[Zawgyi]
အခန္း ၁၄၅ (အဆိုျပဳျခင္း)
ယြီေရွာင္ေခ်ာင္း ၿပဳံးျပလိုက္ကာ
"ရွင္တို႔ႏွစ္ေယာက္ ဆိပ္ကမ္းစီမံဌာနေလး တည္ေထာင္ၿပီး ႐ုံးခန္းအျဖစ္ ဆိုင္တစ္ဆိုင္ကို ငွားသင့္တယ္လို႔ ကြၽန္မထင္တယ္... ရွင္တို႔ေတြ ကုန္တင္သယ္ယူပို႔ေဆာင္ေရး၊ ကုန္စည္သိုေလွာင္မႈ၊ ဝယ္ယူေရးဝန္ေဆာင္မႈနဲ႔ လူေတြအတြက္ စုေပါင္းသယ္ယူပို႔ေဆာင္ေပးတာေတြ လုပ္လို႔ရတယ္ေလ... ဆိပ္ကမ္းက ေဆာက္လုပ္ေရး ၿပီးသြားတဲ့အခါဆို လ်ိဳ႕ေကာလက္ေအာက္မွာ အလုပ္လုပ္တဲ့သူေတြ မ်ားမ်ားလာၿပီး လုပ္စရာကိစၥေတြလည္း ပိုမ်ားလာလိမ့္မယ္။ အဲ့လိုဆိုေသခ်ာေပါက္ အလုပ္ကိစၥတခ်ိဳ႕ကို လက္လႊဲေပးဖို႔ စီမံသူတစ္ေယာက္ လိုလာမွာပဲေလ... ဦးေလးစြမ္က ဆိပ္ကမ္းအလုပ္ကိစၥေတြနဲ႔ ကုန္စည္သယ္ယူပို႔ေဆာင္ေရးမွာ ေတာ္ေတာ္ေလး ရင္းႏွီးေနၿပီသားပဲ။ လူသစ္ထက္ အလုပ္အေၾကာင္းကို နားလည္တဲ့သူကိုသုံးတာ ပိုေကာင္းပါတယ္ ဒါေၾကာင့္ လ်ိဳ႕ေကာက ကိစၥတခ်ိဳ႕စီမံဖို႔ ဦးေလးစြမ္ကို ေပးလို႔ရတယ္။ ဒီနည္းက တစ္ေယာက္နဲ႔တစ္ေယာက္ ခါးခါးသီးသီး ယွဥ္ၿပိဳင္ေနတာထက္ ပိုမေကာင္းဘူးလား..."
လ်ိဳ႕ေကာက သူ႔ေမးေစ့ကိုပြတ္သပ္လိုက္ရင္း မ်က္လုံးေတြအေရာင္ေတာက္လာတယ္။ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေကာင္းမြန္လွေသာ အနာဂတ္အေၾကာင္း သူမရဲ႕ေဖာ္ျပခ်က္ေၾကာင့္ သူအလြန္ စိတ္လႈပ္ရွားသြားမွန္း သိသာလွတယ္။ သူမရဲ႕အႀကံေတြက အျပည့္အဝ ႐ုပ္လုံးမေပၚေသးေပမယ့္ ဒါက သူ႔ကို ေကာင္းမြန္တဲ့ လမ္းေၾကာင္းတစ္ခုေပးၿပီး ရလာႏိုင္မယ့္ ႀကီးမားတဲ့ အခြင့္အေရးေတြ အမ်ားႀကီးကို သူ႔စိတ္ထဲ လမ္းဖြင့္ေပးေလတယ္။ လ်ိဳ႕ေကာက အစြမ္းအစမဲ့သူ တစ္ေယာက္ေတာ့ မဟုတ္ေပ။ မင္းသူ႔ကို အခြင့္အေရးေပးသေ႐ြ႕ သူကေသခ်ာေပါက္ အျမင့္ကိုတက္ႏိုင္လိမ့္မည္ပင္။
ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ အသိရွိတဲ့သူတိုင္းက ဆိပ္ကမ္းရဲ႕ဩဇာရွိသူ လ်ိဳ႕ေကာကိုသိၾကသည္။ အခ်ိဳ႕အရာရွိမ်ားႏွင့္ မႉးမတ္မ်ားပင္လွ်င္ ေ႐ြးခ်ယ္စရာမရွိဘဲ သူ႔ကို ယဥ္ေက်းစြာ ဆက္ဆံၾကရသည္။ ဘာလိုလဲဆိုေတာ့ လ်ိဳ႕ေကာကို အမွားျပဳမိရင္ အက်ိဳးဆက္ေတြရွိေနလို႔ပဲ... ။ ျပစ္မႈေသးေသးေလးဆိုရင္ မင္းရဲ႕သေဘၤာ ကုန္တင္ကုန္ခ်တာကို ေႏွာင့္ေႏွးေစလိမ့္မယ္။ ႀကီးေလးတဲ့ ျပစ္မႈဆိုရင္ေတာ့ မင္းရဲ႕ကုန္ပစၥည္းေတြ အားလုံး အက်ပ္အတည္း ျဖစ္သြားေစႏိုင္တယ္။ ဆိပ္ကမ္းမွာ လ်ိဳ႕ေကာက အလုပ္သမားအားလုံးေတြထဲ အထင္ကရတစ္ေယာက္ျဖစ္လာၿပီး ဒါေတြအားလုံးက မိန္းမငယ္ေလးတစ္ဦးရဲ႕ ေပါ့ေပါ့တန္တန္ မွတ္ခ်က္မ်ားမွ စတင္ခဲ့သည္။
သို႔ေပမဲ့လည္း လက္ရွိအခ်ိန္မွာေတာ့ လ်ိဳ႕ေကာက ႐ိုး႐ိုးရွင္းရွင္း အလုပ္ၾကပ္ေလးတစ္ေယာက္သာပင္။ သူက ေခါင္းေဆာင္စြမ္ရဲ႕ ပုခုံးကိုပုတ္ကာ
"အစ္ကိုစြမ္, ကြၽန္ေတာ္ခင္ဗ်ားကို လူႀကီးတစ္ေယာက္အျဖစ္ ေလးစားပါတယ္။ ကြၽန္ေတာ္နဲ႔ အလုပ္အတူလုပ္ခ်င္လား... ကြၽန္ေတာ္တို႔ႏွစ္ေယာက္သာ စည္းလုံးမယ္ဆိုရင္ ႀကီးမားတဲ့အရာေတြကို ေသခ်ာေပါက္ အတူတူလုပ္ေဆာင္ႏိုင္လိမ့္မယ္!!"
ေခါင္ေဆာင္စြမ္က စိတ္လႈပ္ရွားစြာ ျပန္ေျပာလာတယ္။
"လ်ိဳ႕ဇီ! မင္းရဲ႕အစ္ကိုစြမ္က မင္းလိုမ်ိဳး မစြန႔္စားရဲသလို အျမင္လည္းမရွိပါဘူး... ဒါေပမယ့္ ကုန္တင္ကုန္ခ်လုပ္ငန္းကိုေတာ့ အူမေခ်းခါးမက်န္ အကုန္သိပါတယ္... မင္းသာငါ့ကို ယုံၾကည္မယ္ဆိုရင္ ငါကလည္း ေသခ်ာေပါက္ မင္းကိုစိတ္မပ်က္ေစရပါဘူး..."
ေရွာင္ေခ်ာင္းက ဒီလူႏွစ္ေယာက္ သူတိုရဲ႕အထင္လြဲမႈေတြကို ေခ်ဖ်က္လိုက္ၾကတာျမင္ေတာ့ ခ်က္ခ်င္းပဲ စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိုက္ေတာ့တယ္။ သူမ အသားႏွပ္ေတြကို ပထမဆုံး စေရာင္းတဲ့အခ်ိန္မွာ ေခါင္းေဆာင္စြမ္က သူမရဲ႕စီးပြားေရးကို အမ်ားႀကီးကူညီေပးခဲ့ၿပီး သူမ အေမဘက္က ဦးေလးႏွင့္ ဝမ္းကြဲအစ္ကိုတို႔ကိုလည္း သေဘၤာက်င္းမွာ တည္ၿငိမ္တဲ့အလုပ္ေတြ ေပးခဲ့တယ္။
လ်ိဳ႕ေကာကေတာ့ သူမကို လူရမ္းကားအုပ္စုဆီကေန တစ္ခါကာကြယ္ေပးခဲ့ဖူးၿပီး သူမအသက္ကို ကယ္ဆယ္ခဲ့တဲ့ ေက်းဇူးရွင္လို႔ေတာင္ ယူဆလို႔ရတယ္။ ႐ိုး႐ိုးသားသားဆိုရရင္ သူတို႔ႏွစ္ေယာက္ရဲ႕ ေက်းဇူးတရားေတြ ရွိတာေၾကာင့္ သူတို႔ရန္ျဖစ္ေနတာကို ထပ္မျမင္ခ်င္ေတာ့ေပ။
"ေရွာင္ေခ်ာင္း...."
ယြီဟိန္ဇီက ဆိပ္ကမ္းကလူထြားႀကီး လ်ိဳ႕ေကာက သူ႔ညီမငယ္ေလးကို အေလးေပး ေျပာဆိုဆက္ဆံ ေနတာကို သတိထားမိတယ္။ သူမသာ သူ႔အတြက္ ေျပာေပးမယ္ဆိုရင္ ဆိပ္ကမ္းမွာ အလုပ္ရဖို႔ ခက္ခဲပါအုံးမလား... သူက တိတ္တခိုး သူမရဲ႕အက်ႌေထာင့္စြန္းကို ဆြဲလိုက္ကာ သူမနာမည္ကို ညင္ညင္သာသာ ေခၚလိုက္တယ္။
ထိုအခါမွသာ ေရွာင္ေခ်ာင္းက ယြီဟိန္ဇီရဲ႕ အေျခအေနကို သတိရသြားေလတယ္။ သူမက ရွက္ကိုးရွက္ကန္းနဲ႔ လ်ိဳ႕ေကာကို ေျပာလိုက္တယ္။
"လ်ိဳ႕ေကာ, ဒါက ကြၽန္မအေဖဘက္က ဝမ္းကြဲအစ္ကို, ယြီေကာေလ။ သူက ဆိပ္ကမ္းမွာ အလုပ္ရွာခ်င္ေနတာ။ ၿပီးေတာ့ ေငြနည္းနည္းေပးလည္း ကိစၥမရွိဘူးတဲ့။ ရွင့္မွာ... သူနဲ႔သင့္ေတာ္မယ့္ အလုပ္ေလးမ်ားရွိမလား..."
လ်ိဳ႕ေကာက အဆီအျပည့္ ခႏၶာကိုယ္နဲ႔ ႂကြက္သားေတြ ျပတ္လပ္ေနတဲ့ ဟိန္ဇီ့ကို တစ္ခ်က္ ၾကည့္လိုက္တယ္။ သူက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔ရဲ႕ခက္ထန္တဲ့ မ်က္လုံးအၾကည့္ေတြက ရဲရင့္မႈနည္းေသာသူမ်ားကို ေၾကာက္႐ြံ႕တုန္လႈပ္သြားေစႏိုင္တယ္။ သူကဆိုတယ္။
" မင္းက...ယြီေကာ, ဟုတ္လား?"
"ဟုတ္, ဟုတ္ပါတယ္! လ်ိဳ႕ေကာ, ကြၽန္ေတာ့္ကို ဟိန္ဇီလို႔ပဲေခၚလို႔ရပါတယ္...."
လူေကာင္ပိုႀကီးတဲ့သူဆီက ငုံ႔မိုးၾကည့္တာခံရေတာ့ ယြီဟိန္ဇီတစ္ေယာက္ သူ႔ႏွလုံးသားက အေျပးၿပိဳင္ေနသလို ခံစားလိုက္ရေပမယ့္ မ်က္ႏွာေပၚမွာေတာ့ အၿပဳံးတစ္ခုကို ဆင္ျမန္းထားဆဲပင္။
လ်ိဳ႕ေကာက ေခါင္းညိမ့္လာကာ ပြင့္ပြင့္လင္းလင္းေျပာလာတယ္။
" ဟိန္ဇီ, ႐ိုး႐ိုးသားသားေျပာရရင္ ငါက မင္းနဲ႔ပတ္သက္ၿပီးေတာ့ ေကာင္းတဲ့ ခံစားခ်က္ရွိမေနဘူး... ဒါေပမဲ့လည္း ညီမငယ္ေလး ေရွာင္ေခ်ာင္း ေတာင္းဆိုတာေၾကာင့္ မင္းကို အခြင့္အေရးတစ္ခုေပးမယ္... ဟိုးကသေဘၤာကို ေတြ႕တယ္မလား... အဲ့မွာ လွည္းေပၚေ႐ႊ႕ရမယ့္ အဲ့ဒီမိသားစုက အမ်ိဳးသမီးေတြရဲ႕ အထုတ္အပိုးတခ်ိဳ႕ ရွိေနတယ္... လ်ိဳမိသားစုကေကာင္ေလးနဲ႔ သြားလုပ္ခ်ည္... မင္းႀကိဳးစားလုပ္ရင္ မနက္ျဖန္ ထပ္လာခဲ့။ အကယ္၍ မင္းမလုပ္ႏိုင္ဘူးဆိုရင္ေတာ့..."
" အဆင္ေျပပါတယ္! လုံးဝကို အဆင္ေျပတယ္!"
အမ်ိဳးသမီးေတြရဲ႕ အထုတ္အပိုးေတြက အမ်ားႀကီးမေလးႏိုင္ပါဘူး။ အနည္းဆုံး ငါးဆယ္ ကီလိုဂရမ္ေလာက္ ေလးတဲ့ ကုန္ပစၥည္းေတြနဲ႔ ယွဥ္ရင္ ဒါက အလြယ္ေလးလို႔ ယူဆလို႔ရတယ္။ လ်ိဳ႕ေကာက သူ႔ညီမေလးအကူအညီနဲ႔ သူ႔အား ေကာင္းေကာင္းဆက္ဆံေနတာကို ဟိန္ဇီသိတာေၾကာင့္ သူက ေခါင္းကို ၿမဲၿမံစြာညိမ့္လိုက္ၿပီး သေဘာတူလိုက္ေတာ့တယ္။ ဒီအလုပ္ေလးေလာက္ကို မလုပ္ႏိုင္ရင္ သူဟာေယာက်္ားတစ္ေယာက္လို႔ ဆိုႏိုင္ပါဦးမလား...
လ်ိဳ႕ေကာက သူတို႔နဲ မေဝးတဲ့တစ္ေနရာက အရပ္ရွည္ရွည္နဲ႔ အနည္းငယ္ ပိန္ပါးပုံေပၚတဲ့ လူတစ္ေယာက္ကို လက္ယက္ေခၚလိုက္တဲ့အခါ ထိုလူငယ္ေလးက ခပ္ျမန္ျမန္ပင္ သြက္သြက္ေလး ေလွ်ာက္လာေလတယ္။ ယြီေရွာင္ေခ်ာင္းက အနည္းငယ္ စိုက္ၾကည့္လိုက္တယ္။ ဒါက ဒုတိယဦးေလးရဲ႕ သား အစ္ကိုက်ီေဝ မဟုတ္လား...
"အစ္ကိုႀကီး, ခုတေလာ အစ္ကိုႀကီးတို႔တေတြ လယ္အလုပ္ေတြနဲ႔ အလုပ္မ်ားမေနဘူးလား... အေဖကေတာင္ ေနာက္ရက္ေတြအတြင္း သြားၿပီးကူညီခ်င္တယ္လို႔ေတာင္ ေျပာေနေသးတယ္!"
ယြီေရွာင္ေခ်ာင္းက သူမေခါင္းကိုေမာ့ၿပီး ခ်ိဳသာစြာေျပာရင္း သူ႔ကိုေတာက္ပစြာၿပဳံးျပလိုက္တယ္။
လ်ိဳက်ီေဝက နဖူးမွ ေခြၽးေတြကိုသုတ္ကာ ရယ္ေမာလိုက္ၿပီး
"အႀကီးဆုံးဦးေလးနဲ႔အေဖက အိမ္မွာပဲ! ငါ့အစ္မေတြ ကူညီေနတာမလို႔ ငါအဲ့မွာလုပ္ဖို႔ မလိုဘူး။ တတိယဦးေလးက ဆိပ္ကမ္းမွာ သေဘၤာက်င္းေဆာက္ရင္ ပန္းရန္သမားလိုတယ္ ၾကားတာနဲ႔ စုံစမ္းဖို႔ လာခဲ့တာ... ငါကေတာ့ ယာယီအလုပ္ေလး ရႏိုင္မလားဆိုၿပီး လိုက္လာတာ... လ်ိဳ႕ေကာက ငါ့ကို တကယ္ ဂ႐ုစိုက္ၿပီး အလြယ္ဆုံးအလုပ္ေတြပဲ အၿမဲေပးတယ္ ငါကေတာ္ေတာ္ေလး ငယ္ေသးေပမယ့္ ဒီကိုယ္မွာ အင္အားေတြ ေပါမ်ားပါတယ္!"
ေရွာင္ေခ်ာင္းရဲ႕ေခါင္းထိပ္က လ်ိဳက်ီေဝရဲ႕ ဂ်ိဳင္းေလာက္သာရွိေပမယ့္ သူမေျပာတဲ့စကားေတြကေတာ့ သူမက သူ႔ရဲ႕အစ္မႀကီးတစ္ေယာက္လို႔ ထင္မွတ္ရတယ္။
" အစ္ကိုႀကီး, အစ္ကိုႀကီးက ခုမွႀကီးထြားတဲ့အ႐ြယ္ပဲရွိေသးတာ... ျဖည္းျဖည္းသက္သာပဲလုပ္ ခႏၶာကိုယ္ကို မထိခိုက္ေစလိုက္နဲ႔ ..."
" မပူပါနဲ႔, ငါမထိခိုက္ႏိုင္ပါဘူး!"
လ်ိဳက်ီေဝက အနည္းငယ္ရယ္ေမာလိုက္ၿပီးေနာက္ သူ႔ရဲ႕အာ႐ုံကို လ်ိဳ႕ေကာထံပို႔လိုက္တယ္။
"လ်ိဳ႕ေကာ, တစ္ခုခုအတြက္ ကြၽန္ေတာ့္ကိုေခၚတာလား?"
"ဒုတိယဆိပ္ခံတံတားမွာ ကပ္ထားတဲ့ ခရီးသည္တင္သေဘၤာ ကုန္ခ်တာကို မင္း တာဝန္ယူလိုက္... ဒီလူသစ္ေလးကို လုပ္ငန္းအထာ သိေအာင္ျပေပးလိုက္ပါဦး။ ေမးစရာရွိေသးလား?"
လ်ိဳ႕ေကာက ျမန္ျမန္နဲ႔ ျပတ္ျပတ္သားသား သူ႔ကို တာဝန္ေပးေလတယ္။
" ျပႆနာမရွိပါဘူး... ကြၽန္ေတာ္ဒီအလုပ္ကို ၿပီးေအာင္လုပ္ႏိုင္ပါတယ္!!"
လ်ိဳက်ီေဝက သူ႔ကို သေဘၤာတစ္စင္းလုံးစာအတြက္ တာဝန္ေပးခံရတဲ့အခါ သူ႔ကို ယုံယုံၾကည္ၾကည္နဲ႔ တာဝန္ေတြအမ်ားႀကီး အပ္ႏွင္းမွန္း ခ်က္ခ်င္းနားလည္သြားၿပီး ေကာင္းေကာင္းလုပ္လိုတဲ့ ဆႏၵေတြ သူ႔ႏွလုံးသားထဲ ျပည့္ႏွက္သြားခဲ့တယ္။ ဒါက ခရီးသည္တင္သေဘၤာေလးပဲဆိုေတာ့ အဲ့ဒီေပၚမွာ အိတ္ေတြဘယ္ေလာက္မ်ားမ်ား ရွိႏိုင္မွာမို႔လို႔လဲ? သူ႔ကိုကူညီေပးမယ့္လူ တစ္ေယာက္မွ မရွိရင္ေတာင္ သူဘာသာတစ္ေယာက္တည္း ဒီအလုပ္ကို လုံးဝ ၿပီးေအာင္လုပ္ႏိုင္တယ္!
လ်ိဳ႕ေကာက တည္ၾကည္စြာနဲ႔
"က်ီေဝ, ဒီေန႔က ဟိန္ဇီရဲ႕ပထမဆုံးေန႔ဆိုေတာ့ သူကသိပ္မသိေသးဘူး... သူကို စိတ္ရွည္ရွည္ထား သင္ေပးဖို႔လိုတယ္... ငါတို႔က ဒုကၡပင္လယ္မွာ ငါးမွ်ားခ်င္တဲ့သူေတြကိုေတာ့ ခြင့္လႊတ္မွာမဟုတ္ဘူး...
ဟိန္ဇီ? လ်ိဳက်ီေဝ အသားညိဳကာ ဝၿဖိဳးေနတဲ့ ပုံရိပ္ဘက္ကိုလွည့္ကာ သူ႔ကိုၾကည့္လိုက္သည္။
ဒါက ယြီမိသားစုမွာ သူ႔ဝမ္းကြဲေတြကို အၿမဲအႏိုင္က်င့္ေနတဲ့ ဖက္တီးငတုံးပဲ! ဒီကိုအလုပ္လာရွာတာ? သူ႔အေမနဲ႔သူ႔အဘြားက သူ႔ကို ခက္ခဲတဲ့ အလုပ္ေတြလုပ္ဖို႔ ဘယ္လိုမ်ား ခြင့္ျပဳလိုက္ၾကတာလဲ? သူက သူ႔ဝမ္းကြဲညီမေလးနဲ႔ ဆက္ႏြယ္မႈကို ခုတုံးလုပ္ၿပီး အေခ်ာင္ခိုအေလလိုက္ဖို႔ ႀကိဳးစားေနတာလား? မျဖစ္ဘူး! ငါဆိုတဲ့ လ်ိဳက်ီေဝက သူ႔ကိုဒီလို လုံးဝလုပ္ခြင့္မျပဳႏိုင္ဘူး!
"ဟိန္ဇီ, သြားရေအာင္! ငါတို႔ ေစာေစာစလုပ္ရင္ ေစာေစာၿပီးလိမ့္မယ္! ခရီသည္တင္သေဘၤာကို ကုန္ခ်ရတာ လြယ္႐ုံတင္မကဘူး အက်ိဳးအျမတ္လည္း ရေသးတယ္... ဝမ္းကြဲညီမေလးေၾကာင့္သာ မဟုတ္ရင္ ငါတို႔ညီအစ္ကိုႏွစ္ေယာက္ ဒီလိုအလုပ္မ်ိဳး ဘယ္ရလိမ့္မလဲ ငါတို႔ ျပင္းျပင္းထန္ထန္ အားသြန္ခြန္စိုက္ လုပ္ဖို႔လိုတယ္! ငါတို႔ေကာင္းေကာင္းလုပ္ရင္ သခင္ေတြက ေဘာက္ဆူးေတာင္ ေပးလိမ့္ဦးမယ္!"
လ်ိဳက်ီေဝက ယြီဟိန္ဇီ့ပုခုံးကို အားျပင္းျပင္းနဲ႔ ထု႐ိုက္လိုက္တယ္။
လ်ိဳက်ီေဝရဲ႕ အေသးစိတ္အမိန႔္ေတြနဲ႔ သူ႔အေပၚ အနည္းငယ္ဖိႏွိပ္ခ်င္တဲ့ ဆႏၵေတြေအာက္မွာ ယြီဟိန္ဇီတစ္ေယာက္ မရပ္မနား အလုပ္လုပ္ေတာ့တယ္။ အရင္က ကာယအလုပ္ေတြ မလုပ္ဖူးတဲ့ ဟိန္ဇီက တက္တက္ႂကြႂကြနဲ႔ အင္အားျပည့္စြာ တာထြက္ခဲ့ေပမယ့္ အထုပ္အပိုးအနည္းငယ္ ေ႐ႊ႕ၿပီးတဲ့ေနာက္မွာေတာ့ သူ႔ပုခုံးေပၚမွာ ငါးရာကီလိုဂရမ္ေလာက္ ရွိေနသလို ခံစားလာရတယ္။ သူ႔ေျခလွမ္း,လွမ္းလိုက္တိုင္းမွာ မ်ားစြာေသာ ေခြၽးစက္ေတြက ေျမေပၚသို႔ တဖြားဖြားက်ေနေတာ့တယ္။ သိုေပမဲ့လည္း ယြီဟိန္ဇီက အရႈံးမေပးဘဲ 'ငါဇနီးတစ္ေယာက္ယူဖို႔အတြက္ ေငြေတြအမ်ားႀကီးရွာဖို႔ ဒါကိုသည္းခံမွျဖစ္မယ္' ဆိုတဲ့အေတြးတစ္ခုနဲ႔ ေခါင္းမာစြာ ဆက္လုပ္ေနခဲ့ေလတယ္။
သူတို႔ေတြ ခရီးသည္တင္သေဘၤာေပၚက အထုပ္အပိုးေတြအားလုံးခ်ၿပီးေနာက္ လ်ိဳက်ီေဝ့ကိုယ္ေပၚမွာ ေခြၽးအနည္းငယ္သာ စီးက်ေနခဲ့တယ္။ တဈဖက်မွာေဝာာ့ ယြီဟိန္ဇီက အျပင္းအထန္ဖ်ားနာေနတဲ့ ႏြားအိုႀကီးလိုမ်ိဳး အသက္ကိုလုရႉေနရတယ္။ သူ႔ကိုယ္ေပၚမွာ ေခြၽးေတြက မစဲႏိုင္တဲ့မိုးလို ဒလေဟာ စီးက်ေနၿပီး သူ႔ေျခႏွစ္ေခ်ာင္းက ဆိုးဆိုးဝါးဝါး တုန္လႈပ္ေနေတာ့တယ္။ ဒါေပမဲ့လည္း သူ႔ဆီက ညည္းတြားတဲ့ အသံေလးတစ္ခုေတာင္ ထြက္မလာခဲ့ေခ်။
လ်ိဳ႕ေကာကေရာက္လာၿပီး သူ႔ပုခုံးကိုပုတ္ကာ
"ေတာ္တယ္ကြာ! ပထမဆုံးအႀကိမ္က ဒီလိုပါပဲ အေလ့အက်င့္ျဖစ္သြားရင္ အဆင္ေျပသြားလိမ့္မယ္!! နည္းနည္းေလာက္နားၿပီး ခြန္အားေတြ ထိန္းသိမ္းထားဖို႔ တစ္ခုခုစားလိုက္ဦး... ဒီေန႔လည္မွာ အမ်ားႀကီး ေရာက္လာၾကလိမ့္မယ္! ေငြေရာပါခဲ့လား မပါခဲ့ရင္ လစာကို စာရင္းကိုင္ဆီသြားၿပီး ႀကိဳတင္ေပးေငြတခ်ိဳ႕ ထုတ္ယူလို႔ရတယ္!"
" မလိုပါဘူးလ်ိဳ႕ေကာ! ကြၽန္ေတာ္ဒီမလာခင္ မနက္က စားခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ မဆာေသးပါဘူး!"
ယြီဟိန္ဇီ သူ႔မ်က္ႏွာကေခြၽးေတြကို လက္ျဖင့္သုတ္လိုက္ေတာ့ ထင္ရွားတဲ့ ဖုန္အစင္းေၾကာင္း တခ်ိဳ႕ ခ်န္ရစ္ခဲ့တယ္။
လ်ိဳ႕ေကာက ေခါင္းညိမ့္ကာ
" ဒါဆိုလည္း ေနရာတစ္ခုရွာၿပီး ေကာင္းေကာင္းအနားယူလိုက္ကြာ!"
အလုပ္လုပ္တဲ့အခါတုန္းက ဟိန္ဇီက သူ႔အေပၚဝတ္ကိုခြၽတ္ကာ ေျဗာင္အက်ႌေလးတစ္ထည္သာ ဝတ္ထားခဲ့သည္။ သူ႔ပုခုံးေနရာကအဝတ္ကို ညင္ညင္သာသာေလး ဖယ္လွန္ၾကည့္လိုက္ေတာ့ ထိုေနရာက အသားအရည္ေတြ နီရဲေယာင္ကိုင္းေနတာကို ေတြ႕လိုက္ရတယ္။ သူက ထိုေနရာကို ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ရင္း မ်က္ႏွာရႈံ႕မဲ့ေနေတာ့တယ္။
လ်ိဳက်ီေဝက ဒီမနက္ကိစၥအၿပီးမွာ ဟိန္ဇီ့အေပၚ ေလးစားမႈအဆင့္သစ္တစ္ခုသို႔ ေရာက္ရွိသြားၿပီး သူ႔ထံ ေရာက္လာကာ မွတ္ခ်က္ေပးေလသည္။
"မင္းရဲ႕ဒဏ္ရာေလးေတြက အေတာ္ေလးေပ်ာ့ေသးတယ္ ေျပာရမယ္... ငါပထမဆုံးလုပ္တုန္းကဆို လ်ိဳ႕ေကာနဲ႔ မသိေသးေတာ့ လူႀကီးေတြ လုပ္တဲ့အလုပ္ေတြ လိုက္လုပ္ရတာ။ လစာက်ေတာ့လည္း သူတို႔ရတာရဲ႕ တစ္ဝက္ပဲရတယ္ တစ္ေန႔ေလာက္လည္း လုပ္ၿပီးေရာ ငါ့ပုခုံးက အေပၚအေရျပားေတြ ပြန္းပဲ့ကုန္တာ။ ညဆို ေသာက္က်ိဳးနည္းနာလြန္းလို႔ အိပ္ကိုမေပ်ာ္ခဲ့ဘူး..."
ယြီဟိန္ဇီက သူ႔ပုခုံးကိုပြတ္ၿပီး ၿပဳံးၿဖဲၿဖဲလုပ္ကာ
"ကြၽန္ေတာ့ကိုဂ႐ုစိုက္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အစ္ကိုက်ီေဝ... ကြၽန္ေတာ္က အစ္ကို႔ေလာက္ မသန္မာေတာ့ ႀကီးတဲ့အိတ္ေတြအကုန္ အစ္ကိုပဲသယ္ေပးခဲ့တာ... ကြၽန္ေတာ္တို႔ လုပ္အားခရတဲ့အခါက်ရင္ အစ္ကိုကပိုရသင့္ပါတယ္!
"မင္းလည္း အရမ္းအလုပ္ႀကိဳးစားခဲ့ပါတယ္ကြ!"
လ်ိဳက်ီေဝက ဟိန္ဇီကို အလြန္အမင္း အံ့အားသင့္ေနတာျဖစ္သည္။ ယခင္က ဟိန္ဇီက အၿမဲတမ္း တစ္ပါးသူကို အႏိုင္က်င့္ၿပီး ေရသာခိုတဲ့လူစားမ်ိဳးျဖစ္ခဲ့တာ။ ဘာလို႔မ်ား သူ ႐ုတ္တရက္ႀကီး တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားတယ္လို႔ ခံစားေနရပါလိမ့္...
"ငါ ညီမေလးေတြကို သြားၾကည့္လိုက္ဦးမယ္ အခုခ်ိန္ဆို ဝယ္သူေတြ အမ်ားႀကီးရွိေနမွာဆိုေတာ့ သူတို႔ အလုပ္မ်ားေနေလာက္တယ္!"
ေရွာင္လ်န္တစ္ေယာက္တည္း လာရတဲ့အခ်ိန္ေတြမွာဆိုရင္ လ်ိဳက်ီေဝက အစာစားဖို႔ နားခ်ိန္ေတြမွာ သူမကို ကူညီေပးတတ္တယ္။ ဆိုေတာ့ ဒီကေန႔မွာလည္း ႁခြင္းခ်က္မရွိထုံးစံအတိုင္းေပါ့။
တစ္ထုပ္ကို ေၾကးျပားတစ္ျပားတန္ အသားႏွပ္ေတြက ဆိပ္ကမ္းမွာ ပိုပိုၿပီး နာမည္ရလာခဲ့တယ္။ ဝက္ေခါင္းတစ္ေခါင္းနဲ႔ ဆယ္ပြဲမကေသာငါးခ်ဥ္ေတြရဲ႕ ထုတ္လုပ္မႈပမာဏက တက္ႂကြေနတဲ့ ေတာင့္တမႈေတြကို ေက်နပ္ဖို႔ မျဖစ္ႏိုင္ခဲ့ေပ။ အခုဆို စားသုံးသူေတြမွာ ဆိပ္ကမ္းအလုပ္သမားေတြ သာမက အနီးနားမွာ ေနထိုင္တဲ့လူေတြပါ ပါလာၾကၿပီ။ ဧည့္သည္ေတြကို ဧည့္ခံဖို႔ အိမ္အတြက္ အသားႏွပ္တခ်ိဳ႕ဝယ္ရန္ ခရီးေဝးက လာၾကတဲ့လူေတြေတာင္ ရွိေသးသည္။
ဒါေၾကာင့္ ဆိပ္ကမ္းအလုပ္သမားေတြ အလုပ္နားခ်ိန္တိုင္း အသားႏွပ္ေတြက မိနစ္အနည္းငယ္အတြင္း ေရာင္းကုန္သြားတာမ်ားသည္။ အသားႏွပ္တစ္ထုပ္စားရဖို႔အေရး ထက္သန္ေနၾကတဲ့ အလုပ္သမားတခ်ိဳ႕ခမ်ာ ဘာမွမရလိုက္ဘဲ ျပန္သြားၾကရေလသည္။ လူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ဖို႔ ယြီေရွာင္ေခ်ာင္းက ပမာဏကို တိုးလုပ္ရန္မွတပါး အျခားေ႐ြးခ်ယ္စရာမရွိေပ။
ပထမဦးစြာ သူမက ဆိပ္ကမ္းအလုပ္သမားေတြကို အကူအညီေတာင္းလိုက္တယ္။ သူတို႔႐ြာမွာ ဝက္ သားထိုးတဲ့သူ တစ္ေယာက္ေယာက္ရွိတယ္ဆိုရင္ ဝက္ေခါင္းေတြ အူကလီစာေတြဝယ္ဖို႔ သူမကို ကူညီေပးရန္ ေတာင္းဆိုလိုက္တယ္။ အတုန႔္အလွည့္အေနနဲ႔ သူမကသူတို႔ကို အသားႏွပ္ႏွစ္ထုပ္ အလကားေပးလိုက္တယ္။ အလ်င္အျမန္ဆိုသလိုပဲ သူမရဲ႕ ပါဝင္ပစၥည္းကုန္ၾကမ္းေတြအတြက္ အမာခံပံ့ပိုးသူေတြ ရွိလာေတာ့တယ္။ သူတို႔ေတြ အရင္ကထက္လည္း အစားအစာအမ်ိဳးအစားသစ္ေတြ ေရာင္းခ်ခဲ့တယ္။ အသားႏွပ္ဟင္းလ်ာေတြအျပင္ ပင္လယ္ေရေမွာ္ႏွပ္၊ တိုဟူးေျခာက္ႏွပ္နဲ႔ တျခား အသီးအ႐ြက္ဟင္းလ်ာေတြပါ ပါဝင္ခဲ့တယ္။ သက္သက္လြတ္လို႔ေျပာေပမဲ့လည္း ဟင္း႐ြက္ေတြ တို႔ဟူးေတြ အားလုံးက ဝက္ေခါင္းသား ခ်က္ထားတဲ့ အႏွစ္နဲ႔ ႏွပ္ထားတာျဖစ္သည္။ ဒါေၾကာင့္ ဟင္း႐ြက္ႏွပ္ဟင္းလ်ာေတြက အသားရဲ႕အဆီေတြ အရသာေတြ စုပ္ယူထားတာေၾကာင့္ စားသုံးသူတိုင္းက ဝက္ေခါင္းႏွပ္အရသာကို ခံစားႏိုင္သည္။ အသီးအ႐ြက္ ဟင္းလ်ာတစ္ေယာက္စာက အသားဟင္းလ်ာထက္ ပိုမ်ားသည္။ ဒါေၾကာင့္ ဒီဟင္းလ်ာေတြကလည္း အေတာ္ေလး နာမည္ႀကီးေလသည္။
ဟင္းလ်ာႏွပ္မ်ိဳးစုံေတြ ပိုေရာင္းလာရတာနဲ႔ သူတို႔က စားစရာေတြကို အိမ္မွာႀကိဳခြဲဖို႔ မလုပ္ႏိုင္ေတာ့ေပ။ ဒါေၾကာင့္ပဲ ယြီေရွာင္ေခ်ာင္းက ေရာင္းေနတုန္း အသားႏွပ္ေတြတင္ေႏႊးဖို႔ ေၾကးနီအိုးတစ္ခုနဲ႔ ႐ႊံ႕မီးဖိုအေသးေလးတစ္ခု ယူလာခဲ့လိုက္တယ္။ ေႏႊးထားတဲ့ အသားႏွပ္ေတြက ပိုၿပီးေတာ့ေတာင္ ထူးကဲတဲ့ အရသာရွိၿပီး အနံ႔ကလည္း ပင္လယ္ေလျပည္နဲ႔အတူ ဆိပ္ကမ္းရဲ႕ေနရာအႏွံ႔ ပ်ံ႕ႏွံေနေတာ့တယ္။ ခရီးသည္တင္သေဘၤာကဆင္းလာတဲ့ အမ်ိဳးသမီးေတြေတာင္ မေနႏိုင္ဘဲ ထိုအေၾကာင္းကို စုံစမ္းေမးျမန္းေနၾကတယ္။
ပိုမ်ားလာေသာ ေဖာက္သည္ေတြႏွင့္အတူ ေရာင္းေနတုန္း အစားအစာကို ထုတ္ပိုးရတာက လူတစ္ေယာက္တည္းနဲ႔ အားလုံးကို ကိုင္တြယ္ဖို႔ ခက္ခဲလွေပတယ္။ ကံေကာင္းစြာနဲ႔ အဓိက ေဖာက္သည္ေတြက သေဘၤာက်င္းအလုပ္သမားေတြျဖစ္ၾကၿပီး သူတို႔ညီအစ္မႏွစ္ေယာက္နဲ႔လည္း ေကာင္းေကာင္း ရင္းႏွီးကြၽမ္းဝင္ၾကတာေၾကာင့္ သူတို႔အားလုံးက သိတတ္စြာနဲ႔ အသားႏွပ္ဝယ္ဖို႔ တန္းစီ ေစာင့္ဆိုင္းၾကတယ္။
ယခုအခ်ိန္ဝယ္ ယြီမိသားစု ႐ႊံ႕မီးဖိုေလးေရွ႕၌ လူတန္းရွည္ႀကီးရွိေနေလတယ္။ လူတန္းထဲက လူအေတာ္မ်ားမ်ားက တစ္ေယာက္ကိုတစ္ေယာက္ သိကြၽမ္းၾကတာေၾကာင့္ ရင္းႏွီးေဖာ္ေ႐ြစြာ စကားေျပာရင္း ေစာင့္ဆိုင္းေနၾကတယ္။ မည္သူတစ္ဦးတစ္ေယာက္ကမွ အလွ်င္မလိုၾကေခ်။
"အာ?... ဒီလူအားလုံးက ဘာအတြက္တန္းစီေနၾကတာလဲ အလုပ္ရွာေနၾကတာလား..."
က်ယ္ေလာင္ရွင္းလင္းတဲ့ အသံတစ္ခုက ထိုျမင္ကြင္းကို အံ့အားသင့္ကာ ႐ုတ္တရက္ ေမးလာသည္။
"သခင္ႀကီး! ဒါက ဆိပ္ကမ္းမွာနာမည္ႀကီးေနတဲ့ 'အသားႏွပ္တစ္ထုပ္ ေၾကးျပားတစ္ျပား' ေလ... အဲ့ဒါက နည္းနည္း အေပါစားဆန္တဲ့ စားစရာျဖစ္ေပမယ့္ အရသာကေတာ့ အေတာ္ေလးေကာင္းမြန္တယ္!"
အလုပ္သမားႀကီးၾကပ္သူက မေဝးတဲ့တစ္ေနရာက လူအုပ္ကိုၾကည့္ကာ အၿပဳံးမ်က္ႏွာႏွင့္ ႏွိမ့္ခ်စြာ ျပန္ေျဖသည္။
သူ႔ေဘးကလူက ဆိပ္ကမ္းတည္ေဆာက္မႈကို ႀကီးၾကပ္ဖို႔ ဧကရာဇ္ကိုယ္တိုင္ ခန႔္အပ္ထားတဲ့သူ ျဖစ္သည္။ စီရင္စုတရားသူႀကီးကေတာင္မွ ထိုလူ႔ကို ယဥ္ေက်းစြာဆက္ဆံရတယ္ဆိုေတာ့ သူ႔လို အႀကံေပးေလးတစ္ေယာက္ဆို ေျပာမေနပါနဲ႔ေတာ့။ အနာဂတ္၌ သူ ဒီနယ္ပယ္မွာ ဆက္လုပ္ခ်င္ေသးတယ္ဆိုရင္ ဒီသခင္ဆီမွာ ေကာင္းေကာင္းအမႈထမ္းဖို႔ ေသခ်ာေပါက္လိုအပ္တယ္!
......
[Unicode]
အခန်း ၁၄၅ (အဆိုပြုခြင်း)
ယွီရှောင်ချောင်း ပြုံးပြလိုက်ကာ
"ရှင်တို့နှစ်ယောက် ဆိပ်ကမ်းစီမံဌာနလေး တည်ထောင်ပြီး ရုံးခန်းအဖြစ် ဆိုင်တစ်ဆိုင်ကို ငှားသင့်တယ်လို့ ကျွန်မထင်တယ်... ရှင်တို့တွေ ကုန်တင်သယ်ယူပို့ဆောင်ရေး၊ ကုန်စည်သိုလှောင်မှု၊ ဝယ်ယူရေးဝန်ဆောင်မှုနဲ့ လူတွေအတွက် စုပေါင်းသယ်ယူပို့ဆောင်ပေးတာတွေ လုပ်လို့ရတယ်လေ... ဆိပ်ကမ်းက ဆောက်လုပ်ရေး ပြီးသွားတဲ့အခါဆို လျို့ကောလက်အောက်မှာ အလုပ်လုပ်တဲ့သူတွေ များများလာပြီး လုပ်စရာကိစ္စတွေလည်း ပိုများလာလိမ့်မယ်။ အဲ့လိုဆိုသေချာပေါက် အလုပ်ကိစ္စတချို့ကို လက်လွှဲပေးဖို့ စီမံသူတစ်ယောက် လိုလာမှာပဲလေ... ဦးလေးစွမ်က ဆိပ်ကမ်းအလုပ်ကိစ္စတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ တော်တော်လေး ရင်းနှီးနေပြီသားပဲ။ လူသစ်ထက် အလုပ်အကြောင်းကို နားလည်တဲ့သူကိုသုံးတာ ပိုကောင်းပါတယ် ဒါကြောင့် လျို့ကောက ကိစ္စတချို့စီမံဖို့ ဦးလေးစွမ်ကို ပေးလို့ရတယ်။ ဒီနည်းက တစ်ယောက်နဲ့တစ်ယောက် ခါးခါးသီးသီး ယှဉ်ပြိုင်နေတာထက် ပိုမကောင်းဘူးလား..."
လျို့ကောက သူ့မေးစေ့ကိုပွတ်သပ်လိုက်ရင်း မျက်လုံးတွေအရောင်တောက်လာတယ်။ ဖြစ်နိုင်ချေရှိတဲ့ ကောင်းမွန်လှသော အနာဂတ်အကြောင်း သူမရဲ့ဖော်ပြချက်ကြောင့် သူအလွန် စိတ်လှုပ်ရှားသွားမှန်း သိသာလှတယ်။ သူမရဲ့အကြံတွေက အပြည့်အဝ ရုပ်လုံးမပေါ်သေးပေမယ့် ဒါက သူ့ကို ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပေးပြီး ရလာနိုင်မယ့် ကြီးမားတဲ့ အခွင့်အရေးတွေ အများကြီးကို သူ့စိတ်ထဲ လမ်းဖွင့်ပေးလေတယ်။ လျို့ကောက အစွမ်းအစမဲ့သူ တစ်ယောက်တော့ မဟုတ်ပေ။ မင်းသူ့ကို အခွင့်အရေးပေးသရွေ့ သူကသေချာပေါက် အမြင့်ကိုတက်နိုင်လိမ့်မည်ပင်။
နှစ်ပေါင်းများစွာကြာပြီးနောက် အသိရှိတဲ့သူတိုင်းက ဆိပ်ကမ်းရဲ့ဩဇာရှိသူ လျို့ကောကိုသိကြသည်။ အချို့အရာရှိများနှင့် မှူးမတ်များပင်လျှင် ရွေးချယ်စရာမရှိဘဲ သူ့ကို ယဉ်ကျေးစွာ ဆက်ဆံကြရသည်။ ဘာလိုလဲဆိုတော့ လျို့ကောကို အမှားပြုမိရင် အကျိုးဆက်တွေရှိနေလို့ပဲ... ။ ပြစ်မှုသေးသေးလေးဆိုရင် မင်းရဲ့သင်္ဘော ကုန်တင်ကုန်ချတာကို နှောင့်နှေးစေလိမ့်မယ်။ ကြီးလေးတဲ့ ပြစ်မှုဆိုရင်တော့ မင်းရဲ့ကုန်ပစ္စည်းတွေ အားလုံး အကျပ်အတည်း ဖြစ်သွားစေနိုင်တယ်။ ဆိပ်ကမ်းမှာ လျို့ကောက အလုပ်သမားအားလုံးတွေထဲ အထင်ကရတစ်ယောက်ဖြစ်လာပြီး ဒါတွေအားလုံးက မိန်းမငယ်လေးတစ်ဦးရဲ့ ပေါ့ပေါ့တန်တန် မှတ်ချက်များမှ စတင်ခဲ့သည်။
သို့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ လျို့ကောက ရိုးရိုးရှင်းရှင်း အလုပ်ကြပ်လေးတစ်ယောက်သာပင်။ သူက ခေါင်းဆောင်စွမ်ရဲ့ ပုခုံးကိုပုတ်ကာ
"အစ်ကိုစွမ်, ကျွန်တော်ခင်ဗျားကို လူကြီးတစ်ယောက်အဖြစ် လေးစားပါတယ်။ ကျွန်တော်နဲ့ အလုပ်အတူလုပ်ချင်လား... ကျွန်တော်တို့နှစ်ယောက်သာ စည်းလုံးမယ်ဆိုရင် ကြီးမားတဲ့အရာတွေကို သေချာပေါက် အတူတူလုပ်ဆောင်နိုင်လိမ့်မယ်!!"
ခေါင်ဆောင်စွမ်က စိတ်လှုပ်ရှားစွာ ပြန်ပြောလာတယ်။
"လျို့ဇီ! မင်းရဲ့အစ်ကိုစွမ်က မင်းလိုမျိုး မစွန့်စားရဲသလို အမြင်လည်းမရှိပါဘူး... ဒါပေမယ့် ကုန်တင်ကုန်ချလုပ်ငန်းကိုတော့ အူမချေးခါးမကျန် အကုန်သိပါတယ်... မင်းသာငါ့ကို ယုံကြည်မယ်ဆိုရင် ငါကလည်း သေချာပေါက် မင်းကိုစိတ်မပျက်စေရပါဘူး..."
ရှောင်ချောင်းက ဒီလူနှစ်ယောက် သူတိုရဲ့အထင်လွဲမှုတွေကို ချေဖျက်လိုက်ကြတာမြင်တော့ ချက်ချင်းပဲ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့တယ်။ သူမ အသားနှပ်တွေကို ပထမဆုံး စရောင်းတဲ့အချိန်မှာ ခေါင်းဆောင်စွမ်က သူမရဲ့စီးပွားရေးကို အများကြီးကူညီပေးခဲ့ပြီး သူမ အမေဘက်က ဦးလေးနှင့် ဝမ်းကွဲအစ်ကိုတို့ကိုလည်း သင်္ဘောကျင်းမှာ တည်ငြိမ်တဲ့အလုပ်တွေ ပေးခဲ့တယ်။
လျို့ကောကတော့ သူမကို လူရမ်းကားအုပ်စုဆီကနေ တစ်ခါကာကွယ်ပေးခဲ့ဖူးပြီး သူမအသက်ကို ကယ်ဆယ်ခဲ့တဲ့ ကျေးဇူးရှင်လို့တောင် ယူဆလို့ရတယ်။ ရိုးရိုးသားသားဆိုရရင် သူတို့နှစ်ယောက်ရဲ့ ကျေးဇူးတရားတွေ ရှိတာကြောင့် သူတို့ရန်ဖြစ်နေတာကို ထပ်မမြင်ချင်တော့ပေ။
"ရှောင်ချောင်း...."
ယွီဟိန်ဇီက ဆိပ်ကမ်းကလူထွားကြီး လျို့ကောက သူ့ညီမငယ်လေးကို အလေးပေး ပြောဆိုဆက်ဆံ နေတာကို သတိထားမိတယ်။ သူမသာ သူ့အတွက် ပြောပေးမယ်ဆိုရင် ဆိပ်ကမ်းမှာ အလုပ်ရဖို့ ခက်ခဲပါအုံးမလား... သူက တိတ်တခိုး သူမရဲ့အင်္ကျီထောင့်စွန်းကို ဆွဲလိုက်ကာ သူမနာမည်ကို ညင်ညင်သာသာ ခေါ်လိုက်တယ်။
ထိုအခါမှသာ ရှောင်ချောင်းက ယွီဟိန်ဇီရဲ့ အခြေအနေကို သတိရသွားလေတယ်။ သူမက ရှက်ကိုးရှက်ကန်းနဲ့ လျို့ကောကို ပြောလိုက်တယ်။
"လျို့ကော, ဒါက ကျွန်မအဖေဘက်က ဝမ်းကွဲအစ်ကို, ယွီကောလေ။ သူက ဆိပ်ကမ်းမှာ အလုပ်ရှာချင်နေတာ။ ပြီးတော့ ငွေနည်းနည်းပေးလည်း ကိစ္စမရှိဘူးတဲ့။ ရှင့်မှာ... သူနဲ့သင့်တော်မယ့် အလုပ်လေးများရှိမလား..."
လျို့ကောက အဆီအပြည့် ခန္ဓာကိုယ်နဲ့ ကြွက်သားတွေ ပြတ်လပ်နေတဲ့ ဟိန်ဇီ့ကို တစ်ချက် ကြည့်လိုက်တယ်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့ခက်ထန်တဲ့ မျက်လုံးအကြည့်တွေက ရဲရင့်မှုနည်းသောသူများကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်တယ်။ သူကဆိုတယ်။
" မင်းက...ယွီကော, ဟုတ်လား?"
"ဟုတ်, ဟုတ်ပါတယ်! လျို့ကော, ကျွန်တော့်ကို ဟိန်ဇီလို့ပဲခေါ်လို့ရပါတယ်...."
လူကောင်ပိုကြီးတဲ့သူဆီက ငုံ့မိုးကြည့်တာခံရတော့ ယွီဟိန်ဇီတစ်ယောက် သူ့နှလုံးသားက အပြေးပြိုင်နေသလို ခံစားလိုက်ရပေမယ့် မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုကို ဆင်မြန်းထားဆဲပင်။
လျို့ကောက ခေါင်းညိမ့်လာကာ ပွင့်ပွင့်လင်းလင်းပြောလာတယ်။
" ဟိန်ဇီ, ရိုးရိုးသားသားပြောရရင် ငါက မင်းနဲ့ပတ်သက်ပြီးတော့ ကောင်းတဲ့ ခံစားချက်ရှိမနေဘူး... ဒါပေမဲ့လည်း ညီမငယ်လေး ရှောင်ချောင်း တောင်းဆိုတာကြောင့် မင်းကို အခွင့်အရေးတစ်ခုပေးမယ်... ဟိုးကသင်္ဘောကို တွေ့တယ်မလား... အဲ့မှာ လှည်းပေါ်ရွှေ့ရမယ့် အဲ့ဒီမိသားစုက အမျိုးသမီးတွေရဲ့ အထုတ်အပိုးတချို့ ရှိနေတယ်... လျိုမိသားစုကကောင်လေးနဲ့ သွားလုပ်ချည်... မင်းကြိုးစားလုပ်ရင် မနက်ဖြန် ထပ်လာခဲ့။ အကယ်၍ မင်းမလုပ်နိုင်ဘူးဆိုရင်တော့..."
" အဆင်ပြေပါတယ်! လုံးဝကို အဆင်ပြေတယ်!"
အမျိုးသမီးတွေရဲ့ အထုတ်အပိုးတွေက အများကြီးမလေးနိုင်ပါဘူး။ အနည်းဆုံး ငါးဆယ် ကီလိုဂရမ်လောက် လေးတဲ့ ကုန်ပစ္စည်းတွေနဲ့ ယှဉ်ရင် ဒါက အလွယ်လေးလို့ ယူဆလို့ရတယ်။ လျို့ကောက သူ့ညီမလေးအကူအညီနဲ့ သူ့အား ကောင်းကောင်းဆက်ဆံနေတာကို ဟိန်ဇီသိတာကြောင့် သူက ခေါင်းကို မြဲမြံစွာညိမ့်လိုက်ပြီး သဘောတူလိုက်တော့တယ်။ ဒီအလုပ်လေးလောက်ကို မလုပ်နိုင်ရင် သူဟာယောကျ်ားတစ်ယောက်လို့ ဆိုနိုင်ပါဦးမလား...
လျို့ကောက သူတို့နဲ မဝေးတဲ့တစ်နေရာက အရပ်ရှည်ရှည်နဲ့ အနည်းငယ် ပိန်ပါးပုံပေါ်တဲ့ လူတစ်ယောက်ကို လက်ယက်ခေါ်လိုက်တဲ့အခါ ထိုလူငယ်လေးက ခပ်မြန်မြန်ပင် သွက်သွက်လေး လျှောက်လာလေတယ်။ ယွီရှောင်ချောင်းက အနည်းငယ် စိုက်ကြည့်လိုက်တယ်။ ဒါက ဒုတိယဦးလေးရဲ့ သား အစ်ကိုကျီဝေ မဟုတ်လား...
"အစ်ကိုကြီး, ခုတလော အစ်ကိုကြီးတို့တတွေ လယ်အလုပ်တွေနဲ့ အလုပ်များမနေဘူးလား... အဖေကတောင် နောက်ရက်တွေအတွင်း သွားပြီးကူညီချင်တယ်လို့တောင် ပြောနေသေးတယ်!"
ယွီရှောင်ချောင်းက သူမခေါင်းကိုမော့ပြီး ချိုသာစွာပြောရင်း သူ့ကိုတောက်ပစွာပြုံးပြလိုက်တယ်။
လျိုကျီဝေက နဖူးမှ ချွေးတွေကိုသုတ်ကာ ရယ်မောလိုက်ပြီး
"အကြီးဆုံးဦးလေးနဲ့အဖေက အိမ်မှာပဲ! ငါ့အစ်မတွေ ကူညီနေတာမလို့ ငါအဲ့မှာလုပ်ဖို့ မလိုဘူး။ တတိယဦးလေးက ဆိပ်ကမ်းမှာ သင်္ဘောကျင်းဆောက်ရင် ပန်းရန်သမားလိုတယ် ကြားတာနဲ့ စုံစမ်းဖို့ လာခဲ့တာ... ငါကတော့ ယာယီအလုပ်လေး ရနိုင်မလားဆိုပြီး လိုက်လာတာ... လျို့ကောက ငါ့ကို တကယ် ဂရုစိုက်ပြီး အလွယ်ဆုံးအလုပ်တွေပဲ အမြဲပေးတယ် ငါကတော်တော်လေး ငယ်သေးပေမယ့် ဒီကိုယ်မှာ အင်အားတွေ ပေါများပါတယ်!"
ရှောင်ချောင်းရဲ့ခေါင်းထိပ်က လျိုကျီဝေရဲ့ ဂျိုင်းလောက်သာရှိပေမယ့် သူမပြောတဲ့စကားတွေကတော့ သူမက သူ့ရဲ့အစ်မကြီးတစ်ယောက်လို့ ထင်မှတ်ရတယ်။
" အစ်ကိုကြီး, အစ်ကိုကြီးက ခုမှကြီးထွားတဲ့အရွယ်ပဲရှိသေးတာ... ဖြည်းဖြည်းသက်သာပဲလုပ် ခန္ဓာကိုယ်ကို မထိခိုက်စေလိုက်နဲ့ ..."
" မပူပါနဲ့, ငါမထိခိုက်နိုင်ပါဘူး!"
လျိုကျီဝေက အနည်းငယ်ရယ်မောလိုက်ပြီးနောက် သူ့ရဲ့အာရုံကို လျို့ကောထံပို့လိုက်တယ်။
"လျို့ကော, တစ်ခုခုအတွက် ကျွန်တော့်ကိုခေါ်တာလား?"
"ဒုတိယဆိပ်ခံတံတားမှာ ကပ်ထားတဲ့ ခရီးသည်တင်သင်္ဘော ကုန်ချတာကို မင်း တာဝန်ယူလိုက်... ဒီလူသစ်လေးကို လုပ်ငန်းအထာ သိအောင်ပြပေးလိုက်ပါဦး။ မေးစရာရှိသေးလား?"
လျို့ကောက မြန်မြန်နဲ့ ပြတ်ပြတ်သားသား သူ့ကို တာဝန်ပေးလေတယ်။
" ပြဿနာမရှိပါဘူး... ကျွန်တော်ဒီအလုပ်ကို ပြီးအောင်လုပ်နိုင်ပါတယ်!!"
လျိုကျီဝေက သူ့ကို သင်္ဘောတစ်စင်းလုံးစာအတွက် တာဝန်ပေးခံရတဲ့အခါ သူ့ကို ယုံယုံကြည်ကြည်နဲ့ တာဝန်တွေအများကြီး အပ်နှင်းမှန်း ချက်ချင်းနားလည်သွားပြီး ကောင်းကောင်းလုပ်လိုတဲ့ ဆန္ဒတွေ သူ့နှလုံးသားထဲ ပြည့်နှက်သွားခဲ့တယ်။ ဒါက ခရီးသည်တင်သင်္ဘောလေးပဲဆိုတော့ အဲ့ဒီပေါ်မှာ အိတ်တွေဘယ်လောက်များများ ရှိနိုင်မှာမို့လို့လဲ? သူ့ကိုကူညီပေးမယ့်လူ တစ်ယောက်မှ မရှိရင်တောင် သူဘာသာတစ်ယောက်တည်း ဒီအလုပ်ကို လုံးဝ ပြီးအောင်လုပ်နိုင်တယ်!
လျို့ကောက တည်ကြည်စွာနဲ့
"ကျီဝေ, ဒီနေ့က ဟိန်ဇီရဲ့ပထမဆုံးနေ့ဆိုတော့ သူကသိပ်မသိသေးဘူး... သူကို စိတ်ရှည်ရှည်ထား သင်ပေးဖို့လိုတယ်... ငါတို့က ဒုက္ခပင်လယ်မှာ ငါးမျှားချင်တဲ့သူတွေကိုတော့ ခွင့်လွှတ်မှာမဟုတ်ဘူး...
ဟိန်ဇီ? လျိုကျီဝေ အသားညိုကာ ဝဖြိုးနေတဲ့ ပုံရိပ်ဘက်ကိုလှည့်ကာ သူ့ကိုကြည့်လိုက်သည်။
ဒါက ယွီမိသားစုမှာ သူ့ဝမ်းကွဲတွေကို အမြဲအနိုင်ကျင့်နေတဲ့ ဖက်တီးငတုံးပဲ! ဒီကိုအလုပ်လာရှာတာ? သူ့အမေနဲ့သူ့အဘွားက သူ့ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ဖို့ ဘယ်လိုများ ခွင့်ပြုလိုက်ကြတာလဲ? သူက သူ့ဝမ်းကွဲညီမလေးနဲ့ ဆက်နွယ်မှုကို ခုတုံးလုပ်ပြီး အချောင်ခိုအလေလိုက်ဖို့ ကြိုးစားနေတာလား? မဖြစ်ဘူး! ငါဆိုတဲ့ လျိုကျီဝေက သူ့ကိုဒီလို လုံးဝလုပ်ခွင့်မပြုနိုင်ဘူး!
"ဟိန်ဇီ, သွားရအောင်! ငါတို့ စောစောစလုပ်ရင် စောစောပြီးလိမ့်မယ်! ခရီသည်တင်သင်္ဘောကို ကုန်ချရတာ လွယ်ရုံတင်မကဘူး အကျိုးအမြတ်လည်း ရသေးတယ်... ဝမ်းကွဲညီမလေးကြောင့်သာ မဟုတ်ရင် ငါတို့ညီအစ်ကိုနှစ်ယောက် ဒီလိုအလုပ်မျိုး ဘယ်ရလိမ့်မလဲ ငါတို့ ပြင်းပြင်းထန်ထန် အားသွန်ခွန်စိုက် လုပ်ဖို့လိုတယ်! ငါတို့ကောင်းကောင်းလုပ်ရင် သခင်တွေက ဘောက်ဆူးတောင် ပေးလိမ့်ဦးမယ်!"
လျိုကျီဝေက ယွီဟိန်ဇီ့ပုခုံးကို အားပြင်းပြင်းနဲ့ ထုရိုက်လိုက်တယ်။
လျိုကျီဝေရဲ့ အသေးစိတ်အမိန့်တွေနဲ့ သူ့အပေါ် အနည်းငယ်ဖိနှိပ်ချင်တဲ့ ဆန္ဒတွေအောက်မှာ ယွီဟိန်ဇီတစ်ယောက် မရပ်မနား အလုပ်လုပ်တော့တယ်။ အရင်က ကာယအလုပ်တွေ မလုပ်ဖူးတဲ့ ဟိန်ဇီက တက်တက်ကြွကြွနဲ့ အင်အားပြည့်စွာ တာထွက်ခဲ့ပေမယ့် အထုပ်အပိုးအနည်းငယ် ရွှေ့ပြီးတဲ့နောက်မှာတော့ သူ့ပုခုံးပေါ်မှာ ငါးရာကီလိုဂရမ်လောက် ရှိနေသလို ခံစားလာရတယ်။ သူ့ခြေလှမ်း,လှမ်းလိုက်တိုင်းမှာ များစွာသော ချွေးစက်တွေက မြေပေါ်သို့ တဖွားဖွားကျနေတော့တယ်။ သိုပေမဲ့လည်း ယွီဟိန်ဇီက အရှုံးမပေးဘဲ 'ငါဇနီးတစ်ယောက်ယူဖို့အတွက် ငွေတွေအများကြီးရှာဖို့ ဒါကိုသည်းခံမှဖြစ်မယ်' ဆိုတဲ့အတွေးတစ်ခုနဲ့ ခေါင်းမာစွာ ဆက်လုပ်နေခဲ့လေတယ်။
သူတို့တွေ ခရီးသည်တင်သင်္ဘောပေါ်က အထုပ်အပိုးတွေအားလုံးချပြီးနောက် လျိုကျီဝေ့ကိုယ်ပေါ်မှာ ချွေးအနည်းငယ်သာ စီးကျနေခဲ့တယ်။ တဈဖကျမှာဝောာ့ ယွီဟိန်ဇီက အပြင်းအထန်ဖျားနာနေတဲ့ နွားအိုကြီးလိုမျိုး အသက်ကိုလုရှူနေရတယ်။ သူ့ကိုယ်ပေါ်မှာ ချွေးတွေက မစဲနိုင်တဲ့မိုးလို ဒလဟော စီးကျနေပြီး သူ့ခြေနှစ်ချောင်းက ဆိုးဆိုးဝါးဝါး တုန်လှုပ်နေတော့တယ်။ ဒါပေမဲ့လည်း သူ့ဆီက ညည်းတွားတဲ့ အသံလေးတစ်ခုတောင် ထွက်မလာခဲ့ချေ။
လျို့ကောကရောက်လာပြီး သူ့ပုခုံးကိုပုတ်ကာ
"တော်တယ်ကွာ! ပထမဆုံးအကြိမ်က ဒီလိုပါပဲ အလေ့အကျင့်ဖြစ်သွားရင် အဆင်ပြေသွားလိမ့်မယ်!! နည်းနည်းလောက်နားပြီး ခွန်အားတွေ ထိန်းသိမ်းထားဖို့ တစ်ခုခုစားလိုက်ဦး... ဒီနေ့လည်မှာ အများကြီး ရောက်လာကြလိမ့်မယ်! ငွေရောပါခဲ့လား မပါခဲ့ရင် လစာကို စာရင်းကိုင်ဆီသွားပြီး ကြိုတင်ပေးငွေတချို့ ထုတ်ယူလို့ရတယ်!"
" မလိုပါဘူးလျို့ကော! ကျွန်တော်ဒီမလာခင် မနက်က စားခဲ့ပြီးပါပြီ။ ဒါကြောင့် မဆာသေးပါဘူး!"
ယွီဟိန်ဇီ သူ့မျက်နှာကချွေးတွေကို လက်ဖြင့်သုတ်လိုက်တော့ ထင်ရှားတဲ့ ဖုန်အစင်းကြောင်း တချို့ ချန်ရစ်ခဲ့တယ်။
လျို့ကောက ခေါင်းညိမ့်ကာ
" ဒါဆိုလည်း နေရာတစ်ခုရှာပြီး ကောင်းကောင်းအနားယူလိုက်ကွာ!"
အလုပ်လုပ်တဲ့အခါတုန်းက ဟိန်ဇီက သူ့အပေါ်ဝတ်ကိုချွတ်ကာ ဗြောင်အင်္ကျီလေးတစ်ထည်သာ ဝတ်ထားခဲ့သည်။ သူ့ပုခုံးနေရာကအဝတ်ကို ညင်ညင်သာသာလေး ဖယ်လှန်ကြည့်လိုက်တော့ ထိုနေရာက အသားအရည်တွေ နီရဲယောင်ကိုင်းနေတာကို တွေ့လိုက်ရတယ်။ သူက ထိုနေရာကို ဖြည်းဖြည်းချင်း နှိပ်နယ်ရင်း မျက်နှာရှုံ့မဲ့နေတော့တယ်။
လျိုကျီဝေက ဒီမနက်ကိစ္စအပြီးမှာ ဟိန်ဇီ့အပေါ် လေးစားမှုအဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီး သူ့ထံ ရောက်လာကာ မှတ်ချက်ပေးလေသည်။
"မင်းရဲ့ဒဏ်ရာလေးတွေက အတော်လေးပျော့သေးတယ် ပြောရမယ်... ငါပထမဆုံးလုပ်တုန်းကဆို လျို့ကောနဲ့ မသိသေးတော့ လူကြီးတွေ လုပ်တဲ့အလုပ်တွေ လိုက်လုပ်ရတာ။ လစာကျတော့လည်း သူတို့ရတာရဲ့ တစ်ဝက်ပဲရတယ် တစ်နေ့လောက်လည်း လုပ်ပြီးရော ငါ့ပုခုံးက အပေါ်အရေပြားတွေ ပွန်းပဲ့ကုန်တာ။ ညဆို သောက်ကျိုးနည်းနာလွန်းလို့ အိပ်ကိုမပျော်ခဲ့ဘူး..."
ယွီဟိန်ဇီက သူ့ပုခုံးကိုပွတ်ပြီး ပြုံးဖြဲဖြဲလုပ်ကာ
"ကျွန်တော့ကိုဂရုစိုက်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျီဝေ... ကျွန်တော်က အစ်ကို့လောက် မသန်မာတော့ ကြီးတဲ့အိတ်တွေအကုန် အစ်ကိုပဲသယ်ပေးခဲ့တာ... ကျွန်တော်တို့ လုပ်အားခရတဲ့အခါကျရင် အစ်ကိုကပိုရသင့်ပါတယ်!
"မင်းလည်း အရမ်းအလုပ်ကြိုးစားခဲ့ပါတယ်ကွ!"
လျိုကျီဝေက ဟိန်ဇီကို အလွန်အမင်း အံ့အားသင့်နေတာဖြစ်သည်။ ယခင်က ဟိန်ဇီက အမြဲတမ်း တစ်ပါးသူကို အနိုင်ကျင့်ပြီး ရေသာခိုတဲ့လူစားမျိုးဖြစ်ခဲ့တာ။ ဘာလို့များ သူ ရုတ်တရက်ကြီး တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်လို့ ခံစားနေရပါလိမ့်...
"ငါ ညီမလေးတွေကို သွားကြည့်လိုက်ဦးမယ် အခုချိန်ဆို ဝယ်သူတွေ အများကြီးရှိနေမှာဆိုတော့ သူတို့ အလုပ်များနေလောက်တယ်!"
ရှောင်လျန်တစ်ယောက်တည်း လာရတဲ့အချိန်တွေမှာဆိုရင် လျိုကျီဝေက အစာစားဖို့ နားချိန်တွေမှာ သူမကို ကူညီပေးတတ်တယ်။ ဆိုတော့ ဒီကနေ့မှာလည်း ခြွင်းချက်မရှိထုံးစံအတိုင်းပေါ့။
တစ်ထုပ်ကို ကြေးပြားတစ်ပြားတန် အသားနှပ်တွေက ဆိပ်ကမ်းမှာ ပိုပိုပြီး နာမည်ရလာခဲ့တယ်။ ဝက်ခေါင်းတစ်ခေါင်းနဲ့ ဆယ်ပွဲမကသောငါးချဉ်တွေရဲ့ ထုတ်လုပ်မှုပမာဏက တက်ကြွနေတဲ့ တောင့်တမှုတွေကို ကျေနပ်ဖို့ မဖြစ်နိုင်ခဲ့ပေ။ အခုဆို စားသုံးသူတွေမှာ ဆိပ်ကမ်းအလုပ်သမားတွေ သာမက အနီးနားမှာ နေထိုင်တဲ့လူတွေပါ ပါလာကြပြီ။ ဧည့်သည်တွေကို ဧည့်ခံဖို့ အိမ်အတွက် အသားနှပ်တချို့ဝယ်ရန် ခရီးဝေးက လာကြတဲ့လူတွေတောင် ရှိသေးသည်။
ဒါကြောင့် ဆိပ်ကမ်းအလုပ်သမားတွေ အလုပ်နားချိန်တိုင်း အသားနှပ်တွေက မိနစ်အနည်းငယ်အတွင်း ရောင်းကုန်သွားတာများသည်။ အသားနှပ်တစ်ထုပ်စားရဖို့အရေး ထက်သန်နေကြတဲ့ အလုပ်သမားတချို့ခမျာ ဘာမှမရလိုက်ဘဲ ပြန်သွားကြရလေသည်။ လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ယွီရှောင်ချောင်းက ပမာဏကို တိုးလုပ်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
ပထမဦးစွာ သူမက ဆိပ်ကမ်းအလုပ်သမားတွေကို အကူအညီတောင်းလိုက်တယ်။ သူတို့ရွာမှာ ဝက် သားထိုးတဲ့သူ တစ်ယောက်ယောက်ရှိတယ်ဆိုရင် ဝက်ခေါင်းတွေ အူကလီစာတွေဝယ်ဖို့ သူမကို ကူညီပေးရန် တောင်းဆိုလိုက်တယ်။ အတုန့်အလှည့်အနေနဲ့ သူမကသူတို့ကို အသားနှပ်နှစ်ထုပ် အလကားပေးလိုက်တယ်။ အလျင်အမြန်ဆိုသလိုပဲ သူမရဲ့ ပါဝင်ပစ္စည်းကုန်ကြမ်းတွေအတွက် အမာခံပံ့ပိုးသူတွေ ရှိလာတော့တယ်။ သူတို့တွေ အရင်ကထက်လည်း အစားအစာအမျိုးအစားသစ်တွေ ရောင်းချခဲ့တယ်။ အသားနှပ်ဟင်းလျာတွေအပြင် ပင်လယ်ရေမှော်နှပ်၊ တိုဟူးခြောက်နှပ်နဲ့ တခြား အသီးအရွက်ဟင်းလျာတွေပါ ပါဝင်ခဲ့တယ်။ သက်သက်လွတ်လို့ပြောပေမဲ့လည်း ဟင်းရွက်တွေ တို့ဟူးတွေ အားလုံးက ဝက်ခေါင်းသား ချက်ထားတဲ့ အနှစ်နဲ့ နှပ်ထားတာဖြစ်သည်။ ဒါကြောင့် ဟင်းရွက်နှပ်ဟင်းလျာတွေက အသားရဲ့အဆီတွေ အရသာတွေ စုပ်ယူထားတာကြောင့် စားသုံးသူတိုင်းက ဝက်ခေါင်းနှပ်အရသာကို ခံစားနိုင်သည်။ အသီးအရွက် ဟင်းလျာတစ်ယောက်စာက အသားဟင်းလျာထက် ပိုများသည်။ ဒါကြောင့် ဒီဟင်းလျာတွေကလည်း အတော်လေး နာမည်ကြီးလေသည်။
ဟင်းလျာနှပ်မျိုးစုံတွေ ပိုရောင်းလာရတာနဲ့ သူတို့က စားစရာတွေကို အိမ်မှာကြိုခွဲဖို့ မလုပ်နိုင်တော့ပေ။ ဒါကြောင့်ပဲ ယွီရှောင်ချောင်းက ရောင်းနေတုန်း အသားနှပ်တွေတင်နွှေးဖို့ ကြေးနီအိုးတစ်ခုနဲ့ ရွှံ့မီးဖိုအသေးလေးတစ်ခု ယူလာခဲ့လိုက်တယ်။ နွှေးထားတဲ့ အသားနှပ်တွေက ပိုပြီးတော့တောင် ထူးကဲတဲ့ အရသာရှိပြီး အနံ့ကလည်း ပင်လယ်လေပြည်နဲ့အတူ ဆိပ်ကမ်းရဲ့နေရာအနှံ့ ပျံ့နှံနေတော့တယ်။ ခရီးသည်တင်သင်္ဘောကဆင်းလာတဲ့ အမျိုးသမီးတွေတောင် မနေနိုင်ဘဲ ထိုအကြောင်းကို စုံစမ်းမေးမြန်းနေကြတယ်။
ပိုများလာသော ဖောက်သည်တွေနှင့်အတူ ရောင်းနေတုန်း အစားအစာကို ထုတ်ပိုးရတာက လူတစ်ယောက်တည်းနဲ့ အားလုံးကို ကိုင်တွယ်ဖို့ ခက်ခဲလှပေတယ်။ ကံကောင်းစွာနဲ့ အဓိက ဖောက်သည်တွေက သင်္ဘောကျင်းအလုပ်သမားတွေဖြစ်ကြပြီး သူတို့ညီအစ်မနှစ်ယောက်နဲ့လည်း ကောင်းကောင်း ရင်းနှီးကျွမ်းဝင်ကြတာကြောင့် သူတို့အားလုံးက သိတတ်စွာနဲ့ အသားနှပ်ဝယ်ဖို့ တန်းစီ စောင့်ဆိုင်းကြတယ်။
ယခုအချိန်ဝယ် ယွီမိသားစု ရွှံ့မီးဖိုလေးရှေ့၌ လူတန်းရှည်ကြီးရှိနေလေတယ်။ လူတန်းထဲက လူအတော်များများက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းကြတာကြောင့် ရင်းနှီးဖော်ရွေစွာ စကားပြောရင်း စောင့်ဆိုင်းနေကြတယ်။ မည်သူတစ်ဦးတစ်ယောက်ကမှ အလျှင်မလိုကြချေ။
"အာ?... ဒီလူအားလုံးက ဘာအတွက်တန်းစီနေကြတာလဲ အလုပ်ရှာနေကြတာလား..."
ကျယ်လောင်ရှင်းလင်းတဲ့ အသံတစ်ခုက ထိုမြင်ကွင်းကို အံ့အားသင့်ကာ ရုတ်တရက် မေးလာသည်။
"သခင်ကြီး! ဒါက ဆိပ်ကမ်းမှာနာမည်ကြီးနေတဲ့ 'အသားနှပ်တစ်ထုပ် ကြေးပြားတစ်ပြား' လေ... အဲ့ဒါက နည်းနည်း အပေါစားဆန်တဲ့ စားစရာဖြစ်ပေမယ့် အရသာကတော့ အတော်လေးကောင်းမွန်တယ်!"
အလုပ်သမားကြီးကြပ်သူက မဝေးတဲ့တစ်နေရာက လူအုပ်ကိုကြည့်ကာ အပြုံးမျက်နှာနှင့် နှိမ့်ချစွာ ပြန်ဖြေသည်။
သူ့ဘေးကလူက ဆိပ်ကမ်းတည်ဆောက်မှုကို ကြီးကြပ်ဖို့ ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့သူ ဖြစ်သည်။ စီရင်စုတရားသူကြီးကတောင်မှ ထိုလူ့ကို ယဉ်ကျေးစွာဆက်ဆံရတယ်ဆိုတော့ သူ့လို အကြံပေးလေးတစ်ယောက်ဆို ပြောမနေပါနဲ့တော့။ အနာဂတ်၌ သူ ဒီနယ်ပယ်မှာ ဆက်လုပ်ချင်သေးတယ်ဆိုရင် ဒီသခင်ဆီမှာ ကောင်းကောင်းအမှုထမ်းဖို့ သေချာပေါက်လိုအပ်တယ်!
......