မိုးစက်လေးများတဖွဲဖွဲကျနေသော Juneလ၏နံနက်ခင်းတစ်ခုတွင် ကျောင်း၀န်းတစ်ခုအတွင်း အဖြူအစိမ်း၀တ်ဆင်ထားသည့်ကျောင်းသူကျောင်းသားများမှာ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေကြသည်။ပိတ်ရည်ရှည်များကြားတွင်ကွဲကွာနေကြသောသူငယ်ချင်းများပြန်တွေ့ကြ၍ ပြောစရာများမှာတစ်ပုံတစ်ပင်ကြီးပင်ရှိကြသည်။ထို့အတူအမိကျောင်းတော်ကြီးကိုလည်းပြန်လည်ရောက်ရှိလာပြီဖြစ်၍ အလွမ်းပြေသလိုတော့ရှိ၏။
ရက်ပေါင်းများစွာပိတ်ထားသောကျောင်းမှာ ယခုပြန်ဖွင့်၍အခန်းတွင်းအခန်းပြင်သန့်ရှင်းရေးလုပ်ရမည်ကများလေသည်။ထို့ကြောင့်ကျောင်းပရဝုဏ်အတွင်း တံမြတ်စည်းလှည်းသည့်သူကလှည်း အခန်းတွင်းသန့်ရှင်းရေးလုပ်သူကလုပ်နှင့် ကျောင်း၏မနက်ခင်းသည် မိုးဖွဲများကြားမှသက်ရှိပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေသည်။ထိုကျောင်းသူကျောင်းသားထုထဲတွင် အရပ်အမောင်းမောင်းကောင်းကောင်း ပြုံးသည့်အခါသွားတက်ကလေးရော ပါးချိုင့်လေးပါပေါ်လာတတ်ပြီး ဒဿမတန်းကျောင်းသူကျောင်းသားများကြားရေပန်းစားသောအမျိုးသမီးငယ်လေး နှင်းဒဏ္ဍာရီလည်းပါ၀င်လေသည်။
နှင်းသည် ငါးတန်းကတည်းကဒီကျောင်းတွင်နေခဲ့ပြီး ယခုဆယ်တန်းထိလည်းပညာသင်ကြားဆဲပင်။နှင်းမှာဥစ္စာပေါရုပ်ချောကလေးဖြစ်၍ ကျောင်းသားများ၏ပါးစပ်ဖျားကမချရလောက်အောင် ရေပန်းစားခဲ့သည်။နှင်းဖေဖေမှာ သစ်စက်ပိုင်ရှင် ဦးသိန်းထိုက်ဖြစ်ပြီး နှင်းမေမေမှာ ရွှေဆိုင်ပိုင်ရှင် ဒေါ်သူဇာဘုန်းမြင့်ဖြစ်သည်။မိဘအရှိန်အဝါကြီးမားသော်လည်း နှင်းကိုယ်တိုင်က အဆင့်အတန်းခွဲခြားခြင်းမရှိပဲသူငယ်ချင်းများကိုပေါင်းသင်းတတ်သည်။နှင်းသည်သဘောလည်းကောင်း အရာရာလိုက်ကူညီတတ်သည့်ဓာတ်ခံလေးကြောင့် ဆရာမများကလည်းနှင်းကိုချစ်ကြသည်။
ထိုကဲ့သို့နှင်းသည်ပဉ္စမတန်းဆီမှတစ်ရွေ့ရွေ့စီးဆင်းလာသောအချိန်ကိုစုန်ဆင်းရင်း ဒဿမတန်းသို့ရောက်လာခဲ့သည်။ဆယ်တန်းစတက်သည့်နေ့တွင်လည်းခါတိုင်းကဲ့သို့ ကျောင်းဖွင့်စရက်ဖြစ်သည့်အတွက် အခန်းတွင်းသန့်ရှင်းရေးများလုပ်သည်။ပြီးလျှင် နှင်းတို့မှာနှစ်ထပ်ဆောင်အပေါ်ထပ်တွင်နေရသဖြင့် လှေကားသန့်ရှင်းရေးပါတစ်ပါတည်းလုပ်ဆောင်ရပေသည်။နှင်းသည်သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ပင် တံမြတ်စည်းလှည်းခြင်း သောက်ရေအိုးဖြည့်ခြင်း အတန်းတွင်းဖုန်သုတ်ခြင်း ပိုးမျှင်ရှင်းခြင်းများကိုပြုလုပ်နေခဲ့သည်။နှင်းမှာသူငယ်ချင်းပေါသော်လည်း ဖက်လဲတစ်ကင်းနေသည်ကသုံးယောက်သာရှိလေသည်။၎င်းတို့မှာ ပိုပို(ခေါ်)ပိုပိုချစ်၊ညိုမီ (ခေါ်) ညိုမီလှိုင်၊၀တီ (ခေါ်)ရေ၀တီတို့ဖြစ်ကြသည်။
"ဟဲ့လှေကားလက်ရန်းတွေရောသေချာသုတ်လေ ၀တီ"
(နှင်း)
"အေးပါဟ သုတ်နေပါတယ် "
(၀တီ)
"ညိုမီရော အခန်းထဲကဆရာမစားပွဲပေါ်မှာ မြေဖြူ dusterအဆင်သင့်ထားပေးပြီးပြီလား"
(နှင်း)
"ပြီးပြီငါကအစောကြီးကတည်းက အိမ်ကထွက်လာကတည်းက၀ယ်လာခဲ့ဝာာ ကျောင်းအုပ်ကြီးရုံးခန်းသွားမတောင်းရဲလို့"
(ညိုမီ)
"ပိုပို ရေအိုးစင်အဖုံးရယ်ရေစစ်ရယ်နင့်မှာလိုက်တာပါလား"
(နှင်း)
"ပါတယ် ရေအိုးစင်မှာနေရာချပြီးပြီ"
(ပိုပို)
"အေးအေးပြီးရော ဒီနှစ်ကဆယ်တန်းဆရာမတွေကငါတို့အတွက်အသစ်ပဲဟ သူတို့မျက်လုံးထဲငါတို့ကိုအပြစ်ပြောစရာမဖြစ်စေချင်လို့ ကြိုစီစဉ်ထားရတာ"
(နှင်း)
"အေးပါဟယ် မသိရင်နင်ကအတန်းခေါင်းဆောင်ကျနေတာပဲ ခိုင်းလိုက်တာ ဒေါင့်ကိုစိ"
(ပိုပို)
"အဲ ဟုတ်သားပဲ ဒီနှစ်အတန်းခေါင်းဆောင်ကို နှင်းကိုထားရမယ်"
(၀တီ)
"ဟာ နင်တို့ကလည်း နင်တို့ဆန္ဒနဲ့မပြီးဘူး အတန်းခေါင်းဆောင်ဆိုတာတစ်ခန်းလုံးသဘောတူမှပါဟာ လျှောက်ပြီးတွေးမနေကြနဲ့"
(နှင်း)
"နင်ကလည်း မယုံလိုက်တာ လောင်းမလား နင်အတန်းခေါင်းဆောင်ဖြစ်ရင် ကျောင်းရှေ့မှာဒုတ်ထိုးလိုက်၀ယ်ကျွေး ဘယ်လိုလဲ"
(၀တီ)
"ငါကတော့၀တီဘက်က"
(ညိုမီ)
"ဟဲ့ ငါ့ရောချန်မထားနဲ့လေ အရူးမတွေရဲ့"
(ပိုပို)
"ကြည့်ဦး ကြည့်ဦး သုံးယောက်တစ်ယောက် 3Vs1နဲ့ငါ့ကိုအနိုင်ကျင့်တော့မယ်ပေါ့"
(နှင်း)
"ဘာလဲမလောင်းရဲဘူးမလား ကြောက်နေတာမလား ကြောက်ရင်ကြောက်တယ်ပြောပါ ငါတို့အရှုံးပေးမှာပေါ့ဟဲဟဲ"
(ပိုပို)
"ကြောက်မနေဘူးလောင်းတယ် ငါနိုင်ရင်တစ်နေ့စာနင်တို့သုံးယောက်မုန့်ဖိုးငါအကုန်သိမ်းမယ် ပေါက်လား"
(နှင်း)
"အိုကေ အိုကေ အလောင်းအစားအတွက်လျော်ကြေးကအဆင်ပြေပြီ အဆင်မပြေသေးတာဒီဗိုက်ဟ"
(ညိုမီ)
"မနက်ကတည်းကငါဘာမှမစားရသေးဘူး ကျောင်းမတက်ခင်လေးမုန့်ဈေးတန်းပြေးကြအောင် လုပ်ပါဟာ"
(ကျန်သုံးယောက်ကိုမျက်နှာငယ်လေးနှင့်ပြောနေသောညိုမီ)
"ကဲသဘောဟာ သွားမယ်"
(၀တီ)
လေးယောက်သားမုန့်ဈေးတန်းထဲသို့သွားရင်းမုန့်၀ယ်လာပြီးကျန်သုံးယောက်က အတန်းထဲသို့သွားသော်လည်း နှင်းမှာသူကိုးတန်းတုန်းကဆရာမကမနက်ကတည်းကကျောင်းဂိတ်ပေါက်ကိုလာရန်ခေါ်ထားသဖြင့် ညိုမီတို့နှင့်အတူမလိုက်ပဲကျောင်းဂိတ်ပေါက်ကိုသွားခဲ့သည်။မိုးကခပ်ဖွဲဖွဲကျနေ၍ နှင်းသည်ခရမ်းရောင်ခေါက်ထီးလေးကိုဆောင်းကာ ခပ်သွက်သွက်သွားနေသည်။မိုးရွာထား၍ ကျောင်း၀န်းအတွင်းရေအိုင်နှင့်ဗွက်ချည်းပင်။ထို့ကြောင့် ကျောင်းစိမ်းထမီလေးကိုမပေပွစေရန်ခြေလှမ်းကိုသတိထားလျှောက်နေလေသည်။
ဂိတ်ပေါက်နားရောက်ခါနီးတွင် နှင်းကိုးတန်းဆရာမကလက်ပြ၍လှမ်းခေါ်နေသည်ကိုနှင်းတွေ့သည်။ထို့ကြောင့်ပြေးသွားနေစဉ် ကျောင်းထဲသို့၀င်လာသောအခြားဆရာမတစ်ယောက်ကို ပုခုံးချင်းရှက်တိုက်မိသည်။တိုက်မိ၍ တောင်းပန်ရန်နှင်းစေ့စေ့စပ်စပ်ကြည့်လိုက်စဉ် သနပ်ခါးပန်းကိုပန်ထားပြီး ပါးပေါ်တွင်လည်းသနပ်ခါးရေးရေးလိမ်းထားသည့်ဆရာမတစ်ယောက်။အသက်အားဖြင့်ဆရာမပေါက်စလေးမဟုတ်သည်ကသေချာသည်။အဘယ့်ကြောင့်ဆိုသော် မျက်လုံးထောင့်နားမှအရေးအကြောင်းအနည်းငယ်ကိုမြင်ရသောကြောင့်ဖြစ်သည်။
ထိုဆရာမ၏မျက်လုံးများသည် ရဲရင့်သလိုရှိ၏။အရပ်အမောင်းကလည်း နှင်းထက်အနည်းငယ်မြင့်ပြီး မင်းသမီးနှင့်ခိုင်းနှိုင်းဖော်ပြရလျှင် မေသဉ္စာဦးကိုယ်လုံးကိုယ်ပေါက်နှင့်ပင်။အဖြူအစိမ်းကို၀တ်ထားသည်မှာလည်း အခြားဆရာမများနှင့်မတူနှင်းမျက်လုံးထဲတွင် သိပ်ကိုလှပလှသည်ဟုထင်မိသည်။သူမ၏နောက်တွင်ထုံးထားသောဆံထုံးကြီးကြီးတွင် ဆံထိုးလေးတစ်ချောင်းထိုးထားပြီး ရင်ဘတ်တွင်လည်း ရွှေအိုရောင်ပန်းခက်ရင်ထိုးလေးထိုးထားသည်။နှုတ်ခမ်းနီဆိုးမထားသော ခပ်ညိုညိုနှုတ်ခမ်းတို့ကလည်း နှင်းမျက်လုံးထဲ၌ထူးခြားနေပြန်သည်။
နှင်းသူမအား ခြေအစခေါင်းအဆုံးကြည့်နေရင်း တောင်းပန်ရမည်ကိုသတိရကာ မြေကြီးပေါ်ကျသွားသောသင်ထောက်ကူစာအုပ်အချို့ကိုကောက်ပေးရင်း -
"တီချယ် sorryပါနော် သမီးမမြင်လိုက်လို့ပါ"
"ရပါတယ်သမီး"
"တီချယ်သွားမယ်နော်"
"ဟုတ်ကဲ့တီချယ်"
သူမသည်နှင်းအားနှုတ်ဆက်ကာထွက်သွားသည်။နှင်းလည်းသူ့ကိုးတန်းဆရာမထိုင်နေသောဂိတ်တဲလေးသို့ဆက်သွားလိုက်သည်။ဂိတ်တဲသို့ရောက်သောအခါ -
"ချယ်ဖြူ သမီးကိုဘာကျွေးမလို့လဲခေါ်တာ"
"မကျွေးပါဘူး"
"ဟင်မဟုတ်တာ ချယ်ဖြူကအမြဲသမီးကိုကျွေးနေတာ "
"မှန်းစမ်း ဟိုဟာအီကြာကွေးနဲ့လက်ဖက်ရည်မလား"
"ဟား ဟား မနိုင်ဘူးငါ့တပည့်ကျော်ကတော့"
"ဟုတ်တယ်သမီးဒီနေ့ချယ်ဖြူက မနက်စာမစားခဲ့ရလို့လေ ကျောင်းမှစားမယ်ဆိုလမ်းကနေ၀ယ်လာတာ"
"သမီးကြိုက်တတ်တာသိလို့အတန်းထဲကကောင်လေးကိုလွှတ်ခေါ်ခိုင်းတာမနက်က သမီးကကျောင်းတက်ခါနီးမှရောက်လာတယ်"
"သမီးလည်းအလုပ်တွေများနေတာ အတန်းသန့်ရှင်းရေးလေ ရှုပ်ပွနေတာပဲအတော်ရှင်းယူရတယ်"
"အမယ်လေးငါ့တပည့်ကျော်ပဲလှော်လေးပင်ပန်းနေပြီပေါ့"
"ဟီးဟီးမပင်ပန်းပါဘူး"
"စားလိုက်ဦး ခဏနေကျောင်းတက်ခေါင်းလောင်းတီးတော့မယ်"
"ဟုတ် ချယ်ဖြူ"
........Episode - 2ဆက်ရန်.......
May Tharaphu ✍️✍️
(ဖတ်လို့အဆင်ပြေရင် Vote and followလေးလည်းလုပ်သွားပေးပါဦး Authorတို့အတွက်အခန်းဆက်ရေးဖို့ Motivationပါ☺️)