124(part 2)

1.1K 307 21
                                    

Unicode

ဒီကိစ္စမှာ အံ့ဩသွားရတာ ချူးလျန်တစ်ဦးတည်းတင်မကဘူး ၊သခင်မကြီးဟေးတောင်မှ လန့်ပြီး သတိပြန်ဝင်ဖို့ အချိန်ခဏလောက်ယူလိုက်ရတယ်။

မင်းသမီးတွမ့်ကျားက ချူးလျန်ရဲ့ လက်မောင်းကို လာတွဲပြီး မြောက်ပိုင်းကို မသွားဖို့ရာချွဲနွဲ့ ဖျားယောင်းတော့တယ်။

သူတို့ နှစ်ဦးသား အိပ်ခန်းထဲမှာ စကားပြောနေတုန်းမှာ သခင်မကြီးဟေးက မင်းသမီးဝေနဲ့ ဧည့်ခန်းထဲမှာ စကား စမြည်ပြောနေတယ်။

"ချူးလျို့နင်တကယ်ဘဲ ရူးနေတာလား ? လျန်ကျိုးကို တကယ်ဘဲ လိုက်သွားမလို့လား ? ငါ့အကိုကြီးပြောတာတော့ အဲ့ဒီမှာ လက်ဆန့်ထုတ်လိုက်ရင်ကို ခဲသွားမတတ်အေးတယ်တဲ့ "

ချူးလျန်ကလည်း မင်းသမီးတွမ့်ကျားရဲ့ တွန့်နေတဲ့ မျက်ခုံးလေးတွေကို သတိထားမိပါတယ် ၊သူမ မျက်လုံးထဲမှာ တကယ် စိုးရိမ် ပူပန်နေတာပါ။

ချူးလျန်က ပြုံးလိုက်တယ် "မင်းသမီးလေး သခင်မကြီးက မယ်တော်ကြီးဆီမှာတောင် ခွင့်တောင်းပြီးသွားပြီ ၊ငါသွားမှ ဖြစ်မယ်"

မင်းသမီးတွမ့်ကျားက ဒေါသတကြီး မတ်တပ်ထရပ်လိုက်တယ် " ဒီမိန်းမအိုကြီးက ဘယ်လိုတောင် နင့်ကို တွန်းအားပေးရဲတာလဲ ၊ငါ့ကိုပြော ၊နင်မသွားချင်ဘူးဆိုရင် ဒီမင်းသမီးက အဘွားတော်ဆီသွားပြီးတော့ တောင်းဆိုပေးမယ် "

ချူးလျန်က မြန်မြန်ဘဲ မင်းသမီးတွမ့်ကျားရဲ့ လက်ကို ဆွဲပြီး ပြန်ထိုင်ခိုင်းရတယ် " မင်းသမီး ၊ဒါက ဒီလိုမဟုတ်ပါဘူး ၊ငါကိုယ်တိုင်ကိုက သွားဖို့ ဆန္ဒရှိတာပါ "

"နင်ကိုယ်တိုင်က ... ချုးလျို့ နင်တကယ်ဘဲ သေတွင်းထဲသွားချင်နေတာလား " မင်းသမီးတွမ့်ကျားက ဒေါသတကြီး ဖြစ်လာပြီ ၊နောက်တော့ ခေါင်းကို တဖက်လှည့်သွားပြီး ချူးလျန်ကို အရေးမစိုက်တော့ဘူး။

ချူးလျန်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ် ၊ဒါနဲ့သူမ စိတ်ရှည်ရှည်ထားပြီး သေချာ ရှင်းပြဖို့ ကြိုးစားတယ် "မင်းသမီးလေး ၊ဟေးစန်းလန်က မြောက်ပိုင်းမှာ အန္တရာယ်နဲ့ ကြုံနေရတယ် ၊ဒါကို မိသားစုက ထိုင်ပြီး ကြည့်နေလို့မဖြစ်ဘူး၊ အကြီးဆုံးအကိုက မြို့တော်ကနေ ထွက်ခွာလို့မဖြစ်တဲ့ အပြင် ဒုတိယအကိုကလည်း တာဝန်နဲ့ အခြားမြို့ကိုရောက်နေတယ် ၊အိမ်တော်ကနေ သွားလို့ရတာ ငါတစ်ဦးဘဲရှိတယ် ၊ပြီးတော့ ငါသွားရင် ရန်သူတွေကို တပ်လှန့်ရာလည်း မကျတော့ဘူး၊အခွင့်အရေးရတုန်းမှာ အမြန်ဆူံးလုပ်ရမယ် "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now