145

1.2K 296 26
                                    

Unicode

ချူးလျန်လည်း ဟေးချန်ဒီရဲ့ စိတ်အခြေအနေက အတော်ကို နားလည်ရခက်မှန်း နားလည်လိုက်တယ်၊သူမက သူ့ကို ရေချိုးဖို့အကြောင်းလေး ပြောနေတုန်းရှိသေးတယ်လေ၊ ဘယ်လိူများ အစေခံထပ်ခေါ်ဖို့ အကြောင်းကို စကားက ရောက်သွားရတာလဲ။

ချူးလျန်တော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ဆွံ့အနေမိတော့တာဘဲ၊ လွန်ခဲ့တဲ့ နှစ်ရက်က မန်နေဂျာကျင်းနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို တွေးမိတော့ ချူးလျန် ခေါင်းညိမ့်ပြီး သဘောတူမိတယ်၊ သူမက လျန်ကျိုးမှာနေရမယ့် အချိန်က သတ်သတ်မှတ်မှတ်ရှိတယမဟုတ်ဘူး၊ ဝမ်ချင်းနဲ့ ဝမ်လန် နှစ်ယောက်တည်းနဲ့ အဆင်ပြေနိုင်မှာ မဟုတ်လောက်ဘူး။

ဒါနဲ့ ချူးလျန်လည်း သိပ်ပြီး အများကြီးတွေးမနေတော့ဘဲ သဘောတူလိုက်တယ်

" မန်နေဂျာကျင်းကို လူတချို့ခေါ်သွားခိုင်းပြီး သင့်တော်တဲ့လူရှာခိုင်းလိုက် " ချူးလျန်က ထပ်ဖြည့်ပြီး ပြောလိုက်တယ်။

ချူးလျန်ရဲ့ လျင်လျင်မြန်မြန်သဘောတူညီမှုက ဟေးချန်ဒီရဲ့ အဆင်မပြေစိတ်လေးကို နည်းနည်းလျော့ကျသွားစေတယ်၊ သူက အခန်းထဲမှာ ခဏကြာအောင်ဆက်ထိုင်နေပြီးမှ ချူးလျန် သူ့အတွက်ပြင်ခိုင်းထားတဲ့ ဘေးအဆောင်က ရေချိုးတဲ့နေရာဆီ ထွက်သွားတယ်။

ဟေးချန်ဒီက ရေချိုးရာမှာ ဘယ်အခြွေအရံမှ မလိုအပ်ဘူး၊ သူ့အရင်ဘဝတုန်းက သူ့မိသားစုတစ်ခုလုံးပျက်စီးသွားချိန်မှာ ခက်ခဲကြမ်းတမ်းမှုတွေကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတယ်၊ အခု ဒီဘဝမှာတော့ မြောက်ပိုင်းစစ်တပ်ထဲမှာ အတော်ကြာနေရတော့ အရာရာတိုင်းကို သူကိုယ်တိုင်လုပ်ဆောင်နိုင်နေပြီ။

သူ့ရဲ့ ညစ်ပေနေတဲ့ အဝတ်အစားတွေကို ဖယ်ရှားလိုက်တော့ ကြွက်သားတွေ အပြည့်နဲ့ အပေါ်ပိုင်းခန္ဓာကိုယ်က ပေါ်ထွက်လာတယ်၊သူ့ရဲ့ ကြွက်သားရှစ်မြောင်းက သိသာထင်ရှားလွန်းပြီး ကြွက်သားတွေ အောက်ဘက်က ဗွီလိုင်းကလည်း တင်သားတွေ ရှိရာဆီကို နိမ့်ဆင်းလာတယ်၊ အောက်ဘက်ပိုင်းကတော့ သူ့ရဲ့ ရှည်လျားတောင့်တင်းလှတဲ့ ခြေတံရှည်တွေဘဲ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now