အ​ေဖမတူ အ​ေမကြဲ~အဖေမတူ အမေကွဲ...

By Empress184

616K 43.3K 1.7K

Uni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
36
37
38
39
40
41
42
43
44
45
46
47
48
49
50(end)

35

4.9K 331 16
By Empress184

Uni

မာန ရတုကိုလဲ ပြန်ရပြီမလို့ ကားကို အေးအေးဆေးဆေးပဲ မောင်းလာကာ မြို့ထဲကအိမ်ကိုဝင်ပြီး ဝန်းရံရဲ့အချစ်တော် စနိုးလေးကို ခေါ်လာခဲ့သည်

ခုချိန်လောက်ဆိုရင် ဝန်းရံ တစ်ယောက်ထဲမလို့ ပျင်းနေလောက်ပြီထင်သည်

တစ်လက်စတည်း မာန်နှင့်ရတုကိုပါ ဆွေးနွေးစရာတွေ ရှိနေသေးတာမလို့ မြို့ပြင်က အိမ်ကိုပဲ လိုက်ခဲ့ခိုင်းလိုက်သည်

ဦးမုန်းခန့်ထည်နှင့် ပါတ်သက်သမျှအကုန် ပါသွားပြီမလို့ သူတို့မှာ လုပ်စရာတွေ ပိုများသွားပြီ ဖြစ်သည်

မာန ဝန်းရံအတွက် အများကြီး စိတ်မပူမိပေ ထိုအိမ်လေး ရှိတဲ့နေရာကို သိတဲ့သူက သူနှင့်ဝန်းရံအပြင် တစ်ခြားလူ မရှိသောကြောင့်ဖြစ်သည်

ထို့ကြောင့် လမ်းတွင် ဝန်းရံအတွက် လိုအပ်မည် ထင်တာတွေကိုပါ ဝင်ဝယ်နေလိုက်သည်

သူ ဝန်းရံကို ထိုအိမ်လေးတွင်ပင် ဆက်ထားဖို့ ဆုံးဖြတ်လိုက်သည်

သူတို့ ထိုအိမ်လေးတွင် ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ မပြောတက်ပေ

မာန ရောက်လာသောအခါ အိမ်ရှေ့တွင် ကားတစ်စီး တွေ့တာကြောင့် မာန်နှင့်ရတုတို့ ရောက်နေပြီမှန်း သူသိလိုက်သည်

မာန အိမ်ထဲသို့ ဝင်လာသောအခါ မာန်နှင့်ရတုက ဆိုဖာတွင် ထိုင်နေကာ မျက်နှာများ မကောင်းကြပေ

'မင်းတို့ ဘာထိုင်လုပ်နေကြတာလဲ ဝန်းရံကော ဝန်းရံ...'

မာန ထိုနှစ်ယောက်ကိုပြောရင်း ပါးစပ်ကလဲ ဝန်းရံကိုပါ အော်ခေါ်လိုက်သည်

'သူ မရှိတော့ဘူး'

မာန်က အံကြိတ်ကာ ပြောလာလေသည်

ရတုကလဲ မာန့်ဘေးတွင် ထိုင်နေကာ မာနကို တောင်းပန်သလို လှမ်းကြည့်လေသည်

'ဘာ ဘယ်သူက မရှိတော့တာလဲ'

မာနရင်ထဲ ဒိန်းကနဲဖြစ်သွားကာ မာန့်ကို သေချာအောင် ထပ်မေးလိုက်သည်

'ဝန်းရံ သူ မရှိတော့ဘူး သူ့ကို တစ်ယောက်ယောက် ခေါ်သွားလောက်ပြီ'

မာန့်စကားကြောင့် မာန ဒေါသတွေ ဂိတ်ဆုံးသွားသည်

'မင်းက ဘာကိစ္စ အဲ့လောက်တောင် သေချာနေရတာလဲ ငါသူ့ကို ခုချက်ချင်း ဖုန်းဆက်...'

မာန ပါးစပ်ကလဲပြောရင်း လက်ကလဲ ဖုန်းကိုယူကာ ဝန်းရံကိုခေါ်ရန် ပြင်လိုက်သည်

သို့သော် သူ့ဆီ လှမ်းပေးလာသော ရတုလက်ထဲက ဝန်းရံရဲ့ ဖုန်းလေးကြောင့် သူ ဆိုဖာပေါ် ထိုင်ကျသွားသည်

'မာန ငါတို့ရောက်လာတော့ ခြံတံခါးရော အိမ်တံခါးရော ပွင့်နေတာ ဝန်းရံဖုန်းက ဆက်တီစားပွဲပေါ်ကနေ တွေ့တာ ငါရော မာန်ရော တစ်ခြံလုံးအနှံ့ ပတ်ရှာပြီးသွားပြီ ဝန်းရံကို မတွေ့ဘူး'

ရတုက သူတို့ရောက်လာတုန်းက တွေ့ရတဲ့ အနေအထားကို မာနကို ရှင်းပြလိုက်သည်

ဒါဆို ဝန်းရံကို တစ်ယောက်ယောက် ခေါ်သွားပြီဆိုတာ သေချာနေပါပြီ

ထိုအကြောင်းအရာကို မာန လက်မခံနိုင်ပါ

ဘယ်လိုဖြစ်ပြီးတော့များ တစ်ဖတ်လူက သူတို့ရဲ့ တည်နေရာကိုသိပြီး ဝန်းရံကို လာခေါ်သွားခဲ့တာတဲ့လဲ

မာနရဲ့ မျက်လုံးအစုံက ဆက်တီစားပွဲဘေးမှာ သူကိုယ်တိုင်ချွတ်ပေးပြီး တင်ထားခဲ့သော ဝန်းရံရဲ့ ကျောပိုးအိတ်ဆီ ရောက်သွားကာ အိတ်ကိုဖွင့်ပြီး အထဲမှာရှိသမျှ အကုန်လုံးကို စားပွဲပေါ် သွန်ချလိုက်သည်

စာအုပ်တစ်ချို့ရယ် ဘောပင်အနည်းငယ်နှင့် မုန့်တွေပဲရှိသည် သံသယဖြစ်စရာကောင်းတာ တစ်ခုမှ မတွေ့ရပေ

မာန စိတ်ပျက်သွားကာ ပြန်ထိုင်လိုက်ချိန် စနိုးက တစ်အိမ်လုံးအနှံ့ ပတ်သွားကာ ဝန်းရံကို ရှာနေလေသည်

စနိုးလေးက ဝန်းရံကိုမတွေ့တာကြောင့် မာနဘေးက ဆိုဖာပေါ်ကို ခုန်တက်လာကာ ထိုင်လိုက်လေသည်

မာန စနိုးကိုကြည့်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ ဝန်းရံရဲ့ ကျောပိုးအိတ်မှာ ချိတ်ထားသော အဖြူရောင်အမွေးပွပွနှင့် ခွေးရုပ်လေးကို ယူလိုက်သည်

သူ ထိုခွေးရုပ်လေးကို အရင်က မမြင်ဘူးပဲ ဝန်းရံ ကျောင်းကနေပြန်လာမှ ပါလာခဲ့ခြင်းဖြစ်သည်

မာန ထိုခွေးရုပ်ကို စမ်းကြည့်လိုက်သောအခါ အထဲတွင် မာမာတောင့်တောင့် ပစ္စည်းလေးတစ်ခုကို စမ်းမိလေသည်

မာန မျက်လုံးတွေ မီးတောက်လာကာ ထိုခွေးရုပ်အထဲက ပစ္စည်းကို အားနှင့်ကြွေမွသွားအောင် ခြေပစ်လိုက်ပြီး ပါးစပ်ကလဲ နာမည်တစ်ခုကို တစ်လုံးချင်းစီ ပြောလိုက်သည်

'နှင်းပွင့်ဖြူ!!!'

နှင်းပွင့်ဖြူ ဝန်းရံကို ကားပေါ်တင်လာကာ မြို့နှင့်အတော်ဝေးသော နေရာသို့ မောင်းလာခဲ့သည်

အစကတော့ ဝန်းရံတစ်ယောက် မာနကို စိတ်ပူနေရသည်နှင့် ဘယ်သွားနေလဲဆိုတာ သတိမထားမိပေ

ဝန်းရံ သတိထားမိသွားသော အချိန်တွင် သူစီးလာသော ကားလေးက မြို့ပြင်သို့ပင် ရောက်ရှိနေပါပြီ

ယခုမှ သူလိုက်လာမိတာကို ဝန်းရံ နောင်တရချင်လာသည်

'မမ နှင်းပွင့်ဖြူ ဝန်းရံတို့ ဘယ်ကိုသွားနေတာလဲဟင်'

ဝန်းရံ မရဲတရဲနှင့် နှင်းပွင့်ဖြူကို မေးလိုက်သည်

နှင်းပွင့်ဖြူဆီက အဖြေပြန်မရပဲ ဝန်းရံ နှာခေါင်းထဲသို့ စူးရှသော အနံ့တစ်ခုက တိုးဝင်လာလေသည်

ဝန်းရံ လန့်သွားကာ အသက်အောင့်လိုက်သော်လဲ နောက်ကျသွားပါပြီ သူ ထိုအနံ့ကို ရှုပြီးသွားပြီ ဖြစ်သည်

ထိုအနံ့ကြောင့် ဝန်းရံခေါင်းတစ်ခုလုံး မူးလာကာ မျက်ခွံတွေလေးပြီး ပိတ်ကျသွားလေသည်

သူ နောက်ဆုံးမြင်လိုက်ရတာက နှင်းပွင့်ဖြူက သူ့ကိုကြည့်ပြီး ကြောက်စရာကောင်းအောင် ပြုံးနေတာကိုပင်

ထို့နောက် သူ ဘာမှမသိတော့ပဲ လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားလေသည်

နှင်းပွင့်ဖြူ တစ်ဖြည်းဖြည်းနှင့် လဲကျကာ ငြိမ်သက်သွားသော ဝန်းရံကိုကြည့်ပြီး တစ်ချက်ရယ်လိုက်သည်

'ဟက် နင့်လို ဘာမဟုတ်တာလေးကများ ငါနဲ့လာယှဥ်ချင်နေသေးတယ် အိမ်မက်မက်နေလိုက်'

မြို့ထဲကနေ ထွက်လာထဲက နှင်းပွင့်ဖြူ ထိုမေ့ဆေးငွေ့ကို လွှတ်ထားကာ တံခါးတွေ အလုံပိတ်ထားခြင်း ဖြစ်သည်

နှင်းပွင့်ဖြူက ဖြေဆေးကြိုသုံးထားတာမလို့ ထိုမေ့ဆေးငွေ့က သူမအပေါ် မသက်ရောက်ပေ

နှင်းပွင့်ဖြူ ဝန်းရံဆီ လာထဲက လမ်းမှာတင် အစီအစဥ်တွေ အကုန်ချလာတာ ဖြစ်သည်

ဝန်းရံ သတိလစ်သွားသောအခါ နှင်းပွင့်ဖြူရဲ့ ကားလေးက ကားလမ်းမကြီးအတိုင်း တစ်ရိပ်ရိပ် မောင်းသွားလေသည်

နှင်းပွင့်ဖြူ ဦးတည်ပြီး သွားနေတဲ့နေရာက သူမအဖေ ဦးရောင်ဝါလင်း ရှိနေရာ စခန်းတစ်ခုဆီသို့ဖြစ်သည်

ဦးရောင်ဝါလင်းက သူ့နောက်လိုက်တွေကို လုပ်ရမဲ့အလုပ်တွေ တာဝန်ခွဲပေးကာ အစီအစဥ်တွေ ဆွဲနေတုန်း သူတို့စခန်းထဲသို့ ကားတစ်စီးဝင်လာတာမလို့ အကုန်လုံး သတိအနေအထား ဖြစ်သွားသည်

တစ်ချို့နောက်လိုက်တွေက သေနတ်တွေပါ ကိုင်ထားကာ မောင်းတင်ထားကြလေသည်

ဘာလို့လဲဆိုတော့ သူတို့စခန်းကို တစ်ယောက်ယောက်လာမယ်ဆိုတာ ခေါင်းဆောင်က ပြောမထားပေ

ဦးရောင်ဝါလင်း သူ့နောက်လိုက်တွေကို အချက်ပြကာ သူ့ကိုယ်ပိုင်နေရာကနေ အပြင်ထွက်လာခဲ့သည်

ကားပေါ်ကနေ ဆင်းလာသောသူကို မြင်ခါမှ သက်ပြင်းချကာ ခေါင်းရမ်းမိတော့သည်

သူ့နောက်လိုက်တွေထဲက တစ်ချို့တစ်လေကပဲ နှင်းပွင့်ဖြူကို သိတာကြောင့် ခေါင်းဆောင်ရဲ့ အမိန့်ကို စောင့်နေကြလေသည်

ဦးရောင်ဝါလင်းက ထိုလူတွေကို လုပ်စရာရှိတာ ဆက်လုပ်ကြရန်သာ အချက်ပြလိုက်လေသည်

နှင်းပွင့်ဖြူက ကားပေါ်ကနေ ဆင်းဆင်းချင်း သူမအဖေနားကို တန်းလျှောက်သွားလေသည်

'လာမယ်ဆိုလဲ ကြိုတင်ပြီး လှမ်းပြောထားမှပေါ့'

ဦးရောင်ဝါလင်းက နှင်းပွင့်ဖြူကို ပြောလိုက်သော်လဲ သူမက ဂရုမစိုက်စွာပင် သူမအဖေကို ကျော်သွားကာ ခုနက ဦးရောင်ဝါလင်းတို့ ထိုင်နေကြသော အခန်းလေးထဲသို့ ဝင်သွားလေသည်

ဦးရောင်ဝါလင်းလဲ ခေါင်းယမ်းကာ နှင်းပွင့်ဖြူ အနောက်ကနေလိုက်ပြီး အခန်းထဲဝင်လိုက်လေသည်

သူ့နောက်လိုက်တွေကလဲ နောက်ကနေ အဖွဲ့လိုက်ကြီး ပါလာလေသည်

သူထိုင်မလို့ ပြင်ရုံရှိသေးသည် နှင်းပွင့်ဖြူက ထိုင်နေရာကနေ စကားပြောလာသည်

'ကားထဲက ကျွန်မရဲ့ လက်ဆောင်ထုတ်လေး ယူလာခဲ့ပေးဦးလေ'

နှင်းပွင့်ဖြူစကားကြောင့် ဦးရောင်ဝါလင်း မျက်လုံးပြူးသွားကာ ချက်ချင်းအပြင်ပြန်ထွက်လာခဲ့သည်

စိတ်ထဲတွင်လဲ နှင်းပွင့်ဖြူ ဘာမဟုတ်တာတွေ လုပ်လာပြန်ပြီလဲဟုတွေးကာ ကားတံခါးကို ဆွဲဖွင့်ကြည့်လိုက်သည်

သူ့နောက်လိုက်တွေကလဲ ဘာလုပ်လို့ လုပ်ရမည်မှန်းမသိကာ ဦးရောင်ဝါလင်း နောက်ကနေသာ တောက်လျောက်လိုက်နေကြတော့သည်

ကားတံခါးကို ဖွင့်ဖွင့်ချင်း သူတို့အကုန် မြင်လိုက်ရတာက ကလေးလေးတစ်ယောက်လို အပြစ်ကင်းစွာ ငြိမ်သက်နေသော ကောင်လေးတစ်ယောက် ဖြစ်သည်

သွေးကျဆေးတွေ ရမယ် သွေးကျဆေးတွေ ဟီး အောက်ကပုံလေးက ဒါဒါတစ်ယောက် လာပို့ထားတာလေး သဘောကျလို့ပါ ဟားဟား
သာသာ ဒီတစ်ခါတော့ တစ်ကယ် ကတိပေးပါတယ် ဒီFicလေး မပြီးမချင်း ပျောက်မသွားတော့ပါဘူးလို့ သာသာရဲ့ ဒါဒါလေးတွေ အကုန်လုံး အာဝါး 😘



Zawgyi

မာန ရတုကိုလဲ ျပန္ရၿပီမလို႔ ကားကို ေအးေအးေဆးေဆးပဲ ေမာင္းလာကာ ၿမိဳ႕ထဲကအိမ္ကိုဝင္ၿပီး ဝန္းရံရဲ႕အခ်စ္ေတာ္ စႏိုးေလးကို ေခၚလာခဲ့သည္

ခုခ်ိန္ေလာက္ဆိုရင္ ဝန္းရံ တစ္ေယာက္ထဲမလို႔ ပ်င္းေနေလာက္ၿပီထင္သည္

တစ္လက္စတည္း မာန္ႏွင့္ရတုကိုပါ ေဆြးေႏြးစရာေတြ ရွိေနေသးတာမလို႔ ၿမိဳ႕ျပင္က အိမ္ကိုပဲ လိုက္ခဲ့ခိုင္းလိုက္သည္

ဦးမုန္းခန္႔ထည္ႏွင့္ ပါတ္သက္သမွ်အကုန္ ပါသြားၿပီမလို႔ သူတို႔မွာ လုပ္စရာေတြ ပိုမ်ားသြားၿပီ ျဖစ္သည္

မာန ဝန္းရံအတြက္ အမ်ားႀကီး စိတ္မပူမိေပ ထိုအိမ္ေလး ရွိတဲ့ေနရာကို သိတဲ့သူက သူႏွင့္ဝန္းရံအျပင္ တစ္ျခားလူ မရွိေသာေၾကာင့္ျဖစ္သည္

ထို႔ေၾကာင့္ လမ္းတြင္ ဝန္းရံအတြက္ လိုအပ္မည္ ထင္တာေတြကိုပါ ဝင္ဝယ္ေနလိုက္သည္

သူ ဝန္းရံကို ထိုအိမ္ေလးတြင္ပင္ ဆက္ထားဖို႔ ဆုံးျဖတ္လိုက္သည္

သူတို႔ ထိုအိမ္ေလးတြင္ ဘယ္ေလာက္ၾကာၾကာ ေနရမလဲဆိုတာ မေျပာတက္ေပ

မာန ေရာက္လာေသာအခါ အိမ္ေရွ႕တြင္ ကားတစ္စီး ေတြ႕တာေၾကာင့္ မာန္ႏွင့္ရတုတို႔ ေရာက္ေနၿပီမွန္း သူသိလိုက္သည္

မာန အိမ္ထဲသို႔ ဝင္လာေသာအခါ မာန္ႏွင့္ရတုက ဆိုဖာတြင္ ထိုင္ေနကာ မ်က္ႏွာမ်ား မေကာင္းၾကေပ

'မင္းတို႔ ဘာထိုင္လုပ္ေနၾကတာလဲ ဝန္းရံေကာ ဝန္းရံ...'

မာန ထိုႏွစ္ေယာက္ကိုေျပာရင္း ပါးစပ္ကလဲ ဝန္းရံကိုပါ ေအာ္ေခၚလိုက္သည္

'သူ မရွိေတာ့ဘူး'

မာန္က အံႀကိတ္ကာ ေျပာလာေလသည္

ရတုကလဲ မာန္႔ေဘးတြင္ ထိုင္ေနကာ မာနကို ေတာင္းပန္သလို လွမ္းၾကည့္ေလသည္

'ဘာ ဘယ္သူက မရွိေတာ့တာလဲ'

မာနရင္ထဲ ဒိန္းကနဲျဖစ္သြားကာ မာန္႔ကို ေသခ်ာေအာင္ ထပ္ေမးလိုက္သည္

'ဝန္းရံ သူ မရွိေတာ့ဘူး သူ႔ကို တစ္ေယာက္ေယာက္ ေခၚသြားေလာက္ၿပီ'

မာန္႔စကားေၾကာင့္ မာန ေဒါသေတြ ဂိတ္ဆုံးသြားသည္

'မင္းက ဘာကိစၥ အဲ့ေလာက္ေတာင္ ေသခ်ာေနရတာလဲ ငါသူ႔ကို ခုခ်က္ခ်င္း ဖုန္းဆက္...'

မာန ပါးစပ္ကလဲေျပာရင္း လက္ကလဲ ဖုန္းကိုယူကာ ဝန္းရံကိုေခၚရန္ ျပင္လိုက္သည္

သို႔ေသာ္ သူ႔ဆီ လွမ္းေပးလာေသာ ရတုလက္ထဲက ဝန္းရံရဲ႕ ဖုန္းေလးေၾကာင့္ သူ ဆိုဖာေပၚ ထိုင္က်သြားသည္

'မာန ငါတို႔ေရာက္လာေတာ့ ၿခံတံခါးေရာ အိမ္တံခါးေရာ ပြင့္ေနတာ ဝန္းရံဖုန္းက ဆက္တီစားပြဲေပၚကေန ေတြ႕တာ ငါေရာ မာန္ေရာ တစ္ၿခံလုံးအႏွံ႔ ပတ္ရွာၿပီးသြားၿပီ ဝန္းရံကို မေတြ႕ဘူး'

ရတုက သူတို႔ေရာက္လာတုန္းက ေတြ႕ရတဲ့ အေနအထားကို မာနကို ရွင္းျပလိုက္သည္

ဒါဆို ဝန္းရံကို တစ္ေယာက္ေယာက္ ေခၚသြားၿပီဆိုတာ ေသခ်ာေနပါၿပီ

ထိုအေၾကာင္းအရာကို မာန လက္မခံႏိုင္ပါ

ဘယ္လိုျဖစ္ၿပီးေတာ့မ်ား တစ္ဖတ္လူက သူတို႔ရဲ႕ တည္ေနရာကိုသိၿပီး ဝန္းရံကို လာေခၚသြားခဲ့တာတဲ့လဲ

မာနရဲ႕ မ်က္လုံးအစုံက ဆက္တီစားပြဲေဘးမွာ သူကိုယ္တိုင္ခြၽတ္ေပးၿပီး တင္ထားခဲ့ေသာ ဝန္းရံရဲ႕ ေက်ာပိုးအိတ္ဆီ ေရာက္သြားကာ အိတ္ကိုဖြင့္ၿပီး အထဲမွာရွိသမွ် အကုန္လုံးကို စားပြဲေပၚ သြန္ခ်လိုက္သည္

စာအုပ္တစ္ခ်ိဳ႕ရယ္ ေဘာပင္အနည္းငယ္ႏွင့္ မုန္႔ေတြပဲရွိသည္ သံသယျဖစ္စရာေကာင္းတာ တစ္ခုမွ မေတြ႕ရေပ

မာန စိတ္ပ်က္သြားကာ ျပန္ထိုင္လိုက္ခ်ိန္ စႏိုးက တစ္အိမ္လုံးအႏွံ႔ ပတ္သြားကာ ဝန္းရံကို ရွာေနေလသည္

စႏိုးေလးက ဝန္းရံကိုမေတြ႕တာေၾကာင့္ မာနေဘးက ဆိုဖာေပၚကို ခုန္တက္လာကာ ထိုင္လိုက္ေလသည္

မာန စႏိုးကိုၾကည့္ၿပီး တစ္စုံတစ္ခုကို သတိရသြားကာ ဝန္းရံရဲ႕ ေက်ာပိုးအိတ္မွာ ခ်ိတ္ထားေသာ အျဖဴေရာင္အေမြးပြပြႏွင့္ ေခြး႐ုပ္ေလးကို ယူလိုက္သည္

သူ ထိုေခြး႐ုပ္ေလးကို အရင္က မျမင္ဘူးပဲ ဝန္းရံ ေက်ာင္းကေနျပန္လာမွ ပါလာခဲ့ျခင္းျဖစ္သည္

မာန ထိုေခြး႐ုပ္ကို စမ္းၾကည့္လိုက္ေသာအခါ အထဲတြင္ မာမာေတာင့္ေတာင့္ ပစၥည္းေလးတစ္ခုကို စမ္းမိေလသည္

မာန မ်က္လုံးေတြ မီးေတာက္လာကာ ထိုေခြး႐ုပ္အထဲက ပစၥည္းကို အားႏွင့္ေႂကြမြသြားေအာင္ ေျခပစ္လိုက္ၿပီး ပါးစပ္ကလဲ နာမည္တစ္ခုကို တစ္လုံးခ်င္းစီ ေျပာလိုက္သည္

'ႏွင္းပြင့္ျဖဴ!!!'

ႏွင္းပြင့္ျဖဴ ဝန္းရံကို ကားေပၚတင္လာကာ ၿမိဳ႕ႏွင့္အေတာ္ေဝးေသာ ေနရာသို႔ ေမာင္းလာခဲ့သည္

အစကေတာ့ ဝန္းရံတစ္ေယာက္ မာနကို စိတ္ပူေနရသည္ႏွင့္ ဘယ္သြားေနလဲဆိုတာ သတိမထားမိေပ

ဝန္းရံ သတိထားမိသြားေသာ အခ်ိန္တြင္ သူစီးလာေသာ ကားေလးက ၿမိဳ႕ျပင္သို႔ပင္ ေရာက္ရွိေနပါၿပီ

ယခုမွ သူလိုက္လာမိတာကို ဝန္းရံ ေနာင္တရခ်င္လာသည္

'မမ ႏွင္းပြင့္ျဖဴ ဝန္းရံတို႔ ဘယ္ကိုသြားေနတာလဲဟင္'

ဝန္းရံ မရဲတရဲႏွင့္ ႏွင္းပြင့္ျဖဴကို ေမးလိုက္သည္

ႏွင္းပြင့္ျဖဴဆီက အေျဖျပန္မရပဲ ဝန္းရံ ႏွာေခါင္းထဲသို႔ စူးရွေသာ အနံ႔တစ္ခုက တိုးဝင္လာေလသည္

ဝန္းရံ လန္႔သြားကာ အသက္ေအာင့္လိုက္ေသာ္လဲ ေနာက္က်သြားပါၿပီ သူ ထိုအနံ႔ကို ရႈၿပီးသြားၿပီ ျဖစ္သည္

ထိုအနံ႔ေၾကာင့္ ဝန္းရံေခါင္းတစ္ခုလုံး မူးလာကာ မ်က္ခြံေတြေလးၿပီး ပိတ္က်သြားေလသည္

သူ ေနာက္ဆုံးျမင္လိုက္ရတာက ႏွင္းပြင့္ျဖဴက သူ႔ကိုၾကည့္ၿပီး ေၾကာက္စရာေကာင္းေအာင္ ၿပဳံးေနတာကိုပင္

ထို႔ေနာက္ သူ ဘာမွမသိေတာ့ပဲ ေလာကႀကီးႏွင့္ အဆက္အသြယ္ ျပတ္သြားေလသည္

ႏွင္းပြင့္ျဖဴ တစ္ျဖည္းျဖည္းႏွင့္ လဲက်ကာ ၿငိမ္သက္သြားေသာ ဝန္းရံကိုၾကည့္ၿပီး တစ္ခ်က္ရယ္လိုက္သည္

'ဟက္ နင့္လို ဘာမဟုတ္တာေလးကမ်ား ငါနဲ႔လာယွဥ္ခ်င္ေနေသးတယ္ အိမ္မက္မက္ေနလိုက္'

ၿမိဳ႕ထဲကေန ထြက္လာထဲက ႏွင္းပြင့္ျဖဴ ထိုေမ့ေဆးေငြ႕ကို လႊတ္ထားကာ တံခါးေတြ အလုံပိတ္ထားျခင္း ျဖစ္သည္

ႏွင္းပြင့္ျဖဴက ေျဖေဆးႀကိဳသုံးထားတာမလို႔ ထိုေမ့ေဆးေငြ႕က သူမအေပၚ မသက္ေရာက္ေပ

ႏွင္းပြင့္ျဖဴ ဝန္းရံဆီ လာထဲက လမ္းမွာတင္ အစီအစဥ္ေတြ အကုန္ခ်လာတာ ျဖစ္သည္

ဝန္းရံ သတိလစ္သြားေသာအခါ ႏွင္းပြင့္ျဖဴရဲ႕ ကားေလးက ကားလမ္းမႀကီးအတိုင္း တစ္ရိပ္ရိပ္ ေမာင္းသြားေလသည္

ႏွင္းပြင့္ျဖဴ ဦးတည္ၿပီး သြားေနတဲ့ေနရာက သူမအေဖ ဦးေရာင္ဝါလင္း ရွိေနရာ စခန္းတစ္ခုဆီသို႔ျဖစ္သည္

ဦးေရာင္ဝါလင္းက သူ႔ေနာက္လိုက္ေတြကို လုပ္ရမဲ့အလုပ္ေတြ တာဝန္ခြဲေပးကာ အစီအစဥ္ေတြ ဆြဲေနတုန္း သူတို႔စခန္းထဲသို႔ ကားတစ္စီးဝင္လာတာမလို႔ အကုန္လုံး သတိအေနအထား ျဖစ္သြားသည္

တစ္ခ်ိဳ႕ေနာက္လိုက္ေတြက ေသနတ္ေတြပါ ကိုင္ထားကာ ေမာင္းတင္ထားၾကေလသည္

ဘာလို႔လဲဆိုေတာ့ သူတို႔စခန္းကို တစ္ေယာက္ေယာက္လာမယ္ဆိုတာ ေခါင္းေဆာင္က ေျပာမထားေပ

ဦးေရာင္ဝါလင္း သူ႔ေနာက္လိုက္ေတြကို အခ်က္ျပကာ သူ႔ကိုယ္ပိုင္ေနရာကေန အျပင္ထြက္လာခဲ့သည္

ကားေပၚကေန ဆင္းလာေသာသူကို ျမင္ခါမွ သက္ျပင္းခ်ကာ ေခါင္းရမ္းမိေတာ့သည္

သူ႔ေနာက္လိုက္ေတြထဲက တစ္ခ်ိဳ႕တစ္ေလကပဲ ႏွင္းပြင့္ျဖဴကို သိတာေၾကာင့္ ေခါင္းေဆာင္ရဲ႕ အမိန္႔ကို ေစာင့္ေနၾကေလသည္

ဦးေရာင္ဝါလင္းက ထိုလူေတြကို လုပ္စရာရွိတာ ဆက္လုပ္ၾကရန္သာ အခ်က္ျပလိုက္ေလသည္

ႏွင္းပြင့္ျဖဴက ကားေပၚကေန ဆင္းဆင္းခ်င္း သူမအေဖနားကို တန္းေလွ်ာက္သြားေလသည္

'လာမယ္ဆိုလဲ ႀကိဳတင္ၿပီး လွမ္းေျပာထားမွေပါ့'

ဦးေရာင္ဝါလင္းက ႏွင္းပြင့္ျဖဴကို ေျပာလိုက္ေသာ္လဲ သူမက ဂ႐ုမစိုက္စြာပင္ သူမအေဖကို ေက်ာ္သြားကာ ခုနက ဦးေရာင္ဝါလင္းတို႔ ထိုင္ေနၾကေသာ အခန္းေလးထဲသို႔ ဝင္သြားေလသည္

ဦးေရာင္ဝါလင္းလဲ ေခါင္းယမ္းကာ ႏွင္းပြင့္ျဖဴ အေနာက္ကေနလိုက္ၿပီး အခန္းထဲဝင္လိုက္ေလသည္

သူ႔ေနာက္လိုက္ေတြကလဲ ေနာက္ကေန အဖြဲ႕လိုက္ႀကီး ပါလာေလသည္

သူထိုင္မလို႔ ျပင္႐ုံရွိေသးသည္ ႏွင္းပြင့္ျဖဴက ထိုင္ေနရာကေန စကားေျပာလာသည္

'ကားထဲက ကြၽန္မရဲ႕ လက္ေဆာင္ထုတ္ေလး ယူလာခဲ့ေပးဦးေလ'

ႏွင္းပြင့္ျဖဴစကားေၾကာင့္ ဦးေရာင္ဝါလင္း မ်က္လုံးျပဴးသြားကာ ခ်က္ခ်င္းအျပင္ျပန္ထြက္လာခဲ့သည္

စိတ္ထဲတြင္လဲ ႏွင္းပြင့္ျဖဴ ဘာမဟုတ္တာေတြ လုပ္လာျပန္ၿပီလဲဟုေတြးကာ ကားတံခါးကို ဆြဲဖြင့္ၾကည့္လိုက္သည္

သူ႔ေနာက္လိုက္ေတြကလဲ ဘာလုပ္လို႔ လုပ္ရမည္မွန္းမသိကာ ဦးေရာင္ဝါလင္း ေနာက္ကေနသာ ေတာက္ေလ်ာက္လိုက္ေနၾကေတာ့သည္

ကားတံခါးကို ဖြင့္ဖြင့္ခ်င္း သူတို႔အကုန္ ျမင္လိုက္ရတာက ကေလးေလးတစ္ေယာက္လို အျပစ္ကင္းစြာ ၿငိမ္သက္ေနေသာ ေကာင္ေလးတစ္ေယာက္ ျဖစ္သည္

ေသြးက်ေဆးေတြ ရမယ္ ေသြးက်ေဆးေတြ ဟီး ေအာက္ကပုံေလးက ဒါဒါတစ္ေယာက္ လာပို႔ထားတာေလး သေဘာက်လို႔ပါ ဟားဟား
သာသာ ဒီတစ္ခါေတာ့ တစ္ကယ္ ကတိေပးပါတယ္ ဒီFicေလး မၿပီးမခ်င္း ေပ်ာက္မသြားေတာ့ပါဘူးလို႔ သာသာရဲ႕ ဒါဒါေလးေတြ အကုန္လုံး အာဝါး 😘

Continue Reading

You'll Also Like

4.1K 440 32
ကိုယ်ကမင်းကိုသိပ်ချစ်တာ Injunnie... ' မျိုးရိုးကအထက်တန်းစား SS-1 ' က ' KrishunExoL4 ' accထဲမှာရှိပါတယ်။ [ ကိုယ္ကမင္းကိုသိပ္ခ်စ္တာ Injunnie... ' မ်ိဳး...
311K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
323K 21.2K 10
အချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်​နေရာမှာဘယ်လိုပုံစံနဲ့​ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... ​နွ...
327K 17.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"