127(part 2)

1.2K 298 13
                                    

Unicode

ဝမ်ချင်းက မီးထပ်မွှေးပြီး ယုန်သားဟော့ပေါ့နဲ့ တွဲဖက်စားဖို့ ထမင်းအနည်းတောင် ထပ်ချက်လိုက်သေးတယ်။

ဒီနေ့အတွက် သူတို့တွေရဲ့ ညစာကတော့ နှင်းတွေလိုဖြူဆွတ်နေတဲ့ ထမင်းနဲ့ နီနီရဲရဲ ယုန်သားဟော့ပေါ့အစပ်တို့ဘဲ၊ ဒါတွေက စားချင်စိတ်‌သိပ်မရှိပါဘူးဆိုတဲ့ သူတွေကိုတောင် ပန်းကန်လုံးအပြည့် စားစေနိုင်တယ်။

တတိယသခင်မလေးနဲ့အတူ ဒီလို ပျင်းစရာကောင်းတဲ့ မြောက်ပိုင်းခရီးကို လိုက်ပါခဲ့တဲ့ အစေခံတွေ အတွက်တော့ နေ့ရက်တိုင်းက စားချင်စဖွယ်အစားအသောက်တွေနဲ့ ပြည့်နှက်နေမှာဘဲ။

ချူးလျန်ကလည်း သူမ လူတွေအပေါ် ကြင်နာပြီး အကာအကွယ်ပေးတတ်တဲ့ သူဖြစ်‌ေတာ့ သူမ နေ့တိုင်း စားရသလိုဘဲ ဝမ်ချင်းနဲ့ ဝမ်လန်တို့အားလုံးလည်း သေချာပေါက်စားရမှာဘဲ။

ဒီတော့ ချူးလျန် ၊ဝမ်ချင်း၊ဝမ်လန်၊ မန်နေဂျာကျင်း၊ လီရှင်းနဲ့ လီယွဲ့တို့အားလုံးက ရှေ့ဆက်ပြီး ညစာကို သူတို့ ကိုယ်တိုင်ဘဲ ချက်ပြုတ်ကြလိမ့်မယ်။

အနားယူကြစဉ် ထန်းယန်ရဲ့ လူတွေ ညစာပြင်နေကြတုန်းမှာ ကျင်းအန်အိမ်တော်က စစ်သားတွေကတော့ မိုချန်ကွေ့ အမိန့်နဲ့ ဝိုင်းဖွဲ့ထိုင်နေကြတယ်။

လီရှင်း အမဲလိုက်လို့ရလာတဲ့ ယုန်တွေက ဝဖီးလို့နေတော့ ချူးလျန်က ဝမ်ချင်းကို မိုချန်ကွေ့နဲ့ ထန်းယန်ကိုပါ တချို့တဝက် ခွဲပေးခိုင်းလိုက်တယ်။

ပူ‌ပူနွေးနွေး ယုန်သားဟော့ပေါ့ ကို စားပြီးတော့ ချူးလျန်က အနားယူဖို့ရာတဲထဲ ဝင်သွားတော့တယ်။

ဝမ်ချင်းလည်း မို‌ချန်ကွေ့နဲ့ ထန်းယန်တို့ တဲဆီကို စားစရာတွေ ယူပြီး သွားရောက်လိုက်တယ်။

သူမ တဲထဲ ဝင်သွားတော့ မိုချန်ကွေ့နဲ့ ထန်းယန်က တစ်စုံတစ်ခုကို ဆွေးနွေးနေကြပုံပေါ်တယ်၊သူမ ဝင်သွားတာနဲ့ ဒီအမျိုးသားနှစ်ယောက်လုံးက တိတ်သွားကြပြီးတော့ နှစ်ယောက်လုံးက စိတ်အခြေနေ ဆိုးဝါးနေကြတယ်၊ ကြည့်ရတာ သူတို့ဆွေးနွေးနေကြတာ အဆင်ပြေပုံမပေါ်ဘူး။

Transmigrator meets reincarnator (mmtranslation)जहाँ कहानियाँ रहती हैं। अभी खोजें