ရွှယ်ဇီရွမ် (Completed) (MM T...

By MayKingMK119

519K 70.1K 1.2K

Translator _ May King More

Twins of Different Fates
FOD Extra_1 _ ႐ႊယ္ဇီ႐ြမ္၏ ျပန္လည္ေမြးဖြားျခင္း
FOD Extra_1_Chapter(1-1) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-2) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-3) (Zawgyi+Unicode)
FOD Extra_1_Chapter(1-4) (Zawgyi+Unicode)
FOD Extra_1_Chapter(1-5) (Zawgyi+Unicode)
FOD Extra_1_Chapter(1-6) (Zawgyi+Unicode)
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)
FOD Extra_1_Chapter(2-2) (Zawgyi+Unicode)
FOD Extra_1_Chapter(2-3) (Zawgyi+Unicode)
FOD Extra 1 - Chapter (2-4)
FOD Extra_1_Chapter(2-5) (Zawgyi+Unicode)
New Fiction - Lord of End of World
FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း
Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္
Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ
Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္
Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္
FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္
Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။
FOD Extra 1 - Chapter (4-1) - အစြန္းႏွစ္ဖက္ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္ ေရာဂါ
FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး
FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?
FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....
FOD Extra 1 - Chapter (4-5) - ခုလို ဝတ္တာ မင္း ႀကည့္ရဆိုးတယ္ ေရွာင္ရီေလး....
Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system
Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'
Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."
Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."
Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ
Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား
Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။
Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)
Chapter (6-2) - "ဟြမ္ရီက ခ်စ္ဖို႔ေကာင္းတယ္.. ဒီကေလးက သူပိုင္တဲ့ေကာင္ေလး.."
Chapter (6-3) -ဟြမ္ရီေဘးမွာ ဆန္မုန႔္လုံးေလးလို ကပ္ေနခ်င္တယ္
Chapter (6-4) - ေမွ်ာ္လင့္ျခင္းနဲ႔ ျပန္လည္ဆုံစည္းျခင္း ေခါင္းေလာင္းျပာပန္း
Another FOD tanslation
Chapter (6-5)+ (6-6) (Z+U)
Chapter (6-7) - အေကာင္းဆံုးေတြပဲ မင္းကို ေပးအပ္ခ်င္တယ္ ေရွာင္ရီေလး (Z+U)
Chapter (7-1)+(7-2)+(7-3) (Z+U)
Chapter (7-4)+(7-5)(Z+U)
Chapter (7-6)+(7-7) (Z+U)
Chapter (8-1)+(8-2)(Z+U)
Chapter (8-3)+(8-4)(Z+U)
Chapter (8-5)+(8-6)+(8-7)(Z+U)
Chapter (8-8+8-9)(Z+U)
FOD Arc-14 completed
Chapter _ (9-1) +(9-2) ( Z+U)
Chapter (9-3) + (9-4) (Z+U)
FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)
Chapter (9-6)+(9-7)
Chapter (9-8)_ villain system စက္ရုပ္ကိုတီထြက္ျခင္း (Z+U)
Chapter (10-1)_ ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD Extra 1_ Chapter (10-2) (Z+U) - ႏွစ္ေယာက္တည္းကမာၻ
FOD: Extra 1_ Chapter (10-3) -ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD: Extra 1_ Chapter (10-4) -ႏွစ္ေယာက္တည္း ကမာၻ
FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ
FOD _ Extra 1 - Chapter (10.6) - နှစ်ယောက်တည်း ကမ္ဘာ (1)
🚨🚨🚨 အသားစားခြင်း/အသားစားျခင္း
FOD: Extra 1_ Xue Zi Xuan- Chapter (10.8)
Extra 1_ Chapter (11-1) - စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ(U+Z)
Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ
Extra 1_ Chapter (11-5) - စန္ဒရားပြိုင်ပွဲ
(z)Chapter (11-5) - စႏၵရားၿပိဳင္ပြဲ
FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-7) _ စန္ဒယားပြိုင်ပွဲ
Chapter (11- 8) - စန္ဒယားပြိုင်ပွဲ
Chapter (12-1) ထာဝရအချစ်
(U+Z) Chapter (12-2) - (M) ထာဝရအချစ်
Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်
(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း
Chapter (13-1) - လူသတ်မှု
ongoing
Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း
Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်
Chapter (13-5)_ ကလဲ့စားချေခြင်း
Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....
Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....
Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်
Chapter (15-3)_တရုတ်စံကားပန်းတွေ ပွင့်လာတဲ့အခါ
Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....
Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်

3K 489 5
By MayKingMK119


Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်




ရွှယ်ဇီရွမ် သည် အလုပ်များပြီး စိတ်ရှုပ်နေချိန်တွင် ကျိုးယွင်ရှန့် သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိလာပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းအချို့ကို ဝယ်ယူပြီးနောက် မန်ချက်စတာမြို့ နှင့် ယော့ခ်မြို့သို့ ဆက်လက်ခရီးနှင်ကာ တည်းခိုရန် သက်တောင့်သက်သာရှိသော တည်းခိုခန်းငယ်လေးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ရာစုနှစ်တစ်ခုကြာသည်အထိ သက်တမ်းကြာရှည်ဖွင့်လှစ်ခဲ့သည့် လက်ဖက်ရည်ဆိုင်၏ အရသာကို မြည်းစမ်းကာ စိတ်လက်ချမ်းသာစွာ နိုးထလာခဲ့သည်။ ထို့နောက် သူ၏တစ်ဦးတည်းသော   ပခုံးပေါ်က ကျောပိုးအိတ်လေးကို ကိုင်ဆောင်ကာ York Cathedral သို့ ခရီးလှည့်လည်ခဲ့သည်။

ကျိုးယွင်ရှန့်က  အလွန်လှပသော Gothic ပုံစံ အဆောက်အဦးတွေကို ငေးကြည့်နေသည်။ ထိုအဆောင်ဦးကြီးတွေမှ နေရောင်ကို   ရောင်ပြန်ဟပ်နိုင်သော ရောင်စုံမှန်များဖြင့် ဂျီဩမေတြီနည်းကျကျ တည်ဆောက်ထားသည်။ ထိုဘုရားကျောင်းကြီးထဲတွင်  လူအချို့က ဆုတောင်းနေကြသည်၊ အချို့က ဓမ္မသီချင်းများသီဆိုကြပြီး၊   အမိုးပေါ်က အလှဆင်ထားသည့် ပန်းချီများကို ငေးမျှော်ကြည့်နေသော ကျိုးယွင်ရှန့် မှလွဲ၍ အခြားသူများမှာ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြသည်။
(Gothic စတိုင် အဆောက်အဦး -   ရောင်ခြယ်ပြတင်းပေါက်ကြီးများ၊ ချွန်ထက်သော အမိုးခုံးများ၊ သူရဲခိုများ၊ ပြတင်းနံရံကို ထောက်ကူထားသည့် ထောက်တိုင်ကြီးများ ပါရှိသည့် တန်ဆာဆင် အလှဆင်ထားသည့် ခမ်းနားကြီးကျယ်သော အဆောက်အဦး)
နောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပေမယ့် ရိုးရိုးသားသားပြောရရင် အခု ကျိုးယွင်ရှန့်ရဲ့ ခံစားချက်က မျှော်လင့်ထားသလောက် မချောမွေ့နေခဲ့ဘူး။ သူရုတ်တရက် အလွန်စိတ်ရှုပ်သွားသလို ဘယ်သွားရမှန်းမသိ၊ ဘာလုပ်ရမှန်းလည်းမသိ၊ တစ်ကိုယ်လုံး ဗလာကျင်း၊ အမြစ်မရှိသော သစ်စေ့ကဲ့သို့ ပေါ့ရွှတ်ရွှတ်ဖြစ်နေသည်။

ဘုရားကျောင်းရှိ ငြိမ်သက်တိတ်ဆိတ်သောလေထုက သူ့ရင်ကို မွန်းကျပ်စေကာ ဆယ်မိနစ်လောက်ထိုင်ပြီးနောက် ဆက်လက် မနေနိုင်တော့သဖြင့် တိတ်တဆိတ် မတ်တပ်ရပ်ကာ ပြန်ထွက်လာခဲ့သည်။ ဒီနေ့ ရာသီဥတုက အရမ်းအေးပေမယ့် နေရောင်က အရမ်းတောက်ပလို့ ကားမစီးချင်တော့ဘဲ အဝါရောင် သစ်ရွက်ခြောက်တွေပေါ် ခြေတစ်လှမ်းချင်းလှမ်းပြီး လမ်းလျှောက် ပြန်လာခဲ့သည်။


အင်္ကျီအသစ်က ထူထူလေးဖြစ်ပြီး လည်ပင်းမှာပတ်ထားတဲ့ မာဖလာပဝါက နွေးနေပေမယ့် တစ်ခုခုတော့ ပျောက်နေတယ်လို့ သူ အမြဲတမ်း ခံစားနေရတယ်။ လင်မယားနှစ်ယောက် လက်ချင်းတွဲပြီး ဖြတ်သွားလိုက်တဲ့အချိန်မှာ ထိုအမျိုးသမီးက ဘာပြောလိုက်သလဲ မသိပေမယ့် ယောက်ျားဖြစ်သူက ရယ်မောလိုက်ပြီး သူမရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန်  လူရိပ်နှစ်ခုက ပူးကပ်သွားခဲ့သည်။

ကျိုးယွင်ရှန့်က လှမ်းကြည့်လိုက်တော့ သူ ပျောက်ဆုံးနေတဲ့ အရာကို ရုတ်တရက် နားလည်လိုက်တော့သည်၊ နွေးထွေးတဲ့ ပွေ့ဖက်မှုတွေ၊ အားကောင်းတဲ့ သိုင်းဖက်လာတဲ့ လက်တစ်စုံ၊ နားထဲ လေပူတွေ မှုတ်ထည့်နေတဲ့ လူတစ်ဦး၊ လည်ပင်းမှာ သိုင်းဖက်ထားတဲ့ အလေးချိန်ပျောက်ကွယ်သွားခြင်းက လျော့ပါးပျောက်ကွယ်သွားခဲ့သည်။   သူ့ကို အလွန် စိတ်အနှောက်အယှက်ဖြစ်ခဲ့ဖူးသော ညည်းသံများက ယခုအခါ မှတ်ဉာဏ်ထဲတွင် ပြတ်သားစွာ မြင်ယောင်လာခဲ့သည်။

 

ကျိုးယွင်ရှန့် သည် သူ့ကိုယ်သူ ထိုအတွေးတွေကို မတွေးမိစေရန် လေကြောင့် ထုံကျင်နေသော မျက်နှာကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။ သူသည် ဟိုတယ်ဘေးရှိ ဂေါက်ကွင်းကို ဖြတ်ကာ အမြန် ခြေလှမ်းအနည်းငယ်လှမ်းကာ ဂေါက်ကစားရန် သင်ပေးမည်ဟု ရွှယ်ဇီရွမ် ပြောခဲ့ဖူးသည့်  ဂေါက်ကွင်းပေါ်တွင်တည်ရှိနေသည့် ရွှယ်စံအိမ်မှာ သူ နေထိုင်ရာကို ခဲ့စဉ်အချိန်ကို ပြန် မတွေးပဲ မနေနိုင်တော့ပေ။

သေစမ်း....... သူ ဘယ်လိုလုပ် နေရာအနှံ့မှာ အဲ့လူကို မြင်နေရတာလဲ။ စိတ်ထဲမှာ သူ့ဖာသာ ကျိန်ဆဲလိုက်ပြီး ကျိုးယွင်ရှန့် က     မီးခိုးရောင်ဖျော့ဖျော့ သိုးမွေးပဝါကို ဆွဲတင်ကာ ဟိုတယ်ထဲသို့ ဝင်သွားခဲ့သည်။ အခန်းက နွေးထွေးပြီး သူ့ကျောပိုးအိတ်ကို ချလိုက်တယ်။ သူအိပ်ဖို့ ကြုံရာဆိုဖာတစ်လုံးပေါ်လှဲချကာ  ကော်ဖီစားပွဲပေါ် ခြေထောက်ကို တင်လိုက်ကာ အိပ်ခန်းတွင်းစီး ဖိနပ်လဲလှယ်ပေးမယ့်လူကို သူ စောင့်နေမိသည်။
 

အခန်းသည် ထိုလူ၏ စကားသံနှင့် ရယ်မောခြင်းမရှိဘဲ တိတ်ဆိတ်နေပြီး ကျိုးယွင်ရှန့် က သူက အဲ့လူနားက ထွက်လာပြီဖြစ်ကြာင်း အသိဝင်ရန် တစ်မိနစ်ခန့်ကြာနေခဲ့သည်။ ယခုအချိန်မှစ၍ သူ အခန်းထဲကို ဝင်လာသောအခါတွင် ဖိနပ်ပြောင်းစီးပေးမယ့်သူ၊  ပင်ပန်းလာသောအခါ အိပ်ရာထဲသို့ သူ့ကို ပွေ့ချီသယ်ဆောင်သွားရန် ခန္ဓာကိုယ်နှင့် စိတ်ကို သက်သာစေရန်လုပ်ပေးမယ့်သူ၊ ဆာလောင်နေချိန်တွင် စားစရာကို ပြင်ဆင်ပေးမည့်သူ မရှိတော့ပေ။

သူ့နှလုံးသားက လူသူကင်းမဲ့သည့် မြက်ခင်းပြင်ကျယ်ကြီးကဲ့သို့ ခံစားလိုက်ရပြီး စိတ်မသက်မသာ မငြိမ်မသက် ဖြစ်နေတာကြောင့် ကျိုးယွင်ရှန့် ဆိုဖာပေါ်က ထကာ ဖိနပ်ကို ကန်ချွတ်လိုက်ပြီး     သတင်းတွေကို ရှာဖွေဖို့ သူ့လက်တော့ပ်ကွန်ပြူတာအသစ်နဲ့ အိပ်ရာပေါ်တက်ခဲ့ တယ်။

ယာဉ်တိုက်မှုမှာ တကယ်မောင်းနှင်ခဲ့သူက ဟွမ်ရီသာဖြစ်ပြီး ဒရိုင်ဘာကျိုးရင်ကို လူစားထိုးကာ လူတွေ ပြစ်တင်တာကို ခံစေခဲ့သည် ဆိုပြီး ရေးသားခဲ့သည့် ပို့စ်ကဖျက်ချခံလိုက်ပြီးဖြစ်သည်။

 

ဒီထုတ်ပြန်ချက်ထွက်လာတော့ လူအုပ်ကြီးက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာ၊ ကားပိုင်ရှင်က  ခုလို အရမ်းကာရောမောင်းနှင်တာက အသိဉာဏ်မရှိဘူးလို့ လူတိုင်းက ပြောကြတယ်၊


 ဒါဆိုရင် ကားမောင်းတဲ့သူက ခြေတဖက်ဖြတ်ပစ်လိုက်ရတာ ဘယ်လိုဖြစ်နိုင်မလဲ။ ဒါ့အပြင် မီးသတ်တပ်ဖွဲ့က ဒဏ်ရာရသူတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ကနေ ဘယ်လိုဖြစ်ပြီး အတုအယောင်တွေ ဖြစ်နိုင်မှာတဲ့လဲ။
 
 

ရဲတပ်ဖွဲ့သည်  ဟွမ်ရီ၏ကားကို ကျိုးရင်က ခိုးယူမောင်းထွက်သွားသည့် ဗီဒီယိုဖိုင်ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ဝိုင်းဝန်းတိုက်ခိုက်နေသည့် လူတွေကို ဟွမ်ရီက    ယာဉ်တိုက်မှုနှင့် မသက်ဆိုင်ကြောင်း သက်သေပြခဲ့သည်။ ထို့နောက် ချက်ခြင်းပင် ရွှယ်ဇီရွမ်    သည် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သူ့မိဘများနှင့်ညီမကို လူသတ်မှုတွင် ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားကာ လူထုကို တောင်းပန်ခဲ့သည်။ ရွှယ်လွေ့ကို ရွှယ်လုပ်ငန်းစုကြီးတစ်ခုလုံးမှာ ရှိသည့်  ရာထူးအားလုံးမှ ထုတ်ပယ်ပြီး သူ့ကိုယ်သူ အစားထိုးခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍  အမြွှာမောင်နှမနှစ်ယောက်၏ နှလုံးကို ထုတ်ယူကာ အစားထိုးမယ့် ကြောက်မက်ဖွယ်ရာ ကိစ္စက လူသိရှင်ကြားဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အမှန်တရားကို ထုတ်ဖော်ပြသနိုင်ခဲံသလို ရွှယ်မိသားစုမှ အဝေးသို့ထွက်ခွာသွားခဲ့ရသူ ဟွမ်ရီကို လူတိုင်းက စာနာသနားလာကြသည်။

 

ဖန်သားပြင်ပေါ်တွင် ရွှယ်ဇီရွမ်  ၏မျက်နှာသည် အလွန်ဖြူဖျော့နေပြီး မတ်တပ်ရပ်ကာ ဦးညွှတ်တောင်းပန်နေစဉ်  နှစ်ကြိမ်တိုင်တိုင် ယိမ်းယိုင်ကာ မူးလဲလုနီးပါးဖြစ်ကာ နဖူးကို အုပ်ကိုင်ကာ လက်များကို ဝှေ့ယမ်းကာ သတင်းထောက်များ၏ အော်ဟစ်သံအောက်တွင် တံခါးဆီသို့ ဖျက်ညှစ်အားတင်းကာ ထွက်လာခဲ့သည်။

ကျိုးယွင်ရှန့်က ဒီမြင်ကွင်းကိုတွေ့တော့ တုန်တုန်ယင်ယင်နဲ့ ကူညီချင်လို့ သူ့လက်ကို ဆန့်လိုက်စဉ် ပါးလွှာတဲ့ ဖန်သားပြင်နဲ့ ခြားထားရုံသာမက ကမ္ဘာကြီးရဲ့ အဆုံးတဖက်မှာ သူရောက်ရှိနေကြောင်း အသိဝင်လာခဲ့သည်။
 

သတင်းထောက်တစ်ယောက်က မိုက်ခရိုဖုန်းကို ပါးစပ်ကနေ မြှောက်ပြီး လေးလေးနက်နက် လှမ်းမေးခဲ့သည်။

  "မစ္စတာ ရွှယ်ကို မေးလို့ရမလားခင်ဗျာ။ မင်းရဲ့ မိဘအရင်းနဲ့ မွေးစားညီမကို ဘာမှ သွေးသား မသက်ဆိုင်တဲ့သူတစ်ယောက်အတွက် ရဲကိုတိုင်ကြားခဲ့ရတာ ဘယ်လိုခံစားရလဲ။   ဒါကို ဘယ်လို ဆက်လုပ်မလဲဆိုတာ ပြောပြပါ။ ခင်ဗျား ရှေ့ဆက်လုပ်မယ့် အကြောင်း ကျွန်တော်တို့သိလို့ရမလား။"

"မင်းပြောချင်တာက ငါ ခုလို မှန်ကန်တဲ့အရာကို မလုပ်သင့်ဘူးပေါ့..ဟုတ်လား"

ရွှယ်ဇီရွမ်  က ရုတ်တရက်ရပ်လိုက်ပြီး ဒီသတင်းထောက်ကို လှည့်ကြည့်လိုက်တယ်။

 "ဒါဆို ငါ ဘာလုပ်သင့်တယ်လို့ ခင်ဗျား ထင်လဲ။ သူတို့လုပ်တဲ့မကောင်းမှုကို  မသိချင်ယောင်ဆောင်ပြီး အရာအားလုံးကို ဖုံးကွယ်ထားလိုက်ရမှာလား။ ရှောင်ရီကိုသတ်ပြီး သူ့နှလုံးသားကို ဖောက်ထုတ်ဖို့ မိဘနှစ်ယောက်ရဲ့လုပ်ရပ်ကို ငါက ဒီအတိုင်းကြည့်နေရမှာလား။  ငါကိုယ်တိုင် ဒီမကောင်းမှုမှာ ပါဝင်ပြီး အလောင်းကို ဖျောက်ဖျက်ဖို့ လုပ်ပေးသင့်တာလား။ ဒီလိုမျိုးကို လုပ်သင့်သလား။ ငါ့မှာ အသိတရားမရှိဘူးလို့ တချို့ကပြောကြတယ်၊ ငါ့မိဘတွေတောင် ရဲကို သတင်းပို့တယ်၊ ဥပဒေကို ဖောက်ဖျက်ဖို့၊ သူတို့ လူသတ်ဖို့ ကူညီပေးရမှာလား။ အဲဒါဆိုရင် အရှက်တရား၊ ကိုယ်ကျင့်တရားဆိုတာရော ရှိသေးရဲ့လား။ အဲ့လိုဆိုရင်တော့ မင်းရဲ့ 'အသိစိတ်' လို့ ခေါ်တဲ့ စိတ်က တကယ်ကို ကြောက်စရာကောင်းတာပဲ"
 

သတင်းထောက်သည် မေးခွန်းကြောင့် အံသြသွားကာ သူက ဦးနှောက်မရှိသော်လည်း ရွှယ်ဇီရွမ်  သည် အမှားအယွင်း လုံးဝ မလုပ်ကြောင်းကိုလည်း သူ သိနေသည်။ အသဲနှလုံးကင်းမဲ့ပြီး တရားမျှတမှု မရှိဘူးလို့ ဝေဖန်သူတွေက ပါးစပ် မဖွင့်ရဲကြတော့ဘူး။ အခုချိန် သူတို့နိုင်ငံမှာ ခေါင်းဆောင်သစ် တက်လာပြီး လူမှုရေးအခြေနေကို   ပြုပြင်ရန် အပြင်းထန်ဆုံး လုပ်ဆောင်နေသည့် ကာလဖြစ်သည်၊ ဥပဒေကို လက်ကိုင်ပြုရန်၊ တရားမျှတမှုရှိရန် အဓိက ထားလုပ်ဆောင်နေသဖြင့် ဘယ်သူမှ ကျိုးယွင်ရှန့်ရဲ့လုပ်ရပ်က တရားဥပဒေကို ဆန့်ကျင်ပြီး တရားမှုမရှိဘူးလို့    ပွင့်ပွင့်လင်းလင်း မပြောရဲသော သတ္တိမရှိကြပေ။

ရွှယ်ဇီရွမ် ရဲ့လုပ်ရပ်က ကဲ့ရဲ့ရှုတ်ချနိုင်ခြင်းမရှိပဲ ကိုယ်ကျင့်တရားနှင့် အညီလုပ်ဆောင်နေသည်ကို လူတိုင်းသိနေကြသည်။

 

"မင်းက ဟွမ်ရီ နဲ့ မသင့်လျော်တဲ့ ယောကျ်ားချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ဇာတ်လမ်းတွေကရော၊  အဲဒါက မင်းမိဘတွေကို ရဲဆီ သတင်းပို့ဖို့ တွန်းအားပေးခဲ့တဲ့ အဓိကအကြောင်းအရင်းပဲ မဟုတ်လား။"

ထိုသတင်းထောက် ရွှယ်ဇီရွမ်  ကို ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်။

မျက်နှာအမူအရာကင်းမဲ့နေသော ရွှယ်ဇီရွမ်  က ရှားရှားပါးပါး ဒေါသအမျက်ထွက်လာသည့်တိုင် လေးနက်သော အသံဖြင့် စကားတစ်ခွန်းဖြင့် ပြောခဲ့သည်-

"မင်းရဲ့ ညစ်ညမ်းနေတဲ့ အတွေးတွေနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို လာမပြောနဲ့။  တစ်စုံတစ်ယောက်က ကောလာဟလတွေ ဖြန့်တာ ဒါမှမဟုတ် ဆဲဆိုရေးသားတာလုပ်မယ်ဆိုရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်"

 ထိုစကားကိုပြောပြီးနောက် ရွှယ်ဇီရွမ်  သည် သူ့ကိုယ်ရံတော်များ၏ အကာအကွယ်အောက်တွင် လျင်မြန်စွာ ခန်းမကျယ်ထဲက ထွက်ခွာသွားခဲ့သည်။ တစ်လောကလုံးရှေ့မှာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ကျယ်ကျယ်လောင်လောင် ပြောချင်ပေမယ့် လုပ်လို့မဖြစ်သေးဘူး။ ဆယ်ကျော်သက်ကောင်လေးကို လူတိုင်း လက်ညှိုးထိုးမည့် အခြေနေအောက်ကို သူ တွန်းပို့ဖို့မဖြစ်သေးဘူး။
 

ကျိုးယွင်ရှန့်သည့် ထိုဗီဒီယိုကို ပြီးသည်အထိ ကြည့်နေပြီးနောက်    အချိန်အတော်ကြာအောင် အသိမပြန်မကပ်နိုင်သေးပေ။

 သူသည် ရွှယ်လုပ်ငန်းစု၏စတော့ဈေးနှုန်းကိုစစ်ဆေးကြည့်ရာ ကျဆင်းသွားသော်လည်း အများအပြား မဟုတ်ကြောင်း တွေ့လိုက်ရသည်၊ နိုင်ငံခြားလုပ်ငန်းများနှင့် အတူပူးပေါင်းနိုင်ခဲ့ပြီး ရှယ်ယာဝယ်ယူမှုက ပြန်လည်တက်လာခဲ့သည်။  ထိုသို့လုပ်ငန်းချင်း ပေါင်းစည်းမှုနှင့် ဝယ်ယူမှုများစွာကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခဲ့ပြီး၊ စတော့ရှယ်ယာပိုင်ရှင်အများစုသည် ရွှယ်လုပ်ငန်းစု၏ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာကို ယုံကြည်နေကြသည်၊ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်  စတော့ဈေးက အရင်ကထက် ပြန်တက်လာနိုင်တယ်။

ကျိုးယွင်ရှန့်သည် ရင်ထဲ စိတ်ညစ်သမျှကို အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး ရွှယ်ဇီရွမ် က  ရဲခေါ်ရန်ရွေးချယ်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။ ရွှယ် မိသားစုရဲ့ ဆုံးရှုံးမှုနဲ့ အပျက်သဘောဆောင်တဲ့ မကောင်းတဲ့ သက်ရောက်မှုတွေကို လျော့ပါးအောင် တိတ်တဆိတ် ချောချောမွေ့မွေ့ လုပ်မယ်လို့ သူ ထင်ခဲ့ပေမယ့် ရွှယ်ဇီရွမ် က မလုပ်ခဲ့ပါဘူး။ သူသည် ရွှယ်လွေ့ တို့ သုံးယောက်ကို အမှန်တကယ် ရဲစခန်းကို သတင်းပို့ခဲ့ပြီး အမှုနှင့် ပတ်သတ်သည့်  အမှန်တရားကို ကြေညာရန် သတင်းစာရှင်းလင်းပွဲကို လုပ်ဆောင်ခဲ့သည်။

သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး မီဒီယာတွေရဲ့ ရိုင်းစိုင်းတဲ့ ထင်မြင်ယူဆချက်တွေကို ရှောင်ရှားဖို့ ကျိုးယွင်ရှန့်အကြောင်းကို လုံးဝထုတ်မပြောခဲ့ပေ။ ကျိုးယွင်ရှန့်က ဒါကိုကြည့်ပြီးနောက် သူ့ရင်ထဲမှာ ဘာခံစားခဲ့ရတယ်ဆိုတာကို မပြောနိုင်ဘဲ မျက်လုံးတွေ အနည်းငယ်နာနေပြီး နှာခေါင်းက စူးလာခဲ့သည်။ ကျိုးယွင်ရှန့်က   အခြားသတင်းများကို လိုက်လံကြည့်နေလိုက်သည်။

ကျိုးရင်နဲ့ ဟူတုန်း တို့ဟာ သူမျှော်လင့်ထားတဲ့ ကားမတော်တဆမှုမှာ မသေခဲ့ဘူး။ သူ ထပ်ခါထပ်ခါပြောခဲ့သလိုပဲ ပြိုင်ကားတစ်စီးရဲ့ ဘေးကင်းလုံခြုံရေးလုပ်ဆောင်ချက်အပြင် ဟူတုန်း ရဲ့ Maybach ကားက  ပိုင်ရှင်ရဲ့အသက်ကို အမြင့်ဆုံး ကာကွယ်နိုင်သည့်အပြင် ကျည်ဆန်ဒဏ်နဲ့ ပြင်းထန်သည့် ဝင်ဆောင့်မှုကို ခံနိုင်ပါတယ်။ လူနှစ်ဦးက ကားချင်းဆိုင် တိုက်မိပြီးနောက် တစ်ယောက်က ဘယ်ခြေထောက်တစ်ချောင်းနှင့် ကျန်တစ်ယောက်က  ညာဘက်ခြေထောက်တစ်ချောင်းကို ဖြတ်လိုက်ရသည်။ ကျိုးယွင်ရှန့်က ခဏစဉ်းစားပြီး ဟူတုန်းက  သူ့မိဘများကို သတ်ခဲ့သည့် ဗီဒီယိုဖိုင်ကို ထိုနိုင်ငံသို့ ပြန်ပို့လိုက်ရာ အဆိုပါ ကိစ္စမှာ  ရှင်းသွားခဲ့ပြီဖြစ်သည်။  မော်တော်ယဉ်မောင်းစနစ်တွင် ကျန်ရှိနေသော autopilot စနစ်လည်း ပါဝင်သဖြင့် ကားကို မှုခင်းဆေးပညာဌာနကို အနှစ်တစ်ရာလောက်ထားရှိကာ စစ်ဆေးလည်း အထဲမှာ သူ ထည့်ထားတဲ့ ကွန်ပြူတာနဲ့ထိန်းချုပ်တဲ့ စနစ်ကို ဖော်လို့မရနိုင်ပဲ ဒီအရာက သာမန်ဖျော်ဖြေရေးအတွက် ထည့်ထားသည့်အရာလို့ပဲ ထင်လိမ့်မည်။
 

ယခုအခါ အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူ အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ကွင်းဆက်အထောက်အထား အပြည့်အစုံကို အနှေးနှင့်အမြန်ဆိုသလို ရှာဖွေနိုင်ရန် အသံဖိုင်များရှိကြောင်း သိရသည်။ ရွှယ်လွှေ့ သည် လက်ရှိတွင် သူတို့ လုပ်ခဲ့သည့် လုပ်ရပ်ကို  ခုခံကာကွယ်ရန်အတွက် ရှေ့နေများ ခေါ်ယူနေသော်လည်း လူသတ်ရန် လုပ်ဆောင်ခဲ့ပေမယ့်   လူမသေသေးဘဲ လူသတ်ရန်  ကြံစည်မှုဖြင့်   အများဆုံး ထောင်ဒဏ် ၃ နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သိလိုက်ရသည်။ ထိုအပြစ်ဒဏ်ကို နှစ်နှစ်ကြာ ဆိုင်းငံ့ထားလို့ရသည့်အပြင် နာမည်ပျက်သွားခဲ့တာလွဲရင် မည့်သည့် ဒဏ်ငွေကိုမှ ပေးဆောင်စရာမလိုပေ။
 

သူ အရမ်းတွေးနေပေမယ့် ကံမကောင်းစွာပဲ သူက ရွှယ်ကျင်းရီ ရဲ့ အကြံဉာဏ်ကို လိုက်နာပြီး ဟွမ်ရီကို လုပ်ကြံဖို့ ဘိန်းဖြူနှစ်ကီလိုဂရမ်ကို ဝယ်ခဲ့ တယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ပမာဏ အလွန်ကြီးမားပါက တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိချမှတ်နိုင်သည်။

ကုမ္ပဏီ၏ အဓိက ရည်မှန်းချက်မှာ  ပြဿနာကို ဖြေရှင်းချက်ပေးရန် ဖြစ်သည်။

တကယ်တော့ ရွှယ်ကျင်းရီ ဟာ သူတို့ အပေါ်ကို အမှား မလုပ်ခဲ့ပါဘူး၊ ရရှိထားတဲ့ အထောက်အထားတွေအရ ရွှယ်ကျင်းရီက  တကယ်ပဲ သူမရဲ့ အမြွှာညီအကိုရဲ့ နှလုံးသားကို အရှင်လတ်လတ် ထုတ်ယူဖို့အတွက် လုပ်ကြံဖန်တီးရန် စီစဉ်ထားတဲ့ လူသတ်မှု ကို အသေးစိပ်ဖော်ပြခံခဲ့ပြီး၊ မရိုးသားတဲ့ လုပ်ရပ်အကုန် လုပ်ဆောင်ခဲ့သည်။
 

ရွှယ်ကျင်းရီက ဟွမ်ရီကို အမှုဆင်နိုင်ဖို့ သူမကိုယ်တိုင် ဝယ်ယူခဲ့သည့် ဘိန်းဖြူကြောင့်    ပြင်းထန်သော သေဒဏ်နှင့် အပေါ့ပါးဆုံး ထောင်ဒဏ် 15 နှစ် ကျခံရမည့်အကြောင်း   သိလိုက်သောအခါတွင် သူမ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။

CCTV မှ သတင်းထောက်သည် တစ်ချိန်က ရွှေထီးဆောင်းပြီး ယခု သံတိုင်နောက်တွင်ရှိနေသည့် အနာဂါတ်ကြယ်ပွင့်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် သူမသည် အချုပ်ခန်းတံခါးကို လှုပ်ယမ်းကာ နာကျင်စွာငိုကြွေးလျက်  သူမက   မှားယွင်းခဲ့တယ်ဆိုတာ သိပါပြီဟု ပြောခဲ့သည်။
 
 

"အစ်ကိုကြီးကို ကျွန်မ တွေ့ချင်တယ်၊ ရှေ့နေလိုချင်တယ်၊ အစ်ကိုကြီးကို လာတွေ့ဖို့ ပြောပေးပြီး အကောင်းဆုံးရှေ့နေကို ခေါ်ပေးဖို့  ကူညီပေးကြပါ။ ဟွမ်ရီက  အိမ်ကနေ ထွက်ပြေးသွားတယ်၊ သူ မသေသေးလို့ ဒါက ရာဇဝတ်မှုအမြောက်ပါဘူး မတွက်ဘူး။"

သူမလည်း စိတ်ထဲတွင် ယုံကြည်ထားသည့်အတိုင်း ပေါ့ပေါ့ပါးပါး ငြင်းခုံနေမိသည်။

CCTV သတင်းထောက်များသည် အင်တာဗျူး မဖြေမီတွင်   သူမ၏ နှာရည်ယိုစိမ့်ထွက်နေသော အကျည်းတန်ပုံများကို ရိုက်ကူးနေစဉ် အနားတွင် မတ်တပ်ရပ်၍ စောင့်ကြည့်နေကြသော်လည်း ရှေ့နေအများအပြားသည် လက်ဆွဲအိတ်များ ကိုင်ဆောင်ကာ လေးနက်သည့်အမုူယာဖြင့် အမြန်ပြေးလာသည်ကို တွေ့လိုက်ရသည်။

ဒီလူတွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးရှေ့နေတွေဖြစ်ပြီး အကြံပေးတိုင်ပင်ခက ဈေးကြီးတဲ့သူတွေဖြစ်သည်။ သူတို့က  ကင်မရာကို မျက်လုံးစိထဲမထည့်ကြဘူးလို့ သတင်းထောက်က ပြောခဲ့တယ်။

"အန်ကယ်လီ၊ အန်ကယ် ဒီကိုရောက်နေပြီ၊ ကျွန်မရဲ့ အစ်ကိုကြီးက ကျွန်မကို ကာကွယ်ဖို့ အန်ကယ်ကို ကူညီခိုင်းပေးတာလား"

ရွှယ်ကျင်းရီသည် ရှေ့နေလီ၏ အင်္ကျီထောင့်ကို ဖမ်းရန် အကျဉ်းခန်းတံခါးကို ဖြတ်ကာ လက်ဆန့်ထုတ်ခဲ့သည်။ သူသည် ရွှယ်လွေ့၏ သူငယ်ချင်းဖြစ်ပြီး ရွှယ်မောင်နှမနှစ်ယောက်ကို   ကြီးပြင်းလာသည်ကို မြင်ခဲ့သူဖြစ်ပြီး ထိုသို့သောအဖြစ်အပျက်မျိုးဖြစ်လာရန် မမျှော်လင့်ထားပေ။

သူသည် ရိုးရိုးရှင်းရှင်းနှင့် လူဖြောင့်ကြီး ဖြစ်သောကြောင့် ရွှယ်လွေ့ သည် ကုမ္ပဏီ၏ ဥပဒေရေးရာများကို ကိုင်တွယ်ရန် သူ့ကိုသာ တောင်းဆိုခဲ့ပြီး အချို့သော မကောင်းသည့်အလုပ်များကို အခြားရှေ့နေတစ်ဦးကို ကိုင်တွယ်စေခဲ့သဖြင့် ရွှယ်လွေ့လုပ်ခဲ့သည့်လုပ်ရပ်က သူ့ကို ဆွဲမချနိုင်ခဲ့ပေ။
 

ရိုးရိုးသားသား ပြောရလျှင် အခင်းဖြစ်ပွားသည့်နေ့တွင် သူသည် အလွန်စိတ်မကောင်းဖြစ်ကာ တုန်လှုပ်သွားခဲ့ရသည်။ သူငယ်ချင်းရွှယ်လွေ့က သူ့မွေးစားသမီးလေး၏ အသက်ကို ဆက်လက်ရှင်အောင်လုပ်ဖို့ အကြံမရှိတော့လို့   အပြစ်ကင်းစင်သော ဆယ်ကျော်သက်တစ်ဦးကို လုပ်ကြံဖို့ လုပ်ခဲ့မိတာ ဖြစ်မည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ရွှယ်ကျင်းရီ   ရဲ့ ရက်စက်မှုပါပဲ။ အသံဖိုင်များကို နားထောင်ပြီးနောက် သူသည် ရင်ထဲကနေ အေးစက်သွားကာ ဟွမ်ရီ မည်ကဲ့သို့ ခံစားရသည်ကို သူ စိတ်ကူး မကြည့်နိုင်တော့ပေ။

 

သူသည်  ရွှယ်ကျင်းရီ ၏လက် ဆန့်တန်းလာသည်ကိုမြင်တော့   ရွံ့ရှာနေသော မျက်နှာထားဖြင့် မသိစိတ်ဖြင့် ရှောင်လိုက်ပြီး လက်ဆွဲအိတ်ထဲမှ စာရွက်ကို ဆွဲထုတ်ကာပြောခဲ့သည်။


 "ဒါက ရွှယ် မိသားစုနဲ့ မင်းမွေးစားတဲ့ ဆက်ဆံရေးကနေ ဖျက်သိမ်းလိုက်တဲ့  စာရွက်စာတမ်းပဲ၊ ရွှယ်လွေ့နဲ့ရွှယ်လီဒန်နီ က လက်မှတ်ထိုးပြီးသားပဲ။ အဲဒါ မင်းလည်း လက်မှတ်ထိုးဖို့လိုတယ်။"

သတင်းထောက်သည် ထိုအရာက တကယ့်အရေးကြီးသည့် သတင်းဖြစ်တယ်ဆိုတာ သိလို့    ထိုစာရွက်စာတမ်းကို ဓာတ်ပုံရိုက်ရန် ဓာတ်ပုံဆရာကို အဆောတလျင် တောင်းဆိုခဲ့သည်။ ဝေးကွာလှသည့် အင်္ဂလန်တွင်ရှိနေသည့် ကျိုးယွင်ရှန့်   သည် စာရွက်စာတမ်းပါ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်ခဲ့ပြီး အဲ့ဒါက အမှန်တကယ်ပင် မွေးစားခြင်းကို ဖျက်သိမ်းသည့် စာရွက်စာတမ်းတစ်ခုဖြစ်ပြီး ဒီထဲမှာ လက်မှတ်ရေးထိုးပြီးနောက် ရွှယ်ကျင်းရီ သည် ရွှယ် မိသားစုနှင့် ပတ်သတ်မှု မရှိနိုင်တော့ပေ။  ကုမ္ပဏီကလည်း ရွှယ်ဇီရွမ်က  သူမအတွက် အကောင်းဆုံးရှေ့နေငှားပြီး အာမခံပေးစေမယ်ဆိုတာ  အဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလိုပဲ ဆိုတာ သိနေသည်။

တစ်ချိန်က ရွှယ် မိသားစုရဲ့ မြင့်မားပြီး တန်ခိုးကြီးတဲ့ မင်းသမီးလေးဟာ ဒီနေ့ကစပြီး ဘာမှမဟုတ်တော့ဘူး။ ပထမဆုံးလုပ်ရမှာက အသစ်တစ်ခုရဖို့ပါ။

ဒါကိုမြင်တော့ ကျိုးယွင်ရန့် က သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ villain system ကို မဖယ်ရှားဘူးဆိုရင်  ဒီနေ့မှာ ရွှယ်ကျင်းရီ နှိပ်စက်ခံရသလို မနက်ဖြန် သူ့အလှည့်ရောက်လာနိုင်တယ်။    သူမကို ညှဉ်းပန်းနှိပ်စက်မှုကြောင့် သူက ထောင်ကျသွားနိုင်သည်၊ ဒါမှမဟုတ် သူက မတော်တဆမှု တစ်ခုနှင့် သေဆုံးသွားရပြီး သူ့နှလုံးကို ရွှယ်ကျင်းရီဆီကို တရားဝင် ပေးအပ်လိုက်ရနိုင်တယ်။  ဒါမှ သူမက ချစ်ရသူနှင့် ပေါင်းဖက်ပြီး ပျော်ရွှင်သောဘဝဖြင့် နေထိုင်သွားနိုင်မည်ဖြစ်သည်။

ဒါပေမယ့် ဘာအကြောင်းကြောင့်လဲ။ ရွှယ်ကျင်းရီရဲ့ဘဝ  ပြည့်စုံစေဖို့ အတွက် သူ့အသက်ကို ဘာကြောင့် ပေးရမှာလဲ။ ကျိုးယွင်ရှန့်သည် မျက်ရိုးကို ပွတ်ရင်း ဖန်သားပြင်ပေါ်တွင် ကြေကွဲငိုကြွေးနေသော မိန်းကလေးငယ်ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်။

ယခုအချိန်တွင် သူမသည် တောက်ပသော ရွှေရောင်ခန်းမ မရှိတော့ပေ၊ စာရွက်စာတမ်းအား မျက်ရည်ယိုစီးလျက် ဆွဲယန်ရန်  ကြိုးစားခဲ့သော်လည်း ရှေ့နေက ရှောင်လိုက်သည့်အတွက် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ငိုယိုကြွေးလျက် နှလုံးရှိရာ ရင်ဘတ်ကို လက်နှင့်ဖိပြီး နာကျင်မှုကို ရှောင်ရှားရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်။ စာရွက်စာတမ်းတွေနဲ့ မွေးစားမှုကို ပယ်ဖျက်ကြောင်းလုပ်ပေမယ့်   နောက်ဆုံးတော့ သူမ ဆန္ဒအရ သူမကို ဆေးရုံပို့ဖို့ အမြန်ပို့ပေးရန် သတိပေးခဲ့ပြီး သတင်းထောက်က လူနာတင်ယာဉ်နောက်ကို ပြေးလိုက်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြန်လာခဲ့ရတယ်။

ဗီဒီယို ပြီးဆုံးသွားတော့ ကျိုးယွင်ရှန့်က ကီးဘုတ်ကို ခေါက်လိုက်ပြီး ရွှယ်ကျင်းရီက ဘယ်ဆေးရုံကို သွားဖူးလဲ အမြန်ဆုံး သိလိုက်ရတယ်။ သူမ မသေသေးပေမယ့် သူမရဲ့ ပျော့ညံ့တဲ့ ခန္ဓာကိုယ်ကြောင့် စီရင်ချက်ချရင်တောင် တရားရုံးတင်စစ်ဆေးတာကို လက်မခံနိုင်ဘဲ ဆေးစစ်ခွင့် လွတ်ငြိမ်းခွင့်ရဖို့ ဆိုပေမယ့် အခုချိန်မှာတော့ သူမဟာ အိမ်ယာမဲ့ ဖြစ်နေတော့ ထောင်ထဲမှာရောက်နေတာထက်စာရင် တော်သေးတယ်လို့ပြောရမည်။
 

ထိုစာရွက်စာတမ်းကို သူမ လက်မှတ်ထိုးရန် ဆန္ဒမရှိခဲ့သော်လည်း ရွှယ်ဇီရွမ် သည် သူနှင့်သူမ၏ မောင်နှမ ဆက်ဆံရေးကို ဖျက်သိမ်းကြောင်း တစ်ဖက်သတ်ကြေငြာခဲ့ပြီး တရားစွဲရန်အတွက် တရားရုံးသို့ တိုင်ကြားခဲ့သည်။

သူမ၏ချစ်လှစွာသော မိဘများသည်ယခုအခါ သူမအား  မုန်းတီးပြီးသူမကို လာကြည့်ရန် ချင်စိတ်ပင် မရှိတော့သလို သူမ၏အချစ်ဆုံး အစ်ကိုကြီးဖြစ်သူက သူမကို အချစ်တော့သည့်အပြင် ညီမအဖြစ်ပင် မလိုချင်တော့ပေ။  

ရွှယ်ကျင်းရီက  ဘယ်လို ခံစားနေရလဲ၊ သူမ  နောင်တရနေသလား၊ နှလုံးရောဂါနဲ့ သေသွားမလား၊ဆိုတာကို ကျိုးယွင်ရှန့်က လုံးဝ ဂရုမစိုက်ပါဘူး။ မိမိကိုယ်မိမိ   နာကျင်အောင်ကြိုးစားသူများသည် သနားစရာကောင်းပြီး လူပျော့ညံ့များသာ ဖြစ်သည်။ ကျိုးယွင်ရှန့်က အင်တာနက်ပေါ်က   ရှာဖွေကြည့်ရှုနေခဲ့သည်။

သူ့ကွန်ပြူတာကို ပိတ်ရန် အဆင်သင့်ဖြစ်နေစဉ်  ရွှယ်ဇီရွယ်၏အကောင့်ကို လူမသိအောင် follow ထားသည့် အကောင့်တစ်ခုကနေ   အချက်ပြသံ ထွက်ပေါ်လာခဲ့သည်။ သူက အချက်လက်အားလုံးကို ပိတ်ထားပြီး ရွှယ်ဇီရွမ်နှင့် ပတ်သတ်သည့် သတင်းတက်လာရင် အချက်ပြဖို့ လုပ်ဆောင်ထားတာဖြစ်သည်။
  ယခုအခါ ရွှယ်မိသားစု အတွင်းနှင့် ပြင်ပတွင် ပြဿနာများစွာ ရှုပ်နေပြီး ကျိုးယွင်ရှန့်၏ခံစားချက်က ရှုပ်ထွေးနေဆဲဖြစ်သည်။

 

စူးစမ်းချင်စိတ်ကြောင့် သူက ခလုတ်ကို နှိပ်လိုက်ရာ ထိုလူသည် စာကြောင်းတစ်ကြောင်းသာ ရေးသားပြီး ဒုတိယဗီဒီယိုကို တင်ထားကြောင်း တွေ့ရှိခဲ့သည်။

" ဘယ်လောက်ကြာနေပါစေ .....မင်း ပြန်လာဖို့ စောင့်နေပါတယ် "

 ရိုးရှင်းသောစာကြောင်းတစ်ခုသာရေးသားထားပြီး တီတီတာတာ ချစ်စရာ အသုံးအနှုန်းများ ပါဝင်ခြင်း မရှိပေ။ ထိုစာသားအောက်တွင် ဗီဒီယိုဖိုင်ကို ပူးတွဲဖော်ပြထားသည်။ သွယ်လျဖြူဖွေးသည့် လက်တဖက်က   သတ္တုကြက်ဥတစ်လုံးကို ညင်သာစွာ ပုတ်လိုက်စဉ်  ကြက်ဥက လှုပ်ခါသွားပြီး  အခွံက "ကလစ် " ဆိုသည့်အသံဖြင့်   ခြေတိုလက်တိုလေးတွေ ထွက်လာပြီး ကြက်ဥလေးက  ဒူးထောက်ပြီး ရယ်စရာကောင်းတဲ့ သတ္တုသံနဲ့    "ငါမှားသွားတယ် သခင်၊ ငါ့ကို ခွင့်လွှတ်ပါ။  အမှားလုပ်မိတာ ခွင့်လွှတ်ပါ သခင်" ဆိုသည့် စကားသံလေး ထွက်ပေါ်လာခဲ့သည်။

ဗီဒီယိုက ဆက်လက်ပွင့်နေပြီး ဗီလိန် system  ၏ အမှားကို ဝန်ခံသည့်အသံက နားထဲမှာ ပြည့်လျှံနေစဉ် ကျိုးယွင်ရှန့်သည် ဖန်သားပြင်ကို အကြာကြီး စိုက်ကြည့်ကာ တိတ်ဆိတ်နေသည်။

ကမ္ဘာ့တစ်ဖက်ခြမ်းမှာတော့ ရွှယ်ဇီရွမ် က သူ့ရဲ့ Weibo ပေါ်တွင် ပို့စ်ကို ပြီးသွားခဲ့ပြီး ဖန်သားပြင်ကို စိုက်ကြည့်နေပါတယ်။ အရင်ဘဝက အတွေ့ကြုံနဲ့ သူ့  နားလည်မှုအရ  ဆယ်ကျော်သက်ကောင်လေးက အင်တာနက်ပေါ် မွှေနောက်က သတင်းဖတ်ရှုရတာကို နှစ်သက်ကြောင်း၊ အီလက်ထရွန်နစ် ကုန်ပစ္စည်း အမျိုးမျိုးကို စုဆောင်းကာ သတင်း အမျိုးမျိုးကို စုဆောင်းကာ သေးငယ်သည့် ကွန်ပြူတာများကို အသုံးပြု၍ တိတ်တိတ်လေး ချောင်းကြည့်ရတာလည်း နှစ်သက်ကြောင်းကို သူ သိထားပြီးဖြစ်သည်။


ပျော်ရွှင်မှု ကင်းမဲ့သည့် ဘဝကနေ သာယာပျော်ရွှင်တဲ့ဘဝနဲ့ ကောင်လေးက နေထိုင်နိုင်ခဲ့လေပြီ။ အရင်ဘဝတုန်းက ကောင်လေးက ရွှယ်ရန်နှင့် အတူ ဘဝကို ဖြတ်သန်းခဲ့သည်။   ဒါကိုတွေးရင်း ရွှယ်ဇီရွမ် ၏ ရင်ထဲ နာကျင်စွာ ခံစားလိုက်ရပြန်သည်။ ရင်ဘတ်ကို အုပ်ကာ ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။ တစ်ချိန်က ရွှယ်ရန် ကို သူ ဘယ်လောက်မုန်းတီးခဲ့ပေမယ့် အခုထိ ရွှယ်ရန်ရဲ့ နေရာကို မယူနိုင်ဘူးဆိုတာ သူ ဘယ်လိုမှ မသိခဲ့ဘူး။   သူက တစ်ချိန်တုန်းက ပျော်ရွှင်မှုနှင့် အလွန်နီးစပ်ခဲ့သည်ကို  မသိနိုင်ဘဲ ထိုပျော်ရွှင်မှုကို ဆုပ်ကိုင်ထားနိုင်စေဖို့ ခြေတလှမ်းသာ လိုအပ်ခဲ့သည်။

 

အခု တစ်ချက်ကြည့်လေးနဲ့  အပြုံးလေးတပွင့်နဲ့  တုနှိုင်းမရအောင် သူ ချစ်ခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးကို ပျော်ရွှင်စေနိုင်မှာလား။ အကြောက်တရားဆိုတာ မရှိ၊ ပင်ပန်းနွမ်းနယ်မှု မရှိ၊ အစာကောင်းကောင်း စားဖို့ မရှိ၊ အနွေးထည်ကောင်းကောင်း မရှိလည်း သူရဲ့ ကောင်လေးပျော်ရွှင်နေမလား? သူက ချာတိတ်လေးအတွက် စိတ်ပူနေသည်၊ သူ့ဝိညာဉ်ကို နှစ်ခြမ်းခွဲလို့မလည်း မရနိုင်ဘူးလား။ သူ့စိတ်ဝိဉာဉ်တစ်ဝက်ကို ဆယ်ကျော်သက်လေးရဲ့  နှလုံးသားထဲမှာ ထည့်သွင့်ထားပြီး ကျန် စိတ်ဝိဉာဉ်တစ်ဝက်ကို သူ့ဆီမှာထားကာ နှစ်ယောက်အကြားကို ကြိုးဖြင့် ချည်ထားလိုက်ချင်တော့သည်။


*************-****************























Chapter (15-1)_ ေခါင္းေလာင္းပန္းတို႔ ေဝေဝဆာဆာပြင့္ဖူးခ်ိန္




႐ႊယ္ဇီ႐ြမ္ သည္ အလုပ္မ်ားၿပီး စိတ္ရႈပ္ေနခ်ိန္တြင္ က်ိဳးယြင္ရွန႔္ သည္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕သို႔ ေရာက္ရွိလာၿပီး မရွိမျဖစ္လိုအပ္ေသာ ပစၥည္းအခ်ိဳ႕ကို ဝယ္ယူၿပီးေနာက္ မန္ခ်က္စတာၿမိဳ႕ ႏွင့္ ေယာ့ခ္ၿမိဳ႕သို႔ ဆက္လက္ခရီးႏွင္ကာ တည္းခိုရန္ သက္ေတာင့္သက္သာရွိေသာ တည္းခိုခန္းငယ္ေလးကို ရွာေဖြေတြ႕ရွိခဲ့သည္။ သူက ရာစုႏွစ္တစ္ခုၾကာသည္အထိ သက္တမ္းၾကာရွည္ဖြင့္လွစ္ခဲ့သည့္ လက္ဖက္ရည္ဆိုင္၏ အရသာကို ျမည္းစမ္းကာ စိတ္လက္ခ်မ္းသာစြာ ႏိုးထလာခဲ့သည္။ ထို႔ေနာက္ သူ၏တစ္ဦးတည္းေသာ   ပခုံးေပၚက ေက်ာပိုးအိတ္ေလးကို ကိုင္ေဆာင္ကာ York Cathedral သို႔ ခရီးလွည့္လည္ခဲ့သည္။

က်ိဳးယြင္ရွန႔္က  အလြန္လွပေသာ Gothic ပုံစံ အေဆာက္အဦးေတြကို ေငးၾကည့္ေနသည္။ ထိုအေဆာင္ဦးႀကီးေတြမွ ေနေရာင္ကို   ေရာင္ျပန္ဟပ္ႏိုင္ေသာ ေရာင္စုံမွန္မ်ားျဖင့္ ဂ်ီဩေမႀတီနည္းက်က် တည္ေဆာက္ထားသည္။ ထိုဘုရားေက်ာင္းႀကီးထဲတြင္  လူအခ်ိဳ႕က ဆုေတာင္းေနၾကသည္၊ အခ်ိဳ႕က ဓမၼသီခ်င္းမ်ားသီဆိုၾကၿပီး၊   အမိုးေပၚက အလွဆင္ထားသည့္ ပန္းခ်ီမ်ားကို ေငးေမွ်ာ္ၾကည့္ေနေသာ က်ိဳးယြင္ရွန႔္ မွလြဲ၍ အျခားသူမ်ားမွာ တိတ္ဆိတ္စြာ ေခါင္းငုံ႔ထားၾကသည္။
(Gothic စတိုင္ အေဆာက္အဦး -   ေရာင္ျခယ္ျပတင္းေပါက္ႀကီးမ်ား၊ ခြၽန္ထက္ေသာ အမိုးခုံးမ်ား၊ သူရဲခိုမ်ား၊ ျပတင္းနံရံကို ေထာက္ကူထားသည့္ ေထာက္တိုင္ႀကီးမ်ား ပါရွိသည့္ တန္ဆာဆင္ အလွဆင္ထားသည့္ ခမ္းနားႀကီးက်ယ္ေသာ အေဆာက္အဦး)
ေနာက္ဆုံးေတာ့ လြတ္လပ္သြားခဲ့ေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ အခု က်ိဳးယြင္ရွန႔္ရဲ႕ ခံစားခ်က္က ေမွ်ာ္လင့္ထားသေလာက္ မေခ်ာေမြ႕ေနခဲ့ဘူး။ သူ႐ုတ္တရက္ အလြန္စိတ္ရႈပ္သြားသလို ဘယ္သြားရမွန္းမသိ၊ ဘာလုပ္ရမွန္းလည္းမသိ၊ တစ္ကိုယ္လုံး ဗလာက်င္း၊ အျမစ္မရွိေသာ သစ္ေစ့ကဲ့သို႔ ေပါ့႐ႊတ္႐ႊတ္ျဖစ္ေနသည္။

ဘုရားေက်ာင္းရွိ ၿငိမ္သက္တိတ္ဆိတ္ေသာေလထုက သူ႔ရင္ကို မြန္းက်ပ္ေစကာ ဆယ္မိနစ္ေလာက္ထိုင္ၿပီးေနာက္ ဆက္လက္ မေနႏိုင္ေတာ့သျဖင့္ တိတ္တဆိတ္ မတ္တပ္ရပ္ကာ ျပန္ထြက္လာခဲ့သည္။ ဒီေန႔ ရာသီဥတုက အရမ္းေအးေပမယ့္ ေနေရာင္က အရမ္းေတာက္ပလို႔ ကားမစီးခ်င္ေတာ့ဘဲ အဝါေရာင္ သစ္႐ြက္ေျခာက္ေတြေပၚ ေျခတစ္လွမ္းခ်င္းလွမ္းၿပီး လမ္းေလွ်ာက္ ျပန္လာခဲ့သည္။


အက်ႌအသစ္က ထူထူေလးျဖစ္ၿပီး လည္ပင္းမွာပတ္ထားတဲ့ မာဖလာပဝါက ေႏြးေနေပမယ့္ တစ္ခုခုေတာ့ ေပ်ာက္ေနတယ္လို႔ သူ အၿမဲတမ္း ခံစားေနရတယ္။ လင္မယားႏွစ္ေယာက္ လက္ခ်င္းတြဲၿပီး ျဖတ္သြားလိုက္တဲ့အခ်ိန္မွာ ထိုအမ်ိဳးသမီးက ဘာေျပာလိုက္သလဲ မသိေပမယ့္ ေယာက္်ားျဖစ္သူက ရယ္ေမာလိုက္ၿပီး သူမရဲ႕လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္တဲ့အခ်ိန္  လူရိပ္ႏွစ္ခုက ပူးကပ္သြားခဲ့သည္။

က်ိဳးယြင္ရွန႔္က လွမ္းၾကည့္လိုက္ေတာ့ သူ ေပ်ာက္ဆုံးေနတဲ့ အရာကို ႐ုတ္တရက္ နားလည္လိုက္ေတာ့သည္၊ ေႏြးေထြးတဲ့ ေပြ႕ဖက္မႈေတြ၊ အားေကာင္းတဲ့ သိုင္းဖက္လာတဲ့ လက္တစ္စုံ၊ နားထဲ ေလပူေတြ မႈတ္ထည့္ေနတဲ့ လူတစ္ဦး၊ လည္ပင္းမွာ သိုင္းဖက္ထားတဲ့ အေလးခ်ိန္ေပ်ာက္ကြယ္သြားျခင္းက ေလ်ာ့ပါးေပ်ာက္ကြယ္သြားခဲ့သည္။   သူ႔ကို အလြန္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ဖူးေသာ ညည္းသံမ်ားက ယခုအခါ မွတ္ဉာဏ္ထဲတြင္ ျပတ္သားစြာ ျမင္ေယာင္လာခဲ့သည္။

 

က်ိဳးယြင္ရွန႔္ သည္ သူ႔ကိုယ္သူ ထိုအေတြးေတြကို မေတြးမိေစရန္ ေလေၾကာင့္ ထုံက်င္ေနေသာ မ်က္ႏွာကို လက္ႏွင့္ ခပ္ၾကမ္းၾကမ္း ပြတ္လိုက္သည္။ သူသည္ ဟိုတယ္ေဘးရွိ ေဂါက္ကြင္းကို ျဖတ္ကာ အျမန္ ေျခလွမ္းအနည္းငယ္လွမ္းကာ ေဂါက္ကစားရန္ သင္ေပးမည္ဟု ႐ႊယ္ဇီ႐ြမ္ ေျပာခဲ့ဖူးသည့္  ေဂါက္ကြင္းေပၚတြင္တည္ရွိေနသည့္ ႐ႊယ္စံအိမ္မွာ သူ ေနထိုင္ရာကို ခဲ့စဥ္အခ်ိန္ကို ျပန္ မေတြးပဲ မေနႏိုင္ေတာ့ေပ။

ေသစမ္း....... သူ ဘယ္လိုလုပ္ ေနရာအႏွံ႔မွာ အဲ့လူကို ျမင္ေနရတာလဲ။ စိတ္ထဲမွာ သူ႔ဖာသာ က်ိန္ဆဲလိုက္ၿပီး က်ိဳးယြင္ရွန႔္ က     မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ သိုးေမြးပဝါကို ဆြဲတင္ကာ ဟိုတယ္ထဲသို႔ ဝင္သြားခဲ့သည္။ အခန္းက ေႏြးေထြးၿပီး သူ႔ေက်ာပိုးအိတ္ကို ခ်လိုက္တယ္။ သူအိပ္ဖို႔ ႀကဳံရာဆိုဖာတစ္လုံးေပၚလွဲခ်ကာ  ေကာ္ဖီစားပြဲေပၚ ေျခေထာက္ကို တင္လိုက္ကာ အိပ္ခန္းတြင္းစီး ဖိနပ္လဲလွယ္ေပးမယ့္လူကို သူ ေစာင့္ေနမိသည္။
 

အခန္းသည္ ထိုလူ၏ စကားသံႏွင့္ ရယ္ေမာျခင္းမရွိဘဲ တိတ္ဆိတ္ေနၿပီး က်ိဳးယြင္ရွန႔္ က သူက အဲ့လူနားက ထြက္လာၿပီျဖစ္ၾကာင္း အသိဝင္ရန္ တစ္မိနစ္ခန႔္ၾကာေနခဲ့သည္။ ယခုအခ်ိန္မွစ၍ သူ အခန္းထဲကို ဝင္လာေသာအခါတြင္ ဖိနပ္ေျပာင္းစီးေပးမယ့္သူ၊  ပင္ပန္းလာေသာအခါ အိပ္ရာထဲသို႔ သူ႔ကို ေပြ႕ခ်ီသယ္ေဆာင္သြားရန္ ခႏၶာကိုယ္ႏွင့္ စိတ္ကို သက္သာေစရန္လုပ္ေပးမယ့္သူ၊ ဆာေလာင္ေနခ်ိန္တြင္ စားစရာကို ျပင္ဆင္ေပးမည့္သူ မရွိေတာ့ေပ။

သူ႔ႏွလုံးသားက လူသူကင္းမဲ့သည့္ ျမက္ခင္းျပင္က်ယ္ႀကီးကဲ့သို႔ ခံစားလိုက္ရၿပီး စိတ္မသက္မသာ မၿငိမ္မသက္ ျဖစ္ေနတာေၾကာင့္ က်ိဳးယြင္ရွန႔္ ဆိုဖာေပၚက ထကာ ဖိနပ္ကို ကန္ခြၽတ္လိုက္ၿပီး     သတင္းေတြကို ရွာေဖြဖို႔ သူ႔လက္ေတာ့ပ္ကြန္ျပဴတာအသစ္နဲ႔ အိပ္ရာေပၚတက္ခဲ့ တယ္။

ယာဥ္တိုက္မႈမွာ တကယ္ေမာင္းႏွင္ခဲ့သူက ဟြမ္ရီသာျဖစ္ၿပီး ဒ႐ိုင္ဘာက်ိဳးရင္ကို လူစားထိုးကာ လူေတြ ျပစ္တင္တာကို ခံေစခဲ့သည္ ဆိုၿပီး ေရးသားခဲ့သည့္ ပို႔စ္ကဖ်က္ခ်ခံလိုက္ၿပီးျဖစ္သည္။

 

ဒီထုတ္ျပန္ခ်က္ထြက္လာေတာ့ လူအုပ္ႀကီးက သူ႔ကို ဝိုင္းဝန္းတိုက္ခိုက္ခဲ့တာ၊ ကားပိုင္ရွင္က  ခုလို အရမ္းကာေရာေမာင္းႏွင္တာက အသိဉာဏ္မရွိဘူးလို႔ လူတိုင္းက ေျပာၾကတယ္၊


 ဒါဆိုရင္ ကားေမာင္းတဲ့သူက ေျခတဖက္ျဖတ္ပစ္လိုက္ရတာ ဘယ္လိုျဖစ္ႏိုင္မလဲ။ ဒါ့အျပင္ မီးသတ္တပ္ဖြဲ႕က ဒဏ္ရာရသူေတြကို ကယ္တင္ခဲ့တဲ့ ျဖစ္စဥ္ကေန ဘယ္လိုျဖစ္ၿပီး အတုအေယာင္ေတြ ျဖစ္ႏိုင္မွာတဲ့လဲ။
 
 

ရဲတပ္ဖြဲ႕သည္  ဟြမ္ရီ၏ကားကို က်ိဳးရင္က ခိုးယူေမာင္းထြက္သြားသည့္ ဗီဒီယိုဖိုင္ကို ပထမဆုံး ထုတ္ျပန္ခဲ့ၿပီး ဝိုင္းဝန္းတိုက္ခိုက္ေနသည့္ လူေတြကို ဟြမ္ရီက    ယာဥ္တိုက္မႈႏွင့္ မသက္ဆိုင္ေၾကာင္း သက္ေသျပခဲ့သည္။ ထို႔ေနာက္ ခ်က္ျခင္းပင္ ႐ႊယ္ဇီ႐ြမ္    သည္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး သူ႔မိဘမ်ားႏွင့္ညီမကို လူသတ္မႈတြင္ ပါဝင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားကာ လူထုကို ေတာင္းပန္ခဲ့သည္။ ႐ႊယ္ေလြ႕ကို ႐ႊယ္လုပ္ငန္းစုႀကီးတစ္ခုလုံးမွာ ရွိသည့္  ရာထူးအားလုံးမွ ထုတ္ပယ္ၿပီး သူ႔ကိုယ္သူ အစားထိုးခဲ့ေၾကာင္း ေၾကညာခဲ့သည္။ ထိုအခ်ိန္မွစ၍  အႁမႊာေမာင္ႏွမႏွစ္ေယာက္၏ ႏွလုံးကို ထုတ္ယူကာ အစားထိုးမယ့္ ေၾကာက္မက္ဖြယ္ရာ ကိစၥက လူသိရွင္ၾကားျဖစ္ခဲ့ၿပီး ေနာက္ဆုံးတြင္ အမွန္တရားကို ထုတ္ေဖာ္ျပသႏိုင္ခဲံသလို ႐ႊယ္မိသားစုမွ အေဝးသို႔ထြက္ခြာသြားခဲ့ရသူ ဟြမ္ရီကို လူတိုင္းက စာနာသနားလာၾကသည္။

 

ဖန္သားျပင္ေပၚတြင္ ႐ႊယ္ဇီ႐ြမ္  ၏မ်က္ႏွာသည္ အလြန္ျဖဴေဖ်ာ့ေနၿပီး မတ္တပ္ရပ္ကာ ဦးၫႊတ္ေတာင္းပန္ေနစဥ္  ႏွစ္ႀကိမ္တိုင္တိုင္ ယိမ္းယိုင္ကာ မူးလဲလုနီးပါးျဖစ္ကာ နဖူးကို အုပ္ကိုင္ကာ လက္မ်ားကို ေဝွ႔ယမ္းကာ သတင္းေထာက္မ်ား၏ ေအာ္ဟစ္သံေအာက္တြင္ တံခါးဆီသို႔ ဖ်က္ညႇစ္အားတင္းကာ ထြက္လာခဲ့သည္။

က်ိဳးယြင္ရွန႔္က ဒီျမင္ကြင္းကိုေတြ႕ေတာ့ တုန္တုန္ယင္ယင္နဲ႔ ကူညီခ်င္လို႔ သူ႔လက္ကို ဆန႔္လိုက္စဥ္ ပါးလႊာတဲ့ ဖန္သားျပင္နဲ႔ ျခားထား႐ုံသာမက ကမာၻႀကီးရဲ႕ အဆုံးတဖက္မွာ သူေရာက္ရွိေနေၾကာင္း အသိဝင္လာခဲ့သည္။
 

သတင္းေထာက္တစ္ေယာက္က မိုက္ခ႐ိုဖုန္းကို ပါးစပ္ကေန ေျမႇာက္ၿပီး ေလးေလးနက္နက္ လွမ္းေမးခဲ့သည္။

  "မစၥတာ ႐ႊယ္ကို ေမးလို႔ရမလားခင္ဗ်ာ။ မင္းရဲ႕ မိဘအရင္းနဲ႔ ေမြးစားညီမကို ဘာမွ ေသြးသား မသက္ဆိုင္တဲ့သူတစ္ေယာက္အတြက္ ရဲကိုတိုင္ၾကားခဲ့ရတာ ဘယ္လိုခံစားရလဲ။   ဒါကို ဘယ္လို ဆက္လုပ္မလဲဆိုတာ ေျပာျပပါ။ ခင္ဗ်ား ေရွ႕ဆက္လုပ္မယ့္ အေၾကာင္း ကြၽန္ေတာ္တို႔သိလို႔ရမလား။"

"မင္းေျပာခ်င္တာက ငါ ခုလို မွန္ကန္တဲ့အရာကို မလုပ္သင့္ဘူးေပါ့..ဟုတ္လား"

႐ႊယ္ဇီ႐ြမ္  က ႐ုတ္တရက္ရပ္လိုက္ၿပီး ဒီသတင္းေထာက္ကို လွည့္ၾကည့္လိုက္တယ္။

 "ဒါဆို ငါ ဘာလုပ္သင့္တယ္လို႔ ခင္ဗ်ား ထင္လဲ။ သူတို႔လုပ္တဲ့မေကာင္းမႈကို  မသိခ်င္ေယာင္ေဆာင္ၿပီး အရာအားလုံးကို ဖုံးကြယ္ထားလိုက္ရမွာလား။ ေရွာင္ရီကိုသတ္ၿပီး သူ႔ႏွလုံးသားကို ေဖာက္ထုတ္ဖို႔ မိဘႏွစ္ေယာက္ရဲ႕လုပ္ရပ္ကို ငါက ဒီအတိုင္းၾကည့္ေနရမွာလား။  ငါကိုယ္တိုင္ ဒီမေကာင္းမႈမွာ ပါဝင္ၿပီး အေလာင္းကို ေဖ်ာက္ဖ်က္ဖို႔ လုပ္ေပးသင့္တာလား။ ဒီလိုမ်ိဳးကို လုပ္သင့္သလား။ ငါ့မွာ အသိတရားမရွိဘူးလို႔ တခ်ိဳ႕ကေျပာၾကတယ္၊ ငါ့မိဘေတြေတာင္ ရဲကို သတင္းပို႔တယ္၊ ဥပေဒကို ေဖာက္ဖ်က္ဖို႔၊ သူတို႔ လူသတ္ဖို႔ ကူညီေပးရမွာလား။ အဲဒါဆိုရင္ အရွက္တရား၊ ကိုယ္က်င့္တရားဆိုတာေရာ ရွိေသးရဲ႕လား။ အဲ့လိုဆိုရင္ေတာ့ မင္းရဲ႕ 'အသိစိတ္' လို႔ ေခၚတဲ့ စိတ္က တကယ္ကို ေၾကာက္စရာေကာင္းတာပဲ"
 

သတင္းေထာက္သည္ ေမးခြန္းေၾကာင့္ အံၾသသြားကာ သူက ဦးေႏွာက္မရွိေသာ္လည္း ႐ႊယ္ဇီ႐ြမ္  သည္ အမွားအယြင္း လုံးဝ မလုပ္ေၾကာင္းကိုလည္း သူ သိေနသည္။ အသဲႏွလုံးကင္းမဲ့ၿပီး တရားမွ်တမႈ မရွိဘူးလို႔ ေဝဖန္သူေတြက ပါးစပ္ မဖြင့္ရဲၾကေတာ့ဘူး။ အခုခ်ိန္ သူတို႔ႏိုင္ငံမွာ ေခါင္းေဆာင္သစ္ တက္လာၿပီး လူမႈေရးအေျခေနကို   ျပဳျပင္ရန္ အျပင္းထန္ဆုံး လုပ္ေဆာင္ေနသည့္ ကာလျဖစ္သည္၊ ဥပေဒကို လက္ကိုင္ျပဳရန္၊ တရားမွ်တမႈရွိရန္ အဓိက ထားလုပ္ေဆာင္ေနသျဖင့္ ဘယ္သူမွ က်ိဳးယြင္ရွန႔္ရဲ႕လုပ္ရပ္က တရားဥပေဒကို ဆန႔္က်င္ၿပီး တရားမႈမရွိဘူးလို႔    ပြင့္ပြင့္လင္းလင္း မေျပာရဲေသာ သတၱိမရွိၾကေပ။

႐ႊယ္ဇီ႐ြမ္ ရဲ႕လုပ္ရပ္က ကဲ့ရဲ႕ရႈတ္ခ်ႏိုင္ျခင္းမရွိပဲ ကိုယ္က်င့္တရားႏွင့္ အညီလုပ္ေဆာင္ေနသည္ကို လူတိုင္းသိေနၾကသည္။

 

"မင္းက ဟြမ္ရီ နဲ႔ မသင့္ေလ်ာ္တဲ့ ေယာက်္ားခ်င္း ဆက္ဆံေရးကို ထိန္းသိမ္းထားတဲ့ ဇာတ္လမ္းေတြကေရာ၊  အဲဒါက မင္းမိဘေတြကို ရဲဆီ သတင္းပို႔ဖို႔ တြန္းအားေပးခဲ့တဲ့ အဓိကအေၾကာင္းအရင္းပဲ မဟုတ္လား။"

ထိုသတင္းေထာက္ ႐ႊယ္ဇီ႐ြမ္  ကို ရင္ဆိုင္ရန္ စိတ္ပိုင္းျဖတ္ထားသည္။

မ်က္ႏွာအမူအရာကင္းမဲ့ေနေသာ ႐ႊယ္ဇီ႐ြမ္  က ရွားရွားပါးပါး ေဒါသအမ်က္ထြက္လာသည့္တိုင္ ေလးနက္ေသာ အသံျဖင့္ စကားတစ္ခြန္းျဖင့္ ေျပာခဲ့သည္-

"မင္းရဲ႕ ညစ္ညမ္းေနတဲ့ အေတြးေတြနဲ႔ ငါတို႔ရဲ႕ ဆက္ဆံေရးကို လာမေျပာနဲ႔။  တစ္စုံတစ္ေယာက္က ေကာလာဟလေတြ ျဖန႔္တာ ဒါမွမဟုတ္ ဆဲဆိုေရးသားတာလုပ္မယ္ဆိုရင္ ဥပေဒအတိုင္း အေရးယူေဆာင္႐ြက္မယ္"

 ထိုစကားကိုေျပာၿပီးေနာက္ ႐ႊယ္ဇီ႐ြမ္  သည္ သူ႔ကိုယ္ရံေတာ္မ်ား၏ အကာအကြယ္ေအာက္တြင္ လ်င္ျမန္စြာ ခန္းမက်ယ္ထဲက ထြက္ခြာသြားခဲ့သည္။ တစ္ေလာကလုံးေရွ႕မွာ သူ႔ရဲ႕ခ်စ္ျခင္းေမတၱာကို က်ယ္က်ယ္ေလာင္ေလာင္ ေျပာခ်င္ေပမယ့္ လုပ္လို႔မျဖစ္ေသးဘူး။ ဆယ္ေက်ာ္သက္ေကာင္ေလးကို လူတိုင္း လက္ညႇိဳးထိုးမည့္ အေျခေနေအာက္ကို သူ တြန္းပို႔ဖို႔မျဖစ္ေသးဘူး။
 

က်ိဳးယြင္ရွန႔္သည့္ ထိုဗီဒီယိုကို ၿပီးသည္အထိ ၾကည့္ေနၿပီးေနာက္    အခ်ိန္အေတာ္ၾကာေအာင္ အသိမျပန္မကပ္ႏိုင္ေသးေပ။

 သူသည္ ႐ႊယ္လုပ္ငန္းစု၏စေတာ့ေဈးႏႈန္းကိုစစ္ေဆးၾကည့္ရာ က်ဆင္းသြားေသာ္လည္း အမ်ားအျပား မဟုတ္ေၾကာင္း ေတြ႕လိုက္ရသည္၊ ႏိုင္ငံျခားလုပ္ငန္းမ်ားႏွင့္ အတူပူးေပါင္းႏိုင္ခဲ့ၿပီး ရွယ္ယာဝယ္ယူမႈက ျပန္လည္တက္လာခဲ့သည္။  ထိုသို႔လုပ္ငန္းခ်င္း ေပါင္းစည္းမႈႏွင့္ ဝယ္ယူမႈမ်ားစြာကို အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္ခဲ့ၿပီး၊ စေတာ့ရွယ္ယာပိုင္ရွင္အမ်ားစုသည္ ႐ႊယ္လုပ္ငန္းစု၏ ဖြံ႕ၿဖိဳးတိုးတက္မယ့္ အလားအလာကို ယုံၾကည္ေနၾကသည္၊ အခ်ိန္အတိုင္းအတာတစ္ခု ၾကာၿပီးေနာက္  စေတာ့ေဈးက အရင္ကထက္ ျပန္တက္လာႏိုင္တယ္။

က်ိဳးယြင္ရွန႔္သည္ ရင္ထဲ စိတ္ညစ္သမွ်ကို အသက္ျပင္းျပင္းရႈထုတ္လိုက္ၿပီး ႐ႊယ္ဇီ႐ြမ္ က  ရဲေခၚရန္ေ႐ြးခ်ယ္မည္ဟု ဘယ္ေသာအခါမွ မေမွ်ာ္လင့္ထားေပ။ ႐ႊယ္ မိသားစုရဲ႕ ဆုံးရႈံးမႈနဲ႔ အပ်က္သေဘာေဆာင္တဲ့ မေကာင္းတဲ့ သက္ေရာက္မႈေတြကို ေလ်ာ့ပါးေအာင္ တိတ္တဆိတ္ ေခ်ာေခ်ာေမြ႕ေမြ႕ လုပ္မယ္လို႔ သူ ထင္ခဲ့ေပမယ့္ ႐ႊယ္ဇီ႐ြမ္ က မလုပ္ခဲ့ပါဘူး။ သူသည္ ႐ႊယ္ေလြ႕ တို႔ သုံးေယာက္ကို အမွန္တကယ္ ရဲစခန္းကို သတင္းပို႔ခဲ့ၿပီး အမႈႏွင့္ ပတ္သတ္သည့္  အမွန္တရားကို ေၾကညာရန္ သတင္းစာရွင္းလင္းပြဲကို လုပ္ေဆာင္ခဲ့သည္။

သူ႔ကိုယ္သူ ခုခံကာကြယ္ဖို႔ အရာအားလုံးကို လုပ္ေဆာင္ခဲ့ၿပီး မီဒီယာေတြရဲ႕ ႐ိုင္းစိုင္းတဲ့ ထင္ျမင္ယူဆခ်က္ေတြကို ေရွာင္ရွားဖို႔ က်ိဳးယြင္ရွန႔္အေၾကာင္းကို လုံးဝထုတ္မေျပာခဲ့ေပ။ က်ိဳးယြင္ရွန႔္က ဒါကိုၾကည့္ၿပီးေနာက္ သူ႔ရင္ထဲမွာ ဘာခံစားခဲ့ရတယ္ဆိုတာကို မေျပာႏိုင္ဘဲ မ်က္လုံးေတြ အနည္းငယ္နာေနၿပီး ႏွာေခါင္းက စူးလာခဲ့သည္။ က်ိဳးယြင္ရွန႔္က   အျခားသတင္းမ်ားကို လိုက္လံၾကည့္ေနလိုက္သည္။

က်ိဳးရင္နဲ႔ ဟူတုန္း တို႔ဟာ သူေမွ်ာ္လင့္ထားတဲ့ ကားမေတာ္တဆမႈမွာ မေသခဲ့ဘူး။ သူ ထပ္ခါထပ္ခါေျပာခဲ့သလိုပဲ ၿပိဳင္ကားတစ္စီးရဲ႕ ေဘးကင္းလုံၿခဳံေရးလုပ္ေဆာင္ခ်က္အျပင္ ဟူတုန္း ရဲ႕ Maybach ကားက  ပိုင္ရွင္ရဲ႕အသက္ကို အျမင့္ဆုံး ကာကြယ္ႏိုင္သည့္အျပင္ က်ည္ဆန္ဒဏ္နဲ႔ ျပင္းထန္သည့္ ဝင္ေဆာင့္မႈကို ခံႏိုင္ပါတယ္။ လူႏွစ္ဦးက ကားခ်င္းဆိုင္ တိုက္မိၿပီးေနာက္ တစ္ေယာက္က ဘယ္ေျခေထာက္တစ္ေခ်ာင္းႏွင့္ က်န္တစ္ေယာက္က  ညာဘက္ေျခေထာက္တစ္ေခ်ာင္းကို ျဖတ္လိုက္ရသည္။ က်ိဳးယြင္ရွန႔္က ခဏစဥ္းစားၿပီး ဟူတုန္းက  သူ႔မိဘမ်ားကို သတ္ခဲ့သည့္ ဗီဒီယိုဖိုင္ကို ထိုႏိုင္ငံသို႔ ျပန္ပို႔လိုက္ရာ အဆိုပါ ကိစၥမွာ  ရွင္းသြားခဲ့ၿပီျဖစ္သည္။  ေမာ္ေတာ္ယဥ္ေမာင္းစနစ္တြင္ က်န္ရွိေနေသာ autopilot စနစ္လည္း ပါဝင္သျဖင့္ ကားကို မႈခင္းေဆးပညာဌာနကို အႏွစ္တစ္ရာေလာက္ထားရွိကာ စစ္ေဆးလည္း အထဲမွာ သူ ထည့္ထားတဲ့ ကြန္ျပဴတာနဲ႔ထိန္းခ်ဳပ္တဲ့ စနစ္ကို ေဖာ္လို႔မရႏိုင္ပဲ ဒီအရာက သာမန္ေဖ်ာ္ေျဖေရးအတြက္ ထည့္ထားသည့္အရာလို႔ပဲ ထင္လိမ့္မည္။
 

ယခုအခါ အဆိုပါအမႈတြင္ ပါဝင္ပတ္သက္သူ အမ်ားအျပားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး ကြင္းဆက္အေထာက္အထား အျပည့္အစုံကို အေႏွးႏွင့္အျမန္ဆိုသလို ရွာေဖြႏိုင္ရန္ အသံဖိုင္မ်ားရွိေၾကာင္း သိရသည္။ ႐ႊယ္ေလႊ႕ သည္ လက္ရွိတြင္ သူတို႔ လုပ္ခဲ့သည့္ လုပ္ရပ္ကို  ခုခံကာကြယ္ရန္အတြက္ ေရွ႕ေနမ်ား ေခၚယူေနေသာ္လည္း လူသတ္ရန္ လုပ္ေဆာင္ခဲ့ေပမယ့္   လူမေသေသးဘဲ လူသတ္ရန္  ႀကံစည္မႈျဖင့္   အမ်ားဆုံး ေထာင္ဒဏ္ ၃ ႏွစ္မွ ငါးႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း သိလိုက္ရသည္။ ထိုအျပစ္ဒဏ္ကို ႏွစ္ႏွစ္ၾကာ ဆိုင္းငံ့ထားလို႔ရသည့္အျပင္ နာမည္ပ်က္သြားခဲ့တာလြဲရင္ မည့္သည့္ ဒဏ္ေငြကိုမွ ေပးေဆာင္စရာမလိုေပ။
 

သူ အရမ္းေတြးေနေပမယ့္ ကံမေကာင္းစြာပဲ သူက ႐ႊယ္က်င္းရီ ရဲ႕ အႀကံဉာဏ္ကို လိုက္နာၿပီး ဟြမ္ရီကို လုပ္ႀကံဖို႔ ဘိန္းျဖဴႏွစ္ကီလိုဂရမ္ကို ဝယ္ခဲ့ တယ္။ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားျခင္းသည္ ရာဇဝတ္မႈတစ္ခုျဖစ္ၿပီး ပမာဏ အလြန္ႀကီးမားပါက တစ္သက္တစ္ကြၽန္း သို႔မဟုတ္ ေသဒဏ္အထိခ်မွတ္ႏိုင္သည္။

ကုမၸဏီ၏ အဓိက ရည္မွန္းခ်က္မွာ  ျပႆနာကို ေျဖရွင္းခ်က္ေပးရန္ ျဖစ္သည္။

တကယ္ေတာ့ ႐ႊယ္က်င္းရီ ဟာ သူတို႔ အေပၚကို အမွား မလုပ္ခဲ့ပါဘူး၊ ရရွိထားတဲ့ အေထာက္အထားေတြအရ ႐ႊယ္က်င္းရီက  တကယ္ပဲ သူမရဲ႕ အႁမႊာညီအကိုရဲ႕ ႏွလုံးသားကို အရွင္လတ္လတ္ ထုတ္ယူဖို႔အတြက္ လုပ္ႀကံဖန္တီးရန္ စီစဥ္ထားတဲ့ လူသတ္မႈ ကို အေသးစိပ္ေဖာ္ျပခံခဲ့ၿပီး၊ မ႐ိုးသားတဲ့ လုပ္ရပ္အကုန္ လုပ္ေဆာင္ခဲ့သည္။
 

႐ႊယ္က်င္းရီက ဟြမ္ရီကို အမႈဆင္ႏိုင္ဖို႔ သူမကိုယ္တိုင္ ဝယ္ယူခဲ့သည့္ ဘိန္းျဖဴေၾကာင့္    ျပင္းထန္ေသာ ေသဒဏ္ႏွင့္ အေပါ့ပါးဆုံး ေထာင္ဒဏ္ 15 ႏွစ္ က်ခံရမည့္အေၾကာင္း   သိလိုက္ေသာအခါတြင္ သူမ တစ္ကိုယ္လုံး တုန္လႈပ္သြားခဲ့သည္။

CCTV မွ သတင္းေထာက္သည္ တစ္ခ်ိန္က ေ႐ႊထီးေဆာင္းၿပီး ယခု သံတိုင္ေနာက္တြင္ရွိေနသည့္ အနာဂါတ္ၾကယ္ပြင့္အား ေတြ႕ဆုံေမးျမန္းခဲ့ရာတြင္ သူမသည္ အခ်ဳပ္ခန္းတံခါးကို လႈပ္ယမ္းကာ နာက်င္စြာငိုေႂကြးလ်က္  သူမက   မွားယြင္းခဲ့တယ္ဆိုတာ သိပါၿပီဟု ေျပာခဲ့သည္။
 
 

"အစ္ကိုႀကီးကို ကြၽန္မ ေတြ႕ခ်င္တယ္၊ ေရွ႕ေနလိုခ်င္တယ္၊ အစ္ကိုႀကီးကို လာေတြ႕ဖို႔ ေျပာေပးၿပီး အေကာင္းဆုံးေရွ႕ေနကို ေခၚေပးဖို႔  ကူညီေပးၾကပါ။ ဟြမ္ရီက  အိမ္ကေန ထြက္ေျပးသြားတယ္၊ သူ မေသေသးလို႔ ဒါက ရာဇဝတ္မႈအေျမာက္ပါဘူး မတြက္ဘူး။"

သူမလည္း စိတ္ထဲတြင္ ယုံၾကည္ထားသည့္အတိုင္း ေပါ့ေပါ့ပါးပါး ျငင္းခုံေနမိသည္။

CCTV သတင္းေထာက္မ်ားသည္ အင္တာဗ်ဴး မေျဖမီတြင္   သူမ၏ ႏွာရည္ယိုစိမ့္ထြက္ေနေသာ အက်ည္းတန္ပုံမ်ားကို ႐ိုက္ကူးေနစဥ္ အနားတြင္ မတ္တပ္ရပ္၍ ေစာင့္ၾကည့္ေနၾကေသာ္လည္း ေရွ႕ေနအမ်ားအျပားသည္ လက္ဆြဲအိတ္မ်ား ကိုင္ေဆာင္ကာ ေလးနက္သည့္အမုူယာျဖင့္ အျမန္ေျပးလာသည္ကို ေတြ႕လိုက္ရသည္။

ဒီလူေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ နာမည္ႀကီးေရွ႕ေနေတြျဖစ္ၿပီး အႀကံေပးတိုင္ပင္ခက ေဈးႀကီးတဲ့သူေတြျဖစ္သည္။ သူတို႔က  ကင္မရာကို မ်က္လုံးစိထဲမထည့္ၾကဘူးလို႔ သတင္းေထာက္က ေျပာခဲ့တယ္။

"အန္ကယ္လီ၊ အန္ကယ္ ဒီကိုေရာက္ေနၿပီ၊ ကြၽန္မရဲ႕ အစ္ကိုႀကီးက ကြၽန္မကို ကာကြယ္ဖို႔ အန္ကယ္ကို ကူညီခိုင္းေပးတာလား"

႐ႊယ္က်င္းရီသည္ ေရွ႕ေနလီ၏ အက်ႌေထာင့္ကို ဖမ္းရန္ အက်ဥ္းခန္းတံခါးကို ျဖတ္ကာ လက္ဆန႔္ထုတ္ခဲ့သည္။ သူသည္ ႐ႊယ္ေလြ႕၏ သူငယ္ခ်င္းျဖစ္ၿပီး ႐ႊယ္ေမာင္ႏွမႏွစ္ေယာက္ကို   ႀကီးျပင္းလာသည္ကို ျမင္ခဲ့သူျဖစ္ၿပီး ထိုသို႔ေသာအျဖစ္အပ်က္မ်ိဳးျဖစ္လာရန္ မေမွ်ာ္လင့္ထားေပ။

သူသည္ ႐ိုး႐ိုးရွင္းရွင္းႏွင့္ လူေျဖာင့္ႀကီး ျဖစ္ေသာေၾကာင့္ ႐ႊယ္ေလြ႕ သည္ ကုမၸဏီ၏ ဥပေဒေရးရာမ်ားကို ကိုင္တြယ္ရန္ သူ႔ကိုသာ ေတာင္းဆိုခဲ့ၿပီး အခ်ိဳ႕ေသာ မေကာင္းသည့္အလုပ္မ်ားကို အျခားေရွ႕ေနတစ္ဦးကို ကိုင္တြယ္ေစခဲ့သျဖင့္ ႐ႊယ္ေလြ႕လုပ္ခဲ့သည့္လုပ္ရပ္က သူ႔ကို ဆြဲမခ်ႏိုင္ခဲ့ေပ။
 

႐ိုး႐ိုးသားသား ေျပာရလွ်င္ အခင္းျဖစ္ပြားသည့္ေန႔တြင္ သူသည္ အလြန္စိတ္မေကာင္းျဖစ္ကာ တုန္လႈပ္သြားခဲ့ရသည္။ သူငယ္ခ်င္း႐ႊယ္ေလြ႕က သူ႔ေမြးစားသမီးေလး၏ အသက္ကို ဆက္လက္ရွင္ေအာင္လုပ္ဖို႔ အႀကံမရွိေတာ့လို႔   အျပစ္ကင္းစင္ေသာ ဆယ္ေက်ာ္သက္တစ္ဦးကို လုပ္ႀကံဖို႔ လုပ္ခဲ့မိတာ ျဖစ္မည္ဟု ထင္ခဲ့သည္။ ဒါေပမယ့္ ႐ႊယ္က်င္းရီ   ရဲ႕ ရက္စက္မႈပါပဲ။ အသံဖိုင္မ်ားကို နားေထာင္ၿပီးေနာက္ သူသည္ ရင္ထဲကေန ေအးစက္သြားကာ ဟြမ္ရီ မည္ကဲ့သို႔ ခံစားရသည္ကို သူ စိတ္ကူး မၾကည့္ႏိုင္ေတာ့ေပ။

 

သူသည္  ႐ႊယ္က်င္းရီ ၏လက္ ဆန႔္တန္းလာသည္ကိုျမင္ေတာ့   ႐ြံ႕ရွာေနေသာ မ်က္ႏွာထားျဖင့္ မသိစိတ္ျဖင့္ ေရွာင္လိုက္ၿပီး လက္ဆြဲအိတ္ထဲမွ စာ႐ြက္ကို ဆြဲထုတ္ကာေျပာခဲ့သည္။


 "ဒါက ႐ႊယ္ မိသားစုနဲ႔ မင္းေမြးစားတဲ့ ဆက္ဆံေရးကေန ဖ်က္သိမ္းလိုက္တဲ့  စာ႐ြက္စာတမ္းပဲ၊ ႐ႊယ္ေလြ႕နဲ႔႐ႊယ္လီဒန္နီ က လက္မွတ္ထိုးၿပီးသားပဲ။ အဲဒါ မင္းလည္း လက္မွတ္ထိုးဖို႔လိုတယ္။"

သတင္းေထာက္သည္ ထိုအရာက တကယ့္အေရးႀကီးသည့္ သတင္းျဖစ္တယ္ဆိုတာ သိလို႔    ထိုစာ႐ြက္စာတမ္းကို ဓာတ္ပုံ႐ိုက္ရန္ ဓာတ္ပုံဆရာကို အေဆာတလ်င္ ေတာင္းဆိုခဲ့သည္။ ေဝးကြာလွသည့္ အဂၤလန္တြင္ရွိေနသည့္ က်ိဳးယြင္ရွန႔္   သည္ စာ႐ြက္စာတမ္းပါ အေၾကာင္းအရာမ်ားကို ရွင္းရွင္းလင္းလင္း ၾကည့္ရႈႏိုင္ခဲ့ၿပီး အဲ့ဒါက အမွန္တကယ္ပင္ ေမြးစားျခင္းကို ဖ်က္သိမ္းသည့္ စာ႐ြက္စာတမ္းတစ္ခုျဖစ္ၿပီး ဒီထဲမွာ လက္မွတ္ေရးထိုးၿပီးေနာက္ ႐ႊယ္က်င္းရီ သည္ ႐ႊယ္ မိသားစုႏွင့္ ပတ္သတ္မႈ မရွိႏိုင္ေတာ့ေပ။  ကုမၸဏီကလည္း ႐ႊယ္ဇီ႐ြမ္က  သူမအတြက္ အေကာင္းဆုံးေရွ႕ေနငွားၿပီး အာမခံေပးေစမယ္ဆိုတာ  အျဖစ္ႏိုင္တဲ့ အိပ္မက္တစ္ခုလိုပဲ ဆိုတာ သိေနသည္။

တစ္ခ်ိန္က ႐ႊယ္ မိသားစုရဲ႕ ျမင့္မားၿပီး တန္ခိုးႀကီးတဲ့ မင္းသမီးေလးဟာ ဒီေန႔ကစၿပီး ဘာမွမဟုတ္ေတာ့ဘူး။ ပထမဆုံးလုပ္ရမွာက အသစ္တစ္ခုရဖို႔ပါ။

ဒါကိုျမင္ေတာ့ က်ိဳးယြင္ရန႔္ က သက္ျပင္းရွည္ႀကီး မႈတ္ထုတ္လိုက္သည္။ villain system ကို မဖယ္ရွားဘူးဆိုရင္  ဒီေန႔မွာ ႐ႊယ္က်င္းရီ ႏွိပ္စက္ခံရသလို မနက္ျဖန္ သူ႔အလွည့္ေရာက္လာႏိုင္တယ္။    သူမကို ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ သူက ေထာင္က်သြားႏိုင္သည္၊ ဒါမွမဟုတ္ သူက မေတာ္တဆမႈ တစ္ခုႏွင့္ ေသဆုံးသြားရၿပီး သူ႔ႏွလုံးကို ႐ႊယ္က်င္းရီဆီကို တရားဝင္ ေပးအပ္လိုက္ရႏိုင္တယ္။  ဒါမွ သူမက ခ်စ္ရသူႏွင့္ ေပါင္းဖက္ၿပီး ေပ်ာ္႐ႊင္ေသာဘဝျဖင့္ ေနထိုင္သြားႏိုင္မည္ျဖစ္သည္။

ဒါေပမယ့္ ဘာအေၾကာင္းေၾကာင့္လဲ။ ႐ႊယ္က်င္းရီရဲ႕ဘဝ  ျပည့္စုံေစဖို႔ အတြက္ သူ႔အသက္ကို ဘာေၾကာင့္ ေပးရမွာလဲ။ က်ိဳးယြင္ရွန႔္သည္ မ်က္႐ိုးကို ပြတ္ရင္း ဖန္သားျပင္ေပၚတြင္ ေၾကကြဲငိုေႂကြးေနေသာ မိန္းကေလးငယ္ကို ဂ႐ုမစိုက္ဘဲ စိုက္ၾကည့္ေနသည္။

ယခုအခ်ိန္တြင္ သူမသည္ ေတာက္ပေသာ ေ႐ႊေရာင္ခန္းမ မရွိေတာ့ေပ၊ စာ႐ြက္စာတမ္းအား မ်က္ရည္ယိုစီးလ်က္ ဆြဲယန္ရန္  ႀကိဳးစားခဲ့ေသာ္လည္း ေရွ႕ေနက ေရွာင္လိုက္သည့္အတြက္ ေျမျပင္ေပၚတြင္ လူးလိမ့္ကာ ငိုယိုေႂကြးလ်က္ ႏွလုံးရွိရာ ရင္ဘတ္ကို လက္ႏွင့္ဖိၿပီး နာက်င္မႈကို ေရွာင္ရွားရန္ နည္းလမ္းေပါင္းစုံကို အသုံးျပဳခဲ့သည္။ စာ႐ြက္စာတမ္းေတြနဲ႔ ေမြးစားမႈကို ပယ္ဖ်က္ေၾကာင္းလုပ္ေပမယ့္   ေနာက္ဆုံးေတာ့ သူမ ဆႏၵအရ သူမကို ေဆး႐ုံပို႔ဖို႔ အျမန္ပို႔ေပးရန္ သတိေပးခဲ့ၿပီး သတင္းေထာက္က လူနာတင္ယာဥ္ေနာက္ကို ေျပးလိုက္ခဲ့ေပမဲ့ မေအာင္ျမင္ဘဲ ျပန္လာခဲ့ရတယ္။

ဗီဒီယို ၿပီးဆုံးသြားေတာ့ က်ိဳးယြင္ရွန႔္က ကီးဘုတ္ကို ေခါက္လိုက္ၿပီး ႐ႊယ္က်င္းရီက ဘယ္ေဆး႐ုံကို သြားဖူးလဲ အျမန္ဆုံး သိလိုက္ရတယ္။ သူမ မေသေသးေပမယ့္ သူမရဲ႕ ေပ်ာ့ညံ့တဲ့ ခႏၶာကိုယ္ေၾကာင့္ စီရင္ခ်က္ခ်ရင္ေတာင္ တရား႐ုံးတင္စစ္ေဆးတာကို လက္မခံႏိုင္ဘဲ ေဆးစစ္ခြင့္ လြတ္ၿငိမ္းခြင့္ရဖို႔ ဆိုေပမယ့္ အခုခ်ိန္မွာေတာ့ သူမဟာ အိမ္ယာမဲ့ ျဖစ္ေနေတာ့ ေထာင္ထဲမွာေရာက္ေနတာထက္စာရင္ ေတာ္ေသးတယ္လို႔ေျပာရမည္။
 

ထိုစာ႐ြက္စာတမ္းကို သူမ လက္မွတ္ထိုးရန္ ဆႏၵမရွိခဲ့ေသာ္လည္း ႐ႊယ္ဇီ႐ြမ္ သည္ သူႏွင့္သူမ၏ ေမာင္ႏွမ ဆက္ဆံေရးကို ဖ်က္သိမ္းေၾကာင္း တစ္ဖက္သတ္ေၾကျငာခဲ့ၿပီး တရားစြဲရန္အတြက္ တရား႐ုံးသို႔ တိုင္ၾကားခဲ့သည္။

သူမ၏ခ်စ္လွစြာေသာ မိဘမ်ားသည္ယခုအခါ သူမအား  မုန္းတီးၿပီးသူမကို လာၾကည့္ရန္ ခ်င္စိတ္ပင္ မရွိေတာ့သလို သူမ၏အခ်စ္ဆုံး အစ္ကိုႀကီးျဖစ္သူက သူမကို အခ်စ္ေတာ့သည့္အျပင္ ညီမအျဖစ္ပင္ မလိုခ်င္ေတာ့ေပ။  

႐ႊယ္က်င္းရီက  ဘယ္လို ခံစားေနရလဲ၊ သူမ  ေနာင္တရေနသလား၊ ႏွလုံးေရာဂါနဲ႔ ေသသြားမလား၊ဆိုတာကို က်ိဳးယြင္ရွန႔္က လုံးဝ ဂ႐ုမစိုက္ပါဘူး။ မိမိကိုယ္မိမိ   နာက်င္ေအာင္ႀကိဳးစားသူမ်ားသည္ သနားစရာေကာင္းၿပီး လူေပ်ာ့ညံ့မ်ားသာ ျဖစ္သည္။ က်ိဳးယြင္ရွန႔္က အင္တာနက္ေပၚက   ရွာေဖြၾကည့္ရႈေနခဲ့သည္။

သူ႔ကြန္ျပဴတာကို ပိတ္ရန္ အဆင္သင့္ျဖစ္ေနစဥ္  ႐ႊယ္ဇီ႐ြယ္၏အေကာင့္ကို လူမသိေအာင္ follow ထားသည့္ အေကာင့္တစ္ခုကေန   အခ်က္ျပသံ ထြက္ေပၚလာခဲ့သည္။ သူက အခ်က္လက္အားလုံးကို ပိတ္ထားၿပီး ႐ႊယ္ဇီ႐ြမ္ႏွင့္ ပတ္သတ္သည့္ သတင္းတက္လာရင္ အခ်က္ျပဖို႔ လုပ္ေဆာင္ထားတာျဖစ္သည္။
  ယခုအခါ ႐ႊယ္မိသားစု အတြင္းႏွင့္ ျပင္ပတြင္ ျပႆနာမ်ားစြာ ရႈပ္ေနၿပီး က်ိဳးယြင္ရွန႔္၏ခံစားခ်က္က ရႈပ္ေထြးေနဆဲျဖစ္သည္။

 

စူးစမ္းခ်င္စိတ္ေၾကာင့္ သူက ခလုတ္ကို ႏွိပ္လိုက္ရာ ထိုလူသည္ စာေၾကာင္းတစ္ေၾကာင္းသာ ေရးသားၿပီး ဒုတိယဗီဒီယိုကို တင္ထားေၾကာင္း ေတြ႕ရွိခဲ့သည္။

" ဘယ္ေလာက္ၾကာေနပါေစ .....မင္း ျပန္လာဖို႔ ေစာင့္ေနပါတယ္ "

 ႐ိုးရွင္းေသာစာေၾကာင္းတစ္ခုသာေရးသားထားၿပီး တီတီတာတာ ခ်စ္စရာ အသုံးအႏႈန္းမ်ား ပါဝင္ျခင္း မရွိေပ။ ထိုစာသားေအာက္တြင္ ဗီဒီယိုဖိုင္ကို ပူးတြဲေဖာ္ျပထားသည္။ သြယ္လ်ျဖဴေဖြးသည့္ လက္တဖက္က   သတၱဳၾကက္ဥတစ္လုံးကို ညင္သာစြာ ပုတ္လိုက္စဥ္  ၾကက္ဥက လႈပ္ခါသြားၿပီး  အခြံက "ကလစ္ " ဆိုသည့္အသံျဖင့္   ေျခတိုလက္တိုေလးေတြ ထြက္လာၿပီး ၾကက္ဥေလးက  ဒူးေထာက္ၿပီး ရယ္စရာေကာင္းတဲ့ သတၱဳသံနဲ႔    "ငါမွားသြားတယ္ သခင္၊ ငါ့ကို ခြင့္လႊတ္ပါ။  အမွားလုပ္မိတာ ခြင့္လႊတ္ပါ သခင္" ဆိုသည့္ စကားသံေလး ထြက္ေပၚလာခဲ့သည္။

ဗီဒီယိုက ဆက္လက္ပြင့္ေနၿပီး ဗီလိန္ system  ၏ အမွားကို ဝန္ခံသည့္အသံက နားထဲမွာ ျပည့္လွ်ံေနစဥ္ က်ိဳးယြင္ရွန႔္သည္ ဖန္သားျပင္ကို အၾကာႀကီး စိုက္ၾကည့္ကာ တိတ္ဆိတ္ေနသည္။

ကမာၻ႔တစ္ဖက္ျခမ္းမွာေတာ့ ႐ႊယ္ဇီ႐ြမ္ က သူ႔ရဲ႕ Weibo ေပၚတြင္ ပို႔စ္ကို ၿပီးသြားခဲ့ၿပီး ဖန္သားျပင္ကို စိုက္ၾကည့္ေနပါတယ္။ အရင္ဘဝက အေတြ႕ႀကဳံနဲ႔ သူ႔  နားလည္မႈအရ  ဆယ္ေက်ာ္သက္ေကာင္ေလးက အင္တာနက္ေပၚ ေမႊေနာက္က သတင္းဖတ္ရႈရတာကို ႏွစ္သက္ေၾကာင္း၊ အီလက္ထ႐ြန္နစ္ ကုန္ပစၥည္း အမ်ိဳးမ်ိဳးကို စုေဆာင္းကာ သတင္း အမ်ိဳးမ်ိဳးကို စုေဆာင္းကာ ေသးငယ္သည့္ ကြန္ျပဴတာမ်ားကို အသုံးျပဳ၍ တိတ္တိတ္ေလး ေခ်ာင္းၾကည့္ရတာလည္း ႏွစ္သက္ေၾကာင္းကို သူ သိထားၿပီးျဖစ္သည္။


ေပ်ာ္႐ႊင္မႈ ကင္းမဲ့သည့္ ဘဝကေန သာယာေပ်ာ္႐ႊင္တဲ့ဘဝနဲ႔ ေကာင္ေလးက ေနထိုင္ႏိုင္ခဲ့ေလၿပီ။ အရင္ဘဝတုန္းက ေကာင္ေလးက ႐ႊယ္ရန္ႏွင့္ အတူ ဘဝကို ျဖတ္သန္းခဲ့သည္။   ဒါကိုေတြးရင္း ႐ႊယ္ဇီ႐ြမ္ ၏ ရင္ထဲ နာက်င္စြာ ခံစားလိုက္ရျပန္သည္။ ရင္ဘတ္ကို အုပ္ကာ ရႈိက္ႀကီးတငင္ ငိုခ်လိုက္မိသည္။ တစ္ခ်ိန္က ႐ႊယ္ရန္ ကို သူ ဘယ္ေလာက္မုန္းတီးခဲ့ေပမယ့္ အခုထိ ႐ႊယ္ရန္ရဲ႕ ေနရာကို မယူႏိုင္ဘူးဆိုတာ သူ ဘယ္လိုမွ မသိခဲ့ဘူး။   သူက တစ္ခ်ိန္တုန္းက ေပ်ာ္႐ႊင္မႈႏွင့္ အလြန္နီးစပ္ခဲ့သည္ကို  မသိႏိုင္ဘဲ ထိုေပ်ာ္႐ႊင္မႈကို ဆုပ္ကိုင္ထားႏိုင္ေစဖို႔ ေျခတလွမ္းသာ လိုအပ္ခဲ့သည္။

 

အခု တစ္ခ်က္ၾကည့္ေလးနဲ႔  အၿပဳံးေလးတပြင့္နဲ႔  တုႏႈိင္းမရေအာင္ သူ ခ်စ္ခဲ့ရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးကို ေပ်ာ္႐ႊင္ေစႏိုင္မွာလား။ အေၾကာက္တရားဆိုတာ မရွိ၊ ပင္ပန္းႏြမ္းနယ္မႈ မရွိ၊ အစာေကာင္းေကာင္း စားဖို႔ မရွိ၊ အေႏြးထည္ေကာင္းေကာင္း မရွိလည္း သူရဲ႕ ေကာင္ေလးေပ်ာ္႐ႊင္ေနမလား? သူက ခ်ာတိတ္ေလးအတြက္ စိတ္ပူေနသည္၊ သူ႔ဝိညာဥ္ကို ႏွစ္ျခမ္းခြဲလို႔မလည္း မရႏိုင္ဘူးလား။ သူ႔စိတ္ဝိဉာဥ္တစ္ဝက္ကို ဆယ္ေက်ာ္သက္ေလးရဲ႕  ႏွလုံးသားထဲမွာ ထည့္သြင့္ထားၿပီး က်န္ စိတ္ဝိဉာဥ္တစ္ဝက္ကို သူ႔ဆီမွာထားကာ ႏွစ္ေယာက္အၾကားကို ႀကိဳးျဖင့္ ခ်ည္ထားလိုက္ခ်င္ေတာ့သည္။


*************-****************

Continue Reading

You'll Also Like

49.7K 5.8K 102
The Star Around the Sun 明日星程 Author : Jin Gang Quan 金刚圈 Total Chapters: 149 Eng translator - liuyao (Gooseberry Translation) Tags - Entertainment Ci...
666K 98.6K 101
Title - Give Up (詬病) Author(s) - Chi Zongzha /池总渣 Status in COO - 96 Chapters + 9 (Extras+Special Chapters) Myanmar Translation - Complete This is...
730K 91.5K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား
57K 6.4K 7
ရွိုေလးလု: ငါေယာက်ာ္းကို ကြာရွင္းခ်င္တယ္! ခ်င္ေလာင္ကုန္း: ငါ့အိမ္က ရွိုေလးက ငါ့ကို အၿမဲတမ္းကြာရွင္းခ်င္ေနတာပဲ.. ရှိုလေးလု: ငါယောကျာ်းကို ကွာရှင်းချင...