ရွှယ်ဇီရွမ် (Completed) (MM T...

By MayKingMK119

516K 70K 1.2K

Translator _ May King More

Twins of Different Fates
FOD Extra_1 _ ႐ႊယ္ဇီ႐ြမ္၏ ျပန္လည္ေမြးဖြားျခင္း
FOD Extra_1_Chapter(1-1) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-2) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-3) (Zawgyi+Unicode)
FOD Extra_1_Chapter(1-4) (Zawgyi+Unicode)
FOD Extra_1_Chapter(1-5) (Zawgyi+Unicode)
FOD Extra_1_Chapter(1-6) (Zawgyi+Unicode)
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)
FOD Extra_1_Chapter(2-2) (Zawgyi+Unicode)
FOD Extra_1_Chapter(2-3) (Zawgyi+Unicode)
FOD Extra 1 - Chapter (2-4)
FOD Extra_1_Chapter(2-5) (Zawgyi+Unicode)
New Fiction - Lord of End of World
FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း
Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္
Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ
Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္
Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္
FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္
Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။
FOD Extra 1 - Chapter (4-1) - အစြန္းႏွစ္ဖက္ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္ ေရာဂါ
FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး
FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?
FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....
FOD Extra 1 - Chapter (4-5) - ခုလို ဝတ္တာ မင္း ႀကည့္ရဆိုးတယ္ ေရွာင္ရီေလး....
Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system
Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'
Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."
Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."
Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ
Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား
Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။
Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)
Chapter (6-2) - "ဟြမ္ရီက ခ်စ္ဖို႔ေကာင္းတယ္.. ဒီကေလးက သူပိုင္တဲ့ေကာင္ေလး.."
Chapter (6-3) -ဟြမ္ရီေဘးမွာ ဆန္မုန႔္လုံးေလးလို ကပ္ေနခ်င္တယ္
Chapter (6-4) - ေမွ်ာ္လင့္ျခင္းနဲ႔ ျပန္လည္ဆုံစည္းျခင္း ေခါင္းေလာင္းျပာပန္း
Another FOD tanslation
Chapter (6-5)+ (6-6) (Z+U)
Chapter (6-7) - အေကာင္းဆံုးေတြပဲ မင္းကို ေပးအပ္ခ်င္တယ္ ေရွာင္ရီေလး (Z+U)
Chapter (7-1)+(7-2)+(7-3) (Z+U)
Chapter (7-4)+(7-5)(Z+U)
Chapter (7-6)+(7-7) (Z+U)
Chapter (8-1)+(8-2)(Z+U)
Chapter (8-3)+(8-4)(Z+U)
Chapter (8-5)+(8-6)+(8-7)(Z+U)
Chapter (8-8+8-9)(Z+U)
FOD Arc-14 completed
Chapter _ (9-1) +(9-2) ( Z+U)
Chapter (9-3) + (9-4) (Z+U)
FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)
Chapter (9-6)+(9-7)
Chapter (9-8)_ villain system စက္ရုပ္ကိုတီထြက္ျခင္း (Z+U)
Chapter (10-1)_ ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD Extra 1_ Chapter (10-2) (Z+U) - ႏွစ္ေယာက္တည္းကမာၻ
FOD: Extra 1_ Chapter (10-3) -ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD: Extra 1_ Chapter (10-4) -ႏွစ္ေယာက္တည္း ကမာၻ
FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ
FOD _ Extra 1 - Chapter (10.6) - နှစ်ယောက်တည်း ကမ္ဘာ (1)
🚨🚨🚨 အသားစားခြင်း/အသားစားျခင္း
FOD: Extra 1_ Xue Zi Xuan- Chapter (10.8)
Extra 1_ Chapter (11-1) - စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ(U+Z)
Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ
Extra 1_ Chapter (11-5) - စန္ဒရားပြိုင်ပွဲ
(z)Chapter (11-5) - စႏၵရားၿပိဳင္ပြဲ
FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-7) _ စန္ဒယားပြိုင်ပွဲ
Chapter (11- 8) - စန္ဒယားပြိုင်ပွဲ
Chapter (12-1) ထာဝရအချစ်
(U+Z) Chapter (12-2) - (M) ထာဝရအချစ်
Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်
(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း
Chapter (13-1) - လူသတ်မှု
ongoing
Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း
Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်
Chapter (13-5)_ ကလဲ့စားချေခြင်း
Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....
Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်
Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်
Chapter (15-3)_တရုတ်စံကားပန်းတွေ ပွင့်လာတဲ့အခါ
Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....
Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....

3.3K 524 8
By MayKingMK119



Extra 1_ Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....





ဒါပေမယ့် အခုအချိန်မှာ အကြီးဆုံးပြဿနာက ဟွမ်ရီကို ကာကွယ်ပေးချင်သည့် စိတ်တစ်ခုတည်းရှိတဲ့သားကို ဘယ်လို တားရမလဲဆိုတာ ဖြစ်သည်။


ရွယ်လွေ့က သားဖြစ်သူရဲ့ နဖူးကို သေနတ်ဖြင့်ထောက်ကာ ပြောလိုက်သည်။



  "ဖုန်းချလိုက်ပြီး ကဒ်ကို ပေးပါ" လို့ ပြင်းပြင်းထန်ထန် ပြောလိုက်တယ်။

ရွှယ်ဇီရွမ် က နားထောင်ပေမယ့် မကြားသလိုပင် ဖုန်းက နှိပ်ပြီး စကားပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ချိန်   ရွယ်လွေ့က ဒေါသတကြီးနဲ့ ခလုတ်ကို ဆွဲလိုက်ပါတော့တယ်။


ရွယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့က  အော်ဟစ်ပြီးနောက် ရွယ်လွေ့ကိုင်ထားသည့်  သေနတ်တွင် ကျည်ဆံမရှိမှန်း သိလိုက်ရသည်။ ရွယ်လွေ့က ခလုတ်နှိပ်လိုက်မိပြီးမှ သူ့ခြေထောက်တွေ ယိုင်နဲ့ကာ ကြမ်းပြင်ပေါ် ထိုင်လျက်လဲကျသွားခဲ့သည်။


တကယ်လို့ သေနတ်ထဲ ကျည်ဆန်တစ်တောင့်သာ ရှိခဲ့ရင် သူလည်း လူသတ်သမားဖြစ်နေပြိ။ သူ့သားအရင်းကို သူ့လက်နှင့် ကိုယ်တိုင်သတ်မိလိမ့်မည်။



 

ရွှယ်ဇီရွမ် သည် သေနတ်ထဲတွင် ကျည်ဆံမရှိ မှန်းသိသည်၊ ရှောင်ရီက အရမ်းစပ်စုတတ်သည်။ ခါတိုင်းဆိုရင် ရှောင်ရီကို သူက ဒီလို   အန္တရာယ်များသော အရာများကို  ထိရန်   ခွင့်မပြုသော်လည်း သူ့အဖေက သေတန်မောင်း ခလုတ်ကို အမှန်တကယ် ဆွဲကာ ပစ်ခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။


အရင်ဘဝတုန်းက  သူ့အဖေက  ဟွမ်ရီကိုူ ုလုပ်ကြံဖို့ ကြိုးစားခဲ့သည့် ရွှယ်ကျင်းရီကို သတိပေးခဲ့ပြီး   နောက်ပိုင်းမှာ သူ့အမေက သူမကို  အပြစ်ပေးဖို့ အဝေးကို ခေါ်ဆောင်သွားခဲ့သည်။

ရွယ်လွေ့က တကိုယ်ကောင်းဆန်သည့် လူတစ်ယောက်ဖြစ်သည်။ သူ့ကို ထိခိုက်လာမည်ဆိုရင် သား၊သမီးဖြစ်ပါစေ... သူက ရှင်းပစ်မည်ဆိုတာ ထင်ရှားပါသည်။


ဒါကိုကြည့်ရင် သူတို့ ရွှယ်မိသားစုက လူကောင်းတစ်ယောက်မှ မရှိတာထင်ရှားသည်။ ဒါကြောင့် သူက ဒီမိသားစုကို ဖျက်ဆီးပစ်တာ ပိုကောင်းလိမ့်မည်။ သူ့ဆီက ကောင်းတဲ့အရာမှန်သမျှကိုလည်း ဒီရွှယ်မိသားစုက တဖြည်းဖြည်းဖျက်ဆီးနေခဲ့သည် မဟုတ်လား။



ရွှယ်ဇီရွမ် သည် မျက်လုံးများနီရဲကာ ဖုန်း၏တစ်ဖက်မှ စိုးရိမ်သောအသံကိုကြားလိုက်ကာ ဖြည်းညှင်းစွာပြောသည်။



 "ဟယ်လို၊ ကျွန်တော့် အဖေ၊ အမေ၊နဲ့ ညီမက ကျွန်တော့်ည ီလေးကို သတ်ဖို့ ကြံစည်နေတဲ့အကြောင်း တိုင်ချက်ဖွင့်ချထင်ပါတယ်။  အခု ကျွန်တော့် ညီပျောက်နေလို့ ရဲ ခေါ်ချင်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကိုရှာပေးပါ"


သူ့လိပ်စာကို ပေးခဲ့ပြီး တစ်ဖက်ကလည်း ရဲတွေကို မကြာခင် ပို့ပေးမယ်လို့ ပြောခဲ့တယ်။

"မင်း ဘာတွေပြောနေတာလဲ။ ဟွမ်ရီက  သွားပြီ၊ သူက နေကောင်းပါတယ်၊ ငါတို့ သူ့ကို လုံးဝမသတ်ခဲ့ဘူး!"

ရွယ်လွေ့က သူ့ကို လှမ်းကိုင်လိုက်ပြီး ဖုန်းကို လှမ်းဆွဲလိုက်သည်။

ရွှယ်ဇီရွမ်က သူ့ကို ဖယ်ထုတ်လိုက်ပြီး ရွယ်လွေ့ နဲ့ သူ့လူတွေကို စောင့်ကြည့်ဖို့ တစ်နှစ်ပတ်လုံး သူ ဌားရမ်းခဲ့တဲ့ လုံခြုံရေးကုမ္ပဏီကို ဖုန်းဆက်ပြီး မေးမြန်းခဲ့တယ်။

အံ့အားသင့်နေသောရွယ်လီဒန်နီနှင့် ရွယ်ကျင်းရီ တို့ကို လျင်မြန်စွာရောက်ရှိလာသော သက်တော်စောင့်များက ဒုတိယထပ် ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရွယ်လွေ့ကို  ဧည့်ခန်းထဲတွင် အခြားသက်တော်စောင့်တစ်ဦးနှင့်အတူ သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ကာ ထိုင်နေခဲ့သည်။

ရွှယ်ဇီရွမ် သည် ရဲကိုမပေးလိုသော  နှုတ်ဆက်စကားပြောနေသည့်  ရှောင်ရီ၏ဗီဒီယိုကို ဖြတ်တောက်ကာ အခြားနေရာတွင် ကူးယူထားရန် အိတ်ထဲမှ Memory ကတ်ကို ထုတ်လိုက်သည်။

အချိန်အတော်ကြာအောင် မန်မိုရီကဒ်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုးအသံနဲ့ပြောလိုက်သည်။


 "ရှောင်ရီက  ဒီသက်သေအထောက်ထားတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညစ်တဲ့စာပို့မယ်လို့ အဖေ ထင်နေခဲ့တာလား။ အဖေ  မှားနေပြီ၊ သူ
 ဒီအိမ်ကို လာတုန်းက အဝတ်အစားကလွဲရင် အခြား တန်ဖိုးကြီးတာ ဘာမှ ယူမသွားခဲ့ဘူး။ ကျွန်တော်တို့အိမ်က ဆင်ပေးလိုက်တဲ့ အဝတ်စားတွေမှာ မကောင်းမှု စွန်းထင်းနေလို့ သူက ဝတ်တောင် မသွားခဲ့ဘူး။  "



ရွယ်လွေ့က စိုးရိမ်ပြီး ချွေးတွေထွက်ကာ သူ့သားကို တစာစာတောင်းပန်နေခဲ့သည်။


 "ဟုတ်တယ်၊ ငါတို့မှားတယ်၊ ငါတို့ သူ့ကို မထိခိုက်စေသင့်ဘူး။ သား၊ ဖေဖေ၊ မင်းကို အများကြီး ပြုစုပျိုးထောင်ပေးတာကို ထောက်ထားပြီး မင်း ငါတို့ကို လွှတ်ထားပေးပါလား။ ဟွမ်ရီ ပြန်လာတဲ့အခါ၊ မင်းကြိုက်ရင်  လုပ်လို့ရတယ်။ သူနဲ့ ထွက်သွားလို့ရတယ်၊ မင်းကြိုက်ရင် သူနဲ့ လက်ထပ်လည်း ငါတို့ ဂရုမစိုက်ဘူး။ ရဲတွေ မလာခင်  မင်း ကဒ်ထဲကဟာတွေကို ဖျက်ပြီး ငါတို့အားလုံး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရအောင်ပါ။  ဘာလို့ ဒီအရှုပ်ထဲ အားလုံးကို ဆွဲသွင်းရတာလဲ။ ဇီရွမ်......  ဖေဖေ မင်းကို တောင်းပန်ပါတယ်!"

"ကျွန်တော် အဖေ့ကို ရှောင်ရီကို  ဘယ်သူက လွှတ်မှာလဲ။"


ရွှယ်ဇီရွမ် က ရုတ်တရက်ထရပ်ပြီး ပြောလိုက်သည်။



"အဖေ့ရဲ့အကြံအစည်ကို သူသာ ကြိုတင် သတိမထားမိရင် အဖေ ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ၊ သူ့ပေါ် ပိုပြီးမကောင်းကြံဦးမှာ မဟုတ်လား။   ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျအောင်လုပ်ဦးမယ် မဟုတ်လား။ သူသေသွားရင် သူ့နှလုံးကို တူးထုတ်ဦးမယ် မဟုတ်လား။ သူ့ကို ခုလို ထွက်သွားအောင် ဘယ်သူလုပ်ခဲ့တာလဲ။ သူ့ကို တစ်ယောက်တည်း ဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ။  "



ရွှယ်ဇီရွမ်သည် မျက်ရည်များနှင့်အော် ပြောရင်း သူ့နှလုံးသားက နာကျင်လွန်းလို့ သူ ပြိုလဲကျမလိုဖြစ်နေရသည်။


 

ရွယ်လွေ့ သည် သူ့အော်သံကြောင့် အေးခဲသွားပြီး သူ့ကိုယ်ရံတော်၏ လက်က ကိုင်ထားတဲ့ သေနတ်ပင်လျှင် တုန်ခါသွားသည်။ သူ့အလုပ်ရှင်က ဒီလိုဒေါသအမျက်ထွက်တာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ၊ နောက်တစက္ကန့်မှာ သူ့အလုပ်ရှင် ရူးသွားလိမ့်မယ်လို့တောင်ထင်ရသည်။



ဒါပေမယ့် ရွှယ်ဇီရွမ် ဟာ နောက်ဆုံး မရူးပါဘူး၊ သူ ချစ်ရတဲ့ ဆယ်ကျော်သက်ကောင်လေးကို  ပြန်ရအောင် လုပ်ရမယ်၊ ယာဉ်မတော်တဆဖြစ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ကို ရှင်းထုတ်ရမယ်၊ ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်ရဦးမယ်။

ရွှယ်ဇီရွမ်သည် အပျက်အစီးများပြန့်ကျဲနေသည့် ကြမ်းပြင်ပေါ်မှ  ဆိုဖာပေါ် ထိုင်ကာ သူ့နာရီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

တစ်နာရီကျော်လောက် စောင့်ပြီးမှ ရဲကားက ရွှွယ်နေအိမ်အဝင်ဝကို မောင်းလာခဲ့တယ်။ ရွှယ်ဇီရွမ်သည် ဗီဒီယိုဖြတ်တောက်ထားသည့် မန်မိုရီကဒ်ပြားကို အမှုတာဝန်ခံ ရဲအရာရှိထံ ပေးအပ်ခဲ့ပြီး ဒီအတွက် ရွှယ်မိသားစုသုံးယောက်ကို လူသတ်ရန် ကြံစည်မှုဖြင့် အမှုဖွင့်လိုက်သည်။


ဒီနည်းဖြင့်၊ ဒီအချက်လက်တွေက ရှောင်ရီ  စုဆောင်းထားသော အထောက်အထားဖြစ်ကြောင်းကို ရဲ အရာရှိတွေ မသိဘဲ၊ ရှောင်ရီက ဒီဖြစ်ရပ်ကို ရှောင်ရီသိသွားလို့   ကြောက်လန့်တကြားဖြင့် အိမ်ကနေ ထွက်ပြေးသွားသည်ဟုသာ ထင်ကြလိမ့်မည်။ ဤနည်းဖြင့် သူသည် အမှုအခင်းမှ လုံးဝ ကင်းရှင်းသွားနိုင်သည်။

ရဲများသည် ဖမ်းယူထားသော စကားသံတွေရဲ့ မူရင်း ဇစ်မြစ် နှင့် ပတ်သက်၍ သံသယရှိခဲ့ကြပြီး ရွှယ်ဇီရွမ်က ဒါကို သူငှားရမ်းထားသော အလွတ်စုံထောက်တစ်ဦးက သူ့ထံပေးအပ်ခဲ့သည်ဟု ဆိုခဲ့သည်။

"မင်းမိသားစုကို ထောက်လှမ်းဖို့ လျှို့ဝှက်စုံထောက်တစ်ယောက် ငှားထားတာလား။"

ရဲအရာရှိက သူနဲ့ စကားပြောဖို့ သီးခြားအခန်းကို ရှာတွေ့ခဲ့ပြီး ရဲအရာရှိရဲ့ စကားတွေက မနှစ်သက်ပုံပေါက်နေသည်။


 

"ဒါက ဘာထူးဆန်းလို့လဲ? သူ့ နှလုံးသားကို တူးထုတ်ဖို့ ရှောင်ရီကို အိမ်ပြန်ခေါ်လာခိုင်းတုန်းက အစီအစဉ်ကို ဖျက်သိမ်းဖို့ ကျွန်တော် အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ကျွန်တော့် မိဘတွေရဲ့ သဘောထားက တင်းခံနေခဲ့တယ်။ ရှောင်ရီရဲ့ ဘေးကင်းလုံခြုံစေဖို့ ကျွန်တော့်မိဘတွေရဲ့လုပ်ရပ်ကို ကျွန်တော် စောင့်ကြည့်ရမှာပဲလေ  "


ရွှယ်ဇီရွမ်သည်  အမူယာမဲ့စွာဖြင့် ပြောကြားလိုက်သည်။



"ဘာကြောင့် ဒီအမှုကို အရင်ဆုံး တရားရုံးမှာ မတင်ပြတာလဲ။  "

 ရဲအရာရှိက မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ရဲ့လုပ်ရပ်ကြောင့် ရွှယ်မိသားစုအရှက်ကို လူသိရှင်ကြားအဖြစ်ချင်လို့ တရားရုံးကို မတင်ပြခဲ့ဘူး။  ကျွန်တော်က သူတို့ကို ပြုပြင်ပြောင်းလဲဖို့ အမြဲတမ်း အခွင့်အရေးပေးခဲ့ပေမယ့် ကျွန်တော့်မိသားစုက မပြောင်းလဲလာဘူး။ ကိုယ့်မိသားစုကို သတင်းပို့ တိုင်ကြားဖို့ဆိုတာ လွယ်တယ်လို့  ရဲအရာရှိကြီး ထင်နေလား။ အဲဒီလို မိသားစုဝင်တစ်ယောက်ရှိရတာ ဂုဏ်ယူစရာလို့ ထင်နေလား။"



ရွှယ်ဇီရွမ် ၏ မျက်လုံးများ နီရဲနေပြီး ဆံပင်များ ဖွာလန်ကျဲနေကာ သူ့မျက်နှာမှာ  ကြည်လင်သော မျက်ရည်များဖြင့် စွန်းထင်းနေသေးသည်၊ ရွှယ်ဇီရွမ်၏ ပုံကို ကြည့်ရတာ စိတ်ဆင်းရဲနေပုံရပြီး ဖုန်းကို ဆက်ကြည့်ရင်း ဆယ်ကျော်သက်လေး၏ နံပါတ်ကို စက္ကန့်အနည်းငယ်တိုင်း ခေါ်ဆိုနေသည်၊ သူ့စိုးရိမ်မှုမှာ အတုအယောင်မဟုတ်ပေ။

ရဲအရာရှိက သူ့ကို အလွန်စာနာပြီး ဟွမ်ရီ ကို ရှာနေတယ်ဆိုတဲ့ အကြောင်းကြားစာကို မထုတ်ပြန်ခင် မေးခွန်းအနည်းငယ်မေးခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ရွယ်လွေ့တို့ သုံးယောက်က ထိုအသံတွေက တကယ်မဟုတ်ကြောင်း   အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း ရဲစခန်းက အချုပ်ခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အသံကို လျှို့ဝှက်ဖမ်းယူထားခြင်းက ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်လက် ကျူးလွန်ခြင်းဖြစ်သောကြောင့် ထိုအသံဖမ်းယူထားသည်ကို တရားရုံးတွင် အမှုတည်ဆောက်ရန်အတွက် သက်သေအဖြစ် အသုံးမပြုနိုင်သောကြောင့် ရဲတပ်ဖွဲ့သည် စွဲချက်တင်ရန်အတွက် လူနှင့်ပစ္စည်းဆိုင်ရာ အထောက်အထားများ ထပ်မံရှာဖွေရမည်ဖြစ်ပါသည်။

ကောင်းတဲ့အချက်ကတော့ ဖူဘို၊ ကျုံးရင်တို့ကို ငွေပေးပြီး ခိုင်းစေထားတဲ့ သက်သေတွေကို ရှာဖွေနိုင်သည်။ ပြီးတော့ ကိုယ်တွင်းအင်္ဂါလှူဒါန်းခြင်း စာချုပ်ကို ရေးဆွဲပေးသည့် ရှေ့နေနှင့် နှလုံးကို တူးထုတ်ပေးဖို့ ဌားရမ်းထားသည့် ဆရာဝန်တို့ကို ရဲက လိုက်လံ မေးမြန်းစုံစမ်းနိုင်ခဲ့သည်။



 ဒါကြောင့် ဒီအမှုအကြောင်းကို စစ်ဆေးမေးမြန်းဖို့ အဆင်ပြေခဲ့ပြီး အမှုမှန်ပေါ်ဖို့ ပိုပိုနီးလာခဲ့သည်။ ဒီသတင်းက လူတိုင်းရဲ့အာရုံကို ဆွဲယူနိုင်ခဲ့သည်။ လူသတ်ရန် ကြံစည်ခဲ့သည့်အဓိက လူက သားကောင်ဖြစ်ခဲ့ရသည့် ကောင်လေး ဟွမ်ရီ၏ အမွှာညီမ ဖြစ်ပြီး  အသံဖိုင်အရ ဘယ်လောက်တောင် ရက်စက်တဲ့ လုပ်ရပ်ကို ကြံစည်ထားသည်ကို ရဲအရာရှိတွေ သိခဲ့ရလို့ သက်ပြင်းချလိုက်မိကြသည်။



ဒီရွှယ်မိသားစုသည် အလွန်ကြောက်စရာကောင်းသော လူများဖြစ်သည်၊ ကံကောင်းထောက်မစွာ ဟွမ်ရီ က ဉာဏ်ရည် ထက်မြက်ပြီး လျင်မြန်စွာ ရှောင်ထွက်သွားနိုင်ခဲ့သည်။

နောက်တစ်နေ့တွင်  မဟာသတင်းနှစ်ခု ထွက်ပေါ်လာပြီး နှစ်ဦးစလုံးသည် ရွယ်မိသားစုနှင့် သက်ဆိုင်နေသည်။ ပထမ သတင်းက ရွှယ်မိသားစု၏ မွေးစားသား ဟွမ်ရီ ပိုင်ဆိုင်သည့် စူပါပြိုင်ကား ၏ ကားတိုက်မှုဖြစ်ပြီး ဟွမ်ရီ ပျောက်နေသည့် ဆိုသည့် သတင်းနှင့် နောက်သတင်းက ဟွမ်ရီကို သတ်ရန် ကြံစည်မှုဖြင့်  ဒုတိယမြောက် ရွှယ်၏ လုပ်ငန်းစုဥက္ကဋ္ဌနှင့် သူ၏ဇနီးနှင့် သမီးတို့ကို ဖမ်းဆီး ခံခဲ့ရသည့် သတင်းဖြစ်သည်။

အထက်တန်းလွှာ အသိုင်းဝိုင်းတစ်ခုလုံး   ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်၊ ရွှယ် လုပ်ငန်းစု၏ စတော့ဈေးလည်း တောက်လျှောက် ကျဆင်း သွားသည်၊ ကုမ္ပဏီသည် အထိတ်တလန့်ဖြစ်ကာ ပရမ်းပတာ သဲသဲကွဲကွဲ ဖြစ်သွားသည်။ ရွှယ်ဇီရွမ်က ဒီလို အခြေနေကို အရင်ဘဝက ကြုံခဲ့ဖူးလို့ အတွေ့ကြုံရှိနေသည်။ သူက ချက်ချင်းပင်  အစုရှယ်ယာရှင်များ အစည်းအဝေးကို အမြန်ကျင်းပပြီး အလွန်ကြီးမားသော  ပြင်ပ လုပ်ငန်းများနှင့် ရွှယ်လုပ်ငန်းကို ပူးပေါင်းလိုက်ပြီး အစုရှယ်ယာရှင်တွေကို စိတ်တည်ငြိမ်အောင်လုပ်ခဲ့သည်။


 ဒါကို ကိုင်တွယ်ဖြေရှင်းပြီးနောက်မှာ ကား မတော်တဆမှုနဲ့ပတ်သတ်ပြီး  စုံစမ်းစစ်ဆေးရေး တိုးတက်မှုကို မေးမြန်းခဲ့သည်။


 ရွှယ်ဇီရွမ်က သူ့ ကုမ္ပဏီ၊ စတော့ရှယ်ယာ၊ မိသားစုစီးပွားရေးနဲ့ ချုပ်နှောင်ခံထားရတဲ့ မိဘတွေကိုတောင် ဘေးဖယ်ထားနိုင်ပေမယ့် ရှောင်ရီ အကြောင်းပေါ်ပေါက်သွားစေနိုင်တဲ့ ယာဉ်တိုက်မှုကို ဦးစားပေးကာ တောက်လျှောက်စောင့် ကြည့်နေသည်။ သူ ချစ်တဲ့ကောင်လေးကို လူသတ်သမာမး ဆိုသည့် နာမည်တပ်ဖို့မပြောနဲ့..သံသယဝင်ဖို့ အခွင့်ရေးပင် ရွှယ်ဇီရွမ် မပေးနိုင်ပေ။


 ဟုတ်တယ်၊ သူ့မှာ စံသတ်မှတ်ချက်က နှစ်မျိုးဖြစ်သည်။ သူ့မိဘတွေနဲ့  ရွှယ်ကျင်းရီတို့ လုပ်ရပ်ကို    ခွင့်မလွှတ်နိုင်ပေမ ယ့် ရှောင်ရီ လုပ်သမျှ အရာအားလုံးနဲ့ပတ်သက်တဲ့   သူ သည်းခံ ခွင့်လွှတ် ံနိုင်တယ်။

တချို့က  ရှောင်ရီရဲ့လုပ်ရပ်က အဆိုးဆုံးအပြစ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ရွှယ်ဇီရွမ် ကတော့ သူ့မှာ အပြစ်မရှိဘူးဆိုတာ သိတယ်။ ဟူတုန်းသာ ဟွမ်ရီတို့ မိဘကို ကားနဲ့ တိုက်မသတ်ခဲ့ရင်  ရွယ်မိသားစုလည်း ပေါ်မလာနိုင်ပေ။ ဒါဆိုရင် ဟွမ်ရီတို့ မိသားစုလေးက  ဆင်းရဲပေမယ့် နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာရှိတဲ့ ဘဝမှာ နေရလိမ့်မည်။ သူ့ကလေးလေးက  သူ့မိဘတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နေပါသေးတယ်။ သူက ရွှယ်မိသားစုသို့  ခေါ်ဆောင်ခြင်းခံရတာက ကောင်းကင်ဘုံကို တင်ပေးခံရတာ မဟုတ်ပဲ  ငရဲသို့ရောက်ခဲ့ရတာ ဖြစ်သည်။


ရွှယ်ဇီရွမ် သည် မည်းမှောင်သော မျက်နှာဖြင့် ယာဉ်ထိန်းရဲဌာနထဲသို့ ဖြတ်ကျော်လာသောအခါ အမှုကို ကိုင်တွယ်နေသော ယာဉ်ထိန်းရဲက သူ့ကို စာနာစိတ်ဖြင့် ကြည့်ကာ ပြောခဲ့သည်။


"ဟွမ်ရီက အိမ်ကထွက်ပြေးသွားတာ လို့ ကျွန်တော် ကြားလိုက်ရတာလား။ မင်းမိဘတွေနဲ့ ညီမက သူ့ကို သတ်တော့မယ်ဆိုတာ သိသွားလို့လား။ "

ရွှယ်ဇီရွမ် ၏ မျက်နှာမှာ ဘာမှ ထုတ်ဖော်မပြဘဲ ဖြေလိုက်သည်။


"အင်း"

ယာဉ်ထိန်းရဲက သူ့ရဲ့စိတ်ပျက်စရာအခြေအနေကို တော်တော်လေး စာနာ နားလည်ပေးခဲ့တယ်၊ ဥပဒေကြောင်းအရ အကြောင်းပြချက်နဲ့ မိသားစုဝင်တွေကို တိုင်ကြားဖို့ ရွေးချယ်တဲ့လူက မများပါဘူး။ မိသားစုဝင်တစ်ယောက်က ပြစ်မှု ကျူးလွန်ရင် ဆွေမျိုးတွေက ဖုံးဖိကူညီပေးကြ၊ ဒုက္ခရောက်တဲ့သူတွေကို ဘယ်သူက တရားမျှတမှုပေးတော့ မလဲ။ အထူးသဖြင့် အဓိကတရားခံ သို့မဟုတ် ဟွမ်ရီ ၏ တစ်ဦးတည်းသော သွေးချင်းဆွေမျိုး ရွှယ်ကျင်းရီသည် ဟွမ်ရီအပေါ် အရမ်းကို ရက်စက်လွန်းလှသည်။

"ကျွန်တော် မေးချင်တာက ဘယ်တော့ ကားကို ပြန်ယူလို့ ရမှာလဲ"

ရွှယ်ဇီရွမ်က ကြိုးစားပြီးပြောလိုက်တယ်။

"ဒီလောက်ထိ ပျက်စီးသွားတဲ့ ကားကို မင်း ပြန် လိုချင်တာလား။"


ယာဉ်ထိန်းရဲက အနည်းငယ် အံ့သြသွားသော်လည်း ကမ္ဘာပေါ်တွင် ကားအစီးရေ ငါးစီးသာ ထုတ်ထားသည့် စူပါပြိုင်ကားက ပျက်စီး ဆုံးရှုံးသွားသည်ကို တွေးကာ သနားစရာ ကောင်းလှသဖြင့် ဖြေကြားလိုက်သည်။



"မှုခင်းဆေးပညာဌာနက စစ်ဆေးရေးပြီးအောင် စောင့်နေတယ်၊  မြန်ရင် တစ်လ နှစ်လ၊ ကြာရင် ခြောက်လ လောက် စောင့်ရတယ်"

ရွယ်ဇီရွမ် က မေးခွန်းတွေ ထပ်မမေးတော့ဘဲ အထက်က လူတွေနဲ့ စကားပြောဖို့ပဲလုပ်လိုက်တယ်။ သူက ယာဉ်ထိန်းရဲဌာနက မထွက်ခင်မှာ မေးခဲ့သေးသည်။


 "ကျိုးရင်  နိုးပြီလား"  


"နိုးပြီ၊ ဒီအချိန်မှာ ငါတို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲစခန်းက လူတွေက သူ့ကို စစ်ဆေးဖို့ စောင့်နေကြတယ်။  ဒီကောင်က အတော်များများမှာ ပါဝင်ပတ်သတ်နေခဲ့တာပဲ  "

ယာဉ်ထိန်းရဲအရာရှိက   ခေါင်းညိတ်ကာ ကျိုးရင်ကို အထင်သေးစွာပြောခဲ့သည်။

"ဆေးခန်းကို သွားတွေ့လို့ရမလား"

ရွယ်ဇီရွမ်  က ယဉ်ယဉ်ကျေးကျေး မေးသည်။

"ကောင်းပြီ ။ ကျွန်တော်နဲ့ အတူတူသွားရအောင်။"

သူတို့ နှစ်ယောက် ဆေးရုံကို ရောက်တော့ ကျိုးရင်ဟာ မသန်မစွမ်းအဖြစ်ကနေ မပျောက်ကင်းသေးပဲ   လူသတ်မှုနဲ့ စွဲချက်တင်ခံရပြန်ပြီ ၊


"ကားမတော်တဆမှု မဖြစ်ခင် ဒီစကားပြောရမှာဖြစ်ပေမယ့် နောက်ကျသွားခဲ့ပါတယ်။  ကျွန်တော်က ဟွမ်ရီကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါကြောင့် ဒါက လူသတ်မှုလို့ ပြောလို့မရပါဘူး။ ပြီးတော့ ကျွန်တော်လည်းပဲ သားကောင်ပါ။ ကျွန်တော်က ကားကို မခိုးရပါဘူး။ ဒီကားက သူ့ဖာသာ ထိုင်ခုံခါးပတ်ကို တင်းကျပ်အောင်လုပ်ပြီး ကားက အလိုလျောက် တရကြမ်းမောင်းထွက်သွားခဲ့ပါ ရဲအရာရှိကြီးရာ.... ကျွန်တော်  ကားမခိုးဘူး ၊ ကားက လမ်းပေါ်မှာ သူ့ဖာသာ ရွေ့လျားမောင်းနှင်နေတယ် ။  ကားက အလိုလို လီဗာနင်းပြီး တရှိန်ထိုးမောင်းထွက်သွားတာပါ။ ကားပေါ်မှာ တစ္ဆေရှိခဲ့သည်။ အဲ့ဒါက သရဲက ကားမောင်းနေတာပဲ၊ မင်း ငါ့ကိုယုံပါ"

ကျိုးရင်က စကားပြောလေလေ၊ စိတ် ကသိကအောက်ဖြစ်လေလေ၊ အနားတွင်ရပ်နေသော သူနာပြုဆရာမက သူ့ကို စိတ်ငြိမ်ဆေးထိုးပေးလိုက်ရသည်။


 ကျိုးရင် စိတ် ငြိမ်သက်သွားစေရန် စောင့်ဆိုင်းရန် ရဲများကို ပြောခဲ့သည်။

"တစ္ဆေက ကား မောင်းနေတာလား"

ရွယ်ဇီရွမ် က သံသယဝင်နေခဲ့သည်။

"ဒီလိုစကားမျိုးကို မင်း ယုံသလား။ ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေ ဘယ်မှာရှိလဲ။ တစ်ယောက်ယောက်က အဲဒီကားကို အဝေးကနေ မထိန်းချုပ်ထားဘူးဆိုရင် ဒီလိုဖြစ်ရပ်မျိုး လုံးဝ မဖြစ်နိုင်ဘူး"

 ထို့ကြောင့် ယာဉ်ထိန်းရဲက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။



"တကယ့်ကို အရူးပဲ.... ကျွန်တော်တော့ ရူးချင်တော့တာပဲ။ အဝေးထိန်းစနစ်နဲ့  အလိုအလျောက် မောင်းနှင်နိုင်တဲ့ လုပ်ဆောင်ချက်ပါတဲ့ ကားဟာ ငါတို့ လမ်းလျှောက်တာထက် နှေးပြီး တစ်နာရီ မိုင်သုံးဆယ်လောက်ပဲ သွားနိုင်တယ်။ ဒါတောင် ဘေးကနေ ထိန်းချုပ်သူက တောက်လျှောက်လိုက်နေရတယ်။ အရမ်းဝေးဝေးကနေ ထိန်းချုပ်လို့မရသေးဘူး အခု ကျိုးရင်က တနာရီကို ကီလို 160 နှုန်းနဲ့ မြို့ကိုပတ်ပြီး 2 နာရီကြာအောင် လျှောက်မောင်းနေခဲ့တယ်။  ကီလိုမီတာ သုံးရာ့နှစ်ဆယ်ဝန်းကျင်နှင့် အတားအဆီးအားလုံးကို ရှောင်ရှားပြီး မောင်းခဲ့တယ်။ ဒီလို  ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှုစနစ်နဲ့ မော်တော်ကားတည်ဆောက်မှု ကို အခုခေတ်မှာ မလုပ်နိုင်သေးဘူး။ နောက်ထပ် နှစ်ပေါင်း 50၊ 100 လောက်ဆိုရင် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။  "



ရွယ်ဇီရွမ် က ခေါင်းညိတ်လိုက်ပြီး ဒီစကားတွေကို ဘာ ထင်မြင်ချက်မှ  မပေးခဲ့ဘူး။ ဆေးရုံက ဆင်းလာတော့ သက်ဆိုင်ရာ အသိမိတ်ဆွေကို ဖုန်းဆက်ပြီး ပြိုင်ကား စစ်ဆေးမှု အခြေနေ ဘယ်လိုဖြစ်လဲလို့ မေးတယ်။

"မင်းပြန်ယူချင်တာလား၊ ကောင်းပါတယ်၊ ငါ့ဝန်ထမ်းတွေကို မြန်မြန်လုပ်ခိုင်းလိုက်မယ်၊ ဒါပေမယ့် ကားက လုံးဝပျက်စီးနေပြီး ပြုပြင်လို့ မရဘူးလို့ ပြောရမယ်"

အဲဒီလူက ကားနဲ့ ပတ်သက်ပြီး အသည်းကွဲနေတယ်လို့ ထင်ရပြီး သူ့လေသံကဘာသံသယမှ  မရှိဘူး။

"ကားနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တွေ့ရှိသေးလား"

ရွယ်ဇီရွမ်  က လေးနက်သော အသံဖြင့် ပြောသည်။

"ပုံမှန် မဟုတ်တာ ဘာမှ မတွေ့ရဘူး၊ ကျိုးရင်က ကားကို ခိုးပြီး တခုခုလုပ်ဖို့ မမှီလိုက်ဘူး။  "


တဖက်လူက ကျိုးရင်ကို ရွှယ်လွေ့က ငွေပေးပြီး ကားကို ချို့ယွင်းအောင်လုပ်ဖို့ ခိုင်းစေထားတယ်ဆိုတာကို သတင်းတွေကနေ တဆင့် သိထားခဲ့လို့ အခုလိုဖြေခဲ့တယ်။


 

"မနက်ဖြန် ဘယ်အချိန် ကား ပြန်ရနိုင်မလဲ"

"မင်းက သံတုံး တစ်တုံး လိုချင်လို့လား။"

"အင်း..."

ရွယ်ဇီရွမ်  က စကားများများ မပြောချင်တော့ဘူး။

"ကောင်းပြီ မနက်ဖြန်မနက်  လာယူလိုက်..."

ဖုန်းကို ချလိုက်ပြီးနောက် ရွယ်ဇီရွမ် က   အရမ်းပင်ပန်းနေသလို ခံစားရတယ်၊ ရှောင်ရီက အခု ဘယ်ရောက်နေလဲ၊ သူ မနေကောင်းဖြစ်နေသေးလား။ ရှောင်ရီ.... ဘယ်လိုခံစားရလဲ၊ ဒီဘဝမှာ သူ့ဆီကိုရော  ပြန်လာ ပါဦးမလား၊ သူ့ကို ခွင့်လွှတ်ပေးဦးမှာလား ဆိုတာ ရွယ်ဇီရွမ်  သိချင်နေသည် ။ .

ဒီလောက်အထိ မသွားချင်သော်လည်း ကျန်းမာသော လူသားတစ်ယောက်၏ နှလုံးသားကို တူးထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ကို လာခေါ်ခဲ့သည့်အကြောင်းကို သိရကတည်းက ရှောင်ရီက ဝမ်းနည်းနေလောက်ပြီ။



ဒီဘဝတွင် သူ၏ပြန်လည်မွေးဖွားခြင်းသည် ကောင်းကင်ဘုံက ပေးအပ်သည့် လက်ဆောင်တစ်ခုဖြစ်သည်ဟု သူထင်ခဲ့သည်၊ သူသည် အချိန်မနှောင်းသေးဟု ထင်မိသော်လည်း တကယ်တော့ ရှောင်ရီက ရွှယ်ကျင်းရီကို ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ပြီးဖြစ်ကတည်းက သူ့အတွက် အရာရာကို ပြန်ပြင်ဖို့ အရမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။



ဒါက လက်ဆောင် မဟုတ်ပဲ  ပြစ်ဒဏ်တစ်ခုပဲ၊ အရင်ဘဝက အကြွေးဆပ်ဖို့ မလုံလောက်သေးလို့လား။  ဒီဘဝက ဘုရားသခင်က သူ့ကို ပေးပြီးတော့ပြန်ယူသွားခဲ့တယ်။
 



ရှောင်ရီသည် ယခုနှစ်တွင် မည်သို့ အသက်ရှင်ကာ လွတ်မြောက်ခဲ့သည်ကို တွေးဆလို့ပင် မရခဲ့ပေ။

 သူသည် အလွန်ထက်မြက်ပြီး ရွယ်ကျင်းရီ ၏ အခြေအနေကို ရိပ်မိပြီး အမှန်တရားကို ချက်ချင်းနီးပါး နားလည်လာကာ နေ့တိုင်း လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး လူသတ်သမားတစ်စု၏ ဝန်းရံထားတာကို ခံခဲ့ရသည်။ ညတိုင်းညတိုင်း ရှောင်ရီက အိပ်လို့ကော ပျော်နိုင်ပါ့မလား။


  ပြီးတော့ သူ့အမွှာညီမရဲ့ ဆိုးညစ်တဲ့ အတွေးတွေနဲ့ ရင်ဆိုင်ဖို့ ဘယ်လို စိတ်မျိုးနဲ့ ဆက်လက်ရှင်သန်နေခဲ့၇တာပါလိမ့်။

 

ရှောင်ရီက အိပ်ပျော်သွားတိုင်း သေးငယ်တဲ့ ဘောလုံးလေးတစ်လုံးကို ကွေးနေရတာ အံ့သြစရာ မဟုတ်တော့ဘူး၊  ရှောင်ရီက   ကြောက်ရွံ့မှုတွေ ၊ ေ နဲ့ နေထိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဒီလိုပြင်းထန်တဲ့  အမုန်းတရားတွေအဖြစ် ပေါင်းစည်းသွားတဲ့အတွက် သူ့ကိုယ်သူ မချစ်နိုင်ပါဘူး ။ ထို့ကြောင့် သူသည် လေထဲတွင် ပျောက်ကွယ်သွားဖို့ပဲ  ရွေးချယ်ခဲ့သည်.....။

ရွယ်ဇီရွမ် က ဆက်မတွေးနိုင်တော့ပဲ  စတီယာရင်ဘီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး နာကျင်စွာ  အော်ဟစ်လိုက်မိတော့သည် ။

********-***********






















Extra 1_ Chapter (14-3)_ ဟြမ္ရီ ဘယ္ေလာက္ေတာင္ နာက်င္ခဲ့ရမလဲ.....





ဒါေပမယ့္ အခုအခ်ိန္မွာ အႀကီးဆုံးျပႆနာက ဟြမ္ရီကို ကာကြယ္ေပးခ်င္သည့္ စိတ္တစ္ခုတည္းရွိတဲ့သားကို ဘယ္လို တားရမလဲဆိုတာ ျဖစ္သည္။


ရြယ္ေလြ႕က သားျဖစ္သူရဲ႕ နဖူးကို ေသနတ္ျဖင့္ေထာက္ကာ ေျပာလိုက္သည္။



  "ဖုန္းခ်လိုက္ၿပီး ကဒ္ကို ေပးပါ" လို႔ ျပင္းျပင္းထန္ထန္ ေျပာလိုက္တယ္။

ရြႊယ္ဇီရြမ္ က နားေထာင္ေပမယ့္ မၾကားသလိုပင္ ဖုန္းက ႏွိပ္ၿပီး စကားေျပာဖို႔ ပါးစပ္ကို ဖြင့္လိုက္ခ်ိန္   ရြယ္ေလြ႕က ေဒါသတႀကီးနဲ႔ ခလုတ္ကို ဆြဲလိုက္ပါေတာ့တယ္။


ရြယ္လီဒန္နီနွင့္ ရႊယ္က်င္းရီတို႕က  ေအာ္ဟစ္ၿပီးေနာက္ ရြယ္ေလြ႕ကိုင္ထားသည့္  ေသနတ္တြင္ က်ည္ဆံမရွိမွန္း သိလိုက္ရသည္။ ရြယ္ေလြ႕က ခလုတ္နွိပ္လိုက္မိျပီးမွ သူ႕ေျခေထာက္ေတြ ယိုင္နဲ႕ကာ ႀကမး္ျပင္ေပၚ ထိုင္လ်က္လဲက်သြားခဲ့သည္။


တကယ္လို႕ ေသနတ္ထဲ က်ည္ဆန္တစ္ေတာင့္သာ ရွိခဲ့ရင္ သူလည္း လူသတ္သမားျဖစ္ေနျပိ။ သူ႕သားအရင္းကို သူ႕လက္နွင့္ ကိုယ္တိုင္သတ္မိလိမ့္မည္။



 

ရြႊယ္ဇီရြမ္ သည္ ေသနတ္ထဲတြင္ က်ည္ဆံမရွိ မွန္းသိသည္၊ ေရွာင္ရီက အရမ္းစပ္စုတတ္သည္။ ခါတိုင္းဆိုရင္ ေရွာင္ရီကို သူက ဒီလို   အႏၲရာယ္မ်ားေသာ အရာမ်ားကို  ထိရန္   ခြင့္မျပဳေသာ္လည္း သူ႔အေဖက ေသတန္ေမာင္း ခလုတ္ကို အမွန္တကယ္ ဆြဲကာ ပစ္ခဲ့လိမ့္မည္ဟု သူ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့မိေပ။


အရင္ဘဝတုန္းက  သူ႕အေဖက  ဟြမ္ရီကိုူ ုလုပ္ႀကံဖို႕ ႀကိဳးစားခဲ့သည့္ ရႊယ္က်င္းရီကို သတိေပးခဲ့ျပီး   ေနာက္ပိုင္းမွာ သူ႔အေမက သူမကို  အျပစ္ေပးဖို႔ အေဝးကို ေခၚေဆာင္သြားခဲ့သည္။

ရြယ္ေလြ႕က တကိုယ္ေကာင္းဆန္သည့္ လူတစ္ေယာက္ျဖစ္သည္။ သူ႕ကို ထိခိုက္လာမည္ဆိုရင္ သား၊သမိီးျဖစ္ပါေစ... သူက ရွင္းပစ္မည္ဆုိတာ ထင္ရွားပါသည္။


ဒါကိုႀကည့္ရင္ သူတို႕ ရႊယ္မိသားစုက လူေကာင္းတစ္ေယာက္မွ မရွိတာထင္ရွားသည္။ ဒါေႀကာင့္ သူက ဒီမိသားစုကို ဖ်က္ဆီးပစ္တာ ပိုေကာင္းလိမ့္မည္။ သူ႕ဆီက ေကာင္းတဲ့အရာမွန္သမွ်ကိုလည္း ဒီရႊယ္မိသားစုက တျဖည္းျဖည္းဖ်က္ဆီးေနခဲ့သည္ မဟုတ္လား။



ရြႊယ္ဇီရြမ္ သည္ မ်က္လုံးမ်ားနီရဲကာ ဖုန္း၏တစ္ဖက္မွ စိုးရိမ္ေသာအသံကိုၾကားလိုက္ကာ ျဖည္းညႇင္းစြာေျပာသည္။



 "ဟယ္လို၊ ကြ်န္ေတာ့္ အေဖ၊ အေမ၊နဲ႕ ညီမက ကြ်န္ေတာ့္ည ီေလးကို သတ္ဖို႔ ႀကံစည္ေနတဲ့အေႀကာင္း တိုင္ခ်က္ဖြင့္ခ်ထင္ပါတယ္။  အခု ကြ်န္ေတာ့္ ညီေပ်ာက္ေနလို႕ ရဲ ေခၚခ်င္ပါတယ္။ ​ေက်းဇူးျပဳၿပီး သူ႔ကိုရွာေပးပါ"


သူ႔လိပ္စာကို ေပးခဲ့ၿပီး တစ္ဖက္ကလည္း ရဲေတြကို မၾကာခင္ ပို႔ေပးမယ္လို႔ ေျပာခဲ့တယ္။

"မင္း ဘာေတြေျပာေနတာလဲ။ ဟြမ္ရီက  သြားၿပီ၊ သူက ေနေကာင္းပါတယ္၊ ငါတို႔ သူ႔ကို လုံးဝမသတ္ခဲ့ဘူး!"

ရြယ္ေလြ႕က သူ႔ကို လွမ္းကိုင္လိုက္ၿပီး ဖုန္းကို လွမ္းဆြဲလိုက္သည္။

ရြႊယ္ဇီရြမ္က သူ႔ကို ဖယ္ထုတ္လိုက္ၿပီး ရြယ္ေလြ႕ နဲ႔ သူ႔လူေတြကို ေစာင့္ၾကည့္ဖို႔ တစ္ႏွစ္ပတ္လုံး သူ ဌားရမ္းခဲ့တဲ့ လုံၿခဳံေရးကုမၸဏီကို ဖုန္းဆက္ၿပီး ေမးျမန္းခဲ့တယ္။

အံ့အားသင့္ေနေသာရြယ္လီဒန္နီႏွင့္ ရြယ္က်င္းရီ တို႔ကို လ်င္ျမန္စြာေရာက္ရွိလာေသာ သက္ေတာ္ေစာင့္မ်ားက ဒုတိယထပ္ ဧည့္ခန္းသို႔ ေခၚေဆာင္သြားခဲ့ၿပီး ရြယ္ေလြ႕ကို  ဧည့္ခန္းထဲတြင္ အျခားသက္ေတာ္ေစာင့္တစ္ဦးႏွင့္အတူ သူ႔ေခါင္းကို ေသနတ္ျဖင့္ခ်ိန္ကာ ထိုင္ေနခဲ့သည္။

ရြႊယ္ဇီရြမ္ သည္ ရဲကိုမေပးလိုေသာ  ႏႈတ္ဆက္စကားေျပာေနသည့္  ေရွာင္ရီ၏ဗီဒီယိုကို ျဖတ္ေတာက္ကာ အျခားေနရာတြင္ ကူးယူထားရန္ အိတ္ထဲမွ Memory ကတ္ကို ထုတ္လိုက္သည္။

အခ်ိန္အေတာ္ၾကာေအာင္ မန္မုိရီကဒ္ကို စိုက္ၾကည့္ျပီး ခပ္တိုးတိုးအသံနဲ႔ေျပာလိုက္သည္။


 "ေရွာင္ရီက  ဒီသက္ေသအေထာက္ထားေတြနဲ႕ ျခိမ္းေျခာက္ျပီး ေငြညစ္တဲ့စာပို႕မယ္လို႕ အေဖ ထင္ေနခဲ့တာလား။ အေဖ  မွားေနၿပီ၊ သူ
 ဒီအိမ္ကို လာတုန္းက အဝတ္အစားကလြဲရင္ အျခား တန္ဖိုးႀကီးတာ ဘာမွ ယူမသြားခဲ့ဘူး။ ကြ်န္ေတာ္တို႔အိမ္က ဆင္ေပးလိုက္တဲ့ အဝတ္စားေတြမွာ မေကာင္းမႈ စြန္းထင္းေနလို႕ သူက ဝတ္ေတာင္ မသြားခဲ့ဘူး။  "



ရြယ္ေလြ႕က စိုးရိမ္ၿပီး ေခြၽးေတြထြက္ကာ သူ႕သားကို တစာစာေတာင္းပန္ေနခဲ့သည္။


 "ဟုတ္တယ္၊ ငါတို႔မွားတယ္၊ ငါတို႔ သူ႔ကို မထိခိုက္ေစသင့္ဘူး။ သား၊ ေဖေဖ၊ မင္းကို အမ်ားႀကီး ျပဳစုပ်ိဳးေထာင္ေပးတာကို ေထာက္ထားျပီး မင္း ငါတို႔ကို လႊတ္ထားေပးပါလား။ ဟြမ္ရီ ျပန္လာတဲ့အခါ၊ မင္းႀကိဳက္ရင္  လုပ္လို႕ရတယ္။ သူနဲ႕ ထြက္သြားလို႔ရတယ္၊ မင္းႀကိဳက္ရင္ သူနဲ႕ လက္ထပ္လည္း ငါတို႔ ဂ႐ုမစိုက္ဘူး။ ရဲေတြ မလာခင္  မင္း ကဒ္ထဲကဟာေတြကို ဖ်က္ၿပီး ငါတို႔အားလုံး တစ္သက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနသြားရေအာင္ပါ။  ဘာလို႔ ဒီအရႈပ္ထဲ အားလံုးကို ဆြဲသြင္းရတာလဲ။ ဇီရြမ္......  ေဖေဖ မင္းကို ေတာင္းပန္ပါတယ္!"

"ကြ်န္ေတာ္ အေဖ့ကို ေရွာင္ရီကို  ဘယ္သူက လႊတ္မွာလဲ။"


ရြႊယ္ဇီရြမ္ က ႐ုတ္​တရက္​ထရပ္​ၿပီး ေျပာလိုက္သည္။



"အေဖ့ရဲ႕အႀကံအစည္​ကို သူသာ ႀကိဳတင္ သတိမထားမိရင္​ အေဖ ဘာဆက္လုပ္​ဖို႔စီစဥ္​ထားလဲ၊ သူ႔ေပၚ ပိုျပီးမေကာင္းႀကံဦးမွာ မဟုတ္လား။   ​ေခ်ာက္​ကမ္းပါး​ေပၚက​ေန ျပဳတ္​က်​ေအာင္​လုပ္​ဦးမယ္ မဟုတ္လား။ သူေသသြားရင္ သူ႕နွလံုးကို တူးထုတ္ဦးမယ္ မဟုတ္လား။ သူ႕ကို ခုလို ထြက္သြားေအာင္ ဘယ္သူလုပ္ခဲ့တာလဲ။ သူ႕ကို တစ္ေယာက္တည္း ျဖစ္ေအာင္ ဘယ္သူလုပ္ခဲ့တာလဲ။ ​ "



ရြႊယ္ဇီရြမ္သည္ မ်က္ရည္မ်ားနွင့္ေအာ္ ေျပာရင္း သူ႕နွလံုးသားက နာက်င္လြန္းလို႕ သူ ျပိဳလဲက်မလိုျဖစ္ေနရသည္။


 

ရြယ္ေလြ႕ သည္ သူ႔ေအာ္သံေၾကာင့္ ေအးခဲသြားၿပီး သူ႔ကိုယ္ရံေတာ္၏ လက္က ကိုင္ထားတဲ့ ေသနတ္ပင္လွ်င္ တုန္ခါသြားသည္။ သူ႔အလုပ္ရွင္က ဒီလိုေဒါသအမ်က္ထြက္တာကို တစ္ခါမွ မျမင္ဖူးခဲ့ေပ၊ ေနာက္တစကၠန႔္မွာ သူ႔အလုပ္ရွင္ ႐ူးသြားလိမ့္မယ္လို႕ေတာင္ထင္ရသည္။



ဒါေပမယ့္ ရြႊယ္ဇီရြမ္ ဟာ ေနာက္ဆုံး မ႐ူးပါဘူး၊ သူ ခ်စ္ရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးကို  ျပန္ရေအာင္ လုပ္ရမယ္၊ ယာဥ္မေတာ္တဆျဖစ္မႈရဲ႕ ေနာက္ဆက္တြဲ ျဖစ္္ရပ္ကို ရွင္းထုတ္ရမယ္၊ ဒီလူသတ္သမားေတြနဲ႔ ရင္ဆိုင္ရဦးမယ္။

ရြႊယ္ဇီရြမ္သည္ အပ်က္အစီးမ်ားျပန္႕က်ဲေနသည့္ ၾကမ္းျပင္ေပၚမွ  ဆိုဖာေပၚ ထိုင္ကာ သူ႔နာရီကို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္။

တစ္နာရီေက်ာ္ေလာက္ ေစာင့္ၿပီးမွ ရဲကားက ရႊြယ္ေနအိမ္အဝင္ဝကို ေမာင္းလာခဲ့တယ္။ ရြႊယ္ဇီရြမ္သည္ ဗီဒီယိုျဖတ္ေတာက္ထားသည့္ မန္မိုရီကဒ္ျပားကို အမႈတာဝန္ခံ ရဲအရာရွိထံ ေပးအပ္ခဲ့ၿပီး ဒီအတြက္ ရႊယ္မိသားစုသံုးေယာက္ကို လူသတ္ရန္ ႀကံစည္မႈျဖင့္ အမႈဖြင့္လိုက္သည္။


ဒီနည္းျဖင့္၊ ဒီအခ်က္လက္ေတြက ေရွာင္ရီ  စုေဆာင္းထားေသာ အေထာက္အထားျဖစ္ေၾကာင္းကို ရဲ အရာရွိေတြ မသိဘဲ၊ ေရွာင္ရီက ဒီျဖစ္ရပ္ကို ေရွာင္ရီသိသြားလို႕   ေၾကာက္လန႔္တၾကားျဖင့္ အိမ္ကေန ထြက္ေျပးသြားသည္ဟုသာ ထင္ၾကလိမ့္မည္။ ဤနည္းျဖင့္ သူသည္ အမႈအခင္းမွ လုံးဝ ကင္းရွင္းသြားႏိုင္သည္။

ရဲမ်ားသည္ ဖမ္းယူထားေသာ စကားသံေတြရဲ႕ မူရင္း ဇစ္ျမစ္ နွင့္ ပတ္သက္၍ သံသယရွိခဲ့ၾကၿပီး ရြႊယ္ဇီရြမ္က ဒါကို သူငွားရမ္းထားေသာ အလြတ္စုံေထာက္တစ္ဦးက သူ႔ထံေပးအပ္ခဲ့သည္ဟု ဆိုခဲ့သည္။

"မင္းမိသားစုကို ေထာက္လွမ္းဖို႔ လွ်ိဳ႕ဝွက္စုံေထာက္တစ္ေယာက္ ငွားထားတာလား။"

ရဲအရာရွိက သူနဲ႔ စကားေျပာဖို႔ သီးျခားအခန္းကို ရွာေတြ႕ခဲ့ၿပီး ရဲအရာရွိရဲ႕ စကားေတြက မႏွစ္သက္ပံုေပါက္ေနသည္။


 

"ဒါက ဘာထူးဆန္းလို႔လဲ? သူ႔ နွလုံးသားကို တူးထုတ္ဖို႔ ေရွာင္ရီကို အိမ္ျပန္ေခၚလာခိုင္းတုန္းက အစီအစဥ္ကို ဖ်က္သိမ္းဖို႔ ကြ်န္ေတာ္ အႀကိမ္ႀကိမ္ တိုက္တြန္းခဲ့ေပမယ့္ ကြ်န္ေတာ့္ မိဘေတြရဲ႕ သေဘာထားက တင္းခံေနခဲ့တယ္။ ေရွာင္ရီရဲ႕ ေဘးကင္းလံုျခံဳေစဖို႔ ကြ်န္ေတာ့္မိဘေတြရဲ႕လုပ္ရပ္ကို ကြ်န္ေတာ္ ေစာင့္ႀကည့္ရမွာပဲေလ  "


ရြႊယ္ဇီရြမ္သည္  အမူယာမဲ့စြာျဖင့္ ေျပာႀကားလိုက္သည္။



"ဘာေၾကာင့္ ဒီအမႈကို အရင္ဆံုး တရား႐ုံးမွာ မတင္ျပတာလဲ။  "

 ရဲအရာရွိက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"သူတို႔ရဲ႕လုပ္ရပ္ေႀကာင့္ ရႊယ္မိသားစုအရွက္ကို လူသိရွင္ၾကားအျဖစ္ခ်င္လို႕ တရားရံုးကို မတင္ျပခဲ့ဘူး။  ကြ်န္ေတာ္က သူတို႔ကို ျပဳျပင္ေျပာင္းလဲဖို႔ အၿမဲတမ္း အခြင့္အေရးေပးခဲ့ေပမယ့္ ကြ်န္ေတာ့္မိသားစုက မေျပာင္းလဲလာဘူး။ ကိုယ့္မိသားစုကို သတင္းပို႕ တိုင္ႀကားဖို႕ဆုိတာ လြယ္တယ္လို႔  ရဲအရာရွိႀကီး ထင္ေနလား။ အဲဒီလို မိသားစုဝင္တစ္ေယာက္ရွိရတာ ဂုဏ္ယူစရာလို႕ ထင္ေနလား။"



ရြႊယ္ဇီရြမ္ ၏ မ်က္လုံးမ်ား နီရဲေနၿပီး ဆံပင္မ်ား ဖြာလန္က်ဲေနကာ သူ႔မ်က္ႏွာမွာ  ၾကည္လင္ေသာ မ်က္ရည္မ်ားျဖင့္ စြန္းထင္းေနေသးသည္၊ ရြႊယ္ဇီရြမ္၏ ပံုကို ႀကည့္ရတာ စိတ္ဆင္းရဲေနပုံရၿပီး ဖုန္းကို ဆက္ၾကည့္ရင္း ဆယ္ေက်ာ္သက္ေလး၏ နံပါတ္ကို စကၠန႔္အနည္းငယ္တိုင္း ေခၚဆိုေနသည္၊ သူ႔စိုးရိမ္မႈမွာ အတုအေယာင္မဟုတ္ေပ။

ရဲအရာရွိက သူ႔ကို အလြန္စာနာၿပီး ဟြမ္ရီ ကို ရွာေနတယ္ဆိုတဲ့ အေၾကာင္းၾကားစာကို မထုတ္ျပန္ခင္ ေမးခြန္းအနည္းငယ္ေမးခဲ့ပါတယ္။

အျခားတစ္ဖက္တြင္ ရြယ္ေလြ႕တို႕ သုံးေယာက္က ထိုအသံေတြက တကယ္မဟုတ္ေႀကာင္း   အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ေသာ္လည္း ရဲစခန္းက အခ်ဳပ္ခန္းသို႔ ေခၚေဆာင္သြားျခင္း ခံခဲ့ရသည္။ အသံကို လွ်ဳိ႕ဝွက္ဖမ္းယူထားျခင္းက ကိုယ္ေရးကိုယ္တာဆုိင္ရာ အခ်က္လက္ က်ဴးလြန္ျခင္းျဖစ္ေသာေႀကာင့္ ထိုအသံဖမ္းယူထားသည္ကို တရားရံုးတြင္ အမႈတည္ေဆာက္ရန္အတြက္ သက္ေသအျဖစ္ အသုံးမျပဳႏိုင္ေသာေၾကာင့္ ရဲတပ္ဖြဲ႕သည္ စြဲခ်က္တင္ရန္အတြက္ လူႏွင့္ပစၥည္းဆိုင္ရာ အေထာက္အထားမ်ား ထပ္မံရွာေဖြရမည္ျဖစ္ပါသည္။

ေကာင္းတဲ့အခ်က္ကေတာ့ ဖူဘို၊ က်ံုးရင္တို႕ကို ေငြေပးျပီး ခို္င္းေစထားတဲ့ သက္ေသေတြကို ရွာေဖြနိုင္သည္။ ျပီးေတာ့ ကိုယ္တြင္းအဂၤါလွဴဒါန္းျခင္း စာခ်ဳပ္ကို ေရးဆြဲေပးသည့္ ေရွ႕ေနနွင့္ နွလံုးကို တူးထုတ္ေပးဖို႕ ဌားရမ္းထားသည့္ ဆရာဝန္တို႕ကို ရဲက လိုက္လံ ေမးျမန္းစံုစမ္းနိုင္ခဲ့သည္။



 ဒါေႀကာင့္ ဒီအမႈအေႀကာင္းကို စစ္ေဆးေမးျမန္းဖို႔ အဆင္ေျပခဲ့ျပီး အမႈမွန္ေပၚဖို႕ ပိုပိုနီးလာခဲ့သည္။ ဒီသတင္းက လူတုိင္းရဲ႕အာရံုကို ဆြဲယူနုိင္ခဲ့သည္။ လူသတ္ရန္ ႀကံစည္ခဲ့သည့္အဓိက လူက သားေကာင္ျဖစ္ခဲ့ရသည့္ ေကာင္ေလး ဟြမ္ရီ၏ အမႊာညီမ ျဖစ္ျပီး  အသံဖိုင္အရ ဘယ္ေလာက္ေတာင္ ရက္စက္တဲ့ လုပ္ရပ္ကို ႀကံစည္ထားသည္ကို ရဲအရာရွိေတြ သိခဲ့ရလို႕ သက္ျပင္းခ်လိုက္မိႀကသည္။



ဒီရႊယ္မိသားစုသည္ အလြန္ေၾကာက္စရာေကာင္းေသာ လူမ်ားျဖစ္သည္၊ ကံေကာင္းေထာက္မစြာ ဟြမ္ရီ က ဥာဏ္ရည္ ထက္ျမက္ၿပီး လ်င္ျမန္စြာ ေရွာင္ထြက္သြားနုိင္ခဲ့သည္။

ေနာက္တစ္ေန႔တြင္  မဟာသတင္းႏွစ္ခု ထြက္ေပၚလာၿပီး ႏွစ္ဦးစလုံးသည္ ရြယ္မိသားစုႏွင့္ သက္ဆိုင္ေနသည္။ ပထမ သတင္းက ရႊယ္မိသားစု၏ ေမြးစားသား ဟြမ္ရီ ပိုင္ဆိုင္သည့္ စူပါျပိဳင္ကား ၏ ကားတုိက္မႈျဖစ္ျပီး ဟြမ္ရီ ေပ်ာက္ေနသည့္ ဆုိသည့္ သတင္းနွင့္ ေနာက္သတင္းက ဟြမ္ရီကို သတ္ရန္ ႀကံစည္မႈျဖင့္  ဒုတိယေျမာက္ ရႊယ္၏ လုပ္ငန္းစုဥကၠ႒ႏွင့္ သူ၏ဇနီးႏွင့္ သမီးတို႔ကို ဖမ္းဆီး ခံခဲ့ရသည့္ သတင္းျဖစ္သည္။

အထက္တန္းလႊာ အသိုင္းဝိုင္းတစ္ခုလံုး   ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခဲ့သည္၊ ရႊယ္ လုပ္ငန္းစု၏ စေတာ့ေဈးလည္း ေတာက္ေလွ်ာက္ က်ဆင္း သြားသည္၊ ကုမၸဏီသည္ အထိတ္တလန႔္ျဖစ္ကာ ပရမ္းပတာ သဲသဲကြဲကြဲ ျဖစ္သြားသည္။ ရြႊယ္ဇီရြမ္က ဒီလို အေျခေနကို အရင္ဘဝက ႀကံဳခဲ့ဖူးလို႕ အေတြ႕ႀကံဳရွိေနသည္။ သူက ခ်က္ခ်င္းပင္  အစုရွယ္ယာရွင္မ်ား အစည္းအေဝးကို အျမန္က်င္းပၿပီး အလြန္ႀကီးမားေသာ  ျပင္ပ လုပ္ငန္းမ်ားနွင့္ ရႊယ္လုပ္ငန္းကို ပူးေပါင္းလိုက္ျပီး အစုရွယ္ယာရွင္ေတြကို စိတ္တည္ျငိမ္ေအာင္လုပ္ခဲ့သည္။


 ဒါကို ကိုင္တြယ္ေျဖရွင္းျပီးေနာက္မွာ ကား မေတာ္တဆမႈနဲ႕ပတ္သတ္ျပီး  စုံစမ္းစစ္ေဆးေရး တိုးတက္မႈကို ေမးျမန္းခဲ့သည္။


 ရြႊယ္ဇီရြမ္က သူ႕ ကုမၸဏီ၊ စေတာ့ရွယ္ယာ၊ မိသားစုစီးပြားေရးနဲ႔ ခ်ဳပ္ေႏွာင္ခံထားရတဲ့ မိဘေတြကိုေတာင္ ေဘးဖယ္ထားႏိုင္ေပမယ့္ ေရွာင္ရီ အေႀကာင္းေပၚေပါက္သြားေစနုိင္တဲ့ ယာဥ္တိုက္မႈကို ဦးစားေပးကာ ေတာက္ေလွ်ာက္ေစာင့္ ႀကည့္ေနသည္။ သူ ခ်စ္တဲ့ေကာင္ေလးကို လူသတ္သမာမး ဆုိသည့္ နာမည္တပ္ဖို႕မေျပာနဲ႕..သံသယဝင္ဖို႕ အခြင့္ေရးပင္ ရြႊယ္ဇီရြမ္ မေပးနို္င္ေပ။


 ဟုတ္တယ္၊ သူ႔မွာ စံသတ္မွတ္ခ်က္က နွစ္မ်ိဳးျဖစ္သည္။ သူ႔မိဘေတြနဲ႔  ရႊယ္က်င္းရီတို႕ လုပ္ရပ္ကို    ခြင့္မလႊတ္ႏိုင္ေပမ ယ့္ ေရွာင္ရီ လုပ္သမွ် အရာအားလံုးနဲ႔ပတ္သက္တဲ့   သူ သည္းခံ ခြင့္လႊတ္ ံႏိုင္တယ္။

တခ်ိဳ႕က  ေရွာင္ရီရဲ႕လုပ္ရပ္က အဆိုးဆုံးအျပစ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ ရြႊယ္ဇီရြမ္ ကေတာ့ သူ႔မွာ အျပစ္မရွိဘူးဆိုတာ သိတယ္။ ဟူတုန္းသာ ဟြမ္ရီတုိ႕ မိဘကို ကားနဲ႕ တိုက္မသတ္ခဲ့ရင္  ရြယ္မိသားစုလည္း ေပၚမလာနိုင္ေပ။ ဒါဆုိရင္ ဟြမ္ရီတုိ႕ မိသားစုေလးက  ဆင္းရဲေပမယ့္ ေႏြးေထြးလုံၿခဳံၿပီး သက္ေတာင့္သက္သာရွိတဲ့ ဘဝမွာ ေနရလိမ့္မည္။ သူ႕ကေလးေလးက  သူ႔မိဘေတြနဲ႔ ေပ်ာ္႐ႊင္စြာ ေနထိုင္ေနပါေသးတယ္။ သူက ရႊယ္မိသားစုသို႔  ေခၚေဆာင္ျခင္းခံရတာက ေကာင္းကင္ဘုံကို တင္ေပးခံရတာ မဟုတ္ပဲ  ငရဲသို႔ေရာက္ခဲ့ရတာ ျဖစ္သည္။


ရြႊယ္ဇီရြမ္ သည္ မည္းေမွာင္ေသာ မ်က္ႏွာျဖင့္ ယာဥ္ထိန္းရဲဌာနထဲသို႔ ျဖတ္ေက်ာ္လာေသာအခါ အမႈကို ကိုင္တြယ္ေနေသာ ယာဥ္ထိန္းရဲက သူ႔ကို စာနာစိတ္ျဖင့္ ၾကည့္ကာ ေျပာခဲ့သည္။


"ဟြမ္ရီက အိမ္ကထြက္ေျပးသြားတာ လို႕ ကြ်န္ေတာ္ ၾကားလိုက္ရတာလား။ မင္းမိဘေတြနဲ႔ ညီမက သူ႔ကို သတ္ေတာ့မယ္ဆိုတာ သိသြားလို႔လား။ "

ရြႊယ္ဇီရြမ္ ၏ မ်က္ႏွာမွာ ဘာမွ ထုတ္ေဖာ္မျပဘဲ ေျဖလိုက္သည္။


"အင္း"

ယာဥ္ထိန္းရဲက သူ႔ရဲ႕စိတ္ပ်က္စရာအေျခအေနကို ေတာ္ေတာ္ေလး စာနာ နားလည္ေပးခဲ့တယ္၊ ဥပေဒေၾကာင္းအရ အေၾကာင္းျပခ်က္နဲ႔ မိသားစုဝင္ေတြကို တိုင္ၾကားဖို႔ ေ႐ြးခ်ယ္တဲ့လူက မမ်ားပါဘူး။ မိသားစုဝင္တစ္ေယာက္က ျပစ္မႈ က်ဴးလြန္ရင္ ေဆြမ်ိဳးေတြက ဖုံးဖိကူညီေပးၾက၊ ဒုကၡေရာက္တဲ့သူေတြကို ဘယ္သူက တရားမွ်တမႈေပးေတာ့ မလဲ။ အထူးသျဖင့္ အဓိကတရားခံ သို႔မဟုတ္ ဟြမ္ရီ ၏ တစ္ဦးတည္းေသာ ေသြးခ်င္းေဆြမ်ိဳး ရႊယ္က်င္းရီသည္ ဟြမ္ရီအေပၚ အရမ္းကို ရက္စက္လြန္းလွသည္။

"ကြၽန္ေတာ္ ေမးခ်င္တာက ဘယ္ေတာ့ ကားကို ျပန္ယူလို႕ ရမွာလဲ"

ရြႊယ္ဇီရြမ္က ႀကိဳးစားၿပီးေျပာလိုက္တယ္။

"ဒီေလာက္ထိ ပ်က္စီးသြားတဲ့ ကားကို မင္း ျပန္ လိုခ်င္တာလား။"


ယာဥ္ထိန္းရဲက အနည္းငယ္ အံ့ၾသသြားေသာ္လည္း ကမာၻေပၚတြင္ ကားအစီးေရ ငါးစီးသာ ထုတ္ထားသည့္ စူပါျပိဳင္ကားက ပ်က္စီး ဆုံးရႈံးသြားသည္ကို ေတြးကာ သနားစရာ ေကာင္းလွသျဖင့္ ေျဖႀကားလိုက္သည္။



"မႈခင္းေဆးပညာဌာနက စစ္ေဆးေရးၿပီးေအာင္ ေစာင့္ေနတယ္၊  ျမန္ရင္ တစ္လ ႏွစ္လ၊ ႀကာရင္ ေျခာက္လ ေလာက္ ေစာင့္ရတယ္"

ရြယ္ဇီရြမ္ က ေမးခြန္းေတြ ထပ္မေမးေတာ့ဘဲ အထက္က လူေတြနဲ႕ စကားေျပာဖို႕ပဲလုပ္လိုက္တယ္။ သူက ယာဥ္ထိန္းရဲဌာနက မထြက္ခင္မွာ ေမးခဲ့ေသးသည္။


 "က်ဳိးရင္  ႏိုးၿပီလား"  


"ႏိုးၿပီ၊ ဒီအခ်ိန္မွာ ငါတို႔လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ရဲစခန္းက လူေတြက သူ႔ကို စစ္ေဆးဖို႕ ေစာင့္ေနႀကတယ္။  ဒီေကာင္က အေတာ္မ်ားမ်ားမွာ ပါဝင္ပတ္သတ္ေနခဲ့တာပဲ  "

ယာဥ္ထိန္းရဲအရာရွိက   ေခါင္းညိတ္ကာ က်ိဳး၇င္ကို အထင္ေသးစြာေျပာခဲ့သည္။

"ေဆးခန္းကို သြားေတြ႕လို႔ရမလား"

ရြယ္ဇီရြမ္  က ယဥ္ယဥ္ေက်းေက်း ေမးသည္။

"ေကာင္းၿပီ ။ ကြ်န္ေတာ္နဲ႕ အတူတူသြားရေအာင္။"

သူတို႔ ႏွစ္ေယာက္ ေဆး႐ုံကို ေရာက္ေတာ့ က်ိဳးရင္ဟာ မသန္မစြမ္းအျဖစ္ကေန မေပ်ာက္ကင္းေသးပဲ   လူသတ္မႈနဲ႔ စြဲခ်က္တင္ခံရျပန္ၿပီ ၊


"ကားမေတာ္တဆမႈ မျဖစ္ခင္ ဒီစကားေျပာရမွာျဖစ္ေပမယ့္ ေနာက္က်သြားခဲ့ပါတယ္။  ကြ်န္ေတာ္က ဟြမ္ရီကို ဘာမွ မလုပ္ခဲ့ပါဘူး။ ဒါေႀကာင့္ ဒါက လူသတ္မႈလို႕ ေျပာလို႕မရပါဘူး။ ျပီးေတာ့ ကြ်န္ေတာ္လည္းပဲ သားေကာင္ပါ။ ကြ်န္ေတာ္က ကားကို မခုိးရပါဘူး။ ဒီကားက သူ႕ဖာသာ ထုိင္ခံုခါးပတ္ကို တင္းက်ပ္ေအာင္လုပ္ျပီး ကားက အလိုေလ်ာက္ တရႀကမ္းေမာင္းထြက္သြားခဲ့ပါ ရဲအရာရွိႀကီးရာ.... ကြ်န္ေတာ္  ကားမခိုးဘူး ၊ ကားက လမ္းေပၚမွာ သူ႕ဖာသာ ေ႐ြ႕လ်ားေမာင္းနွင္ေနတယ္ ။  ကားက အလိုလို လီဗာနင္းျပီး တရွိန္ထိုးေမာင္းထြက္သြားတာပါ။ ကားေပၚမွာ တေစၦရွိခဲ့သည္။ အဲ့ဒါက သရဲက ကားေမာင္းေနတာပဲ၊ မင္း ငါ့ကိုယုံပါ"

က်ိဳးရင္က စကားေျပာေလေလ၊ စိတ္ ကသိကေအာက္ျဖစ္ေလေလ၊ အနားတြင္ရပ္ေနေသာ သူနာျပဳဆရာမက သူ႔ကို စိတ္ၿငိမ္ေဆးထိုးေပးလိုက္ရသည္။


 က်ိဳးရင္ စိတ္ ၿငိမ္သက္သြားေစရန္ ေစာင့္ဆိုင္းရန္ ရဲမ်ားကို ေျပာခဲ့သည္။

"တေစၦက ကား ေမာင္းေနတာလား"

ရြယ္ဇီရြမ္ က သံသယဝင္ေနခဲ့သည္။

"ဒီလိုစကားမ်ိဳးကို မင္း ယုံသလား။ ကမာၻေပၚမွာ သရဲတေစၦေတြ ဘယ္မွာရွိလဲ။ တစ္ေယာက္ေယာက္က အဲဒီကားကို အေဝးကေန မထိန္းခ်ဳပ္ထားဘူးဆိုရင္ ဒီလိုျဖစ္ရပ္မ်ိဳး လံုးဝ မျဖစ္နို္င္ဘူး"

 ထို႔ေၾကာင့္ ယာဥ္ထိန္းရဲက သူ႔လက္ကို ေဝွ႔ယမ္းၿပီး ေျပာခဲ့သည္။



"တကယ့္ကို အရူးပဲ.... ကြ်န္ေတာ္ေတာ့ ရူးခ်င္ေတာ့တာပဲ။ အေဝးထိန္းစနစ္နဲ႕  အလိုအေလ်ာက္ ေမာင္းႏွင္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ပါတဲ့ ကားဟာ ငါတို႔ လမ္းေလွ်ာက္တာထက္ ေနွးျပီး တစ္နာရီ မိုင္သုံးဆယ္ေလာက္ပဲ သြားနုိင္တယ္။ ဒါေတာင္ ေဘးကေန ထိန္းခ်ဳပ္သူက ေတာက္ေလွ်ာက္လိုက္ေနရတယ္။ အရမ္းေဝးေဝးကေန ထိန္းခ်ဳပ္လို႕မရေသးဘူး အခု က်ဳိးရင္က တနာရီကို ကိီလို 160 နႈန္းနဲ႕ ျမိဳ႕ကိုပတ္ျပီး 2 နာရီႀကာေအာင္ ေလွ်ာက္ေမာင္းေနခဲ့တယ္။  ကီလိုမီတာ သုံးရာ့ႏွစ္ဆယ္ဝန္းက်င္ႏွင့္ အတားအဆီးအားလုံးကို ေရွာင္ရွားျပီး ေမာင္းခဲ့တယ္။ ဒီလို  ၿပီးျပည့္စုံတဲ့ ထိန္းခ်ဳပ္မႈစနစ္နဲ႕ ေမာ္ေတာ္ကားတည္ေဆာက္မႈ ကို အခုေခတ္မွာ မလုပ္နုိင္ေသးဘူး။ ေနာက္ထပ္ နွစ္ေပါင္း 50၊ 100 ေလာက္ဆိုရင္ ျဖစ္ေကာင္းျဖစ္လာနိုင္ပါတယ္။  "



ရြယ္ဇီရြမ္ က ေခါင္းညိတ္လိုက္ၿပီး ဒီစကားေတြကို ဘာ ထင္ျမင္ခ်က္မွ  မေပးခဲ့ဘူး။ ေဆး႐ုံက ဆင္းလာေတာ့ သက္ဆိုင္ရာ အသိမိတ္ေဆြကို ဖုန္းဆက္ၿပီး ၿပိဳင္ကား စစ္ေဆးမႈ အေျခေန ဘယ္လိုျဖစ္လဲလို႔ ေမးတယ္။

"မင္းျပန္ယူခ်င္တာလား၊ ေကာင္းပါတယ္၊ ငါ့ဝန္ထမ္းေတြကို ျမန္ျမန္လုပ္ခိုင္းလိုက္မယ္၊ ဒါေပမယ့္ ကားက လုံးဝပ်က္စီးေနၿပီး ျပဳျပင္လို႔ မရဘူးလို႔ ေျပာရမယ္"

အဲဒီလူက ကားနဲ႔ ပတ္သက္ၿပီး အသည္းကြဲေနတယ္လို႔ ထင္ရၿပီး သူ႔ေလသံကဘာသံသယမွ  မရွိဘူး။

"ကားနဲ႔ ပတ္သက္ၿပီး ထူးထူးျခားျခား ေတြ႕ရွိေသးလား"

ရြယ္ဇီရြမ္  က ေလးနက္ေသာ အသံျဖင့္ ေျပာသည္။

"ပုံမွန္ မဟုတ္တာ ဘာမွ မေတြ႕ရဘူး၊ က်ဳိးရင္က ကားကို ခိုးျပီး တခုခုလုပ္ဖို႕ မမွီလိုက္ဘူး။  "


တဖက္လူက က်ိဳးရင္ကို ရႊယ္ေလြ႕က ေငြေပးျပီး ကားကို ခ်ိဳ႕ယြင္းေအာင္လုပ္ဖို႕ ခုိင္းေစထားတယ္ဆိုတာကို သတင္းေတြကေန တဆင့္ သိထားခဲ့လို႕ အခုလိုေျဖခဲ့တယ္။


 

"မနက္​ျဖန္​ ဘယ္​အခ်ိန္​ ကား ျပန္ရႏိုင္​မလဲ"

"မင္းက သံတုံး တစ္တုံး လိုခ်င္လို႔လား။"

"အင္း..."

ရြယ္ဇီရြမ္  က စကားမ်ားမ်ား မေျပာခ်င္ေတာ့ဘူး။

"ေကာင္းၿပီ မနက္ျဖန္မနက္  လာယူလိုက္..."

ဖုန္းကို ခ်လိုက္ျပီးေနာက္ ရြယ္ဇီရြမ္ က   အရမ္းပင္ပန္းေနသလို ခံစားရတယ္၊ ေရွာင္ရီက အခု ဘယ္ေရာက္ေနလဲ၊ သူ မေနေကာင္းျဖစ္ေနေသးလား။ ေရွာင္ရီ.... ဘယ္လိုခံစားရလဲ၊ ဒီဘဝမွာ သူ႕ဆီကိုေရာ  ျပန္လာ ပါဦးမလား၊ သူ႔ကို ခြင့္လႊတ္ေပးဦးမွာလား ဆိုတာ ရြယ္ဇီရြမ္  သိခ်င္ေနသည္ ။ .

ဒီေလာက္အထိ မသြားခ်င္ေသာ္လည္း က်န္းမာေသာ လူသားတစ္ေယာက္၏ နွလုံးသားကို တူးထုတ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ သူ႔ကို လာေခၚခဲ့သည့္အေႀကာင္းကို သိရကတည္းက ေရွာင္ရီက ဝမ္းနည္းေနေလာက္ျပီ။



ဒီဘဝတြင္ သူ၏ျပန္လည္ေမြးဖြားျခင္းသည္ ေကာင္းကင္ဘုံက ေပးအပ္သည့္ လက္ေဆာင္တစ္ခုျဖစ္သည္ဟု သူထင္ခဲ့သည္၊ သူသည္ အခ်ိန္မေႏွာင္းေသးဟု ထင္မိေသာ္လည္း တကယ္ေတာ့ ေရွာင္ရီက ရႊယ္က်င္းရီကို ပထမဆုံးအႀကိမ္ေတြ႕ျမင္ခဲ့ျပီးျဖစ္ကတည္းက သူ႕အတြက္ အရာရာကို ျပန္ျပင္ဖို႕ အရမ္း ေနာက္က်သြားခဲ့ၿပီျဖစ္သည္။



ဒါက လက္ေဆာင္ မဟုတ္ပဲ  ျပစ္ဒဏ္တစ္ခုပဲ၊ အရင္ဘဝက အေႂကြးဆပ္ဖို႔ မလုံေလာက္ေသးလို႕လား။  ဒီဘဝက ဘုရားသခင္က သူ႔ကို ေပးၿပီးေတာ့ျပန္ယူသြားခဲ့တယ္။
 



ေရွာင္ရီသည္ ယခုႏွစ္တြင္ မည္သို႔ အသက္ရွင္ကာ လြတ္ေျမာက္ခဲ့သည္ကို ေတြးဆလို႕ပင္ မရခဲ့ေပ။

 သူသည္ အလြန္ထက္ျမက္ၿပီး ရြယ္က်င္းရီ ၏ အေျခအေနကို ရိပ္မိၿပီး အမွန္တရားကို ခ်က္ခ်င္းနီးပါး နားလည္လာကာ ေန႔တိုင္း ေလွာင္အိမ္ထဲတြင္ ပိတ္မိေနၿပီး လူသတ္သမားတစ္စု၏ ဝန္းရံထားတာကို ခံခဲ့ရသည္။ ညတုိင္းညတုိင္း ေရွာင္ရီက အိပ္လို႕ေကာ ေပ်ာ္နုိင္ပါ့မလား။


  ၿပီးေတာ့ သူ႔အမႊာညီမရဲ႕ ဆိုးညစ္တဲ့ အေတြးေတြနဲ႔ ရင္ဆိုင္ဖို႔ ဘယ္လို စိတ္မ်ိဳးနဲ႕ ဆက္လက္ရွင္သန္ေနခဲ့၇တာပါလိမ့္။

 

ေရွာင္ရီက အိပ္ေပ်ာ္သြားတိုင္း ေသးငယ္တဲ့ ေဘာလုံးေလးတစ္လုံးကို ေကြးေနရတာ အံ့ၾသစရာ မဟုတ္ေတာ့ဘူး၊  ေရွာင္ရီက   ေၾကာက္႐ြံ႕မႈေတြ ၊ ေ နဲ႕ ေနထိုင္ခဲ့ရျပီး ေနာက္ဆုံးမွာေတာ့ ဒီလိုျပင္းထန္တဲ့  အမုန္းတရားေတြအျဖစ္ ေပါင္းစည္းသြားတဲ့အတြက္ သူ႔ကိုယ္သူ မခ်စ္ႏိုင္ပါဘူး ။ ထို႔ေၾကာင့္ သူသည္ ေလထဲတြင္ ေပ်ာက္ကြယ္သြားဖို႕ပဲ  ေ႐ြးခ်ယ္ခဲ့သည္.....။

ရြယ္ဇီရြမ္ က ဆက္မေတြးနုိင္ေတာ့ပဲ  စတီယာရင္ဘီးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ၿပီး နာက်င္စြာ  ေအာ္ဟစ္လိုက္မိေတာ့သည္ ။

********-***********



Continue Reading

You'll Also Like

906K 48.1K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
147K 22K 36
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras Here, I will upload the extra stories from t...
1M 42.2K 54
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 172K 149
BL