Unicode
ချူးလျန်လည်း လျှို့ဝှက်တာဝန် အနည်းငယ်လောက် လုပ်ခိုင်းသွားတယ်ဘဲ ထင်လိုက်တော့ ဆက်ပြီး အစ်အောက်မေးမနေတော့ဘူး၊မန်နေဂျာကျင်းမှာလည်း ဧည့်ခန်းမဆောင်ထဲက ထွက်လာပြီးမှဘဲ အသက်ဝဝရှုနိုင်တော့တယ်။
မန်နေဂျာကျင်းတော့ တတိယသခင်လေး ဘယ်လိုအခြေနေ ဖြစ်နေခဲ့သလဲဆိုတာကို အနည်းငယ် စူးစမ်းမိနေပြီ၊ သူအမိန့်ပေးသွားခဲ့တာက အိမ်တော်ရှိ ယောက်ျားသားတွေအားလုံး လျန်ကျိုးကနေ မပြန်မချင်း မျက်နှာပေါ်က ဘယ် မုတ်ဆိတ်မွှေးကိုမှ ရိတ်သင်ခွင့်မပြုဘူးဆိုတဲ့ အကြောင်းဘဲ၊ ဒီအမိန့်ကို ဖီဆန်တဲ့ ဘယ်သူမဆို အဖွဲ့ထဲကနေ နှင်ထုတ်ခံရလိမ့်မယ်။
မန်နေဂျာကျင်းမှာ ဒီနှစ်မှ နှစ်ဆယ် ပြည့်ခါစဘဲ ရှိသေးတယ်၊အခု သူက ချူးလျန် လက်အော၏က်မှာ အလုပ်လုပ်ပေးနေတော့ အဓိက ဘဏ္ဌာထိန်းဖြစ်နေပြီး လူတိုင်းက လေးလေးစားစားဆက်ဆံနေကြတယ်၊အခုတော့ တတိယသခင်လေးက သူ့ကို ဆန်းဆန်းပြားပြား အမိန့်ကြီး လာပေးသွားတယ်၊ ဒါကြီးကို ဘယ်လို ဆက်ပြီး လုပ်ဆောင်ရမှာလဲ? ၊ မုတ်ဆိတ်မွှေးတွေ အပြည့်နဲ့ ဖြစ်နေရင် ဘယ်မိန်းမပျိုလေးကများ သူ့နားကို ကပ်ချင်ကြပါတော့မလဲ ?
သူတိူ့တွေက ကံမကောင်းတဲ့ ဖြစ်ရပ်ကြီးအတွက် အပြစ်ကင်းလှတဲ့ ဓားစာခံလေးတွေပါလား။
ဟေးချန်ဒီ မြောက်ပိုင်းတပ်ဆီ ပြန်ရောက်လာတဲ့ အချိန်မှာ တပ်ဖွဲ့တွေက ညစာ အတွက်ပြင်ဆင်နေကြပြီ၊ တပ်ဖွဲ့တစ်ခုလုံးအတွက်က ဒီအချိန်မှာ အလုပ်အရှုပ်ဆုံးဘဲ။
ဟေးချန်ဒီက မြင်းဇက်ကြိုးကို အသာဆွဲပြီး စစ်တပ် စည်းရိုးအနားကို ဖြည်းဖြည်းချင်း မောင်းနှင်လာတယ်။
တာဝန်ကျတဲ့ စစ်သားတွေက ဝင်ပေါက်အနီးမှာ စောင့်ကြပ်လျက်ရှိတယ်၊လေအေးတွေက သူတို့ နှာဖျားတွေ နီရဲနေအောင် တသုန်သုန်တိုက်ခတ်နေပေမယ့် လှံတံကို ဆုပ်ကိုင်ထားတဲ့ လက်တွေကတော့ အနည်းမှ လျော့ရဲနေခြင်း မရှိလေဘူး။
ဟေးချန်ဒီအနေနဲ့ ဘာမှ အထူးတဆန်းဖြစ်မနေဘူး၊ ဒါနဲ့ ပုံမှန် လုပ်နေကျအတိုင်းဘဲ မြင်းကို စီးရင်းနဲ့ အထဲဝင်လာတယ်၊ ဒါပေမယ့် သူတပ်ထဲ မဝင်ရသေးခင်မှာဘဲ ဂိတ်စောင့် နှစ်ယောက်က သူ့ရှေ့ကနေ လာပိတ်ရပ်လာတယ်။
![](https://img.wattpad.com/cover/276888348-288-k894672.jpg)
KAMU SEDANG MEMBACA
Transmigrator meets reincarnator (mmtranslation)
Fiksi SejarahTitle: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mountain Mists Translated by:timebun, Premonition,Myst Edited by: renderedreversed Total-340chapters Start date-10.7.2021