Unicode
ရက်အတော်ကြာတော့ အဆုံးမရှိတဲ့ မြက်ခင်းပြင်ကြီးက တစ်ခုတည်းအဖြစ်ကို ပြောင်းလဲလို့သွားတယ်။
ထန်းယန်နဲ့ ချူးလျန်မှာလည်း ဘာလုပ်ရမှန်းမသိလလမ်းပျောက်လို့နေကြပြီ၊ အခုရက်ပိုင်းထဲမှာ ထျန်းကျန်း ဆိပ်ကမ်းမှာလည်း နှင်းတွေ ဆက်တိုက်ကျနေတာကို ကြားနေရတယ်၊ ဒီ2ရက်အတွင်း ဒီလိုသာ ဆက်ပြီး နှင်းကျနေတော့မယ်ဆိုရင် လျန်ကျိုး မြို့ရဲ့ လမ်းတွေရော ရေပြင်မှာရောပါ ရေတွေခဲပြီး နှင်းတွေနဲ့ ပြည့်လာလိမ့်မယ်၊ ဒီလိုဆိုရင် လျန်ကျိုးက လုံးဝကို ခွဲထုတ်ခံလိုက်ရသလိုဖြစ်သွားတော့မယ်၊ အပြင်က ဘာအထောက်အပံ့မှ မရဘဲနဲ့ဆို တုဟွန်းတွေ လာတိုက်မှာကို စောင့်နေစရာတောင်မလိုတော့ဘူး၊ သူံးလအတွင်းမှာဘဲ မြောက်ပိုင်း စစ်တပ်တစ်ခုလုံး သေခြင်းကို ဦးတည်ရလိမ့်မယ်။
ထန်းယန်က အစောကတည်းက အခြေအနေကို စုံစမ်းဖို့ရာ စုမြို့ဆီ လူလွှတ်ထားခဲ့တယ်၊ သူတိူ့အနေနဲ့ ယွဲ့ချင်တောင်တန်းဆီ သွားဖို့ရာ လမ်းကြောင်းကို မသုံးနိုင်တော့ဘူး၊ နှင်းမုန်တိုင်းက လမ်းကြောင်းတွေ အားလုံးကို ဖျက်ဆီးသွားခဲ့တယ်၊ ဘယ်အထောက်အပံ့ စစ်ကူတပ်မှ ဖြတ်မလာနိုင်ဘူး။
နိုဝင်ဘာလရဲ့ နောက်ဆုံးရက်ကို ရောက်လာတော့ ချူးလျန်ရဲ့ ဒဏ်ရာက လုံးဝကို အနာကျက်သွားပြီ၊ ထန်းယန်နဲ့ ကျန်လူတွေရဲ့ အကူအညီနဲ့ ချူးလျန်က အထောက်အပံ့ပစ္စည်းအနည်းငယ်ကို မြောက်ပိုင်းစစ်တပ်ဆီ ယူဆောင်လာခဲ့တယ်။
ချူးလျန်က ဒီအကြောင်းကို ဟေးစန်းလန်နဲ့ သဘောတူညီပြီးဖြစ်လို့ မနက်အစောပိုင်းမှာဘဲ မြင်းလှည်းကို စီးလို့ ထွက်လာခဲ့တယ်။
ချူးလျန်က ရှေ့တန်းတပ်ဖွဲ့ဆီ သွားရောက်မှာမဟုတ်ဘဲ အရံတပ်ခွဲဆီဘဲ သွားနေတာဖြစ်လို့ သိပ်တော့ အန္တရာယ်မရှိလှဘူး။
နေ့လည် 11မတိုင်ခင် တပ်ထဲကို ရောက်လာတာတောင်မှ နှင်းတွေက တဖွဲဖွဲ ကျဆင်းနေတုန်းဘဲ၊ မယ်တော်ကြီးရဲ့ အမိန့်စာလွှာကို ကိုင်ဆောင်ထားတဲ့ ချူးလျန်ကို စစ်သူကြီးချီအန်းက ကိုယ်တိုင် လက်ခံခဲ့တယ်။
စစ်တပ်ထဲက စစ်သားအများစုက လူကြမ်းကြီးတွေဘဲ ဖြစ်နေတော့ စစ်သူကြီးချီအန်းက ချူးလျန်ကို ကြိုဆိုဖို့ရာ အမျိုးသမီးစစ်သားအနည်းငယ်ကို စီမာဟွေ့ဆီကနေ ခေါ်ယူထားတယ်။
မြောက်ပိုင်းတစ်ခုလုံးက အခုလက်ရှိ အလွန်အမင်းအေးခဲနေဆဲ ကာလမှာ ရောက်ရှိနေတယ်၊ ဝမ်လန်ရဲ့ အကူအညီနဲ့ လှည်းပေါ်ကနေ ဆင်းလာတဲ့ ချူးလျန်ကလည်း ဘောလုံးလေးတစ်လုံးလို လူံခြုံနေအောင် လွှမ်းခြုံထားတယ်။
သူမက ကြီးမားတဲ့ မီးခိုးရောင် ရှဉ့်မွှေးဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ လက်အနားစက အမွှေးဖွာဖွာလေးတွေက သူမ လက်ဖျားလေးတွေကိုပါ လုံနေအောင် ထုပ်ပိုးထားတယ်၊ အပိုအနေနဲ့ သူမက အပူပေးလက်အိတ်လေးတစ်ခုကိုပါ ကိုင်ထားတယ်၊ သူမရဲ့ မျက်နှာတစ်ဝက်လောက်ကခေါင်းစွပ်ကြီးနဲ့ ဖုံးနေတော့ အယ်မွန်ပုံ မျက်ဝန်းလေးတွေကိုဘဲ မြင်နေရတယ်၊ နောက်ပြီး သူမ ခြေထောက်ဒဏ်ရာကလည်း သက်သာခါစဆိုတော့ လမ်းလျှောက်နှုန်းက လူတိုင်းထက်နှေးကွေးနေပြီးတော့ လမ်းလျှောက်ပုံလေးက ကို့ရို့ကားယားနဲ့ ရယ်ချင်စဖွယ်လေးဖြစ်နေတယ်။
နောက်ဆုံးတော့ စီမာဟွေ့ရဲ့ အမျိုးသမီးလက်ထောက်တပ်သား ရှောင်ယန်က ဟေးအိမ်တော်ရဲ့ တတိယသခင်မလေးကို မြင်တွေ့ခဲ့ပြီး လှောင်ရယ်ချင်စိတ်ကို မနည်းကို ဖိနှိပ်လိုက်ရတယ်။
သူမစိတ်ထဲမှာတော့ အထင်အမြင်သေးရွံရှာလို့နေပြီ၊ ဘယ်လိုတောင် မသေမသပ်နဲ့ ပုံပန်းမကျလိုက်သလဲ၊ ချောမောတဲ့ ဟေးစန်းလန်က ဒီတစ်ယောက်ကို သဘောမကျတာလည်း အံ့ဩစရာတော့ မရှိပါဘူး။
ဒီတတိယသခင်မလေးက မြင့်မြတ်တဲ့ အမျိုးသမီးဘွဲ့ကို ရရှိထားတယ်လို့လည်း သတင်းကြားထာစသေးတယ်။
ဒီဘွဲ့ကိုရဖို့ရာ ဘယ် မျိုးရိုးမြင့်ဆီကနေများ အနူးအညွတ်တောင်းခံထားလဲ မသိဘူး၊ ဟေးမိသားစုသခင်မကြီးက ဒီခြောက်ယောက်ေမြာက် သခင်မလေးအတွက် ဦးနှောက်တော်တော်သူံးထားတာဘဲ။
အမျိုးသမီးတပ်သားက သူမလို စစ်ပွဲဝတ်စုံ ဝတ်ဆင်ထားတဲ့ အနီးနားက အစေခံတွေကို တချက်လှည့်ကြည့်လိုက်တယ်၊ အစေခံတွေထဲက ခေါင်းဆောင်ဖြစ်သူက ခေါင်းတချက်ညိမ့်ပြပြီး အလျင်အမြန်ဘဲ ချူးလျန်ရဲ့ အုပ်စုနောက်ကို လိုက်ပါသွားတယ်။
သူတို့ တပ်တွင်းကို ဝင်ရောက်လာတော့ ပထမဆုံး ကြိုဆိုတဲ့လူက ခေါင်းဆောင်ကောင်းဘဲ။
သူမဘေးက ထန်းယန်ရဲ့ မိတ်ဆက်ပေးမှုအရ ချူးလျန်က ခေါင်းဆောင်ကောင်းကို အနည်းငယ် ခေါင်းငုံပြီး အရိုအသေပေးနှုတ်ဆက်လိုက်တယ်။
ခေါင်းဆောင်ကောင်းကလည်း ခဏကြောင်ကြည့်နေပြီးမှ တသောသောရယ်ရင်းနဲ့ ပြောလာတယ်၊ " ကျီရှန်းက ဒီနေ့မင်းကို ကြိုဆိုမလို့ပါဘဲ၊ ဒါပေမယ့် မနေ့ကလေးတင်မှ ရှေ့တန်းကို အရေးပေါ် ထွက်သွားလိုက်ရတယ်၊ အခုက သူက တပ်ထဲမှာ ရှိမနေဘူး၊ ဒီတော့ မင်းကို ကြိုဆိုဖို့ရာက ဒီ အကိုကြီး ရဲ့ ပုခုံးပေါ်ဘဲ ရောက်လာတော့တာပါဘဲ၊ ခေါင်းဆောင်ထန်း နဲ့ ခယ်မလေးတို့က အခြေအနေကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် "
( ကျီရှန်းဆိုတာက ဟေးစန်းလန်ကို ခေါ်တာပါ )
ချူးလျန်က ခေါင်းညိမ့်ပြီး အသာအယာပြုံးပြလိုက်တယ် " အကိုကောင်း သိပ်ပြီး တခမ်းတနားကြီး လုပ်မနေပါနဲ့၊ ယောက်ျားက အခုမှ တပ်ထဲကို ဝင်ရောက်ဖူးတဲ့လူဆိုတော့ ဒီရက်တွေမှာ အကိုကောင်းရဲ့ အကူအညီကို အများကြီး မှီခိုခဲ့ရမှာဘဲ "
ပြောပြီးတာနဲ့ ချူးလျန်က ဝမ်လန်ကို အချက်ပြလိုက်ပြီးတော့ ခေါင်းဆောင်ကောင်းဆီကို အိတ်အပြာလေးတစ်လုံး ကမ်းပေးလာတယ်။
" ဒါက မုန့်လေး အနည်းငယ်ပါဘဲ၊ ကျွန်မရဲ့ ကျေးဇူးတင်မှုကို ပြတဲ့ ဒီလက်ဆောင်အသေးလေးကိုတော့ အကိုကောင်းလက်ခံမယ်လို့ မျှော်လင့်ပါတယ် "
ခေါင်းဆောင်ကောင်းကတော့ ဒီလို တောက်ပတဲ့ မျက်ဝန်းလေးတွေနဲ့ သဘောထားရက်ရောတဲ့ ခယ်မအသေးလေးကို တကယ် သဘောကျနေပြီ၊ သူက ချူးလျန်ရဲ့ လက်ဆောင်ကို လက်နှစ်ဖက်နဲ့ လှမ်းပြီး အပြုံး အကြီးကြီးနဲ့ လက်ခံယူလိုက်တယ်။
" ခေါင်းဆောင်ထန်း၊ အမျိုး သမီးကျင်းယီ အခုလောလောဆယ်တော့ ဒီတဲ နှစ်ခုမှာ အနားယူကြပါအုံး၊ မင်းတို့ေရာက်ရှိကြောင်းကို အထက်ကိုသွားပြီး သတင်းပို့လိုက်ပါအုံးမယ် "
ထန်းယန်က ခေါင်းဆောင်ကောင်းကို ဦးညွှတ်နှုတ်ဆက်လိုက်တယ် "ခေါင်းဆောင်ကောင်းကို ဒုက္ခပေးမိပါပြီ "
ချူးလျန်က အမျိုးသမီးတပ်သားတွေပြတဲ့ တဲဆီကို ဦးတည်လိုက်တယ်၊ အမျိုးသားဖြစ်တဲ့ထန်းယန်ကလည်း အခြားတဖက်ကတဲဆီ သွားရောက်လိုက်တယ်။
တဲရဲ့ ကြမ်းပြင်မှာ သားမွှေးထူထူတွေ ခင်းထားပြီးတော့ အထဲမှာ မီးသွေးမီးဖိူတစ်ခုကိုပါ ထည့်သွင်းထားတယ်၊ အထဲက အပြင်ထက် အများကြီးကို ပိုနွေးလို့နေတယ်၊ အပြင်အဆင်တွေအားလူံးက ရိုးရှင်းနေပေမယ့်လည်း အကုန်လုံးက အရည်အသွေးမြင့်ပစ္စည်းတွေချည်းဘဲ။
တဲအလယ်မှာ တရုတ်ဆီးပန်းပွင့်နဲ့ သစ်ခွပန်းတွေကို ရေးဆွဲထားတဲ့ ကန့်လန့်ကာတစ်ချပ်တောင် ရှိနေတယ်၊ အနောက်မှာတော့ ရိုးရှင်းတဲ့ခုတင်ကျဉ်းလေးရှိနေတယ်၊စားပွဲရဲ့ ဘေးတဖက်မှာတော့ညအဖြူရောင် အဝတ်အစားနှစ်စုံကို ထပ်ထားတယ်၊ အနီးနားက ကော်ဇောပေါ်မှာလည်း သမင်သားရေ ဘွတ်ဖိနပ်တစ်စုံကို တင်ထားတယ်။
ဖိနပ်တွေက သံမဏိတွေ သားရေတွေနဲ့ ပြုလုပ်ထားပေမယ့် အရွယ်အစားကို ခန့်မှန်းကြည့်ရသလောက်တော့ အမျိုးသမီးတစ်ဦးရဲ့ ဟာမှန်း ချူးလျန်တန်းသိသွားတယ် ။
ချူးလျန်ရဲ့ အမူအရာက အနည်းငယ်တော့ ပြောင်းလဲသွားတယ်၊ ဒါက အမျိုးသမီးစစ်သူကြီးစီမာရဲ့ တဲဖြစ်ဟန်တူတယ်။
သူမက စူးစမ်းလိူစိတ်နဲ့ ပတ်ပတ်လည်ကို အသေအချာလိုက်ကြည့်နေတယ်၊ သူမအတွက်တော့ အမျိုးသမီးစစ်သူကြီးတစ်ဦးရဲ့ တဲထဲကို ဝင်ဖူးတာက ပထမဆုံးအကြိမ်ဘဲ၊ ဒါပေမယ့် ဒါက အခြားပုံမှန်တဲတွေထက် ပိုအရည်အသွေးမြင့်ပြီး နွေးထွေးနေတာကလွဲလို့ သိပ်ကွာခြားတာမျိုး မရှိလှဘူး၊ တဲကို လှည့်ပတ်ကြည့်နေရင်းနဲ့ သူမစိတ်ထဲ ဟေးချန်ဒီကို တွေးမိပြီးတော့ သူ့တဲကရော ဘယ်လိုရှိမလဲ သိချင်မိသွားတယ်။
သူမ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ဟေးချန်ဒီတဲကိုတချက် ကြည့်ဖို့ရာ ခေါင်းဆောင်းကောင်းကို ခေါ်သွားခိုင်းဖို့ သူမ ဆုံးဖြတ်လိုက်တယ်၊ ဒီလိုတွေးမိရင်းနဲ့ သူမနှလုံးသားထဲ ကျေနပ်တဲ့ ခံစားချက်လေး ရလာတာကို ခံစားလိုက်ရတယ်။
ဝမ်ချင်းနဲ့ ဝမ်လန်မှာတော့ ချူးလျန်လို အနားမယူနိုင်ရှာဘူး။
သူတို့က ချူးလျန်နဲ့ အတူတဲကို လှည့်ပတ်ကြည့်ပြီးတော့ ဝမ်ချင်းက သူမ သခင်မကိုယ်ပေါ်က ဝတ်ရုံကို ကူချွတ်ပြီး ထိုင်နိုင်ဖို့ရာ သစ်သားခုံဆွဲယူပေးတယ်၊ နောက်ပြီး ချူးလျန်လက်က အနွေးအိတ်ကို ယူပြီး ပိုနွေးစေဖို့အတွက် မီးသွေးထပ်ဖြည့်လိုက်တယ်၊ ဝမ်ချင်း ဒီလိုလုပ်ပေးနေတုန်းမှာဘဲ သူမနောက်က စစ်ပွဲဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေဆီကနေ သူမ သခင်မအပေါ် ရန်ပြုချင်နေတဲ့ ထူးထူးဆန်းဆန်း ခံစားချက်ကြီးကို ခံစားမိနေတယ်။
ဝမ်လန်ကတော့ သူမရဲ့ စိုးရိမ် ပူပန်မှုတွေကို မသိလေဘူး၊ ဝမ်လန်မှာ သူမ အစ်မဖြစ်သူကို လက်နဲ့တို့ပြီး မေးခွန်းတွေ မေးချင်နေပုံရတယ် : ဘာလို့များ စစ်တပ်ထဲမှာ မိန်းမတွေ အများကြီး ရှိနေရသလဲပေါ့။
ဝမ်ချင်းကခေါင်းအသာယမ်းပြပြီး သခင်မလေးကိုခစားတဲ့ နေရာမှာဘဲ အာရူံစိုက်ထားဖို့ ညွှန်ကြားလိုက်တယ်။
ရှောင်ယန်က ဘေးဘက်မှာ ရပ်နေတယ်၊ သူမရဲ့ အသွင်အပြင်က စီမာဟွေ့နဲ့ ကို ဆင်တူနေတယ်၊ သူမတို့နှစ်ဦးစလူံးက အရပ်ရှည်ကြတယ်၊ ဒါပေမယ့် ရှောင်ယန်က ပိုပြီး ပိန်ပါးတယ်၊စစ်တပ်ထဲမှာ နှစ်အတော်အကြာလေ့ကျင့်ပြီးခဲ့ချိန်မှာတော့ ပုံမှန် သာမန် အမျိုးသမီးတွေနဲ့ မတူညီတဲ့ အတွေးအမြင်မျိုး သူမမှာ ရိုက်သွင်းခံလိုက်ရပြီ၊ သူမက ဘေးမှာ ရပ်နေရင်းနဲ့ဘဲ သူမ ရှေ့နားမှာ ထိုင်နေတဲ့ အားနည်းတဲ့ အမျိုးသမီးကို ကြည့်ရင်း ပြောလိုက်တယ်၊ သူမလေသံက တည်ငြိမ်နေပေမယ့်လည်း စကားလုံးတွေထဲမှာတော့ အထင်သေးမှုတွေ မထီမဲ့မြင်နဲ့ စိတ်ကြီးဝင်နေဟန်တွေက အထင်းသား ပါဝင်နေတယ်။
" ဒီငယ်သားက စစ်သူကြီး ကိုယ်စား အမျိုးသမီးကျင်းယီကို နှုတ်ခွန်းဆက်ပါတယ်၊ အမျိုးသမီးကျင်းယီလည်း သိတဲ့ အတိုင်းဘဲ ကျွန်မတို့ရဲ့ စစ်သူကြီးက ခေါင်းဆောင်ဟေးနဲ့ အတူ မနေ့ကဘဲ ရှေ့တန်းကို ထွက်ခွာသွားတယ်လေ၊ ဒီတော့ ဒီအစေခံကဘဲ စစ်သူကြီးအစား အမျိုးသမီးကျင်းယီကို ကြိုဆိုပေးရတာပါ၊ အမျိုးသမီးကျင်းယီအနေနဲ့ ဒါကို စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ် "
ရှောင်ယန်က ပြောပြီးတာနဲ့ သူမနောက်က အစေခံတပ်သားတစ်ဦးဆီက လက်ဖက်ရည်ခွက်ကို ယူပြီး ချူးလျန်ရှိရာဆီကိုလက်နှစ်ဖက်နဲ့ ကမ်းပေးလာတယါ။
ဝမ်ချင်းက ဒီအမျိုးသမီးလက်ထောက်တပ်သားရဲ့ စကားတွေကို ကြားမိတော့ မျက်ခုံးတွေ တွန့်ပြီး သူမရဲ့ သခင်မကို စိုးရိမ်တကြီး ကြည့်မိတယ်။
ချူးလျန်က ဘေးဘက်တဲကို ကြည့်နေတဲ့ သူမ အကြည့်တွေကို ရုတ်သိမ်းပြီး စကားပြောနေတဲ့အမျိုးသမီးတပ်သားဆီကို ကြည့်လိုက်တယ်၊ သူမက မျက်တောင်ခတ်ပြီး အပြုံးလေးနဲ့ဘဲ ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်၊ " စစ်သူကြီး စီမာက ကြင်နာလွန်းနေပါပြီ "
ရှောင်ယန်က ငယ်ရွယ်မှုတွေ စွန်းထင်းနေတဲ့ ဟေးမိသားစု တတိယသခင်မလေးရဲ့ မျက်နှာကို စိုက်ကြည့်နေတယ်၊ ဒီလိုမျိုး ချူးလျန်ရဲ့ တည်ငြိမ်တဲ့ အဖြေကို ပြန်ကြားလိုက်ရတော့ သူမမှာ ဘယ်လိုတုံ့ပြန်ရမှန်း မသိနိုင်တော့ဘူး၊ ဒီမိန်းမက ဘယ်အခြေအနေကို ဆွဲယူနေတာလဲ၊ သူမ နောက်က အစေခံနှစ်ဦးရဲ့ မုန်တိုင်းထန်တော့မယ့် ပုံစံတွေကို တကယ်ဘဲ သတိမထားမိဘူးလား။
ရှောင်ယန်မှာ အနည်းငယ် မတည်မငြိမ်ဖြစ်သွားတယ်၊နောက်မှ အေကာင်းဆုံးကြိုးစားပြုံးပြီး ပြန်ပြောလာတယ် " အမျိုးသမီးကျင်းယီအနေနဲ့ ဒီအစေခံကို အပြစ်မတင်ဘူးဆိုရင်ဘဲ အဆင်ပြေပါပြီ"
ချူးလျန်က ပုံမှန်အတိုင်းဘဲ ဆက်ပြုံးနေပြီးတော့ ဝမ်ချင်းလှမ်းပေးလာတဲ့ လက်အနွေးအိတ်လေးကို ယူလိုက်တယ်၊ နောက်တော့ ဝမ်လန်ဘက်ကို လှည့်ပြီး ညင်သာစွာပြောလိုက်တယ် " ငါ နည်းနည်း ရေဆာနေပြီ "
ဝမ်လန်က အလျင်အမြန်ဘဲ သူမ အမြဲ ဆောင်နေကျ လွယ်အိတ်လေးထဲက ကြေးအိုးလေးကို ထုတ်လိုက်တယ်၊ နောက်ပြီး ကြွေခွက်လေးကို ယူပြီး ပျားရည်နွေးနွေးလေးကို ချူးလျန်ကို လှမ်းပေးလိုက်တယ်။
ရှောင်ယန်က ဒီသခင်နဲ့ အစေခံတွေရဲ့ ပြုမူပုံတွေကို ကြည့်နေရင်းနဲ့ သူမ မျက်လုံးတွေထဲမှာ အထင်သေးရွံရှာမှုတွေ ပြည့်နှက်နေတယ်၊သူမကိုယ်တိုင်က စီမာအိမ်တော်မှာ နေထိုင်ကြီးပြင်းလာခဲ့ရသူဖြစ်တော့ အဆင်အတန်းမြင့်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ရင်းနှီးကျွမ်းဝင်ေနတယ်၊ တချက်ကြည့်ရုံနဲ့ ဒီပျားရည်က သာမန်မဟုတ်မှန်းသိနိုင်တယ်၊ ဒါပေမယ့် အရည်အသွေးက ဘာအသုံးဝင်မှာလဲ၊ အဆုံးမှာတော့ ဆင်းရဲသား လူငနုံလေးတွေကဘဲ စန်ချာကို ကျော်ပြီး ပျားရည်ကို ပိုနှစ်သက်လေ့ရှိကြတာဘဲလေ။
ဒီအမျိုးသမီးကျင်းယီက နှာေခါင်းဖျားက အရည်အသွေးမြင့်စန်ချာကိုတောင် သတိမထားမိပါလား၊ ဒါနဲ့ ရှောင်ယန်မှာ ဝင်မပြောဘဲ မနေနိုင်တော့ဘူး၊ " အမျိုးသမီးကျင်းယီက မသိဘူးနဲ့ တူတယ် ၊ ဒီအစေခံ ကမ်းပေးလိုက်တာက ကျွန်မတို့ စစ်သူကြီး အမြဲ သုံးဆောင်လေ့ ရှ်ိတဲ့ ကျန်းရှန် လက်ဖက်ရည်လေ"
Zawgyi
ရက္အေတာ္ၾကာေတာ့ အဆုံးမ႐ွိတဲ့ ျမက္ခင္းျပင္ႀကီးက တစ္ခုတည္းအျဖစ္ကို ေျပာင္းလဲလို႔သြားတယ္။
ထန္းယန္နဲ႔ ခ်ဴးလ်န္မွာလည္း ဘာလုပ္ရမွန္းမသိလလမ္းေပ်ာက္လို႔ေနၾကၿပီ၊ အခုရက္ပိုင္းထဲမွာ ထ်န္းက်န္း ဆိပ္ကမ္းမွာလည္း ႏွင္းေတြ ဆက္တိုက္က်ေနတာကို ၾကားေနရတယ္၊ ဒီ2ရက္အတြင္း ဒီလိုသာ ဆက္ၿပီး ႏွင္းက်ေနေတာ့မယ္ဆိုရင္ လ်န္က်ိဳး ၿမိဳ႕ရဲ႕ လမ္းေတြေရာ ေရျပင္မွာေရာပါ ေရေတြခဲၿပီး ႏွင္းေတြနဲ႔ ျပည့္လာလိမ့္မယ္၊ ဒီလိုဆိုရင္ လ်န္က်ိဳးက လုံးဝကို ခြဲထုတ္ခံလိုက္ရသလိုျဖစ္သြားေတာ့မယ္၊ အျပင္က ဘာအေထာက္အပံ့မွ မရဘဲနဲ႔ဆို တုဟြန္းေတြ လာတိုက္မွာကို ေစာင့္ေနစရာေတာင္မလိုေတာ့ဘူး၊ သူံးလအတြင္းမွာဘဲ ေျမာက္ပိုင္း စစ္တပ္တစ္ခုလုံး ေသျခင္းကို ဦးတည္ရလိမ့္မယ္။
ထန္းယန္က အေစာကတည္းက အေျခအေနကို စုံစမ္းဖို႔ရာ စုၿမိဳ႕ဆီ လူလႊတ္ထားခဲ့တယ္၊ သူတိူ႕အေနနဲ႔ ယြဲ႕ခ်င္ေတာင္တန္းဆီ သြားဖို႔ရာ လမ္းေၾကာင္းကို မသုံးႏိုင္ေတာ့ဘူး၊ ႏွင္းမုန္တိုင္းက လမ္းေၾကာင္းေတြ အားလုံးကို ဖ်က္ဆီးသြားခဲ့တယ္၊ ဘယ္အေထာက္အပံ့ စစ္ကူတပ္မွ ျဖတ္မလာႏိုင္ဘူး။
ႏိုဝင္ဘာလရဲ႕ ေနာက္ဆုံးရက္ကို ေရာက္လာေတာ့ ခ်ဴးလ်န္ရဲ႕ ဒဏ္ရာက လုံးဝကို အနာက်က္သြားၿပီ၊ ထန္းယန္နဲ႔ က်န္လူေတြရဲ႕ အကူအညီနဲ႔ ခ်ဴးလ်န္က အေထာက္အပံ့ပစၥည္းအနည္းငယ္ကို ေျမာက္ပိုင္းစစ္တပ္ဆီ ယူေဆာင္လာခဲ့တယ္။
ခ်ဴးလ်န္က ဒီအေၾကာင္းကို ေဟးစန္းလန္နဲ႔ သေဘာတူညီၿပီးျဖစ္လို႔ မနက္အေစာပိုင္းမွာဘဲ ျမင္းလွည္းကို စီးလို႔ ထြက္လာခဲ့တယ္။
ခ်ဴးလ်န္က ေ႐ွ႕တန္းတပ္ဖြဲ႕ဆီ သြားေရာက္မွာမဟုတ္ဘဲ အရံတပ္ခြဲဆီဘဲ သြားေနတာျဖစ္လို႔ သိပ္ေတာ့ အႏၲရာယ္မ႐ွိလွဘူး။
ေန႔လည္ 11မတိုင္ခင္ တပ္ထဲကို ေရာက္လာတာေတာင္မွ ႏွင္းေတြက တဖြဲဖြဲ က်ဆင္းေနတုန္းဘဲ၊ မယ္ေတာ္ႀကီးရဲ႕ အမိန္႔စာလႊာကို ကိုင္ေဆာင္ထားတဲ့ ခ်ဴးလ်န္ကို စစ္သူႀကီးခ်ီအန္းက ကိုယ္တိုင္ လက္ခံခဲ့တယ္။
စစ္တပ္ထဲက စစ္သားအမ်ားစုက လူၾကမ္းႀကီးေတြဘဲ ျဖစ္ေနေတာ့ စစ္သူႀကီးခ်ီအန္းက ခ်ဴးလ်န္ကို ႀကိဳဆိုဖို႔ရာ အမ်ိဳးသမီးစစ္သားအနည္းငယ္ကို စီမာေဟြ႕ဆီကေန ေခၚယူထားတယ္။
ေျမာက္ပိုင္းတစ္ခုလုံးက အခုလက္႐ွိ အလြန္အမင္းေအးခဲေနဆဲ ကာလမွာ ေရာက္႐ွိေနတယ္၊ ဝမ္လန္ရဲ႕ အကူအညီနဲ႔ လွည္းေပၚကေန ဆင္းလာတဲ့ ခ်ဴးလ်န္ကလည္း ေဘာလုံးေလးတစ္လုံးလို လူံျခဳံေနေအာင္ လႊမ္းျခဳံထားတယ္။
သူမက ႀကီးမားတဲ့ မီးခိုးေရာင္ ႐ွဥ့္ေမႊးဝတ္႐ုံကို ဝတ္ဆင္ထားၿပီးေတာ့ လက္အနားစက အေမႊးဖြာဖြာေလးေတြက သူမ လက္ဖ်ားေလးေတြကိုပါ လုံေနေအာင္ ထုပ္ပိုးထားတယ္၊ အပိုအေနနဲ႔ သူမက အပူေပးလက္အိတ္ေလးတစ္ခုကိုပါ ကိုင္ထားတယ္၊ သူမရဲ႕ မ်က္ႏွာတစ္ဝက္ေလာက္ကေခါင္းစြပ္ႀကီးနဲ႔ ဖုံးေနေတာ့ အယ္မြန္ပုံ မ်က္ဝန္းေလးေတြကိုဘဲ ျမင္ေနရတယ္၊ ေနာက္ၿပီး သူမ ေျခေထာက္ဒဏ္ရာကလည္း သက္သာခါစဆိုေတာ့ လမ္းေလွ်ာက္ႏႈန္းက လူတိုင္းထက္ေႏွးေကြးေနၿပီးေတာ့ လမ္းေလွ်ာက္ပုံေလးက ကို႔႐ို႕ကားယားနဲ႔ ရယ္ခ်င္စဖြယ္ေလးျဖစ္ေနတယ္။
ေနာက္ဆုံးေတာ့ စီမာေဟြ႕ရဲ႕ အမ်ိဳးသမီးလက္ေထာက္တပ္သား ေ႐ွာင္ယန္က ေဟးအိမ္ေတာ္ရဲ႕ တတိယသခင္မေလးကို ျမင္ေတြ႕ခဲ့ၿပီး ေလွာင္ရယ္ခ်င္စိတ္ကို မနည္းကို ဖိႏွိပ္လိုက္ရတယ္။
သူမစိတ္ထဲမွာေတာ့ အထင္အျမင္ေသး႐ြံ႐ွာလို႔ေနၿပီ၊ ဘယ္လိုေတာင္ မေသမသပ္နဲ႔ ပုံပန္းမက်လိုက္သလဲ၊ ေခ်ာေမာတဲ့ ေဟးစန္းလန္က ဒီတစ္ေယာက္ကို သေဘာမက်တာလည္း အံ့ဩစရာေတာ့ မ႐ွိပါဘူး။
ဒီတတိယသခင္မေလးက ျမင့္ျမတ္တဲ့ အမ်ိဳးသမီးဘြဲ႕ကို ရ႐ွိထားတယ္လို႔လည္း သတင္းၾကားထာစေသးတယ္။
ဒီဘြဲ႕ကိုရဖို႔ရာ ဘယ္ မ်ိဳး႐ိုးျမင့္ဆီကေနမ်ား အႏူးအၫြတ္ေတာင္းခံထားလဲ မသိဘူး၊ ေဟးမိသားစုသခင္မႀကီးက ဒီေျခာက္ေယာက္ေျမာက္ သခင္မေလးအတြက္ ဦးေႏွာက္ေတာ္ေတာ္သူံးထားတာဘဲ။
အမ်ိဳးသမီးတပ္သားက သူမလို စစ္ပြဲဝတ္စုံ ဝတ္ဆင္ထားတဲ့ အနီးနားက အေစခံေတြကို တခ်က္လွည့္ၾကည့္လိုက္တယ္၊ အေစခံေတြထဲက ေခါင္းေဆာင္ျဖစ္သူက ေခါင္းတခ်က္ညိမ့္ျပၿပီး အလ်င္အျမန္ဘဲ ခ်ဴးလ်န္ရဲ႕ အုပ္စုေနာက္ကို လိုက္ပါသြားတယ္။
သူတို႔ တပ္တြင္းကို ဝင္ေရာက္လာေတာ့ ပထမဆုံး ႀကိဳဆိုတဲ့လူက ေခါင္းေဆာင္ေကာင္းဘဲ။
သူမေဘးက ထန္းယန္ရဲ႕ မိတ္ဆက္ေပးမႈအရ ခ်ဴးလ်န္က ေခါင္းေဆာင္ေကာင္းကို အနည္းငယ္ ေခါင္းငုံၿပီး အ႐ိုအေသေပးႏႈတ္ဆက္လိုက္တယ္။
ေခါင္းေဆာင္ေကာင္းကလည္း ခဏေၾကာင္ၾကည့္ေနၿပီးမွ တေသာေသာရယ္ရင္းနဲ႔ ေျပာလာတယ္၊ " က်ီ႐ွန္းက ဒီေန႔မင္းကို ႀကိဳဆိုမလို႔ပါဘဲ၊ ဒါေပမယ့္ မေန႔ကေလးတင္မွ ေ႐ွ႕တန္းကို အေရးေပၚ ထြက္သြားလိုက္ရတယ္၊ အခုက သူက တပ္ထဲမွာ ႐ွိမေနဘူး၊ ဒီေတာ့ မင္းကို ႀကိဳဆိုဖို႔ရာက ဒီ အကိုႀကီး ရဲ႕ ပုခုံးေပၚဘဲ ေရာက္လာေတာ့တာပါဘဲ၊ ေခါင္းေဆာင္ထန္း နဲ႔ ခယ္မေလးတို႔က အေျခအေနကို နားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ "
( က်ီ႐ွန္းဆိုတာက ေဟးစန္းလန္ကို ေခၚတာပါ )
ခ်ဴးလ်န္က ေခါင္းညိမ့္ၿပီး အသာအယာျပဳံးျပလိုက္တယ္ " အကိုေကာင္း သိပ္ၿပီး တခမ္းတနားႀကီး လုပ္မေနပါနဲ႔၊ ေယာက်္ားက အခုမွ တပ္ထဲကို ဝင္ေရာက္ဖူးတဲ့လူဆိုေတာ့ ဒီရက္ေတြမွာ အကိုေကာင္းရဲ႕ အကူအညီကို အမ်ားႀကီး မွီခိုခဲ့ရမွာဘဲ "
ေျပာၿပီးတာနဲ႔ ခ်ဴးလ်န္က ဝမ္လန္ကို အခ်က္ျပလိုက္ၿပီးေတာ့ ေခါင္းေဆာင္ေကာင္းဆီကို အိတ္အျပာေလးတစ္လုံး ကမ္းေပးလာတယ္။
" ဒါက မုန္႔ေလး အနည္းငယ္ပါဘဲ၊ ကြၽန္မရဲ႕ ေက်းဇူးတင္မႈကို ျပတဲ့ ဒီလက္ေဆာင္အေသးေလးကိုေတာ့ အကိုေကာင္းလက္ခံမယ္လို႔ ေမွ်ာ္လင့္ပါတယ္ "
ေခါင္းေဆာင္ေကာင္းကေတာ့ ဒီလို ေတာက္ပတဲ့ မ်က္ဝန္းေလးေတြနဲ႔ သေဘာထားရက္ေရာတဲ့ ခယ္မအေသးေလးကို တကယ္ သေဘာက်ေနၿပီ၊ သူက ခ်ဴးလ်န္ရဲ႕ လက္ေဆာင္ကို လက္ႏွစ္ဖက္နဲ႔ လွမ္းၿပီး အျပဳံး အႀကီးႀကီးနဲ႔ လက္ခံယူလိုက္တယ္။
" ေခါင္းေဆာင္ထန္း၊ အမ်ိဳး သမီးက်င္းယီ အခုေလာေလာဆယ္ေတာ့ ဒီတဲ ႏွစ္ခုမွာ အနားယူၾကပါအုံး၊ မင္းတို႔ေရာက္႐ွိေၾကာင္းကို အထက္ကိုသြားၿပီး သတင္းပို႔လိုက္ပါအုံးမယ္ "
ထန္းယန္က ေခါင္းေဆာင္ေကာင္းကို ဦးၫႊတ္ႏႈတ္ဆက္လိုက္တယ္ "ေခါင္းေဆာင္ေကာင္းကို ဒုကၡေပးမိပါၿပီ "
ခ်ဴးလ်န္က အမ်ိဳးသမီးတပ္သားေတြျပတဲ့ တဲဆီကို ဦးတည္လိုက္တယ္၊ အမ်ိဳးသားျဖစ္တဲ့ထန္းယန္ကလည္း အျခားတဖက္ကတဲဆီ သြားေရာက္လိုက္တယ္။
တဲရဲ႕ ၾကမ္းျပင္မွာ သားေမႊးထူထူေတြ ခင္းထားၿပီးေတာ့ အထဲမွာ မီးေသြးမီးဖိူတစ္ခုကိုပါ ထည့္သြင္းထားတယ္၊ အထဲက အျပင္ထက္ အမ်ားႀကီးကို ပိုေႏြးလို႔ေနတယ္၊ အျပင္အဆင္ေတြအားလူံးက ႐ိုး႐ွင္းေနေပမယ့္လည္း အကုန္လုံးက အရည္အေသြးျမင့္ပစၥည္းေတြခ်ည္းဘဲ။
တဲအလယ္မွာ တ႐ုတ္ဆီးပန္းပြင့္နဲ႔ သစ္ခြပန္းေတြကို ေရးဆြဲထားတဲ့ ကန္႔လန္႔ကာတစ္ခ်ပ္ေတာင္ ႐ွိေနတယ္၊ အေနာက္မွာေတာ့ ႐ိုး႐ွင္းတဲ့ခုတင္က်ဥ္းေလး႐ွိေနတယ္၊စားပြဲရဲ႕ ေဘးတဖက္မွာေတာ့ညအျဖဴေရာင္ အဝတ္အစားႏွစ္စုံကို ထပ္ထားတယ္၊ အနီးနားက ေကာ္ေဇာေပၚမွာလည္း သမင္သားေရ ဘြတ္ဖိနပ္တစ္စုံကို တင္ထားတယ္။
ဖိနပ္ေတြက သံမဏိေတြ သားေရေတြနဲ႔ ျပဳလုပ္ထားေပမယ့္ အ႐ြယ္အစားကို ခန္႔မွန္းၾကည့္ရသေလာက္ေတာ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ဟာမွန္း ခ်ဴးလ်န္တန္းသိသြားတယ္ ။
ခ်ဴးလ်န္ရဲ႕ အမူအရာက အနည္းငယ္ေတာ့ ေျပာင္းလဲသြားတယ္၊ ဒါက အမ်ိဳးသမီးစစ္သူႀကီးစီမာရဲ႕ တဲျဖစ္ဟန္တူတယ္။
သူမက စူးစမ္းလိူစိတ္နဲ႔ ပတ္ပတ္လည္ကို အေသအခ်ာလိုက္ၾကည့္ေနတယ္၊ သူမအတြက္ေတာ့ အမ်ိဳးသမီးစစ္သူႀကီးတစ္ဦးရဲ႕ တဲထဲကို ဝင္ဖူးတာက ပထမဆုံးအႀကိမ္ဘဲ၊ ဒါေပမယ့္ ဒါက အျခားပုံမွန္တဲေတြထက္ ပိုအရည္အေသြးျမင့္ၿပီး ေႏြးေထြးေနတာကလြဲလို႔ သိပ္ကြာျခားတာမ်ိဳး မ႐ွိလွဘူး၊ တဲကို လွည့္ပတ္ၾကည့္ေနရင္းနဲ႔ သူမစိတ္ထဲ ေဟးခ်န္ဒီကို ေတြးမိၿပီးေတာ့ သူ႕တဲကေရာ ဘယ္လို႐ွိမလဲ သိခ်င္မိသြားတယ္။
သူမ လုပ္စရာ႐ွိတာ လုပ္ၿပီးတာနဲ႔ ေဟးခ်န္ဒီတဲကိုတခ်က္ ၾကည့္ဖို႔ရာ ေခါင္းေဆာင္းေကာင္းကို ေခၚသြားခိုင္းဖို႔ သူမ ဆုံးျဖတ္လိုက္တယ္၊ ဒီလိုေတြးမိရင္းနဲ႔ သူမႏွလုံးသားထဲ ေက်နပ္တဲ့ ခံစားခ်က္ေလး ရလာတာကို ခံစားလိုက္ရတယ္။
ဝမ္ခ်င္းနဲ႔ ဝမ္လန္မွာေတာ့ ခ်ဴးလ်န္လို အနားမယူႏိုင္႐ွာဘူး။
သူတို႔က ခ်ဴးလ်န္နဲ႔ အတူတဲကို လွည့္ပတ္ၾကည့္ၿပီးေတာ့ ဝမ္ခ်င္းက သူမ သခင္မကိုယ္ေပၚက ဝတ္႐ုံကို ကူခြၽတ္ၿပီး ထိုင္ႏိုင္ဖို႔ရာ သစ္သားခုံဆြဲယူေပးတယ္၊ ေနာက္ၿပီး ခ်ဴးလ်န္လက္က အေႏြးအိတ္ကို ယူၿပီး ပိုေႏြးေစဖို႔အတြက္ မီးေသြးထပ္ျဖည့္လိုက္တယ္၊ ဝမ္ခ်င္း ဒီလိုလုပ္ေပးေနတုန္းမွာဘဲ သူမေနာက္က စစ္ပြဲဝတ္စုံဝတ္ထားတဲ့ အမ်ိဳးသမီးေတြဆီကေန သူမ သခင္မအေပၚ ရန္ျပဳခ်င္ေနတဲ့ ထူးထူးဆန္းဆန္း ခံစားခ်က္ႀကီးကို ခံစားမိေနတယ္။
ဝမ္လန္ကေတာ့ သူမရဲ႕ စိုးရိမ္ ပူပန္မႈေတြကို မသိေလဘူး၊ ဝမ္လန္မွာ သူမ အစ္မျဖစ္သူကို လက္နဲ႔တို႔ၿပီး ေမးခြန္းေတြ ေမးခ်င္ေနပုံရတယ္ : ဘာလို႔မ်ား စစ္တပ္ထဲမွာ မိန္းမေတြ အမ်ားႀကီး ႐ွိေနရသလဲေပါ့။
ဝမ္ခ်င္းကေခါင္းအသာယမ္းျပၿပီး သခင္မေလးကိုခစားတဲ့ ေနရာမွာဘဲ အာ႐ူံစိုက္ထားဖို႔ ၫႊန္ၾကားလိုက္တယ္။
ေ႐ွာင္ယန္က ေဘးဘက္မွာ ရပ္ေနတယ္၊ သူမရဲ႕ အသြင္အျပင္က စီမာေဟြ႕နဲ႔ ကို ဆင္တူေနတယ္၊ သူမတို႔ႏွစ္ဦးစလူံးက အရပ္႐ွည္ၾကတယ္၊ ဒါေပမယ့္ ေ႐ွာင္ယန္က ပိုၿပီး ပိန္ပါးတယ္၊စစ္တပ္ထဲမွာ ႏွစ္အေတာ္အၾကာေလ့က်င့္ၿပီးခဲ့ခ်ိန္မွာေတာ့ ပုံမွန္ သာမန္ အမ်ိဳးသမီးေတြနဲ႔ မတူညီတဲ့ အေတြးအျမင္မ်ိဳး သူမမွာ ႐ိုက္သြင္းခံလိုက္ရၿပီ၊ သူမက ေဘးမွာ ရပ္ေနရင္းနဲ႔ဘဲ သူမ ေ႐ွ႕နားမွာ ထိုင္ေနတဲ့ အားနည္းတဲ့ အမ်ိဳးသမီးကို ၾကည့္ရင္း ေျပာလိုက္တယ္၊ သူမေလသံက တည္ၿငိမ္ေနေပမယ့္လည္း စကားလုံးေတြထဲမွာေတာ့ အထင္ေသးမႈေတြ မထီမဲ့ျမင္နဲ႔ စိတ္ႀကီးဝင္ေနဟန္ေတြက အထင္းသား ပါဝင္ေနတယ္။
" ဒီငယ္သားက စစ္သူႀကီး ကိုယ္စား အမ်ိဳးသမီးက်င္းယီကို ႏႈတ္ခြန္းဆက္ပါတယ္၊ အမ်ိဳးသမီးက်င္းယီလည္း သိတဲ့ အတိုင္းဘဲ ကြၽန္မတို႔ရဲ႕ စစ္သူႀကီးက ေခါင္းေဆာင္ေဟးနဲ႔ အတူ မေန႔ကဘဲ ေ႐ွ႕တန္းကို ထြက္ခြာသြားတယ္ေလ၊ ဒီေတာ့ ဒီအေစခံကဘဲ စစ္သူႀကီးအစား အမ်ိဳးသမီးက်င္းယီကို ႀကိဳဆိုေပးရတာပါ၊ အမ်ိဳးသမီးက်င္းယီအေနနဲ႔ ဒါကို စိတ္ထဲ မထားဖို႔ ေမွ်ာ္လင့္ပါတယ္ "
ေ႐ွာင္ယန္က ေျပာၿပီးတာနဲ႔ သူမေနာက္က အေစခံတပ္သားတစ္ဦးဆီက လက္ဖက္ရည္ခြက္ကို ယူၿပီး ခ်ဴးလ်န္႐ွိရာဆီကိုလက္ႏွစ္ဖက္နဲ႔ ကမ္းေပးလာတယါ။
ဝမ္ခ်င္းက ဒီအမ်ိဳးသမီးလက္ေထာက္တပ္သားရဲ႕ စကားေတြကို ၾကားမိေတာ့ မ်က္ခုံးေတြ တြန္႔ၿပီး သူမရဲ႕ သခင္မကို စိုးရိမ္တႀကီး ၾကည့္မိတယ္။
ခ်ဴးလ်န္က ေဘးဘက္တဲကို ၾကည့္ေနတဲ့ သူမ အၾကည့္ေတြကို ႐ုတ္သိမ္းၿပီး စကားေျပာေနတဲ့အမ်ိဳးသမီးတပ္သားဆီကို ၾကည့္လိုက္တယ္၊ သူမက မ်က္ေတာင္ခတ္ၿပီး အျပဳံးေလးနဲ႔ဘဲ ယဥ္ယဥ္ေက်းေက်း ေျပာလိုက္တယ္၊ " စစ္သူႀကီး စီမာက ၾကင္နာလြန္းေနပါၿပီ "
ေ႐ွာင္ယန္က ငယ္႐ြယ္မႈေတြ စြန္းထင္းေနတဲ့ ေဟးမိသားစု တတိယသခင္မေလးရဲ႕ မ်က္ႏွာကို စိုက္ၾကည့္ေနတယ္၊ ဒီလိုမ်ိဳး ခ်ဴးလ်န္ရဲ႕ တည္ၿငိမ္တဲ့ အေျဖကို ျပန္ၾကားလိုက္ရေတာ့ သူမမွာ ဘယ္လိုတုံ႔ျပန္ရမွန္း မသိႏိုင္ေတာ့ဘူး၊ ဒီမိန္းမက ဘယ္အေျခအေနကို ဆြဲယူေနတာလဲ၊ သူမ ေနာက္က အေစခံႏွစ္ဦးရဲ႕ မုန္တိုင္းထန္ေတာ့မယ့္ ပုံစံေတြကို တကယ္ဘဲ သတိမထားမိဘူးလား။
ေ႐ွာင္ယန္မွာ အနည္းငယ္ မတည္မၿငိမ္ျဖစ္သြားတယ္၊ေနာက္မွ အေကာင္းဆုံးႀကိဳးစားျပဳံးၿပီး ျပန္ေျပာလာတယ္ " အမ်ိဳးသမီးက်င္းယီအေနနဲ႔ ဒီအေစခံကို အျပစ္မတင္ဘူးဆိုရင္ဘဲ အဆင္ေျပပါၿပီ"
ခ်ဴးလ်န္က ပုံမွန္အတိုင္းဘဲ ဆက္ျပဳံးေနၿပီးေတာ့ ဝမ္ခ်င္းလွမ္းေပးလာတဲ့ လက္အေႏြးအိတ္ေလးကို ယူလိုက္တယ္၊ ေနာက္ေတာ့ ဝမ္လန္ဘက္ကို လွည့္ၿပီး ညင္သာစြာေျပာလိုက္တယ္ " ငါ နည္းနည္း ေရဆာေနၿပီ "
ဝမ္လန္က အလ်င္အျမန္ဘဲ သူမ အၿမဲ ေဆာင္ေနက် လြယ္အိတ္ေလးထဲက ေၾကးအိုးေလးကို ထုတ္လိုက္တယ္၊ ေနာက္ၿပီး ေႂကြခြက္ေလးကို ယူၿပီး ပ်ားရည္ေႏြးေႏြးေလးကို ခ်ဴးလ်န္ကို လွမ္းေပးလိုက္တယ္။
ေ႐ွာင္ယန္က ဒီသခင္နဲ႔ အေစခံေတြရဲ႕ ျပဳမူပုံေတြကို ၾကည့္ေနရင္းနဲ႔ သူမ မ်က္လုံးေတြထဲမွာ အထင္ေသး႐ြံ႐ွာမႈေတြ ျပည့္ႏွက္ေနတယ္၊သူမကိုယ္တိုင္က စီမာအိမ္ေတာ္မွာ ေနထိုင္ႀကီးျပင္းလာခဲ့ရသူျဖစ္ေတာ့ အဆင္အတန္းျမင့္ပစၥည္းေတြနဲ႔ အစားအေသာက္ေတြကို ရင္းႏွီးကြၽမ္းဝင္ေနတယ္၊ တခ်က္ၾကည့္႐ုံနဲ႔ ဒီပ်ားရည္က သာမန္မဟုတ္မွန္းသိႏိုင္တယ္၊ ဒါေပမယ့္ အရည္အေသြးက ဘာအသုံးဝင္မွာလဲ၊ အဆုံးမွာေတာ့ ဆင္းရဲသား လူငႏုံေလးေတြကဘဲ စန္ခ်ာကို ေက်ာ္ၿပီး ပ်ားရည္ကို ပိုႏွစ္သက္ေလ့႐ွိၾကတာဘဲေလ။
ဒီအမ်ိဳးသမီးက်င္းယီက ႏွာေခါင္းဖ်ားက အရည္အေသြးျမင့္စန္ခ်ာကိုေတာင္ သတိမထားမိပါလား၊ ဒါနဲ႔ ေ႐ွာင္ယန္မွာ ဝင္မေျပာဘဲ မေနႏိုင္ေတာ့ဘူး၊ " အမ်ိဳးသမီးက်င္းယီက မသိဘူးနဲ႔ တူတယ္ ၊ ဒီအေစခံ ကမ္းေပးလိုက္တာက ကြၽန္မတို႔ စစ္သူႀကီး အၿမဲ သုံးေဆာင္ေလ့ ႐ွ္ိတဲ့ က်န္း႐ွန္ လက္ဖက္ရည္ေလ"