Unicode
ချူးလျန်ကအိပ်ယာပေါ်ကိုသူမရဲ့နူးညံ့တဲ့လက်လေးတွေနဲ့ပွတ်သတ်လိုက်တယ်။
အိပ်ယာခင်းစအပါးလေးကအိပ်ယာပေါ်မှာလွှားတင်ထားတယ်၊ သူမကအိပ်ယာပေါ်ကဖှုန်တွေကိုခါလိုက်တဲ့အခါမှဒါကသားမွှေးနဲ့လုပ်ထားတာမဟုတ်ဘဲမြက်ခြောက်နဲ့လုပ်ထားတာမှန်းသိလိုက်ရတယ်။
ချူးလျန်ရဲ့မျက်ခုံးတွေကတွန့်ချိူးသွားတယ်၊ဒီလိုအိပ်ယာခင်းအပါးလေးကခန္ဓာကိုယ်ကိုနွေးအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး၊ နွေဦးရာသီဖစ်နေခဲ့ရင်တော့ဒီအခင်းနဲ့အဆင်ပြေနိုင်ေပမဲ့အခုလိုအရိုးခိုက်အောင်အေးတဲ့ဆောင်းရာသီမှာဆိုဘယ်လိုလုပ်အဆင်ပြေနိုင်ပါ့မလဲ။
သူမအိမ်တော်မှာရှိနေစဉ်တုန်းကဟေးချန်ဒီအတွက်အိပ်ယာခင်းပို့ပေးဖို့အစေခံတွေကိုအမိန့်ပေးခဲ့တာကိုမှတ်မိပါသေးတယ်၊ သူမရဲ့အကြည့်တွေကရှောင်ဟုန်ယုရဲ့အိပ်ယာဆီကိုရောက်သွားတယ်၊ ဟေးချန်ဒီရဲ့သားမွှေးအိပ်ယာခင်းက အခြားတစ်ယောက်ရဲ့ အိပ်ပေါ်မှာအစားထိုးရောက်နေတယ်။
ဒါကို မြင်ပြီး ဟေးချန်ဒီကအနိုင်ကျင့်ခံနေရလားလို့တွေးမိရလောက်အောင်အထိချူးလျန်ကမမိုက်မဲဘူး၊ပုပုဝဝနဲ့ရှောင်ဟုန်ယုကသူမတို့ကိုကယ်ဆယ်တဲ့နေရာမှာပါဝင်ခဲ့သေးတယ်။
အအေးဒဏ်ကြောင့်ရှောင်ဟုန်ယုမှာအတွင်းဒဏ်ရာရသွားသလားလို့ သူမ သံသယဖစ်မိတယ်၊ ဒါကဟေးစန်းလန်ကိုယ်တိုင်သူအိပ်ယာကိုကြည်ကြည်ဖြူဖြူပေးထားရခြင်းအကြောင်းအရင်းဖြစ်နိုင်တယ်။
ချူးလျန်ကမျက်လုံးတွေကိုပင့်လိုက်မိတယ်၊ သူမရဲ့အရူးလိုယောကျ်ားကသူမအပေါ်မှာသာအေးစက်စက်နဲ့ရှိနေပင်မဲ့တစ်ခြားသူတွေအတွက်တော့အလွန်အမင်းကိုထောက်ထားညှာတာတက်တယ်။
ဒါပင်မဲ့ဒီအရူးကတကယ်ကိုမိုက်မဲတာဘဲ၊ သူ့ပစ္စည်းတွေအကုန်လုံးကိုပေးပစ်လိုက်မှတော့သူကဘာနဲ့သွားသုံးမှာလဲ၊ သူအတွက်သူအခင်းတစ်ခုထပ်ဝယ်ရမယ်မှန်းနားမလည်ဘူးလား၊ ချူးလျန်ကဟေးစန်လန်အတွက်တစ်ခဏလောက်စိတ်မသက်မသာဖစ်သွားတယ်သူမကမတ်တပ်ထရပ်ပြီး သူမရဲ့ရှဉ့်မွှေးဝတ်ရုံရှည်ကိုလွှမ်းခြုံလိုက်တယ်၊ အသက်တစ်ရှိုက်အတွင်းမှာဘဲလေအေးတွေကတစ်ဖျက်ဖျက်ဝင်ရောက်လာတယ်၊ ချူးလျန်ကဝမ်ချင်းနဲ့ဝမ်လန်ဘက်ကိုလှည့်ပီပြောလိုက်တယ်။
YOU ARE READING
Transmigrator meets reincarnator (mmtranslation)
Historical FictionTitle: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mountain Mists Translated by:timebun, Premonition,Myst Edited by: renderedreversed Total-340chapters Start date-10.7.2021