နှင်းတို့စာသင်ခန်းမှာ Hallခန်းတစ်ခုဖြစ်ပြီး ယောင်္ကျားလေး Rollနှင့်မိန်းကလေးRollဟူ၍ နှစ်ခြမ်းခွဲထားသည်။အလယ်နှင့်ဘေးတစ်ဖက်တစ်ချက်တွင် ဆရာမများလှည့်ပတ်သွားလာရန်ဟထားသည့်လမ်းလေးများရှိသည်။စာသင်သည့်ကျောင်းသားကျောင်းသူအရေအတွက်မှာများလွန်း၍ Microphoneနှင့်stageပေါ်မှသင်ရလေသည်။
နှင်းသည်ထိပ်ဆုံးတန်းတွင်မထိုင်ပဲနောက်ဆုံးတန်း၌သာထိုင်လေ့ရှိသည်။အကြောင်းပြချက်ကြီးကြီးမားမားမှာ ဆရာမများနှင့်အနီးကပ်နေရသည့်အခါ စိတ်ကြဉ်းကျပ်လာသောကြောင့်ဟူ၍ဖြစ်သည်။ဒီနေ့ညမှာလည်း နှင်းနှင့်ညိုမီ အင်္ဂလိပ်စာအချိန်ကို ကပ်သီလေးအချိန်မှီရောက်သွားသည်။တရားခံမှာ ညိုမီကြောင့်ပင်။မယ်လှချင်၏မပြီးနိုင်သောပြင်ဆင်မှုများက နှစ်ယောက်လုံးစာသင်ခန်းကိုဣန္ဒြေရရမသွားရပဲ ဒုန်းပြေးရလေသည်။တစ်ခါတစ်ရံအလှက ရင်မောရတတ်ပေသည်။ညိုမီအလှကြိုက်မှုကြောင့် နှင်းပါအချောင်ပြေးရလေသည်။လှတာကြိုက်ရင် ညစာခက်မယ်ဆိုသည့်စကားကို သတိရမိသည်......လှတာကြိုက်လို့ ညစာသင်ချိန်ကိုခက်ခက်ခဲခဲပြေးလွှားသွားနေရသည်မဟုတ်ပါလား....
အင်္ဂလိပ်ဆရာ ဆရာဦးမျိုးနောင်မှာ နှင်းတို့မြို့တွင်နာမည်ရသောကျုရှင်ဆရာတစ်ယောက်ဖြစ်သည်။စာအသင်အပြကောင်းသလောက် အရိုက်လည်းကြမ်းသည်။Grammer patternများကျက်ခိုင်းပြီး အလွတ်ဆိုခိုင်းသည့်အခါ တစ်လုံးမှားတစ်ချက်ရိုက်စနစ်ကိုကျင့်သုံးသည့်သူဖြစ်သည်။ထို့ကြောင့်ကျောင်းသားများအားလုံးဦးမျိုးနောင်အချိန်ဆိုလျှင်အသက်ပင်၀၀မရှုရဲကြပေ။ဆရာဦးမျိုးနောင်ကအမြဲသဘောဆိုးသည့်ဆရာတော့မဟုတ်ပေ။သူ့စာကိုမလေးစားပဲ အပျင်းကြီးစိတ်မ၀င်စားသည့်အခါမျိုးကိုတွေ့လျှင်သာ ဒေါသထွက်တတ်သည်။
ဆရာဦးမျိုးနောင်အချိန်ဖြစ်၍ ညိုမီနှင့်နှစ်ယောက်သားအပြေးလေးနောက်ဆုံးတန်းတွင်၀င်ထိုင်လိုက်ပြီး သင်လိုက်ကြသည်။ညိုမီကဆရာဦးမျိုးနောင်အချိန်ကိုစိတ်မ၀င်စားသော်လည်း ကြောက်ရသဖြင့်စိတ်၀င်စားချင်ယောင်ဆောင်သည်။နှင်းသည်ဘာသာရပ်တိုင်းကိုစိတ်၀င်တစားသင်ယူတတ်သူဖြစ်၍ အင်္ဂလိပ်စာကိုလည်းဆရာပြောသမျှကို ဖောင်တိန်လေးနှင့်သေချာလိုက်မှတ်လေသည်။နှင်းကိုဆရာက ဒီနှစ်အတွက် D+စာရင်းထဲ၌ထည့်ထားသည်။နှင်းလည်းဆရာကပြောထားဖူး၍ သေချာအာရုံစိုက်ကာကြိုးစားလေသည်။
ဆရာဦးမျိုးနောင်အချိန်ပြီး၍ Chemistryစ၀င်လေသည်။Chemistryမှာ ည၈နာရီမှ ကိုးနာရီထိသင်ရလေသည်။Chemistryဆရာမမှာ ဘော်ဒါအုပ် ဒေါ်ဖူးငုံပွင့်ဖြစ်ပြီး ညပိုင်းသာအချိန်ယူသည်။ကျန်သည့်အချိန်များကိုအပြင်ဆရာဆရာမများအတွက်ပေးထားပြီး ညပိုင်းရောက်လျှင်သူ၀င်သင်သည်။ဘော်ဒါအုပ်မှာလည်း နှင်းကိုသဘောကျသည်။သူ့ဘာသာကို ဂုဏ်ထူးမှန်းထားသည်ကလည်းတစ်ကြောင်း နှင်းကလည်းကြိုးစားပြသည်ကတစ်ကြောင်းကြောင့် နှင်းကိုစာတော်၍ချီးကျုးသည့်အပြင်ချစ်ခင်မှုကလည်းပြောစရာမလို။ဘော်ဒါကနှင်းကိုပါးစပ်ဖျားကမချသူမှာ တီချယ်ငုံပဲဖြစ်ပေလိမ့်မည်။တီချယ်ငုံက စာသင်ချိန်ပြီးလျှင်နှင်းတို့နောက်ဆုံးတန်းနားရောက်လာပြီး -
"နှင်း သမီးလေး စာတွေလုပ်ရတာပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူး တီချယ်ငုံ"
"ငါ့သမီးလေးမျက်နှာလေးတောင်ချောင်ကျသွားသလိုပဲ ကြည့်ပါဦး"
"သမီးကျန်းမာရေးဂရုစိုက်နော် နေထိုင်မကောင်းလည်းတီချယ့်ကိုချက်ချင်းပြောနော်"
"ဟုတ်ကဲ့ပါတီချယ်ငုံ"
"အဟမ်း အဟမ်း"
"တီချယ်ငုံ ဒီကညိုမီလှိုင်ကြီးကျဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်တော့ဘူးလား တကယ်၀မ်းနည်းသွားပြီ"
"ဟယ်အဲ့လိုမဟုတ်ပါဘူး တီချယ်ငုံညိုမီလေးပဲကို ဂရုစိုက်ပါတယ်"
"တော်ပါပြီ ညိုမီပြောမှဂရုစိုက် တီချယ့်ကိုမခေါ်တော့ဘူးစိတ်ဆိုးတယ်"
"ဟယ်ညိုမီ နင်ကလည်းတီချယ့်ကိုဘယ်လိုတွေပြောနေတာလဲ"
(ညိုမီပေါင်ကိုလိမ်ဆွဲလျက်သတိပေးနေသော နှင်း)
"အား နာတယ်ဟ ဘာလို့ပေါင်တွင်းကြောလာလိမ်ဆွဲနေတာလဲအရူးမရဲ့"
"ကဲပါတော်ကြပါတော့ တီချယ်ငုံကြောင့်ရန်ဖြစ်မနေနဲ့ ညိုမီလူဆိုးမလေး လာ အိမ်ထဲလိုက်ခဲ့ ညနေက ၀ယ်လာတဲ့Tamarind candyကျွေးမယ် ကြိုက်တယ်မလား"
"ကြိုက် ကြိုက်"
"ငါတီချယ်ငုံနဲ့လိုက်သွားဦးမယ် နှင်း"
"ကြွ ကြွ"
ညိုမီတီချယ်ငုံအိမ်ထဲလိုက်ကာ Candyယူရာ တီချယ်ငုံက နှင်းအတွက်ပါပိုပေးလိုက်လေသည်။ထို့နောက်ညိုမီကတီချယ်ငုံအိမ်ထဲကထွက်၍ အဆောင်ကိုပြန်ရန် တံခါးပေါက်၀တွင်ချွတ်ထားခဲ့သောဖိနပ်ကိုစီးနေစဉ်တွင် တစ်စုံတစ်ဉီးက ညိုမီဘေးတွင်ဖိနပ်လာချွတ်သည်။ညိုမီသိချင်၍မော့ကြည့်လိုက်ရာ မိမိတို့အတန်းပိုင်ဒေါ်သက်ဝေ •••••••
ဒေါ်သက်ဝေအိမ်ထဲသို့၀င်သွားစဉ်တွင် တီချယ်ငုံကသူ့အခန်းထဲကထွက်လာသည်။ထိုအချိန်တွင်တီချယ်ငုံက ဒေါ်သက်ဝေကိုပြေးဖက်လိုက်ပြီး -
"သက်ဝေ"
"လာမှလာပါ့မလားလို့ အကူအညီသာတောင်းရတယ်"
"လာရမှာပေါ့ မေမေ့အိမ်နဲ့နီးနီးလေးဝေးမှမဝေးပဲ"
"ငါလည်းနင်ပြောတာကိုလုပ်ကြည့်ချင်တာလည်းပါတာပေါ့"
"အေး အေး ထိုင်ဦးသက်ဝေ"
ညိုမီတစ်ယောက်ဖိနပ်စီးဟန်ပြုရင်းစပ်စုနေသည်။ထို့နောက် နှင်းကိုသတိရကာစာသင်ခန်းဆီသို့မြန်မြန်ပြေးသွားလိုက်ပြီး
နှင်းကိုတွေ့လျှင် -
"ဟဲ့ ဟဲ့ ဟဲ့"
"ဘာလဲဟယ် အလန့်တကြား"
"ဟို...ဟိုလေ"
"ဘယ်ဟိုလဲ သေချာပြောစမ်းပါ"
"ဪ မနက်ကဟာ ငါတို့အတန်းပိုင်"
"အေး ဘာဖြစ်လဲ"
"ဒေါ်သက်ဝေလေ"
"အင်း ဆက်ပြော"
(ဂရုမထားဟန်ဖြင့် ပုစ္ဆာတစ်ချို့ကိုတွက်နေသည့်နှင်း)
"နင့်ကြီးတော်က ဒီရောက်နေတာဟဲ့"
(စိတ်မရှည်ဟန်ဖြင့် ဆောင့်အော်ချလိုက်သည့် ညိုမီ)
"ဟင်"
(မျက်လုံးပြူးကာ ညိုမီကိုပြန်ကြည့်နေသောနှင်း)
"သေချာလို့လားညိုမီရယ်"
"သေချာတာမှ ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ"
"အင်းဒါဆိုတီချယ်ငုံဆီဘာလာလုပ်တာလဲ"
"အဲ့ဝာာတော့ငါမသိခဲ့ရဘူးနှင်း"
"နင်ကလည်းအဓိကအချက်ရောက်မှ"
"ဟဲ့ ဪ ငါလည်းဖိနပ်စီးသလိုလုပ်ရင်း ခိုးနားထောင်ခဲ့ရတာဟဲ့"
"ငါကြားရသလောက်ကတော့ သူငယ်ချင်းထင်တယ်တီချယ်ငုံနဲ့"
"ဆရာမဒေါ်သက်ဝေကငါဖိနပ်စီးနေတုန်းသူကငါ့ဘေးဖိနပ်လာချွတ်တာဟတံခါး၀မှာ ငါကသူအိမ်ထဲ၀င်သွားမှကြည့်မိလိုက်တာ"
"အေးပါ အေးပါ နင့်ကြည့်ရတာအမောတကောနဲ့ရော့ရော့ ရေလေးဘာလေးသောက်ဦး"
"ရေကနောက်မှသောက်ပါမယ် ရော့ ဒီမှာ တီချယ်ငုံကနင့်အတွက်ငါးလုံးတဲ့"
"မစားတော့ပါဘူးဟယ် "
"ဘာလို့လဲ"
"နင့်တီချယ်ငုံပေးဝာာနင်ပဲစားလိုက်"
"ဟာ ဒီအရူးမ"
"နင်နဲ့ငါငါးတန်းကတည်းကတူတူနေတာ"
"မသိပဲနေပါ့မလား ခုနကလည်းတီချယ်ငုံငါ့ကိုအရေးပေးနေလို့ ဂျေ၀င်နေတာနင်ဆိုသည်မှာ"
"ဒါကျသိသားပဲ"
"သိပါ့တီချယ်ငုံကနင့်အသည်းလေးလေ"
"ဟာ နှင်းကလည်း"
"မဟုတ်ဖူးလား"
"အေး ဟုတ်တယ်"
(ညိုမီကပါးစပ်ကိုလက်ဝါးလေးအုပ်ရယ်ကာ)
"ငါကတီချယ့်ကိုချစ်နေတာနင်သိရင်တစ်မျိုးမြင်မယ်ထင်နေတာ"
"ပေါက်ကရညိုမီရယ် နင်ကငါ့သူငယ်ချင်းပါ ပြောရရင်လေ တီချယ့်ကိုကြိုက်တာနင့်အပြစ်မဟုတ်ဖူး နှလုံးသားကတောင်းဆိုလို့လေ"
"နှင်းရာ နင်ပြောသလိုပဲ တီချယ်ငုံကိုငါဒီဘော်ဒါစရောက်ကတည်းကသဘောကျတာ သူ့မျက်နှာလေးကပန်းအဖူးလေးတစ်ခုကိုကြည့်နေရသလိုပဲသိပ်လှတာဟ"
"ငါတစ်နေ့နေ့ဖွင့်ပြောလိုက်ရင်ငါ့ကိုများစိတ်ဆိုးမလားဟင်"
"အတတ်တော့ငါမပြောနိုင်ပေမယ့် နင့်ရဲ့မေတ္တာသာစစ်မှန်ပါစေ ရောင်ပြန်ဟပ်တယ်ဆိုတဲ့အရသာကိုနင်ခံစားရမှာပါညိုမီရယ်"
"ဒီကိစ္စကိုနင်ပဲသိထားနော်နှင်း ဘယ်သူ့မှလျှောက်မပြောနဲ့"
"အေးပါချစ်သူငယ်ချင်းလေးရာ စိတ်ချ ပါးစပ်ကိုဇစ်နဲ့ပိတ်ထားလိုက်ပြီ"
(နှုတ်ခမ်းလေးကိုပိတ်ကာ အလျားလိုက်ဇစ်ဆွဲဟန်လုပ်ပြနေသည်)
"အေး အေး အဲ့တာကြောင့်ငါချစ်ရတာနင့်ကို"
"အပိုတွေနော် တီချယ့်ကိုသူငယ်ချင်းနဲ့တောင်လိုက်ဂျေကိုက်နေတဲ့လူကများ"
"ဟဲ့အဲ့တာနင်ကငါ့အကြောင်းမသိသေးဘူးထင်လို့ပါ အခုသိသွားပြီဆိုတော့ ဘာဂျေကိုက်စရာမှမရှိတော့ဘူး"
"Everything is okပဲ"
"ဟဲ့ ဟဲ့ အိုကေမနေနဲ့ နင့်ကိုလာ okမယ့်ကောင်ရောက်လာပြီ သူကတော့အချိန်ကိုမှန်နေတာပဲ"
(ညိုမီတစ်စုံတစ်ဦးအား မေးငေါ့ပြရင်း)
ဘော်ဒါထဲတွင်နှင်းကိုသဘောကျသည့်ကျောင်းသားများပေါသော်လည်း ရန်နိုင်မျိုးထက်ကဲ့သို့သူကရှားသည်။ရန်နိုင်သည် နေ့တိုင်းနှင်းညဘက်Guideချိန်စားဖို့မုန့်တစ်ခုတစ်ခုလာလာပေးတတ်သည်။တစ်နေ့တစ်မျိုးမထပ်စေပဲမုန့်လေးများပေးရင်း အချိန်ရရင်ရသလိုသူ၏ရင်တွင်းစကားများကိုပြောတတ်သေးသည်။နှင်းမှာရန်နိုင်ကိုသူငယ်ချင်းအဆင့်ထက်မပိုခဲ့သော်လည်း နှင်းမိဘများနှင့်ရန်နိုင်မိဘများကစီးပွားဖက်များဖြစ်နေ၍ အောင့်အီးသည်းခံကာ ရန်နိုင်ကိုအလိုက်အထိုက်ဆက်ဆံနေရသည်။ဒီနေ့လည်းသူရောက်လာပြန်သည်။နှင်းနှင့်ညိုမီထိုင်နေရာနောက်ဆုံးတန်းသို့လာပြီး -
"နှင်း ညဘက်နင်စာကျက်ရင်အိပ်ငိုက်နေမှာစိုးလို့ ice-coffee"
"အင်း ကျေးဇူးပဲနော် ရန်နိုင်"
"နင်စာတွေအရမ်းဖိလုပ်မနေနဲ့အချိန်တန်ရင်နင်ကအောင်မှာပဲ"
"အောင်မှာကတော့ဟုတ်ပါတယ်ရန်နိုင်ရယ် သို့သော်ငါ့ကိုမျှော်လင့်ထားကြတဲ့ငါ့ဆရာသမားတွေရဲ့ဆန္ဒကိုလည်းဖြည့်ပေးချင်တယ်"
"အေးပါနှင်းရယ် ငါကနင်ပင်ပန်းနေတာမကြည့်ချင်လို့ပါ"
"နင်တစ်ခုခုလိုရင်ငါ့ကိုပြောနော်"
"အန်ကယ်နဲ့အန်တီကိုပြောရခက်တဲ့ကိစ္စမျိုးဆိုရင်တောင်ငါလိုက်ကူညီပေးမယ်"
"ငါကနင့်အတွက်ဆိုအမြဲအဆင်သင့်ဆိုတာနင်သိထားပေးပါဟာ"
"အေးပါ ရန်နိုင် သွားတော့လေ ခဏနေ Guideချိန်စတော့မယ်"
"အေး"
ရန်နိုင်ထွက်သွားပြီးခဏအကြာ တီချယ်ငုံက ဆရာမဒေါ်သက်ဝေနှင့်အတူ Stageပေါ်တက်လာသည်။ထို့နောက် Micကိုဖွင့်၍ -
"Attention Please"
"သားတို့သမီးတို့ကိုနေ့တိုင်း Gudieလုပ်ပေးနေတဲ့ဆရာမသုံးယောက်ထဲက ဆရာမတစ်ယောက်က သူ့အမေကျန်းမာရေးကိစ္စကြောင့်မသင်နိုင်တော့ဘူး"
"ဒီတော့ အခုတီချယ့်ဘေးက ဆရာမဒေါ်သက်ဝေကလစ်လပ်နေတဲ့ ဆရာမအစားသားတို့သမီးတို့ကို Guideတန်း၀င်ပေးမှာပေါ့နော်"
"ပြီးတော့မိန်းကလေးတွေပြောစရာရှိပါတယ် တီချယ်တို့ဘော်ဒါမှာ မိန်းကလေးအဆောင်ချည်း လေးခုရှိတယ်နော် ယောင်္ကျားလေးအဆောင်က သုံးခု"
"မိန်းကလေးဆောင်တွေက ငုဝါဆောင်၊ပိတောက်ဆောင်၊ခတ္တာဆောင်၊ယင်းမာဆောင်"
"ဒီနေ့ကစပြီးဆရာမဒေါ်သက်ဝေကယင်းမာဆောင်ရဲ့အဆောင်မှုးပဲ"
"ဆရာမကယင်းမာဆောင်အပေါ်ထပ်ညာဘက်ဘေးစွန်းအခန်းလွတ်မှာဒီနေ့ကစပြီးစောင့်အိပ်မှာနော် ညပိုင်းကိုရီးယားကားဖုန်းနဲ့ခိုးကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့လုပ်ရင် ပစ္စည်းပါသိမ်းမယ်နော်"
"ယင်းမာဆောင်က ကျောင်းသူတွေခဏမတ်တပ်ရပ်ပေးပါ"
တီချယ်ငုံစကားကြောင့်ယင်းမာဆောင်တွင်နေကြသော ကျောင်းသူ၄၀ခန့်ကမတ်တတ်ထရပ်ကြသည်။ထိုကျောင်းသူများထဲတွင် နှင်းနှင့်ညိုမီမှာလည်းယင်းမာဆောင်ကဖြစ်၍ မတ်တပ်ထရပ်လိုက်လေသည်။သို့သော်ရှေ့ကလူများကပိတ်နေသဖြင့် ညိုမီနှင့်နှင်းမှာနောက်ဆုံးတန်းမှ stageကိုမမြင်ရ။ထို့ကြောင့်နှင်းက ညိုမီအားအနားကပ်၍ -
"ဟဲ့ ညိုမီ ငါတို့ကနောက်ဆုံးတန်းဆိုတော့ ရှေ့ကကလေးမတွေက ပိတ်နေတာ"
"Stageပေါ်ကငါတို့နှစ်ယောက်ကယင်းမာဆောင်ကဆိုတာမတ်တပ်ရပ်ပြလည်းမြင်ရမှာမဟုတ်ဖူး"
"အေး နင်မပြောရင်ငါပြောတော့မလို့ပဲ နှင်း"
"ဒီလိုလုပ်ကြမလား ညိုမီ"
"အေးပြောလေ"
ညိုမီနားနားကိုကပ်ပြီးပြောပြလိုက်ရာ ညိုမီကသဘောကျဟန်ဖြင့် နှင်းနှင့်လက်ဝါးချင်းရိုက်လိုက်ပြီး နှစ်ယောက်သားစာသင်ခုံနှင့်ဆက်ထားသော ဖင်ထိုင်ခုံပြားပေါ်တက်လိုက်ကြသည်။ထိုအခါ stageပေါ်မှ တီချယ်ငုံက နှင်းနှင့်ညိုမီကိုမြင်လိုက်ကာ -
"သမီးတို့ ဘာပြောစရာရှိလို့လဲ"
"ပြောစရာမရှိပါဘူး တီချယ်"
" သမီးတို့ကနောက်ဆုံးတန်းမှာဆိုတော့ ရှေ့ကထရပ်လိုက်တော့သမီးတို့နှစ်ယောက်ကိုတီချယ်အသစ်မမြင်မှာစိုးလို့"
"သမီးတို့လည်းယင်းမာဆောင်ကပါလို့သိစေချင်လို့ပါ"
"ဪ ဖြစ်ရမယ် နှင်းတို့ကတော့ ဆင်းကြတော့ခုံပေါ်က"
"ဟုတ်ကဲ့တီချယ်ငုံ"
စပ်ဖြီးဖြီးလုပ်ရင်းဆင်းသွားသော ကောင်မလေးနှစ်ယောက်အနက် အသံစွာစွာလေးနှင့်ပြောနေသောသူမှာ နှင်းဒဏ္ဍာရီပင်ဖြစ်သည်ကို ဒေါ်သက်ဝေသိလိုက်သောအခါ ပြုံးပြီးကြည့်နေမိပြန်သည်။ဒီတစ်ခါလျှပ်ပြာလျှပ်ပြာ မလုပ်တော့ပဲ ဗရုတ်ကျနေသည့်ထိုကလေးမလေး။မမြင်မှာစိုးလို့စာသင်ခုံတန်းပေါ်ကနေမတ်တပ်ထပြီး မိတ်ဆက်သောနှင်းဆိုသည့်ကောင်မလေးမှာ မိမိနှင့်ဘယ်လိုရေစက်ပါလိမ့်။ကျောင်းတုန်းကလည်းသူနဲ့အတန်းပိုင်ဆရာမအဖြစ်တစ်ဖုံ။ဘော်ဒါရောက်ပြန်တော့လည်း Gudieဆရာမ အဆောင်မှုး....ဘယ်လိုကံကြမ္မာအကြောင်းတရားများရယ်မသိတော့ပြီ....
........ Episode - 4ဆက်ရန်.......
May Tharaphu ✍️✍️