သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

648K 84.1K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၃၂ (ဘဲသားနှပ်)

3.3K 392 2
By CharmZoey

[Zawgyi]

အပိုင္း ၁၃၂ (ဘဲသားႏွပ္)

သြား သြား! မင္း ဒီကို လာစရာ မလိုေတာ့ဘူး ခဏေနရင္ မင္းအေမကို ပန္းကန္ခြက္ေယာက္ေတြ ျပန္ယူသြားခိုင္းလို႔ရတယ္ ငါတို႔က အ႐ြယ္ေရာက္ၿပီးသား လူႀကီးေတြပါ မၾကာခင္ ဒါကို အၿပီးသက္ႏိုင္ပါတယ္

လို႔ လ်ိဳေဖးက ေျပာလိုက္တယ္။ သူက ဘဲေသြးခဲတိုဖူးဟင္းကို ပန္းကန္တစ္ဝက္ေလာက္ ထည့္လိုက္ၿပီး နံျပားကို ဟင္းထဲမွာ ႏွစ္လိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့ သူက စြတ္ျပဳတ္ကို အားရပါးရ ေသာက္လိုက္ေတာ့တယ္။

ယြီဟိုင္ကလည္း သူအႀကီးဆုံးေယာက္ဖရဲ႕ စကားေတြကို သေဘာတူလိုက္တယ္။ သူက ေရွာင္ေခ်ာင္းကို ေျပာလိုက္တယ္

ျမန္ျမန္ေလး မင္းရဲ႕အႀကီးဆုံးအရီး(အေမ့ဘက္မွ) စားဖို႔ အိမ္ျပန္ယူသြားလိုက္ မဟုတ္ရင္ စားစရာေတြ ေအးကုန္လိမ့္မယ္

သူမစားၿပီးသြားတဲ့ အခါမွာေတာ့ ေရွာင္ေခ်ာင္းက သူမရဲ႕အားအင္ေတြ အကုန္လုံးကို ဘဲသားႏွပ္လုပ္ဖို႔ အသုံးျပဳလိုက္ေတာ့တယ္။ သူမလုပ္တဲ့ ဘဲသားေပါင္းက နန္က်င္းဘဲသားေပါင္းလုပ္နည္းကို အဆင့္ျမႇင့္ထားတာ ျဖစ္တယ္။ တကယ္ေတာ့ မူလလုပ္နည္းအတိုင္း ျပဳလုပ္ဖို႔ လိုအပ္တဲ့ ဟင္းခပ္အေမႊး အႀကိဳင္ေတြ မရွိေပ။ သို႔ေသာ္လည္း သူမက အံ့ဖြယ္ေက်ာက္ေရကို အသားမွာ သုံးၿပီး အရင္ကထက္ ပိုအရသာရွိသြားေအာင္ လုပ္လို႔ရတာကို သတိရသြားတယ္။

အခ်ိန္ကို ၾကည့္လိုက္ေတာ့ အသားႏွပ္ျခင္းလုပ္ငန္းစဥ္က ၿပီးဆုံးသင့္ၿပီပင္။ ေရွာင္ေခ်ာင္းက သူခိုးတစ္ေယာက္လိုမ်ိဳး အျပင္ကိုၾကည့္လိုက္ေတာ့ အသားႏွပ္ေတြ ေရာင္းၿပီး အိမ္ျပန္လာေနၾကတဲ့ သူမရဲ႕ အေမဘက္က အႀကီးဆုံးအရီးနဲ႔ ေရွာင္လ်န္ကို ေတြ႕လိုက္ရတယ္။ သူတို႔က အသီးအ႐ြက္ စိုက္ခင္းကို ေစာင့္ေရွာက္ဖို႔ အလုပ္မ်ားေနၾကတာေၾကာင့္ ေရွာင္ေခ်ာင္းက သက္ေတာင့္သက္သာပဲ အံ့ဖြယ္ေက်ာက္တုံးေလးကို ဆင့္ေခၚလိုက္ေတာ့တယ္။

[ဒီအံ့ဖြယ္ေက်ာက္တုံးကို ဘာလို႔ လာဖို႔ ေခၚရျပန္တာလဲ]

ေ႐ႊေရာင္အလင္းတန္းေလးတစ္ခုက မီးဖိုေခ်ာင္ထဲကို အျမန္ ဝင္လာၿပီး မာထန္ေနတဲ့ အသံေလးတစ္ခုက ေရွာင္ေခ်ာင္းရဲ႕ စိတ္ထဲကေန ထြက္ေပၚလာေတာ့တယ္။

ေရွာင္ေခ်ာင္းက ေကြးၫႊတ္လိုက္ၿပီး အေကာင္ေပါက္ေလးကို သူမလက္ဖဝါးေပၚ တင္လိုက္တယ္။ သူမညင္သာစြာနဲ႔ သူ႔ရဲ႕အေမြးေတြကို ပြတ္သပ္လိုက္ၿပီး သူ႔ကိုသာ ႏွစ္ၿခိဳက္စြာနဲ႔ပဲ ၿပဳံးေနလိုက္တယ္။ အံ့ဖြယ္ေက်ာက္တုံးေလးက သက္ေတာင့္သက္သာျဖစ္တယ္လို႔ ခံစားလိုက္ရတာေၾကာင့္ သူရဲ႕ မ်က္လုံးေတြကို ေမွးစဥ္းလိုက္ရင္း ေက်နပ္စြာနဲ႔ ေျပာလာတယ္

[ကဲ ငါ့ကိုေျပာ ဒီအရွင္သခင္က မင္းကို ဘာကူညီေပးရမွာလဲ]

အံ့ဖြယ္ေက်ာက္တုံးေလးက ပၪၥမအရွင္ျဖစ္တဲ့ ဧကရာဇ္ေဟာင္း သူကိုယ့္သူ ဒီအရွင္သခင္ လို႔ သုံးႏႈန္းတာကို ၾကားၿပီးကတည္းက ေခတ္ဆန္တယ္လို႔ ခံစားေနရတယ္ထင့္ပါ့... အဲ့ကတည္းက သူလည္း သူ႔ကိုယ္သူ အဲ့လိုပဲ သုံးႏႈန္းေနေတာ့တာပဲ။

ဘဲႏွစ္ေကာင္ထဲက တစ္ေကာင္က နည္းနည္းေလာက္ ေလအေျခာက္ခံဖို႔လိုေနတာ ငါ့ရဲ႕ ေကာက္ညႇင္းဖက္ထုပ္ တန္ခိုးရွင္ေလးေရ ငါ့ကို ကူညီေပးႏိုင္မလား

ယြီေရွာင္ေခ်ာင္းက သူ႔ကို မ်က္ႏွာလို မ်က္ႏွာရ လုပ္တဲ့အေနနဲ႔ သူမရဲ႕လက္ေခ်ာင္းေတြကို သုံးၿပီး သူ႔ရဲ႕ေမးေစ့ေလးကို ကုတ္ေပးလိုက္တယ္။

[ဟြန႔္ မင္းက မျဖစ္စေလာက္ကိစၥေလးနဲ႔ ဒီအံ့ဖြယ္ေက်ာက္တုံးကို လာေႏွာက္ယွက္ေနတာပဲ!]  အံ့ဖြယ္ေက်ာက္တုံးေလးက ေရွာင္ေခ်ာင္းသူ႔ကို ပြတ္သပ္ေပးေနတာ ေတာ္ေတာ္ေလး သက္ေတာင့္သက္သာ ျဖစ္တယ္လို႔ ခံစားေနရေပမဲ့ သူ႔ရဲ႕ေလသံမွာ စိတ္မရွည္မႈေလး ပါဝင္ေနေသးတယ္။

[ဒီအရွင္သခင္ကို ေကာင္းေကာင္းမြန္မြန္ အလုပ္အေကြၽးျပဳေနတာဆိုေတာ့လည္း ဒီတစ္ခါေတာ့ ငါမင္းကို ကူညီေပးလိုက္ပါ့မယ္ေလ]

ေ႐ႊေရာင္ေၾကာင္ေပါက္ေလးက သူ႔ရဲ႕ လက္သည္းတစ္ေခ်ာင္းကို ေဝ့ယမ္းလိုက္ေတာ့ ဘဲသားႏွပ္တစ္ခုက အလ်င္အျမန္ပဲ ရႈံတြၿပီး ေျခာက္သြားတာကို ပကတိမ်က္စိနဲ႔ ျမင္လိုက္ရတယ္။

ေရွာင္ေခ်ာင္းက ရေလာက္ပုံေပၚတာကို ေတြ႕ေတာ့ အံ့ဖြယ္ေက်ာက္တုံးေလးကို ရပ္ဖို႔ အျမန္ ေျပာလိုက္တယ္။ ဘဲသားက အရမ္းေျခာက္လြန္းသြားရင္ ဘဲသားေပါင္းရဲ႕ အရသာကိုပါ သက္ေရာက္မႈ ရွိသြားလိမ့္မွာပင္။

အဲ့ဒီအခ်ိန္မွာေတာ့ လူႀကီးေတြက လယ္ကြင္းကေန ျပန္လာၾကၿပီျဖစ္တယ္။ သူမက လ်ိဳေဖးရဲ႕ က်ယ္ေလာင္စြာ ေအာ္ဟစ္ေျပာသံကို ၾကားလိုက္ရတယ္

ညီမေလး မင္းတို႔မိသားစုရဲ႕ ကန္စြန္းဥေတြက အခုထိ အေညႇာင့္မထြက္ေသးဘူးမလား မင္းတို႔ မိသားစုမွာ ေျမအက်ယ္ႀကီမရွိဘူး ဆိုမွေတာ့ ကိစၥမရွိပါဘူးေလ ငါတို႔ လယ္ကြင္းထဲေန နည္နည္း ယူလာခဲ့မယ္ အဲ့ဒါက ကန္စြန္းဥရဲ႕ ႀကီးထြားမႈကို အေႏွာက္အယွက္ေပးမွာ မဟုတ္ေလာက္ဘူး

ယြီဟိုင္က ေရက်က္ေအးကို ပါးစပ္အျပည့္ အနည္းငယ္ေသာက္လိုက္ၿပီးတဲ့ေနာက္မွာ သူက ၿပဳံးၿပီး ေျပာလိုက္တယ္

ကြၽန္ေတာ္တို႔ ဒီႏွစ္ ကန္စြန္းဥစိုက္မွာ မဟုတ္ဘူးဗ် ေရွာင္ေခ်ာင္းက ဖရဲသီး အခ်ိဳ႕ စမ္းစိုက္ၾကည့္ခ်င္တယ္လို႔ ေျပာတယ္။ သူမ က်ိန္ရႈံစားေသာက္ဆိုင္ပိုင္ရွင္ကို အေစ့အခ်ိဳ႕ ရွာေပးဖို႔ အကူအညီေတာင္းထားတယ္

ဖရဲသီး? အဲ့ဒါက လုံလုံေလာက္ေလာက္ အာဟာရ ျဖည့္စြက္ႏိုင္လို႔လား

လ်ိဳေဖးနဲ႔ လ်ိဳဟန္တို႔ ညီအစ္ကို ႏွစ္ေယာက္က ဖရဲသီးကို အရင္က မၾကားဖူးတာေၾကာင့္ တစ္ၿပိဳင္နက္တည္း ေမးလိုက္မိၾကတယ္။ လယ္သမားမိသားစုအတြက္ေတာ့ သူတို႔ရဲ႕အစာအိမ္ကို ျဖည့္ႏိုင္ဖို႔ကိုသာ ပူပန္မိမွာက မလြဲဧကန္ပင္။

သို႔ေသာ္လည္း ယြီက်န္းက ႐ြာအျပင္ကို မၾကာခဏ ခရီးသြားရေလ့ရွိတာေၾကာင့္ ေကာင္းေကာင္း ၾကာဖူးတယ္။ သူအရင္က ဖရဲသီးအေၾကာင္း ၾကားဖူးေပမဲ့ အနည္းငယ္ပူပန္စြာ ေမးလိုက္တယ္

ဖရဲသီးက အသီးတစ္မ်ိဳးဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ ဒုတိယအစ္ကို ကြၽန္ေတာ္တို႔ တစ္ေယာက္မွ ဖရဲသီး မစိုက္ဖူးဘူးေနာ္ တကယ္လို႔ ဒီေနရာက ရာသီဥတုက စိုက္ဖို႔ မသင့္ေတာ္ရင္ ဘယ္လိုလုပ္မလဲ ရိတ္သိမ္းလို႔ မရရင္ေရာ အစ္ကို ဘာလုပ္မလဲ

အဲ့လို ျဖစ္မွာ မဟုတ္ပါဘူး ငါ, ငါတို႔ရဲ႕ ေခ်ာင္းအာေလးကို ငါယုံၾကည္တယ္

ယြီမိသားစုက လက္တေလာ သူတို႔ရဲ႕စီးပြားေရးကေန ပိုက္ဆံအခ်ိဳ႕ စုေဆာင္းၿပီးၿပီျဖစ္တာေၾကာင့္ အသက္ေမြး ဝမ္းေၾကာင္းျပဳဖို႔အတြက္ ေျမကြက္သုံးကြက္ေပၚမွာ မွီခိုေနဖို႔ မလိုအပ္ပါေခ်။ ဒါေၾကာင့္ ယြီဟိုင္က မထင္ထားေလာက္ေအာင္ ယုံၾကည္မႈေတြ ရေနတာျဖစ္တယ္။

ယြီက်န္းကလည္း သူ႔တူမေလးက ေတာ္ေတာ္ေလး အရည္အခ်င္းရွိတယ္လို႔ ခံစားရတာေၾကာင့္ သူ႔ကို ထပ္ၿပီး ေဖ်ာင္းဖ်မေနေတာ့ပါေခ်။ သူက ၿပဳံးလိုက္ၿပီး

အဲ့ဒါဆိုလည္း ေကာင္းၿပီေလ! ကြၽန္ေတာ္ေတာ့ ျမည္းၾကည့္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူး!

တတိယဦးေလး ေရွ႕ေလ်ာက္ ျမည္းစမ္းၾကည့္ရမွာေတြ အမ်ားႀကီးပဲေနာ္! ဘဲသားေပါင္းကို ၾကားဖူးလား ခဏေနရင္ နည္းနည္းေလာက္ ျမည္းၾကည့္လို႔ရတယ္

ေ႐ႊေရာင္ေၾကာင္ေပါက္ေလးကို ေပြ႕ထားလ်က္ ေရွာင္ေခ်ာင္းက မီးဖိုေခ်ာင္ကေန ေခါင္းေလး ျပဴထြက္လာၿပီး သူ႔အား ရယ္စရာ မ်က္ႏွာေလးလုပ္ရင္း ႐ႊင္လန္းတက္ႂကြစြာ ဆိုလာတယ္။

ဘဲသားေပါင္း? တစ္ခါမွ မစားဖူးဘူး အရသာရွိလား

ေန႔လည္တုန္းက စားခဲ့တဲ့ ဘဲေသြးခဲတိုဖူးဟင္းနဲ႔ ခရမ္းခ်ဥ္သီးဘဲဥ ဟင္းရည္ကို သတိရသြားၿပီး ယြီက်န္းရဲ႕ ပါးစပ္က သြားရည္တျမျမ ျဖစ္လာေတာ့တယ္။

ယြီေရွာင္ေခ်ာင္းက စိတ္ႀကီးဝင္ေနတဲ့ အမူအရာနဲ႔ သူမရဲ႕အေတြးထဲက အၿမီးေလးကို ေျမာက္လိုက္ရင္း ေျပာလိုက္တယ္

ေရွာင္ေခ်ာင္းလုပ္တဲ့ ပစၥည္းေတြက ေသခ်ာေပါက္ အရည္အေသြးျပည့္မီပါတယ္ေနာ္ က်ိန္ရႈံစားေသာက္ဆိုင္အတြက္ ဒီဟင္းပြဲကို လုပ္ေနတာေလ ဘယ္လိုလုပ္ အရသာမရွိဘဲေနမွာလဲ

ဘာ? က်ိန္ရႈံစားေသာက္ဆိုင္က ထပ္ၿပီး လုပ္နည္းေတြလာေတာင္းျပန္ၿပီလား သူတို႔ ၾကက္ကင္ ေရာင္းတာကေန ပိုက္ဆံေတာ္ေတာ္ရွာႏိုင္ေနေပမဲ့ မင္းတို႔မိသားစုက ဘာမွေတာင္ မရဘူးေလ ဒီတစ္ခါေတာ့ မင္းဆီကေန အက်ိဳးအျမတ္ယူခြင့္ျပဳလို႔ မျဖစ္ဘူးေနာ္ ဒီတစ္ခါ ဘဲသားေပါင္းလုပ္နည္း ေရာင္းတဲ့အခါၾကရင္ ေရာင္းရေငြ ခြဲေပးဖို႔ ေျပာလိုက္!

ယြီက်န္းက ေတာ္ေတာ္ေလး စီးပြားေရးအျမင္ရွိသူပင္။

ယြီေရွာင္ေခ်ာင္းလည္း ေတာ္ဝင္မ်ိဳးႏြယ္ေတြကေန ရတာက သူတို႔ကို ေဈးျဖတ္ၿပီး ေရာင္းလိုက္တာထက္ အျမတ္ပိုရတယ္လို႔ ထင္မိတယ္။ သူမက ေခါင္းကိုငုံ႔လိုက္ရင္း ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ျဖစ္ႏိုင္ေခ်ေတြကို ေတြးဆေနမိတယ္။ သို႔ေသာ္လည္း ယြီဟိုင္ကေတာ့ ဒါကို ေကာင္းမြန္တဲ့ အႀကံဉာဏ္လို႔ မထင္ေပ။ တတိယသခင္ေလးက်ိဳးက သူတို႔အေပၚမွာ ေတာ္ေတာ္ေလးေကာင္းတာ ေဈးႏႈန္းကို တိုးလိုက္လို႔ ဘယ္ျဖစ္မလဲ...

ထိုအခါမွာေတာ့ ယြီေရွာင္ေခ်ာင္းက သူမေခါင္းကို ျဖည္းျဖည္းခ်င္း ညိမ့္လိုက္ရင္း

တတိယဦေလး ေျပာတာမွန္တယ္! က်ိန္ရႈံစားေသာက္ဆိုင္မွာဆိုရင္ ဘာျပႆနာမွ မရွိဘဲ တစ္ရက္ကိုအနည္းဆုံး ဘဲသားေပါင္း ပြဲ ၃၀ ကေန ၅၀ ေလာက္ထိ ေရာင္းရႏိုင္တယ္ ဘဲသားေပါင္းတစ္ပြဲကို တစ္မတ္သားဆိုရင္ တစ္ေန႔ကို သုံးလ်န္ကေန ငါးလ်န္ေလာက္ရႏိုင္တယ္ လေတြႏွစ္ေတြၾကာလာရင္ လ်န္၁၀၀ ေက်ာ္ေလာက္ေတာင္ ရႏိုင္တယ္... ဝိုး ကြၽန္မရဲ႕လုပ္နည္းေတြကို ေဈးေပါေပါနဲ႔ ေရာင္းေနမိတယ္လိုေတာင္ ခံစားေနမိၿပီ!

ယြီဟိုင္က ခဏေလာက္တုံ႔ဆိုင္းသြားၿပီးမွ ေျပာလိုက္တယ္

တစ္မတ္သားဆို မမ်ားလြန္းဘူးလား

သို႔ေသာ္လည္း ယြီက်န္းကေတာ့ ထိုသို႔ မထင္ေပ။ သူက သူ႔မ်က္လုံးေတြကို ျပဴးက်ယ္လိုက္ၿပီး ေျပာလိုက္တယ္

ဒုတိယအစ္ကို က်ိန္ရႈံစားေသာက္ဆိုင္မွာ ၾကက္ကင္တစ္ေကာင္ ဘယ္ေလာက္လဲ သိလား ၾကက္အေကာင္ေသးေသးေလးေတာင္မွ ေငြ ၅ လ်န္ေလာက္ရွိတယ္!! ၾကက္တစ္ေကာင္မွ အမ်ားဆုံး ေၾကးျပားတြဲအနည္းငယ္ေလာက္ပဲ ရွိတာ! အဲ့ဒီေတာ့ သူတို႔က အျမတ္အဆတစ္ရာ ေလာက္ရ ေနတာပဲမလား! ကြၽန္ေတာ့္အထင္ေတာ့ တစ္မတ္သားကေတာင္ ေတာ္ေတာ္ေလး နည္းေနေသးတယ္!!

ယြီက်န္းက က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ တစ္ေန႔ ေရာင္းရေငြနဲ႔ အျမတ္အေၾကာင္းကို ေတြးၾကည့္လိုက္တာနဲ႔ သူ႔ရဲ႕ ဒုတိယအစ္ကို အတြက္ တရားမမွ်တမႈကို ခံစားလိုက္ရတယ္။ သူသာ မင္းမ်ိဳးမင္းႏြယ္ေတြဆီကေန ေရာင္းရေငြေတြ ရေနမယ္ဆိုရင္ သူ႔ရဲ႕ ဒုတိယအစ္ကိုက တုန္ရွန္း႐ြာမွာ အခ်မ္းသာဆုံးျဖစ္ေနေလာက္ၿပီ!! ဒါက ဆုံးရႈံးမႈ အႀကီးစားႀကီးပဲ!!!

ဟုတ္ပါၿပီ လက္ေတြ သြားေဆးလိုက္ေတာ့ ညေနစာ စားၿပီးရင္ ငါတို႔ အိမ္ကို ျပန္ရဦးမွာေလ!

ဒီေခတ္အခါမွာေတာ့ ညေနစာကို မ်ားေသာအားျဖင့္ ၄နာရီဝန္းက်င္ေလာက္မွာ စားေလ့ ရွိၾကတယ္။ အမ်ိဳးသမီးဟန္က တြက္ခ်က္ၾကည့္လိုက္ေတာ့ သူတို႔႐ြာကို ျပန္ေရာက္တဲ့အခ်ိန္ဆိုရင္ ေမွာင္ေန ေလာက္ေလၿပီ။ မနက္ျဖန္ၾကရင္လည္း သူတို႔ရဲ႕ ကိုယ္ပိုင္ေျမေတြကို ထြန္ယက္ရဦးမည္ပင္။

ညစာအတြက္ကေတာ့ ဘဲသားေပါင္းပြဲႀကီးတစ္ပြဲအျပင္ ခရမ္းခ်ဥ္သီးစိမ္းေမႊေၾကာ္၊ ဘဲဥင႐ုတ္သီးေမႊေၾကာ္၊ ပဲေတာင့္ရွည္သုပ္နဲ႔ ဆလပ္႐ြက္ခ႐ုဆီေၾကာ္ တို႔ျဖစ္တယ္။ ဟင္းရည္အတြက္ကိုေတာ့ သူမက ေပါ့ေပါ့ပါးပါး ေလးျဖစ္ေအာင္ ဟင္းႏုႏြယ္ဝင္အ႐ြက္ကို ၾကက္ဥေလးေဖာက္ထည့္ၿပီး လုပ္ထားတယ္။ အဓိကအစားအစာအျဖစ္ ဆန္လုံးညိဳနဲ႔ ႏွံစားေျပာင္းတို႔ ျဖစ္တယ္။ ပန္းကန္တစ္လုံးစီမွာ ပမာဏ အမ်ားႀကီးထည့္ထားတာပင္။ တကယ္ေတာ့ အ႐ြယ္ေရာက္ၿပီးသား ေယာက္်ားသားေတြရဲ႕ အစားစားႏိုင္စြမ္းက ေသးလိမ့္မည္ မဟုတ္ပါေခ်။

ညီမေလး မင္းတို႔ရဲ႕ ေရွာင္ေခ်ာင္းေလးက ေတာ္ေတာ္ေလး စြမ္းေဆာင္ရည္ရွိတာပဲ မီးဖိုေခ်ာင္မွာ အႏွစ္ႏွစ္ဆယ္ေလာက္လုပ္ေနတဲ့ ကြၽမ္းက်င္သူတစ္ေယာက္ေတာင္မွ သူမနဲ႔ယွဥ္ႏိုင္မွာ မဟုတ္ဘူး! ဒီဟင္းပြဲေတြရဲ႕ အနံကိုရလိုက္႐ုံနဲ႔တင္ လူေတြ သြားရည္ယိုကုန္လိမ့္မယ္

အမ်ိဳးသမီးဟန္က ေရွာင္ေခ်ာင္းေလးကို ၾကည့္လိုက္ရင္း သက္ျပင္းခ်လိုက္တယ္။ သူမမွာ ေရွာင္ေခ်ာင္းလို သမီးတစ္ေယာက္သာရွိရင္ သူမမွာ သားမရွိရင္ေတာင္မွ ေတာ္ေတာ္ေလး ေပ်ာ္ေနမိမွာပင္။

အမ်ိဳးသမီးဟန္ လ်ိဳမိသားစုထဲဝင္လာၿပီးတဲ့ေနာက္ သမီး သုံးေယာက္ကို ေမြးဖြားခဲ့တယ္။ သူမရဲ႕ ေယာကၡထီးနဲ႔ ေယာကၡမက ဘာကိုမွ မေျပာပင္မဲ့ အမ်ိဳးသမီးလ်ိဳအတြက္ေတာ့ နာက်င္စရာ အျဖစ္ပင္။ သူမ အသက္ႀကီးလာတာနဲ႔အမွ် သားေယာက္်ားေလးေမြးဖြားႏိုင္ဖို႔ကို မေမွ်ာ္လင့္ေတာ့ေပ။ သို႔ေသာ္လည္း သူမက တျခားသူေတြ သားတစ္ေယာက္၊ သမီးတစ္ေယာက္ရွိတာကို ျမင္တိုင္း အ႐ိုးကို ေဖာက္ထြက္ၿပီး သူမႏွလုံးသားကို အပ္နဲ႔ ထိုးေနသလိုမ်ိဳး ခံစားရမိတယ္။

လ်ိဳေဖးက သူ႔မိန္းမကို နားလည္ႏိုင္ဆုံးျဖစ္သည္။ သူက သူမရဲ႕ အားငယ္ေနတဲ့ မ်က္လုံးေတြကို ျမင္တာနဲ႔ သူမ ဘာေတြးေနသလဲဆိုတာကို ခ်က္ခ်င္းသိလိုက္တာေၾကာင့္ သူက ခ်က္ခ်င္း စကားလမ္းေၾကာင္း လႊဲလိုက္ၿပီး

စားၾကရေအာင္ စားၾကရေအာင္! ဗိုက္မဆာဘူးဆိုရင္ေတာင္မွ ေရွာင္ေခ်ာင္း ခ်က္ထားတာေတြ ၾကည့္လိုက္႐ုံနဲ႔တင္ အနည္းဆုံးႏွစ္ပန္းကန္ေလာက္ စားခ်င္သြားမွာပဲ!

႐ိုးသားၿပီး ထုံထိုင္းတဲ့ လ်ိဳဟန္က သူ႔ပါးစပ္ကို ဖြင့္ဟလိုက္ၿပီး ေျပာလိုက္တယ္

ညီမေလး မင္းတို႔ မိသားစုကလည္း အေျခအေန အရမ္းေကာင္းေသးတာ မဟုတ္ဘူး ငါတို႔က မိသားစုေတြပဲေလ ဒီေလာက္ ဟင္းပြဲေတြ အမ်ားႀကီး လုပ္စရာ မလိုပါဘူး နံျပားၾကမ္းေလး နည္းနည္းေလာက္နဲ႔ အသီးအ႐ြက္ခ်ဥ္ဆိုရင္ ငါတို႔အတြက္ အဆင္ေျပပါတယ္ ငါတို႔ကို ေကြၽးဖို႔တစ္နပ္စာ အတြက္နဲ႔ မင္းတို႔ေတြ ပိုအဆင္မေျပျဖစ္ကုန္လိမ့္မယ္...

အမ်ိဳးသမီးလ်ိဳက ရင္ထဲထိမိသြားရၿပီး သူမရဲ႕အစ္ကိုေတြကို ႏူးညံ့တဲ့ အၿပဳံးေလးနဲ႔ ၾကည့္လိုက္ၿပီး ခ်ိဳသာစြာ ေျပာလိုက္တယ္

အစ္ကိုႀကီး စိတ္ခ်လက္ခ် အနားယူလို႔ရပါတယ္! အစ္ကိုတို႔ကို တစ္ခါႏွစ္ခါေလာက္ ေကြၽး႐ုံနဲ႔ ကြၽန္မတို႔ အဆင္မေျပျဖစ္မသြားပါဘူး ဘဲနဲ႔ ဘဲဥေတြက တစ္ျခားတစ္ေယာက္က ေပးတာပါ အသီးအ႐ြက္ေတြကလည္း စိုက္ခင္းထဲကပဲ ရတာမလို႔ အကုန္အက်မမ်ားပါဘူး သက္ေတာင့္သက္သာနဲ႔ စားလို႔ရပါတယ္!

သူမေျပာတာကို ၾကားေတာ့ ေယာက္်ားသားအုပ္စုကလည္း ထပ္ၿပီး ခ်ဳပ္တည္းမေနေတာ့ပါေခ်။ တစ္ေယာက္ခ်င္းဆီက ဆန္ထမင္းႏွစ္မ်ိဳး အျပည့္ထည့္ထားတဲ့ ေႂကြပန္းကန္အထူႀကီးကို ကိုင္လ်က္ အစားအစာေတြကို အဆက္မျပတ္ စားလိုက္ၾကေတာ့တယ္။

ဘဲသားေပါင္းရဲ႕ အျဖဴေရာင္အေရျပားက ႏူးညံ့ၿပီး ျပည့္ျပည့္ၿဖိဳးၿဖိဳးရွိေပမဲ့ အဆီအမ်ားႀကီးမပါဝင္ေပ။ ေမႊးႀကိဳင္ၿပီး အရသာရွိလွသည္။ စားပြဲဝိုင္းမွာ ထိုင္ေနတဲ့ လူတိုင္းက ေရွာင္ေခ်ာင္းရဲ႕ ဘဲသားေပါင္းက အနံ႔သင္းေၾကာင္း အလြန္ႏူးညံ့ေၾကာင္းနဲ႔ အလြန႔္အလြန္ အရသာရွိေၾကာင္း ခ်ီးက်ဴးေနၾကေတာ့တယ္။ တစ္ဖန္ထပ္ၿပီးေတာ့လည္း ယြီက်န္းဟာ ေရွာင္ေခ်ာင္းကို ဒီဘဲသားေပါင္းက ေသခ်ာေပါက္ ေရာင္းအားအႀကီးႀကီး ရႏိုင္တာမလို႔ က်ိန္ရႈံစားေသာက္ဆိုင္ကို ေရာင္းရေငြ ခြဲေပးဖို႔ ေတာင္းဆိုရန္ အေသအခ်ာေလး သတိေပးေနေတာ့တယ္။

ယြီေရွာင္ေခ်ာင္းက သူမေခါင္းကို ထပ္ခါထပ္ခါ ၿငိမ့္လိုက္ရင္း သူ႔ကို ကတိေပးလိုက္တယ္။ သူမက မနက္ျဖန္ သူမကိုယ္တိုင္ ၿမိဳ႕ကိုသြားၿပီး တတိသခင္ေလးက်ိဳးကို ဘဲသားေပါင္း အရသာျမည္းခိုင္းရင္း ဖရဲသီးအေစ့အေၾကာင္း ေမးရင္ေကာင္းမလားဆိုၿပီး ေတြးေတာေနေလတယ္။

မိသားစုတစ္ခုလုံးက အစားအစာေတြကို လုံးဝ စိတ္ေက်နပ္ေနၾကေလတယ္။ သူတို႔ စားၿပီး သိပ္မၾကာခင္မွာပဲ သူတို႔အေမဘက္က အမ်ိဳးေတြက သူတို႔ကိုႏႈတ္ဆက္စကား ေျပာၿပီး အိမ္ကို ျပန္သြားၾကေတာ့တယ္။ အိမ္ျပန္ဖို႔အတြက္ သူတို႔ ေတာင္အနည္းငယ္တက္ၾကရဦးမွာပင္။ ေတာင္လမ္းေတြကို လမ္းေလွ်ာက္သြားရတာ က်င့္သားရေနတာတဲ့ သူတို႔အတြက္ေတာင္မွ အိမ္ျပန္ဖို႔ ႏွစ္နာရီခြဲေလာက္ သြားဖို႔လိုတာျဖစ္တယ္။ သူတို႔ အိမ္ကို ျပန္ေရာက္တဲ့ အခ်ိန္ဆိုရင္ ေကာင္းကင္က ေတာ္ေတာ္ေလး ေမွာင္ေနေလာက္ေလၿပီ။

ေရွာင္ေခ်ာင္းက က်န္ေနတဲ့ ဘဲဆားနယ္ေျခာက္ကို တစ္ဝက္ခြဲလိုက္ၿပီး အမ်ိဳးသမီးေမာက္ကိုေပးေပးဖို႔ ေရွာင္လ်န္ကို ေတာင္းဆိုလိုက္တယ္။ သူမက ဘဲဆားနယ္ေျခာက္ကို အပိုင္းပိုင္းလွီးၿပီး ေပါင္းလိုက္မယ္ဆိုရင္ ေတာ္ေတာ္ေလးအရသာရွိမွာျဖစ္ေၾကာင္း အမ်ိဳးသမီးေမာက္ကို ေျပာလိုက္ဖို႔လည္း ေရွာင္လ်န္အား မွာလိုက္တယ္။ ဘဲဆားနယ္ေျခာက္နဲ႔ ဘဲသားေပါင္းက စားလိုက္ရင္ အရသာတူေပမဲ့ လုပ္ပုံလုပ္နည္းကေတာ့ ကြဲျပားေလတယ္။

ေရွာင္ေခ်ာင္းက က်န္ေနတဲ့ ဘဲဆားနယ္ေျခာက္ေတြကို တံစက္ၿမိတ္ေအာက္မွာ ခ်ိတ္ဆြဲထားလိုက္တယ္။ အခုအခ်ိန္မွာ ညဆိုရင္ေတာ္ေတာ္ေလး ေအးေနေသးတာေၾကာင့္ သူမတစ္ညထားထားလိုက္ရင္ေတာင္ ဘဲဆားနယ္ေျခာက္အရသာက ေျပာင္းလဲသြားမွာ မဟုတ္ေပ။

ေနာက္တစ္ေန႔မနက္ေစာေစာမွာ ယြီေရွာင္ေခ်ာင္း ႏိုးလာေတာ့ သူမမိဘေတြကို သူမၿမိဳ႕ကို သြားမယ့္အေၾကာင္း ေျပာလိုက္တယ္။ ႀကဳံႀကိဳက္ရင္ေတာ့ ေက်ာင္းကေန အားလပ္ရက္ျပန္လာမယ့္ ရွီထုန္ေလးကိုပါ သြားေခၚလာခဲ့မွာ ျဖစ္တယ္။

ေရွာင္ေခ်ာင္းရဲ႕ သိသာလာတဲ့ လုပ္ကိုင္ႏိုင္စြမ္းေတြနဲ႔ ရင့္က်က္လာမႈေတြေၾကာင့္ ယြီဟိုင္နဲ႔ သူ႔ဇနီးတို႔က သူမကို ကေလးလို မဆက္ဆံၾကေတာ့ေပ။ မိသားစုထဲမွာ ကိစၥတစ္ခုခုေပၚလာရင္ေတာင္ သူတို႔က အၿမဲ သူတို႔ရဲ႕ သမီးငယ္ေလးနဲ႔ ေဆြးေႏြးတိုင္ပင္ေလ့ ရွိတယ္။ ကိစၥတစ္ခုအေပၚမွာ မတူညီတဲ့ အျမင္ေတြ ရွိေနခဲ့ရင္ သူတို႔က သူတို႔သမီးငယ္ေလးရဲ႕ အႀကံေပးခ်က္ကိုသာ မသိလိုက္ဘဲ ခ်င့္ခ်ိန္မိလိုက္ၾကတယ္။

ဒီေန႔ ယြီဟိုင္က သူတစ္ေယာက္တည္း ဆိပ္ကမ္းမွာ အသားႏွပ္သြားေရာင္းၿပီး ေရွာင္လ်န္ကို ေရွာင္ေခ်ာင္းနဲ႔ ၿမိဳ႕ကို အေဖာ္လိုက္သြားခိုင္းဖို႔ ဆုံးျဖတ္ထားတယ္။ ညီအစ္မႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ မိတ္ေဆြသူငယ္ခ်င္းေတြလို ျဖစ္ေနတာေၾကာင့္ သူတို႔လမ္းမေပၚမွာ အထီးက်န္ေနမွာ မဟုတ္ေတာ့ေပ။

ယြီေရွာင္ေခ်ာင္းက သူမအခန္းထဲကို ျပန္သြားလိုက္ၿပီး ပိုက္ဆံအခ်ိဳ႕ကို ထုတ္ယူလိုက္တယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သူမက က်န္ေနတဲ့ ဘဲဆားနယ္ေျခာက္တစ္ဝက္ကို ယူၿပီး ေရွာင္လ်န္နဲ႔အတူ ျမည္းလွည္းေလးအား အိမ္အျပင္ကို ဦးတည္လိုက္ေတာ့တယ္။ သူတို႔အိမ္အျပင္ကို ထြက္လာတာနဲ႔ အမ်ိဳးသမီးေမာက္က အလ်င္စလို ေျပးလာတာကို သူတို႔ေတြ႕လိုက္ရတယ္။ သူမက ညီအစ္မႏွစ္ေယာက္နဲ႔ သူတို႔အေနာက္က ျမည္းလွည္းေလးရယ္ ေရွာင္ေခ်ာင္းလက္ထဲက ဘဲဆားနယ္ေျခာက္ရယ္ကို ျမင္ေတာ့ အမ်ိဳးသမီးေမာက္က ခ်က္ခ်င္း နား႐ြက္ခ်ိတ္ေအာင္ ၿပဳံးလိုက္ေတာ့တယ္။ သူမက အေျဖကို သိၿပီးသားေပမဲ့ တမင္တကာ ေမးလိုက္တယ္

ေရွာင္ေခ်ာင္း၊ ေရွာင္လ်န္ မင္းတို႔ ညီအစ္မႏွစ္ေယာက္ ဘယ္သြားၾကမလို႔လဲ

အရီးခ်န္း သမီးတို႔ ၿမိဳ႕ကို သြားစရာ ကိစၥေလး ရွိလို႔

ေရွာင္လ်န္က ယဥ္ေက်းစြာပဲ ျပန္ေျဖလိုက္တယ္။

အမ်ိဳးသမီးေမာက္က သူမကိုယ္သူမ ခ်ဳပ္တည္းဖို႔ ႀကိဳးစားေနေပမဲ့ ေအာင့္အည္းမထားႏိုင္ဘဲ ေမးလိုက္ျပန္တယ္

ေရွာင္ေခ်ာင္း အရီးမင္းကို ေမးထားတဲ့ အေၾကာင္းက ဘယ္လို....

အရီး မေန႔က ကြၽန္မပို႔လိုက္တဲ့ ဘဲသားက အရသာဘယ္လိုလဲ

ေရွာင္ေခ်ာင္းက သူမကိုျပန္မေျဖဘဲ ေမးခြန္းတစ္ခုသာေမးလိုက္တယ္။

အမ်ိဳးသမီးေမာက္က ကသိကေအာက္ျဖစ္စြာ ၿပဳံးလိုက္ၿပီး ေျပာလိုက္တယ္

ႏွစ္သစ္ကူးလည္းမဟုတ္ အားလပ္ရက္လည္း မဟုတ္ေတာ့ ဒီလို ေကာင္းတာမ်ိဳးကို ဘယ္သူက စားခ်င္မွာလဲ အိမ္ကို ဧည့္သည္လာတဲ့ အခါမွပဲ ထုတ္ေကြၽးမလို႔ေလ ခဏေလာက္ သိမ္းထားလို႔ ရေသးတယ္လို႔ ေရွာင္လ်န္က ေျပာခဲ့တယ္မလား

......

[Unicode]

အပိုင်း ၁၃၂ (ဘဲသားနှပ်)

သွား သွား! မင်း ဒီကို လာစရာ မလိုတော့ဘူး ခဏနေရင် မင်းအမေကို ပန်းကန်ခွက်ယောက်တွေ ပြန်ယူသွားခိုင်းလို့ရတယ် ငါတို့က အရွယ်ရောက်ပြီးသား လူကြီးတွေပါ မကြာခင် ဒါကို အပြီးသက်နိုင်ပါတယ်

လို့ လျိုဖေးက ပြောလိုက်တယ်။ သူက ဘဲသွေးခဲတိုဖူးဟင်းကို ပန်းကန်တစ်ဝက်လောက် ထည့်လိုက်ပြီး နံပြားကို ဟင်းထဲမှာ နှစ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူက စွတ်ပြုတ်ကို အားရပါးရ သောက်လိုက်တော့တယ်။

ယွီဟိုင်ကလည်း သူအကြီးဆုံးယောက်ဖရဲ့ စကားတွေကို သဘောတူလိုက်တယ်။ သူက ရှောင်ချောင်းကို ပြောလိုက်တယ်

မြန်မြန်လေး မင်းရဲ့အကြီးဆုံးအရီး(အမေ့ဘက်မှ) စားဖို့ အိမ်ပြန်ယူသွားလိုက် မဟုတ်ရင် စားစရာတွေ အေးကုန်လိမ့်မယ်

သူမစားပြီးသွားတဲ့ အခါမှာတော့ ရှောင်ချောင်းက သူမရဲ့အားအင်တွေ အကုန်လုံးကို ဘဲသားနှပ်လုပ်ဖို့ အသုံးပြုလိုက်တော့တယ်။ သူမလုပ်တဲ့ ဘဲသားပေါင်းက နန်ကျင်းဘဲသားပေါင်းလုပ်နည်းကို အဆင့်မြှင့်ထားတာ ဖြစ်တယ်။ တကယ်တော့ မူလလုပ်နည်းအတိုင်း ပြုလုပ်ဖို့ လိုအပ်တဲ့ ဟင်းခပ်အမွှေး အကြိုင်တွေ မရှိပေ။ သို့သော်လည်း သူမက အံ့ဖွယ်ကျောက်ရေကို အသားမှာ သုံးပြီး အရင်ကထက် ပိုအရသာရှိသွားအောင် လုပ်လို့ရတာကို သတိရသွားတယ်။

အချိန်ကို ကြည့်လိုက်တော့ အသားနှပ်ခြင်းလုပ်ငန်းစဉ်က ပြီးဆုံးသင့်ပြီပင်။ ရှောင်ချောင်းက သူခိုးတစ်ယောက်လိုမျိုး အပြင်ကိုကြည့်လိုက်တော့ အသားနှပ်တွေ ရောင်းပြီး အိမ်ပြန်လာနေကြတဲ့ သူမရဲ့ အမေဘက်က အကြီးဆုံးအရီးနဲ့ ရှောင်လျန်ကို တွေ့လိုက်ရတယ်။ သူတို့က အသီးအရွက် စိုက်ခင်းကို စောင့်ရှောက်ဖို့ အလုပ်များနေကြတာကြောင့် ရှောင်ချောင်းက သက်တောင့်သက်သာပဲ အံ့ဖွယ်ကျောက်တုံးလေးကို ဆင့်ခေါ်လိုက်တော့တယ်။

[ဒီအံ့ဖွယ်ကျောက်တုံးကို ဘာလို့ လာဖို့ ခေါ်ရပြန်တာလဲ]

ရွှေရောင်အလင်းတန်းလေးတစ်ခုက မီးဖိုချောင်ထဲကို အမြန် ဝင်လာပြီး မာထန်နေတဲ့ အသံလေးတစ်ခုက ရှောင်ချောင်းရဲ့ စိတ်ထဲကနေ ထွက်ပေါ်လာတော့တယ်။

ရှောင်ချောင်းက ကွေးညွှတ်လိုက်ပြီး အကောင်ပေါက်လေးကို သူမလက်ဖဝါးပေါ် တင်လိုက်တယ်။ သူမညင်သာစွာနဲ့ သူ့ရဲ့အမွေးတွေကို ပွတ်သပ်လိုက်ပြီး သူ့ကိုသာ နှစ်ခြိုက်စွာနဲ့ပဲ ပြုံးနေလိုက်တယ်။ အံ့ဖွယ်ကျောက်တုံးလေးက သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားလိုက်ရတာကြောင့် သူရဲ့ မျက်လုံးတွေကို မှေးစဉ်းလိုက်ရင်း ကျေနပ်စွာနဲ့ ပြောလာတယ်

[ကဲ ငါ့ကိုပြော ဒီအရှင်သခင်က မင်းကို ဘာကူညီပေးရမှာလဲ]

အံ့ဖွယ်ကျောက်တုံးလေးက ပဉ္စမအရှင်ဖြစ်တဲ့ ဧကရာဇ်ဟောင်း သူကိုယ့်သူ ဒီအရှင်သခင် လို့ သုံးနှုန်းတာကို ကြားပြီးကတည်းက ခေတ်ဆန်တယ်လို့ ခံစားနေရတယ်ထင့်ပါ့... အဲ့ကတည်းက သူလည်း သူ့ကိုယ်သူ အဲ့လိုပဲ သုံးနှုန်းနေတော့တာပဲ။

ဘဲနှစ်ကောင်ထဲက တစ်ကောင်က နည်းနည်းလောက် လေအခြောက်ခံဖို့လိုနေတာ ငါ့ရဲ့ ကောက်ညှင်းဖက်ထုပ် တန်ခိုးရှင်လေးရေ ငါ့ကို ကူညီပေးနိုင်မလား

ယွီရှောင်ချောင်းက သူ့ကို မျက်နှာလို မျက်နှာရ လုပ်တဲ့အနေနဲ့ သူမရဲ့လက်ချောင်းတွေကို သုံးပြီး သူ့ရဲ့မေးစေ့လေးကို ကုတ်ပေးလိုက်တယ်။

[ဟွန့် မင်းက မဖြစ်စလောက်ကိစ္စလေးနဲ့ ဒီအံ့ဖွယ်ကျောက်တုံးကို လာနှောက်ယှက်နေတာပဲ!]  အံ့ဖွယ်ကျောက်တုံးလေးက ရှောင်ချောင်းသူ့ကို ပွတ်သပ်ပေးနေတာ တော်တော်လေး သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားနေရပေမဲ့ သူ့ရဲ့လေသံမှာ စိတ်မရှည်မှုလေး ပါဝင်နေသေးတယ်။

[ဒီအရှင်သခင်ကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုနေတာဆိုတော့လည်း ဒီတစ်ခါတော့ ငါမင်းကို ကူညီပေးလိုက်ပါ့မယ်လေ]

ရွှေရောင်ကြောင်ပေါက်လေးက သူ့ရဲ့ လက်သည်းတစ်ချောင်းကို ဝေ့ယမ်းလိုက်တော့ ဘဲသားနှပ်တစ်ခုက အလျင်အမြန်ပဲ ရှုံတွပြီး ခြောက်သွားတာကို ပကတိမျက်စိနဲ့ မြင်လိုက်ရတယ်။

ရှောင်ချောင်းက ရလောက်ပုံပေါ်တာကို တွေ့တော့ အံ့ဖွယ်ကျောက်တုံးလေးကို ရပ်ဖို့ အမြန် ပြောလိုက်တယ်။ ဘဲသားက အရမ်းခြောက်လွန်းသွားရင် ဘဲသားပေါင်းရဲ့ အရသာကိုပါ သက်ရောက်မှု ရှိသွားလိမ့်မှာပင်။

အဲ့ဒီအချိန်မှာတော့ လူကြီးတွေက လယ်ကွင်းကနေ ပြန်လာကြပြီဖြစ်တယ်။ သူမက လျိုဖေးရဲ့ ကျယ်လောင်စွာ အော်ဟစ်ပြောသံကို ကြားလိုက်ရတယ်

ညီမလေး မင်းတို့မိသားစုရဲ့ ကန်စွန်းဥတွေက အခုထိ အညှောင့်မထွက်သေးဘူးမလား မင်းတို့ မိသားစုမှာ မြေအကျယ်ကြီမရှိဘူး ဆိုမှတော့ ကိစ္စမရှိပါဘူးလေ ငါတို့ လယ်ကွင်းထဲနေ နည်နည်း ယူလာခဲ့မယ် အဲ့ဒါက ကန်စွန်းဥရဲ့ ကြီးထွားမှုကို အနှောက်အယှက်ပေးမှာ မဟုတ်လောက်ဘူး

ယွီဟိုင်က ရေကျက်အေးကို ပါးစပ်အပြည့် အနည်းငယ်သောက်လိုက်ပြီးတဲ့နောက်မှာ သူက ပြုံးပြီး ပြောလိုက်တယ်

ကျွန်တော်တို့ ဒီနှစ် ကန်စွန်းဥစိုက်မှာ မဟုတ်ဘူးဗျ ရှောင်ချောင်းက ဖရဲသီး အချို့ စမ်းစိုက်ကြည့်ချင်တယ်လို့ ပြောတယ်။ သူမ ကျိန်ရှုံစားသောက်ဆိုင်ပိုင်ရှင်ကို အစေ့အချို့ ရှာပေးဖို့ အကူအညီတောင်းထားတယ်

ဖရဲသီး? အဲ့ဒါက လုံလုံလောက်လောက် အာဟာရ ဖြည့်စွက်နိုင်လို့လား

လျိုဖေးနဲ့ လျိုဟန်တို့ ညီအစ်ကို နှစ်ယောက်က ဖရဲသီးကို အရင်က မကြားဖူးတာကြောင့် တစ်ပြိုင်နက်တည်း မေးလိုက်မိကြတယ်။ လယ်သမားမိသားစုအတွက်တော့ သူတို့ရဲ့အစာအိမ်ကို ဖြည့်နိုင်ဖို့ကိုသာ ပူပန်မိမှာက မလွဲဧကန်ပင်။

သို့သော်လည်း ယွီကျန်းက ရွာအပြင်ကို မကြာခဏ ခရီးသွားရလေ့ရှိတာကြောင့် ကောင်းကောင်း ကြာဖူးတယ်။ သူအရင်က ဖရဲသီးအကြောင်း ကြားဖူးပေမဲ့ အနည်းငယ်ပူပန်စွာ မေးလိုက်တယ်

ဖရဲသီးက အသီးတစ်မျိုးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒုတိယအစ်ကို ကျွန်တော်တို့ တစ်ယောက်မှ ဖရဲသီး မစိုက်ဖူးဘူးနော် တကယ်လို့ ဒီနေရာက ရာသီဥတုက စိုက်ဖို့ မသင့်တော်ရင် ဘယ်လိုလုပ်မလဲ ရိတ်သိမ်းလို့ မရရင်ရော အစ်ကို ဘာလုပ်မလဲ

အဲ့လို ဖြစ်မှာ မဟုတ်ပါဘူး ငါ, ငါတို့ရဲ့ ချောင်းအာလေးကို ငါယုံကြည်တယ်

ယွီမိသားစုက လက်တလော သူတို့ရဲ့စီးပွားရေးကနေ ပိုက်ဆံအချို့ စုဆောင်းပြီးပြီဖြစ်တာကြောင့် အသက်မွေး ဝမ်းကြောင်းပြုဖို့အတွက် မြေကွက်သုံးကွက်ပေါ်မှာ မှီခိုနေဖို့ မလိုအပ်ပါချေ။ ဒါကြောင့် ယွီဟိုင်က မထင်ထားလောက်အောင် ယုံကြည်မှုတွေ ရနေတာဖြစ်တယ်။

ယွီကျန်းကလည်း သူ့တူမလေးက တော်တော်လေး အရည်အချင်းရှိတယ်လို့ ခံစားရတာကြောင့် သူ့ကို ထပ်ပြီး ဖျောင်းဖျမနေတော့ပါချေ။ သူက ပြုံးလိုက်ပြီး

အဲ့ဒါဆိုလည်း ကောင်းပြီလေ! ကျွန်တော်တော့ မြည်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး!

တတိယဦးလေး ရှေ့လျောက် မြည်းစမ်းကြည့်ရမှာတွေ အများကြီးပဲနော်! ဘဲသားပေါင်းကို ကြားဖူးလား ခဏနေရင် နည်းနည်းလောက် မြည်းကြည့်လို့ရတယ်

ရွှေရောင်ကြောင်ပေါက်လေးကို ပွေ့ထားလျက် ရှောင်ချောင်းက မီးဖိုချောင်ကနေ ခေါင်းလေး ပြူထွက်လာပြီး သူ့အား ရယ်စရာ မျက်နှာလေးလုပ်ရင်း ရွှင်လန်းတက်ကြွစွာ ဆိုလာတယ်။

ဘဲသားပေါင်း? တစ်ခါမှ မစားဖူးဘူး အရသာရှိလား

နေ့လည်တုန်းက စားခဲ့တဲ့ ဘဲသွေးခဲတိုဖူးဟင်းနဲ့ ခရမ်းချဉ်သီးဘဲဥ ဟင်းရည်ကို သတိရသွားပြီး ယွီကျန်းရဲ့ ပါးစပ်က သွားရည်တမြမြ ဖြစ်လာတော့တယ်။

ယွီရှောင်ချောင်းက စိတ်ကြီးဝင်နေတဲ့ အမူအရာနဲ့ သူမရဲ့အတွေးထဲက အမြီးလေးကို မြောက်လိုက်ရင်း ပြောလိုက်တယ်

ရှောင်ချောင်းလုပ်တဲ့ ပစ္စည်းတွေက သေချာပေါက် အရည်အသွေးပြည့်မီပါတယ်နော် ကျိန်ရှုံစားသောက်ဆိုင်အတွက် ဒီဟင်းပွဲကို လုပ်နေတာလေ ဘယ်လိုလုပ် အရသာမရှိဘဲနေမှာလဲ

ဘာ? ကျိန်ရှုံစားသောက်ဆိုင်က ထပ်ပြီး လုပ်နည်းတွေလာတောင်းပြန်ပြီလား သူတို့ ကြက်ကင် ရောင်းတာကနေ ပိုက်ဆံတော်တော်ရှာနိုင်နေပေမဲ့ မင်းတို့မိသားစုက ဘာမှတောင် မရဘူးလေ ဒီတစ်ခါတော့ မင်းဆီကနေ အကျိုးအမြတ်ယူခွင့်ပြုလို့ မဖြစ်ဘူးနော် ဒီတစ်ခါ ဘဲသားပေါင်းလုပ်နည်း ရောင်းတဲ့အခါကြရင် ရောင်းရငွေ ခွဲပေးဖို့ ပြောလိုက်!

ယွီကျန်းက တော်တော်လေး စီးပွားရေးအမြင်ရှိသူပင်။

ယွီရှောင်ချောင်းလည်း တော်ဝင်မျိုးနွယ်တွေကနေ ရတာက သူတို့ကို ဈေးဖြတ်ပြီး ရောင်းလိုက်တာထက် အမြတ်ပိုရတယ်လို့ ထင်မိတယ်။ သူမက ခေါင်းကိုငုံ့လိုက်ရင်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ချေတွေကို တွေးဆနေမိတယ်။ သို့သော်လည်း ယွီဟိုင်ကတော့ ဒါကို ကောင်းမွန်တဲ့ အကြံဉာဏ်လို့ မထင်ပေ။ တတိယသခင်လေးကျိုးက သူတို့အပေါ်မှာ တော်တော်လေးကောင်းတာ ဈေးနှုန်းကို တိုးလိုက်လို့ ဘယ်ဖြစ်မလဲ...

ထိုအခါမှာတော့ ယွီရှောင်ချောင်းက သူမခေါင်းကို ဖြည်းဖြည်းချင်း ညိမ့်လိုက်ရင်း

တတိယဦလေး ပြောတာမှန်တယ်! ကျိန်ရှုံစားသောက်ဆိုင်မှာဆိုရင် ဘာပြဿနာမှ မရှိဘဲ တစ်ရက်ကိုအနည်းဆုံး ဘဲသားပေါင်း ပွဲ ၃၀ ကနေ ၅၀ လောက်ထိ ရောင်းရနိုင်တယ် ဘဲသားပေါင်းတစ်ပွဲကို တစ်မတ်သားဆိုရင် တစ်နေ့ကို သုံးလျန်ကနေ ငါးလျန်လောက်ရနိုင်တယ် လတွေနှစ်တွေကြာလာရင် လျန်၁၀၀ ကျော်လောက်တောင် ရနိုင်တယ်... ဝိုး ကျွန်မရဲ့လုပ်နည်းတွေကို ဈေးပေါပေါနဲ့ ရောင်းနေမိတယ်လိုတောင် ခံစားနေမိပြီ!

ယွီဟိုင်က ခဏလောက်တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်တယ်

တစ်မတ်သားဆို မများလွန်းဘူးလား

သို့သော်လည်း ယွီကျန်းကတော့ ထိုသို့ မထင်ပေ။ သူက သူ့မျက်လုံးတွေကို ပြူးကျယ်လိုက်ပြီး ပြောလိုက်တယ်

ဒုတိယအစ်ကို ကျိန်ရှုံစားသောက်ဆိုင်မှာ ကြက်ကင်တစ်ကောင် ဘယ်လောက်လဲ သိလား ကြက်အကောင်သေးသေးလေးတောင်မှ ငွေ ၅ လျန်လောက်ရှိတယ်!! ကြက်တစ်ကောင်မှ အများဆုံး ကြေးပြားတွဲအနည်းငယ်လောက်ပဲ ရှိတာ! အဲ့ဒီတော့ သူတို့က အမြတ်အဆတစ်ရာ လောက်ရ နေတာပဲမလား! ကျွန်တော့်အထင်တော့ တစ်မတ်သားကတောင် တော်တော်လေး နည်းနေသေးတယ်!!

ယွီကျန်းက ကျိန်ရှုံစားသောက်ဆိုင်ရဲ့ တစ်နေ့ ရောင်းရငွေနဲ့ အမြတ်အကြောင်းကို တွေးကြည့်လိုက်တာနဲ့ သူ့ရဲ့ ဒုတိယအစ်ကို အတွက် တရားမမျှတမှုကို ခံစားလိုက်ရတယ်။ သူသာ မင်းမျိုးမင်းနွယ်တွေဆီကနေ ရောင်းရငွေတွေ ရနေမယ်ဆိုရင် သူ့ရဲ့ ဒုတိယအစ်ကိုက တုန်ရှန်းရွာမှာ အချမ်းသာဆုံးဖြစ်နေလောက်ပြီ!! ဒါက ဆုံးရှုံးမှု အကြီးစားကြီးပဲ!!!

ဟုတ်ပါပြီ လက်တွေ သွားဆေးလိုက်တော့ ညနေစာ စားပြီးရင် ငါတို့ အိမ်ကို ပြန်ရဦးမှာလေ!

ဒီခေတ်အခါမှာတော့ ညနေစာကို များသောအားဖြင့် ၄နာရီဝန်းကျင်လောက်မှာ စားလေ့ ရှိကြတယ်။ အမျိုးသမီးဟန်က တွက်ချက်ကြည့်လိုက်တော့ သူတို့ရွာကို ပြန်ရောက်တဲ့အချိန်ဆိုရင် မှောင်နေ လောက်လေပြီ။ မနက်ဖြန်ကြရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်မြေတွေကို ထွန်ယက်ရဦးမည်ပင်။

ညစာအတွက်ကတော့ ဘဲသားပေါင်းပွဲကြီးတစ်ပွဲအပြင် ခရမ်းချဉ်သီးစိမ်းမွှေကြော်၊ ဘဲဥငရုတ်သီးမွှေကြော်၊ ပဲတောင့်ရှည်သုပ်နဲ့ ဆလပ်ရွက်ခရုဆီကြော် တို့ဖြစ်တယ်။ ဟင်းရည်အတွက်ကိုတော့ သူမက ပေါ့ပေါ့ပါးပါး လေးဖြစ်အောင် ဟင်းနုနွယ်ဝင်အရွက်ကို ကြက်ဥလေးဖောက်ထည့်ပြီး လုပ်ထားတယ်။ အဓိကအစားအစာအဖြစ် ဆန်လုံးညိုနဲ့ နှံစားပြောင်းတို့ ဖြစ်တယ်။ ပန်းကန်တစ်လုံးစီမှာ ပမာဏ အများကြီးထည့်ထားတာပင်။ တကယ်တော့ အရွယ်ရောက်ပြီးသား ယောက်ျားသားတွေရဲ့ အစားစားနိုင်စွမ်းက သေးလိမ့်မည် မဟုတ်ပါချေ။

ညီမလေး မင်းတို့ရဲ့ ရှောင်ချောင်းလေးက တော်တော်လေး စွမ်းဆောင်ရည်ရှိတာပဲ မီးဖိုချောင်မှာ အနှစ်နှစ်ဆယ်လောက်လုပ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်တောင်မှ သူမနဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး! ဒီဟင်းပွဲတွေရဲ့ အနံကိုရလိုက်ရုံနဲ့တင် လူတွေ သွားရည်ယိုကုန်လိမ့်မယ်

အမျိုးသမီးဟန်က ရှောင်ချောင်းလေးကို ကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။ သူမမှာ ရှောင်ချောင်းလို သမီးတစ်ယောက်သာရှိရင် သူမမှာ သားမရှိရင်တောင်မှ တော်တော်လေး ပျော်နေမိမှာပင်။

အမျိုးသမီးဟန် လျိုမိသားစုထဲဝင်လာပြီးတဲ့နောက် သမီး သုံးယောက်ကို မွေးဖွားခဲ့တယ်။ သူမရဲ့ ယောက္ခထီးနဲ့ ယောက္ခမက ဘာကိုမှ မပြောပင်မဲ့ အမျိုးသမီးလျိုအတွက်တော့ နာကျင်စရာ အဖြစ်ပင်။ သူမ အသက်ကြီးလာတာနဲ့အမျှ သားယောက်ျားလေးမွေးဖွားနိုင်ဖို့ကို မမျှော်လင့်တော့ပေ။ သို့သော်လည်း သူမက တခြားသူတွေ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတာကို မြင်တိုင်း အရိုးကို ဖောက်ထွက်ပြီး သူမနှလုံးသားကို အပ်နဲ့ ထိုးနေသလိုမျိုး ခံစားရမိတယ်။

လျိုဖေးက သူ့မိန်းမကို နားလည်နိုင်ဆုံးဖြစ်သည်။ သူက သူမရဲ့ အားငယ်နေတဲ့ မျက်လုံးတွေကို မြင်တာနဲ့ သူမ ဘာတွေးနေသလဲဆိုတာကို ချက်ချင်းသိလိုက်တာကြောင့် သူက ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး

စားကြရအောင် စားကြရအောင်! ဗိုက်မဆာဘူးဆိုရင်တောင်မှ ရှောင်ချောင်း ချက်ထားတာတွေ ကြည့်လိုက်ရုံနဲ့တင် အနည်းဆုံးနှစ်ပန်းကန်လောက် စားချင်သွားမှာပဲ!

ရိုးသားပြီး ထုံထိုင်းတဲ့ လျိုဟန်က သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ပြောလိုက်တယ်

ညီမလေး မင်းတို့ မိသားစုကလည်း အခြေအနေ အရမ်းကောင်းသေးတာ မဟုတ်ဘူး ငါတို့က မိသားစုတွေပဲလေ ဒီလောက် ဟင်းပွဲတွေ အများကြီး လုပ်စရာ မလိုပါဘူး နံပြားကြမ်းလေး နည်းနည်းလောက်နဲ့ အသီးအရွက်ချဉ်ဆိုရင် ငါတို့အတွက် အဆင်ပြေပါတယ် ငါတို့ကို ကျွေးဖို့တစ်နပ်စာ အတွက်နဲ့ မင်းတို့တွေ ပိုအဆင်မပြေဖြစ်ကုန်လိမ့်မယ်...

အမျိုးသမီးလျိုက ရင်ထဲထိမိသွားရပြီး သူမရဲ့အစ်ကိုတွေကို နူးညံ့တဲ့ အပြုံးလေးနဲ့ ကြည့်လိုက်ပြီး ချိုသာစွာ ပြောလိုက်တယ်

အစ်ကိုကြီး စိတ်ချလက်ချ အနားယူလို့ရပါတယ်! အစ်ကိုတို့ကို တစ်ခါနှစ်ခါလောက် ကျွေးရုံနဲ့ ကျွန်မတို့ အဆင်မပြေဖြစ်မသွားပါဘူး ဘဲနဲ့ ဘဲဥတွေက တစ်ခြားတစ်ယောက်က ပေးတာပါ အသီးအရွက်တွေကလည်း စိုက်ခင်းထဲကပဲ ရတာမလို့ အကုန်အကျမများပါဘူး သက်တောင့်သက်သာနဲ့ စားလို့ရပါတယ်!

သူမပြောတာကို ကြားတော့ ယောက်ျားသားအုပ်စုကလည်း ထပ်ပြီး ချုပ်တည်းမနေတော့ပါချေ။ တစ်ယောက်ချင်းဆီက ဆန်ထမင်းနှစ်မျိုး အပြည့်ထည့်ထားတဲ့ ကြွေပန်းကန်အထူကြီးကို ကိုင်လျက် အစားအစာတွေကို အဆက်မပြတ် စားလိုက်ကြတော့တယ်။

ဘဲသားပေါင်းရဲ့ အဖြူရောင်အရေပြားက နူးညံ့ပြီး ပြည့်ပြည့်ဖြိုးဖြိုးရှိပေမဲ့ အဆီအများကြီးမပါဝင်ပေ။ မွှေးကြိုင်ပြီး အရသာရှိလှသည်။ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူတိုင်းက ရှောင်ချောင်းရဲ့ ဘဲသားပေါင်းက အနံ့သင်းကြောင်း အလွန်နူးညံ့ကြောင်းနဲ့ အလွန့်အလွန် အရသာရှိကြောင်း ချီးကျူးနေကြတော့တယ်။ တစ်ဖန်ထပ်ပြီးတော့လည်း ယွီကျန်းဟာ ရှောင်ချောင်းကို ဒီဘဲသားပေါင်းက သေချာပေါက် ရောင်းအားအကြီးကြီး ရနိုင်တာမလို့ ကျိန်ရှုံစားသောက်ဆိုင်ကို ရောင်းရငွေ ခွဲပေးဖို့ တောင်းဆိုရန် အသေအချာလေး သတိပေးနေတော့တယ်။

ယွီရှောင်ချောင်းက သူမခေါင်းကို ထပ်ခါထပ်ခါ ငြိမ့်လိုက်ရင်း သူ့ကို ကတိပေးလိုက်တယ်။ သူမက မနက်ဖြန် သူမကိုယ်တိုင် မြို့ကိုသွားပြီး တတိသခင်လေးကျိုးကို ဘဲသားပေါင်း အရသာမြည်းခိုင်းရင်း ဖရဲသီးအစေ့အကြောင်း မေးရင်ကောင်းမလားဆိုပြီး တွေးတောနေလေတယ်။

မိသားစုတစ်ခုလုံးက အစားအစာတွေကို လုံးဝ စိတ်ကျေနပ်နေကြလေတယ်။ သူတို့ စားပြီး သိပ်မကြာခင်မှာပဲ သူတို့အမေဘက်က အမျိုးတွေက သူတို့ကိုနှုတ်ဆက်စကား ပြောပြီး အိမ်ကို ပြန်သွားကြတော့တယ်။ အိမ်ပြန်ဖို့အတွက် သူတို့ တောင်အနည်းငယ်တက်ကြရဦးမှာပင်။ တောင်လမ်းတွေကို လမ်းလျှောက်သွားရတာ ကျင့်သားရနေတာတဲ့ သူတို့အတွက်တောင်မှ အိမ်ပြန်ဖို့ နှစ်နာရီခွဲလောက် သွားဖို့လိုတာဖြစ်တယ်။ သူတို့ အိမ်ကို ပြန်ရောက်တဲ့ အချိန်ဆိုရင် ကောင်းကင်က တော်တော်လေး မှောင်နေလောက်လေပြီ။

ရှောင်ချောင်းက ကျန်နေတဲ့ ဘဲဆားနယ်ခြောက်ကို တစ်ဝက်ခွဲလိုက်ပြီး အမျိုးသမီးမောက်ကိုပေးပေးဖို့ ရှောင်လျန်ကို တောင်းဆိုလိုက်တယ်။ သူမက ဘဲဆားနယ်ခြောက်ကို အပိုင်းပိုင်းလှီးပြီး ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေးအရသာရှိမှာဖြစ်ကြောင်း အမျိုးသမီးမောက်ကို ပြောလိုက်ဖို့လည်း ရှောင်လျန်အား မှာလိုက်တယ်။ ဘဲဆားနယ်ခြောက်နဲ့ ဘဲသားပေါင်းက စားလိုက်ရင် အရသာတူပေမဲ့ လုပ်ပုံလုပ်နည်းကတော့ ကွဲပြားလေတယ်။

ရှောင်ချောင်းက ကျန်နေတဲ့ ဘဲဆားနယ်ခြောက်တွေကို တံစက်မြိတ်အောက်မှာ ချိတ်ဆွဲထားလိုက်တယ်။ အခုအချိန်မှာ ညဆိုရင်တော်တော်လေး အေးနေသေးတာကြောင့် သူမတစ်ညထားထားလိုက်ရင်တောင် ဘဲဆားနယ်ခြောက်အရသာက ပြောင်းလဲသွားမှာ မဟုတ်ပေ။

နောက်တစ်နေ့မနက်စောစောမှာ ယွီရှောင်ချောင်း နိုးလာတော့ သူမမိဘတွေကို သူမမြို့ကို သွားမယ့်အကြောင်း ပြောလိုက်တယ်။ ကြုံကြိုက်ရင်တော့ ကျောင်းကနေ အားလပ်ရက်ပြန်လာမယ့် ရှီထုန်လေးကိုပါ သွားခေါ်လာခဲ့မှာ ဖြစ်တယ်။

ရှောင်ချောင်းရဲ့ သိသာလာတဲ့ လုပ်ကိုင်နိုင်စွမ်းတွေနဲ့ ရင့်ကျက်လာမှုတွေကြောင့် ယွီဟိုင်နဲ့ သူ့ဇနီးတို့က သူမကို ကလေးလို မဆက်ဆံကြတော့ပေ။ မိသားစုထဲမှာ ကိစ္စတစ်ခုခုပေါ်လာရင်တောင် သူတို့က အမြဲ သူတို့ရဲ့ သမီးငယ်လေးနဲ့ ဆွေးနွေးတိုင်ပင်လေ့ ရှိတယ်။ ကိစ္စတစ်ခုအပေါ်မှာ မတူညီတဲ့ အမြင်တွေ ရှိနေခဲ့ရင် သူတို့က သူတို့သမီးငယ်လေးရဲ့ အကြံပေးချက်ကိုသာ မသိလိုက်ဘဲ ချင့်ချိန်မိလိုက်ကြတယ်။

ဒီနေ့ ယွီဟိုင်က သူတစ်ယောက်တည်း ဆိပ်ကမ်းမှာ အသားနှပ်သွားရောင်းပြီး ရှောင်လျန်ကို ရှောင်ချောင်းနဲ့ မြို့ကို အဖော်လိုက်သွားခိုင်းဖို့ ဆုံးဖြတ်ထားတယ်။ ညီအစ်မနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေသူငယ်ချင်းတွေလို ဖြစ်နေတာကြောင့် သူတို့လမ်းမပေါ်မှာ အထီးကျန်နေမှာ မဟုတ်တော့ပေ။

ယွီရှောင်ချောင်းက သူမအခန်းထဲကို ပြန်သွားလိုက်ပြီး ပိုက်ဆံအချို့ကို ထုတ်ယူလိုက်တယ်။ ပြီးတဲ့နောက်မှာတော့ သူမက ကျန်နေတဲ့ ဘဲဆားနယ်ခြောက်တစ်ဝက်ကို ယူပြီး ရှောင်လျန်နဲ့အတူ မြည်းလှည်းလေးအား အိမ်အပြင်ကို ဦးတည်လိုက်တော့တယ်။ သူတို့အိမ်အပြင်ကို ထွက်လာတာနဲ့ အမျိုးသမီးမောက်က အလျင်စလို ပြေးလာတာကို သူတို့တွေ့လိုက်ရတယ်။ သူမက ညီအစ်မနှစ်ယောက်နဲ့ သူတို့အနောက်က မြည်းလှည်းလေးရယ် ရှောင်ချောင်းလက်ထဲက ဘဲဆားနယ်ခြောက်ရယ်ကို မြင်တော့ အမျိုးသမီးမောက်က ချက်ချင်း နားရွက်ချိတ်အောင် ပြုံးလိုက်တော့တယ်။ သူမက အဖြေကို သိပြီးသားပေမဲ့ တမင်တကာ မေးလိုက်တယ်

ရှောင်ချောင်း၊ ရှောင်လျန် မင်းတို့ ညီအစ်မနှစ်ယောက် ဘယ်သွားကြမလို့လဲ

အရီးချန်း သမီးတို့ မြို့ကို သွားစရာ ကိစ္စလေး ရှိလို့

ရှောင်လျန်က ယဉ်ကျေးစွာပဲ ပြန်ဖြေလိုက်တယ်။

အမျိုးသမီးမောက်က သူမကိုယ်သူမ ချုပ်တည်းဖို့ ကြိုးစားနေပေမဲ့ အောင့်အည်းမထားနိုင်ဘဲ မေးလိုက်ပြန်တယ်

ရှောင်ချောင်း အရီးမင်းကို မေးထားတဲ့ အကြောင်းက ဘယ်လို....

အရီး မနေ့က ကျွန်မပို့လိုက်တဲ့ ဘဲသားက အရသာဘယ်လိုလဲ

ရှောင်ချောင်းက သူမကိုပြန်မဖြေဘဲ မေးခွန်းတစ်ခုသာမေးလိုက်တယ်။

အမျိုးသမီးမောက်က ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်

နှစ်သစ်ကူးလည်းမဟုတ် အားလပ်ရက်လည်း မဟုတ်တော့ ဒီလို ကောင်းတာမျိုးကို ဘယ်သူက စားချင်မှာလဲ အိမ်ကို ဧည့်သည်လာတဲ့ အခါမှပဲ ထုတ်ကျွေးမလို့လေ ခဏလောက် သိမ်းထားလို့ ရသေးတယ်လို့ ရှောင်လျန်က ပြောခဲ့တယ်မလား

......

Continue Reading

You'll Also Like

830K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
160K 14.4K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
2.9M 226K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
129K 8.9K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...