သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

655K 84.6K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၁၂၀ (ဆုလာဘ်)

3.4K 455 12
By CharmZoey

[Zawgyi]

အပိုင္း ၁၂၀ (ဆုလာဘ္)

ယြီဟိုင္က စိတ္ထဲရွိတဲ့အတိုင္းေျပာဖို႔ ႏႈတ္မ႐ြံ႕တတ္တဲ့ သူ႔သမီးက အတင့္ရဲတဲ့ ေတာင္းဆိုမႈေတြ လုပ္မွာကို စိုးရိမ္တာေၾကာင့္ လ်င္ျမန္စြာ ဝင္ေျပာလိုက္တယ္။

ကြၽန္ေတာ့္သမီးရဲ႕ စြမ္းရည္ေတြက ဘာမွမေျပာပေလာက္ပါဘူး ကံေကာင္းလို႔သာ အရွင့္ကို ေက်နပ္ေစခဲ့တာပါ ကြၽန္ေတာ္တို႔ အရွင့္ရဲ႕ဆုလာဘ္ကို လက္မခံဝံ့ပါဘူး!

ဧကရာဇ္ေဟာင္းက သူ႔ရဲ႕ရွည္လ်ားတဲ့ မုတ္ဆိတ္ျဖဴေတြကိုသပ္ရင္း ေ႐ႊစိတ္ေတာ္ အင္မတန္ ၾကည္လင္ေနတယ္။ သူ ေရွာင္ေခ်ာင္းကို ၾကည့္တဲ့အမူအရာက ဝံပုေလြတစ္ေကာင္ သူ႔ရဲ႕သားေကာင္ကို ေတြ႕ရင္ ျဖစ္တတ္တဲ့ ေပ်ာ္႐ႊင္မႈလိုမ်ိဳးပင္

ဒီအဘိုးႀကီးရဲ႕စကားက ကတိပဲ၊ ငါက ဆုေပးခ်င္တယ္ဆိုရင္ ေပးကိုေပးရမွ! မိန္းကေလး မင္းအလိုရွိတာကိုေျပာပါ ဒီလူႀကီးမလုပ္ႏိုင္တာ ဘာမွမရွိပါဘူး!!

ထိုလူႀကီးက ႐ႊတ္ေနာက္ေနာက္ ျပဳမူေနျပန္တာမို႔ ယြီေရွာင္ေခ်ာင္းက ၿပီးခဲ့တဲ့ဆက္ဆံမႈကို ေမ့ေလ်ာ့သြားၿပီး ႐ုတ္တရက္ ဝံ့ရဲလာေတာ့တယ္။ သူမက ႏႈတ္ခမ္းအနည္းငယ္ဆူၿပီး ေျပာလိုက္တယ္။

ပၪၥမအရွင္ ဒါကေတာ့ နည္းနည္း ႂကြားဝါလြန္းသြားပါၿပီ!

ဧကရာဇ္ေဟာင္းက ေတာ္ဝင္သက္ေတာ္ေစာင့္မႉးရဲ႕ေဒါသကို အၾကည့္တစ္ခ်က္နဲ႔ တားျမစ္လိုက္တယ္။ ထို႔ေနာက္ သူ႔မ်က္ႏွာမွာ ေဖာ္ေ႐ြတဲ့အၿပဳံးမပ်က္ဘဲ ေမးလိုက္တယ္။

မိန္းကေလး ငါက ဘယ္လိုႂကြားဝါေျပာဆိုတယ္ဆိုတာ အတိအက်ရွင္းျပပါအုံး

ယြီေရွာင္ေခ်ာင္းက ပၪၥမအရွင္ဆီကေန စိတ္ဆိုးတဲ့အရိပ္ေယာင္မ်ိဳး မေတြ႕ရတာေၾကာင့္ သူမအေဖကို စိတ္ခ်ပါဆိုတဲ့ အၾကည့္တစ္ခ်က္ေပးလိုက္ၿပီး အျပစ္ကင္းတဲ့ အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္။

ပၪၥမအရွင္ ေစာေစာတုန္းက ကြၽန္မအလိုရွိတာမွန္သမွ် ေပးမယ္လို႔ ေျပာခဲ့တယ္မလား တကယ္လို႔ ကြၽန္မက အသုံးမက်တဲ့ အုပ္ခ်ဳပ္သူနဲ႔ ပုဂၢိဳလ္ျမတ္ေတြကို ဆြဲခ်ႏိုင္မယ့္၊ ခြၽင္းခ်က္မရွိ သတ္ပစ္ႏိုင္မယ့္ ေတာ္ဝင္ဓားကိုေတာင္းရင္ေရာ ေပးႏိုင္ပါ့မလား? ဒါမွမဟုတ္ ေသမိန႔္ကသုံးခါ ကင္းလႊတ္ေစတဲ့ ေ႐ႊတံဆိပ္ျပားကိုေတာင္းရင္ေရာ ေပးႏိုင္ပါ့မလား? အကယ္၍ ဧကရာဇ္ကို ကိုယ္စားျပဳတဲ့ ေက်ာက္စိမ္းျပားကို ေတာင္းဆိုရင္ေရာ ေပးႏိုင္ပါ့မလား?

ေရွာင္ေခ်ာင္း!! ေလွ်ာက္မေနာက္ရဘူးေလ!!

ယြီဟိုင္က သူ႔သမီးရဲ႕စိန္ေခၚတဲ့ စကားေတြေၾကာင့္ ေနရာမွာတင္ ေမ့လဲခ်င္လာေတာ့တယ္။

ဒါေပမယ့္ ဧကရာဇ္ေဟာင္းကေတာ့ ဘာမွစိတ္မရွိပုံနဲ႔ သူ႔လက္ကို ပုံမွန္အတိုင္းျဖန႔္လိုက္ရင္း ေျပာတယ္။

ကေလးေတြရဲ႕စကားက ဘာထိခိုက္စရာမွ မရွိပါဘူး! မိန္းကေလး မင္းဝတၳဳေတြအမ်ားႀကီး ဖတ္သလား၊ ငါတို႔ရဲ႕ ႀကီးျမတ္တဲ့မင္မင္းဆက္မွာ ခြင့္ျပဳခ်က္မလိုဘဲ သတ္လို႔ရတဲ့ ေတာ္ဝင္ဓားနဲ႔ ေသမိန႔္က လႊတ္ေစတဲ့ ေ႐ႊေရာင္တံဆိပ္ေတြ တကယ္ရွိလို႔လား၊ ရွိရင္ ေသခ်ာေပါက္ မင္းကိုေပးမွာေပါ့!!

ယြီေရွာင္ေခ်ာင္းက ယြီဟိုင္ရဲ႕ေအာက္ႏႈတ္ခမ္းေတြ ေၾကာက္႐ြံ႕မႈေၾကာင့္ ျဖဴေရာ္လာတာကို သတိထားမိတာေၾကာင့္ သူ႔ရဲ႕အူေၾကာင္ေၾကာင္ စြန႔္စားမႈေတြနဲ႔ သူ႔အေဖကို ႏွလုံးေရာဂါရေအာင္ လုပ္ေနတာကို ရပ္တန႔္လိုက္ေတာ့တယ္။ သူမက ရွက္႐ြံ႕တဲ့အၿပဳံးေလး ၿပဳံးလိုက္ၿပီး

ဟုတ္ကဲ့! ဝတၳဳေတြထဲက ဇာတ္လိုက္ေတြအားလုံး ဒီလိုပဲေျပာၾကတယ္မလား၊ ၾကည့္ရတာ စာအုပ္ေတြအားလုံးက အလိမ္အညာေတြပဲ ထင္ပါတယ္!

သူတို႔က ေသခ်ာေပါက္ လူေတြကိုလွည့္စားဖို႔ ႀကိဳးစားေနတာေတာ့ မဟုတ္ပါဘူး၊ အတည္ျပဳမထားတဲ့ သမိုင္းစာေတြမွာဆိုရင္ သခင္မႀကီးရွီမွာ စြမ္းေဆာင္ရည္မရွိတဲ့ အုပ္ခ်ဳပ္သူ ဒါမွမဟုတ္ မေျဖာင့္မတ္တဲ့ အမႈထမ္းေတြကို ဆြဲခ်ႏိုင္တဲ့ နဂါးစစ္သည္တစ္ေကာင္ရွိတယ္တဲ့! အမ္း, အမ္း! အဲ့ဒါက အုပ္ခ်ဳပ္သူကို ေျပာင္းလဲပစ္ႏိုင္တယ္ ဟင္းမ္

[သခင္မႀကီးရွီ () - စုန႔္မင္းဆက္က တိုင္းျပည္ကိုကာကြယ္ဖို႔ အရာရာစြန႔္စားခဲ့တဲ့ သစၥာရွိၿပီး ရဲစြမ္းသတၱိနဲ႔ျပည့္စုံတဲ့ ယန္းမ်ိဳးႏြယ္စုရဲ႕ သခင္မႀကီး၊ မိသားစုထဲက အမ်ိဳးသားေတြအားလုံးနီးပါး အသတ္ခံရၿပီးေနာက္ သူမက ယန္းမိသားစုရဲ႕ အမ်ိဳးသမီးေတြကို ဦးေဆာင္ၿပီး တိုင္းျပည္အတြက္ တိုက္ပြဲဝင္ခဲ့တယ္]

ဧကရာဇ္ေဟာင္းက သူ႔အေတြးနဲ႔သူ ႏွစ္ေျမာသြားၿပီး စိတ္ထဲမွာ ခြဲျခမ္းၾကည့္ေနတယ္။

အိမ္က ငေပတူးေကာင္စုတ္ေလးကို ထိန္းခ်ဳပ္ႏိုင္မယ့္ပစၥည္း ထြင္ၾကည့္ရေကာင္းမလား ဟမ္?

တိုင္းတရားသူႀကီးဝူက တစ္ခုခုကို သတိျပဳမိသြားၿပီး သတိႀကီးစြာနဲ႔ ေျပာလိုက္တယ္။

ပၪၥမအရွင္! အတည္ျပဳမထားတဲ့ သမိုင္းေၾကာင္းေတြက ယုံတမ္းစကားေတြပဲ ျဖစ္ေနမွာေပါ့၊ ဒါေၾကာင့္ ဒီပုံျပင္ေတြက မွန္ကန္မႈရွိမွာမဟုတ္ဘူး... ၿပီးေတာ့ အမႈထမ္းတစ္ေယာက္က အသုံးမက်တဲ့အုပ္ခ်ဳပ္သူနဲ႔ မမွန္ကန္တဲ့ မင္းမႈထမ္းေတြကို ျဖဳတ္ခ်ႏိုင္တဲ့အစြမ္း ရွိခဲ့တာက စုန႔္မင္းဆက္က ဧကရာဇ္က သူ႔သားေတာ္ေတြရဲ႕ စ႐ိုက္ကို ေသခ်ာသိလို႔ပဲ မဟုတ္လား၊ ဒါ့ေၾကာင့္ သူတို႔ကို ႀကီးၾကပ္မယ့္ ေရွ႕ေဆာင္မႈေပးမယ့္ အမႈထမ္းေတြ လိုအပ္ခဲ့တာပါ၊ လက္ရွိဧကရာဇ္က ဉာဏ္ပညာရွိတယ္၊ အေျမာ္အျမင္ႀကီးတယ္၊ အႏုပညာေတြအားလုံးကိုလည္း ႏွံ႔စပ္ပါတယ္၊ လိုအပ္တာထက္ပိုၿပီး လုပ္ဖို႔ လိုပါေသးရဲ႕လား

တရားသူႀကီးရဲ႕ေျမႇာက္ပင့္မႈက ခ်က္ေကာင္းကိုထိသြားတယ္! ဧကရာဇ္ေဟာင္းႀကီးက သူ႔ရဲ႕စကားေတြကို အေတာ္ေက်နပ္သြားတယ္။ အဲ့ဒီ ငေပတူးေကာင္စုတ္ေလးက နန္းတက္ဖို႔ ဆႏၵမရွိခဲ့ေပမယ့္ အုပ္ခ်ဳပ္သူတစ္ေယာက္အေနနဲ႔ သူကအရင္ကထက္ အမ်ားႀကီး ပိုေကာင္းလာတယ္။ လူေတြအားလုံးက သူ႔ကို ျမင္းစီးသူရဲေကာင္းလို႔တင္စားၾကၿပီး တိုင္းျပည္ကို အုပ္စိုးဖို႔သာ သင့္ေတာ္တယ္လို႔ ေျပာဆိုၾကတယ္။ အိမ္က ငေပတူးေကာင္စုတ္ေလးက သူ႔ကိုယ္ပိုင္ ျပႆနာေတြ ေတာင္လိုပုံေနေပမယ့္ တိုင္းျပည္ကိုအုပ္ခ်ဳပ္ရာမွာ အရင္ကထက္ ပိုကြၽမ္းက်င္လာၿပီ!

ေကာင္းၿပီ အေရးမပါတဲ့အရာေတြ ေျပာေနလို႔ဘာမွမထူးဘူး! မိန္းကေလး မင္းဒီဆုကို တကယ္လိုခ်င္လား မလိုခ်င္ဘူးလား

ဝက္ေခါင္းႏွပ္ရဲ႕ အရသာနဲ႔အနံ႔တို႔ကို ေသခ်ာျပန္လည္ စဥ္းစားရင္း ဧကရာဇ္ေဟာင္းရဲ႕မ်က္လုံးေတြက ေ႐ြ႕လ်ားေနတယ္။

တိုင္းတရားသူႀကီးဝူနဲ႔ ေတာ္ဝင္သက္ေတာ္ေစာင့္မႉးရဲ႕ စူးရွတဲ့အၾကည့္ေတြေအာက္မွာ ယြီေရွာင္ေခ်ာင္း ေပါ့ပ်က္ပ်က္မလုပ္ရဲေတာ့ဘဲ နာခံစြာ ေျဖလိုက္ေတာ့တယ္။

ပၪၥမအရွင္ ေပးခ်င္တဲ့ဆုကိုသာေပးပါ၊ ကြၽန္မက ေၾကးမမ်ားတတ္ပါဘူး!!

ဟားဟား! ေၾကးမမ်ားတတ္ဘူးၾကားရတာ ဝမ္းသာပါတယ္!!

ဧကရာဇ္ေဟာင္းက သေဘာတက်ေအာ္ရီၿပီး ေျပာတယ္။

မင္းရဲ႕စ႐ိုက္က ဒီအဘိုးႀကီးနဲ႔ကိုက္တာပဲ၊ ဒီလိုလုပ္ မင္းကို ငါ့ရဲ႕ေျမးအျဖစ္ ေမြးစားရင္ေရာ?

လုံးဝ မျဖစ္ႏိုင္ပါဘူး!

ပၪၥမအရွင္ ေသခ်ာအရင္စဥ္းစားပါအုံး

တိုင္းတရားသူႀကီးဝူ၊ အထိန္းေတာ္နဲ႔ ကိုယ္ရံေတာ္မႉး အားလုံးတို႔ရဲ႕ တားျမစ္သံေတြ တစ္ခ်ိန္တည္းမွာပဲ သံၿပိဳင္ ထြက္လာၾကတယ္။

ဒါဘယ္လိုေတာင္ မဆီေလ်ာ္မႈႀကီးလဲ! တကယ္လို႔ ဧကရာဇ္ေဟာင္းက ေျမးအျဖစ္ေမြးစားမယ္ဆိုရင္ ဒီမိန္းကေလးရႏိုင္မယ့္ အနိမ့္ဆုံးအဆင့္က ေတာ္ဝင္မင္းသမီးဂုဏ္ပုဒ္ပဲ။ ေက်းလက္ေဒသမွာ ေမြးဖြားတဲ့ မိန္းမငယ္ေလးတစ္ေယာက္က ဧကရာဇ္ေဟာင္းႏွစ္သက္တဲ့ ဟင္းလ်ာႏွစ္ခုကို ဖန္တီးႏိုင္ခဲ့႐ုံေလးနဲ႔ ကြာျခားအလွမ္းေဝးလွတဲ့ အဆင့္အတန္းက်င့္ဝတ္ေတြကို ေျခတစ္လွမ္းတည္းနဲ႔ ျဖတ္ေက်ာ္ဖို႔ဆိုတာ ဒါက လုံးဝနားလည္ၾကည့္လို႔ မရတဲ့အရာပဲ! ဒီအေၾကာင္းသာ ထြက္လာရင္ ျပည္သူေတြက ေတာ္ဝင္မိသားစုကို ေဝဖန္မႈေတြ မျပဳလုပ္ႏိုင္ဘူးလား

ယြီေရွာင္ေခ်ာင္းက ပၪၥမအရွင္ရဲ႕ ပုံစံအမွန္ကို အေတာ္ေလး ခန႔္မွန္းမိေနၿပီး ျဖစ္တာေၾကာင့္ ဘယ္လိုလုပ္ၿပီး သူ႔ရဲ႕ေမြးစားေျမး လုပ္ရဲမွာလဲ။ သူမက လ်င္ျမန္စြာ ျပန္ေျပာလိုက္တယ္။

ပၪၥမအရွင္ ဒီအညတရက ေလွကားေပၚမတက္ဝံ့ပါဘူး! အဲ့ဒီအစား ေငြစအခ်ိဳ႕ကိုပဲ ခ်ီးျမႇင့္ရင္ေရာ၊ ျမင္သာထင္သာရွိတဲ့ အက်ိဳးေက်းဇူးေပါ့ ဟဲဟဲ!

ထိုအခ်ိန္မွာပဲ တတိယသခင္ေလးက်ိဳးက အျပင္ကေန ျပန္ဝင္လာတာေၾကာင့္ ေရွာင္ေခ်ာင္းရဲ႕အရွက္မရွိ ဆုေတာင္းေနတဲ့ပုံစံကို အမိအရ ျမင္လိုက္ရတယ္။ အဲ့တာက အေတာ္ေလးရီစရာေကာင္းေပမယ့္ သူမရဲ႕ထိုပုံစံက အလြန္ခ်စ္စရာေကာင္းတယ္လို႔လည္း သူထင္မိတယ္။

ဧကရာဇ္ေဟာင္းက သူ ေျမးတစ္ေယာက္ေမြးစားမယ့္ ကိစၥကို ဘာလို႔အားလုံးက ေရးႀကီးခြင္က်ယ္ေတြ လုပ္ေနၾကမွန္း နားမလည္ေတာ့ဘူး။ ဘာလို႔ သူတို႔က ဒါကို မေကာင္းတဲ့အႀကံလို႔ထင္ၾကတာလဲ? အာ! တူညီတဲ့ဒုကၡပဲ! သူဧကရာဇ္ျဖစ္တုန္းက သူစိတ္ေပ်ာ္သလို မသြားႏိုင္ မလာႏိုင္ခဲ့သလို သာယာေအးေဆးတဲ့ ဘဝလည္းမရခဲ့ဘူး။ အခု သူ ဧကရာဇ္မျဖစ္ေတာ့တဲ့ အခ်ိန္မွာလည္း ဘာလို႔ လြတ္လပ္မႈကို မရႏိုင္ေသးတာလဲ!

သူက ေဒါသကိုတစ္ခ်က္ထိန္းလိုက္ၿပီး သူ႔ရဲ႕ဝတ္႐ုံေတာ္ကို ၾကည့္လိုက္တယ္။ ထို႔ေနာက္ ခါးပတ္မွာခ်ိတ္ဆြဲထားတဲ့ အျဖဴေရာင္ေက်ာက္စိမ္းျပားကို ယူလိုက္ၿပီး ေရွာင္ေခ်ာင္းေရွ႕မွာ ျပလိုက္တယ္။

ေရာ့ မင္းအတြက္, ဒါကိုယူၿပီးေတာ့ ႏွစ္သက္သလိုသုံး!

ေက်းဇူးအထူးတင္ပါတယ္ ပၪၥမအရွင္! ဒီအညတရက ဒီေက်ာက္စိမ္းျပားကို ေသခ်ာေပါက္ မိသားစုအေမြခံပစၥည္းအျဖစ္ တန္ဖိုးထားပါ့မယ္ ကြၽန္မတို႔မိသားစုက ဆင္းသက္သူ အမ်ိဳးသားေတြကိုသာ လက္ဆင့္ကမ္းၿပီး အရွင့္ရဲ႕ႀကီးျမတ္မႈကို အႏႈိင္းမဲ့သတိရေနပါ့မယ္!!

ဝိုး! ဝိုး! သူေတာ့ အခ်ီႀကီး ပြတာပဲ! ဒါက ေက်ာက္စိမ္းျဖဴအစစ္ႀကီးဟ! ေခတ္သစ္မွာဆို ဒီလိုေက်ာက္စိမ္းမ်ိဳးက တန္ဖိုးျဖတ္ႏိုင္မွာ မဟုတ္ဘူး!!

ဧကရာဇ္ေဟာင္းက သူမရဲ႕တုန႔္ျပန္မႈေၾကာင့္ ျမဴးထူးသြားၿပီး မူလ မၾကည္သာတဲ့မ်က္ႏွာကေန ၿပဳံး႐ႊင္ဝင္းပသြားတယ္။

မိန္းကေလး, မင္းက အေကာင္းကိုသိတာပဲ! ဒါက စစ္မွန္တဲ့ ေက်ာက္စိမ္းျပားျဖစ္တာေၾကာင့္ မိသားစုအေမြခံပစၥည္းအျဖစ္ထားဖို႔ လုံးဝထိုက္တန္တယ္!! ေကာင္းၿပီ မိန္းကေလး! ဒါနဲ႔ မင္းရဲ႕ဝက္ေခါင္းသားႏွပ္ ျပဳလုပ္ပုံက အျပင္လူေတြကို ေပးလို႔မျဖစ္တဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ားလား

ပၪၥမအရွင္ ဒီအညတရေကာင္မေလးရဲ႕ အသားႏွပ္က အရမ္းမႏုံခ်ာဘူးထင္ရင္ ျပဳလုပ္ပုံကို ဝမ္းေျမာက္ဝမ္းသာ ေပးပါမယ္!

ကမာၻေပၚမွာ ဒီေက်ာက္စိမ္းျဖဴေလာက္ တန္ဖိုးႀကီးတဲ့ ဟင္းခ်က္နည္းရွိပါအုံးမလား! ေျပာၾကတာေတာ့ အဆင့္ျမင့္အရာရွိတစ္ဦးက မင္းရဲ႕ဟင္းခ်က္နည္းကို ႏွစ္သက္ၿပီဆိုရင္ ဖုံးကြယ္ခ်င္တဲ့ဆႏၵ ရွိတတ္တယ္ဆိုတဲ့ အက်ိဳးဆက္ကို ထည့္တြက္ရမယ္တဲ့။

ဒါေပမယ့္ အနာဂတ္မွာ ဒီအညတရမိန္းကေလးက အသားႏွပ္ေရာင္းခြင့္ရွိပါအုံးမလား

ယြီေရွာင္ေခ်ာင္းက သူမရဲ႕ ဆိပ္ကမ္းက စီးပြားေရးေလးကို မစြန႔္လႊတ္ခ်င္ဘူး။ ဆိပ္ကမ္းမွာ အသားႏွပ္ေရာင္းတာကေန ဝင္ေငြအမ်ားႀကီးမရေပမယ့္ သူတို႔မိသားစုရဲ႕ အခက္ခဲဆုံးအခ်ိန္ကို ျဖတ္ေက်ာ္ႏိုင္ဖို႔ေတာ့ ထိုလုပ္ငန္းေလးက အကူအညီျဖစ္ခဲ့တယ္။

ဧကရာဇ္ေဟာင္းက အၿပဳံးေလးနဲ႔ေျပာတယ္။

မင္းရဲ႕အသားႏွပ္ကို ဆက္ေရာင္းေနပါ! ဒီလူႀကီးက အနာဂတ္မွာ မင္းရဲ႕ဟင္းခ်က္နည္းကိုသုံးၿပီး ေငြရွာမွာမဟုတ္ပါဘူး!

ယြီေရွာင္ေခ်ာင္းက စုတ္တံကို ေကာက္ကိုင္လိုက္ၿပီးမွ ေရွးသုံးအကၡရာေတြ မေရးတတ္တာကို သတိရသြားတယ္။ ဒါေပမယ့္ မူလခႏၶာကိုယ္ ပိုင္ရွင္သည္လည္း နဂိုကတည္းက စာမတတ္သူ တစ္ေယာက္ျဖစ္ေနတာေၾကာင့္ သူကံေကာင္းသြားတယ္။ သူမက စာေရးတံကို မက်မနကိုင္ကာ ေျခာက္ကပ္ကပ္ရယ္လိုက္ရင္း တတိယသခင္ေလးက်ိဳးကို အသနားခံစြာ ၾကည့္လိုက္တယ္။

က်ိဳးက်ီ႐ႊီက ဘာစကားမွ ထပ္ေျပာစရာမလိုဘဲ နားလည္သြားၿပီး သူမလက္ထဲက စုတ္တံကို လွမ္းယူလိုက္တယ္။ သူက စုတ္တံကို မင္ထဲႏွစ္လိုက္ၿပီး ေရွာင္ေခ်ာင္းကို ၾကည့္လိုက္တယ္။ ေရွာင္ေခ်ာင္းကလည္း ခ်က္ခ်င္းပဲ ဝက္ေခါင္းႏွပ္အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြနဲ႔ ၫႊန္ၾကားခ်က္ေတြကို ေျပာလိုက္တယ္။ သူမက အခ်က္အလက္အားလုံး မက်န္လပ္ေစေအာင္ ႏႈတ္မွ ေသခ်ာ႐ြတ္ေပးတယ္။ က်ိဳးက်ီ႐ႊီရဲ႕ လက္ေရးလက္သားက အလွႀကီးမဟုတ္ေပမယ့္ အေရးအသား အကၡရာဆြဲခ်က္ေတြကေတာ့ အားပါလွတယ္။ ဤသည္ကိုၾကည့္ျခင္းျဖင့္ သူ႔ရဲ႕အေရးအသားအတြက္ အခ်ိန္ေပးၿပီး ေသခ်ာေလ့က်င့္ခဲ့ရတယ္ဆိုတာ သိသာလွတယ္။

က်ိဳးမိသားစုက သခင္ေလးေတြအားလုံး သုံးႏွစ္အ႐ြယ္ကတည္းက အတန္းတက္ရၿပီး ငါးႏွစ္အ႐ြယ္မွာ အေရးစသင္ရတယ္။ တတိယသခင္ေလးက်ိဳးက ငယ္႐ြယ္ေသးေပမယ့္ ရွစ္ႏွစ္ကိုးႏွစ္နီးပါး အကၡရာ ဆြဲသားခ်က္ေတြကို ေလ့က်င့္ခဲ့ၿပီးၿပီ! သူ႔ရဲ႕အားထုတ္မႈေတြက အခ်ည္းအႏွီး မျဖစ္ခဲ့တာေတာ့ ေသခ်ာေပါက္ပဲ!

ဧကရာဇ္ေဟာင္းက ဝက္ေခါင္းႏွပ္ ခ်က္ျပဳတ္နည္းစာ႐ြက္ကို ရရွိတဲ့အခါ အလြန္ေပ်ာ္႐ႊင္ၿပီး မ်က္လုံးေတြ ေပ်ာက္ကြယ္သြားတဲ့အထိ ၿပဳံးရယ္ေနတယ္။ ထို႔ေနာက္ အထိန္းေတာ္ႀကီးကို ေသခ်ာသိမ္းထားဖို႔ အမိန႔္ေပးလိုက္ၿပီး သူ႔မ်က္လုံးေတြကို ၾကည့္ၿပီးေျပာတယ္။

ငါက ဒီခ်က္ျပဳတ္နည္းကို အလကားယူမွာမဟုတ္ပါဘူး! အထိန္းေတာ္လ်ိဳ လ်န္သုံးရာထုတ္ခဲ့ ဒီေငြနဲ႔ ဒီခ်က္ျပဳတ္နည္းကို ဝယ္မယ္!

ယြီဟိုင္ကေတာ့ ဒီေန႔အဖို႔ သူ႔ရဲ႕ႏွလုံးသားေလးက ၾကမ္းတမ္းတဲ့ သမုဒၵရာႀကီးထဲမွာ ေသးငယ္တဲ့ ေလွတစ္စီးကို စီးေနရသလိုပဲ။ ဒီေန႔တစ္ေန႔လုံး သူ႔လည္ပင္းထဲထိ တက္လာလိုက္ က်သြားလိုက္ ျဖစ္ေနတယ္။ အခ်ိန္မေ႐ြး ဘယ္ေတာ့မ်ား သူတို႔ကို ထာဝရငရဲမွာ စီရင္ခ်က္ ခ်ခံရေတာ့မွာလဲလို႔ ေတြးပူေနရတယ္။ ဒါေပမယ့္ ေနာက္ဆုံးရလဒ္က သူ႔ကို အမွန္အကန္ ေၾကာင္အ, ရပ္တန႔္ သြားေစခဲ့တယ္။

သူ႔ရဲ႕ ဆင္ျခင္တုံတရားကင္းမဲ့တဲ့ သမီးငယ္ေလးက ဘုရားသခင္ရဲ႕ ေစာင့္ေရွာက္မႈနဲ႔ ေကာင္းခ်ီးေတြကို ရရွိထားတာပဲျဖစ္ရမယ္။ အေစာပိုင္းက ေရွာင္ေခ်ာင္းရဲ႕ ပြင့္လင္းထိတ္လန႔္စရာ ေတာင္းဆိုမႈေတြက ဒီလူႀကီးမင္းေတြကို စိတ္အေႏွာက္အယွက္ မျဖစ္ေစတဲ့အျပင္ သူေမွ်ာ္လင့္ထားတာထက္ပိုၿပီး ေက်ာ္လြန္တဲ့ တန္ဖိုးႀကီးတဲ့ ဆုလာဘ္ေတြကို ရရွိခဲ့တယ္။ ဒါ့အျပင္ အသားႏွပ္ျပဳလုပ္နည္းကို ေရာင္းတာကေနလည္း ေငြေတြအမ်ားႀကီး ထပ္ရလိုက္ေသးတယ္။ တကယ္ပဲ ကံၾကမၼာနတ္မင္းႀကီးက သူ႔ရဲ႕အစြမ္းေတြနဲ႔ သူ႔သမီးကို ေျပာင္းလဲေပးလိုက္တာမ်ားလား

သူတို႔ ထိုဂုဏ္သေရရွိဧည့္သည္ေတြကို ျပန္လည္ ပို႔ေဆာင္ၿပီးေနာက္မွာေတာ့ က်ိဳးက်ီ႐ႊီက သူ႔မ်က္ႏွာမွာ ခန႔္မွန္းရခက္တဲ့ အမူအရာတစ္ခုနဲ႔ ယြီေရွာင္ေခ်ာင္းကို စူးစူးစိုက္စိုက္ ေငးၾကည့္ေနတယ္။ သူက အခ်ိန္အၾကာႀကီး ၾကည့္ေနတာေၾကာင့္ ေရွာင္ေခ်ာင္းက သူ႔မ်က္ႏွာမွာ တစ္ခုခု ထူးဆန္းတဲ့အရာ ေပေနတယ္ထင္ၿပီး အက်ႌလက္နဲ႔ေတာင္ ခပ္ၾကမ္းၾကမ္း သုတ္ပစ္လိုက္ေသးတယ္။ ဘာမွ ထြက္မလာတာကိုျမင္မွ သူကနားမလည္စြာနဲ႔ ေမးလိုက္တယ္။

တတိယသခင္ေလး ဘာၾကည့္ေနတာလဲဟင္

ငါမင္းနဲ႔ရင္းႏွီးလာေလ မင္းအေတြးေတြကို နားမလည္ႏိုင္ေလ ျဖစ္လာတယ္လို႔ ခံစားေနရလို႔! တခါတေလ မင္းက ဒီအတိုင္း ဟင္းခ်က္ေတာ္တဲ့ ေဘးအိမ္ကညီမေလး တစ္ေယာက္လိုမ်ိဳး ခံစားခ်က္ေတြေပးတယ္၊ တျခားအခ်ိန္ေတြမွာဆိုရင္ သူမ်ားေတြက ဘာလုပ္ရမွန္းမသိ ျဖစ္ေနတဲ့အခ်ိန္ မင္းကေတာ့ ဘာျပႆနာမွ ရွိပုံမေပၚဘူး! ငါ့ကို အမွန္အတိုင္းေျပာစမ္းပါ မင္းကို မင္းရဲ႕မိသားစုက လမ္းေဘးက ေကာက္ရခဲ့တာမလား၊ မင္းက တကယ္ေတာ့ လူၾကားထဲမွာေပ်ာက္သြားတဲ့ မ်ိဳး႐ိုးျမင့္မိသားစုတစ္ခုက ကေလးမေလး ဟုတ္တယ္မလား?

က်ိဳးက်ီ႐ႊီတစ္ေယာက္ ေခါင္းႀကီးေပါက္ထြက္ေတာ့မလို ခံစားေနရတာေၾကာင့္ သူမေမးဘဲ မေနႏိုင္ေတာ့။

ယြီေရွာင္ေခ်ာင္းရဲ႕ ၾကည္လင္ေတာက္ပတဲ့ မ်က္လုံးေလးေတြ ျပဴးက်ယ္သြားၿပီး သူ႔ကို တခဏ ေငးၾကည့္ေနတယ္။ ၿပီးမွ ဝမ္းပန္းတနည္းပုံစံေလးနဲ႔

ရွင္ကသာ လမ္းေဘးကေန ေကာက္လာတဲ့သူ ျဖစ္မွာ! ကြၽန္မက ယြီမိသားစုရဲ႕သမီးအရင္းပါ မယုံရင္ ဒီမွာ ကြၽန္မအေဖတစ္ေယာက္လုံးရွိတယ္ သူ႔ကိုေမးၾကည့္!

သမီးျဖစ္သူနဲ႔ဆင္တူတဲ့ ယြီဟိုင္ရဲ႕ မ်က္လုံးေတြလည္း ျပဴးက်ယ္ကုန္ၿပီး ဝ႐ုန္းသုန္းကားထေျဖတယ္။

ငါတို႔ေခ်ာင္းအာက ငါနဲ႔သူ႔အေမရဲ႕ အေသြးေရာ အသားေရာ အကုန္ဆက္စပ္တယ္!! ဘာလို႔ သူက လမ္းေဘးကေကာက္လာတဲ့ ကေလးျဖစ္ရမွာလဲ က်ိဳးသခင္ေလးက တကယ္ဟာသလုပ္ရတာ ႀကိဳက္တာပဲ!!

က်ိဳးက်ီ႐ႊီက သူအနည္းငယ္ ႐ိုင္းပ်မိသြားတာကို သတိျပဳမိၿပီး ၿပဳံးလိုက္တယ္။

ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ မစဥ္းစားဘဲေျပာလိုက္မိတာ! ဒီလိုဆိုလည္း ဦးေလးယြီ ဦးေလးတို႔ ယြီမိသားစုက အရင္က ကံအေၾကာင္းမလွခဲ့တဲ့ မ်ိဳး႐ိုးျမင့္မိသားစုတစ္ခုကေန ဆင္းသက္လာတာလို႔ေရာ မထင္ဘူးလား ဒါမွမဟုတ္ ေတာ္ဝင္စားေတာ္ဆက္မ်ိဳး႐ိုးကေပါ့

ယြီဟိုင္က ေခါင္းရမ္းၿပီး အခိုင္အမာဆိုလိုက္တယ္။

ငါတို႔ ယြီမိသားစုရဲ႕ မ်ိဳးဆက္ရွစ္ဆက္လုံးက ဆင္းရဲသား လယ္သမားေတြခ်ည္းပဲ ၿပီးေတာ့ ငါးဖမ္းလုပ္ငန္းကိုပဲ မွီခိုအသက္ေမြးၾကတာ မ်ိဳး႐ိုးျမင့္မိသားစုတစ္ခုနဲ႔ ဆက္စပ္ဖို႔ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ဘူး! ငါတို႔ေခ်ာင္းအာရဲ႕ ဟင္းခ်က္စြမ္းရည္ကေတာ့ သူ႔ပင္ကိုယ္ပါရမီလို႔ပဲ ငါလည္း ေျပာႏိုင္ေတာ့တယ္၊ ဟင္းခ်က္နည္းအမ်ားစုကို သူကိုယ္တိုင္ပဲ အႀကံရလာခဲ့တာ!!

က်ိဳးက်ီ႐ႊီရဲ႕စိတ္ထဲ ယုံရခက္ေနတယ္။ ကိုးႏွစ္ေတာင္မျပည့္ေသးတဲ့ တံငါသည္ကေလးမေလးအတြက္ ကိုယ့္ဗိုက္ကို ဝေအာင္စားႏိုင္တာကပင္ ေတာ္ေတာ္ေကာင္းလွၿပီလို႔ ယူဆႏိုင္တယ္။ ဘယ္လိုလုပ္ၿပီး သူမက ဒီေလာက္ရႈပ္ေထြးတဲ့ ရသာမႈန႔္အခ်ိဳးအဆေတြ ပါဝင္တဲ့ အသားႏွပ္နည္းကို ရလာႏိုင္တာလဲ? ယြီေရွာင္ေခ်ာင္းက တတိယသခင္ေလးက်ိဳး သူမကို မယုံၾကည္ႏိုင္မႈေတြ ျပည့္ေနတဲ့ အကဲခတ္ မ်က္လုံးေတြနဲ႔ ထပ္ၾကည့္ေနျပန္တာကို ျမင္လိုက္တယ္။ ထို႔ေၾကာင့္ သူမကေပါ့ေပါ့ပါးပါး ပခုံးတြန႔္ၿပီး ေျပာလိုက္တယ္။

တကယ္လို႔ အဲ့ဒီဟင္းခ်က္နည္းေတြအားလုံးက ကြၽန္မအိမ္မက္ထဲမွာ ေပၚလာတဲ့အရာေတြလို႔ ေျပာရင္ေရာ ယုံမွာလား

မေမွ်ာ္လင့္ဘဲ က်ိဳးက်ီ႐ႊီက ေခါင္းၿငိမ့္ျပၿပီး ခိုင္မာစြာ ေျပာလာတယ္။

ေသခ်ာတာေပါ့ မင္းကိုယုံတယ္, ဘာလို႔ငါက မင္းကိုမယုံရမွာလဲ

ယြီေရွာင္ေခ်ာင္းက တဒဂၤေၾကာင္အေနၿပီးမွ သူမမ်က္ႏွာမွာ ေတာက္ပတဲ့အၿပဳံးေလး ပြင့္လန္းလာတယ္။

ဒါဆို လိုခ်င္တဲ့အေျဖရၿပီေလ... ၾကည့္ရတာ ေကာင္းကင္ဘုံက အစားအေသာက္နတ္ဘုရား ဒါမွမဟုတ္ ခ်က္ျပဳတ္ေရးရာနတ္ဘုရားက ကြၽန္မ ယြီေရွာင္ေခ်ာင္းရဲ႕ အံ့ဩစရာ ဟင္းခ်က္စြမ္းရည္ကို ေတြ႕သြားတာ ျဖစ္ရမယ္၊ အဲ့ဒါကို သူတို႔က စိတ္ဝင္စားႏွစ္သက္ၿပီးေတာ့ ကြၽန္မအိမ္မက္ေတြထဲမွာ လမ္းျပမႈတခ်ိဳ႕ေပးဖို႔ ဆုံးျဖတ္လိုက္တာပဲေနမယ္!

က်ိဳးက်ီ႐ႊီရဲ႕မ်က္ခုံးေတြ ျမင့္တက္သြားတယ္။ သူ႔စိတ္ထဲမွာေတာ့ ယြီေရွာင္ေခ်ာင္းက ပိုပိုၿပီး ဆန္းၾကယ္လာေတာ့တယ္။

ေကာင္းၿပီ, အလုပ္ကိစၥဘက္ကို ျပန္သြားသင့္ၿပီ

ေရွာင္ေခ်ာင္း က်ိန္ရႈံစားေသာက္ဆိုင္ကလည္း မင္းရဲ႕ဝက္ေခါင္းသားႏွပ္ ျပဳလုပ္နည္းကို ဝယ္ခ်င္တယ္! ေနာက္က်ရင္ မင္းရဲ႕မိသားစုဝင္ေတြကလြဲလို႔ ဘယ္သူ႔ကိုမွ မေျပာေတာ့နဲ႔ေနာ္! ဒီမွာ ငါမင္းကို လ်န္သုံးရာတန္တဲ့ ဘဏ္လက္မွတ္ေပးလိုက္မယ္၊ ဒါေၾကာင့္ မင္းအဲ့ကိစၥကိုေတာ့ ေသခ်ာဂ႐ုစိုက္ေပးပါ!

ကြၽန္မက ဒီဟင္းခ်က္နည္းကို တစ္ခါေရာင္းခဲ့ၿပီးၿပီမို႔ တျခားတစ္ေယာက္ဆီ ေရာင္းဖို႔သင့္ပါ့မလားေနာ္ ကံေကာင္းလို႔ အဲ့ဒီလူႀကီးမင္းက သူကိုယ္တိုင္ သုံးဖို႔အတြက္ပဲဝယ္ၿပီး ကြၽန္မကို သူမ်ားေတြဆီ ထပ္မေရာင္းဖို႔ မတားျမစ္ခဲ့တာ! က်ိဳးသခင္ေလး အသုံးဝင္မယ္ထင္ရင္ ဒီအတိုင္းယူလိုက္ပါ!

ယြီေရွာင္ေခ်ာင္းက မျဖစ္မေန ေငြကိုငမ္းငမ္းတက္ လိုခ်င္ေနတဲ့သူတစ္ေယာက္ေတာ့ မဟုတ္ဘူး။ သူမအျမင္မွာ ေငြဘယ္ေလာက္ရွိတယ္ဆိုတာထက္ အေရးႀကဳံလာရင္ သတၱိရွိရွိ ေရွ႕ကကာကြယ္ေပးမယ့္ သူငယ္ခ်င္းေကာင္းရွိဖို႔က ပိုအေရးႀကီးတယ္။ အခုခ်ိန္မွာေတာ့ တတိသခင္ေလးက်ိဳးက သူငယ္ခ်င္းျဖစ္ဖို႔ အသင့္ေတာ္ဆုံးပဲ!

က်ိဳးသခင္ေလးရဲ႕ ယြီေရွာင္ေခ်ာင္းအေပၚထားတဲ့ ေလးစားမႈက ပိုမိုတိုးပြားလာခဲ့တယ္။ သူ႔အေနနဲ႔ ၾကည့္ရရင္ ယြီမိသားစုမွာအျပတ္လပ္ဆုံးက ေငြေၾကးပဲ။ သူတို႔ရဲ႕ ဆိပ္ကမ္းက စီးပြားေရးက ေကာင္းမြန္ေပမယ့္ ေသးငယ္တယ္လို႔ပဲေျပာရမယ္။ တစ္ေန႔ေရာင္းရေငြက ေၾကးျပားတစ္ရာဝန္းက်င္ပဲ။

လ်န္သုံးရာရဖို႔ဆိုရင္ ဆိပ္ကမ္းမွာ ႏွစ္အနည္းငယ္ခ်ီၿပီး အသားႏွပ္ေရာင္းရလိမ့္မယ္။ အဲ့လိုဆိုရင္ေတာင္ ဒီေလာက္အမ်ားႀကီးရႏိုင္မွာ မဟုတ္ဘူး။ ဒါေပမယ့္ ယြီေရွာင္ေခ်ာင္းကေတာ့ သူေပးတဲ့ လ်န္သုံးရာကို ေၾကးျပားသုံးျပား မွတ္ေနတဲ့အတိုင္းပဲ ဘာမွမျဖစ္သလိုမ်ိဳး ျငင္းပယ္ခဲ့တယ္။ ဒီလို ရက္ေရာၿပီး ေတြးေပးတတ္တဲ့ သူငယ္ခ်င္းမ်ိဳး သူဘယ္မွာ သြားရွာႏိုင္ပါေတာ့မလဲ။

......

[Unicode]

အပိုင်း ၁၂၀ (ဆုလာဘ်)

ယွီဟိုင်က စိတ်ထဲရှိတဲ့အတိုင်းပြောဖို့ နှုတ်မရွံ့တတ်တဲ့ သူ့သမီးက အတင့်ရဲတဲ့ တောင်းဆိုမှုတွေ လုပ်မှာကို စိုးရိမ်တာကြောင့် လျင်မြန်စွာ ဝင်ပြောလိုက်တယ်။

ကျွန်တော့်သမီးရဲ့ စွမ်းရည်တွေက ဘာမှမပြောပလောက်ပါဘူး ကံကောင်းလို့သာ အရှင့်ကို ကျေနပ်စေခဲ့တာပါ ကျွန်တော်တို့ အရှင့်ရဲ့ဆုလာဘ်ကို လက်မခံဝံ့ပါဘူး!

ဧကရာဇ်ဟောင်းက သူ့ရဲ့ရှည်လျားတဲ့ မုတ်ဆိတ်ဖြူတွေကိုသပ်ရင်း ရွှေစိတ်တော် အင်မတန် ကြည်လင်နေတယ်။ သူ ရှောင်ချောင်းကို ကြည့်တဲ့အမူအရာက ဝံပုလွေတစ်ကောင် သူ့ရဲ့သားကောင်ကို တွေ့ရင် ဖြစ်တတ်တဲ့ ပျော်ရွှင်မှုလိုမျိုးပင်

ဒီအဘိုးကြီးရဲ့စကားက ကတိပဲ၊ ငါက ဆုပေးချင်တယ်ဆိုရင် ပေးကိုပေးရမှ! မိန်းကလေး မင်းအလိုရှိတာကိုပြောပါ ဒီလူကြီးမလုပ်နိုင်တာ ဘာမှမရှိပါဘူး!!

ထိုလူကြီးက ရွှတ်နောက်နောက် ပြုမူနေပြန်တာမို့ ယွီရှောင်ချောင်းက ပြီးခဲ့တဲ့ဆက်ဆံမှုကို မေ့လျော့သွားပြီး ရုတ်တရက် ဝံ့ရဲလာတော့တယ်။ သူမက နှုတ်ခမ်းအနည်းငယ်ဆူပြီး ပြောလိုက်တယ်။

ပဉ္စမအရှင် ဒါကတော့ နည်းနည်း ကြွားဝါလွန်းသွားပါပြီ!

ဧကရာဇ်ဟောင်းက တော်ဝင်သက်တော်စောင့်မှူးရဲ့ဒေါသကို အကြည့်တစ်ချက်နဲ့ တားမြစ်လိုက်တယ်။ ထို့နောက် သူ့မျက်နှာမှာ ဖော်ရွေတဲ့အပြုံးမပျက်ဘဲ မေးလိုက်တယ်။

မိန်းကလေး ငါက ဘယ်လိုကြွားဝါပြောဆိုတယ်ဆိုတာ အတိအကျရှင်းပြပါအုံး

ယွီရှောင်ချောင်းက ပဉ္စမအရှင်ဆီကနေ စိတ်ဆိုးတဲ့အရိပ်ယောင်မျိုး မတွေ့ရတာကြောင့် သူမအဖေကို စိတ်ချပါဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်ပြီး အပြစ်ကင်းတဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ်။

ပဉ္စမအရှင် စောစောတုန်းက ကျွန်မအလိုရှိတာမှန်သမျှ ပေးမယ်လို့ ပြောခဲ့တယ်မလား တကယ်လို့ ကျွန်မက အသုံးမကျတဲ့ အုပ်ချုပ်သူနဲ့ ပုဂ္ဂိုလ်မြတ်တွေကို ဆွဲချနိုင်မယ့်၊ ချွင်းချက်မရှိ သတ်ပစ်နိုင်မယ့် တော်ဝင်ဓားကိုတောင်းရင်ရော ပေးနိုင်ပါ့မလား? ဒါမှမဟုတ် သေမိန့်ကသုံးခါ ကင်းလွှတ်စေတဲ့ ရွှေတံဆိပ်ပြားကိုတောင်းရင်ရော ပေးနိုင်ပါ့မလား? အကယ်၍ ဧကရာဇ်ကို ကိုယ်စားပြုတဲ့ ကျောက်စိမ်းပြားကို တောင်းဆိုရင်ရော ပေးနိုင်ပါ့မလား?

ရှောင်ချောင်း!! လျှောက်မနောက်ရဘူးလေ!!

ယွီဟိုင်က သူ့သမီးရဲ့စိန်ခေါ်တဲ့ စကားတွေကြောင့် နေရာမှာတင် မေ့လဲချင်လာတော့တယ်။

ဒါပေမယ့် ဧကရာဇ်ဟောင်းကတော့ ဘာမှစိတ်မရှိပုံနဲ့ သူ့လက်ကို ပုံမှန်အတိုင်းဖြန့်လိုက်ရင်း ပြောတယ်။

ကလေးတွေရဲ့စကားက ဘာထိခိုက်စရာမှ မရှိပါဘူး! မိန်းကလေး မင်းဝတ္ထုတွေအများကြီး ဖတ်သလား၊ ငါတို့ရဲ့ ကြီးမြတ်တဲ့မင်မင်းဆက်မှာ ခွင့်ပြုချက်မလိုဘဲ သတ်လို့ရတဲ့ တော်ဝင်ဓားနဲ့ သေမိန့်က လွှတ်စေတဲ့ ရွှေရောင်တံဆိပ်တွေ တကယ်ရှိလို့လား၊ ရှိရင် သေချာပေါက် မင်းကိုပေးမှာပေါ့!!

ယွီရှောင်ချောင်းက ယွီဟိုင်ရဲ့အောက်နှုတ်ခမ်းတွေ ကြောက်ရွံ့မှုကြောင့် ဖြူရော်လာတာကို သတိထားမိတာကြောင့် သူ့ရဲ့အူကြောင်ကြောင် စွန့်စားမှုတွေနဲ့ သူ့အဖေကို နှလုံးရောဂါရအောင် လုပ်နေတာကို ရပ်တန့်လိုက်တော့တယ်။ သူမက ရှက်ရွံ့တဲ့အပြုံးလေး ပြုံးလိုက်ပြီး

ဟုတ်ကဲ့! ဝတ္ထုတွေထဲက ဇာတ်လိုက်တွေအားလုံး ဒီလိုပဲပြောကြတယ်မလား၊ ကြည့်ရတာ စာအုပ်တွေအားလုံးက အလိမ်အညာတွေပဲ ထင်ပါတယ်!

သူတို့က သေချာပေါက် လူတွေကိုလှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူး၊ အတည်ပြုမထားတဲ့ သမိုင်းစာတွေမှာဆိုရင် သခင်မကြီးရှီမှာ စွမ်းဆောင်ရည်မရှိတဲ့ အုပ်ချုပ်သူ ဒါမှမဟုတ် မဖြောင့်မတ်တဲ့ အမှုထမ်းတွေကို ဆွဲချနိုင်တဲ့ နဂါးစစ်သည်တစ်ကောင်ရှိတယ်တဲ့! အမ်း, အမ်း! အဲ့ဒါက အုပ်ချုပ်သူကို ပြောင်းလဲပစ်နိုင်တယ် ဟင်းမ်

[သခင်မကြီးရှီ () - စုန့်မင်းဆက်က တိုင်းပြည်ကိုကာကွယ်ဖို့ အရာရာစွန့်စားခဲ့တဲ့ သစ္စာရှိပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယန်းမျိုးနွယ်စုရဲ့ သခင်မကြီး၊ မိသားစုထဲက အမျိုးသားတွေအားလုံးနီးပါး အသတ်ခံရပြီးနောက် သူမက ယန်းမိသားစုရဲ့ အမျိုးသမီးတွေကို ဦးဆောင်ပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့တယ်]

ဧကရာဇ်ဟောင်းက သူ့အတွေးနဲ့သူ နှစ်မြောသွားပြီး စိတ်ထဲမှာ ခွဲခြမ်းကြည့်နေတယ်။

အိမ်က ငပေတူးကောင်စုတ်လေးကို ထိန်းချုပ်နိုင်မယ့်ပစ္စည်း ထွင်ကြည့်ရကောင်းမလား ဟမ်?

တိုင်းတရားသူကြီးဝူက တစ်ခုခုကို သတိပြုမိသွားပြီး သတိကြီးစွာနဲ့ ပြောလိုက်တယ်။

ပဉ္စမအရှင်! အတည်ပြုမထားတဲ့ သမိုင်းကြောင်းတွေက ယုံတမ်းစကားတွေပဲ ဖြစ်နေမှာပေါ့၊ ဒါကြောင့် ဒီပုံပြင်တွေက မှန်ကန်မှုရှိမှာမဟုတ်ဘူး... ပြီးတော့ အမှုထမ်းတစ်ယောက်က အသုံးမကျတဲ့အုပ်ချုပ်သူနဲ့ မမှန်ကန်တဲ့ မင်းမှုထမ်းတွေကို ဖြုတ်ချနိုင်တဲ့အစွမ်း ရှိခဲ့တာက စုန့်မင်းဆက်က ဧကရာဇ်က သူ့သားတော်တွေရဲ့ စရိုက်ကို သေချာသိလို့ပဲ မဟုတ်လား၊ ဒါ့ကြောင့် သူတို့ကို ကြီးကြပ်မယ့် ရှေ့ဆောင်မှုပေးမယ့် အမှုထမ်းတွေ လိုအပ်ခဲ့တာပါ၊ လက်ရှိဧကရာဇ်က ဉာဏ်ပညာရှိတယ်၊ အမြော်အမြင်ကြီးတယ်၊ အနုပညာတွေအားလုံးကိုလည်း နှံ့စပ်ပါတယ်၊ လိုအပ်တာထက်ပိုပြီး လုပ်ဖို့ လိုပါသေးရဲ့လား

တရားသူကြီးရဲ့မြှောက်ပင့်မှုက ချက်ကောင်းကိုထိသွားတယ်! ဧကရာဇ်ဟောင်းကြီးက သူ့ရဲ့စကားတွေကို အတော်ကျေနပ်သွားတယ်။ အဲ့ဒီ ငပေတူးကောင်စုတ်လေးက နန်းတက်ဖို့ ဆန္ဒမရှိခဲ့ပေမယ့် အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူကအရင်ကထက် အများကြီး ပိုကောင်းလာတယ်။ လူတွေအားလုံးက သူ့ကို မြင်းစီးသူရဲကောင်းလို့တင်စားကြပြီး တိုင်းပြည်ကို အုပ်စိုးဖို့သာ သင့်တော်တယ်လို့ ပြောဆိုကြတယ်။ အိမ်က ငပေတူးကောင်စုတ်လေးက သူ့ကိုယ်ပိုင် ပြဿနာတွေ တောင်လိုပုံနေပေမယ့် တိုင်းပြည်ကိုအုပ်ချုပ်ရာမှာ အရင်ကထက် ပိုကျွမ်းကျင်လာပြီ!

ကောင်းပြီ အရေးမပါတဲ့အရာတွေ ပြောနေလို့ဘာမှမထူးဘူး! မိန်းကလေး မင်းဒီဆုကို တကယ်လိုချင်လား မလိုချင်ဘူးလား

ဝက်ခေါင်းနှပ်ရဲ့ အရသာနဲ့အနံ့တို့ကို သေချာပြန်လည် စဉ်းစားရင်း ဧကရာဇ်ဟောင်းရဲ့မျက်လုံးတွေက ရွေ့လျားနေတယ်။

တိုင်းတရားသူကြီးဝူနဲ့ တော်ဝင်သက်တော်စောင့်မှူးရဲ့ စူးရှတဲ့အကြည့်တွေအောက်မှာ ယွီရှောင်ချောင်း ပေါ့ပျက်ပျက်မလုပ်ရဲတော့ဘဲ နာခံစွာ ဖြေလိုက်တော့တယ်။

ပဉ္စမအရှင် ပေးချင်တဲ့ဆုကိုသာပေးပါ၊ ကျွန်မက ကြေးမများတတ်ပါဘူး!!

ဟားဟား! ကြေးမများတတ်ဘူးကြားရတာ ဝမ်းသာပါတယ်!!

ဧကရာဇ်ဟောင်းက သဘောတကျအော်ရီပြီး ပြောတယ်။

မင်းရဲ့စရိုက်က ဒီအဘိုးကြီးနဲ့ကိုက်တာပဲ၊ ဒီလိုလုပ် မင်းကို ငါ့ရဲ့မြေးအဖြစ် မွေးစားရင်ရော?

လုံးဝ မဖြစ်နိုင်ပါဘူး!

ပဉ္စမအရှင် သေချာအရင်စဉ်းစားပါအုံး

တိုင်းတရားသူကြီးဝူ၊ အထိန်းတော်နဲ့ ကိုယ်ရံတော်မှူး အားလုံးတို့ရဲ့ တားမြစ်သံတွေ တစ်ချိန်တည်းမှာပဲ သံပြိုင် ထွက်လာကြတယ်။

ဒါဘယ်လိုတောင် မဆီလျော်မှုကြီးလဲ! တကယ်လို့ ဧကရာဇ်ဟောင်းက မြေးအဖြစ်မွေးစားမယ်ဆိုရင် ဒီမိန်းကလေးရနိုင်မယ့် အနိမ့်ဆုံးအဆင့်က တော်ဝင်မင်းသမီးဂုဏ်ပုဒ်ပဲ။ ကျေးလက်ဒေသမှာ မွေးဖွားတဲ့ မိန်းမငယ်လေးတစ်ယောက်က ဧကရာဇ်ဟောင်းနှစ်သက်တဲ့ ဟင်းလျာနှစ်ခုကို ဖန်တီးနိုင်ခဲ့ရုံလေးနဲ့ ကွာခြားအလှမ်းဝေးလှတဲ့ အဆင့်အတန်းကျင့်ဝတ်တွေကို ခြေတစ်လှမ်းတည်းနဲ့ ဖြတ်ကျော်ဖို့ဆိုတာ ဒါက လုံးဝနားလည်ကြည့်လို့ မရတဲ့အရာပဲ! ဒီအကြောင်းသာ ထွက်လာရင် ပြည်သူတွေက တော်ဝင်မိသားစုကို ဝေဖန်မှုတွေ မပြုလုပ်နိုင်ဘူးလား

ယွီရှောင်ချောင်းက ပဉ္စမအရှင်ရဲ့ ပုံစံအမှန်ကို အတော်လေး ခန့်မှန်းမိနေပြီး ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး သူ့ရဲ့မွေးစားမြေး လုပ်ရဲမှာလဲ။ သူမက လျင်မြန်စွာ ပြန်ပြောလိုက်တယ်။

ပဉ္စမအရှင် ဒီအညတရက လှေကားပေါ်မတက်ဝံ့ပါဘူး! အဲ့ဒီအစား ငွေစအချို့ကိုပဲ ချီးမြှင့်ရင်ရော၊ မြင်သာထင်သာရှိတဲ့ အကျိုးကျေးဇူးပေါ့ ဟဲဟဲ!

ထိုအချိန်မှာပဲ တတိယသခင်လေးကျိုးက အပြင်ကနေ ပြန်ဝင်လာတာကြောင့် ရှောင်ချောင်းရဲ့အရှက်မရှိ ဆုတောင်းနေတဲ့ပုံစံကို အမိအရ မြင်လိုက်ရတယ်။ အဲ့တာက အတော်လေးရီစရာကောင်းပေမယ့် သူမရဲ့ထိုပုံစံက အလွန်ချစ်စရာကောင်းတယ်လို့လည်း သူထင်မိတယ်။

ဧကရာဇ်ဟောင်းက သူ မြေးတစ်ယောက်မွေးစားမယ့် ကိစ္စကို ဘာလို့အားလုံးက ရေးကြီးခွင်ကျယ်တွေ လုပ်နေကြမှန်း နားမလည်တော့ဘူး။ ဘာလို့ သူတို့က ဒါကို မကောင်းတဲ့အကြံလို့ထင်ကြတာလဲ? အာ! တူညီတဲ့ဒုက္ခပဲ! သူဧကရာဇ်ဖြစ်တုန်းက သူစိတ်ပျော်သလို မသွားနိုင် မလာနိုင်ခဲ့သလို သာယာအေးဆေးတဲ့ ဘဝလည်းမရခဲ့ဘူး။ အခု သူ ဧကရာဇ်မဖြစ်တော့တဲ့ အချိန်မှာလည်း ဘာလို့ လွတ်လပ်မှုကို မရနိုင်သေးတာလဲ!

သူက ဒေါသကိုတစ်ချက်ထိန်းလိုက်ပြီး သူ့ရဲ့ဝတ်ရုံတော်ကို ကြည့်လိုက်တယ်။ ထို့နောက် ခါးပတ်မှာချိတ်ဆွဲထားတဲ့ အဖြူရောင်ကျောက်စိမ်းပြားကို ယူလိုက်ပြီး ရှောင်ချောင်းရှေ့မှာ ပြလိုက်တယ်။

ရော့ မင်းအတွက်, ဒါကိုယူပြီးတော့ နှစ်သက်သလိုသုံး!

ကျေးဇူးအထူးတင်ပါတယ် ပဉ္စမအရှင်! ဒီအညတရက ဒီကျောက်စိမ်းပြားကို သေချာပေါက် မိသားစုအမွေခံပစ္စည်းအဖြစ် တန်ဖိုးထားပါ့မယ် ကျွန်မတို့မိသားစုက ဆင်းသက်သူ အမျိုးသားတွေကိုသာ လက်ဆင့်ကမ်းပြီး အရှင့်ရဲ့ကြီးမြတ်မှုကို အနှိုင်းမဲ့သတိရနေပါ့မယ်!!

ဝိုး! ဝိုး! သူတော့ အချီကြီး ပွတာပဲ! ဒါက ကျောက်စိမ်းဖြူအစစ်ကြီးဟ! ခေတ်သစ်မှာဆို ဒီလိုကျောက်စိမ်းမျိုးက တန်ဖိုးဖြတ်နိုင်မှာ မဟုတ်ဘူး!!

ဧကရာဇ်ဟောင်းက သူမရဲ့တုန့်ပြန်မှုကြောင့် မြူးထူးသွားပြီး မူလ မကြည်သာတဲ့မျက်နှာကနေ ပြုံးရွှင်ဝင်းပသွားတယ်။

မိန်းကလေး, မင်းက အကောင်းကိုသိတာပဲ! ဒါက စစ်မှန်တဲ့ ကျောက်စိမ်းပြားဖြစ်တာကြောင့် မိသားစုအမွေခံပစ္စည်းအဖြစ်ထားဖို့ လုံးဝထိုက်တန်တယ်!! ကောင်းပြီ မိန်းကလေး! ဒါနဲ့ မင်းရဲ့ဝက်ခေါင်းသားနှပ် ပြုလုပ်ပုံက အပြင်လူတွေကို ပေးလို့မဖြစ်တဲ့ လျှို့ဝှက်ချက်များလား

ပဉ္စမအရှင် ဒီအညတရကောင်မလေးရဲ့ အသားနှပ်က အရမ်းမနုံချာဘူးထင်ရင် ပြုလုပ်ပုံကို ဝမ်းမြောက်ဝမ်းသာ ပေးပါမယ်!

ကမ္ဘာပေါ်မှာ ဒီကျောက်စိမ်းဖြူလောက် တန်ဖိုးကြီးတဲ့ ဟင်းချက်နည်းရှိပါအုံးမလား! ပြောကြတာတော့ အဆင့်မြင့်အရာရှိတစ်ဦးက မင်းရဲ့ဟင်းချက်နည်းကို နှစ်သက်ပြီဆိုရင် ဖုံးကွယ်ချင်တဲ့ဆန္ဒ ရှိတတ်တယ်ဆိုတဲ့ အကျိုးဆက်ကို ထည့်တွက်ရမယ်တဲ့။

ဒါပေမယ့် အနာဂတ်မှာ ဒီအညတရမိန်းကလေးက အသားနှပ်ရောင်းခွင့်ရှိပါအုံးမလား

ယွီရှောင်ချောင်းက သူမရဲ့ ဆိပ်ကမ်းက စီးပွားရေးလေးကို မစွန့်လွှတ်ချင်ဘူး။ ဆိပ်ကမ်းမှာ အသားနှပ်ရောင်းတာကနေ ဝင်ငွေအများကြီးမရပေမယ့် သူတို့မိသားစုရဲ့ အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်နိုင်ဖို့တော့ ထိုလုပ်ငန်းလေးက အကူအညီဖြစ်ခဲ့တယ်။

ဧကရာဇ်ဟောင်းက အပြုံးလေးနဲ့ပြောတယ်။

မင်းရဲ့အသားနှပ်ကို ဆက်ရောင်းနေပါ! ဒီလူကြီးက အနာဂတ်မှာ မင်းရဲ့ဟင်းချက်နည်းကိုသုံးပြီး ငွေရှာမှာမဟုတ်ပါဘူး!

ယွီရှောင်ချောင်းက စုတ်တံကို ကောက်ကိုင်လိုက်ပြီးမှ ရှေးသုံးအက္ခရာတွေ မရေးတတ်တာကို သတိရသွားတယ်။ ဒါပေမယ့် မူလခန္ဓာကိုယ် ပိုင်ရှင်သည်လည်း နဂိုကတည်းက စာမတတ်သူ တစ်ယောက်ဖြစ်နေတာကြောင့် သူကံကောင်းသွားတယ်။ သူမက စာရေးတံကို မကျမနကိုင်ကာ ခြောက်ကပ်ကပ်ရယ်လိုက်ရင်း တတိယသခင်လေးကျိုးကို အသနားခံစွာ ကြည့်လိုက်တယ်။

ကျိုးကျီရွှီက ဘာစကားမှ ထပ်ပြောစရာမလိုဘဲ နားလည်သွားပြီး သူမလက်ထဲက စုတ်တံကို လှမ်းယူလိုက်တယ်။ သူက စုတ်တံကို မင်ထဲနှစ်လိုက်ပြီး ရှောင်ချောင်းကို ကြည့်လိုက်တယ်။ ရှောင်ချောင်းကလည်း ချက်ချင်းပဲ ဝက်ခေါင်းနှပ်အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ ညွှန်ကြားချက်တွေကို ပြောလိုက်တယ်။ သူမက အချက်အလက်အားလုံး မကျန်လပ်စေအောင် နှုတ်မှ သေချာရွတ်ပေးတယ်။ ကျိုးကျီရွှီရဲ့ လက်ရေးလက်သားက အလှကြီးမဟုတ်ပေမယ့် အရေးအသား အက္ခရာဆွဲချက်တွေကတော့ အားပါလှတယ်။ ဤသည်ကိုကြည့်ခြင်းဖြင့် သူ့ရဲ့အရေးအသားအတွက် အချိန်ပေးပြီး သေချာလေ့ကျင့်ခဲ့ရတယ်ဆိုတာ သိသာလှတယ်။

ကျိုးမိသားစုက သခင်လေးတွေအားလုံး သုံးနှစ်အရွယ်ကတည်းက အတန်းတက်ရပြီး ငါးနှစ်အရွယ်မှာ အရေးစသင်ရတယ်။ တတိယသခင်လေးကျိုးက ငယ်ရွယ်သေးပေမယ့် ရှစ်နှစ်ကိုးနှစ်နီးပါး အက္ခရာ ဆွဲသားချက်တွေကို လေ့ကျင့်ခဲ့ပြီးပြီ! သူ့ရဲ့အားထုတ်မှုတွေက အချည်းအနှီး မဖြစ်ခဲ့တာတော့ သေချာပေါက်ပဲ!

ဧကရာဇ်ဟောင်းက ဝက်ခေါင်းနှပ် ချက်ပြုတ်နည်းစာရွက်ကို ရရှိတဲ့အခါ အလွန်ပျော်ရွှင်ပြီး မျက်လုံးတွေ ပျောက်ကွယ်သွားတဲ့အထိ ပြုံးရယ်နေတယ်။ ထို့နောက် အထိန်းတော်ကြီးကို သေချာသိမ်းထားဖို့ အမိန့်ပေးလိုက်ပြီး သူ့မျက်လုံးတွေကို ကြည့်ပြီးပြောတယ်။

ငါက ဒီချက်ပြုတ်နည်းကို အလကားယူမှာမဟုတ်ပါဘူး! အထိန်းတော်လျို လျန်သုံးရာထုတ်ခဲ့ ဒီငွေနဲ့ ဒီချက်ပြုတ်နည်းကို ဝယ်မယ်!

ယွီဟိုင်ကတော့ ဒီနေ့အဖို့ သူ့ရဲ့နှလုံးသားလေးက ကြမ်းတမ်းတဲ့ သမုဒ္ဒရာကြီးထဲမှာ သေးငယ်တဲ့ လှေတစ်စီးကို စီးနေရသလိုပဲ။ ဒီနေ့တစ်နေ့လုံး သူ့လည်ပင်းထဲထိ တက်လာလိုက် ကျသွားလိုက် ဖြစ်နေတယ်။ အချိန်မရွေး ဘယ်တော့များ သူတို့ကို ထာဝရငရဲမှာ စီရင်ချက် ချခံရတော့မှာလဲလို့ တွေးပူနေရတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်က သူ့ကို အမှန်အကန် ကြောင်အ, ရပ်တန့် သွားစေခဲ့တယ်။

သူ့ရဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ သမီးငယ်လေးက ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကောင်းချီးတွေကို ရရှိထားတာပဲဖြစ်ရမယ်။ အစောပိုင်းက ရှောင်ချောင်းရဲ့ ပွင့်လင်းထိတ်လန့်စရာ တောင်းဆိုမှုတွေက ဒီလူကြီးမင်းတွေကို စိတ်အနှောက်အယှက် မဖြစ်စေတဲ့အပြင် သူမျှော်လင့်ထားတာထက်ပိုပြီး ကျော်လွန်တဲ့ တန်ဖိုးကြီးတဲ့ ဆုလာဘ်တွေကို ရရှိခဲ့တယ်။ ဒါ့အပြင် အသားနှပ်ပြုလုပ်နည်းကို ရောင်းတာကနေလည်း ငွေတွေအများကြီး ထပ်ရလိုက်သေးတယ်။ တကယ်ပဲ ကံကြမ္မာနတ်မင်းကြီးက သူ့ရဲ့အစွမ်းတွေနဲ့ သူ့သမီးကို ပြောင်းလဲပေးလိုက်တာများလား

သူတို့ ထိုဂုဏ်သရေရှိဧည့်သည်တွေကို ပြန်လည် ပို့ဆောင်ပြီးနောက်မှာတော့ ကျိုးကျီရွှီက သူ့မျက်နှာမှာ ခန့်မှန်းရခက်တဲ့ အမူအရာတစ်ခုနဲ့ ယွီရှောင်ချောင်းကို စူးစူးစိုက်စိုက် ငေးကြည့်နေတယ်။ သူက အချိန်အကြာကြီး ကြည့်နေတာကြောင့် ရှောင်ချောင်းက သူ့မျက်နှာမှာ တစ်ခုခု ထူးဆန်းတဲ့အရာ ပေနေတယ်ထင်ပြီး အင်္ကျီလက်နဲ့တောင် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သေးတယ်။ ဘာမှ ထွက်မလာတာကိုမြင်မှ သူကနားမလည်စွာနဲ့ မေးလိုက်တယ်။

တတိယသခင်လေး ဘာကြည့်နေတာလဲဟင်

ငါမင်းနဲ့ရင်းနှီးလာလေ မင်းအတွေးတွေကို နားမလည်နိုင်လေ ဖြစ်လာတယ်လို့ ခံစားနေရလို့! တခါတလေ မင်းက ဒီအတိုင်း ဟင်းချက်တော်တဲ့ ဘေးအိမ်ကညီမလေး တစ်ယောက်လိုမျိုး ခံစားချက်တွေပေးတယ်၊ တခြားအချိန်တွေမှာဆိုရင် သူများတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန် မင်းကတော့ ဘာပြဿနာမှ ရှိပုံမပေါ်ဘူး! ငါ့ကို အမှန်အတိုင်းပြောစမ်းပါ မင်းကို မင်းရဲ့မိသားစုက လမ်းဘေးက ကောက်ရခဲ့တာမလား၊ မင်းက တကယ်တော့ လူကြားထဲမှာပျောက်သွားတဲ့ မျိုးရိုးမြင့်မိသားစုတစ်ခုက ကလေးမလေး ဟုတ်တယ်မလား?

ကျိုးကျီရွှီတစ်ယောက် ခေါင်းကြီးပေါက်ထွက်တော့မလို ခံစားနေရတာကြောင့် သူမမေးဘဲ မနေနိုင်တော့။

ယွီရှောင်ချောင်းရဲ့ ကြည်လင်တောက်ပတဲ့ မျက်လုံးလေးတွေ ပြူးကျယ်သွားပြီး သူ့ကို တခဏ ငေးကြည့်နေတယ်။ ပြီးမှ ဝမ်းပန်းတနည်းပုံစံလေးနဲ့

ရှင်ကသာ လမ်းဘေးကနေ ကောက်လာတဲ့သူ ဖြစ်မှာ! ကျွန်မက ယွီမိသားစုရဲ့သမီးအရင်းပါ မယုံရင် ဒီမှာ ကျွန်မအဖေတစ်ယောက်လုံးရှိတယ် သူ့ကိုမေးကြည့်!

သမီးဖြစ်သူနဲ့ဆင်တူတဲ့ ယွီဟိုင်ရဲ့ မျက်လုံးတွေလည်း ပြူးကျယ်ကုန်ပြီး ဝရုန်းသုန်းကားထဖြေတယ်။

ငါတို့ချောင်းအာက ငါနဲ့သူ့အမေရဲ့ အသွေးရော အသားရော အကုန်ဆက်စပ်တယ်!! ဘာလို့ သူက လမ်းဘေးကကောက်လာတဲ့ ကလေးဖြစ်ရမှာလဲ ကျိုးသခင်လေးက တကယ်ဟာသလုပ်ရတာ ကြိုက်တာပဲ!!

ကျိုးကျီရွှီက သူအနည်းငယ် ရိုင်းပျမိသွားတာကို သတိပြုမိပြီး ပြုံးလိုက်တယ်။

တောင်းပန်ပါတယ် ကျွန်တော် မစဉ်းစားဘဲပြောလိုက်မိတာ! ဒီလိုဆိုလည်း ဦးလေးယွီ ဦးလေးတို့ ယွီမိသားစုက အရင်က ကံအကြောင်းမလှခဲ့တဲ့ မျိုးရိုးမြင့်မိသားစုတစ်ခုကနေ ဆင်းသက်လာတာလို့ရော မထင်ဘူးလား ဒါမှမဟုတ် တော်ဝင်စားတော်ဆက်မျိုးရိုးကပေါ့

ယွီဟိုင်က ခေါင်းရမ်းပြီး အခိုင်အမာဆိုလိုက်တယ်။

ငါတို့ ယွီမိသားစုရဲ့ မျိုးဆက်ရှစ်ဆက်လုံးက ဆင်းရဲသား လယ်သမားတွေချည်းပဲ ပြီးတော့ ငါးဖမ်းလုပ်ငန်းကိုပဲ မှီခိုအသက်မွေးကြတာ မျိုးရိုးမြင့်မိသားစုတစ်ခုနဲ့ ဆက်စပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး! ငါတို့ချောင်းအာရဲ့ ဟင်းချက်စွမ်းရည်ကတော့ သူ့ပင်ကိုယ်ပါရမီလို့ပဲ ငါလည်း ပြောနိုင်တော့တယ်၊ ဟင်းချက်နည်းအများစုကို သူကိုယ်တိုင်ပဲ အကြံရလာခဲ့တာ!!

ကျိုးကျီရွှီရဲ့စိတ်ထဲ ယုံရခက်နေတယ်။ ကိုးနှစ်တောင်မပြည့်သေးတဲ့ တံငါသည်ကလေးမလေးအတွက် ကိုယ့်ဗိုက်ကို ဝအောင်စားနိုင်တာကပင် တော်တော်ကောင်းလှပြီလို့ ယူဆနိုင်တယ်။ ဘယ်လိုလုပ်ပြီး သူမက ဒီလောက်ရှုပ်ထွေးတဲ့ ရသာမှုန့်အချိုးအဆတွေ ပါဝင်တဲ့ အသားနှပ်နည်းကို ရလာနိုင်တာလဲ? ယွီရှောင်ချောင်းက တတိယသခင်လေးကျိုး သူမကို မယုံကြည်နိုင်မှုတွေ ပြည့်နေတဲ့ အကဲခတ် မျက်လုံးတွေနဲ့ ထပ်ကြည့်နေပြန်တာကို မြင်လိုက်တယ်။ ထို့ကြောင့် သူမကပေါ့ပေါ့ပါးပါး ပခုံးတွန့်ပြီး ပြောလိုက်တယ်။

တကယ်လို့ အဲ့ဒီဟင်းချက်နည်းတွေအားလုံးက ကျွန်မအိမ်မက်ထဲမှာ ပေါ်လာတဲ့အရာတွေလို့ ပြောရင်ရော ယုံမှာလား

မမျှော်လင့်ဘဲ ကျိုးကျီရွှီက ခေါင်းငြိမ့်ပြပြီး ခိုင်မာစွာ ပြောလာတယ်။

သေချာတာပေါ့ မင်းကိုယုံတယ်, ဘာလို့ငါက မင်းကိုမယုံရမှာလဲ

ယွီရှောင်ချောင်းက တဒင်္ဂကြောင်အနေပြီးမှ သူမမျက်နှာမှာ တောက်ပတဲ့အပြုံးလေး ပွင့်လန်းလာတယ်။

ဒါဆို လိုချင်တဲ့အဖြေရပြီလေ... ကြည့်ရတာ ကောင်းကင်ဘုံက အစားအသောက်နတ်ဘုရား ဒါမှမဟုတ် ချက်ပြုတ်ရေးရာနတ်ဘုရားက ကျွန်မ ယွီရှောင်ချောင်းရဲ့ အံ့ဩစရာ ဟင်းချက်စွမ်းရည်ကို တွေ့သွားတာ ဖြစ်ရမယ်၊ အဲ့ဒါကို သူတို့က စိတ်ဝင်စားနှစ်သက်ပြီးတော့ ကျွန်မအိမ်မက်တွေထဲမှာ လမ်းပြမှုတချို့ပေးဖို့ ဆုံးဖြတ်လိုက်တာပဲနေမယ်!

ကျိုးကျီရွှီရဲ့မျက်ခုံးတွေ မြင့်တက်သွားတယ်။ သူ့စိတ်ထဲမှာတော့ ယွီရှောင်ချောင်းက ပိုပိုပြီး ဆန်းကြယ်လာတော့တယ်။

ကောင်းပြီ, အလုပ်ကိစ္စဘက်ကို ပြန်သွားသင့်ပြီ

ရှောင်ချောင်း ကျိန်ရှုံစားသောက်ဆိုင်ကလည်း မင်းရဲ့ဝက်ခေါင်းသားနှပ် ပြုလုပ်နည်းကို ဝယ်ချင်တယ်! နောက်ကျရင် မင်းရဲ့မိသားစုဝင်တွေကလွဲလို့ ဘယ်သူ့ကိုမှ မပြောတော့နဲ့နော်! ဒီမှာ ငါမင်းကို လျန်သုံးရာတန်တဲ့ ဘဏ်လက်မှတ်ပေးလိုက်မယ်၊ ဒါကြောင့် မင်းအဲ့ကိစ္စကိုတော့ သေချာဂရုစိုက်ပေးပါ!

ကျွန်မက ဒီဟင်းချက်နည်းကို တစ်ခါရောင်းခဲ့ပြီးပြီမို့ တခြားတစ်ယောက်ဆီ ရောင်းဖို့သင့်ပါ့မလားနော် ကံကောင်းလို့ အဲ့ဒီလူကြီးမင်းက သူကိုယ်တိုင် သုံးဖို့အတွက်ပဲဝယ်ပြီး ကျွန်မကို သူများတွေဆီ ထပ်မရောင်းဖို့ မတားမြစ်ခဲ့တာ! ကျိုးသခင်လေး အသုံးဝင်မယ်ထင်ရင် ဒီအတိုင်းယူလိုက်ပါ!

ယွီရှောင်ချောင်းက မဖြစ်မနေ ငွေကိုငမ်းငမ်းတက် လိုချင်နေတဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။ သူမအမြင်မှာ ငွေဘယ်လောက်ရှိတယ်ဆိုတာထက် အရေးကြုံလာရင် သတ္တိရှိရှိ ရှေ့ကကာကွယ်ပေးမယ့် သူငယ်ချင်းကောင်းရှိဖို့က ပိုအရေးကြီးတယ်။ အခုချိန်မှာတော့ တတိသခင်လေးကျိုးက သူငယ်ချင်းဖြစ်ဖို့ အသင့်တော်ဆုံးပဲ!

ကျိုးသခင်လေးရဲ့ ယွီရှောင်ချောင်းအပေါ်ထားတဲ့ လေးစားမှုက ပိုမိုတိုးပွားလာခဲ့တယ်။ သူ့အနေနဲ့ ကြည့်ရရင် ယွီမိသားစုမှာအပြတ်လပ်ဆုံးက ငွေကြေးပဲ။ သူတို့ရဲ့ ဆိပ်ကမ်းက စီးပွားရေးက ကောင်းမွန်ပေမယ့် သေးငယ်တယ်လို့ပဲပြောရမယ်။ တစ်နေ့ရောင်းရငွေက ကြေးပြားတစ်ရာဝန်းကျင်ပဲ။

လျန်သုံးရာရဖို့ဆိုရင် ဆိပ်ကမ်းမှာ နှစ်အနည်းငယ်ချီပြီး အသားနှပ်ရောင်းရလိမ့်မယ်။ အဲ့လိုဆိုရင်တောင် ဒီလောက်အများကြီးရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ယွီရှောင်ချောင်းကတော့ သူပေးတဲ့ လျန်သုံးရာကို ကြေးပြားသုံးပြား မှတ်နေတဲ့အတိုင်းပဲ ဘာမှမဖြစ်သလိုမျိုး ငြင်းပယ်ခဲ့တယ်။ ဒီလို ရက်ရောပြီး တွေးပေးတတ်တဲ့ သူငယ်ချင်းမျိုး သူဘယ်မှာ သွားရှာနိုင်ပါတော့မလဲ။

......

Continue Reading

You'll Also Like

1M 119K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
191K 4.7K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
2.9M 229K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.8M 183K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...