကားတစ္ခြန္းေလးေၾကာင့္ ယြီမိသားစုခမ်ာ တစ္ေန႔လည္ခင္းလုံး အလုပ္ရႈပ္ေနၾကေတာ့တယ္။ သူကေတာ့ ႂကြားလုံးထုတ္ ၿပီးသြားေပမဲ့ ေရွာင္ေခ်ာင္း လုပ္ႏိုင္ပါ့မလားဆိုတာကို နည္းနည္းေလးေတာင္ စိုးရိမ္မေနပါေခ်!

ေက်ာက္ဟန္က ေဘးမွာ က်ိတ္ရယ္လိုက္ရင္း စိတ္ထဲမွာေတြးလိုက္တယ္

ငါ့မိသားစုနဲ႔ ေရွာင္ေခ်ာင္းရဲ႕ မိသားစုက ဆက္ဆံေရးေကာင္းေကာင္းရွိတာကို ငါက ဘယ္လိုလုပ္ မစားရဘဲ ေနမွာလဲ သူမ အရသာရွိတာ တစ္ခုခုလုပ္တဲ့အခါတိုင္းလည္း သူမ အၿမဲငါ့တို႔ဆီ ပို႔ေပးေနၾကပဲကို

သို႔ေသာ္လည္း သူကေတြးလိုက္မိျပန္တယ္

ဒီေန႔ အဘိုးက နန္းတြင္းကေန ရာထူးတစ္ခု လက္ခံရရွိခဲ့တာပဲ ေနာက္ရက္အနည္းငယ္ေလာက္ဆိုရင္ သူၿမိဳ႕ေတာ္ကိုသြားၿပီး သူ႔ရဲ႕ရာထူးကို လက္ခံရမွာ အေဖကလည္း စတုတၱအဆင့္ စစ္သူႀကီးအျဖစ္ ႏွင္းအပ္ခံရၿပီး အေနာက္ေတာင္ဘက္က လူမ်ိဳးႏြယ္စုေတြက ေနာက္ပိုင္း သိပ္မၿငိမ္းခ်မ္းဖူးလို႔ ၾကားတယ္။ သူ႔အဖိုးက ေတာ္ေတာ္ေလး အသက္ႀကီးေနၿပီဆိုေတာ့ သူ႔အေဖက ေက်ာက္မိသားစုရဲ႕ ဓေလ့အတိုင္း မေရွာင္လြဲသာဘဲ စစ္ေျမျပင္ကို သြားရမွာပဲ

သူ႔အ႐ြယ္မွာ သူ႔အေဖက သူ႔အဘိုးနဲ႔အတူ တိုက္ပြဲမွာ တိုက္ခိုက္ေနၿပီျဖစ္တယ္။ ေက်ာက္ဟန္ကလည္း အေတြ႕အႀကဳံရႏိုင္ဖို႔ နယ္စပ္ကို သြားရမည္ဆိုတာ အေသအခ်ာပင္။ ေယာက္်ားတိုင္းမွာ သူ႔ရဲ႕ ႏွလုံးသားထဲကေန လုပ္ေဆာင္ခ်င္တဲ့ အိမ္မက္တစ္ခုရွိၾကသည္။ ငယ္ငယ္႐ြယ္႐ြယ္ကတည္းက ကိုယ္ခံပညာကို သင္လာခဲ့ရတဲ့ သူတစ္ေယာက္ျဖစ္တာမို႔ သူလည္း အပါအဝင္ပင္။ စစ္ေျမျပင္ကိုသြားၿပီး တိုင္းျပည္အတြက္ ရန္သူေတြကို တိုက္ခိုက္ႏိုင္ဖို႔က သူရဲ႕အခ်ိန္ေတာ္ေတာ္ ၾကာေအာင္ မက္ခဲ့ရတဲ့ အိမ္မက္ျဖစ္တာေၾကာင့္ သူအခုေပ်ာ္ေနသင့္ေပသည္။

သို႔ေသာ္လည္း ေနာက္ဆိုရင္ ေရွာင္ေခ်ာင္းရဲ႕ အစားအစာေတြကို ေတာ္ေတာ္ၾကာေအာင္ မစားႏိုင္ေတာ့မွာနဲ႔ သူမကို ထပ္မေတြ႕ႏိုင္ေတာ့မွာကို ေတြးမိတာနဲ႔... ေက်ာက္ဟန္က ခ်က္ခ်င္း ဝမ္းနည္းပူေဆြး လာေတာ့တယ္။

ဟား ဟား ေက်ာက္မိသားစုက လူငယ္ေလး ႐ုတ္တရက္ မင္းဘာလို႔ဝမ္းနည္းသြားတာလဲ စိတ္မပူပါနဲ႔ ဒီေန႔ မင္းတို႔အားလုံး ငါ ပၪၥမအရွင္ရဲ႕ ေက်းဇူးနဲ႔ စားရမွာပါကြ ငါတို႔အားလုံးက ဟင္းပြဲအသစ္ကို ျမည္းရတဲ့ ပထမဆုံးသူေတြ ျဖစ္ႏိုင္ပါတယ္ လာၾက လာၾက ငါထပ္မေစာင့္ႏိုင္ေတာ့ဘူး!!

ဧကရာဇ္ေဟာင္းက အေရွ႕ကေန ဦးေဆာင္ၿပီး ေတာင္ေပၚလမ္းကို အျမန္ ေလွ်ာက္သြားလိုက္ေတာ့တယ္။ သူက သူ႔ရဲ႕ေျခခ်င္းဝတ္လည္သြားမွာကိုေတာင္ စိုးရိမ္မေနပါေခ်။

.....

[Unicode]

အပိုင်း ၁၅၄ (ဂျုံကြာဇံ)

မင်းက လူတစ်ယောက်အနေနဲ့ ဆိုရင် တခြားအရည်အချင်းတွေအားလုံး ရှိပေမယ့် မိုက်မိုက်မဲမဲ သိတတ်လွန်းနေတယ် မင်းဘယ်တော့မှ စည်း သတ်မှတ်မထားဘူးဆိုရင် အမြတ်ထုတ်ခံနေရဖို့သာ ပြင်ထားလိုက်!! ဒီလိုပဲဆက်သွားနေမယ်ဆိုရင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေပိုပြီး ခံစားနေရမှာကိုပဲ ငါစိုးရိမ်မိတယ်!

ဧကရာဇ်ဟောင်းက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုသာ ခါရမ်းနေမိတယ်။ သူ့အတွက်တော့ ယွီဟိုင်က သံမဏိဖြစ်လာဖို့ ငြင်းဆန်နေတဲ့ သံတုံးတစ်တုံးလိုပင်။

ဖန်းဇီကျန်းက ယွီမိသားစုအတွင်းက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို တော်တော်လေး နားလည်သွားပြီ ဖြစ်တာမို့ ယွီဟိုင်ကို ကြည့်လိုက်တယ်။ သူက အနည်းငယ် မျက်မှောင်ကြုပ်လိုက်ကာ

ငါ့ရဲ့မွေးစားသမီးကသာ ထပ်ပြီး နှိပ်စက်ခံရမယ်ဆိုရင် ငါမင်းကို သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့! အဲ့လို အချိန်ရောက်လာရင် ငါ ငါ့သမီးကို သက်တောင့်သက်သာနေနိုင်ဖို့ မြို့ကို ခေါ်သွားမယ်!! ပြီးရင် မင်းဘယ်တော့မှ သူ့ကို ထပ်တွေ့ရမယ်မထင်နဲ့!!

ယွီဟိုင်က ထိုစကားကို ကြားတော့ သူ့မျက်နှာပေါ်မှ အကြည့်က ချက်ချင်းပြောင်းလဲသွားတော့တယ်။ သူ့ရဲ့ သမီးကိုခိုးယူဖို့ ကြိုးစားနေတဲ့ ဒီတစ်ယောက်နဲ့ ပတ်သတ်ပြီး သူတော်တော်လေး မပျော်မရွှင် ဖြစ်နေမိတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက သူက ဒီဆက်ဆံရေးမှာ ပထွေးတစ်ယောက်လိုဖြစ်နေပြီး ဖန်းဇီကျန်းကတော့ အဖေရင်းတစ်ယောက်လိုပင်။ ဖန်းဇီကျန်းရှိနေရင် သူခြေတစ်လှမ်း ဆုတ်ပေးရမယ်လို့ပဲ ခံစားနေရတယ်။

ဒါပေမဲ့လည်း စစ်သူကြီးဖန်းက သူ့သမီးအပေါ် တကယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေတယ်။ သူတို့ ပိုက်ဆံဘာမှ မကုန်လိုက်ရဘဲ အဝတ်အစားတွေ၊ လက်ဝတ်တန်ဆာတွေနဲ့ နေ့စဉ်အသုံးပြုဖို့ အခြားဈေးကြီးပစ္စည်းတွေက သူ့သမီးအခန်းထဲကို ရောက်လာတယ်။ အရှေ့ဘက်က သူ့သမီးရဲ့ အခန်းက အပြည့်ဖြစ်လုနီးပါးပင်။ တကယ်လို့ ရှောင်ချောင်းကသာ မတားခဲ့ဘူးဆိုရင် ဖန်းဇီကျန်းက သူမကို ဒီထက်တောင် ပိုပေးလိမ့်မည်ဖြစ်သည်။

နှိုင်းယှဉ်စရာလူသာ မရှိခဲ့ရင် သူ့ရဲ့ချို့တဲ့မှုတွေကို မြင်နိုင်ခဲ့မှာမဟုတ်။ အခုတော့ နှိုင်းယှဉ်စရာရှိလာပြီ ဆိုတော့ သူက အဖေရင်းတစ်ယောက်အနေနဲ့ သူ့သမီးလိုအပ်သမျှ အရာအားလုံး မပေးစွမ်းနိုင်ခဲ့တဲ့အပြင် သူမမှာ လောဘတက်ပြီး အလိုရမ္မက်ကြီးလှတဲ့ အမျိုးသမီးလီနဲ့ အဘွားကြီးကျန်းတို့နဲ့လည်း မကြာခဏ အဆက်အဆံ လုပ်နေရသေးတယ်!

အား! အဖေတစ်ယောက်အနေနဲ့ သူက တကယ့်ကို အရည်အချင်းမပြည့်မီတဲ့သူပဲ ဒါပေမဲ့လည်း သူ့ထက် အကြီးတွေကို သိတတ်မှုပြဖို့အတွက်နဲ့တော့ သူ့ကလေးတွေကို ဒုက္ခမရောက်စေချင်ပေ။သူသာ သူရဲ့ မိဘတွေအပေါ်မနာခံဘူးဆိုတဲ့ ဂုဏ်သတင်းဆိုးသာ ရှိသွားရင် သူ့ကလေးတွေက အခြားသူတွေရဲ့ အတင်းပြောစရာ ဖြစ်လာပြီး မြို့မှာ စာသင်သွားတဲ့ သူ့ရဲ့သားငယ်လေးအတွက်ပါ နာမည်ဆိုး ထွက်နိုင်တယ်... ဒီအခြေအနေက တကယ့်ကို ဘေးကျပ်နံကျပ်ဖြစ်နေတာပဲ!!

ရှောင်ချောင်းက ပူပန်နေတဲ့ သူ့အဖေဘေးကို လျှောက်သွားကာ သူ့ရဲ့ ကြီးမားပြီး အသာားမာတကျနေတဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တယ်။ သူမက သူ့ကို နှစ်သိမ့်ပေးလိုက်ရင်း

အဖေ စိတ်မပူပါနဲ့! သမီး မိသားစုကို စွန့်ပစ်ပြီး မြို့တော်မှာ ဇိမ်ရှိရှိနဲ့ နေမှာ မဟုတ်ပါဘူး သမီး သွားချင်တယ်ဆိုရင်တောင် သမီးတို့ တစ်မိသားစုလုံး အတူတူ သွားရမှာပေါ့! အဖေ သမီးကို ယုံပါ သမီးတို့ မိသားစုအတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ချမ်းချမ်းသာသာ နေနိုင်အောင် သမီး သေချာပေါက် လုပ်မှာပါ! အခြားသူတွေ သမီးတို့ကို အားကျသွားအောင် လုပ်ကြတာပေါ့

ယွီဟိုင်ရဲ့ မျက်ဝန်းတွေက တဖြည်းဖြည်း နီရဲလာတော့တယ်! အား! သူ သူ့ရဲ့ ကိုးနှစ်လောက်သာ ရှိသေးတဲ့ သမီးလေးက နှစ်သိမ့်ပေးရလောက်တဲ့အထိ အသုံးမကျဖြစ်နေပြီပဲ။ သူ သူ့သမီးရဲ့ သေးငယ်တဲ့ လက်ဖောင်းဖောင်းလေးကို ညင်ညင်သာသာနဲ့ ဆုပ်ကိုင်လိုက်တယ်။ သူတို့ ပင်မ မိသားစုကနေ ခွဲထွက်လာကတည်းက သူရဲ့ သမီးငယ်လေးတင်မကဘဲ ကျန်တဲ့ မိသားစုဝင်တွေရော ကိုယ်အလေးချိန် တိုးလာကြတယ်။ သူတို့ရဲ့ အရင်ကတုတ်ချောင်းတွေလို ပိန်ကပ်ကပ်ပုံစံနဲ့ ယှဉ်ကြည့်လိုက်ရင် သူတို့အခု တော်တော်လေး ကျန်းမာလာကြပြီပဲ!

အိုး! တကယ့်ကို သမီးလိမ္မာလေးပဲ သမီးတွေက ပို ညာတာထောက်ထားတတ်ပြီး ချစ်ခင်တတ်ကြတာပဲကိုး သမီးတွေက မိဘတွေကို နွေးထွေးစေနိုင်တဲ့ ဆောင်းရာသီဝတ်အင်္ကျီလေးလို့ ပြောကြတာ မဆန်းပါဘူး!

ဖန်းဇီကျန်းရဲ့ နှလုံးသားလေးက သားအဖနှစ်ယောက်ကို ကြည့်ပြီး မကြည်မသာ ဖြစ်လာတော့တယ်။ ကောင်းကင်ဘုံက ဘာလို့များ အမြင်မရှိရတာလဲ ဒီလိုသမီးအလိမ္မာလေးက သူ့ရဲ့မိသားစုမှာ မွေးဖွားလာသင့်တာ! သူ့မှာသာ ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ သမီးလေးသာရှိရင် သူမကို ပိုးမွေးသလို မွေးပြီး အကောင်းဆုံးတွေပဲ ပေးမှာ။ ဘယ်သူ့ကိုမှ သူမကို အနိုင်ကျင့်ခွင့် မပြုနိုင်ဘူး။

သူတို့ နေ့လည်စားစားပြီးသွားတဲ့ အခါမှာတော့ ဧကရာဇ်ဟောင်းက သူ့ရဲ့ အခြံအရံတွေ တော်ဝင်မိန်းမစိုးတို့နဲ့အတူ ကျောက်မိသားစုစီ သွားလည်ဖို့ ထွက်သွားတော့တယ်။ သူမသွားခင်မှာ ပြောသွားခဲ့သေးတယ်

ဒီည ငါ ဝက်ခေါင်းသားနှပ်နဲ့ ဘဲသွေးဂျုံကြာဇံစွတ်ပြုတ်စားဖို့ လာခဲ့မယ်

အဘိုးကျောက်ဇီမော့က သူနဲ့ အရင်တုန်းက နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးလေတယ်။ အရင်မင်းဆက်ကသာ ထီနန်းအတွက် မိုက်မိုက်မဲမဲ မလုပ်ခဲ့ရင် သူ့အတွက်လည်း ထီးနန်းကို သိမ်းပိုက်ဖို့ လွယ်ကူခဲ့မှာ မဟုတ်ချေ။ ကျောက်ဇီမော့ရဲ့ နည်းဗျူဟာတွေက အလွန် ပြောင်မြောက်တာကြောင့် သူနဲ့ အကြံဉာဏ်တွေကို ဖလှယ်ဖို့ မစောင့်နိုင်တော့!

ယွီရှောင်ချောင်းက အလွန်ကို အကူအညီမဲ့သွားသလို ခံစားလိုက်ရတယ်! လက်နဲ့ ပဲဂျုံကြာဇံ လုပ်ရတာက တော်တော်လေးရှုပ်ထွေးပြီး ခက်ခဲလှတယ်။ ဧကရာဇ်ဟောင်းကတော့ တကယ့်ကိုပဲ လူကို တစ်စက္ကန့်လောက်တောင် နားနားနေနေ မနေခိုင်းပါ့လား!

စောစောက အပြင်မှာ ဧည့်သည်တွေရှိနေတာကြောင့် အမျိုးသမီးလျိုက အထဲမှာသာ နေနေခဲ့တယ်။ သူမ အစာစားပြီး ပြန်ထွက်လာတော့ သူမသမီးရဲ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေကို မြင်လိုက်ရတယ်။ သူမက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်

ပဉ္စမအရှင် ဆက်တိုက် တောင်းဆိုနေတဲ့ ဂျုံကြာဇံက ပါဝင်ပစ္စည်းတွေရဖို့ တော်တော်လေး ခက်လို့လား

အိမ်မှာ လိုအပ်တဲ့ ပစ္စည်းတွေအကုန်ရှိပါတယ်။ ဒါပေမဲ့ လုပ်နည်းက တအားရှုပ်ထွေးလွန်းတယ်!

ယွီရှောင်ချောင်းက အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုး အမျိုးသမီးလျိုရဲ့ လက်မောင်းထဲ တိုးဝင်လိုက်ပြီး သူ့အမေ့ရဲ့ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်တယ်။

အမျိုးသမီးလျိုက သူမသမီးရဲ့ နက်မှောင်ပြီး ရွှန်းစိုနေတဲ့ ဆံနွယ်လေးတွေကို ပွတ်သပ်ပေးလိုက်တယ်။ သူ့သမီးလေးရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုပို ကျန်းမာလာပြီး မိသားစုကနေ ခွဲထွက် လာကတည်းက အအေးမိချင်းလည်း မရှိတော့။ သူမရဲ့ အရင်ကရှုပ်ထွေးခြောက်သွေ့ပြီး ဝါညစ်နေတဲ့ ဆံပင်တွေက အာဟာရဓာတ်တွေ ရလာပြီးတဲ့နောက် နက်မှောင်တောက်ပလာပြီပင်။ သူမလေးရဲ့ မျက်နှာဟာ ဆိုရင်လည်း အရင်က ဖြူဖက်ဖြူရောနဲ့ လူမမာရုပ်ပေါက်နေခဲ့ပေမဲ့ ဆွဲညစ်လို့ ရလောက်အောင်ကို အသားပြည့်ဖြိုးလာခဲ့ပြီ။ အမျိုးသမီးလျို သူမရဲ့နှလုံးသားထဲမှာ စိတ်ကျေနပ်မှု အကြီးကြီး ရသွားတော့တယ်။ သူမရဲ့ကလေးတွေသာ ဒီလိုဖြစ်လာမယ်ဆိုတာ အရင်ကတည်းက ကြိုသိခဲ့ရင် မသိတတ်ဘူး လို့အပြောခံရပါစေ ပိုမိုပြင်းပြင်းထန်ထန်နဲ့ သူတို့ကို ဆန့်ကျင်မိမှာပေ။

သူမက သူမသမီးငယ်လေးရဲ့ နှင်းဆီရောင်သန်းပြီး နူးညံ့နေတဲ့ မျက်နှာလေးကို ပွတ်လိုက်ရင်း ညင်သာစွာ ပြောလိုက်တယ်

ကိစ္စမရှိပါဘူး အမေကူညီပေးမှာပေါ့!

ပြီးတော့ ငါတို့လည်းရှိတာပဲ!

ပန်းကန်တွေနဲ့ တူတွေကို ဆေးကြောသိမ်းဆည်းပြီးသွားတဲ့ ယွီဟန် နဲ့ ရှောင်လျန်တို့က ဝင်လာပြီး သူတို့ ညီမလေးက ကလေးဆိုးလေးတစ်ယောက်လိုပြုမူနေတဲ့ ရှားပါးမြင်ကွင်းကိုသာ ကြည့်ရင်း ပြုံးနေကြတော့တယ်။ သူတို့ညီမလေးက ဒီလိုမျိုး ကိုးနှစ်အရွယ် ကလေးတစ်ယောက်လို ပြုမူတာက တစ်ခါတစ်လေမှ မလား။

လက်တွေအများကြီးက အလုပ်ကို ပေါ့ပါးစေတယ်။ သူမရဲ့ မိသားစုတစ်ခုလုံးဒီမှာ ရှိနေတာဆိုတော့ ယွီရှောင်ချောင်းက သူမ ခန္ဓာကိုယ်မှာ အားအင်တွေ တလိပ်လိပ်တက်လာသလို ခံစားလိုက်ရတယ်။ သူမက စိတ်လှုပ်ရှားစွာနဲ့ လက်သီးဆုပ်လေးကို လေထဲမှာ လှုပ်ယမ်းလိုက်ရင်း ကျယ်လောင်စွာ ဆိုလာတယ်

ဟုတ်ပြီ ဒါဆို တူတူလုပ်ကြရအောင်!!

ရှောင်လျန်, မီးဖိုပေါ်က အိုးကြီးကို ပြောင်နေအောင် တိုက်ချွတ်ပြီးရင် ရေအပြည့်ထည့်ကျိုလိုက်

အစ်ကိုကြီးက မြေတိုက်ထဲသွားပြီး ကန်စွန်းဥအမှုန့်တစ်အိတ်ယူလာခဲ့ပေး!

အမေက သမီးကို ဇလုံကြီး ကူဆေးပေး... ပြီးရင် သမီးကို ပိတ်ကျဲစ တစ်လိပ်ပါပြင်ပေးပါ

အဖေ ဒီသစ်သားဇလုံလေးရဲ့အောက်မှာ အပေါက်လေးတွေ အကျဲညီညီလေးဖြစ်အောင် ဖောက်ပေးလို့ ရမလား

ယွီရှောင်ချောင်းက အကုန်လုံးကို တစ်ယောက်ပြီးတစ်ယောက် ခိုင်းလိုက်တော့တယ်။ အကုန်လုံးက အလုပ်တွေ ရှုပ်နေကြပေမဲ့ သူတို့ရဲ့ရင်ထဲမှာတော့ ပျော်ရွှင်မှုပန်းတွေ ပွင့်ဖူးနေတော့တယ်။ ရည်မှန်းချက် တစ်ခုအတွက် မိသားစုတွေ အတူတကွ အလုပ်လုပ်နေကြရတာက တကယ့်ကို ပျော်ရွှင်စရာပင်။

ရှောင်ချောင်းက သူ့အစ်ကိုအား ကန်စွန်းဥအမှုန့်တွေကို ဇလုံကြီးထဲ လောင်းထဲလိုက်ပြီး စေးပျစ်သွားတဲ့ အထိ ရေရောထည့်ဖို့ ပြောလိုက်တယ်။ ပြီးတဲ့နောက်မှာတော့ သူမက အညစ်အကြေးတွေကို ဖယ်ထုတ်ဖို့ ပိတ်ကျဲစကို သုံးလိုက်တယ်။ သူမလုပ်လို့ပြီးသွားတဲ့ အချိန်မှာတော့ မီးဖိုပေါ်က ရေတွေက စတင် ဆူပွက်နေလေပြီ။

သူတို့က ရေပူတွေကို နောက်တစ်အိုးထဲကို လောင်းထည့်လိုက်ပြီး စစ်ထုတ်ထားတဲ့ ကန်းစွန်းဥအမှုန့်တွေကို ထိုအိုးထဲသို့ ထည့်လိုက်တယ်။ လူတစ်ယောက်ရဲ့ လက်မောင်းလောက် ရှိတဲ့ ဒလိမ့်တုံးကို သုံးပြီး ပါဝင်ပစ္စည်းတွေကို ရောမွှေလိုက်တယ်။ ဒီအလုပ်က သစ်သားဇလုံကို အပေါက်ဖောက်ပြီးသွားတဲ့ ယွီဟိုင်ဆီသို့ ရောက်သွားတော့တယ်။ သူက စစ်ထုတ်ထားတဲ့ ကန်စွန်းဥအမှုန့်တွေကို  ထပ်ထည့်ပြီး မွှေလိုက်တယ်။

အိုးကို မီးအေးအေးလေးနဲ့ တည်ထားလိုက်ပြီး ကန်စွန်းဥအမှုန့်တွေ နယ်ဖို့ကိုတော့ အားအများကြီး သုံးဖို့ လိုတယ်။ မုန့်နယ်ရတာက ပင်ပန်းတဲ့ အလုပ်ဖြစ်ပြီး အားအင် အများကြီးလိုတာမလို့ ယွီဟိုင်က သူ့မိန်းမနဲ့ ကလေးတွေကို ဒီလိုအလုပ်တွေ မလုပ်ခိုင်းဘဲ သူ့သမီးငယ်လေးရဲ့ ညွှန်ကြားချက်တွေအတိုင်း အားအများကြီးစိုက်ထုတ်ပြီး နယ်နေတော့တယ်။

မုန့်သားကို နယ်ပြီးသွားတဲ့အခါမှာတော့ ရှောင်ချောင်းက မီးဖိုဘေးက သူ့အမေနားမှာ ရပ်နေလေတယ်။ ပြီးတဲ့နောက်မှာတော့ သူမက အပေါက်အသစ်ဖောက်ထားတဲ့ သစ်သားဇလုံကို ယူလိုက်ပြီး နယ်ထားတဲ့ ကန်စွန်းဥအမှုန့်တွေကို ထည့်လိုက်တော့တယ်။ အမျိုးသမီးလျိုက ခွေးခြေခုံလေးပေါ်မှာ မတ်တပ်ရပ်နေပြီး သစ်သားဇလုံလေးကို အားနဲ့ ထုနေတယ်။ နယ်ထားတဲ့ ကန်စွန်းဥမုန့်သားတွေက အပေါက်လေးကြားကနေ ဖြည်းဖြည်းချင်း ကျလာတော့တယ်။ ဆွဲအားကြောင့် ကန်စွန်းဥမုန်သား အမျှင်တွေက ရှည်ရှည်လေးနဲ့ ကျစ်ကျစ်လစ်လစ်လေးပင်။ အမျှင်လေးတွေက ဆူပွက်နေတဲ့ ရေထဲကို ကျသွားတာနဲ့ ချက်ချင်းပဲ ကျက်သွားတော့တယ်။

ရှောင်လျန်က ရှည်လျားတဲ့ သစ်သားပျဉ်တစ်ချောင်းကို ယူလိုက်ပြီး  ဂျုံကြာဇံအပြည့်နဲ့အိုးကို အဆက်မပြတ် မွှေနေလေတယ်။ တိကျတဲ့ အချိန်ရောက်တော့ ရှောင်ချောင်းက သူမလက်ထဲမှ ဆန်ခါကို သုံးပြီး ကျက်သွားတဲ့ ဂျုံကြာဇံတွေကို စစ်ထုတ်လိုက်တယ်။ ရေးအေးရဲ့အစွမ်းက ဂျုံကြာဇံရဲ့ အရသာကို ချက်ချင်းသက်ရောက်မှု ရှိစေနိုင်သည်ပင်။ ဒါကြောင့် စည်ပိုင်းက တောင်ပေါ်က စမ်းရေကို ဖြည့်ထားရုံသာမကဘဲ အံ့ဖွယ်ကျောက်ရေ အနည်းငယ်ကိုပါ ရောထားတာဖြစ်တယ်။

ဂျုံကြာဇံတွေကို အအေးခံပြီးတာနဲ့ ယွီဟန်က ဂရုတစိုက် ဆွဲယူလိုက်တယ်။ ထိုအချိန်မှာတော့ ကြာဇံတွေက အနည်းငယ်စေးကပ်နေသေးပြီး ယွီဟန်က လက်နဲ့တစ်မျှင်ချင်း ခွာဖို့ လိုသေးသည်။ ဒီအလုပ်က တော်တော်လေး လက်ဝင်ပြီး ပင်ပန်းတဲ့ အလုပ်ပင်။

ကန်စွန်းဥမုန့်သားတွေ အပေါက်ထဲကနေ ထွက်ကျလာစေရန် ထုပေးဖို့ ခံနိုင်ရည် အများကြီး လိုတာကြောင့် မကြာခင်မှာပဲ အမျိုးသမီးလျိုရဲ့ လက်မောင်းတွေက အလွန်နာကျင်လာပြီး ထပ်ကိုင်မထားနိုင်တော့ပေ။ ယွီဟိုင်းက သူ့မိန်းမအတွက် စိတ်မကောင်းဖြစ်သွားပြီး အလျင်အမြန် သူမရဲ့အလုပ်ကို လွဲယူလိုက်တော့တယ်။

အမျိုးသမီးလျိုက အလဟဿ မနေလိုတာကြောင့် သူမကအအေးခံထားတဲ့ ဂျုံကြာဇံတွေကို ယူကာ ဝါးလုံးတန်းမှာ ချိတ်ဆွဲလိုက်ပြီး ခြောက်သွေ့သွားစေဖို့ သစ်သားပြားပေါ်မှာ တင်ထားလိုက်တယ်။ နောက်ဆုံးရလဒ်က ပျက်စီးသွားမှာစိုးတာကြောင့် ဂျုံကြာဇံကို နေပူထဲမှာ ထုတ်မလှမ်းကြချေ။ ပြီးတော့လည်း သူတို့ အခြောက်ခံနေစဉ်မှာ တစ်ခုနဲ့တစ်ခု ပူးကပ်သွားမှာကနေ ကာကွယ်ဖို့ အပေါ်မှာ ရေဖျန်းဖို့ လိုသေးတာပင်။ ဒါပေါ့ သူတို့အပေါ်ကနေ ရေဖျန်းပေးရုံတင်မကဘဲ လက်နဲ့ အမျှင်လေးတွေကို အဆက်မပြတ် ခွာပေးဖို့လည်း လိုသေးတယ်။

ဒီလုပ်ငန်းစဉ်ကို အကြိမ်များစွာ ထပ်ခါထပ်ခါ လုပ်ပြီး နောက်ဆုံးမှာတော့ သစ်သားပြားကို ဖယ်လိုက်ကာ ဝါးလုံးတန်းကို ထောင်ထားနိုင်ပြီပင်။ ဂျုံကြာဇံတွေကို ဝါးလုံးတန်းမှာချိတ်ဆွဲထားပြီး လေနဲ့ အခြောက်ခံလိုက်တော့တယ်။ အခြောက်ခံရတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ဂျုံကြာဇံတွေ လုံးဝ ခြောက်သွားသည်အထိ တစ်ဖက်ကို လှန်ပေးဖို့ လူတစ်ယောက်လိုအပ်တယ်။

မိသားစုတစ်ခုလုံး အလုပ်လုပ်နေကြတာဖြစ်လို့ သူတို့တစ်နေလည်ခင်းလုံး ကန်စွန်းဥဂျုံကြာဇံ ကျင်း နှစ်ဆယ်ကျော်ကျော်လောက် လုပ်ရင်း အလုပ်များနေကြတော့တယ်။

သူမ ဂျုံကြာဇံလုပ်နည်းကို သိနေရသည့် အကြောင်းအရင်းမှာ သူမအရင်ဘဝတုန်းက သူမတို့ရွာကို အိမ်ထောင်ကျပြီး ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က ကန်စွန်းဥဂျုံကြာဇံလုပ်နည်းကို သိတဲ့ မိသားစုကနေ လာတာဖြစ်သည်။ အချိန်တစ်ခုလောက်အထိ အမျိုးသမီးကြီးက မြို့ထဲမှာ လက်လုပ်ဂျုံကြာဇံကို ရောင်းလေ့ရှိတယ်။ ရှောင်ချောင်းဖြစ်တဲ့ အရင်ဘဝက လင်းရှောင်ဝမ်က ထိုအမျိုးသမီးကို ကူလုပ်ပေးခဲ့တာကြောင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ရင်းရင်းနှီးနှီးသိနေခြင်းပင်။

သို့သော်လည်း ဒါက သူမကိုယ်တိုင် တသီးတခြား ပြီးပြီးမြောက်မြောက်လုပ်နိုင်ပြီး ဂျုံကြာဇံတွေလည်း အဆင်ပြေပြေထွက်လာခဲ့တဲ့ ပထမဆုံးအကြိမ်ပင်။ သို့သော်လည်း ထွက်လာတဲ့ ရလဒ်က အထူ မညီပေ။ ဂျုံကြာဇံလုပ်တာက အလေ့အကျင့်နဲ့ စွမ်းဆောင်ရည်လိုအပ်တဲ့ အလုပ်ဖြစ်တယ်။ ပိုများများ လုပ်လေ ပိုကောင်းကောင်း ထွက်လာလေပင်။

သို့ပေမဲ့လည်း ဂျုံကြာဇံပြုလုပ်ရတဲ့ အလုပ်က တော်တောင်လေး ပင်ပန်းပြီး ခြေကုန်လက်ပန်း ကျလေတယ်။ အထူးသဖြင့် ယွီဟန်ရဲ့ တာဝန်ပင်--သူကတော်တော်လေး လေးတဲ့ သစ်သားဇလုံကို ကိုင်မြောက်ထားရပြီး ကန်စွန်းဥမုန့်သားတွေ ထွက်ကျလာစေဖို့ အဆက်မပြတ် ထုနေရတာကိုး။ ဒီအလုပ်တွေပြီးသွားတဲ့ အခါမှာလည်း သူ့လက်မောင်းတွေက သူ့အပိုင်လို့ကို မခံစားရတော့။ လက်တွေကို မြှောက်ပင် မမြှောက်နိုင်တော့အောင်ကို နာကျင်နေတော့တယ်။ ရှောင်ချောင်းက ရောင်စုံကျောက်တုံးလေးကို သုံးကာ အတော်ကြာအောင် သူလက်မောင်းကို နှိပ်ပေးလိုက်တော့မှ အနည်းငယ် သက်သာလာတော့တယ်။

ညအချိန်အခါက တဖြည်းဖြည်း ကျရောက်လာပြီး ဧကရာဇ်ဟောင်းက နောက်ဆုံးမှာတော့ ကျောက်ဇီမော့တို့ တစ်မိသားစုလုံးနဲ့ အတူ ပြန်ရောက်လာတယ်။ ဧကရာဇ်ဟောင်းက အလွန့်အလွန် ကျေနပ်အားရစွာနဲ့ အထဲကို လျှောက်ဝင်လာလိုက်တယ်။ သူ့မျက်နှာပေါ်က အမူအရာကို ကြည့်ရပုံအရ နေ့လည်တုန်းက သူဆွေးနွေးပြောဆိုခဲ့ အကျိုးဖြစ်ထွန်းခဲ့မှန်း သိသာလှတယ်။ မျိုးဆက်တွေ ပြောင်းလဲလာပြီး နှစ်တွေကုန်ဆုံးလာတာနဲ့အမျှ စစ်ပွဲနဲ့ ပတ်သတ်တဲ့ နည်းဗျူဟာတွေက ပျောက်ဆုံးကုန်ပြီပင်။ ကျောက်မိသားစုရဲ့ စွမ်းရည်တွေနဲ့ သူ့ကိုရှင်းပြခဲ့တာကြောင့် သူနားမလည်နိုင်တဲ့ ပြဿနာတွေအများကြီးကို ရုတ်တရက် ရှင်းလင်းသွားတော့တယ်။

သူတို့ စစ်မြေပြင်ကို နောက်ဆုံးရောက်ခဲ့တာ တော်တော်လေး ကြာနေပြီဆိုပေမဲ့ ဧကရာဇ်ဟောင်းနဲ့ ကျောက်ဇီမော့တို့က အရိုးစွဲတဲ့အထိ စစ်သားများဖြစ်ကြတယ်။ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် နည်းဗျူဟာတွေ ဆွေးနွေးနေကြချိန်မှာ သူတို့က တခြားလူတွေကို သဲကျင်းတစ်ခုလုပ်နိုင်ဖို့ ကမ်းခြေကနေ သဲတွေကို ယူခိုင်းလိုက်တယ်။ သဲကျင်းတွေကို သုံးပြီး နေ့လည်ခင်းတစ်ခုလုံး တစ်ယောက်နဲ့ တစ်ယောက်ယှဉ်တိုက်ကြပြီး အခြားသူတွေကို နှောက်ယှက်ခွင့် မပြုခဲ့ချေ။ နှစ်ယောက်လုံး နိုင်လိုက်ရှုံးလိုက်နဲ့ စစ်ပညာရဲ့ အသိအမြင်အသစ်တွေကို ရရှိကြတယ်။ လူအိုကြီး နှစ်ယောက်က သူတို့နှစ်ယောက်တည်းနဲ့ အတော်လေး ပျော်ရွှင်နေကြတယ်။

သူတို့ ပြီးသွားတာနဲ့ ဧကရာဇ်ဟောင်းက ကျောက်ဇီမော့နဲ့ သူ့မိသားစုဝင်တွေကို ယွီမိသားစုအိမ်မှာ စားကောင်းသောက်ဖွယ်တွေ လိုက်စားဖို့ အထူးဖိတ်ကြားလိုက်တယ်။ သူက ကျောက်ဇီမော့ကိုတောင် ထူးထူးဆန်းဆန်း စောင်းပါးရိပ်ချည် ပြောလိုက်သေးတယ်

ဒီနေ့ မိန်းကလေး ရှောင်ချောင်းက ဟင်းပွဲအသစ်တစ်ပွဲ ပြုလုပ်ထားတာလေ မင်းဒီလိုမျိုး အရင်က တစ်ခါမှ စားဖူးမှာ မဟုတ်ဘူးဆိုတာ ငါအာမခံရဲတယ်။ မင်းမသွားရင် မင်းမြို့တော်ကို ပြန်သွားတဲ့ အခါ ဘယ်တော့မှ စားနိုင်မှာ မဟုတ်တော့ဘူး

သူ့အတွက်တော့ နှုတ်ခမ်းလေးကို လှုပ်ပြီး ပြောရတာလွယ်ကူပေမဲ့ သူ့ရဲ့ စကားတစ်ခွန်းလေးကြောင့် ယွီမိသားစုခမျာ တစ်နေ့လည်ခင်းလုံး အလုပ်ရှုပ်နေကြတော့တယ်။ သူကတော့ ကြွားလုံးထုတ် ပြီးသွားပေမဲ့ ရှောင်ချောင်း လုပ်နိုင်ပါ့မလားဆိုတာကို နည်းနည်းလေးတောင် စိုးရိမ်မနေပါချေ!

ကျောက်ဟန်က ဘေးမှာ ကျိတ်ရယ်လိုက်ရင်း စိတ်ထဲမှာတွေးလိုက်တယ်

ငါ့မိသားစုနဲ့ ရှောင်ချောင်းရဲ့ မိသားစုက ဆက်ဆံရေးကောင်းကောင်းရှိတာကို ငါက ဘယ်လိုလုပ် မစားရဘဲ နေမှာလဲ သူမ အရသာရှိတာ တစ်ခုခုလုပ်တဲ့အခါတိုင်းလည်း သူမ အမြဲငါ့တို့ဆီ ပို့ပေးနေကြပဲကို

သို့သော်လည်း သူကတွေးလိုက်မိပြန်တယ်

ဒီနေ့ အဘိုးက နန်းတွင်းကနေ ရာထူးတစ်ခု လက်ခံရရှိခဲ့တာပဲ နောက်ရက်အနည်းငယ်လောက်ဆိုရင် သူမြို့တော်ကိုသွားပြီး သူ့ရဲ့ရာထူးကို လက်ခံရမှာ အဖေကလည်း စတုတ္တအဆင့် စစ်သူကြီးအဖြစ် နှင်းအပ်ခံရပြီး အနောက်တောင်ဘက်က လူမျိုးနွယ်စုတွေက နောက်ပိုင်း သိပ်မငြိမ်းချမ်းဖူးလို့ ကြားတယ်။ သူ့အဖိုးက တော်တော်လေး အသက်ကြီးနေပြီဆိုတော့ သူ့အဖေက ကျောက်မိသားစုရဲ့ ဓလေ့အတိုင်း မရှောင်လွဲသာဘဲ စစ်မြေပြင်ကို သွားရမှာပဲ

သူ့အရွယ်မှာ သူ့အဖေက သူ့အဘိုးနဲ့အတူ တိုက်ပွဲမှာ တိုက်ခိုက်နေပြီဖြစ်တယ်။ ကျောက်ဟန်ကလည်း အတွေ့အကြုံရနိုင်ဖို့ နယ်စပ်ကို သွားရမည်ဆိုတာ အသေအချာပင်။ ယောက်ျားတိုင်းမှာ သူ့ရဲ့ နှလုံးသားထဲကနေ လုပ်ဆောင်ချင်တဲ့ အိမ်မက်တစ်ခုရှိကြသည်။ ငယ်ငယ်ရွယ်ရွယ်ကတည်းက ကိုယ်ခံပညာကို သင်လာခဲ့ရတဲ့ သူတစ်ယောက်ဖြစ်တာမို့ သူလည်း အပါအဝင်ပင်။ စစ်မြေပြင်ကိုသွားပြီး တိုင်းပြည်အတွက် ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့က သူရဲ့အချိန်တော်တော် ကြာအောင် မက်ခဲ့ရတဲ့ အိမ်မက်ဖြစ်တာကြောင့် သူအခုပျော်နေသင့်ပေသည်။

သို့သော်လည်း နောက်ဆိုရင် ရှောင်ချောင်းရဲ့ အစားအစာတွေကို တော်တော်ကြာအောင် မစားနိုင်တော့မှာနဲ့ သူမကို ထပ်မတွေ့နိုင်တော့မှာကို တွေးမိတာနဲ့... ကျောက်ဟန်က ချက်ချင်း ဝမ်းနည်းပူဆွေး လာတော့တယ်။

ဟား ဟား ကျောက်မိသားစုက လူငယ်လေး ရုတ်တရက် မင်းဘာလို့ဝမ်းနည်းသွားတာလဲ စိတ်မပူပါနဲ့ ဒီနေ့ မင်းတို့အားလုံး ငါ ပဉ္စမအရှင်ရဲ့ ကျေးဇူးနဲ့ စားရမှာပါကွ ငါတို့အားလုံးက ဟင်းပွဲအသစ်ကို မြည်းရတဲ့ ပထမဆုံးသူတွေ ဖြစ်နိုင်ပါတယ် လာကြ လာကြ ငါထပ်မစောင့်နိုင်တော့ဘူး!!

ဧကရာဇ်ဟောင်းက အရှေ့ကနေ ဦးဆောင်ပြီး တောင်ပေါ်လမ်းကို အမြန် လျှောက်သွားလိုက်တော့တယ်။ သူက သူ့ရဲ့ခြေချင်းဝတ်လည်သွားမှာကိုတောင် စိုးရိမ်မနေပါချေ။

.....

Fortsett å les

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
1.1M 128K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...