121(part 1)

1.1K 282 10
                                    

Unicode

ချူးလျန် ကူလင်းစားသောက်ဆိုင်ကို ရောက်တာနဲ့ မန်နေဂျာကျင်းက သူမရှာနေတဲ့ လူရှိရာ သီးသန့်ခန်းကို ခေါ်သွားတယ်။

ချူးလျန် အခန်းထဲကို ဝင်ဝင်ချင်းဘဲ အဝင်ဝ လိုက်ကာနောက်က စကားပြောနေသံတွေကို ကြားလိုက်ရတယ်။

"ညီအစ်ကို Miao မင်းကြောင့်သာမဟုတ်ရင် ဒီကူလင်းစားသောက်ဆိုင်မှာ စားဖို့ တစ်လလောက်တောင် စောင့်ရမှာ "

"အိုး ..ဒီ‌ဆိုင်က ဒီလောက်ထိတောင် နာမည်ကြီးတာလား?"

"ညီအစ်ကို Miaoက အခုမှ ဒီကိုရောက်တာဆိုတော့ ဒီအကြောင်းတွေ မသိလောက်သေးဘူး၊ ဒီဆိုင်ရဲ့ ပိုင်ရှင်က အရမ်းကို အမြော်အမြင်ကြီးတာ ‌ဗျ "

မကြာခင်မှာဘဲ ရယ်မောသံတွေ ထပ်ထွက်လာပြီးတော့  "ဆိုင်ရှင်က ဘယ်လောက်ဘဲ အမြော်အမြင်ရှိရှိ ညီအစ်ကို ဝမ်ကို ဘယ်ယှဉ်နိုင်မှာလဲ ဗျာ "

De'anစားသောက်ဆိုင်က ဦးလေးဝမ်က ရယ်မောပြီးပြောလာတယ် " ငါက ချီးကျူးဖို့ မတန်ပါဘူး၊အမျိုးသမီး ကျင်းယီနဲ့ ငါ က တကယ်ဘဲ အဆင့်မတူဘူး၊ သူမရဲ့ စီးပွားရေးစွမ်းရည်က ငါ့ထက် ပိုသာတယ်၊ ဒီကူလင်းစားသောက်ဆိုင် မြို့တော်မှာ ကျော်ကြားလာဖို့ အချိန်‌ဘယ်လောက်ယူခဲ့လဲ မင်းသိလား ?"

"တစ်လ ၊ဒါမှမဟုတ် နှစ်လလား ? ဒါက ဆယ်ရက်လောက်ဘဲ ကြာတယ်လို့တော့ လာမပြောနဲ့နော် ၊
လူအိုကြီးဝမ်  ဝတ္ထုထဲကလို ချဲ့ကားပြီးပြောရင်တောင်မှ ဒါက ယုံနိုင်စရာမကောင်းဘူး၊ခင်ဗျား ကျွန်တော့်ကို ခေါ်လာတုန်းကဆို ဒီနောက်ဖေးလမ်းကြားက စားသောက်ဆိုင်တစ်ခုအတွက် ကောင်းတဲ့ နေရာ မဟုတ်လှဘူး"

ဦးလေးဝမ်က ပြုံးစိစိနဲ့ ခေါင်းခါပြလိုက်တယ်၊ သူက သူရဲ့ သူငယ်ချင်းဟောင်းကို ထိတ်လန့်သွားစေရလို့ ဝမ်းသာအားရ ဖြစ်နေတဲ့ပုံနဲ့ သူ့ရှေ့ကလူကို လက်ညှိုးတစ်ချောင်းဘဲ ထောင်ပြလိုက်တယ်၊ "ဟမ့် ငါပြောပြမယ် ညီအစ်ကိုMiao  ဒီဆိုင်က မြို့တော်တခွင် ကျော်ကြားလာဖို့အတွက် တစ်ရက်ဘဲ ကြာလိုက်တယ် "

သမားတော်Miaoက ဝက်သားဖတ်လေးကို ကောက်ယူနေတုန်းဘဲရှိသေးတယ်၊သူ့ သူငယ်ချင်းဟောင်းကြီးဆီက နေ ဒါကို ကြားလိုက်တော့ သူ့မျက်လုံးတွေက ပြူးကျယ်ပြီး အပြင်ကို ထွက်ကျလာမတတ်ဘဲ၊" ညီအစ်ကိုဝမ် အတည်ပေါက်ကြီးနဲ့ နောက်မနေပါနဲ့ ဗျာ "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now