သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

655K 84.6K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၄၆ (သံတမန်)

2.9K 382 3
By CharmZoey

[Zawgyi]

အပိုင္း  ၁၄၆ (သံတမန္)

သံတမန္က သိပ္စိတ္ဝင္စားပုံမျပဘဲ နည္းနည္းေလာက္ ျပန္ေျပာလိုက္တယ္။

" ဘယ္လိုအရသာ ရွိတဲ့အစားအစာကမ်ား ဒဂၤါး တစ္ျပားနဲ႔ ဝယ္ႏိုင္မွာလဲ ဒီေကာလဟာလက နည္းနည္းမ်ား ခ်ဲ႕ကားလြန္းေနသလားလို႔"

ႀကီးၾကပ္ေရးမႉးက ယြီမိသားစုရဲ႕ အသားႏွပ္ကို စားဖူးတယ္။ အရသာအရမ္းေကာင္းပါတယ္ဆိုၿပီး ေျပာလိုက္ခ်င္ေပမယ့္ သံတမန္ျဖစ္တာမို႔ ဒါမ်ိဳး မိုက္႐ူးရဲဆန္ဆန္ ျပစ္တင္လိုက္ဖို႔က်ေတာ့ သူ႔မွာ သတၱိက ရွိမေနဘူး။ သူကမ်က္ႏွာခ်ိဳေသြးတဲ့ ပုံနဲ႔ ၿပဳံးလိုက္ၿပီး

"အရွင္ေျပာတာ မွန္ပါတယ္! ေနာက္ၿပီး အဲ့ဒါက လူေတြ မစားတဲ့ ဝက္ေခါင္းတို႔ ဝက္ကလီစာတို႔ ဝက္ေသြးေတြတို႔နဲ႔ လုပ္ထားတာ အရွင့္ရဲ႕ ႀကီးျမတ္တဲ့ ဂုဏ္ရာထူးနဲ႔ဆို ဒီလို အစားအစာကို ေသခ်ာေပါက္ အထင္ေသးမွာပဲ!"

"အဲ့လိုေတာ့ ေျပာလို႔မရဘူး!"

သံတမန္က ေမးေစ့ေအာက္ မုတ္ဆိတ္တိုတိုကို ပြတ္လိုက္ရင္း သူ႔မ်က္လုံးေတြက မၾကည္မသာ ျဖစ္လာတယ္။ ၾကည့္ရတာ သူ႔ရဲ႕ အတိတ္အေၾကာင္းကို စၿမဳံ႕ျပန္ၿပီး ေတြးေနပုံပဲ။

ခဏေလာက္တိတ္ေနၿပီးေနာက္ သူက ဆက္ေျပာတယ္

" အဲ့ဒီရက္ေတြတုန္းကေပါ့ ဆရာသခင္နဲ႔ငါ နယ္စပ္ေဒသေတြကို ရန္သူေတြဆီကေန ကာကြယ္ေနခဲ့တာ... ငါတို႔ေတြ ဆယ္ရက္ေလာက္ ရန္သူ႔တပ္ေတြ ဝိုင္းတာ ခံထားရတယ္ေလ... အဲ့တုန္းကဆို သစ္ပင္အေခါက္ေတြတင္မကဘူး ေျမစာေတြကိုပါ စားခဲ့ရတယ္! ငါ မွတ္မိေသးတယ္ အေျခအေနက အရမ္းဆိုးလာၿပီး ေတာင့္မခံႏိုင္တဲ့အဆုံး ငါနဲ႔ငါ့ညီ ရန္သူ႔စခန္းထဲ ထိုးစစ္ဆင္ၿပီး သူတို႔ေတြ ယစ္ပူေဇာ္မယ့္ ဝက္ေခါင္းႀကီးကို ခိုးလာခဲ့ၾကတယ္ေလ... ေနာက္ၿပီး ေတာင္ေပၚမွာ အဲ့ဝက္ေခါင္းႀကီးကို ကင္တယ္... ရက္ေပါင္းမ်ားစြာ အငတ္ေနခဲ့ရတဲ့ စစ္သားေတြအဖို႔ေတာ့ ဒီဝက္ေခါင္းေလးက တိုင္းတစ္ပါးက စားေကာင္းေသာက္ဖြယ္ေတြထက္ကို အရသာရွိတယ္ ထင္ခဲ့ရတာ"

ဒါကိုၾကားေတာ့ ႀကီးၾကပ္ေရးမႉးက အလ်င္အျမန္ပဲ ျဖတ္ေျပာလိုက္တယ္။

" စစ္သူႀကီး, စစ္သူႀကီးက တကယ္ကို ထက္ျမက္ၿပီး အေမွ်ာ္အျမင္ရွိတာပဲ! ဆိုးဝါးတဲ့အခ်ိန္မွာေတာင္ အသက္ရွင္ေနႏိုင္ခဲ့တာဆိုေတာ့ အခုဆို စစ္သူႀကီးဆီကို ေကာင္းတဲ့ကံၾကမၼာနဲ႔ ေကာင္းခ်ီမဂၤလာေတြ လာေနေလာက္ၿပီ!"

သံတမန္က အားပါးတရ ရယ္ေမာလိုက္ၿပီး

"အနာဂတ္မွာငါ့ဆီ ေကာင္းခ်ီးမဂၤလာေတြ လာလာမလာလာ ငါတကယ္ ဂ႐ုမစိုက္ဘူး! ငါဒီေန႔ အရမ္းေပ်ာ္ေနတယ္ေလ, ဘာလို႔လဲ သိလား? ငါေနာက္ဆုံးေတာ့ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္ေလာက္ ေဝးကြာေနခဲ့ရတဲ့ ငါ့ဆရာနဲ႔ ဆရာတူညီေလးတို႔ကို ရွာေတြ႕ခဲ့ၿပီမလို႔ေလ!"

"ဂုဏ္ယူပါတယ္ အရွင္ ဂုဏ္ယူပါတယ္! ဒါက လုံးဝကို ကံေကာင္းျခင္းနမိတ္ပဲ !!!"

ႀကီးၾကပ္ေရးမႉးက သံတမန္ကို ေျမႇာက္ပင့္ဖို႔ အခြင့္အေရးကို အမိအရပဲ ဆုပ္ကိုင္လိုက္ႏိုင္တယ္။

သံတမန္က ႐ိုးရွင္းတဲ့အၾကမ္းထည္ အေဆာက္အအုံေတြ ဝန္းရံထားတဲ့ ဆိပ္ကမ္းကို မ်က္ႏွာမူလိုက္ ၿပီးေနာက္ မွတ္ခ်က္ခ်လိုက္တယ္။

"တဲေတြ အဖ်က္ခံလိုက္ရတဲ့ သူေတြအတြက္ မင္း နစ္နာေၾကး ေပးၿပီးၿပီလား? သေဘၤာဆိပ္ တည္ေဆာက္တာက တိုင္းျပည္နဲ႔ တိုင္းသူျပည္သားေတြအတြက္ အေရးပါတဲ့ကိစၥလို႔ ဧကရာဇ္ကိုယ္တိုင္ မိန႔္ထားတာ... ဒါေၾကာင့္ငါတို႔ ဒီဟာကို အရပ္သူအရပ္သားေတြ မေက်မခ်မ္းျဖစ္ၿပီး တိုင္တန္းေစမယ့္ လုပ္ရပ္ေတြ လုံးဝ လုပ္လို႔မျဖစ္ဘူး "

ဧကရာဇ္ကေတာ့ သူ႔တိုင္းသူျပည္သားေတြကို ရင္ဝယ္သားလို ထားအုပ္ခ်ဳပ္တဲ့ ဘုရင္တစ္ပါးပါပဲ... ဒီ နိမ့္ပါးတဲ့ ကြၽန္ေတာ္မ်ိဳးက ဧကရာဇ္ကို ခ်င္ခင္ေလးစားမိတယ္"

ႀကီးၾကပ္ေရးမႉးက အလ်င္အျမန္ပဲ သူ႔ရဲ႕ သစၥာခံယူတဲ့ အမူအရာကို ျပလိုက္တယ္။

သံတမန္က သူ႔ရဲ႕ ေျမႇာက္ပင့္စကားေတြကို လ်စ္လ်ဴရႈလိုက္ၿပီး ဆက္ေျပာတယ္။

စကား အပိုေတြ ေျပာမေနဘဲ အလုပ္နဲ႔ပဲ သက္ေသျပပါ! ဆိပ္ကမ္းက လူသြားလမ္းက အခု အက်ယ္ထက္ ႏွစ္ဆပိုခ်ဲ႕ရမယ္... ေနာက္ၿပီး ႏွစ္ဖက္စလုံးက တဲေတြကိုလည္း ထပ္ၿဖိဳခ်ရဦးမယ္ ! ငါ့မွာ နစ္နာေၾကးေငြအတြက္ ပိုက္ဆံေတြပါလာခဲ့တယ္ ဒါေၾကာင့္ မင္းက အရပ္သားေတြနဲ႔ ဒီကိစၥကို ေက်နပ္ေအာင္ ေသခ်ာေဆြးေႏြးပါ!"

" ဟုတ္ကဲ့ပါ ဟုက္ကဲ့ပါ! ကြၽန္ေတာ္မ်ိဳး အရွင္ေက်နပ္တဲ့အထိ ေဆာင္႐ြက္ေပးပါ့မယ္!"

ႀကီးၾကပ္ေရးမႉးက ၾကက္သြန္ျဖဴကို ေမးေစ့ႏွင့္ ေထာင္းေနသည့္ႏွယ္ ေခါင္းကို အျပင္းအထန္ ညိတ္ျပလိုက္သည္။

ဒါကိုၾကားေတာ့ သံတမန္က ေအးေအးလူလူ ဆက္ေလွ်ာက္ရင္း လက္ကို ခါလိုက္ၿပီးေနာက္

"ငါ့ကိုတင္မကဘူး ႐ြာသားေတြကိုပါ ေက်နပ္ေအာင္ လုပ္ရမွာ! လီလီ, မင္းေထာက္ပံ့ေပးသင့္တယ္ မင္းရဲ႕လက္ေထာက္.... "

"ကြၽန္ေတာ္မ်ိဳးရဲ႕ မ်ိဳး႐ိုးနာမည္က က်န္း ပါ "

ႀကီးၾကပ္ေရးမႉးက ၿပဳံးကာ ေခါင္းညိတ္ အ႐ိုအေသေပးရင္း ဆိုေတာ့

" ဟုတ္ၿပီ! မင္း ႀကီးၾကပ္ေရးမႉးက်န္းကို ဒါနဲ႔ပတ္သတ္ၿပီး အကူအညီေပးသင့္တယ္!"

သံတမန္ႀကီးက ဆိပ္ကမ္းတစ္ေလွ်ာက္ လွည့္ပတ္စစ္ေဆးၿပီးေနာက္ ကမ္းေျခဘက္ကို ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားလိုက္တယ္။

အသားႏွပ္ေရာင္းတဲ့ သူေတြနားမွာ လူေတြ တျဖည္းျဖည္း က်ဲလာၿပီ။ သတိမူမိပုံမရဘဲ သံတမန္ႀကီးနဲ႔ သူ႔လက္ေအာက္ခံတို႔က အဘိုးလ်ိဳတို႔ ေခါက္ဆြဲဆိုင္ကို ေရာက္လာခဲ့တယ္။

အရာရွိဝတ္႐ုံဝတ္ထားတဲ့လူကိုျမင္ေတာ့ အဘိုးလ်ိဳတို႔ လင္မယားက ထိတ္လန႔္ေနၾကေလတယ္။ သူတို႔မွာ ေၾကာက္လြန္းလို႔ စကားေတာင္ မေျပာႏိုင္ရွာဘူး။

"အဘိုးတို႔, မေၾကာက္ပါနဲ႔! ခင္ဗ်ားတို႔ ဆိုင္က အေတာ္ေလးအဆင္ေျပတယ္လို႔ သတိထားမိလို႔ ေခါက္ဆြဲစားရေအာင္ က်ဳပ္လာခဲ့တာပါ... "

ေၾကာက္႐ြံထိတ္လန႔္ေနပုံရတဲ့ အဘိုးအိုတို႔ လင္မယားေရွ႕မွာ ခက္ထန္ၾကမ္းတမ္းတဲ့ သံတမန္က အတတ္ႏိုင္ဆုံး မ်က္ႏွာေၾကာကို ေျဖေလွ်ာ့ကာ ေဖာ္ေ႐ြတဲ့အၿပဳံးတစ္ခု ၿပဳံးရင္း ဆိုလိုက္တယ္။ ကံမေကာင္းတာက သူ႔အမူအယာက သူထင္ထားနဲ႔ ဆန႔္က်င္ျဖစ္သြားတာပဲ။ အၿပဳံးကို အတင္း ညစ္ထုတ္လိုက္တာမို႔ သူ႔ပုံက ပိုၿပီးေတာင္ ရက္စက္ေၾကာက္မက္ဖြယ္ ေကာင္းသြားေသးတယ္။

" အာ? အရွင္... အရွင္က အကိုဟန္ရဲ႕ ဆရာတူ ဦးေလးမလား!"

ေရွာင္ေခ်ာင္းက ဆိုင္ေရွ႕မွာ လူေလးငါးေယာက္ပဲ ရွိေတာ့တာေၾကာင့္ နားခ်ိန္ေလး ရလိုက္သလို ခံစားမိခ်ိန္ ရင္းႏွီးေနတဲ့ အသံတစ္သံၾကားလိုက္တာမို႔ အနီးတစ္ဝိုက္ကို ၾကည့္လိုက္ေတာ့... ။

အာ! ဒီ သိဂၤႆ(ဒ႑ာရီလာျမင္း)ပုံပန္းထိုး အရာရွိဝတ္႐ုံ ဝတ္ထားတဲ့ ဗလေတာင့္ေတာင့္နဲ႔ ဦးေလးႀကီးက ၿမိဳ႕ေတာ္မွာ ေတြ႕ဖူးခဲ့တဲ့ ဖန္းဇီက်န္းမလား ! သူက ဘာလို႔ ဆိပ္ကမ္းကို ေရာက္ေနတာပါလိမ့္? ေနာက္ၿပီး အရာရွိဝတ္႐ုံကိုလည္း ဝတ္ထားေသးတယ္!!

သံတမန္ႀကီး ဖန္းဇီက်န္းက ေအးေအးလူလူ ၾကည့္လိုက္ေတာ့ အာ! ဒီကေလးမေလးက သူ႔ဆရာတူညီေလး ေသြးေသာက္ညီအစ္ကိုရဲ႕ သမီးအငယ္ေလးမလား ေရွာင္ေခ်ာင္းဆိုတဲ့ ကေလးမေလးေလ! သူက ေရွာင္ေခ်ာင္းကို နည္းနည္းေလာက္ ေရွ႕တိုးၾကည့္လိုက္တယ္, အားယိုး! သူ႔မ်က္လုံးေတြ ဝါးေနတာမ်ားလား ! သူ႔ေရွ႕မွာ ေရွာင္ေခ်ာင္းက ႏွစ္ေယာက္ႀကီးျဖစ္ေနတယ္!

"အျမင္ဝါးတာ မဟုတ္ဘူး! သူတို႔က အႁမႊာေတြဟ! "

သတိမထားမိဘဲ ဖန္းဇီက်န္းက သူ႔အေတြးကို ပါးစပ္ကေနပါ ေအာ္မိသြားတယ္။

ဖန္;ဇီက်န္းက အႁမႊာႏွစ္ေယာက္ေရွ႕က ေၾကးနီေရာင္အိုးႀကီးကို ၾကည့္လိုက္ေတာ့ အိုးထဲမွာပါတဲ့ အရာေတြက ပလုံစီေလးေတြထေနၿပီး တစ္ဆက္တည္းမွာပဲ ေမႊးႀကိဳင္တဲ့အနံ႔က ေလထဲ ပ်ံ႕လြင့္လာတယ္။ သူက ရယ္လိုက္ရင္း

" အာ... ေရွာင္ေခ်ာင္း! ဆိပ္ကမ္းမွာ နာမည္ႀကီးေနတဲ့ တစ္ျပားတန္ အသားႏွပ္ဆိုတာ လက္စသတ္ေတာ့ မင္းတို႔မိသားစုဆိုင္ကကိုး!"

အိုးထဲမွာ အသားႏွပ္ေတြက မ်ားမ်ားစားစား မက်န္ေတာ့ဘူး ။ ေရွာင္ေခ်ာင္းက သူ႔ကို အ႐ိုးခံ ၿပဳံးျပလိုက္ၿပီး

" ဟုတ္ပါတယ္၊ စစ္သူႀကီးဖန္း, နည္းနည္းေလာက္ ျမည္းၾကည့္ခ်င္လားရွင့္?"

တကယ္ေတာ့ ဖန္းဇီက်န္းက ဗိုက္မဆာေနဘူး။ ဒါေပမယ့္ သြားရည္က်စရာ ရနံ႔ေလးကို ရလိုက္တဲ့ အခါမွာေတာ့ သူက လွ်ာကို သပ္လိုက္ၿပီး

ေကာင္းၿပီေလ! နည္းနည္း စားၾကည့္တာေပါ့

ဖန္းဇီက်န္းရဲ႕ တျခားတပည့္ျဖစ္တဲ့ ဝူယြင္က သူ႔(ဖန္းဇီက်န္း)ကို ခပ္တိုးတိုး သတိေပးလိုက္တယ္။

သခင္ႀကီး အဲ့ဟာေတြက ဝက္ကလီစာေတြနဲ႔ လုပ္ထားတာေနာ္... အဲ့တာေတြက သန႔္ေရာ သန႔္ရဲ႕လား... သခင္ႀကီး မစားႏိုင္ေလာက္ဘူးထင္တယ္!"

ဝူယြင္ရဲ႕ သူ႔အေတြးကို ေျပာျပလို႔ မဆုံးခင္မွာပဲ ဖန္းဇီက်န္းက ေဟာက္လိုက္ေတာ့တယ္။

" ၾကည့္ရတာ ဘဝကို လြယ္လြယ္ကူကူပဲ ျဖတ္သန္းေနတာၾကာၿပီဆိုေတာ့ ဆင္းရဲျခင္းရဲ႕ အရသာကို မင္း ေမ့ေနၿပီထင္ပါရဲ႕! အေနာက္ေျမာက္ဘက္က နယ္စပ္မွာ ေတာ္ေတာ္ေလး ထႂကြေနတယ္ ၾကားတယ္ ဒီစစ္သူႀကီးက အဲ့ဒီမွာ နည္းနည္းေလာက္ ဒုကၡခံဖို႔ မင္းကို အႀကံေပးမယ္ဆိုရင္ေရာ"

ဝူယြင္က ဖန္းဇီက်န္း ရာထူးတိုးေပးထားသူျဖစ္ၿပီး တိုင္းျပည္မၿငိမ္းခ်မ္းခင္က တိုက္ပြဲ အနည္းငယ္ေလာက္သာ ႀကဳံဖူးတယ္။ ဒါေၾကာင့္ ဖန္းဇီးက်န္းေလာက္ သူက စစ္ပြဲတြင္း စြန႔္လႊတ္ အနစ္နာခံရမႈေတြနဲ႔ ဆင္းရဲဒုကၡေတြအေၾကာင္း အကြၽမ္းတဝင္ မရွိလွ။ သူက ဖန္းဇီက်န္းရဲ႕ မ်က္ႏွာ ေအးစက္စက္ပုံ ေျပာင္းသြားတာျမင္ေတာ့ ျပန္ခံေျပာဖို႔ သတၱိမရွိေတာ့ေပ။ သူသာ ဆက္ေျပာေနရင္ ေနာက္တစ္ေန႔ နယ္စပ္ကို တာဝန္ေပးခံလိုက္ရမွာ သူေၾကာက္မိတယ္။

" အဘိုး! က်ဳပ္ကို ေခါက္ဆြဲျပဳတ္ တစ္ပြဲေပးပါ ! ေရွာင္ေခ်ာင္း ဦးေလးဖန္းအတြက္ ဝက္ေခါင္းႏွပ္တစ္ပြဲျပင္ေပး!"

ဖန္းဇီက်န္းက သူ႔ရဲ႕ အရာရွိဝတ္႐ုံကို မ လိုက္ၿပီးေနာက္ ထိုင္ခုံမွာ ဝင္ထိုင္လိုက္တယ္။

အဘိုးလ်ိဳရဲ႕ ပါးစပ္က တုန္လႈပ္ေနတယ္။ သူက ဖန္းဇီက်န္းကို တစ္ခုခုေျပာခ်င္ေပမယ့္ မေျပာရဲတာမို႔ ေရွာင္ေခ်ာင္းကို ေမတၱာရပ္ခံတဲ့ပုံနဲ႔ ၾကည့္လိုက္ေတာ့ ေရွာင္ေခ်ာင္းက ႐ႊင္ျမဴးစြာျဖင့္

" စစ္သူႀကီးဖန္း! ဆိပ္ကမ္း အေျခအေနက နည္းနည္း အႏုမစိတ္ရေသးေတာ့ အဘိုးလ်ိဴက ဒီမွာ ေခါက္ဆြဲျပဳတ္ မျပင္ဆင္ရေသးဘူး  ဒီလိုလုပ္ပါလား အ႐ြက္စိမ္းၾကက္ဥေခါက္ဆြဲျပဳတ္ စားၾကည့္ရင္ေရာ?"

" အ႐ြက္စိမ္းၾကက္ဥ ေခါက္ဆြဲျပဳတ္? မဆိုးဘူး မဆိုးဘူး ! မေန႔က ဆရာ့အိမ္မွာ ခရမ္းခ်ဥ္သီး ၾကက္ဥေခါက္ဆြဲျပဳတ္ စားလာတာ ေတာ္ေတာ္အရသာရွိတယ္!"

ဖန္းဇီက်န္းက ႏႈတ္ခမ္းသပ္လိုက္ၿပီး စားၿမဳံ႕ျပန္လို႔ေနတယ္။ ႏွစ္ေလးဆယ္ေက်ာ္ေနလာသမွ် သက္တမ္းတစ္ေလွ်ာက္ ဝံပုေလြမက္မြန္သီး ဆိုတဲ့ အေခၚကို ပထမဆုံး အေနနဲ႔ ၾကားဖူးခဲ့ျခင္းပဲ။ အဲ့တာက တကယ္ကို အရသာရွိတာ!

သူက ဒီအတိုင္းပဲ ေျပာျပလိုက္တာျဖစ္ၿပီး ေမွ်ာ္လင့္ခ်က္ေတာ့ သိပ္မထားဘူး။ ကံေကာင္းတာက ခရမ္းခ်ဥ္သီးေတြ စိုက္တဲ့ ေရွာင္ေခ်ာင္းတို႔မိသားစုက ခရမ္းခ်ဥ္သီးမွည့္ေတြ ေရာင္းရေအာင္ ခူးလာခဲ့တာပဲ။ အစတုန္းကေတာ့ သူမ ဒီခရမ္းခ်ဥ္သီးေတြကို ေရဆာရင္ စားရေအာင္ ယူလာခဲ့တာ။ လက္ထဲမွာ ခရမ္းခ်ဥ္သီးနဲ႔ ၾကက္ဥေတြရွိေနမွေတာ့ ခရမ္းခ်ဥ္သီး ၾကက္ဥေခါက္ဆြဲျပဳတ္ လုပ္ႏိုင္မလုပ္ႏိုင္ သံသယျဖစ္ေနစရာ မလိုေတာ့ဘူးမလား။

အဘိုးလ်ိဳက ယြီေရွာင္ေခ်ာင္းရဲ႕မ်က္ႏွာေပၚက ေတာက္ပတဲ့ အၿပဳံးေလးတစ္ခုကို ျမင္လိုက္ရေတာ့ ေတာင္းပန္ပါတယ္ လို႔သာ ေျပာႏိုင္ေတာ့တယ္။ ေရွာင္ေခ်ာင္းက ဖန္းဇီက်န္းကို ေျပာလိုက္တယ္။

"စစ္သူႀကီးဖန္း, အဆင္ေျပတယ္ဆို ကြၽန္မရွင့္ကို ခရမ္းခ်ဥ္သီး ၾကက္ဥစြတ္ျပဳတ္ လုပ္ေပးရမလား? အရင္ဆုံးအသားႏွပ္ကို အဆာေျပ စားလို႔ရေအာင္ ကြၽန္မ ခ်ထားေပးလိုက္မယ္... ေခါက္ဆြဲကေတာ့ ေနာက္ ဆယ့္ငါးမိနစ္ေနရင္ အသင့္ျဖစ္ေစရပါမယ္"

ဖန္းဇီက်န္းက ဒါကိုၾကားေတာ့ အံ့ဩသြားၿပီး

" ဒီမွာ ခရမ္းခ်ဥ္သီးေတြ တကယ္ရွိတာလား? အာ... ငါမွတ္မိၿပီ မေန႔က ဆရာတို႔အိမ္မွာ စားခဲ့တဲ့ ခရမ္းခ်ဥ္သီးေတြက ေရွာင္ေခ်ာင္းတို႔ အိမ္ကပဲ! ဟားဟား... ဒီေန႔ေတာ့ မုတ္ဆိတ္ပ်ားစြဲတာပဲ! ငါၾကားဖူးတာ ခရမ္းခ်ဥ္သီးေတြက အစိမ္းစားရင္ အရမ္းေကာင္းတဲ့ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ အရသာေလး ရွိတယ္ဆို... တစ္ခုေလာက္ေပးပါဦး စားၾကည့္ရေအာင္ "

ေရွာင္ေခ်ာင္းက သူ႔ျခင္းထဲက ေရေဆးထားတဲ့ ခရမ္းခ်ဥ္သီးေတြကို ၾကည့္လိုက္ၿပီး အႀကီးဆုံးနဲ႔ အနီရဲဆုံး တစ္လုံးကို ေပးလိုက္ၿပီး က်န္တဲ့ႏွစ္လုံးကို အတုံးေသးေသးေလးေတြ ျဖစ္ေအာင္ လွီးလိုက္တယ္။

အဘိုးလ်ိဳက ေနာက္ဆုံးမွာေတာ့ ေရွ႕က အရာရွိဝတ္စုံနဲ႔ လူက အဲ့ေလာက္ထိ ေၾကာက္စရာမေကာင္းမွန္း ရိပ္စားမိလိုက္တယ္။ ၿပီးေနာက္ ေရွာင္ေခ်ာင္း ဦးေဆာင္မႈေအာက္မွာ အဘိုးလ်ိဳက ေခါက္ဆြဲေတြ အမ်ားႀကီး လုပ္ေပးလိုက္တယ္။

ေရွာင္ေခ်ာင္းက ပထမဦးစြာ အိုးကို ဝက္ဆီသုတ္ၿပီး ပါးပါးလွီးထားတဲ့ ၾကက္သြန္နီေတြကို အရသာထြက္ေအာင္ ထည့္လိုက္တယ္။ ၿပီးေနာက္ ခရမ္းခ်ဥ္သီးကို ဆီပူထဲထည့္ေၾကာ္ၿပီး အရည္ပ်စ္ပ်စ္ ထြက္လာတဲ့အထိ အပူေပးလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့ ျပဳတ္ထားတဲ့ ၾကက္ဥေတြကို အိုးထဲ ထည့္လိုက္တယ္။ ၾကက္ဥ အေၾကာတင္းလာၿပီဆိုတာနဲ႔ သူက ပါဝင္ပစၥည္းေတြနဲ႔ ေရာလိုက္ေတာ့တယ္။ ေနာက္တစ္ဆင့္အေနနဲ႔ သင့္ေတာ္တဲ့ ေရပမာဏ ထည့္ၿပီး ေခါက္ဆြဲမထည့္ခင္ ေရကို ဆူေအာင္ က်ိဳလိုက္တယ္။ ဆူလာၿပီဆိုတာနဲ႔ ဆားနယ္ထားတဲ့ အသီးအ႐ြက္ေတြ ေရာထည့္ၿပီးရင္ ဟင္းပြဲက အဆင္သင့္ျဖစ္ၿပီ!

ခရမ္းခ်ဥ္သီးၾကက္ဥေခါက္ဆြဲျပဳတ္က အေရာင္အဆင္းလွၿပီး အနံ႔ကလည္း ထူးကဲလွတယ္။ အဲ့တာက အနီးနားကလူေတြကို သြားရည္က်ေစတယ္။ ဆိပ္ကမ္းက ဘယ္လုပ္သားကမ်ား ခရမ္းခ်ဥ္သီး ဆိုတာႀကီးကို ျမင္ဖူးလိမ့္မလဲ? သူတို႔က တစ္ေယာက္ၿပီးတစ္ေယာက္ အဘိုးလ်ိဳကို ဒီေခါက္ဆြဲျပဳတ္ တစ္ပြဲ ဘယ္ေလာက္လဲဆိုတာပဲ ေမးေနၾကေတာ့တယ္။

အဘိုးလ်ိဳက ေရွာင္ေခ်ာင္းကို ၾကည့္လိုက္ၿပီး

" ခရမ္းခ်ဥ္သီးေတြက ေရွာင္ေခ်ာင္းဆီက... ငါ အသက္ရွင္လာတာ ၾကာၿပီ ဒီလိုအစားအစာမ်ိဳး အရင္က တစ္ခါမွ မျမင္ဖူးဘူး... အဲ့ဒါက ေစ်းေတာ့ ေသးမွာမဟုတ္ဘူး! ဟုတ္တယ္မလား"

ေရွာင္ေခ်ာင္းက ေခါင္းညိတ္ ေထာက္ခံရင္း

" ခရမ္းခ်ဥ္သီးေတြက တကယ္ေစ်းႀကီးတယ္... အမ်ိဳးအစားေကာင္းရင္ တစ္က်င္းကို ဒဂၤါး တစ္ဒါဇင္ေလာက္က်တယ္... ဒီေတာ့ ဒီ ခရမ္းခ်ဥ္သီးေခါက္ဆြဲျပဳတ္က ပါဝင္ပစၥည္းေတြ ျပဳလုပ္ခေတြပါ ေပါင္းရင္ ဒဂၤါး သုံးေလးဆယ္ေလာက္ေတာ့ က်မယ္... ဒီနားက ဦးေလးေတြ ျမည္းၾကည့္ခ်င္ရင္ အဖိုးလ်ိဳကို ႀကိဳမွာထားလို႔ ရပါတယ္!"

အဲ့ဒီမွာေတာ့ ဖန္းဇီက်န္းက စားဖို႔ စိတ္မရွည္ႏိုင္ေတာ့ဘူး။ ေနက ျခစ္ျခစ္ေတာက္ ပူေနေပမယ့္လည္း သူ ဒီေခါက္ဆြဲျပဳတ္ ပူပူေလးကိုေတာ့ အငမ္းမရ စားခ်င္ေနမိတယ္။

ေခါက္ဆြဲ တစ္လုတ္စားၿပီးေနာက္ သူက မ်က္လုံးကို မွိတ္ကာ ေက်နပ္တဲ့ အမူအရာနဲ႔ ေရွာင္ေခ်ာင္းကို ခ်ီးက်ဴးေတာ့တယ္။

"ေရွာင္ေခ်ာင္းေရ, မင္းကေတာ့ တကယ့္ပါရမီရွင္ပဲ! ဒီေခါက္ဆြဲျပဳတ္က မေန႔က ငါ့ဆရာတို႔ အိမ္မွာ စားတဲ့ဟာထက္ေတာင္ ေကာင္းေသးတယ္! မင္းရဲ႕ဦးေလးဖန္းက ကဗ်ာမဆန္တဲ့ လူႀကီးမလို႔ ဒီဟင္းရဲ႕ အရသာကို ဘယ္လိုစကားလုံး လွလွနဲ႔ တင္စားရမွန္းကို မသိဘူး _ _ အရမ္း အရသာရွိတယ္လို႔ပဲ ေျပာႏိုင္တယ္"

သူက ေျပာရင္း တူကိုကိုင္ကာ ေခါက္ဆြဲေတြကို တစ္လုတ္ၿပီးတစ္လုတ္ မႈတ္မႈတ္ၿပီး စားေနေလတယ္။ ေဘးက လူေတြကေတာ့ ဒါကို ၾကည့္ၿပီး သြားရည္ေတြ က်လာမွာစိုးလို႔ ခဏခဏ ၿမိဳခ် ေနရတယ္။

ဝူယြင္ကေတာ့ အိုးထဲမွာ က်န္တဲ့ ေခါက္ဆြဲတစ္ဝက္ကို စားရဖို႔ အခြင့္အေရးတစ္ရပ္ရခဲ့တယ္။ သူက ေခါက္ဆြဲအရည္ေတြကို အလ်င္စလို ၿမိဳခ်လိုက္တယ္။ သခင္က ေခါက္ဆြဲစားေတာ့ တပည့္က အရည္ေလးေသာက္ဖို႔ အခြင့္အေရးရွိရမယ္မဟုတ္လား။ ေခါက္ဆြဲရည္က လွ်ာေပၚေရာက္တာနဲ႔ ျပည့္ဝတဲ့ အရသာက လွ်ာေပၚ ပ်ံ႕ႏွံ႔သြားတယ္။ တကယ္ပါ ေကာင္းလြန္းလို သူ ငိုပါငိုခ်င္လာတယ္!

ေခါက္ဆြဲ တစ္ဝက္ေလာက္ စားၿပီးေနာက္ ဖန္းဇီက်န္းက ေရွာင္ေခ်ာင္း ခ်ထားေပးတဲ့ အသားႏွပ္ကို ျမည္းၾကည့္ဖို႔ စိတ္ကူးလိုက္တယ္။ ဝက္ေခါင္းရဲ႕ ျပည့္ဝေနတဲ့ အရသာကလား ၊ ႂကြပ္႐ြေနတဲ့ ဝက္နား႐ြက္ေလးကလား ၊ ဝက္အူကပဲလားေတာ့ မသိ သူရဲ႕ပါးစပ္မွာ ႏွစ္လိုဖြယ္အရသာက စြဲေနခဲ့တယ္။ သူတို႔ကို အထင္ကရဟင္းပြဲအေနနဲ႔ေတာင္ သတ္မွတ္မယ္ဆို သတ္မွတ္လို႔ရတယ္! ပင္လယ္ေရေမွာ္နဲ႔ တို႔ဟူးေျခာက္လိုအရာေတြကေတာင္ သူ႔ဟာနဲ႔သူ ထူးျခားတဲ့ အရသာေတြရွိေနတယ္။

ဖန္းဇီက်န္းက အရာရွိတစ္ေယာက္ျဖစ္လာတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္ၿပီး ခရီးေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ သြာခဲ့ဖူးတာမို႔ အရင္က စားေကာင္းေသာက္ဖြယ္မ်ိဳးစုံကို သူျမည္းစမ္း ၾကည့္ဖူးတယ္။ ဒါေပမဲ့ ဘယ္အစားအစာကမွ ဒီလို႐ိုးရွင္းတဲ့ ပါဝင္ပစၥည္းေတြနဲ႔ လုပ္ထားတဲ့ အသားႏွပ္ေလာက္ သူစိတ္တိုင္းမက်မိဘူး။

အစတုန္းကေတာ့ သူဗိုက္သိပ္မဆာေပမယ့္ ဖန္းဇီက်န္းက ေခါက္ဆြဲျပဳတ္တစ္ပန္းကန္လုံးနဲ႔ အသားႏွပ္တစ္ပြဲလုံးကို ကုန္ေအာင္ စားပစ္လိုက္တယ္။ သူက ျပည့္တင္းေနတဲ့ ဗိုက္ကို ပြတ္သပ္လိုက္ၿပီးေနာက္ ခ်ီးက်ဴးဖို႔လည္း မေမ့ေလဘူး။

"အာ! ေရွာင္ေခ်ာင္းရဲ႕ လက္ရာကေတာ့ တကယ္ေကာင္းတာပဲ! ဒီလို အ႐ြယ္ေလးနဲ႔ ဒီေလာက္ ဟင္းခ်က္ေတာ္လိမ့္မယ္လို႔ ထင္ကို မထင္ထားခဲ့ဘူး... ဒီအသားႏွပ္က ၿမိဳ႕မွာရွိတဲ့ က်ိန္ရႈံစားေသာက္ဆိုင္က အသားႏွပ္ထက္ေတာင္ ပိုေကာင္းေသးတယ္... အရသာက သူတို႔ဆီက ၾကက္ကင္နဲ႔ဘဲသားေပါင္း ပါရင္ ပိုေတာင္ ျပည့္စုံေလာက္မယ္!"

ေရွာင္လ်န္က တခစ္ခစ္ရယ္လိုက္ရင္း

သခင္ႀကီး, သခင္ႀကီးကေတာ့ မသိေလာက္ဘူး က်ိန္႐ုံစားေသာက္ဆိုင္ရဲ႕အသားႏွပ္လုပ္နည္းက ကြၽန္မတို႔မိသားစုဆီက ဝယ္ထားတာေလ!!

ၾကက္ကင္နဲ႔ ပင္လုံးႀကိဳင္ဘဲေပါင္းကလည္း ေရွာင္ေခ်ာင္းျပဳလုပ္ထားတဲ့ ဟင္းပြဲပဲဆိုတာကို သူမ ႂကြားလိုက္ခ်င္ေပမယ့္ သူ႔ညီမငယ္ေလး ေရွာင္ေခ်ာင္းက သူ႔ဝတ္စုံက အနားကြပ္ကို ဆြဲကာ တားလိုက္တယ္။ ေရွာင္လ်န္က အရိပ္အကဲနားလည္သြားတာမို႔ သူက အသားႏွပ္အေၾကာင္းကိုပဲ ေျပာျပလိုက္ေတာ့တယ္။

အံ့ဩစရာေတာ့ မရွိပါဘူး မင္းတို႔ မိသားစုရဲ႕အသားႏွပ္ကသာ အေကာင္းဆုံးဆိုတာ သိသာပါတယ္!"

ဖန္းဇီက်န္းက အလြန္အမင္းကို စိတ္ေပ်ာ္႐ႊင္ေနေလတယ္။


......

[Unicode]

အပိုင်း  ၁၄၆ (သံတမန်)

သံတမန်က သိပ်စိတ်ဝင်စားပုံမပြဘဲ နည်းနည်းလောက် ပြန်ပြောလိုက်တယ်။

" ဘယ်လိုအရသာ ရှိတဲ့အစားအစာကများ ဒင်္ဂါး တစ်ပြားနဲ့ ဝယ်နိုင်မှာလဲ ဒီကောလဟာလက နည်းနည်းများ ချဲ့ကားလွန်းနေသလားလို့"

ကြီးကြပ်ရေးမှူးက ယွီမိသားစုရဲ့ အသားနှပ်ကို စားဖူးတယ်။ အရသာအရမ်းကောင်းပါတယ်ဆိုပြီး ပြောလိုက်ချင်ပေမယ့် သံတမန်ဖြစ်တာမို့ ဒါမျိုး မိုက်ရူးရဲဆန်ဆန် ပြစ်တင်လိုက်ဖို့ကျတော့ သူ့မှာ သတ္တိက ရှိမနေဘူး။ သူကမျက်နှာချိုသွေးတဲ့ ပုံနဲ့ ပြုံးလိုက်ပြီး

"အရှင်ပြောတာ မှန်ပါတယ်! နောက်ပြီး အဲ့ဒါက လူတွေ မစားတဲ့ ဝက်ခေါင်းတို့ ဝက်ကလီစာတို့ ဝက်သွေးတွေတို့နဲ့ လုပ်ထားတာ အရှင့်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရာထူးနဲ့ဆို ဒီလို အစားအစာကို သေချာပေါက် အထင်သေးမှာပဲ!"

"အဲ့လိုတော့ ပြောလို့မရဘူး!"

သံတမန်က မေးစေ့အောက် မုတ်ဆိတ်တိုတိုကို ပွတ်လိုက်ရင်း သူ့မျက်လုံးတွေက မကြည်မသာ ဖြစ်လာတယ်။ ကြည့်ရတာ သူ့ရဲ့ အတိတ်အကြောင်းကို စမြုံ့ပြန်ပြီး တွေးနေပုံပဲ။

ခဏလောက်တိတ်နေပြီးနောက် သူက ဆက်ပြောတယ်

" အဲ့ဒီရက်တွေတုန်းကပေါ့ ဆရာသခင်နဲ့ငါ နယ်စပ်ဒေသတွေကို ရန်သူတွေဆီကနေ ကာကွယ်နေခဲ့တာ... ငါတို့တွေ ဆယ်ရက်လောက် ရန်သူ့တပ်တွေ ဝိုင်းတာ ခံထားရတယ်လေ... အဲ့တုန်းကဆို သစ်ပင်အခေါက်တွေတင်မကဘူး မြေစာတွေကိုပါ စားခဲ့ရတယ်! ငါ မှတ်မိသေးတယ် အခြေအနေက အရမ်းဆိုးလာပြီး တောင့်မခံနိုင်တဲ့အဆုံး ငါနဲ့ငါ့ညီ ရန်သူ့စခန်းထဲ ထိုးစစ်ဆင်ပြီး သူတို့တွေ ယစ်ပူဇော်မယ့် ဝက်ခေါင်းကြီးကို ခိုးလာခဲ့ကြတယ်လေ... နောက်ပြီး တောင်ပေါ်မှာ အဲ့ဝက်ခေါင်းကြီးကို ကင်တယ်... ရက်ပေါင်းများစွာ အငတ်နေခဲ့ရတဲ့ စစ်သားတွေအဖို့တော့ ဒီဝက်ခေါင်းလေးက တိုင်းတစ်ပါးက စားကောင်းသောက်ဖွယ်တွေထက်ကို အရသာရှိတယ် ထင်ခဲ့ရတာ"

ဒါကိုကြားတော့ ကြီးကြပ်ရေးမှူးက အလျင်အမြန်ပဲ ဖြတ်ပြောလိုက်တယ်။

" စစ်သူကြီး, စစ်သူကြီးက တကယ်ကို ထက်မြက်ပြီး အမျှော်အမြင်ရှိတာပဲ! ဆိုးဝါးတဲ့အချိန်မှာတောင် အသက်ရှင်နေနိုင်ခဲ့တာဆိုတော့ အခုဆို စစ်သူကြီးဆီကို ကောင်းတဲ့ကံကြမ္မာနဲ့ ကောင်းချီမင်္ဂလာတွေ လာနေလောက်ပြီ!"

သံတမန်က အားပါးတရ ရယ်မောလိုက်ပြီး

"အနာဂတ်မှာငါ့ဆီ ကောင်းချီးမင်္ဂလာတွေ လာလာမလာလာ ငါတကယ် ဂရုမစိုက်ဘူး! ငါဒီနေ့ အရမ်းပျော်နေတယ်လေ, ဘာလို့လဲ သိလား? ငါနောက်ဆုံးတော့ နှစ်ပေါင်းသုံးဆယ်ကျော်လောက် ဝေးကွာနေခဲ့ရတဲ့ ငါ့ဆရာနဲ့ ဆရာတူညီလေးတို့ကို ရှာတွေ့ခဲ့ပြီမလို့လေ!"

"ဂုဏ်ယူပါတယ် အရှင် ဂုဏ်ယူပါတယ်! ဒါက လုံးဝကို ကံကောင်းခြင်းနမိတ်ပဲ !!!"

ကြီးကြပ်ရေးမှူးက သံတမန်ကို မြှောက်ပင့်ဖို့ အခွင့်အရေးကို အမိအရပဲ ဆုပ်ကိုင်လိုက်နိုင်တယ်။

သံတမန်က ရိုးရှင်းတဲ့အကြမ်းထည် အဆောက်အအုံတွေ ဝန်းရံထားတဲ့ ဆိပ်ကမ်းကို မျက်နှာမူလိုက် ပြီးနောက် မှတ်ချက်ချလိုက်တယ်။

"တဲတွေ အဖျက်ခံလိုက်ရတဲ့ သူတွေအတွက် မင်း နစ်နာကြေး ပေးပြီးပြီလား? သင်္ဘောဆိပ် တည်ဆောက်တာက တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေအတွက် အရေးပါတဲ့ကိစ္စလို့ ဧကရာဇ်ကိုယ်တိုင် မိန့်ထားတာ... ဒါကြောင့်ငါတို့ ဒီဟာကို အရပ်သူအရပ်သားတွေ မကျေမချမ်းဖြစ်ပြီး တိုင်တန်းစေမယ့် လုပ်ရပ်တွေ လုံးဝ လုပ်လို့မဖြစ်ဘူး "

ဧကရာဇ်ကတော့ သူ့တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ထားအုပ်ချုပ်တဲ့ ဘုရင်တစ်ပါးပါပဲ... ဒီ နိမ့်ပါးတဲ့ ကျွန်တော်မျိုးက ဧကရာဇ်ကို ချင်ခင်လေးစားမိတယ်"

ကြီးကြပ်ရေးမှူးက အလျင်အမြန်ပဲ သူ့ရဲ့ သစ္စာခံယူတဲ့ အမူအရာကို ပြလိုက်တယ်။

သံတမန်က သူ့ရဲ့ မြှောက်ပင့်စကားတွေကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောတယ်။

စကား အပိုတွေ ပြောမနေဘဲ အလုပ်နဲ့ပဲ သက်သေပြပါ! ဆိပ်ကမ်းက လူသွားလမ်းက အခု အကျယ်ထက် နှစ်ဆပိုချဲ့ရမယ်... နောက်ပြီး နှစ်ဖက်စလုံးက တဲတွေကိုလည်း ထပ်ဖြိုချရဦးမယ် ! ငါ့မှာ နစ်နာကြေးငွေအတွက် ပိုက်ဆံတွေပါလာခဲ့တယ် ဒါကြောင့် မင်းက အရပ်သားတွေနဲ့ ဒီကိစ္စကို ကျေနပ်အောင် သေချာဆွေးနွေးပါ!"

" ဟုတ်ကဲ့ပါ ဟုက်ကဲ့ပါ! ကျွန်တော်မျိုး အရှင်ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးပါ့မယ်!"

ကြီးကြပ်ရေးမှူးက ကြက်သွန်ဖြူကို မေးစေ့နှင့် ထောင်းနေသည့်နှယ် ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။

ဒါကိုကြားတော့ သံတမန်က အေးအေးလူလူ ဆက်လျှောက်ရင်း လက်ကို ခါလိုက်ပြီးနောက်

"ငါ့ကိုတင်မကဘူး ရွာသားတွေကိုပါ ကျေနပ်အောင် လုပ်ရမှာ! လီလီ, မင်းထောက်ပံ့ပေးသင့်တယ် မင်းရဲ့လက်ထောက်.... "

"ကျွန်တော်မျိုးရဲ့ မျိုးရိုးနာမည်က ကျန်း ပါ "

ကြီးကြပ်ရေးမှူးက ပြုံးကာ ခေါင်းညိတ် အရိုအသေပေးရင်း ဆိုတော့

" ဟုတ်ပြီ! မင်း ကြီးကြပ်ရေးမှူးကျန်းကို ဒါနဲ့ပတ်သတ်ပြီး အကူအညီပေးသင့်တယ်!"

သံတမန်ကြီးက ဆိပ်ကမ်းတစ်လျှောက် လှည့်ပတ်စစ်ဆေးပြီးနောက် ကမ်းခြေဘက်ကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။

အသားနှပ်ရောင်းတဲ့ သူတွေနားမှာ လူတွေ တဖြည်းဖြည်း ကျဲလာပြီ။ သတိမူမိပုံမရဘဲ သံတမန်ကြီးနဲ့ သူ့လက်အောက်ခံတို့က အဘိုးလျိုတို့ ခေါက်ဆွဲဆိုင်ကို ရောက်လာခဲ့တယ်။

အရာရှိဝတ်ရုံဝတ်ထားတဲ့လူကိုမြင်တော့ အဘိုးလျိုတို့ လင်မယားက ထိတ်လန့်နေကြလေတယ်။ သူတို့မှာ ကြောက်လွန်းလို့ စကားတောင် မပြောနိုင်ရှာဘူး။

"အဘိုးတို့, မကြောက်ပါနဲ့! ခင်ဗျားတို့ ဆိုင်က အတော်လေးအဆင်ပြေတယ်လို့ သတိထားမိလို့ ခေါက်ဆွဲစားရအောင် ကျုပ်လာခဲ့တာပါ... "

ကြောက်ရွံထိတ်လန့်နေပုံရတဲ့ အဘိုးအိုတို့ လင်မယားရှေ့မှာ ခက်ထန်ကြမ်းတမ်းတဲ့ သံတမန်က အတတ်နိုင်ဆုံး မျက်နှာကြောကို ဖြေလျှော့ကာ ဖော်ရွေတဲ့အပြုံးတစ်ခု ပြုံးရင်း ဆိုလိုက်တယ်။ ကံမကောင်းတာက သူ့အမူအယာက သူထင်ထားနဲ့ ဆန့်ကျင်ဖြစ်သွားတာပဲ။ အပြုံးကို အတင်း ညစ်ထုတ်လိုက်တာမို့ သူ့ပုံက ပိုပြီးတောင် ရက်စက်ကြောက်မက်ဖွယ် ကောင်းသွားသေးတယ်။

" အာ? အရှင်... အရှင်က အကိုဟန်ရဲ့ ဆရာတူ ဦးလေးမလား!"

ရှောင်ချောင်းက ဆိုင်ရှေ့မှာ လူလေးငါးယောက်ပဲ ရှိတော့တာကြောင့် နားချိန်လေး ရလိုက်သလို ခံစားမိချိန် ရင်းနှီးနေတဲ့ အသံတစ်သံကြားလိုက်တာမို့ အနီးတစ်ဝိုက်ကို ကြည့်လိုက်တော့... ။

အာ! ဒီ သိင်္ဂဿ(ဒဏ္ဍာရီလာမြင်း)ပုံပန်းထိုး အရာရှိဝတ်ရုံ ဝတ်ထားတဲ့ ဗလတောင့်တောင့်နဲ့ ဦးလေးကြီးက မြို့တော်မှာ တွေ့ဖူးခဲ့တဲ့ ဖန်းဇီကျန်းမလား ! သူက ဘာလို့ ဆိပ်ကမ်းကို ရောက်နေတာပါလိမ့်? နောက်ပြီး အရာရှိဝတ်ရုံကိုလည်း ဝတ်ထားသေးတယ်!!

သံတမန်ကြီး ဖန်းဇီကျန်းက အေးအေးလူလူ ကြည့်လိုက်တော့ အာ! ဒီကလေးမလေးက သူ့ဆရာတူညီလေး သွေးသောက်ညီအစ်ကိုရဲ့ သမီးအငယ်လေးမလား ရှောင်ချောင်းဆိုတဲ့ ကလေးမလေးလေ! သူက ရှောင်ချောင်းကို နည်းနည်းလောက် ရှေ့တိုးကြည့်လိုက်တယ်, အားယိုး! သူ့မျက်လုံးတွေ ဝါးနေတာများလား ! သူ့ရှေ့မှာ ရှောင်ချောင်းက နှစ်ယောက်ကြီးဖြစ်နေတယ်!

"အမြင်ဝါးတာ မဟုတ်ဘူး! သူတို့က အမြွှာတွေဟ! "

သတိမထားမိဘဲ ဖန်းဇီကျန်းက သူ့အတွေးကို ပါးစပ်ကနေပါ အော်မိသွားတယ်။

ဖန်;ဇီကျန်းက အမြွှာနှစ်ယောက်ရှေ့က ကြေးနီရောင်အိုးကြီးကို ကြည့်လိုက်တော့ အိုးထဲမှာပါတဲ့ အရာတွေက ပလုံစီလေးတွေထနေပြီး တစ်ဆက်တည်းမှာပဲ မွှေးကြိုင်တဲ့အနံ့က လေထဲ ပျံ့လွင့်လာတယ်။ သူက ရယ်လိုက်ရင်း

" အာ... ရှောင်ချောင်း! ဆိပ်ကမ်းမှာ နာမည်ကြီးနေတဲ့ တစ်ပြားတန် အသားနှပ်ဆိုတာ လက်စသတ်တော့ မင်းတို့မိသားစုဆိုင်ကကိုး!"

အိုးထဲမှာ အသားနှပ်တွေက များများစားစား မကျန်တော့ဘူး ။ ရှောင်ချောင်းက သူ့ကို အရိုးခံ ပြုံးပြလိုက်ပြီး

" ဟုတ်ပါတယ်၊ စစ်သူကြီးဖန်း, နည်းနည်းလောက် မြည်းကြည့်ချင်လားရှင့်?"

တကယ်တော့ ဖန်းဇီကျန်းက ဗိုက်မဆာနေဘူး။ ဒါပေမယ့် သွားရည်ကျစရာ ရနံ့လေးကို ရလိုက်တဲ့ အခါမှာတော့ သူက လျှာကို သပ်လိုက်ပြီး

ကောင်းပြီလေ! နည်းနည်း စားကြည့်တာပေါ့

ဖန်းဇီကျန်းရဲ့ တခြားတပည့်ဖြစ်တဲ့ ဝူယွင်က သူ့(ဖန်းဇီကျန်း)ကို ခပ်တိုးတိုး သတိပေးလိုက်တယ်။

သခင်ကြီး အဲ့ဟာတွေက ဝက်ကလီစာတွေနဲ့ လုပ်ထားတာနော်... အဲ့တာတွေက သန့်ရော သန့်ရဲ့လား... သခင်ကြီး မစားနိုင်လောက်ဘူးထင်တယ်!"

ဝူယွင်ရဲ့ သူ့အတွေးကို ပြောပြလို့ မဆုံးခင်မှာပဲ ဖန်းဇီကျန်းက ဟောက်လိုက်တော့တယ်။

" ကြည့်ရတာ ဘဝကို လွယ်လွယ်ကူကူပဲ ဖြတ်သန်းနေတာကြာပြီဆိုတော့ ဆင်းရဲခြင်းရဲ့ အရသာကို မင်း မေ့နေပြီထင်ပါရဲ့! အနောက်မြောက်ဘက်က နယ်စပ်မှာ တော်တော်လေး ထကြွနေတယ် ကြားတယ် ဒီစစ်သူကြီးက အဲ့ဒီမှာ နည်းနည်းလောက် ဒုက္ခခံဖို့ မင်းကို အကြံပေးမယ်ဆိုရင်ရော"

ဝူယွင်က ဖန်းဇီကျန်း ရာထူးတိုးပေးထားသူဖြစ်ပြီး တိုင်းပြည်မငြိမ်းချမ်းခင်က တိုက်ပွဲ အနည်းငယ်လောက်သာ ကြုံဖူးတယ်။ ဒါကြောင့် ဖန်းဇီးကျန်းလောက် သူက စစ်ပွဲတွင်း စွန့်လွှတ် အနစ်နာခံရမှုတွေနဲ့ ဆင်းရဲဒုက္ခတွေအကြောင်း အကျွမ်းတဝင် မရှိလှ။ သူက ဖန်းဇီကျန်းရဲ့ မျက်နှာ အေးစက်စက်ပုံ ပြောင်းသွားတာမြင်တော့ ပြန်ခံပြောဖို့ သတ္တိမရှိတော့ပေ။ သူသာ ဆက်ပြောနေရင် နောက်တစ်နေ့ နယ်စပ်ကို တာဝန်ပေးခံလိုက်ရမှာ သူကြောက်မိတယ်။

" အဘိုး! ကျုပ်ကို ခေါက်ဆွဲပြုတ် တစ်ပွဲပေးပါ ! ရှောင်ချောင်း ဦးလေးဖန်းအတွက် ဝက်ခေါင်းနှပ်တစ်ပွဲပြင်ပေး!"

ဖန်းဇီကျန်းက သူ့ရဲ့ အရာရှိဝတ်ရုံကို မ လိုက်ပြီးနောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

အဘိုးလျိုရဲ့ ပါးစပ်က တုန်လှုပ်နေတယ်။ သူက ဖန်းဇီကျန်းကို တစ်ခုခုပြောချင်ပေမယ့် မပြောရဲတာမို့ ရှောင်ချောင်းကို မေတ္တာရပ်ခံတဲ့ပုံနဲ့ ကြည့်လိုက်တော့ ရှောင်ချောင်းက ရွှင်မြူးစွာဖြင့်

" စစ်သူကြီးဖန်း! ဆိပ်ကမ်း အခြေအနေက နည်းနည်း အနုမစိတ်ရသေးတော့ အဘိုးလျိူက ဒီမှာ ခေါက်ဆွဲပြုတ် မပြင်ဆင်ရသေးဘူး  ဒီလိုလုပ်ပါလား အရွက်စိမ်းကြက်ဥခေါက်ဆွဲပြုတ် စားကြည့်ရင်ရော?"

" အရွက်စိမ်းကြက်ဥ ခေါက်ဆွဲပြုတ်? မဆိုးဘူး မဆိုးဘူး ! မနေ့က ဆရာ့အိမ်မှာ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲပြုတ် စားလာတာ တော်တော်အရသာရှိတယ်!"

ဖန်းဇီကျန်းက နှုတ်ခမ်းသပ်လိုက်ပြီး စားမြုံ့ပြန်လို့နေတယ်။ နှစ်လေးဆယ်ကျော်နေလာသမျှ သက်တမ်းတစ်လျှောက် ဝံပုလွေမက်မွန်သီး ဆိုတဲ့ အခေါ်ကို ပထမဆုံး အနေနဲ့ ကြားဖူးခဲ့ခြင်းပဲ။ အဲ့တာက တကယ်ကို အရသာရှိတာ!

သူက ဒီအတိုင်းပဲ ပြောပြလိုက်တာဖြစ်ပြီး မျှော်လင့်ချက်တော့ သိပ်မထားဘူး။ ကံကောင်းတာက ခရမ်းချဉ်သီးတွေ စိုက်တဲ့ ရှောင်ချောင်းတို့မိသားစုက ခရမ်းချဉ်သီးမှည့်တွေ ရောင်းရအောင် ခူးလာခဲ့တာပဲ။ အစတုန်းကတော့ သူမ ဒီခရမ်းချဉ်သီးတွေကို ရေဆာရင် စားရအောင် ယူလာခဲ့တာ။ လက်ထဲမှာ ခရမ်းချဉ်သီးနဲ့ ကြက်ဥတွေရှိနေမှတော့ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲပြုတ် လုပ်နိုင်မလုပ်နိုင် သံသယဖြစ်နေစရာ မလိုတော့ဘူးမလား။

အဘိုးလျိုက ယွီရှောင်ချောင်းရဲ့မျက်နှာပေါ်က တောက်ပတဲ့ အပြုံးလေးတစ်ခုကို မြင်လိုက်ရတော့ တောင်းပန်ပါတယ် လို့သာ ပြောနိုင်တော့တယ်။ ရှောင်ချောင်းက ဖန်းဇီကျန်းကို ပြောလိုက်တယ်။

"စစ်သူကြီးဖန်း, အဆင်ပြေတယ်ဆို ကျွန်မရှင့်ကို ခရမ်းချဉ်သီး ကြက်ဥစွတ်ပြုတ် လုပ်ပေးရမလား? အရင်ဆုံးအသားနှပ်ကို အဆာပြေ စားလို့ရအောင် ကျွန်မ ချထားပေးလိုက်မယ်... ခေါက်ဆွဲကတော့ နောက် ဆယ့်ငါးမိနစ်နေရင် အသင့်ဖြစ်စေရပါမယ်"

ဖန်းဇီကျန်းက ဒါကိုကြားတော့ အံ့ဩသွားပြီး

" ဒီမှာ ခရမ်းချဉ်သီးတွေ တကယ်ရှိတာလား? အာ... ငါမှတ်မိပြီ မနေ့က ဆရာတို့အိမ်မှာ စားခဲ့တဲ့ ခရမ်းချဉ်သီးတွေက ရှောင်ချောင်းတို့ အိမ်ကပဲ! ဟားဟား... ဒီနေ့တော့ မုတ်ဆိတ်ပျားစွဲတာပဲ! ငါကြားဖူးတာ ခရမ်းချဉ်သီးတွေက အစိမ်းစားရင် အရမ်းကောင်းတဲ့ ချိုချိုချဉ်ချဉ် အရသာလေး ရှိတယ်ဆို... တစ်ခုလောက်ပေးပါဦး စားကြည့်ရအောင် "

ရှောင်ချောင်းက သူ့ခြင်းထဲက ရေဆေးထားတဲ့ ခရမ်းချဉ်သီးတွေကို ကြည့်လိုက်ပြီး အကြီးဆုံးနဲ့ အနီရဲဆုံး တစ်လုံးကို ပေးလိုက်ပြီး ကျန်တဲ့နှစ်လုံးကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးလိုက်တယ်။

အဘိုးလျိုက နောက်ဆုံးမှာတော့ ရှေ့က အရာရှိဝတ်စုံနဲ့ လူက အဲ့လောက်ထိ ကြောက်စရာမကောင်းမှန်း ရိပ်စားမိလိုက်တယ်။ ပြီးနောက် ရှောင်ချောင်း ဦးဆောင်မှုအောက်မှာ အဘိုးလျိုက ခေါက်ဆွဲတွေ အများကြီး လုပ်ပေးလိုက်တယ်။

ရှောင်ချောင်းက ပထမဦးစွာ အိုးကို ဝက်ဆီသုတ်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နီတွေကို အရသာထွက်အောင် ထည့်လိုက်တယ်။ ပြီးနောက် ခရမ်းချဉ်သီးကို ဆီပူထဲထည့်ကြော်ပြီး အရည်ပျစ်ပျစ် ထွက်လာတဲ့အထိ အပူပေးလိုက်တယ်။ အဲ့ဒီနောက်မှာတော့ ပြုတ်ထားတဲ့ ကြက်ဥတွေကို အိုးထဲ ထည့်လိုက်တယ်။ ကြက်ဥ အကြောတင်းလာပြီဆိုတာနဲ့ သူက ပါဝင်ပစ္စည်းတွေနဲ့ ရောလိုက်တော့တယ်။ နောက်တစ်ဆင့်အနေနဲ့ သင့်တော်တဲ့ ရေပမာဏ ထည့်ပြီး ခေါက်ဆွဲမထည့်ခင် ရေကို ဆူအောင် ကျိုလိုက်တယ်။ ဆူလာပြီဆိုတာနဲ့ ဆားနယ်ထားတဲ့ အသီးအရွက်တွေ ရောထည့်ပြီးရင် ဟင်းပွဲက အဆင်သင့်ဖြစ်ပြီ!

ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲပြုတ်က အရောင်အဆင်းလှပြီး အနံ့ကလည်း ထူးကဲလှတယ်။ အဲ့တာက အနီးနားကလူတွေကို သွားရည်ကျစေတယ်။ ဆိပ်ကမ်းက ဘယ်လုပ်သားကများ ခရမ်းချဉ်သီး ဆိုတာကြီးကို မြင်ဖူးလိမ့်မလဲ? သူတို့က တစ်ယောက်ပြီးတစ်ယောက် အဘိုးလျိုကို ဒီခေါက်ဆွဲပြုတ် တစ်ပွဲ ဘယ်လောက်လဲဆိုတာပဲ မေးနေကြတော့တယ်။

အဘိုးလျိုက ရှောင်ချောင်းကို ကြည့်လိုက်ပြီး

" ခရမ်းချဉ်သီးတွေက ရှောင်ချောင်းဆီက... ငါ အသက်ရှင်လာတာ ကြာပြီ ဒီလိုအစားအစာမျိုး အရင်က တစ်ခါမှ မမြင်ဖူးဘူး... အဲ့ဒါက စျေးတော့ သေးမှာမဟုတ်ဘူး! ဟုတ်တယ်မလား"

ရှောင်ချောင်းက ခေါင်းညိတ် ထောက်ခံရင်း

" ခရမ်းချဉ်သီးတွေက တကယ်စျေးကြီးတယ်... အမျိုးအစားကောင်းရင် တစ်ကျင်းကို ဒင်္ဂါး တစ်ဒါဇင်လောက်ကျတယ်... ဒီတော့ ဒီ ခရမ်းချဉ်သီးခေါက်ဆွဲပြုတ်က ပါဝင်ပစ္စည်းတွေ ပြုလုပ်ခတွေပါ ပေါင်းရင် ဒင်္ဂါး သုံးလေးဆယ်လောက်တော့ ကျမယ်... ဒီနားက ဦးလေးတွေ မြည်းကြည့်ချင်ရင် အဖိုးလျိုကို ကြိုမှာထားလို့ ရပါတယ်!"

အဲ့ဒီမှာတော့ ဖန်းဇီကျန်းက စားဖို့ စိတ်မရှည်နိုင်တော့ဘူး။ နေက ခြစ်ခြစ်တောက် ပူနေပေမယ့်လည်း သူ ဒီခေါက်ဆွဲပြုတ် ပူပူလေးကိုတော့ အငမ်းမရ စားချင်နေမိတယ်။

ခေါက်ဆွဲ တစ်လုတ်စားပြီးနောက် သူက မျက်လုံးကို မှိတ်ကာ ကျေနပ်တဲ့ အမူအရာနဲ့ ရှောင်ချောင်းကို ချီးကျူးတော့တယ်။

"ရှောင်ချောင်းရေ, မင်းကတော့ တကယ့်ပါရမီရှင်ပဲ! ဒီခေါက်ဆွဲပြုတ်က မနေ့က ငါ့ဆရာတို့ အိမ်မှာ စားတဲ့ဟာထက်တောင် ကောင်းသေးတယ်! မင်းရဲ့ဦးလေးဖန်းက ကဗျာမဆန်တဲ့ လူကြီးမလို့ ဒီဟင်းရဲ့ အရသာကို ဘယ်လိုစကားလုံး လှလှနဲ့ တင်စားရမှန်းကို မသိဘူး _ _ အရမ်း အရသာရှိတယ်လို့ပဲ ပြောနိုင်တယ်"

သူက ပြောရင်း တူကိုကိုင်ကာ ခေါက်ဆွဲတွေကို တစ်လုတ်ပြီးတစ်လုတ် မှုတ်မှုတ်ပြီး စားနေလေတယ်။ ဘေးက လူတွေကတော့ ဒါကို ကြည့်ပြီး သွားရည်တွေ ကျလာမှာစိုးလို့ ခဏခဏ မြိုချ နေရတယ်။

ဝူယွင်ကတော့ အိုးထဲမှာ ကျန်တဲ့ ခေါက်ဆွဲတစ်ဝက်ကို စားရဖို့ အခွင့်အရေးတစ်ရပ်ရခဲ့တယ်။ သူက ခေါက်ဆွဲအရည်တွေကို အလျင်စလို မြိုချလိုက်တယ်။ သခင်က ခေါက်ဆွဲစားတော့ တပည့်က အရည်လေးသောက်ဖို့ အခွင့်အရေးရှိရမယ်မဟုတ်လား။ ခေါက်ဆွဲရည်က လျှာပေါ်ရောက်တာနဲ့ ပြည့်ဝတဲ့ အရသာက လျှာပေါ် ပျံ့နှံ့သွားတယ်။ တကယ်ပါ ကောင်းလွန်းလို သူ ငိုပါငိုချင်လာတယ်!

ခေါက်ဆွဲ တစ်ဝက်လောက် စားပြီးနောက် ဖန်းဇီကျန်းက ရှောင်ချောင်း ချထားပေးတဲ့ အသားနှပ်ကို မြည်းကြည့်ဖို့ စိတ်ကူးလိုက်တယ်။ ဝက်ခေါင်းရဲ့ ပြည့်ဝနေတဲ့ အရသာကလား ၊ ကြွပ်ရွနေတဲ့ ဝက်နားရွက်လေးကလား ၊ ဝက်အူကပဲလားတော့ မသိ သူရဲ့ပါးစပ်မှာ နှစ်လိုဖွယ်အရသာက စွဲနေခဲ့တယ်။ သူတို့ကို အထင်ကရဟင်းပွဲအနေနဲ့တောင် သတ်မှတ်မယ်ဆို သတ်မှတ်လို့ရတယ်! ပင်လယ်ရေမှော်နဲ့ တို့ဟူးခြောက်လိုအရာတွေကတောင် သူ့ဟာနဲ့သူ ထူးခြားတဲ့ အရသာတွေရှိနေတယ်။

ဖန်းဇီကျန်းက အရာရှိတစ်ယောက်ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ခရီးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် သွာခဲ့ဖူးတာမို့ အရင်က စားကောင်းသောက်ဖွယ်မျိုးစုံကို သူမြည်းစမ်း ကြည့်ဖူးတယ်။ ဒါပေမဲ့ ဘယ်အစားအစာကမှ ဒီလိုရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အသားနှပ်လောက် သူစိတ်တိုင်းမကျမိဘူး။

အစတုန်းကတော့ သူဗိုက်သိပ်မဆာပေမယ့် ဖန်းဇီကျန်းက ခေါက်ဆွဲပြုတ်တစ်ပန်းကန်လုံးနဲ့ အသားနှပ်တစ်ပွဲလုံးကို ကုန်အောင် စားပစ်လိုက်တယ်။ သူက ပြည့်တင်းနေတဲ့ ဗိုက်ကို ပွတ်သပ်လိုက်ပြီးနောက် ချီးကျူးဖို့လည်း မမေ့လေဘူး။

"အာ! ရှောင်ချောင်းရဲ့ လက်ရာကတော့ တကယ်ကောင်းတာပဲ! ဒီလို အရွယ်လေးနဲ့ ဒီလောက် ဟင်းချက်တော်လိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့ဘူး... ဒီအသားနှပ်က မြို့မှာရှိတဲ့ ကျိန်ရှုံစားသောက်ဆိုင်က အသားနှပ်ထက်တောင် ပိုကောင်းသေးတယ်... အရသာက သူတို့ဆီက ကြက်ကင်နဲ့ဘဲသားပေါင်း ပါရင် ပိုတောင် ပြည့်စုံလောက်မယ်!"

ရှောင်လျန်က တခစ်ခစ်ရယ်လိုက်ရင်း

သခင်ကြီး, သခင်ကြီးကတော့ မသိလောက်ဘူး ကျိန်ရုံစားသောက်ဆိုင်ရဲ့အသားနှပ်လုပ်နည်းက ကျွန်မတို့မိသားစုဆီက ဝယ်ထားတာလေ!!

ကြက်ကင်နဲ့ ပင်လုံးကြိုင်ဘဲပေါင်းကလည်း ရှောင်ချောင်းပြုလုပ်ထားတဲ့ ဟင်းပွဲပဲဆိုတာကို သူမ ကြွားလိုက်ချင်ပေမယ့် သူ့ညီမငယ်လေး ရှောင်ချောင်းက သူ့ဝတ်စုံက အနားကွပ်ကို ဆွဲကာ တားလိုက်တယ်။ ရှောင်လျန်က အရိပ်အကဲနားလည်သွားတာမို့ သူက အသားနှပ်အကြောင်းကိုပဲ ပြောပြလိုက်တော့တယ်။

အံ့ဩစရာတော့ မရှိပါဘူး မင်းတို့ မိသားစုရဲ့အသားနှပ်ကသာ အကောင်းဆုံးဆိုတာ သိသာပါတယ်!"

ဖန်းဇီကျန်းက အလွန်အမင်းကို စိတ်ပျော်ရွှင်နေလေတယ်။


......

Continue Reading

You'll Also Like

2.7M 72.5K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
196K 21.4K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
145K 10K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...