149

1.3K 260 10
                                    

Unicode

ရက်အတော်ကြာတော့ အဆုံးမရှိတဲ့ မြက်ခင်းပြင်ကြီးက တစ်ခုတည်းအဖြစ်ကို ပြောင်းလဲလို့သွားတယ်။

ထန်းယန်နဲ့ ချူးလျန်မှာလည်း ဘာလုပ်ရမှန်းမသိလလမ်းပျောက်လို့နေကြပြီ၊ အခုရက်ပိုင်းထဲမှာ ထျန်းကျန်း ဆိပ်ကမ်းမှာလည်း နှင်းတွေ ဆက်တိုက်ကျနေတာကို ကြားနေရတယ်၊ ဒီ2ရက်အတွင်း ဒီလိုသာ ဆက်ပြီး နှင်းကျနေတော့မယ်ဆိုရင် လျန်ကျိုး မြို့ရဲ့ လမ်းတွေရော ရေပြင်မှာရောပါ ရေတွေခဲပြီး နှင်းတွေနဲ့ ပြည့်လာလိမ့်မယ်၊ ဒီလိုဆိုရင် လျန်ကျိုးက လုံးဝကို ခွဲထုတ်ခံလိုက်ရသလိုဖြစ်သွားတော့မယ်၊ အပြင်က ဘာအထောက်အပံ့မှ မရဘဲနဲ့ဆို တုဟွန်းတွေ လာတိုက်မှာကို စောင့်နေစရာတောင်မလိုတော့ဘူး၊ သူံးလအတွင်းမှာဘဲ မြောက်ပိုင်း စစ်တပ်တစ်ခုလုံး သေခြင်းကို ဦးတည်ရလိမ့်မယ်။

ထန်းယန်က အစောကတည်းက အခြေအနေကို စုံစမ်းဖို့ရာ စုမြို့ဆီ လူလွှတ်ထားခဲ့တယ်၊ သူတိူ့အနေနဲ့ ယွဲ့ချင်တောင်တန်းဆီ သွားဖို့ရာ လမ်းကြောင်းကို မသုံးနိုင်တော့ဘူး၊ နှင်းမုန်တိုင်းက လမ်းကြောင်းတွေ အားလုံးကို ဖျက်ဆီးသွားခဲ့တယ်၊ ဘယ်အထောက်အပံ့ စစ်ကူတပ်မှ ဖြတ်မလာနိုင်ဘူး။

နိုဝင်ဘာလ‌ရဲ့ နောက်ဆုံးရက်ကို ရောက်လာတော့ ချူးလျန်ရဲ့ ဒဏ်ရာက လုံးဝကို အနာကျက်သွားပြီ၊ ထန်းယန်နဲ့ ကျန်လူတွေရဲ့ အကူအညီနဲ့ ချူးလျန်က အထောက်အပံ့ပစ္စည်းအနည်းငယ်ကို မြောက်ပိုင်းစစ်တပ်ဆီ ယူဆောင်လာခဲ့တယ်။

ချူးလျန်က ဒီအကြောင်းကို ဟေးစန်းလန်နဲ့ သဘောတူညီပြီးဖြစ်လို့ မနက်အစောပိုင်းမှာဘဲ မြင်းလှည်းကို စီးလို့ ထွက်လာခဲ့တယ်။

ချူးလျန်က ရှေ့တန်းတပ်ဖွဲ့ဆီ သွားရောက်မှာမဟုတ်ဘဲ အရံတပ်ခွဲဆီဘဲ သွားနေတာဖြစ်လို့ သိပ်တော့ အန္တရာယ်မရှိလှဘူး။

နေ့လည် 11မတိုင်ခင် တပ်ထဲကို ‌ရောက်လာတာတောင်မှ နှင်းတွေက တဖွဲဖွဲ ကျဆင်းနေတုန်းဘဲ၊  မယ်တော်ကြီးရဲ့ အမိန့်စာလွှာကို ကိုင်ဆောင်ထားတဲ့ ချူးလျန်ကို စစ်သူကြီးချီအန်းက ကိုယ်တိုင် လက်ခံခဲ့တယ်။

Transmigrator meets reincarnator (mmtranslation)Nơi câu chuyện tồn tại. Hãy khám phá bây giờ