116(part 2)

1.2K 315 32
                                    

Unicode

သူ့လက်ထဲမှာ စမ်းမိရသလောက်တော့ စာအိတ်က ငှက်မွှေးလေးလို ပေါ့ပါးနေတာဘဲ၊စာအိတ် ဘယ်လောက်ပါးလဲဆိုတာ ကြည့်ခြင်းအားဖြင့်
အထဲမှာ စာတစ်စောင်ထဲပါမှန်း သိသာလှတယ်။

တတိယသခင်မလေးက သခင်လေးကို ပြောစရာ တီတီတာတာလေးတွေ မရှိဘူးလား?

တတိယသခင်လေးရဲ့ စာက အများကြီးကို ပိုထူတာသိသာတယ်။

အစေခံလေးက အထုပ်အပိုးကို လွယ်ပြီး Songtaoအဆောင်ကနေ ထွက်သွားပြီးပြီးချင်းဘဲ နှုတ်ခမ်းတွေတောင်မဲ့ကျသွားတယ်။
စာက ဒီလောက်တောင် ပါးလွှာနေတာကို သူ့အမေကို ဘယ်လိုများ အကြောင်းပြန်ရပါ့။

တတိယသခင်မလေးက တအားကို စိတ်ချလက်ချဖြစ်မနေသင့်ဘူး။ တတိယသခင်လေးက တခြားမိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားမှာကို သူမ တကယ် မစိုးရိမ်ဘူးလား။

သူမမှာ သာ အခွင့်အရေးရှိရင် သူမ ခင်ပွန်းနားကို ချည်နှောင်ပြီး ကပ်တွယ်နေသင့်တာ မဟုတ်ဘူးလား၊ တတိယသခင်လေးက အခုမှ ငယ်ရွယ်နေတုန်းရှိသေးတယ်။

ဒီအမျိုးသားအစေခံလေးသာ မြောက်ပိုင်းမှာ
ဟေးစန်းလန် ဖြတ်သန်းနေရတဲ့ နေ့ရက်တွေကို မြင်ရင် ဒီလိုတွေ တွေးနိုင်တော့မှာ မဟုတ်ဘူး။

ကျင်းအန် အိမ်တော်ရဲ့ စာနဲ့ အထုပ်အပိုးတွေကို မင်းသားကျင်းဆီ အရင်ပို့ရတယ်။
‌ပြီးမှ ဟေးစန်းလန်ရဲ့ လက်ထဲရောက်ဖို့ မင်းသားကျင်းရဲ့ အဆက်အသွယ်တွေနေ တဆင့် ပေးပို့ရတယ်။

မင်းသားကျင်းကတော့ စာဖတ်ခန်းထဲမှာ တည်ငြိမ်အေးဆေးစွာနဲ့ လက်နောက်ပစ်ထားပြီး လမ်းလျှောက်နေတယ်။သူရဲ့ ထူးကဲလှတဲ့ မိုးပြာရောင် မျက်ဝန်းတွေက ဖယောင်းတိုင်မီးရောင်အောက်မှာတောင် စူးရှတောက်ပနေတယ်။ တအောင့်နေတော့ စာကြည့်ဆောင်အပြင်ကနေ ခြေသံအချို့ကို ကြားလိုက်ရတယ်။

ခြေသံတွေရပ်သွားတော့ ကြမ်းရှရှ အသံတစ်ခုပေါ်ထွက်လာတယ်၊ "ဒီငယ်သားက မင်းသားကျင်းကို တွေ့ခွင့်တောင်းပါတယ်"

"ဝင်ခဲ့"

ကိုယ်လုံးပြည့် အနက်ဝတ်စုံဝတ်ဆင်ထားပြီး ခါးမှာ ဓါးရှည်ကိုပါ လွယ်ထားတဲ့ လူတစ်ဦးက အခန်းထဲကိုဝင်လာတယ်။သူက မင်းသားကျင်း ရှေ့မှောက်ကို တန်းတန်းမတ်မတ်လျှောက်သွားတယ်။

Transmigrator meets reincarnator (mmtranslation)Unde poveștirile trăiesc. Descoperă acum