115(part 2)

1.2K 283 22
                                    

Unicode

သခင်မကျိုးက ဆေးဝါးပြသာနာကို ပြန်အစဖော်လိုက်တော့ သခင်မကြီးဟေးရဲ့ အမူအရာက အလေးအနက်ပုံစံ ပြန်ဖစ်သွားတယ်" ဒါက ဒီပြသာနာကို သေချာဂရုမစိုက်မိတဲ့ ငါ့အပြစ်ပါဘဲ၊ ငါမှတ်မိသလောက်တော့ ငါတို့အိမ်တော်‌ဆိုင်ခန်းတွေရဲ့ အနည်းဆုံးဝင်ငွေက ငွေပြားသုံးထောင် ကျော်တယ် မဟုတ်ဘူးလား"

ငွေပြားသုံးထောင်က ကျင်းအန်ကတော်ရဲ့ ဆေးစရိတ်တွေကို ပေးချေ‌နိုင်တဲ့ အပြင် အိမ်တော်ရဲ့ အသုံးစရိတ်အသီးသီးအတွက်ပါ လုံလောက်တယ်ဆိုတာထက် ပိုနေတယ်။

သခင်မကျိုးက ပြန်ပြောဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ နောက်ဆုံးလက်ကျန်သတ္တိကိုစုစည်းပြီး ပြောလိုက်တယ်"အဘွား အဲ့ဒါက လွန်ခဲ့တဲ့ ငါးနှစ်က အခြေအနေပါ ၊အခုအခြေ‌အနေနဲ့ ဘယ်လိုလုပ်ယှဉ်လို့ရတော့မှာလဲ"

ပြောရင်းနဲ့ ချူးလျန်ကို တချက်လှမ်းကြည့်လိုက်သေးတယ်။ သူမမြင်တာတော့ သူမရဲ့ လင်ညီအစ်မငယ်လေးက ခေါင်းကိုငုံ့ပြီး အေးဆေးစွာနဲ့ ပျားရည်ကိုသောက်နေတာကိုဘဲ ၊ဒါကိုမြင်တော့ သူမစိတ်ထဲက မကျေနပ်မှု မီးပွားလေးက ‌ထိုးထွက်လာတယ်
" ဒီမြေးမမှာ တတိယညီမငယ်ရဲ့ ကူလင်းစားသောက်ဆိုင်လို လက်ဆုပ်လက်ကိုင်ပြစရာ ဆိုင်ခန်းလည်း တစ်ခန်းမှ မရှိပါဘူး"

ချူးလျန်က အိမ်တော်ကိုစီမံခန့်ခွဲရာမှာလည်း
ဝင်မစွက်ဖက်သလို တာဝန်တွေကို ခွဲဝေယူဖို့လည်း ဆန္ဒမရှိလှဘူး။ သူမက ကိုယ့်ရေကိုယ်သောက်ပြီး နောက်ခံအင်အားကို အကောင်းဆူံးဖြစ်အောင် ကြိုးစားနေရုံလေးဘဲလေ။ဘာလို့များ အစ်မကြီးက ဒီခေါင်းစဉ်ကြီးတွေကို သူမဆီ တွန်းပို့လာရတာလဲ?

ချူးလျန်ရဲ့ လက်တွေက ခွက်လေးကို ကိုင်လုဆဲဆဲမှာဘဲ တန့်သွားတယ်။ ဒါပေမယ့် စကားပြောဖို့ အချိန်ကောင်း မဟုတ်မှန်းသိနေတော့ တိတ်တိတ်လေးဘဲ ဆက်နေလိုက်တယ်။

သခင်မကြီးဟေးရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားရ
ပြန်တယ်။ ဘာလို့များ အိမ်တော်ရဲ့ ဝင်ငွေက ဒီလောက်မြန်မြန် ဆုတ်ယုတ်နေရတာလဲ?

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now