Unicode
ပြီးတော့ ချူးလျန်က သူမနဲ့ ပါလာတဲ့ အစေခံလေးတွေကို ခေါ်ပြီး ဘေးအခန်းမှာ သမားတော်ဆီကနေ ကုသမှုခံယူနေတဲ့ အစေခံလျိုဆီကို လာကြည့်ရှုတယ်။
သခင်မကြီးဟေးကတော့ ပင်မအိမ်တော်ကို သေချာလေးဆိုဆုံးမဖို့လိုတယ် ၊အငယ်ဆုံးမိသားစုဝင်အနေနဲ့ ဒီလိုအရှက်ကွဲစရာ ဖြစ်ရပ်မျိုးမှာ မျက်မြင်ကိုယ်တွေ့တည်ရှ်ိနေမယ်ဆိုရင် သူမရဲ့ ခဲအိုနဲ့ အစ်မကြီးဆီက ဒေါသတွေကို လက်ခံနေရလိမ့်မယ်။
ချူးလျန်က ဧည့်ခန်းထဲက လှုပ်ရှားမှုတွေကို စောင့်နေရင်းနဲ့ အစေခံလျိုကိုပါ စောင့်ကြည့်ပေးနေတယ်၊ကံကောင်းတာက အရိုးလေးတစ်ရိုး ကျိုးသွားတာကလွဲလို့ အစေခံလျိုရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်ဆဲဘဲ၊သူမ က အိပ်ရာထဲမှာ သုံး လေး လလောက် အနားယူလိုက်ရင် အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်။
တနာရီလောက်ကြာတော့ တယောက်ယောက်က ဧည့်ခန်းမထဲက အကြောင်းကို လာသတင်းပို့တယ်၊
သတင်းကို နားထောင်ပြီးတာနဲ့ ချူးလျန်က ဧည့်ခန်းမဆီ ချက်ချင်း ပြန်သွားတော့တယ်။ပင်မခြံဝင်းထဲက ထွက်လာတော့ ချူးလျန်က သခင်မကြီးဟေးရဲ့ လက်မောင်းတဖက်ကို တွဲကိုင်ထားပြီး ဧည့်ခန်းမ တံခါးကို ပြန်လှည့်ကြည့်မိတယ်၊ပင်မအိမ်တော်ရဲ့ သခင်ရော သခင်မရောက ဒူးထောက်လျက် ရှိနေတုန်းဘဲ၊ ဒါပေမယ့် ခင်ပွန်းနဲ့ ဇနီးသည်တို့က တစ်ဦးနဲ့ တစ်ဦး သူစိမ်းတွေလို မသိကျိုးကျွန်ပြုနေကြတယ်။
သခင်မကြီးဟေးကို ကျင်းချီခန်းမဆောင်ကို ပြန်ပို့ပေးတော့ သူမ ခမျာ အတော်ကို ခြေကုန်လက်ပန်းကျနေရှာပြီ၊ ချူးလျန် မထွက်ခွာခင်မှာ သခင်မကြီးဟေးက ချူးလျန်ကို ဒီအကြောင်းအရာတွေကို ကျင်းအန်ကတော် မသိအောင် ဖုံးကွယ်ထားဖို့ သတိပေးလိုက်တယ်။
ချူးလျန်ကလည်း မဆိုင်းမတွဘဲ သဘောတူလိုက်တယ် ၊သူမရဲ့Songtaoအဆောင်ကို မပြန်လာခင် သခင်မကြီးဟေးကို အိပ်ခန်းထဲထိ ရောက်အောင် ပို့ဆောင်ေပးခဲ့တယ်။
အခြေနေ အချိန်အခါတွေအရ ဟေးချန်ကျီမှာ အသက်သုံးဆယ် မပြည့်ခင်မှာဘဲ ကိုယ်လုပ်တော်တစ်ဦး ရှိသွားခဲ့ပြီ၊ အစေခံတွေ အချင်းချင်း ပြန်ပြောနေကြတာကတော့ သူတို့ရဲ့ ကျင်းအန်ဆက်ခံသူက အိပ်ဖော်အစေခံတစ်ဦး ရရှိသွားရုံပါဘဲ၊ ဒါကို ကိုယ်လုပ်တော်လို့ မဆိုသာဘူးပေါ့၊ ဒီတော့ သူက ဟေးမိသားစု စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာ မဟုတ်ဘူးပေါ့၊ ပြီးတော့ သူ့ရဲ့ တရားဝင်ဇနီးကလည်း 10နှစ်ကြာတာတောင် သားယောက်ျားလေးမှ မွေူဖွားမပေးနိုင်ခဲ့တာ။
DU LIEST GERADE
Transmigrator meets reincarnator (mmtranslation)
Historische RomaneTitle: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mountain Mists Translated by:timebun, Premonition,Myst Edited by: renderedreversed Total-340chapters Start date-10.7.2021