အ​ေဖမတူ အ​ေမကြဲ~အဖေမတူ အမေကွဲ...

By Empress184

614K 43.2K 1.7K

Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
38
39
40
41
42
43
44
45
46
47
48
49
50(end)

37

4.6K 385 27
By Empress184

Uni

ဝန်းရံရဲ့ စူးရဲနေသော အကြည့်ကြောင့် နှင်းပွင့်ဖြူ ဟက်ခနဲ တစ်ချက်ရယ်ကာ ပုခုံးတွန့်ပြလိုက်သည်

'မောင်လေးက မမကို လွမ်းနေတာလား'

နှင်းပွင့်ဖြူက ဝန်းရံကို ပြုံးပြနေကျအတိုင်း နွေးထွေးတဲ့ အပြုံးတစ်ခုကို ချက်ချင်းလုပ်ယူလိုက်ကာ ဝန်းရံဘေးတွင် ဝင်ထိုင်လိုက်သည်

ဦးရောင်ဝါလင်းကတော့ ဝန်းရံနှင့် နှင်းပွင့်ဖြူရဲ့ အခြေအနေကိုပဲ စောင့်ကြည့်နေကာ တံခါးကိုမှီပြီး ရပ်နေလေသည်

ဝန်းရံ သူ့ရှေ့က တစ်ကိုယ်လုံးတွင် အစစ်အမှန်ဟူ၍ တစ်ခုမှ ရှိမနေသော ထိုမိန်းမနှင့် စကားမပြောချင်ပါ

ထိုမိန်းမ မျက်နှာကို ကြည့်နေရတာနှင့်ပင် ဝန်းရံစိတ်ထဲ ရွံ့ရှာလာမိသည်

'မောင်လေးက မမနဲ့ စကားမပြောချင်ဘူး ထင်တယ်'

နှင်းပွင့်ဖြူက သူမကိုမကြည့်ပဲ ခေါင်းကို တစ်ဖတ်သို့ လှည့်ထားကာ အသံထွက်မလာသော ဝန်းရံကို ထပ်ပြောလိုက်သည်

ထိုအခါမှသာ ဝန်းရံက နှင်းပွင့်ဖြူဘက်ကို လှည့်လာကာ ခနဲ့သလို ပြုံးပြလိုက်ပြီး

'ခင်ဗျား အဲ့လိုကြီး ဟန်ဆောင် ပြုံးနေရတာ မပင်ပန်းဘူးလား'

ဝန်းရံ စကားကို နှင်းပွင့်ဖြူ မကြိုက်သော်လဲ မျက်နှာပေါ်တွင် ဘာအမူအရာမှ ပြောင်းမသွားခဲ့

နှင်းပွင့်ဖြူဆိုတဲ့ သူမလိုမိန်းမက ဘယ်သူမလို့လဲ

'ဘာလို့လဲ မောင်လေးက မကြိုက်ဘူးလား'

နှင်းပွင့်ဖြူက ရယ်သံ အနည်းငယ်တောင်စွတ်ပြီး ပြောလာပြန်သည်

'ဟက် မကြိုက်တဲ့အပြင် ရွံတောင်ရွံသေးတယ်'

ဝန်းရံ နှုတ်ခမ်းတစ်ဖက်ထဲ တွန့်ရုံလောက်သာပြုံးပြီး နှင်းပွင့်ဖြူကို ပြန်ပြောလိုက်သည်

နှင်းပွင့်ဖြူ မျက်နှာပေါ်က နွေးထွေးကာ လှပတဲ့အပြုံးကနေ ကြောက်ဖို့ကောင်းစွာ အေးစက်နေသော အပြုံးအဖြစ် ပြောင်းသွားလေသည်

'အဲ့လို လုပ်စမ်းပါဗျ'

ဝန်းရံ နှင်းပွင့်ဖြူရဲ့ ထိုအပြုံးကိုကြည့်ကာ ရွဲ့ပြီး ပြောပစ်လိုက်သည်

အမှန်တော့ နှင်းပွင့်ဖြူ ဒီကို လာရခြင်းက ဝန်းရံရဲ့စိတ်ကို ဆွပေးချင်သောကြောင့် ဖြစ်သည်

သူမမျက်လုံးထဲတွင် ဝန်းရံက အားနည်းကာ အမှီအခိုရှိမှ ရပ်တည်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်

ထို့ကြောင့်လဲ ဝန်းရံက သူမရဲ့ပစ်မှတ်အဖြစ် အလွယ်တကူ ဖြစ်လာခြင်းဖြစ်သည်

ယခုတော့ ဝန်းရံခဆိုတဲ့ ထိုကောင်လေးက နှင်းပွင့်ဖြူ တွေးခဲ့တာထက် အများကြီး ပိုသန်မာနေပါသည်

ထို့အပြင် သူမစိတ်ကိုတောင် ပြန်ဆွပေးနေသေးသည်

'အဟင်း ငါမင်းကို နဲနဲလေး အထင်သေးမိသွားတယ် ထင်တယ်'

'မှားတယ်'

'ဘာရယ်...!!'

သူမရဲ့အပြောကို ဝန်းရံရဲ့ ပြန်ဖြေလိုက်တဲ့ စကားကြောင့် နှင်းပွင့်ဖြူ အံ့သြသွားသည်

'ခင်ဗျား ကျွန်တော့်ကို ထင်နေတာတွေ အကုန်မှားတယ်'

ဝန်းရံက နှင်းပွင့်ဖြူ မျက်နှာကို တည့်တည့်ကြည့်ကာ တစ်လုံးချင်းစီ သေချာထပ်ပြောလာလေသည်

'ဟုတ်လား ပြောကြည့်ပါဦး ငါ ဘယ်နေရာများ မှားသွားလဲလို့'

နှင်းပွင့်ဖြူ မျက်ခုံးတစ်ဖတ်ကို ပင့်ပြလိုက်ကာ ဝန်းရံကို ပြန်ကြည့်ပြီး မေးလိုက်သည်

နှင်းပွင့်ဖြူရဲ့ ပုံစံကို ဝန်းရံ သဘောတကျနှင့် ရယ်ပစ်လိုက်ပြီးမှ

'ပထမဆုံးအနေနဲ့
နာပါတ်တစ် ကျွန်တော်က ခင်ဗျားထင်နေသလို ပျော့ညံ့မနေဘူး
နာပါတ်နှစ် ကိုကိုက ကျွန်တော့်ကိုပဲ ချစ်တာ
နာပါတ်သုံး ကျွန်တော့်ကိုဖမ်းထားလို့ ခင်ဗျားနိုင်ပြီ မထင်နဲ့
နာပါတ်လေး ခုချိန်လောက်ဆို ခင်ဗျား ကျွန်တော့်ကို ခေါ်သွားတယ်ဆိုတာ ကိုကို သိနေလောက်ပြီ
နာပါတ်ငါး နောက်ဆုံးအနေနဲ့ သေချာတဲ့ အမှန်တရားတစ်ခုက ကိုကိုက ခင်ဗျားကို လုံးဝမချစ်ဘူး'

ဝန်းရံ စကားဆုံးသွားသောအခါ နှင်းပွင့်ဖြူ မျက်နှာက တစ်ဖြေးဖြေးချင်း မဲမှောင်သွားပြီး ကြည့်ရဆိုးလာလေသည်

'နင် နင်ကများ ငါ့ကို ပြောရဲတယ်'

ဖြန်း!!!!!

အခန်းထဲတွင် ပါးနှင့်လက်ဝါး ထိရိုက်မိသံက အကျယ်ကြီး ထွက်သွားသည်

နှင်းပွင့်ဖြူ ဒေါသတွေ ဂိတ်ဆုံးရောက်သွားကာ ဦးရောင်ဝါလင်း မတားလိုက်နိုင်ခင် ဝန်းရံရဲ့ပါးကို အားနှင့်ရိုက်ပစ်လိုက်သည်

နှင်းပွင့်ဖြူ ရိုက်လိုက်တဲ့အားက များတာမလို့ ဝန်းရံရဲ့ နှုတ်ခမ်းထောင့်မှာ ပေါက်သွားပြီး သွေးအနဲငယ် စို့လာလေသည်

သွေးထွက်လာတာမြင်မှ နှင်းပွင့်ဖြူက နဲနဲကျေနပ်သွားကာ ဒေါသကို လျော့လိုက်လေသည်

'မင်းက ကို့ကိုယ်ကို အတော်လေး အထင်ကြီးနေတာပဲ မင်း မသိသေးရင် ပြောပြရဦးမယ် မင်းကိုကို တွဲလာတဲ့ မိန်းကလေးတွေဆိုတာ ရေကြည့်လို့တောင် မရဘူး ရှင်းလား'

ထိုစကားက ဝန်းရံရဲ့နှလုံးသားကို အနဲနှင့်အများတော့ နာကျင်စေပါသည်

မာန ရည်းစားရှုပ်တာတွေ ဝန်းရံသိထားသော်လဲ တစ်ယောက်ယောက်က ပြောလာမှာကို နားမထောင်နိုင်ပါ

ဝန်းရံ ငြိမ်သွားတာကို မြင်သောအခါ နှင်းပွင့်ဖြူ သူမအကွက်ထဲ ဝင်သွားပြီမှန်း သိလိုက်တာကြောင့် ဆက်ပြောလိုက်သည်

'ဟက် ကိုမင်းက အဲ့လိုမျိုးပဲ စစချင်းတော့ အရမ်းသဲသဲလှုပ် ချစ်ပြတက်တာ'

'ခင်ဗျား တော်လိုက်တော့!!'

နှင်းပွင့်ဖြူရဲ့ စကားတွေကို ဝန်းရံ ဆက်နားမထောင်ချင်တော့တာကြောင့် နှုတ်ခမ်းကသွေးတွေကို လက်ခုံနှင့် ပွတ်သုတ်လိုက်ပြီး ပိတ်အော်ပစ်လိုက်သည်

အိုး...ဘာလို့ တော်ရမှာလဲ ဝန်းရံက နားမထောင်ချင်လေ နှင်းပွင့်ဖြူက ပြောချင်လေပင်

'အများကြီး လျှောက်တွေးမနေနဲ့ ကောင်လေး မင်းနေရာကို ငါလဲရောက်ဖူးတယ်နော်'

ထိုစကားကိုတော့ နှင်းပွင့်ဖြူက အောင်နိုင်သူ တစ်ယောက်လိုပြုံးကာ ပြောလိုက်ခြင်းဖြစ်သည်

သူမ ပြောလို့ပြီးပြီးချင်း ဝန်းရံပုခုံးတွေက အဆက်မပြတ် လှုပ်ရမ်းလာလေသည်

အစကတော့ နှင်းပွင့်ဖြူ ဝန်းရံတစ်ယောက် ငိုနေပြီဟု ထင်ခဲ့မိသော်လဲ အမှန်မှာ ဝန်းရံက ရယ်နေခဲ့ခြင်း ဖြစ်သည်

'နင်က ဘာကို ရီနေတာလဲ'

နှင်းပွင့်ဖြူက သူရယ်နေတာကို သိသွားပြီမလို့ ဝန်းရံ ထိန်းမထားတော့ပဲ အသံထွက်ကာ အော်ရယ်ပစ်လိုက်သည်

'ဟား..ဟား..ဟား...'

ဝန်းရံရဲ့ သဘောကျစွာ အော်ရယ်နေပုံက နှင်းပွင့်ဖြူကို မျက်မှောင်ကျုံကာ စဥ်းစားသွားစေသည်

'နင် ရူးသွားပြီလား!'

နှင်းပွင့်ဖြူ ဝန်းရံကို နားမလည်သလိုကြည့်ကာ ပြောလိုက်သည်

'ခင်ဗျား ထပ်မှားသွားပြန်ပြီ'

'ဘာကိုလဲ'

'အဟင်း စိတ်မကောင်းပါဘူး ကိုကိုက ကျွန်တော့်ကို လက်ထပ်ခွင့် တောင်းထားတာ'

ဝန်းရံက နှင်းပွင့်ဖြူကို ဟာသတစ်ခုလိုကြည့်ကာ ထပ်ရယ်ပြန်သည်

'ဘာ!!!'

ဝန်းရံရဲ့ စကားကြောင့် နှင်းပွင့်ဖြူ ရင်တစ်ခုလုံး ဗြောင်းဆန်ကာ ထိတ်လန့်မိသွားသည်

နှင်းပွင့်ဖြူ ဝန်းရံရဲ့လက်ကို သေချာကြည့်မိခါမှ ဟုတ်ပါသည် ဝန်းရံရဲ့ ဘယ်ဖတ်လက်သူကြွယ်တွင် လှပစွာ နေရာယူထားသော လက်စွပ်လေးတစ်ကွင်း ရှိနေပါသည်

မဖြစ်နိုင်ဘူးဟု နှင်းပွင့်ဖြူ စိတ်ထဲကနေ အကျယ်ကြီး အော်ပစ်လိုက်သည်

မင်းမာန အကြောင်းကို နှင်းပွင့်ဖြူ ကောင်းကောင်းသိပါသည်

အထူးသဖြင့် မာနရဲ့ အချစ်ရေးကိစ္စတွေကို သူမထက် ဘယ်သူမှ ပိုမသိနိုင်ပါ

မင်းမာနက ရည်းစားတွေ ထည်လဲတွဲခဲ့သော်လဲ ဘယ်သူ့ကိုမှ ချစ်တယ်ဟု မပြောခဲ့ပါ

လက်ထပ်ခွင့်တောင်းဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါ

မင်းမာန ရည်းစားထားတဲ့ ပုံစံက မိန်းကလေးတစ်ယောက်ကို သဘောကျတယ်ထင်လျှင် တွဲရအောင်ဟုသာ ပြောတက်ပါသည်

မာနဘက်ကနေ စပြောတဲ့ မိန်းကလေးက အတော်လေး နဲပါသည်

မိန်းကလေး တော်တော်များများကတော့ သူတို့ဘက်ကသာ စပြီး မာနကို မြူစွယ်ကြခြင်းဖြစ်သည်

သို့သော် မာနကတော့ ဘယ်သူ့ကိုမှ ကြာကြာမတွဲပါ သူရိုးလာလျှင် အဆက်အသွယ်ဖြတ်ကာ အကုန်လုံးကို ထားခဲ့လေသည်

နှင်းပွင့်ဖြူလား နှင်းပွင့်ဖြူကတော့ မာနကို စပြီးသဘောကျခဲ့တာ မှန်သော်လဲ သူမဘက်ကနေ စပြောခဲ့ခြင်း မဟုတ်ပါ

တစ်ဖြည်းဖြည်းနဲ့ မာန သူမကို သတိထားမိလာအောင်လုပ်ကာ မာနဘာသာ ဖွင့်ပြောလာအောင် လုပ်ခဲ့ခြင်း ဖြစ်သည်

နှင်းပွင့်ဖြူက တစ်ခြားသူတွေထက် မာန အကြာကြီး တွဲခဲ့သော တစ်ယောက်ထဲသော ရည်းစားဖြစ်သည်

သူတို့တွဲတာ ကြာခဲ့တာကလဲ နှင်းပွင့်ဖြူက အလိမ္မာနည်းနှင့် သူမကို မထားခဲ့နိုင်အောင် အမျိုးမျိုးလုပ်သောကြောင့် ဖြစ်သည်

ခုတော့ ဘယ်မိန်းကလေးကိုမှ ချစ်တယ်လို့ မပြောခဲ့တဲ့သူက ကောင်လေးတစ်ယောက်ကို လက်ထပ်ခွင့် တောင်းပါသည်တဲ့

နှင်းပွင့်ဖြူ လုံးဝထင်မထားခဲ့သော်လဲ ဝန်းရံကို အရှုံးမပေးချင်တာကြောင့်

'အဲ့တော့ ဘာလုပ်ရမှာလဲ သူက တွေ့တဲ့သူတိုင်းကို အဲ့တိုင်းပြောနေကျပဲဟာကို'

နှင်းပွင့်ဖြူ ပြောပြီးတာနှင့် ထိုအခန်းထဲကနေ လှည့်ထွက်လာခဲ့သည်

ဝန်းရံကို အနိုင်ပိုင်းကာ ပြောခဲ့သော်လဲ ဝန်းရံကတော့ နှင်းပွင့်ဖြူ စကားတွေကို မယုံတော့ပါ

ဟေ့ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေးနေတဲ့ ဒါဒါလေးတွေ ဘယ်လောက်များလဲ သာသာလဲ အများကြီး တင်ပေးချင်လို့ 😍

Zawgyi

ဝန္းရံရဲ႕ စူးရဲေနေသာ အၾကည့္ေၾကာင့္ ႏွင္းပြင့္ျဖဴ ဟက္ခနဲ တစ္ခ်က္ရယ္ကာ ပုခုံးတြန္႔ျပလိုက္သည္

'ေမာင္ေလးက မမကို လြမ္းေနတာလား'

ႏွင္းပြင့္ျဖဴက ဝန္းရံကို ၿပဳံးျပေနက်အတိုင္း ေႏြးေထြးတဲ့ အၿပဳံးတစ္ခုကို ခ်က္ခ်င္းလုပ္ယူလိုက္ကာ ဝန္းရံေဘးတြင္ ဝင္ထိုင္လိုက္သည္

ဦးေရာင္ဝါလင္းကေတာ့ ဝန္းရံႏွင့္ ႏွင္းပြင့္ျဖဴရဲ႕ အေျခအေနကိုပဲ ေစာင့္ၾကည့္ေနကာ တံခါးကိုမွီၿပီး ရပ္ေနေလသည္

ဝန္းရံ သူ႔ေရွ႕က တစ္ကိုယ္လုံးတြင္ အစစ္အမွန္ဟူ၍ တစ္ခုမွ ရွိမေနေသာ ထိုမိန္းမႏွင့္ စကားမေျပာခ်င္ပါ

ထိုမိန္းမ မ်က္ႏွာကို ၾကည့္ေနရတာႏွင့္ပင္ ဝန္းရံစိတ္ထဲ ႐ြံ႕ရွာလာမိသည္

'ေမာင္ေလးက မမနဲ႔ စကားမေျပာခ်င္ဘူး ထင္တယ္'

ႏွင္းပြင့္ျဖဴက သူမကိုမၾကည့္ပဲ ေခါင္းကို တစ္ဖတ္သို႔ လွည့္ထားကာ အသံထြက္မလာေသာ ဝန္းရံကို ထပ္ေျပာလိုက္သည္

ထိုအခါမွသာ ဝန္းရံက ႏွင္းပြင့္ျဖဴဘက္ကို လွည့္လာကာ ခနဲ႔သလို ၿပဳံးျပလိုက္ၿပီး

'ခင္ဗ်ား အဲ့လိုႀကီး ဟန္ေဆာင္ ၿပဳံးေနရတာ မပင္ပန္းဘူးလား'

ဝန္းရံ စကားကို ႏွင္းပြင့္ျဖဴ မႀကိဳက္ေသာ္လဲ မ်က္ႏွာေပၚတြင္ ဘာအမူအရာမွ ေျပာင္းမသြားခဲ့

ႏွင္းပြင့္ျဖဴဆိုတဲ့ သူမလိုမိန္းမက ဘယ္သူမလို႔လဲ

'ဘာလို႔လဲ ေမာင္ေလးက မႀကိဳက္ဘူးလား'

ႏွင္းပြင့္ျဖဴက ရယ္သံ အနည္းငယ္ေတာင္စြတ္ၿပီး ေျပာလာျပန္သည္

'ဟက္ မႀကိဳက္တဲ့အျပင္ ႐ြံေတာင္႐ြံေသးတယ္'

ဝန္းရံ ႏႈတ္ခမ္းတစ္ဖက္ထဲ တြန္႔႐ုံေလာက္သာၿပဳံးၿပီး ႏွင္းပြင့္ျဖဴကို ျပန္ေျပာလိုက္သည္

ႏွင္းပြင့္ျဖဴ မ်က္ႏွာေပၚက ေႏြးေထြးကာ လွပတဲ့အၿပဳံးကေန ေၾကာက္ဖို႔ေကာင္းစြာ ေအးစက္ေနေသာ အၿပဳံးအျဖစ္ ေျပာင္းသြားေလသည္

'အဲ့လို လုပ္စမ္းပါဗ်'

ဝန္းရံ ႏွင္းပြင့္ျဖဴရဲ႕ ထိုအၿပဳံးကိုၾကည့္ကာ ႐ြဲ႕ၿပီး ေျပာပစ္လိုက္သည္

အမွန္ေတာ့ ႏွင္းပြင့္ျဖဴ ဒီကို လာရျခင္းက ဝန္းရံရဲ႕စိတ္ကို ဆြေပးခ်င္ေသာေၾကာင့္ ျဖစ္သည္

သူမမ်က္လုံးထဲတြင္ ဝန္းရံက အားနည္းကာ အမွီအခိုရွိမွ ရပ္တည္ႏိုင္လိမ့္မည္ဟု ထင္ခဲ့သည္

ထို႔ေၾကာင့္လဲ ဝန္းရံက သူမရဲ႕ပစ္မွတ္အျဖစ္ အလြယ္တကူ ျဖစ္လာျခင္းျဖစ္သည္

ယခုေတာ့ ဝန္းရံခဆိုတဲ့ ထိုေကာင္ေလးက ႏွင္းပြင့္ျဖဴ ေတြးခဲ့တာထက္ အမ်ားႀကီး ပိုသန္မာေနပါသည္

ထို႔အျပင္ သူမစိတ္ကိုေတာင္ ျပန္ဆြေပးေနေသးသည္

'အဟင္း ငါမင္းကို နဲနဲေလး အထင္ေသးမိသြားတယ္ ထင္တယ္'

'မွားတယ္'

'ဘာရယ္...!!'

သူမရဲ႕အေျပာကို ဝန္းရံရဲ႕ ျပန္ေျဖလိုက္တဲ့ စကားေၾကာင့္ ႏွင္းပြင့္ျဖဴ အံ့ၾသသြားသည္

'ခင္ဗ်ား ကြၽန္ေတာ့္ကို ထင္ေနတာေတြ အကုန္မွားတယ္'

ဝန္းရံက ႏွင္းပြင့္ျဖဴ မ်က္ႏွာကို တည့္တည့္ၾကည့္ကာ တစ္လုံးခ်င္းစီ ေသခ်ာထပ္ေျပာလာေလသည္

'ဟုတ္လား ေျပာၾကည့္ပါဦး ငါ ဘယ္ေနရာမ်ား မွားသြားလဲလို႔'

ႏွင္းပြင့္ျဖဴ မ်က္ခုံးတစ္ဖတ္ကို ပင့္ျပလိုက္ကာ ဝန္းရံကို ျပန္ၾကည့္ၿပီး ေမးလိုက္သည္

ႏွင္းပြင့္ျဖဴရဲ႕ ပုံစံကို ဝန္းရံ သေဘာတက်ႏွင့္ ရယ္ပစ္လိုက္ၿပီးမွ

'ပထမဆုံးအေနနဲ႔
နာပါတ္တစ္ ကြၽန္ေတာ္က ခင္ဗ်ားထင္ေနသလို ေပ်ာ့ညံ့မေနဘူး
နာပါတ္ႏွစ္ ကိုကိုက ကြၽန္ေတာ့္ကိုပဲ ခ်စ္တာ
နာပါတ္သုံး ကြၽန္ေတာ့္ကိုဖမ္းထားလို႔ ခင္ဗ်ားႏိုင္ၿပီ မထင္နဲ႔
နာပါတ္ေလး ခုခ်ိန္ေလာက္ဆို ခင္ဗ်ား ကြၽန္ေတာ့္ကို ေခၚသြားတယ္ဆိုတာ ကိုကို သိေနေလာက္ၿပီ
နာပါတ္ငါး ေနာက္ဆုံးအေနနဲ႔ ေသခ်ာတဲ့ အမွန္တရားတစ္ခုက ကိုကိုက ခင္ဗ်ားကို လုံးဝမခ်စ္ဘူး'

ဝန္းရံ စကားဆုံးသြားေသာအခါ ႏွင္းပြင့္ျဖဴ မ်က္ႏွာက တစ္ေျဖးေျဖးခ်င္း မဲေမွာင္သြားၿပီး ၾကည့္ရဆိုးလာေလသည္

'နင္ နင္ကမ်ား ငါ့ကို ေျပာရဲတယ္'

ျဖန္း!!!!!

အခန္းထဲတြင္ ပါးႏွင့္လက္ဝါး ထိ႐ိုက္မိသံက အက်ယ္ႀကီး ထြက္သြားသည္

ႏွင္းပြင့္ျဖဴ ေဒါသေတြ ဂိတ္ဆုံးေရာက္သြားကာ ဦးေရာင္ဝါလင္း မတားလိုက္ႏိုင္ခင္ ဝန္းရံရဲ႕ပါးကို အားႏွင့္႐ိုက္ပစ္လိုက္သည္

ႏွင္းပြင့္ျဖဴ ႐ိုက္လိုက္တဲ့အားက မ်ားတာမလို႔ ဝန္းရံရဲ႕ ႏႈတ္ခမ္းေထာင့္မွာ ေပါက္သြားၿပီး ေသြးအနဲငယ္ စို႔လာေလသည္

ေသြးထြက္လာတာျမင္မွ ႏွင္းပြင့္ျဖဴက နဲနဲေက်နပ္သြားကာ ေဒါသကို ေလ်ာ့လိုက္ေလသည္

'မင္းက ကို႔ကိုယ္ကို အေတာ္ေလး အထင္ႀကီးေနတာပဲ မင္း မသိေသးရင္ ေျပာျပရဦးမယ္ မင္းကိုကို တြဲလာတဲ့ မိန္းကေလးေတြဆိုတာ ေရၾကည့္လို႔ေတာင္ မရဘူး ရွင္းလား'

ထိုစကားက ဝန္းရံရဲ႕ႏွလုံးသားကို အနဲႏွင့္အမ်ားေတာ့ နာက်င္ေစပါသည္

မာန ရည္းစားရႈပ္တာေတြ ဝန္းရံသိထားေသာ္လဲ တစ္ေယာက္ေယာက္က ေျပာလာမွာကို နားမေထာင္ႏိုင္ပါ

ဝန္းရံ ၿငိမ္သြားတာကို ျမင္ေသာအခါ ႏွင္းပြင့္ျဖဴ သူမအကြက္ထဲ ဝင္သြားၿပီမွန္း သိလိုက္တာေၾကာင့္ ဆက္ေျပာလိုက္သည္

'ဟက္ ကိုမင္းက အဲ့လိုမ်ိဳးပဲ စစခ်င္းေတာ့ အရမ္းသဲသဲလႈပ္ ခ်စ္ျပတက္တာ'

'ခင္ဗ်ား ေတာ္လိုက္ေတာ့!!'

ႏွင္းပြင့္ျဖဴရဲ႕ စကားေတြကို ဝန္းရံ ဆက္နားမေထာင္ခ်င္ေတာ့တာေၾကာင့္ ႏႈတ္ခမ္းကေသြးေတြကို လက္ခုံႏွင့္ ပြတ္သုတ္လိုက္ၿပီး ပိတ္ေအာ္ပစ္လိုက္သည္

အိုး...ဘာလို႔ ေတာ္ရမွာလဲ ဝန္းရံက နားမေထာင္ခ်င္ေလ ႏွင္းပြင့္ျဖဴက ေျပာခ်င္ေလပင္

'အမ်ားႀကီး ေလွ်ာက္ေတြးမေနနဲ႔ ေကာင္ေလး မင္းေနရာကို ငါလဲေရာက္ဖူးတယ္ေနာ္'

ထိုစကားကိုေတာ့ ႏွင္းပြင့္ျဖဴက ေအာင္ႏိုင္သူ တစ္ေယာက္လိုၿပဳံးကာ ေျပာလိုက္ျခင္းျဖစ္သည္

သူမ ေျပာလို႔ၿပီးၿပီးခ်င္း ဝန္းရံပုခုံးေတြက အဆက္မျပတ္ လႈပ္ရမ္းလာေလသည္

အစကေတာ့ ႏွင္းပြင့္ျဖဴ ဝန္းရံတစ္ေယာက္ ငိုေနၿပီဟု ထင္ခဲ့မိေသာ္လဲ အမွန္မွာ ဝန္းရံက ရယ္ေနခဲ့ျခင္း ျဖစ္သည္

'နင္က ဘာကို ရီေနတာလဲ'

ႏွင္းပြင့္ျဖဴက သူရယ္ေနတာကို သိသြားၿပီမလို႔ ဝန္းရံ ထိန္းမထားေတာ့ပဲ အသံထြက္ကာ ေအာ္ရယ္ပစ္လိုက္သည္

'ဟား..ဟား..ဟား...'

ဝန္းရံရဲ႕ သေဘာက်စြာ ေအာ္ရယ္ေနပုံက ႏွင္းပြင့္ျဖဴကို မ်က္ေမွာင္က်ဳံကာ စဥ္းစားသြားေစသည္

'နင္ ႐ူးသြားၿပီလား!'

ႏွင္းပြင့္ျဖဴ ဝန္းရံကို နားမလည္သလိုၾကည့္ကာ ေျပာလိုက္သည္

'ခင္ဗ်ား ထပ္မွားသြားျပန္ၿပီ'

'ဘာကိုလဲ'

'အဟင္း စိတ္မေကာင္းပါဘူး ကိုကိုက ကြၽန္ေတာ့္ကို လက္ထပ္ခြင့္ ေတာင္းထားတာ'

ဝန္းရံက ႏွင္းပြင့္ျဖဴကို ဟာသတစ္ခုလိုၾကည့္ကာ ထပ္ရယ္ျပန္သည္

'ဘာ!!!'

ဝန္းရံရဲ႕ စကားေၾကာင့္ ႏွင္းပြင့္ျဖဴ ရင္တစ္ခုလုံး ေျဗာင္းဆန္ကာ ထိတ္လန႔္မိသြားသည္

ႏွင္းပြင့္ျဖဴ ဝန္းရံရဲ႕လက္ကို ေသခ်ာၾကည့္မိခါမွ ဟုတ္ပါသည္ ဝန္းရံရဲ႕ ဘယ္ဖတ္လက္သူႂကြယ္တြင္ လွပစြာ ေနရာယူထားေသာ လက္စြပ္ေလးတစ္ကြင္း ရွိေနပါသည္

မျဖစ္ႏိုင္ဘူးဟု ႏွင္းပြင့္ျဖဴ စိတ္ထဲကေန အက်ယ္ႀကီး ေအာ္ပစ္လိုက္သည္

မင္းမာန အေၾကာင္းကို ႏွင္းပြင့္ျဖဴ ေကာင္းေကာင္းသိပါသည္

အထူးသျဖင့္ မာနရဲ႕ အခ်စ္ေရးကိစၥေတြကို သူမထက္ ဘယ္သူမွ ပိုမသိႏိုင္ပါ

မင္းမာနက ရည္းစားေတြ ထည္လဲတြဲခဲ့ေသာ္လဲ ဘယ္သူ႔ကိုမွ ခ်စ္တယ္ဟု မေျပာခဲ့ပါ

လက္ထပ္ခြင့္ေတာင္းဖို႔ဆိုရင္ ပိုလို႔ေတာင္ မျဖစ္ႏိုင္ပါ

မင္းမာန ရည္းစားထားတဲ့ ပုံစံက မိန္းကေလးတစ္ေယာက္ကို သေဘာက်တယ္ထင္လွ်င္ တြဲရေအာင္ဟုသာ ေျပာတက္ပါသည္

မာနဘက္ကေန စေျပာတဲ့ မိန္းကေလးက အေတာ္ေလး နဲပါသည္

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ဘက္ကသာ စၿပီး မာနကို ျမဴစြယ္ၾကျခင္းျဖစ္သည္

သို႔ေသာ္ မာနကေတာ့ ဘယ္သူ႔ကိုမွ ၾကာၾကာမတြဲပါ သူ႐ိုးလာလွ်င္ အဆက္အသြယ္ျဖတ္ကာ အကုန္လုံးကို ထားခဲ့ေလသည္

ႏွင္းပြင့္ျဖဴလား ႏွင္းပြင့္ျဖဴကေတာ့ မာနကို စၿပီးသေဘာက်ခဲ့တာ မွန္ေသာ္လဲ သူမဘက္ကေန စေျပာခဲ့ျခင္း မဟုတ္ပါ

တစ္ျဖည္းျဖည္းနဲ႔ မာန သူမကို သတိထားမိလာေအာင္လုပ္ကာ မာနဘာသာ ဖြင့္ေျပာလာေအာင္ လုပ္ခဲ့ျခင္း ျဖစ္သည္

ႏွင္းပြင့္ျဖဴက တစ္ျခားသူေတြထက္ မာန အၾကာႀကီး တြဲခဲ့ေသာ တစ္ေယာက္ထဲေသာ ရည္းစားျဖစ္သည္

သူတို႔တြဲတာ ၾကာခဲ့တာကလဲ ႏွင္းပြင့္ျဖဴက အလိမၼာနည္းႏွင့္ သူမကို မထားခဲ့ႏိုင္ေအာင္ အမ်ိဳးမ်ိဳးလုပ္ေသာေၾကာင့္ ျဖစ္သည္

ခုေတာ့ ဘယ္မိန္းကေလးကိုမွ ခ်စ္တယ္လို႔ မေျပာခဲ့တဲ့သူက ေကာင္ေလးတစ္ေယာက္ကို လက္ထပ္ခြင့္ ေတာင္းပါသည္တဲ့

ႏွင္းပြင့္ျဖဴ လုံးဝထင္မထားခဲ့ေသာ္လဲ ဝန္းရံကို အရႈံးမေပးခ်င္တာေၾကာင့္

'အဲ့ေတာ့ ဘာလုပ္ရမွာလဲ သူက ေတြ႕တဲ့သူတိုင္းကို အဲ့တိုင္းေျပာေနက်ပဲဟာကို'

ႏွင္းပြင့္ျဖဴ ေျပာၿပီးတာႏွင့္ ထိုအခန္းထဲကေန လွည့္ထြက္လာခဲ့သည္

ဝန္းရံကို အႏိုင္ပိုင္းကာ ေျပာခဲ့ေသာ္လဲ ဝန္းရံကေတာ့ ႏွင္းပြင့္ျဖဴ စကားေတြကို မယုံေတာ့ပါ

ေဟ့ အိမ္ထဲမွာပဲ ၿငိမ္ၿငိမ္ေလးေနတဲ့ ဒါဒါေလးေတြ ဘယ္ေလာက္မ်ားလဲ သာသာလဲ အမ်ားႀကီး တင္ေပးခ်င္လို႔ 😍

Continue Reading

You'll Also Like

412K 15.6K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
6.3K 838 20
باسی خۆشەویستی نێوان دوو کەس دەکات کچێکی دکتۆری ئاساییی و کوڕێکی خۆپەرست کە ئاشقی دکتۆرێکی ئاسایی دەبێت بۆ ئەوەی زانیاری زیاتر بزانن چیرۆکەکە بخو...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
527K 60.3K 64
Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help but fall for him. This is my Owncreation...