[Zawgyi]
အပိုင္း ၁၄၁ (စစ္သူႀကီး)
လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ေလာက္တည္းက တုန္ရွန္း႐ြာကိုေရာက္လာတဲ့ အဘိုးေက်ာက္က တကယ္ေတာ့ အရင္မင္းဆက္လက္ထက္မွာ သိပ္ကိုေတာ္ၿပီး ထင္ရွားခဲ့တဲ့ ေက်ာက္ဇီေမာ့ဆိုတဲ့ စစ္သူႀကီး တစ္ေယာက္လို႔ ဘယ္သူက ထင္မိမွာလဲ။ စစ္သူႀကီးေက်ာက္က ရဲရင့္ကာ မဟာဗ်ဴဟာဆြဲတဲ့ေနရာ၌ ထူးခြၽန္ေျပာင္ေျမာက္ၿပီး တင္းပန္ေဖာမွာ စခန္းခ်ေနတဲ့ ဧကရာဇ္ေဟာင္းရဲ႕တပ္သား ရွစ္ေသာင္းေက်ာ္ကို အႏိုင္ယူခဲ့တဲ့သူေပါ့။ ဧကရာဇ္ေဟာင္းဟာ ပူပန္စြာနဲ႔ သက္ျပင္းခ်ခဲ့ရင္း
က်ိဳးယြီက ေမြးဖြားလာခဲ့ရတယ္ဆိုရင္ ဘာလို႔ က်ဴေကာလ်န္လည္း ရွိေနရတာလဲ?
(the Romance of the Three Kingdoms ဝတၳဳထဲမွ က်ိဳးယြီဆိုေသာ ဇာတ္ေကာင္ ေျပာခဲ့ေသာ စာသားတစ္ခု)
သူက လူႀကီးမင္းေက်ာက္ကို ေလးလည္းေလးစားသလို အထင္လည္းေသးလို႔ေနတယ္။ သူ႔ရဲ႕ စစ္ပညာဟာ ေျပာင္ေျမာက္ေပမယ့္ သခင္အေပၚ သစၥာရွိလြန္းေနတာကိုေတာ့ သူ႔အေနနဲ႔ သေဘာမက်ေလဘူး။ ကံမေကာင္းခ်င္ေတာ့ အရင္မင္းဆက္က သူ႔ကို ခ်ီးေျမႇာက္တာမ်ိဳးမရွိဘဲ အက်င့္မေကာင္းတဲ့ သူေတြရဲ႕စကားကိုပဲ ယုံေနခဲ့တယ္ေလ။ ဒါေၾကာင့္ အရင္မင္းဆက္ရဲ႕ ဧကရာဇ္က ေက်ာက္ဇီေမာ့ကို သူ႔ရဲ႕ၿပိဳင္ဘက္ လ်ိဳမင္နဲ႔အတူ စစ္ဆင္ဖို႔ အမိန္႔ေပးလိုက္တယ္။ ေနာက္ထပ္ စစ္ပြဲတစ္ခုမွာ ေက်ာက္ဇီေမာ့ကို ပထုတ္ဖို႔အတြက္ လ်ိဳမင္က တမင္သက္သက္ စစ္ကူေတြေခၚလာဖို႔ အခ်ိန္ဆြဲခဲ့တယ္ေလ။
စစ္သူႀကီးေက်ာက္ခင္မ်ာ ဆယ့္သုံးႏွစ္ေတာင္မျပည့္ေသးရွာတဲ့ သူ႔သားကို ေသြးေခ်ာင္းစီးခဲ့တဲ့ တိုက္ပြဲၾကား ေခၚသြားရရွာတဲ့အျပင္ တစ္ဖက္ရန္သူရဲ႕ စစ္ကူေတြကိုလည္း တိုက္ခဲ့ေပးရရွာတာ။ စစ္ကူသာ အခ်ိန္မီမျဖည့္ႏိုင္ခဲ့ရင္ အဲ့ေန႔တိုက္ပြဲက လူေသပြဲေတာင္ျဖစ္မလားမသိ။ ခုအၿငိမ္းစားယူခဲ့တဲ့ ဧကရာဇ္ေဟာင္းက အဲ့ခ်ိန္တုန္းက စစ္ကူေတြကို ႀကီးၾကပ္ေပးရတဲ့ ေခါင္းေဆာင္အရာပဲ ရွိေသးဦးမယ္။ သူက ထက္ျမက္ၿပီး စြမ္းရည္ျပည့္တဲ့သူကို သေဘာက်လို႔ သူ႔အေနနဲ႔ စစ္သူႀကီးေက်ာက္ကို သူ႔ဘက္ပါလာေအာင္ အႀကိမ္ႀကိမ္ေသြးေဆာင္ခဲ့ေပမဲ့ စစ္သူႀကီးေက်ာက္က ခဏခဏ ပယ္ခ်ခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့။
စစ္သူႀကီးေက်ာက္ဟာ ရွစ္ရက္လုံး မရမက တင္းခံၿပီး ႐ုန္းကန္ခဲ့ေပမယ့္လို႔ ရန္သူ႔အင္အားက သူ႔တပ္အားထက္ အဆမတန္ကို ကြာလြန္းေနခဲ့တယ္။ ေနာင္ဆုံးမွာ စစ္သူႀကီးေက်ာက္ သူတို႔ကို မခုခံႏိုင္ေတာ့။ စစ္သူႀကီးေက်ာက္ရဲ႕ စစ္သားေတြအားလုံးနီးပါးကို တစ္ဘက္ရန္သူက အျပတ္အသတ္ အႏိုင္ယူပစ္လိုက္တယ္။ တပ္ဆုတ္ေနခ်ိန္ ဖန္းဇီက်န္းတစ္ေယာက္ သူ႔ဆရာနဲ႔ ဆရာတူညီငယ္ေလးကို ကာကြယ္ေပးခဲ့တာမလို႔ အေတာ္ေလးကို ဒဏ္ရာရထားခဲ့တယ္။ သူ အသက္ရွင္ေနရဲ႕လားေတာင္ သူတို႔ မခန္႔မွန္းႏိုင္ခဲ့။ ဒါ့အျပင္ ေက်ာက္ဇီေမာ့ရဲ႕ လူယုံအကူေတြကလည္း စစ္ပြဲေၾကာင့္ အသက္ဆုံးရႈံးခဲ့ၿပီး သူကိုယ္တိုင္ေတာင္ အျပင္းအထန္ ဒဏ္ရာရခဲ့တာမို႔ သတိေမ့ေျမာသြားခဲ့ၿပီး သူ႔ရဲ႕ အမႈထမ္း လူယုံတစ္ေယာက္က စစ္သားေတြရဲ႕အေလာင္းေတြၾကားထဲမွ တြဲေခၚလာခဲ့လို႔သာ ေသေဘးကေန သီသီကေလး လြတ္ေျမာက္လာခဲ့ရတယ္။
လ်ိဳမင္ကေတာ့ စစ္သူႀကီးေက်ာက္အား ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ ေထာင္ေခ်ာက္ဆင္ခဲ့တယ္။ အရင္မင္းဆက္ရဲ႕ ဧကရာဇ္ကလည္း ေယာင္ခ်ာခ်ာေတြျဖစ္ၿပီး ဒဏ္ရာကေန ခုမွ သက္သာစျပဳလာကာ ကူေဖာ္မဲ့ေနတဲ့ ေက်ာက္ဇီေမာ့ကို ေသဒဏ္ခ်မွတ္လိုက္တယ္ေလ။ ဒါေၾကာင့္ ေနာက္ဆုံးမွာ သူလုပ္ႏိုင္တာကေတာ့ အႏွစ္ႏွစ္အလလ သစၥာခံၿပီး အသက္စြန္႔ကာကြယ္ေပးခဲ့တဲ့ ဧကရာဇ္ဆီကေန သူ႔သားနဲ႔အတူ ထြက္ေျပးဖို႔ပဲ ရွိခဲ့တာေပါ့။ ကံေကာင္းစြာနဲ႔ပဲ အဲ့ဧကရာဇ္ကလည္း ရန္သူစစ္တပ္ရဲ႕ ျဖဳတ္ခ်ျခင္းကို ခံလိုက္ရတယ္။ သူ႔ရဲ႕ညစ္စြန္းသြားတဲ့ နာမည္ကိုလည္း အဲ့ခ်ိန္မွပဲ ျပန္အဖတ္ဆယ္ႏိုင္ခဲ့တာပင္။ အဲ့ကာက်မွ သူ႔ရဲ႕အႂကြင္းအက်န္အေစအခံေတြနဲ႔ သူ႔သားကို အေနာက္ဘက္ေတာင္တန္းနယ္ေျမေတြမွာ သီးသန္႔ေနထိုင္ခြင့္ရခဲ့တာ အခုခ်ိန္အထိ သူနဲ႔ သူ႔မိသားစုတို႔ ေနေနၾကတဲ့ ေနရာေပါ့။
မ်ိဳးဆက္ေပါင္းမ်ားစြာအတြက္ ေက်ာက္မိသားစု ၌အေမြခံတစ္ဦးသာ ထားရွိတယ္။ စစ္သူႀကီးေက်ာက္ဇီေမာ့က လက္ထပ္ထားတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေပမဲ့ သားသမီးမရွိခဲ့တာမို႔ ဖန္းဇီက်န္းကိုပဲ သူ႔သားအရင္းလို သေဘာထားၿပီး ေစာင့္ေရွာက္ခဲ့တာပင္။ စာ႐ြက္ေပၚမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဆရာတပည့္ဆက္ဆံေရးဆိုေပမယ့္ အျပင္မွာေတာ့ သားအဖလို တရင္းတႏွီး ဆက္ဆံၾကတယ္။ ကိစၥေတြအားလုံး အနည္က်သြားၿပီးခ်ိန္မွာ ေက်ာက္ဇီေမာ့က ေနာက္ဆုံးတိုက္ခဲ့တဲ့ စစ္ပြဲေနရာေလးဆီကို ခဏခဏသြားခဲ့ၿပီး သူ႔တပည့္မ်ား ရွိေလမလား ရွာေဖြခဲ့ေပမဲ့ အခ်ိန္ကာလ ၾကာျမင့္သည့္တိုင္ေအာင္ ဘာသတင္းမွ မရခဲ့။ ေက်ာက္ဇီေမာ့ တပ္ဆုတ္ေနစဥ္ ဖန္းဇီက်န္း ကာကြယ္ေပးခဲ့တုန္းက သူ႔မွာလည္း ဒဏ္ရာေတြ ဗလပြနဲ႔ပင္။ ေနာက္ၿပီး သူတို႔ေနာက္ကိုလည္း တပ္သားအမ်ားႀကီးက လိုက္ေနခဲ့တာ။ ဒါေၾကာင့္ ထိုအခ်ိန္အခါက သူတို႔ႏွစ္ေယာက္ ေနာက္ဆုံး ေတြ႕ခဲ့ရတဲ့ အခ်ိန္ပင္။
ေဆာင္းဦးကုန္ခ်ိန္ေရာက္တိုင္း တုန္ရွန္း႐ြာသားေတြက လူႀကီးမင္းေက်ာက္ကို ေတြ႕ခ်င္ရင္ အေနာက္ဘက္ေတာင္တန္းရဲ႕ ေတာင္ေျခတစ္ေနရာမွာ ရွာႏိုင္တယ္ဆိုတာ အကုန္သိၾကတယ္။ တစ္စုံတစ္ေယာက္အတြက္ ေက်ာက္လူႀကီးမင္းက ေတာင္ေျခရင္းမွာ စကၠဴမီးရႈိ႕ေပးေနက်ေလ။ သို႔ေပမဲ့ ဘယ္သူ႔အတြက္ ဆိုတာကိုေတာ့ တစ္ေယာက္မွ မသိၾက။ စစခ်င္း ေက်ာက္ဟန္က သူ႔ေရွ႕မွ မုတ္ဆိတ္ရွည္နဲ႔ လူႀကီးဟာ သူ႔အဘိုးအၿမဲ ေအာက္ေမ့ေနခဲ့တဲ့ တပည့္ျဖစ္ေၾကာင္း ၾကားလိုက္ရေတာ့ သူ႔ရင္ထဲ သိပ္ကိုေပ်ာ္႐ႊင္သြားခဲ့တာ။ သို႔ေပသိ သူ႔မိသားစုရဲ႕ ရႈပ္ေထြးခဲ့တဲ့အေျခအေနကိုလည္း သူ႔မွတ္ဉာဏ္ထဲမွာ တပါတည္း ေပၚလာခဲ့တယ္။ သူက ငယ္ေသးေပမဲ့ သူ႔အဘိုးက ဘာကိုမွ ဖုံးကြယ္မထားခဲ့။
ရွင္းရွင္းေျပာရမယ္ဆိုရင္ ေက်ာက္မိသားစုက အရင္မင္းဆက္ရဲ႕ အသက္ရွင္က်န္ရစ္ခဲ့တဲ့ အမႈထမ္းေတြလို႔ ေျပာလို႔ရတယ္။ တကယ္ေတာ့ ေက်ာက္ဟန္ရဲ႕အဘိုးက လက္ရွိ ဧကရာဇ္ေဟာင္းကို စစ္ပြဲတုန္းက အနာတရျဖစ္ေအာင္ လုပ္ခဲ့ဖူးတယ္ေလ။ ဒါေၾကာင့္ သူတို႔ရဲ႕ သ႐ုပ္မွန္သာေပၚသြားရင္ ေခ်ာင္မွာေတာ့ မဟုတ္။ အဲ့တာေၾကာင့္လည္း ေက်ာက္ဟန္က သူ႔စိတ္ထဲမွာ မၿငိမ္မသက္ျဖစ္ေနတာကို ထိန္းခ်ဳပ္ၿပီး ဒီလူႀကီးဟာ သူ႔ရဲ႕ ဆရာတူဦးေလး ဟုတ္မဟုတ္ဆိုတာကိုသာ အတည္ျပဳဖို႔ ဆက္ၿပီး စကားႏႈိက္ဖို႔ လုပ္လိုက္တယ္။
စစ္သူႀကီး! စီရင္စုတရားသူႀကီးမင္းက စစ္သူႀကီးအတြက္ ဝိုင္ေဖာက္ၿပီး ဂုဏ္ျပဳေပးေတာ့မလို႔တဲ့ေလ
ခြန္အားျပည့္ၿပီး ဝါရင့္တဲ့ လူငယ္တစ္ဦးက ဖန္းဇီက်န္းကို လက္သီးဆုပ္ကာ အ႐ိုအေသေပးလိုက္တယ္။
စစ္သူႀကီး?
ေက်ာက္ဟန္ဟာ မ်က္ေမွာင္ႀကဳံ႕ရင္း ေနာက္သို႔ အနည္းငယ္ဆုတ္လိုက္တယ္။ ခုအေနအထားအရ စစ္သူႀကီးအေခၚခံရတဲ့သူဟာ မင္မင္းဆက္ရဲ႕ အႀကီးအကဲလူေတြပဲေလ။ သူ႔ေရွ႕ကလူဟာ သူရဲ႕ ဆရာတူဦးေလးဆိုရင္ ဘာလို႔သူက မင္မင္းဆက္ရဲ႕ စစ္သူႀကီးေနရာကို ရႏိုင္မွာလဲ? အဲ့ခ်ိန္တုန္းက သူ႔ရဲ႕ ဆရာတူဦးေလးက ရန္သူ႔တပ္သားေတြကို ရာနဲ႔ခ်ီသတ္ျဖတ္ခဲ့တာေလ။
သူေရွ႕က ဗလေတာင့္ေတာင့္နဲ႔ လူႀကီးမင္းကိုၾကည့္ရတာ ခက္ထန္ပုံေပါက္ေပမယ့္လို႔ သူ႔မွာ ပတ္ဝန္းက်င္ေလ့လာမႈေတာ့ အေတာ္အားေကာင္းတဲ့ပုံ။ သူ႔က ေက်ာက္ဟန္တြန္႔ဆုတ္ေနတာကို သတိထားမိေတာ့ အျခားလူငယ္ေလးတစ္ဦးကို လက္ျပၿပီး
ငါရဲ႕ မိတ္ေဆြေဟာင္းနဲ႔ ခုမွဆုံလို႔ မိတ္ဆက္ပြဲကို မလိုက္ႏိုင္ေတာ့ဘူးထင္တယ္... စီရင္စုတရားသူႀကီးမင္းကို ေနာက္မွပဲ ေတာင္းပန္တဲ့အေနနဲ႔ ထမင္းလိုက္ေကြၽးပါ့မယ္လို႔ ေျပာလိုက္ပါဦး
သူ လူငယ္ေလးကို ေစလႊတ္ၿပီးတဲ့အခ်ိန္ ဖန္းဇီက်န္းဟာ ေက်ာက္ဟန္ကို စကားသြားေျပာလိုက္တယ္။
ဒီေနရာမွာ စကားေျပာရတာ သိပ္အဆင္မေျပဘူး... မင္းဘယ္မွာေနတာလဲ... ငါ မင္းနဲ႔ အဲ့ဒီကို လိုက္ခဲ့မယ္ေလ
မလိုပါဘူး!
ေက်ာက္ဟန္ သတိတႀကီးနဲ႔ ထိုလူႀကီးမင္းကို ၾကည့္လိုက္ရင္း
လူႀကီးမင္း လူမွားေနၿပီ... တကယ္ေတာ့ ကြၽန္ေတာ္က ဖန္းဇီက်န္းဆိုတဲ့လူကို မသိဘူး
ဘယ္လိုလုပ္ၿပီး လူမွားတာ ျဖစ္ႏိုင္ရမွာလဲ... မင္းမ်က္ႏွာက ငါ့ဆရာငယ္ငယ္တုန္းကနဲ႔ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ကို တူတာ! ၿပီးေတာ့ မင္းရဲ႕ မ်ိဳး႐ိုးနာမည္ကလည္း ေက်ာက္လို႔ ေျပာခဲ့တယ္မလား? လုံးဝ မမွားႏိုင္ပါဘူး!
ဖန္းဇီက်န္း ဇြတ္အတင္း ျငင္းဆိုခဲ့တယ္။
ေက်ာက္ဟန္က သတိတရွိနဲ႔
လူအပါအဝင္ တခ်ိဳ႕အရာေတြက ဆင္တူယိုးမွားရွိၾကတာပဲ... အဲ့တာ ဘာမ်ားထူးျခားလို႔လဲ! ေက်ာက္ဆိုတဲ့ နာမည္က ဒီေခတ္မွာ လူတိုင္းလိုလို မွည့္ေနၾကတာ... ကြၽန္ေတာ္တို႔က သာမန္ အမဲလိုက္တဲ့သူေတြေလ... ဘယ္လိုလုပ္ၿပီး ဒီကလူႀကီးမင္းက ကြၽန္ေတာ္တို႔ကို သိမွာလဲ
ဖန္းဇီက်န္းက သူ႔ရဲ႕ လက္ေအာက္ငယ္သားတစ္ေယာက္ လာသြားၿပီးကတည္းက သူ႔ေရွ႕က လူငယ္ေလးဟာ စိတ္ဂနာမၿငိမ္ျဖစ္ၿပီး သူ႔ကိုလည္း မသိတဲ့အေၾကာင္း ဇြတ္ျငင္းဆန္တာကို သတိထားမိေတာ့ စိတ္ထဲမေကာင္းျဖစ္ေန၍သာ
ဒီမယ္ငါ့တူ... မင္မင္းဆက္ရဲ႕ စစ္သူႀကီးအရာကို ယူခဲ့လို႔ ငါ့ကို အျပစ္ျမင္ေနတာလား? ဒါကို ေျပာရမယ္ဆို အရွည္ႀကီးပဲ... အရင္ဆုံး ဘာေတြျဖစ္ခဲ့လဲဆိုတာကို ရွင္းျပဖို႔ ေနရာတစ္ခု ရွာၾကရေအာင္!
ဒီအရပ္သားက လူႀကီးမင္းနဲ႔ ဘာေဆြးေႏြးစရာမွ မရွိပါဘူး ေနာက္က်ေနၿပီးမလို႔ ကြၽန္ေတာ္မ်ိဳးကို သြားခြင့္ျပဳပါဦး
ေက်ာက္ဟန္က ကိုယ္ကို ကိုင္းၫႊတ္ကာ အ႐ိုအေသေပးလိုက္ရင္း ေရွာင္ေခ်ာင္းနဲ႔ သူမအေဖကို ေခၚကာ ညေစ်းက ျပန္ၾကဖို႔ ေျပာလိုက္တယ္။
ဖန္းဇီက်န္းက သူ႔ကို ရပ္တန႔္ဖို႔ မႀကိဳးစားခဲ့။ အဲ့ဒီအစား သူက သခင္ဆီကေန ခြင့္လႊတ္မႈေတာင္းခံ ေနတဲ့ ေခြးေလးတစ္ေကာင္လိုမ်ိဳး သူ႔ေနာက္ကေန ဝမ္းနည္းစြာနဲ႔ လိုက္လာေတာ့တယ္။ သူေလးစားရေသာ ဆရာျဖစ္သူရဲ႕ သတင္းကို ရွာရန္ မလြယ္ကူတာမို႔ ဒီအတိုင္း လႊတ္လိုက္လို႔ေတာ့မျဖစ္။ တကယ္လို႔ သူ႔ဆရာကို ျပန္ေတြ႕ခဲ့ရင္ သူ႔ဆရာက သူ႔ကို အျပစ္တင္ၿပီး မသိပါဘူးလို႔ ျငင္းဆန္ခဲ့ရင္ေတာင္မွ သူဒီရာထူးကေန အနားယူၿပီး သူ႔ဘဝတစ္ေလွ်ာက္လုံး သူ႔ဆရာျပန္လက္ခံမွာကို ေစာင့္ဖို႔ ဆုံးျဖတ္ၿပီးသားပင္။
ေက်ာက္ဟန္က သူတို႔ေနာက္ကို ထိုလူႀကီးက အရွက္မရွိလိုက္လာတာကို သတိထားမိတယ္။ ဒါေပမဲ့ သူဘာပဲေျပာေျပာ ထိုလူႀကီးက နားမေထာင္ဘဲ သူတို႔ေနာက္ကိုသာ တေကာက္ေကာက္ လိုက္ေနေတာ့တယ္မို႔ ေတာ္ေတာ္ေလး ကူကယ္ရာမဲ့ေနသလို ခံစားလိုက္ရတယ္။ သူတို႔ ဘယ္မွာ တည္းခိုေနတယ္ဆိုတာကိုလည္း မသိေစခ်င္တာမို႔ ၿမိဳ႕ကိုသာ ပတ္ေလွ်ာက္ေနလိုက္ေတာ့တယ္။
ေက်ာက္ပုဖန္းလုပ္စရာရွိတာ လုပ္အၿပီး၌ တည္းခိုေဆာင္ဝယ္ အခ်ိန္အေတာ္အၾကာ ေစာင့္ေနခဲ့တယ္။ သူ႔သားနဲ႔ ယြီမိသားစုက သားအဖႏွစ္ေယာက္တို႔ ခုထိျပန္မလာေသးတာမို႔ စိုးရိမ္ႀကီးစြာနဲ႔ပဲ သူတို႔ကို ထြက္ရွာလိုက္တယ္။ တိုက္ဆိုင္စြာပဲ သူလည္းထြက္ေရာ ေက်ာက္ဟန္နဲ႔လူတစ္စုတို႔ လမ္းပတ္ေလွ်ာက္ေနၾကတာနဲ႔ တိုးေတာ့တယ္။
တအားေတာင္ေနာက္က်ေနၿပီေလ ဆိုင္ေတြလည္း ပိတ္ကုန္ၿပီကို ယြီဟိုင္နဲ႔ ေရွာင္ေခ်ာင္းကို ဘာလို႔ အခုထိ ေလွ်ာက္ေခၚသြားေနရတာလဲ? ေလွ်ာက္လည္ခ်င္ေသးတယ္ဆိုရင္လည္း မနက္ျဖန္ တစ္ရက္လုံး ရွိေသးတာကို
ေက်ာက္ပုဖန္ဟာ သူ႔သား ဒီတည္ခိုေဆာင္ကို လာေနတာမဟုတ္မွန္း ေတြ႕ေလေတာ့ ေမးခြန္းေတြ ထုတ္ကာ ဆူပူေနေတာ့တယ္။
ေရွာင္...ေရွာင္ဖန္း?
ေက်ာက္ဟန္ေနာက္ကေန တုန္တုန္ရီရီနဲ႔ အသံတစ္ခုကို သူၾကားလိုက္ရတယ္။
ေက်ာက္ဟန္က သူ႔ေဘးကေန ေလျပင္းတစ္ခ်က္ တိုးေဝွ႔သြားတာကိုသာ ခံစားလိုက္ရတယ္။ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္လူႀကီးမင္းက မိုးႀကိဳးတစ္ခ်က္လို လ်င္ျမန္တဲ့အရွိန္နဲ႔ သူ႔နားကေန ျဖတ္သြားၿပီး သူ႔အေဖအား ဝက္ဝံႀကီးတစ္ေကာင္လို ေပြ႕ဖက္လိုက္တယ္။
ေက်ာက္ပုဖန္းက ဝက္ဝံတစ္ေကာင္အလား လူတစ္ေယာက္က သူ႔ကို ဖက္လိုက္ခ်ိန္မွာေတာ့ သတိတရွိနဲ႔သာ ရပ္ေနလိုက္တယ္။ သို႔ေပသိ သူ ရင္းႏွီးေနေပမဲ့ စိမ္းေနသလိုရွိတဲ့ အသံကို ၾကားလိုက္ရခ်ိန္မွာေတာ့ သူ႔လက္သီးႏွစ္ဘက္ကို ဆုပ္၍သာ လူထြားႀကီးရဲ႕ တင္းတင္းက်ပ္က်ပ္ ဖက္ထားတာကို တင္းခံထားလို႔သာေနခဲ့တယ္။
ဆရာတူအကို ဇီက်န္းလား? တကယ္ပဲ ဆရာတူအကိုဇီက်န္းလား?
ေက်ာက္ပုဖန္းဟာ အေပ်ာ္လုံးဆို႔ေနခဲ့လို႔ သူ႔မ်က္ရည္ပင္မထိန္းႏိုင္ဘဲ ငိုခ်လိုက္တယ္။
စစ္ပြဲမွာ ဖန္းဇီက်န္း သူ႔အသက္ကိုစြန္႔ၿပီး ကယ္ေပးခဲ့တဲ့ ဆယ့္ေလးႏွစ္သားေက်ာက္ပုဖန္းက ခုသူ႔ေရွမွာ ေရာက္ေနၿပီေလ။ (ေက်ာက္ပုဖန္း) သူ႔မ်က္စိေရွ႕မွာတင္ သူနဲ႔သူ႔အေဖကို လူႏွစ္ဆယ္အင္အားရွိတဲ့ စစ္သားေတြရန္က ကာကြယ္ေပးခဲ့လို႔ ေသြးေတြ ေခါင္းကေနေျခဖ်ားထိစီးက်ေနတဲ့ ဆရာတူအစ္ကိုကို ျမင္ခဲ့ရတာေလ။ ေျပးးး လို႔ အသံကြဲမထြက္မတက္ ေအာ္ခဲ့တဲ့ သူ႔အကိုရဲ႕အသံဟာ ခုထိ သူ႔ႏွလုံးအိမ္ထဲ စြဲ၍ က်န္ေနေသးတယ္။ အခုထိလည္း အဲ့ဒီေန႔ကို ရွင္းရွင္းလင္းလင္း မွတ္မိေနေသးတယ္။ သူ႔ရဲ႕ ဆရာတူအကိုနဲ႔ ဦးေလးဟြမ္ေၾကာင့္သာမဟုတ္ရင္ ဒီခ်ိန္ဆို သူ႔အေဖနဲ႔ သူရဲ႕ကိုယ္က သခ်ိဳင္းကုန္းမွာ ရွိခ်င္ ရွိေနေလာက္မွာ။
ေက်ာက္ပုဖန္းဟာ မ်က္ရည္ထပ္မက်ေအာင္ထိန္းထားရင္း အတတ္ႏိုင္ဆုံး သူ႔ခံစားခ်က္ကိုလည္း ထိန္းထားလိုက္တယ္။ ထို႔ေနာက္ ျဖည္းျဖည္းခ်င္း
ဆရာတူအကို... ခုထိ အသက္ရွင္ေနတာပဲ... ေက်းဇူးတင္လိုက္တာ!
ေရွာင္ဖန္း! ဒီဆရာတူအကိုက ေနာက္ဆုံးေတာ့ ရွာေတြ႕ခဲ့ၿပီ! ဆရာေရာ က်န္းမာေနရဲ႕လား? ဒီႏွစ္ေတြမွာ မင္းနဲ႔ မင္းမိသားစု ဘယ္လိုေတြ႐ုန္းကန္ခဲ့တာလဲ? ငါ ႏွစ္သုံးဆယ္လုံး မင္းတို႔ကို လိုက္ရွာေနခဲ့တာ... ကံေကာင္းလို႔! ကံေကာင္းလို႔သာပဲ မင္းတို႔အဆင္ေျပေနတာ!
ဖန္းဇီက်န္းဟာ သူ႔မ်က္ႏွာထက္က မ်က္ရည္ကို အလ်င္အျမန္သုတ္လိုက္ၿပီး သြားသုံးဆယ့္ႏွစ္ေခ်ာင္းေပၚမတက္ကို ၿပဳံးၿဖီးလို႔ေနတယ္။
ေက်ာက္ပုဖန္းဟာ ရယ္ရယ္ေမာေမာနဲ႔
ဆရာတူအကို... အေဖသာ အကို႔ရဲ႕ ဒီလိုပုံစံကိုျမင္ရင္ စိတ္ခံစားခ်က္ကို ထိန္းႏိုင္စြမ္းမရွိဘူးဆိုၿပီး ဆူေနမွာ အမွန္ပဲ... ခုဆိုရင္ အရာအားလုံးက အကို႔မ်က္ႏွာေပၚ ေပၚေနတာ
ဟဲ ဟဲ! ႏွစ္သုံးဆယ္ေလာက္ ငါ့ဆရာရဲ႕ ေအာ္သံကို မၾကားရေတာ့ သတိေတာင္ရလာသလိုပဲ! မင္းေရွ႕ေရာက္ေတာ့ ငါထိန္းရမယ့္ အျပဳအမူေတြေတာင္ အမႈမဲ့အမွတ္မဲ့ျဖစ္သြားတယ္... နန္းတြင္းမွာဆိုရင္ အားလုံးက ဖန္းဇီက်န္းဆိုတဲ့ငါ့ကို ေက်ာက္တုံးမ်က္ႏွာနဲ႔စစ္သူႀကီး လို႔ပဲ သိၾကတာ... တျခားသူေရွ႕မွာေတာ့ ငါ့ခံစားခ်က္ေတြကို ဘယ္ေတာ့မွ ထုတ္မျပဖူးဘူး
ခုေတာ့ ဖန္းဇီက်န္းမွာ ေအးစက္တဲ့ စစ္သူႀကီးပုံစံရွိမေနဘဲ ႐ိုး႐ိုးသားသားသာ ရယ္ရယ္ေမာေမာ ရွိေနခဲ့တယ္။ သို႔ျဖစ္၍ သူ႔ရဲ႕ေနာက္လိုက္သားေတြဟာ ထူးထူးဆန္းဆန္း ရယ္ေမာေနတဲ့ သူ႔ကိုၾကည့္ရင္း
စစ္သူႀကီး ဟုတ္တယ္မလား? လွည့္စားေနတာေတာ့ မဟုတ္ပါဘူးေနာ္
ဆိုၿပီး ေမးခြန္းထုတ္လ်က္သာ ရွိေနခဲ့တယ္။
စစ္သူႀကီး? နန္းေတာ္မွာ အကိုႀကီး ခစားတဲ့အရာ(ရာထူး)ရွိတာလား?
သူ႔သားနဲ႔မတူ ေက်ာက္ပုဖန္းဟာ ဘာသံသယမွ်မရွိခဲ့ဘဲ ႐ိုး႐ိုးသားသားေမးခဲ့တယ္။ သူ႔အကိုရဲ႕ အေၾကာင္းကို သူသိတယ္ေလ။ သူ႔အကိုက သူတို႔မိသားစုကို ဘယ္လိုနည္းနဲ႔မွ အႏၲရာယ္မျပဳႏိုင္ဘူး ဆိုတာကိုေပါ့။ သူနဲ႔ သူ႔အကိုတို႔မေတြ႕ရတာ ႏွစ္ေပါင္းသုံးဆယ္ၾကာခဲ့ေပမယ့္ သူ႔ရဲ႕ အကိုဟာ ဘာတစ္ခုမွာ ေျပာင္းလဲမွာမဟုတ္ေၾကာင္းကို ရာႏႈန္းျပည့္ယုံၾကည္လို႔ေနတယ္။
ဖန္းဇီက်န္းရဲ႕ အမူအရာဟာ သိပ္ေတာ့ သဘာဝက်မေနခဲ့ဘူး။
အဲ့ေန႔ မင္းနဲ႔ ဆရာတို႔ ထြက္သြားၿပီးတာနဲ႔ တၿပိဳင္နက္ ငါအက်ဥ္းက်ေတာ့တာပဲ... အဲ့ခ်ိန္တုန္းက စစ္ကူေခါင္းေဆာင္က အခုလက္ရွိ ဧကရာဇ္ေဟာင္းေလ... ငါက ဆရာ့ရဲ႕ တပည့္ဆိုတာလည္း သိေရာ အျပစ္သားတစ္ေယာက္လို ငါ့ကို ဒဏ္မခတ္ေတာ့တဲ့အျပင္ ေဆးပါကုေပးခဲ့တယ္... မၾကာပါဘူး အရင္မင္းဆက္ပ်က္သုဥ္းၿပီး ဧကရာဇ္ေဟာင္းက နန္းတက္ခဲ့တာေလ
ဖန္းဇီက်န္းဟာ ဆက္မေျပာခင္ ခဏေလာက္ ရပ္သြားၿပီး
ပထမေတာ့ ငါ ဒီရာထူးကိုယူဖို႔ စိတ္ကူးမရွိခဲ့ဘူး... ဒါေပမယ့္ ဧကရာဇ္ေဟာင္းက ငါရာထူးႀကီးႀကီးတစ္ခု ရွိမွပဲ ငါရွာခ်င္တဲ့သူကို ရွာလို႔လြယ္မယ္ဆိုၿပီး ေျပာခဲ့တာေလ... ဒီမင္းဆက္ နန္းစတက္တဲ့အခ်ိန္တုန္းက ဧကရာဇ္ေဟာင္း သြားတဲ့ေနရာတိုင္းကိုလိုက္ၿပီး အနီးအနားက ရန္သူေတြနဲ႔ တိုက္ပြဲေပါင္းစုံ တိုက္ခဲ့ရတယ္... အဲ့ခ်ိန္ကတည္းက ငါေရာက္တဲ့ေနရာတိုင္း မင္းတို႔ကိုရွာခဲ့တာ... ဒါေပမယ့္ တိုင္းျပည္ေအးခ်မ္းသြားတဲ့ အခ်ိန္မွာေတာင္ မင္းတို႔သတင္းကို အစအနေတာင္ ရွာလို႔မရခဲ့ဘူး... ဒီႏွစ္ေတြမွာ မင္းတို႔ကို ရွာခ်ိန္ပိုရေအာင္ ငါ ဒီစစ္သူႀကီးအရာကလြဲလို႔ ရွိသမွ် ရာထူးကေန ႏႈတ္ထြက္ခဲ့တာ! ၾကည့္ရတာ ဘုရားက လုံ႔လရွိၿပီး ႀကိဳးစားတဲ့သူေတြကို ပစ္မထားဘူး ထင္တယ္... ေနာက္ဆုံးေတာ့ က်င္းေဝစီရင္စုၿမိဳ႕မွာ မင္တို႔ကို ရွာေတြ႕ခဲ့ၿပီပဲ!
ေျပာရင္းဆိုရင္း သူတို႔အားလုံး တည္းခိုေဆာင္ဆီကို ေရာက္လာခဲ့တယ္။ ဖန္းဇီက်န္းက ထိုေနရာဟာ ရွင္းလင္းၿပီး အိုေဟာင္းေနတာကို သတိထားမိေတာ့ မ်က္ေမွာင္ၾကဳတ္ရင္း
ဆရာတူညီေလး... ဒီစီရင္စုၿမိဳ႕မွာ ငါအိမ္ေတာ္ငယ္ေလးတစ္ခု ရွိတယ္... ငါ့ေနရာမွာပဲ မင္းတို႔ အနားယူၾကေလ! ငါ့မွာ မင္းကို ေျပာစရာေတြ အမ်ားႀကီးရွိေသးတယ္!
ေက်ာက္ပုဖန္းကလည္း ဖန္းဇီက်န္းတစ္ေယာက္ ဒီတည္းခိုခန္းရဲ႕ပုံစံကို ေကာင္းမြန္တဲ့ အျမင္ရွိမေနမွန္း သိတာမို႔ သူက ၿပဳံးလိုက္ၿပီး
ကြၽန္ေတာ္တို႔လည္း သန္ဘက္ခါမနက္ေစာေစာဆို ျပန္ၾကေတာ့မွာဆိုေတာ့... အစ္ကို႔ကို ဒုကၡေပး မေနေတာ့ပါဘူး
ေရွာင္ဖန္း... ငါတို႔ေတြ မေတြ႕တာ ႏွစ္သုံးဆယ္ေလာက္ ရွိၿပီဆိုေတာ့ မင္းငါ့ကို စိမ္းေနမယ္ဆိုတာ ငါနားလည္ပါတယ္! ဒါေပမယ့္ အရင္တုန္းကဆိုရင္ ဆရာက အၿမဲလိုလို တိုက္ပြဲဝင္ေနရေတာ့ မင္းကိုငါပဲ ထိန္းခဲ့ရတာ! ခုေတာ့ ဘယ္လိုလုပ္ၿပီး မင္းက ငါ့ကို အျပင္လူလို ဆက္ဆံေနရတာလဲ
ဒီလို ထူထူထဲထဲ မုတ္ဆိတ္ေမြးနဲ႔ ေထာင္ေထာင္ေမာင္းေမာင္းလူႀကီးမွာ ထိလြယ္ရွလြယ္တဲ့ ႏွလုံးသားရွိမွန္း ဘယ္သူကမ်ား ထင္ခဲ့မလဲ?
ေက်ာက္ပုဖန္းက ခုလိုဆိုေတာ့လည္း ရယ္ရမလားငိုရမလားကို မသိေတာ့
ဆရာတူအကိုႀကီးကို အျပင္လူလို ဆက္ဆံေနတာ မဟုတ္ရပါဘူး... ကြၽန္ေတာ္က ညႀကီးသန္းေခါင္မွာ အထုပ္ေတြ ဟိုေ႐ြ႕ဒီေ႐ြ႕ထပ္လုပ္ရမွာကို မလိုလားလို႔ပါ... မနက္ျဖန္ အလုပ္ေတြၿပီးတဲ့အခ်ိန္ ကြၽန္ေတာ္တို႔နဲ႔ မိုးေသာက္ခ်ိန္ေလာက္ အတူလိုက္ျပန္လွည့္ပါလား... တခါတည္း တုန္ရွန္း႐ြာကိုပါ လိုက္လည္လိုက္ေလ
တုန္ရွန္း႐ြာ? ဒီႏွစ္ေတြအတြင္း ဆရာနဲ႔ မင္းတို႔က တုန္ရွန္း႐ြာမွာပဲ ရွိေနခဲ့တာလား?
ဖန္းဇီက်န္းက သူရဲ႕ ဆရာတူညီေလးနဲ႔ သခင္ႀကီးတို႔ ဒီႏွစ္ေတြထဲ တုန္ရွန္း႐ြာမွာ ဘယ္လို ေနထိုင္ခဲ့တာလဲဆိုတာကို စိတ္ဝင္တစားရွိေနခဲ့တယ္။
ေက်ာက္ပုဖန္းက ေခါင္းညိမ့္ကာ
ဟုတ္ပါ့ဗ်ာ... ကြၽန္ေတာ္တို႔က တုန္ရွန္း႐ြာေနာက္ဘက္ျခမ္းက ေတာင္ေျခမွာေနတာေလ... ႐ြာသားေတြကလည္း အရမ္းကို ႐ိုးသားၾကတာ... ႐ြာခံေတြက ပင္လယ္နဲ႔ေတာင္တန္းတို႔ကထြက္တဲ့ အသီးအႏွံေတြကို ေရာင္းခ်ၿပီး အသက္ေမြးၾကတာေလ... ကြၽန္ေတာ္တို႔ရဲ႕ အရည္အခ်င္းေၾကာင့္လို႔ပဲ ေျပာရမလား ကပ္ေဘးႀကဳံခဲ့တာေတာင္ အဆာငတ္တယ္ဆိုတာမ်ိဳး မရွိခဲ့ဘူး... အဲ့တုန္းကေတာင္ အရင္မင္းဆက္ရဲ႕ ေသဒဏ္ခ်တာခံရေသးတယ္ေလ... ကြၽန္ေတာ္တို႔ရွာေတြ႕ဖူးသမွ် ေနရာေတြထဲမွာ ဒီေတာင္ေနာက္ပိုင္းေနရာက ပုန္းခိုဖို႔အလုံၿခဳံဆုံးေနရာပဲ!
{အပိုင္း ၂၈မွာတုန္းက အဘိုးေက်ာက္ကို ေက်ာက္ဇီရႈံးလို႔ ေရးထားေပမယ့္ author က ေက်ာက္ဇီေမာ့လို႔ ေျပာင္းလိုက္တာပါ}
.......
[Unicode]
အပိုင်း ၁၄၁ (စစ်သူကြီး)
လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်တည်းက တုန်ရှန်းရွာကိုရောက်လာတဲ့ အဘိုးကျောက်က တကယ်တော့ အရင်မင်းဆက်လက်ထက်မှာ သိပ်ကိုတော်ပြီး ထင်ရှားခဲ့တဲ့ ကျောက်ဇီမော့ဆိုတဲ့ စစ်သူကြီး တစ်ယောက်လို့ ဘယ်သူက ထင်မိမှာလဲ။ စစ်သူကြီးကျောက်က ရဲရင့်ကာ မဟာဗျူဟာဆွဲတဲ့နေရာ၌ ထူးချွန်ပြောင်မြောက်ပြီး တင်းပန်ဖောမှာ စခန်းချနေတဲ့ ဧကရာဇ်ဟောင်းရဲ့တပ်သား ရှစ်သောင်းကျော်ကို အနိုင်ယူခဲ့တဲ့သူပေါ့။ ဧကရာဇ်ဟောင်းဟာ ပူပန်စွာနဲ့ သက်ပြင်းချခဲ့ရင်း
ကျိုးယွီက မွေးဖွားလာခဲ့ရတယ်ဆိုရင် ဘာလို့ ကျူကောလျန်လည်း ရှိနေရတာလဲ?
(the Romance of the Three Kingdoms ဝတ္ထုထဲမှ ကျိုးယွီဆိုသော ဇာတ်ကောင် ပြောခဲ့သော စာသားတစ်ခု)
သူက လူကြီးမင်းကျောက်ကို လေးလည်းလေးစားသလို အထင်လည်းသေးလို့နေတယ်။ သူ့ရဲ့ စစ်ပညာဟာ ပြောင်မြောက်ပေမယ့် သခင်အပေါ် သစ္စာရှိလွန်းနေတာကိုတော့ သူ့အနေနဲ့ သဘောမကျလေဘူး။ ကံမကောင်းချင်တော့ အရင်မင်းဆက်က သူ့ကို ချီးမြှောက်တာမျိုးမရှိဘဲ အကျင့်မကောင်းတဲ့ သူတွေရဲ့စကားကိုပဲ ယုံနေခဲ့တယ်လေ။ ဒါကြောင့် အရင်မင်းဆက်ရဲ့ ဧကရာဇ်က ကျောက်ဇီမော့ကို သူ့ရဲ့ပြိုင်ဘက် လျိုမင်နဲ့အတူ စစ်ဆင်ဖို့ အမိန့်ပေးလိုက်တယ်။ နောက်ထပ် စစ်ပွဲတစ်ခုမှာ ကျောက်ဇီမော့ကို ပထုတ်ဖို့အတွက် လျိုမင်က တမင်သက်သက် စစ်ကူတွေခေါ်လာဖို့ အချိန်ဆွဲခဲ့တယ်လေ။
စစ်သူကြီးကျောက်ခင်မျာ ဆယ့်သုံးနှစ်တောင်မပြည့်သေးရှာတဲ့ သူ့သားကို သွေးချောင်းစီးခဲ့တဲ့ တိုက်ပွဲကြား ခေါ်သွားရရှာတဲ့အပြင် တစ်ဖက်ရန်သူရဲ့ စစ်ကူတွေကိုလည်း တိုက်ခဲ့ပေးရရှာတာ။ စစ်ကူသာ အချိန်မီမဖြည့်နိုင်ခဲ့ရင် အဲ့နေ့တိုက်ပွဲက လူသေပွဲတောင်ဖြစ်မလားမသိ။ ခုအငြိမ်းစားယူခဲ့တဲ့ ဧကရာဇ်ဟောင်းက အဲ့ချိန်တုန်းက စစ်ကူတွေကို ကြီးကြပ်ပေးရတဲ့ ခေါင်းဆောင်အရာပဲ ရှိသေးဦးမယ်။ သူက ထက်မြက်ပြီး စွမ်းရည်ပြည့်တဲ့သူကို သဘောကျလို့ သူ့အနေနဲ့ စစ်သူကြီးကျောက်ကို သူ့ဘက်ပါလာအောင် အကြိမ်ကြိမ်သွေးဆောင်ခဲ့ပေမဲ့ စစ်သူကြီးကျောက်က ခဏခဏ ပယ်ချခဲ့တာကြောင့် မအောင်မြင်ခဲ့။
စစ်သူကြီးကျောက်ဟာ ရှစ်ရက်လုံး မရမက တင်းခံပြီး ရုန်းကန်ခဲ့ပေမယ့်လို့ ရန်သူ့အင်အားက သူ့တပ်အားထက် အဆမတန်ကို ကွာလွန်းနေခဲ့တယ်။ နောင်ဆုံးမှာ စစ်သူကြီးကျောက် သူတို့ကို မခုခံနိုင်တော့။ စစ်သူကြီးကျောက်ရဲ့ စစ်သားတွေအားလုံးနီးပါးကို တစ်ဘက်ရန်သူက အပြတ်အသတ် အနိုင်ယူပစ်လိုက်တယ်။ တပ်ဆုတ်နေချိန် ဖန်းဇီကျန်းတစ်ယောက် သူ့ဆရာနဲ့ ဆရာတူညီငယ်လေးကို ကာကွယ်ပေးခဲ့တာမလို့ အတော်လေးကို ဒဏ်ရာရထားခဲ့တယ်။ သူ အသက်ရှင်နေရဲ့လားတောင် သူတို့ မခန့်မှန်းနိုင်ခဲ့။ ဒါ့အပြင် ကျောက်ဇီမော့ရဲ့ လူယုံအကူတွေကလည်း စစ်ပွဲကြောင့် အသက်ဆုံးရှုံးခဲ့ပြီး သူကိုယ်တိုင်တောင် အပြင်းအထန် ဒဏ်ရာရခဲ့တာမို့ သတိမေ့မြောသွားခဲ့ပြီး သူ့ရဲ့ အမှုထမ်း လူယုံတစ်ယောက်က စစ်သားတွေရဲ့အလောင်းတွေကြားထဲမှ တွဲခေါ်လာခဲ့လို့သာ သေဘေးကနေ သီသီကလေး လွတ်မြောက်လာခဲ့ရတယ်။
လျိုမင်ကတော့ စစ်သူကြီးကျောက်အား နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ချောက်ဆင်ခဲ့တယ်။ အရင်မင်းဆက်ရဲ့ ဧကရာဇ်ကလည်း ယောင်ချာချာတွေဖြစ်ပြီး ဒဏ်ရာကနေ ခုမှ သက်သာစပြုလာကာ ကူဖော်မဲ့နေတဲ့ ကျောက်ဇီမော့ကို သေဒဏ်ချမှတ်လိုက်တယ်လေ။ ဒါကြောင့် နောက်ဆုံးမှာ သူလုပ်နိုင်တာကတော့ အနှစ်နှစ်အလလ သစ္စာခံပြီး အသက်စွန့်ကာကွယ်ပေးခဲ့တဲ့ ဧကရာဇ်ဆီကနေ သူ့သားနဲ့အတူ ထွက်ပြေးဖို့ပဲ ရှိခဲ့တာပေါ့။ ကံကောင်းစွာနဲ့ပဲ အဲ့ဧကရာဇ်ကလည်း ရန်သူစစ်တပ်ရဲ့ ဖြုတ်ချခြင်းကို ခံလိုက်ရတယ်။ သူ့ရဲ့ညစ်စွန်းသွားတဲ့ နာမည်ကိုလည်း အဲ့ချိန်မှပဲ ပြန်အဖတ်ဆယ်နိုင်ခဲ့တာပင်။ အဲ့ကာကျမှ သူ့ရဲ့အကြွင်းအကျန်အစေအခံတွေနဲ့ သူ့သားကို အနောက်ဘက်တောင်တန်းနယ်မြေတွေမှာ သီးသန့်နေထိုင်ခွင့်ရခဲ့တာ အခုချိန်အထိ သူနဲ့ သူ့မိသားစုတို့ နေနေကြတဲ့ နေရာပေါ့။
မျိုးဆက်ပေါင်းများစွာအတွက် ကျောက်မိသားစု ၌အမွေခံတစ်ဦးသာ ထားရှိတယ်။ စစ်သူကြီးကျောက်ဇီမော့က လက်ထပ်ထားတာ နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ သားသမီးမရှိခဲ့တာမို့ ဖန်းဇီကျန်းကိုပဲ သူ့သားအရင်းလို သဘောထားပြီး စောင့်ရှောက်ခဲ့တာပင်။ စာရွက်ပေါ်မှာတော့ သူတို့နှစ်ယောက်ဟာ ဆရာတပည့်ဆက်ဆံရေးဆိုပေမယ့် အပြင်မှာတော့ သားအဖလို တရင်းတနှီး ဆက်ဆံကြတယ်။ ကိစ္စတွေအားလုံး အနည်ကျသွားပြီးချိန်မှာ ကျောက်ဇီမော့က နောက်ဆုံးတိုက်ခဲ့တဲ့ စစ်ပွဲနေရာလေးဆီကို ခဏခဏသွားခဲ့ပြီး သူ့တပည့်များ ရှိလေမလား ရှာဖွေခဲ့ပေမဲ့ အချိန်ကာလ ကြာမြင့်သည့်တိုင်အောင် ဘာသတင်းမှ မရခဲ့။ ကျောက်ဇီမော့ တပ်ဆုတ်နေစဉ် ဖန်းဇီကျန်း ကာကွယ်ပေးခဲ့တုန်းက သူ့မှာလည်း ဒဏ်ရာတွေ ဗလပွနဲ့ပင်။ နောက်ပြီး သူတို့နောက်ကိုလည်း တပ်သားအများကြီးက လိုက်နေခဲ့တာ။ ဒါကြောင့် ထိုအချိန်အခါက သူတို့နှစ်ယောက် နောက်ဆုံး တွေ့ခဲ့ရတဲ့ အချိန်ပင်။
ဆောင်းဦးကုန်ချိန်ရောက်တိုင်း တုန်ရှန်းရွာသားတွေက လူကြီးမင်းကျောက်ကို တွေ့ချင်ရင် အနောက်ဘက်တောင်တန်းရဲ့ တောင်ခြေတစ်နေရာမှာ ရှာနိုင်တယ်ဆိုတာ အကုန်သိကြတယ်။ တစ်စုံတစ်ယောက်အတွက် ကျောက်လူကြီးမင်းက တောင်ခြေရင်းမှာ စက္ကူမီးရှို့ပေးနေကျလေ။ သို့ပေမဲ့ ဘယ်သူ့အတွက် ဆိုတာကိုတော့ တစ်ယောက်မှ မသိကြ။ စစချင်း ကျောက်ဟန်က သူ့ရှေ့မှ မုတ်ဆိတ်ရှည်နဲ့ လူကြီးဟာ သူ့အဘိုးအမြဲ အောက်မေ့နေခဲ့တဲ့ တပည့်ဖြစ်ကြောင်း ကြားလိုက်ရတော့ သူ့ရင်ထဲ သိပ်ကိုပျော်ရွှင်သွားခဲ့တာ။ သို့ပေသိ သူ့မိသားစုရဲ့ ရှုပ်ထွေးခဲ့တဲ့အခြေအနေကိုလည်း သူ့မှတ်ဉာဏ်ထဲမှာ တပါတည်း ပေါ်လာခဲ့တယ်။ သူက ငယ်သေးပေမဲ့ သူ့အဘိုးက ဘာကိုမှ ဖုံးကွယ်မထားခဲ့။
ရှင်းရှင်းပြောရမယ်ဆိုရင် ကျောက်မိသားစုက အရင်မင်းဆက်ရဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမှုထမ်းတွေလို့ ပြောလို့ရတယ်။ တကယ်တော့ ကျောက်ဟန်ရဲ့အဘိုးက လက်ရှိ ဧကရာဇ်ဟောင်းကို စစ်ပွဲတုန်းက အနာတရဖြစ်အောင် လုပ်ခဲ့ဖူးတယ်လေ။ ဒါကြောင့် သူတို့ရဲ့ သရုပ်မှန်သာပေါ်သွားရင် ချောင်မှာတော့ မဟုတ်။ အဲ့တာကြောင့်လည်း ကျောက်ဟန်က သူ့စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေတာကို ထိန်းချုပ်ပြီး ဒီလူကြီးဟာ သူ့ရဲ့ ဆရာတူဦးလေး ဟုတ်မဟုတ်ဆိုတာကိုသာ အတည်ပြုဖို့ ဆက်ပြီး စကားနှိုက်ဖို့ လုပ်လိုက်တယ်။
စစ်သူကြီး! စီရင်စုတရားသူကြီးမင်းက စစ်သူကြီးအတွက် ဝိုင်ဖောက်ပြီး ဂုဏ်ပြုပေးတော့မလို့တဲ့လေ
ခွန်အားပြည့်ပြီး ဝါရင့်တဲ့ လူငယ်တစ်ဦးက ဖန်းဇီကျန်းကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်တယ်။
စစ်သူကြီး?
ကျောက်ဟန်ဟာ မျက်မှောင်ကြုံ့ရင်း နောက်သို့ အနည်းငယ်ဆုတ်လိုက်တယ်။ ခုအနေအထားအရ စစ်သူကြီးအခေါ်ခံရတဲ့သူဟာ မင်မင်းဆက်ရဲ့ အကြီးအကဲလူတွေပဲလေ။ သူ့ရှေ့ကလူဟာ သူရဲ့ ဆရာတူဦးလေးဆိုရင် ဘာလို့သူက မင်မင်းဆက်ရဲ့ စစ်သူကြီးနေရာကို ရနိုင်မှာလဲ? အဲ့ချိန်တုန်းက သူ့ရဲ့ ဆရာတူဦးလေးက ရန်သူ့တပ်သားတွေကို ရာနဲ့ချီသတ်ဖြတ်ခဲ့တာလေ။
သူရှေ့က ဗလတောင့်တောင့်နဲ့ လူကြီးမင်းကိုကြည့်ရတာ ခက်ထန်ပုံပေါက်ပေမယ့်လို့ သူ့မှာ ပတ်ဝန်းကျင်လေ့လာမှုတော့ အတော်အားကောင်းတဲ့ပုံ။ သူ့က ကျောက်ဟန်တွန့်ဆုတ်နေတာကို သတိထားမိတော့ အခြားလူငယ်လေးတစ်ဦးကို လက်ပြပြီး
ငါရဲ့ မိတ်ဆွေဟောင်းနဲ့ ခုမှဆုံလို့ မိတ်ဆက်ပွဲကို မလိုက်နိုင်တော့ဘူးထင်တယ်... စီရင်စုတရားသူကြီးမင်းကို နောက်မှပဲ တောင်းပန်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးပါ့မယ်လို့ ပြောလိုက်ပါဦး
သူ လူငယ်လေးကို စေလွှတ်ပြီးတဲ့အချိန် ဖန်းဇီကျန်းဟာ ကျောက်ဟန်ကို စကားသွားပြောလိုက်တယ်။
ဒီနေရာမှာ စကားပြောရတာ သိပ်အဆင်မပြေဘူး... မင်းဘယ်မှာနေတာလဲ... ငါ မင်းနဲ့ အဲ့ဒီကို လိုက်ခဲ့မယ်လေ
မလိုပါဘူး!
ကျောက်ဟန် သတိတကြီးနဲ့ ထိုလူကြီးမင်းကို ကြည့်လိုက်ရင်း
လူကြီးမင်း လူမှားနေပြီ... တကယ်တော့ ကျွန်တော်က ဖန်းဇီကျန်းဆိုတဲ့လူကို မသိဘူး
ဘယ်လိုလုပ်ပြီး လူမှားတာ ဖြစ်နိုင်ရမှာလဲ... မင်းမျက်နှာက ငါ့ဆရာငယ်ငယ်တုန်းကနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို တူတာ! ပြီးတော့ မင်းရဲ့ မျိုးရိုးနာမည်ကလည်း ကျောက်လို့ ပြောခဲ့တယ်မလား? လုံးဝ မမှားနိုင်ပါဘူး!
ဖန်းဇီကျန်း ဇွတ်အတင်း ငြင်းဆိုခဲ့တယ်။
ကျောက်ဟန်က သတိတရှိနဲ့
လူအပါအဝင် တချို့အရာတွေက ဆင်တူယိုးမှားရှိကြတာပဲ... အဲ့တာ ဘာများထူးခြားလို့လဲ! ကျောက်ဆိုတဲ့ နာမည်က ဒီခေတ်မှာ လူတိုင်းလိုလို မှည့်နေကြတာ... ကျွန်တော်တို့က သာမန် အမဲလိုက်တဲ့သူတွေလေ... ဘယ်လိုလုပ်ပြီး ဒီကလူကြီးမင်းက ကျွန်တော်တို့ကို သိမှာလဲ
ဖန်းဇီကျန်းက သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက် လာသွားပြီးကတည်းက သူ့ရှေ့က လူငယ်လေးဟာ စိတ်ဂနာမငြိမ်ဖြစ်ပြီး သူ့ကိုလည်း မသိတဲ့အကြောင်း ဇွတ်ငြင်းဆန်တာကို သတိထားမိတော့ စိတ်ထဲမကောင်းဖြစ်နေ၍သာ
ဒီမယ်ငါ့တူ... မင်မင်းဆက်ရဲ့ စစ်သူကြီးအရာကို ယူခဲ့လို့ ငါ့ကို အပြစ်မြင်နေတာလား? ဒါကို ပြောရမယ်ဆို အရှည်ကြီးပဲ... အရင်ဆုံး ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင်းပြဖို့ နေရာတစ်ခု ရှာကြရအောင်!
ဒီအရပ်သားက လူကြီးမင်းနဲ့ ဘာဆွေးနွေးစရာမှ မရှိပါဘူး နောက်ကျနေပြီးမလို့ ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး
ကျောက်ဟန်က ကိုယ်ကို ကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ရင်း ရှောင်ချောင်းနဲ့ သူမအဖေကို ခေါ်ကာ ညစျေးက ပြန်ကြဖို့ ပြောလိုက်တယ်။
ဖန်းဇီကျန်းက သူ့ကို ရပ်တန့်ဖို့ မကြိုးစားခဲ့။ အဲ့ဒီအစား သူက သခင်ဆီကနေ ခွင့်လွှတ်မှုတောင်းခံ နေတဲ့ ခွေးလေးတစ်ကောင်လိုမျိုး သူ့နောက်ကနေ ဝမ်းနည်းစွာနဲ့ လိုက်လာတော့တယ်။ သူလေးစားရသော ဆရာဖြစ်သူရဲ့ သတင်းကို ရှာရန် မလွယ်ကူတာမို့ ဒီအတိုင်း လွှတ်လိုက်လို့တော့မဖြစ်။ တကယ်လို့ သူ့ဆရာကို ပြန်တွေ့ခဲ့ရင် သူ့ဆရာက သူ့ကို အပြစ်တင်ပြီး မသိပါဘူးလို့ ငြင်းဆန်ခဲ့ရင်တောင်မှ သူဒီရာထူးကနေ အနားယူပြီး သူ့ဘဝတစ်လျှောက်လုံး သူ့ဆရာပြန်လက်ခံမှာကို စောင့်ဖို့ ဆုံးဖြတ်ပြီးသားပင်။
ကျောက်ဟန်က သူတို့နောက်ကို ထိုလူကြီးက အရှက်မရှိလိုက်လာတာကို သတိထားမိတယ်။ ဒါပေမဲ့ သူဘာပဲပြောပြော ထိုလူကြီးက နားမထောင်ဘဲ သူတို့နောက်ကိုသာ တကောက်ကောက် လိုက်နေတော့တယ်မို့ တော်တော်လေး ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရတယ်။ သူတို့ ဘယ်မှာ တည်းခိုနေတယ်ဆိုတာကိုလည်း မသိစေချင်တာမို့ မြို့ကိုသာ ပတ်လျှောက်နေလိုက်တော့တယ်။
ကျောက်ပုဖန်းလုပ်စရာရှိတာ လုပ်အပြီး၌ တည်းခိုဆောင်ဝယ် အချိန်အတော်အကြာ စောင့်နေခဲ့တယ်။ သူ့သားနဲ့ ယွီမိသားစုက သားအဖနှစ်ယောက်တို့ ခုထိပြန်မလာသေးတာမို့ စိုးရိမ်ကြီးစွာနဲ့ပဲ သူတို့ကို ထွက်ရှာလိုက်တယ်။ တိုက်ဆိုင်စွာပဲ သူလည်းထွက်ရော ကျောက်ဟန်နဲ့လူတစ်စုတို့ လမ်းပတ်လျှောက်နေကြတာနဲ့ တိုးတော့တယ်။
တအားတောင်နောက်ကျနေပြီလေ ဆိုင်တွေလည်း ပိတ်ကုန်ပြီကို ယွီဟိုင်နဲ့ ရှောင်ချောင်းကို ဘာလို့ အခုထိ လျှောက်ခေါ်သွားနေရတာလဲ? လျှောက်လည်ချင်သေးတယ်ဆိုရင်လည်း မနက်ဖြန် တစ်ရက်လုံး ရှိသေးတာကို
ကျောက်ပုဖန်ဟာ သူ့သား ဒီတည်ခိုဆောင်ကို လာနေတာမဟုတ်မှန်း တွေ့လေတော့ မေးခွန်းတွေ ထုတ်ကာ ဆူပူနေတော့တယ်။
ရှောင်...ရှောင်ဖန်း?
ကျောက်ဟန်နောက်ကနေ တုန်တုန်ရီရီနဲ့ အသံတစ်ခုကို သူကြားလိုက်ရတယ်။
ကျောက်ဟန်က သူ့ဘေးကနေ လေပြင်းတစ်ချက် တိုးဝှေ့သွားတာကိုသာ ခံစားလိုက်ရတယ်။ တောင့်တောင့်ဖြောင့်ဖြောင့်လူကြီးမင်းက မိုးကြိုးတစ်ချက်လို လျင်မြန်တဲ့အရှိန်နဲ့ သူ့နားကနေ ဖြတ်သွားပြီး သူ့အဖေအား ဝက်ဝံကြီးတစ်ကောင်လို ပွေ့ဖက်လိုက်တယ်။
ကျောက်ပုဖန်းက ဝက်ဝံတစ်ကောင်အလား လူတစ်ယောက်က သူ့ကို ဖက်လိုက်ချိန်မှာတော့ သတိတရှိနဲ့သာ ရပ်နေလိုက်တယ်။ သို့ပေသိ သူ ရင်းနှီးနေပေမဲ့ စိမ်းနေသလိုရှိတဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ သူ့လက်သီးနှစ်ဘက်ကို ဆုပ်၍သာ လူထွားကြီးရဲ့ တင်းတင်းကျပ်ကျပ် ဖက်ထားတာကို တင်းခံထားလို့သာနေခဲ့တယ်။
ဆရာတူအကို ဇီကျန်းလား? တကယ်ပဲ ဆရာတူအကိုဇီကျန်းလား?
ကျောက်ပုဖန်းဟာ အပျော်လုံးဆို့နေခဲ့လို့ သူ့မျက်ရည်ပင်မထိန်းနိုင်ဘဲ ငိုချလိုက်တယ်။
စစ်ပွဲမှာ ဖန်းဇီကျန်း သူ့အသက်ကိုစွန့်ပြီး ကယ်ပေးခဲ့တဲ့ ဆယ့်လေးနှစ်သားကျောက်ပုဖန်းက ခုသူ့ရှေမှာ ရောက်နေပြီလေ။ (ကျောက်ပုဖန်း) သူ့မျက်စိရှေ့မှာတင် သူနဲ့သူ့အဖေကို လူနှစ်ဆယ်အင်အားရှိတဲ့ စစ်သားတွေရန်က ကာကွယ်ပေးခဲ့လို့ သွေးတွေ ခေါင်းကနေခြေဖျားထိစီးကျနေတဲ့ ဆရာတူအစ်ကိုကို မြင်ခဲ့ရတာလေ။ ပြေးးး လို့ အသံကွဲမထွက်မတက် အော်ခဲ့တဲ့ သူ့အကိုရဲ့အသံဟာ ခုထိ သူ့နှလုံးအိမ်ထဲ စွဲ၍ ကျန်နေသေးတယ်။ အခုထိလည်း အဲ့ဒီနေ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ သူ့ရဲ့ ဆရာတူအကိုနဲ့ ဦးလေးဟွမ်ကြောင့်သာမဟုတ်ရင် ဒီချိန်ဆို သူ့အဖေနဲ့ သူရဲ့ကိုယ်က သချိုင်းကုန်းမှာ ရှိချင် ရှိနေလောက်မှာ။
ကျောက်ပုဖန်းဟာ မျက်ရည်ထပ်မကျအောင်ထိန်းထားရင်း အတတ်နိုင်ဆုံး သူ့ခံစားချက်ကိုလည်း ထိန်းထားလိုက်တယ်။ ထို့နောက် ဖြည်းဖြည်းချင်း
ဆရာတူအကို... ခုထိ အသက်ရှင်နေတာပဲ... ကျေးဇူးတင်လိုက်တာ!
ရှောင်ဖန်း! ဒီဆရာတူအကိုက နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ! ဆရာရော ကျန်းမာနေရဲ့လား? ဒီနှစ်တွေမှာ မင်းနဲ့ မင်းမိသားစု ဘယ်လိုတွေရုန်းကန်ခဲ့တာလဲ? ငါ နှစ်သုံးဆယ်လုံး မင်းတို့ကို လိုက်ရှာနေခဲ့တာ... ကံကောင်းလို့! ကံကောင်းလို့သာပဲ မင်းတို့အဆင်ပြေနေတာ!
ဖန်းဇီကျန်းဟာ သူ့မျက်နှာထက်က မျက်ရည်ကို အလျင်အမြန်သုတ်လိုက်ပြီး သွားသုံးဆယ့်နှစ်ချောင်းပေါ်မတက်ကို ပြုံးဖြီးလို့နေတယ်။
ကျောက်ပုဖန်းဟာ ရယ်ရယ်မောမောနဲ့
ဆရာတူအကို... အဖေသာ အကို့ရဲ့ ဒီလိုပုံစံကိုမြင်ရင် စိတ်ခံစားချက်ကို ထိန်းနိုင်စွမ်းမရှိဘူးဆိုပြီး ဆူနေမှာ အမှန်ပဲ... ခုဆိုရင် အရာအားလုံးက အကို့မျက်နှာပေါ် ပေါ်နေတာ
ဟဲ ဟဲ! နှစ်သုံးဆယ်လောက် ငါ့ဆရာရဲ့ အော်သံကို မကြားရတော့ သတိတောင်ရလာသလိုပဲ! မင်းရှေ့ရောက်တော့ ငါထိန်းရမယ့် အပြုအမူတွေတောင် အမှုမဲ့အမှတ်မဲ့ဖြစ်သွားတယ်... နန်းတွင်းမှာဆိုရင် အားလုံးက ဖန်းဇီကျန်းဆိုတဲ့ငါ့ကို ကျောက်တုံးမျက်နှာနဲ့စစ်သူကြီး လို့ပဲ သိကြတာ... တခြားသူရှေ့မှာတော့ ငါ့ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြဖူးဘူး
ခုတော့ ဖန်းဇီကျန်းမှာ အေးစက်တဲ့ စစ်သူကြီးပုံစံရှိမနေဘဲ ရိုးရိုးသားသားသာ ရယ်ရယ်မောမော ရှိနေခဲ့တယ်။ သို့ဖြစ်၍ သူ့ရဲ့နောက်လိုက်သားတွေဟာ ထူးထူးဆန်းဆန်း ရယ်မောနေတဲ့ သူ့ကိုကြည့်ရင်း
စစ်သူကြီး ဟုတ်တယ်မလား? လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်
ဆိုပြီး မေးခွန်းထုတ်လျက်သာ ရှိနေခဲ့တယ်။
စစ်သူကြီး? နန်းတော်မှာ အကိုကြီး ခစားတဲ့အရာ(ရာထူး)ရှိတာလား?
သူ့သားနဲ့မတူ ကျောက်ပုဖန်းဟာ ဘာသံသယမျှမရှိခဲ့ဘဲ ရိုးရိုးသားသားမေးခဲ့တယ်။ သူ့အကိုရဲ့ အကြောင်းကို သူသိတယ်လေ။ သူ့အကိုက သူတို့မိသားစုကို ဘယ်လိုနည်းနဲ့မှ အန္တရာယ်မပြုနိုင်ဘူး ဆိုတာကိုပေါ့။ သူနဲ့ သူ့အကိုတို့မတွေ့ရတာ နှစ်ပေါင်းသုံးဆယ်ကြာခဲ့ပေမယ့် သူ့ရဲ့ အကိုဟာ ဘာတစ်ခုမှာ ပြောင်းလဲမှာမဟုတ်ကြောင်းကို ရာနှုန်းပြည့်ယုံကြည်လို့နေတယ်။
ဖန်းဇီကျန်းရဲ့ အမူအရာဟာ သိပ်တော့ သဘာဝကျမနေခဲ့ဘူး။
အဲ့နေ့ မင်းနဲ့ ဆရာတို့ ထွက်သွားပြီးတာနဲ့ တပြိုင်နက် ငါအကျဉ်းကျတော့တာပဲ... အဲ့ချိန်တုန်းက စစ်ကူခေါင်းဆောင်က အခုလက်ရှိ ဧကရာဇ်ဟောင်းလေ... ငါက ဆရာ့ရဲ့ တပည့်ဆိုတာလည်း သိရော အပြစ်သားတစ်ယောက်လို ငါ့ကို ဒဏ်မခတ်တော့တဲ့အပြင် ဆေးပါကုပေးခဲ့တယ်... မကြာပါဘူး အရင်မင်းဆက်ပျက်သုဉ်းပြီး ဧကရာဇ်ဟောင်းက နန်းတက်ခဲ့တာလေ
ဖန်းဇီကျန်းဟာ ဆက်မပြောခင် ခဏလောက် ရပ်သွားပြီး
ပထမတော့ ငါ ဒီရာထူးကိုယူဖို့ စိတ်ကူးမရှိခဲ့ဘူး... ဒါပေမယ့် ဧကရာဇ်ဟောင်းက ငါရာထူးကြီးကြီးတစ်ခု ရှိမှပဲ ငါရှာချင်တဲ့သူကို ရှာလို့လွယ်မယ်ဆိုပြီး ပြောခဲ့တာလေ... ဒီမင်းဆက် နန်းစတက်တဲ့အချိန်တုန်းက ဧကရာဇ်ဟောင်း သွားတဲ့နေရာတိုင်းကိုလိုက်ပြီး အနီးအနားက ရန်သူတွေနဲ့ တိုက်ပွဲပေါင်းစုံ တိုက်ခဲ့ရတယ်... အဲ့ချိန်ကတည်းက ငါရောက်တဲ့နေရာတိုင်း မင်းတို့ကိုရှာခဲ့တာ... ဒါပေမယ့် တိုင်းပြည်အေးချမ်းသွားတဲ့ အချိန်မှာတောင် မင်းတို့သတင်းကို အစအနတောင် ရှာလို့မရခဲ့ဘူး... ဒီနှစ်တွေမှာ မင်းတို့ကို ရှာချိန်ပိုရအောင် ငါ ဒီစစ်သူကြီးအရာကလွဲလို့ ရှိသမျှ ရာထူးကနေ နှုတ်ထွက်ခဲ့တာ! ကြည့်ရတာ ဘုရားက လုံ့လရှိပြီး ကြိုးစားတဲ့သူတွေကို ပစ်မထားဘူး ထင်တယ်... နောက်ဆုံးတော့ ကျင်းဝေစီရင်စုမြို့မှာ မင်တို့ကို ရှာတွေ့ခဲ့ပြီပဲ!
ပြောရင်းဆိုရင်း သူတို့အားလုံး တည်းခိုဆောင်ဆီကို ရောက်လာခဲ့တယ်။ ဖန်းဇီကျန်းက ထိုနေရာဟာ ရှင်းလင်းပြီး အိုဟောင်းနေတာကို သတိထားမိတော့ မျက်မှောင်ကြုတ်ရင်း
ဆရာတူညီလေး... ဒီစီရင်စုမြို့မှာ ငါအိမ်တော်ငယ်လေးတစ်ခု ရှိတယ်... ငါ့နေရာမှာပဲ မင်းတို့ အနားယူကြလေ! ငါ့မှာ မင်းကို ပြောစရာတွေ အများကြီးရှိသေးတယ်!
ကျောက်ပုဖန်းကလည်း ဖန်းဇီကျန်းတစ်ယောက် ဒီတည်းခိုခန်းရဲ့ပုံစံကို ကောင်းမွန်တဲ့ အမြင်ရှိမနေမှန်း သိတာမို့ သူက ပြုံးလိုက်ပြီး
ကျွန်တော်တို့လည်း သန်ဘက်ခါမနက်စောစောဆို ပြန်ကြတော့မှာဆိုတော့... အစ်ကို့ကို ဒုက္ခပေး မနေတော့ပါဘူး
ရှောင်ဖန်း... ငါတို့တွေ မတွေ့တာ နှစ်သုံးဆယ်လောက် ရှိပြီဆိုတော့ မင်းငါ့ကို စိမ်းနေမယ်ဆိုတာ ငါနားလည်ပါတယ်! ဒါပေမယ့် အရင်တုန်းကဆိုရင် ဆရာက အမြဲလိုလို တိုက်ပွဲဝင်နေရတော့ မင်းကိုငါပဲ ထိန်းခဲ့ရတာ! ခုတော့ ဘယ်လိုလုပ်ပြီး မင်းက ငါ့ကို အပြင်လူလို ဆက်ဆံနေရတာလဲ
ဒီလို ထူထူထဲထဲ မုတ်ဆိတ်မွေးနဲ့ ထောင်ထောင်မောင်းမောင်းလူကြီးမှာ ထိလွယ်ရှလွယ်တဲ့ နှလုံးသားရှိမှန်း ဘယ်သူကများ ထင်ခဲ့မလဲ?
ကျောက်ပုဖန်းက ခုလိုဆိုတော့လည်း ရယ်ရမလားငိုရမလားကို မသိတော့
ဆရာတူအကိုကြီးကို အပြင်လူလို ဆက်ဆံနေတာ မဟုတ်ရပါဘူး... ကျွန်တော်က ညကြီးသန်းခေါင်မှာ အထုပ်တွေ ဟိုရွေ့ဒီရွေ့ထပ်လုပ်ရမှာကို မလိုလားလို့ပါ... မနက်ဖြန် အလုပ်တွေပြီးတဲ့အချိန် ကျွန်တော်တို့နဲ့ မိုးသောက်ချိန်လောက် အတူလိုက်ပြန်လှည့်ပါလား... တခါတည်း တုန်ရှန်းရွာကိုပါ လိုက်လည်လိုက်လေ
တုန်ရှန်းရွာ? ဒီနှစ်တွေအတွင်း ဆရာနဲ့ မင်းတို့က တုန်ရှန်းရွာမှာပဲ ရှိနေခဲ့တာလား?
ဖန်းဇီကျန်းက သူရဲ့ ဆရာတူညီလေးနဲ့ သခင်ကြီးတို့ ဒီနှစ်တွေထဲ တုန်ရှန်းရွာမှာ ဘယ်လို နေထိုင်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားရှိနေခဲ့တယ်။
ကျောက်ပုဖန်းက ခေါင်းညိမ့်ကာ
ဟုတ်ပါ့ဗျာ... ကျွန်တော်တို့က တုန်ရှန်းရွာနောက်ဘက်ခြမ်းက တောင်ခြေမှာနေတာလေ... ရွာသားတွေကလည်း အရမ်းကို ရိုးသားကြတာ... ရွာခံတွေက ပင်လယ်နဲ့တောင်တန်းတို့ကထွက်တဲ့ အသီးအနှံတွေကို ရောင်းချပြီး အသက်မွေးကြတာလေ... ကျွန်တော်တို့ရဲ့ အရည်အချင်းကြောင့်လို့ပဲ ပြောရမလား ကပ်ဘေးကြုံခဲ့တာတောင် အဆာငတ်တယ်ဆိုတာမျိုး မရှိခဲ့ဘူး... အဲ့တုန်းကတောင် အရင်မင်းဆက်ရဲ့ သေဒဏ်ချတာခံရသေးတယ်လေ... ကျွန်တော်တို့ရှာတွေ့ဖူးသမျှ နေရာတွေထဲမှာ ဒီတောင်နောက်ပိုင်းနေရာက ပုန်းခိုဖို့အလုံခြုံဆုံးနေရာပဲ!
{အပိုင်း ၂၈မှာတုန်းက အဘိုးကျောက်ကို ကျောက်ဇီရှုံးလို့ ရေးထားပေမယ့် author က ကျောက်ဇီမော့လို့ ပြောင်းလိုက်တာပါ}
.......