[Zawgyi]
အပိုင္း ၁၁၈ (လူကဲခတ္ျမန္တဲ့လူႀကီးမင္း)
သူတို႔ ေနာက္ေဖးမီးဖိုေခ်ာင္ကေန ထြက္လာၿပီး ဒုတိယထပ္ကို တက္ေတာ့မယ့္အခ်ိန္မွာ က်က်နနဝတ္စားထားတဲ့ လူတစ္အုပ္ ဝင္လာတယ္။ သူတို႔က အဝါေရာင္ခါးပတ္ ပတ္ထားတဲ့ လူႀကီးမင္းတစ္ေယာက္ အနားမွာ ဝိုင္းေနၾကၿပီး ထိုလူအုပ္ဟာလည္း အေပၚထပ္ကို သြားဖို႔ လုပ္ေနၾကတယ္။
အား႐ႊီ! မင္းျပန္ေရာက္ၿပီလား
တိုင္းတရားသူႀကီးဝူရဲ႕သားက က်ိဳးက်ီ႐ႊီကို ႏႈတ္ဆက္လိုက္ရင္း ယြီေရွာင္ေခ်ာင္းကိုပါ ၾကည့္လိုက္တယ္။ ထို႔ေနာက္ မ်က္ေမွာင္ႀကဳံ႕ရင္း တီးတိုးဆိုတယ္
အား႐ႊီ ငါမင္းကို လူရွင္းထားေပးပါလို႔ ႀကိဳမွာခဲ့တယ္မလား? ဘာလို႔ ဒီမွာ အျခားလူေတြ ရွိေနတာလဲ
က်ိဳးက်ီ႐ႊီ ျပန္ေျဖမယ့္အခ်ိန္မွာ ဩဇာအျပည့္နဲ႔ အသံတစ္ခုကို ၾကားလိုက္ရတယ္။
အိုး! ဒါက ေတာင္ေတြကို ေစာင့္ၾကပ္ေပးတဲ့ နတ္ဆိုးေလးမဟုတ္လား? ဘာလဲ? မင္းလည္း ဒီကို စားဖို႔လာတာပဲလား?
ယြီေရွာင္ေခ်ာင္းဟာ ထိုအသံကို ရင္းရင္းႏွီးႏွီးၾကားဖူးသလို ခံစားမိလို႔ လွည့္ၾကည့္လိုက္တယ္။ ဝဖိုင့္ဖိုင့္လူႀကီးမင္းဟာ ဆင္စြယ္ေရာင္ေခါင္းေပါင္းနဲ႔ အညိဳေရာင္ က်င္ခပ္ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး ေက်ာက္စိမ္းစီျခည္ထားတဲ့ ေ႐ႊဝါေရာင္ခါးပတ္ကို ခါးမွာပတ္ထားတယ္။ သူက ဒီမနက္ ၿမိဳ႕ထဲ လာတဲ့အခ်ိန္ ငါနဲ႔ ပင္လယ္ကို ျဖတ္ကူးမယ့္ မေသမ်ိဴး ရွစ္ေယာက္ အေၾကာင္း ေဆြေႏြးခဲ့တဲ့ မုတ္ဆိတ္ျဖဴနဲ႔ အဘိုးႀကီးမလား...
ဒါဆိုရင္ သူက တိုင္းတရားသူႀကီးရဲ႕ အထူးဧည့္သည္ေတာ္ ဆိုတဲ့လူေပါ့! သူမအေနနဲ႔ ထိုအဘိုးႀကီးကို သာမန္ထက္သာတဲ့ အသိုင္းအဝိုင္းႀကီးက ျဖစ္မယ္လို႔ ခန္႔မွန္းထားခဲ့ေပမယ့္လို ဒီလိုႀကီး ၿမိဳ႕ေတာ္က ေတာ္ဝင္မိသားစုကလူတစ္ေယာက္ ျဖစ္လိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့ဘူး! သူမအေနနဲ႔ သူ႔ကို ေတာ္ဝင္မိသားစုကလားလို႔ ေမးရေအာင္လည္း ဟိုက ေ႐ႊဝါေရာင္ခါးပတ္ကို ဝတ္ထားတာ ျမင္လိုက္ကတည္းက တန္းအလိုက္သိေနရေတာ့မွာ မဟုတ္လား။ ေမးလိုက္လို႔ အခန္႔မသင့္ဘဲ ျပႆနာတစ္စုံတစ္ခုလည္း ျဖစ္သြားႏိုင္တယ္ေလ။
တိုင္းတရားသူႀကီးဝူက လူလတ္ပိုင္း အ႐ြယ္ေလာက္ရွိၿပီး ႐ုပ္ရည္မွာ ခံ့ညားသကဲ့သို႔ အက်င့္သီလလည္း ေကာင္းမြန္ေလတယ္။ သို႔ေပသိ ခပ္ႏြမ္းႏြမ္းဝတ္ဆင္ထားတဲ့ ပုတုတုေကာင္မေလး ေရွာင္ေခ်ာင္းကို ေတြ႕ေတာ့ သူ႔အေနနဲ႔ အနည္းငယ္ေတာ့ အံ့ဩသြားပုံ။ သူစိတ္ထဲမွာလည္း ဟိုဟိုဒီဒီ ေတြးေတာေနမိတယ္။
ဘယ္လိုလုပ္ၿပီး ဒီလို ဂုဏ္သိကၡာရွိတဲ့ အၿငိမ္းစားယူထားတဲ့ ဧကရာဇ္ေဟာင္းက ႐ြာသူမေလးနဲ႔ ခင္မင္သြားၾကတာပါလိမ့္?
သို႔ေသာ္ ဧကရာဇ္မင္းနဲ႔ သူ႔အေႁခြအရံေတြ ဒီမနက္ ဝတ္စားထားပုံကို ျပန္ေတြးမိသြားေတာ့ သူေထြျပားေနတာေတြ ရွင္းလင္းသြားတယ္။ ဧကရာဇ္ေဟာင္းက ဆင္းရဲတဲ့အေျခအေနကေနပဲ ႀကီးျပင္းခဲ့ရေတာ့ ဆင္းရဲႏြမ္းပါးတဲ့လူေတြေရာ သာမန္လူတန္းစားေတြနဲ႔ပါ ရင္းရင္းႏွီးႏွီးရွိတယ္ေလ။ အဲ့တာေၾကာင့္ ႐ုပ္ဖ်က္ၿပီး အလည္ထြက္တဲ့အခါ သူငယ္ခ်င္းေတြရလာတတ္ေတာ့ ဒါဟာ သိပ္လည္း အံ့အားသင့္စရာေတာ့မဟုတ္။
အို! အဘိုးက ဒီမနက္ ျမည္းေနာက္ျပန္ စီးသြားတဲ့သူမလား?
ယြီေရွာင္ေခ်ာင္း အံ့ဩစြာနဲ႔ ေမးလိုက္တယ္။
ဧကရာဇ္ေဟာင္းဟာ ရယ္ေမာရင္း ေရွ႕သို႔လွမ္းခဲ့ကာ ေရွာင္ေခ်ာင္းရဲ႕ ႏွစ္လွမ္းအကြာမွာ ရပ္လိုက္တယ္။ သူက ေခါင္းညိမ့္ကာ ဆိုတယ္။
မွန္တယ္! ငါတို႔ေတြ ဒီမနက္ဘဲ ခြဲခြါခဲ့တာ ခု ထပ္ေတြ႕ၾကျပန္ၿပီပဲ; ကံမကုန္ေသးလို႔ ျပန္ဆုံၾကတယ္ ထင္ပါရဲ႕
သူက ေဘးပတ္ပတ္လည္ကို သူ႔ရဲ႕ မ်က္လုံးျပဴးႀကီးနဲ႔ စစ္ေဆးလိုက္ရင္း သေဘာမေတြ႕စြာနဲ႔
တိုင္းတရားသူႀကီးဝူ... မင္း ၫႊန္းတဲ့ ဒီဆိုင္က ေကာင္းမယ့္ပုံမေပၚဘူးထင္ပါရဲ႕! ေန႔လယ္စာစားခ်ိန္ေတာင္ ေရာက္ေနၿပီ... ခုထိ ငါတို႔နဲ႔ ကေလးမေလးကလြဲလို႔ ဘယ္သူမွမရွိဘူး... ၾကည့္ရတာ ဒီက အစားအေသာက္က သိပ္မေကာင္းဘူးထင္တယ္! ဆိုင္ေျပာင္းၾကမလား?
တတိယသခင္ေလးက်ိဳးနဲ႔ ယြီေရွာင္ေခ်ာင္းတို႔ မ်က္လုံးခ်င္းဆိုင္ၾကည့္ရင္း စိတ္ထဲကေန ထပ္တူက်တဲ့ စကားကို ေျပာလို႔ေနတယ္။
တိုင္းတရားသူႀကီးမင္းက တစ္ဆိုင္လုံးအျပတ္ငွါးထားပါတယ္ဆို ဘယ္လိုလုပ္ၿပီး လူက ရွိေနမွာတုန္း
တိုင္းတရားသူႀကီးမင္းဝူလည္း သူ႔ကို ဧည့္ခံဖို႔ တစ္ဆိုင္လုံးငွါးရမ္းထားေၾကာင္း မေျပာျပႏိုင္ခဲ့ဘူး။ ဘာလို႔ဆို ဧကရာဇ္ေဟာင္းဟာ ႐ုပ္ဖ်က္ၿပီး လွည့္လည္ေနတဲ့အခါေတြမွာ ေရေပၚဆီလူတန္းစားေတြလို ႀကီးႀကီးက်ယ္က်ယ္ပုံစံမ်ိဳးေတြကို မလိုလားဘူးေလ။ ဒါေၾကာင့္လည္း တရားသူႀကီးမင္းဝူအေနနဲ႔ ေျပာစရာစကားမရွိ ျဖစ္ေနတာေပါ့။
အခ်ိန္ကိုက္ပဲ ယြီေရွာင္ေခ်ာင္းဟာ က်ိန္ရႈံစားေသာက္ဆိုင္ဘက္ကေန ကူေျပာေပးခဲ့တယ္။
အဘိုးရယ္ ဒီဆိုင္က အစားအေသာက္က အရမ္းအရသာရွိတာ... စားၾကည့္ကာမွ သိလိမ့္မယ္!
ဧကရာဇ္ေဟာင္းရဲ႕ ေတာ္ဝင္ မင္းမႈထမ္းအေႁခြအရံေတြဟာ ေရွာင္ေခ်ာင္းရဲ႕စကားကို စိတ္ထဲမွာ သေရာ္လို႔ေနတယ္
မင္းက ဘာမွလည္း သိပုံမရတဲ့ မႏူးမနပ္ကေလးမေလးပဲ! မင္းေျပာတာက ယုံခ်င္စရာေကာင္းတဲ့ပုံ ေပါက္ေနတယ္မ်ား ထင္ေနတာလား? ကိုယ့္ဟာကိုယ္အသာေနတာမွ ေကာင္းဦးမယ္
ဧကရာဇ္ေဟာင္းက စိတ္ေကာင္းဝင္ေနတဲ့အခ်ိန္မို႔ ကေလးမေလးကို စေနာက္စကားဆိုတယ္။
အိုး... ဒါဆိုရင္ ဒီက စားေကာင္းတဲ့အစားအစာေတြကို ေျပာျပပါဦး!
ယြီေရွာင္းဟာ ေတြေဝမေနဘဲ ဟင္းအမည္ေတြကို လက္တန္း႐ြတ္လိုက္တယ္။
ေ႐ြးစရာေတြက အေတာ္မ်ားတာမို႔ ေသခ်ာ နားေထာင္ေနာ္ သိုးသားေပါင္း၊ ဝက္ဝံလက္ေပါင္း၊ ဒရယ္ၿမီးေပါင္း၊ ဘဲကင္၊ ၾကက္ကင္၊ ငန္းကင္၊ ဆားနယ္ဘဲသားႏွပ္၊ အရသာႏွပ္ၾကက္ေၾကာ္၊ ဝက္သားေျခာက္၊ ေဆးဘဲဥ၊ ဝက္ဗိုက္သားမီးကင္၊ ဝက္သားေျခာက္ေၾကာ္၊ ဝက္အူေခ်ာင္း၊ အသားအေရာေၾကာ္၊ ၾကက္သားမီးကင္၊ ဝက္ဝမ္းတြင္းသားျပဳတ္၊ ဝက္သားေပါင္း၊ ေကာက္ညင္းဆန္သြပ္ ဘဲသားေပါင္း၊ ေျမအိုးရစ္ငွက္ေပါင္း၊ ငုံးသားခ်က္၊ အသားအေရာႏွပ္၊ ဘဲႏွပ္၊ ပုစြန္ဆိတ္ခ်က္၊ ပုစြန္ထုပ္ခ်က္၊ ပုစြန္ေၾကာ္...
သူမဟာ လက္ေခ်ာင္းကို တစ္ေခ်ာင္းၿပီး တစ္ေခ်ာင္းခ်ိဳးရင္း လွ်ာခလုတ္တိုက္ေစတဲ့ စကားစုေတြကို တစ္ထိုင္ထဲမွာပဲ တစ္ခုၿပီးတစ္ခု မထစ္ဘဲ ႐ြတ္ျပေနခဲ့တယ္။ တတိယသခင္ေလးက်ိဳးလည္း သူ႔ရဲ႕ စားေသာက္ဆိုင္မွာ ဒီေလာက္မ်ားတဲ့ ဟင္းပြဲေတြရွိမွန္း မသိရေလေတာ့ မ်က္လုံးမ်ားျပဴး၍ ေနေလတယ္။
ငါ ဘာလို႔မ်ား မသိခဲ့တာပါလိမ့္!
အို ဘုရားသခင္! မင္းက စကား ကြၽမ္းက်မ္းက်င္က်င္ ေျပာတတ္တဲ့သူပါလား! ၾကည့္ရတာ ဟင္းနာမည္ စကားစု ေတြကို ေသခ်ာေလ့က်င့္ထားပုံပဲ! ကေလးမေလးက ဒီစားေသာက္ဆိုင္က အကူလား?
ဧကရာဇ္ေဟာင္းဟာ ရင္းႏွီေနတဲ့ စကားစုကို ၾကားလိုက္ရတာေၾကာင့္ အလိုလို ဝမ္းသာေနေပမယ့္ လူမသိေအာင္ တည္တည္တံ့တံ့သာ ဟန္ေဆာင္၍ေနခဲ့တယ္။ သူ႔အေနနဲ႔ ဒီကမာၻ၌ ဝိညာဥ္ကူးေျပာင္းလာသူဟာ သူနဲ႔ သူ႔မိသားစုက အ႐ူးေကာင္တစ္ေယာက္ပဲ ရွိတာလို႔ ထင္ခဲ့တာ!
{ဟင္းနာမည္ စကားစု () - တ႐ုတ္စကားမွာ အေျခခံတက္ေျမာက္ဖို႔ ဟင္းနာမည္ေတြကို စီထားတဲ့ လွ်ာခလုတ္တိုက္ေစတဲ့ စကားစုရွည္ (tongue- twister)}
စိတ္ေအးေအးထား ငါ စိတ္ေအးေအးထားရမယ္... အမွားအယြင္းမရွိေအာင္ ေနမွျဖစ္မယ္... ငါဘယ္သူလဲဆိုတာ ဘယ္သူ႔ကိုမွ ျပလို႔မရဘူး မဟုတ္ရင္ ဒီ လ်င္တဲ့ကေလးမေလး လန္႔ၿပီး ထြက္ေျပးသြားလိမ့္မယ္!
သို႔ေသာ္ ယြီေရွာင္ေခ်ာင္းဟာ သူ႔စကားေၾကာင့္ လန္႔ဖ်က္ေနၿပီပင္။
သူက ငါ စကားစုကို ႐ြတ္ျပေနမွန္း ဘယ္လိုလုပ္သိတာလဲ ဟင္းနာမည္ စကားစု? မဟုတ္မွ... ငါ့ေရွ႕က အဘိုးအိုကလည္း ငါ့လို ဝိညာဥ္ကူးလာတာပဲလား ခ်ီးပဲ ေလာကႀကီးက ဘာေတြျဖစ္ေနတာလဲ? ဘဝႀကီးကလည္း ဟာကြက္ေတြမ်ားလြန္းလို႔ ဆန္ခါေတာင္ လုပ္လို႔ရေတာ့မယ္ ထင္တယ္... စိတ္ေအးေအးထား! ငါ စိတ္ေအးေအးထားရမယ္... အဲ့လူက ဝိညာဥ္ကူးကူး မကူးကူး ငါ့ကို ဘယ္သူမွ မရိပ္မိေအာင္ ေနရမယ္!
သူမဟာ မႏူးမနပ္ပုံစံနဲ႔ ျဖဴစင္တဲ့အၿပဳံး ၿပဳံးျပရင္း
အဘိုး... ဘာဟင္းေတြရွိလဲဆိုတာ ေမးေတာ့ သမီးကလည္း ခုေလးတင္ ဆိုင္ကဟင္းေတြကို ႐ြတ္ျပခဲ့တယ္ေနာ္! အဲ့တာဆို ခု ႐ြတ္ျပသြားတဲ့ ဟင္းေတြထဲက ဘာမ်ားစားခ်င္တာရွိလဲ?
ဒီကေလးမ ဟန္ေဆာင္ေနတာၾကည့္စမ္း! က်ပ္က်ပ္ဟန္ေဆာင္ထား!
ဧကရာဇ္ေဟာင္းဟာ သူ႔စိတ္ထဲမွာေတာ့ သူမကို ဉာဏ္နီဉာဏ္နက္မ်ားတဲ့ ကေလးမေလးလို႔ ဆဲဆိုေနခဲ့ေပမယ့္ ထုတ္ေတာ့ မေျပာခဲ့ဘူးေပါ့။ ဒါေၾကာင့္ သူလည္း ေရလိုက္ငါးလိုက္နဲ႔ပဲ သူမကို ျပန္ေျပာခဲ့တယ္
ေကာင္းၿပီ... ေစာေစာက မင္းေျပာသြားတဲ့ ဟင္းနာမည္ေတြက ေတာ္ေတာ္ေလးကို မ်ားတာပဲ... ဒီက လူအိုႀကီးက မွတ္ညဏ္မေကာင္းေတာ့ အကုန္လုံးကို လိုက္မမွတ္ႏိုင္ဘူး... ဆိုေတာ့! ဒီစားေသာက္ဆိုင္ရဲ႕ အေကာင္းဆုံးဆိုတဲ့ ဟင္းေတြကို လာခ်ေပးရင္ေရာ!
တတိယသခင္ေလးက်ိဳးက ဆိုင္တာဝန္ခံအား အမိန္႔ေပးလိုက္တယ္။
ဒီစားေသာက္ဆိုင္က ေကာင္းေပ့ဟင္းေတြအကုန္ လာခ်လိုက္ၾက! ကြၽန္ေတာ္တို႔အေနနဲ႔ ဒီက လူႀကီးလူေကာင္းက လိုအပ္တာရွိရင္လည္း အႀကံေပးဖို႔ ေမွ်ာ္လင့္ပါတယ္!
မိန္းကေလးငယ္! ဒီမွာဆက္ေနၿပီး ဟင္းပြဲေတြကို တစ္ခါတည္း မိတ္ဆက္ေပးလိုက္ပါလား!
ဧကရာဇ္ေဟာင္းက ယုန္ျဖဴေလးကို ဝါးၿမိဳေတာ့မယ့္ မီးခိုးေရာင္ ေျမေခြးႀကီးတစ္ေကာင္လို ၿဖီးျပေနခဲ့တယ္။
ယြီေရွာင္ေခ်ာင္းဟာ သူ႔ရဲ႕ ႏွာထိပ္ကေလးကို ပြတ္သပ္ရင္း ေတာင္းပန္ေလတယ္။
ေတာင္းပန္ပါတယ္... သမီးက ဒီဆိုင္ရဲ႕ အကူမဟုတ္ေတာ့
မိန္းကေလးငယ္... ခုေလးတင္ စားခ်င္စဖြယ္ ဟင္းနာမည္ေတြနဲ႔ ဒီက လူအိုႀကီးကို သြားရည္က်ေအာင္ လုပ္ခဲ့ၿပီးေတာ့ ခုမွ လြယ္လြယ္နဲ႔ စကားကို ျပန္႐ုတ္သိမ္းသြားရလား ငါဆိုတဲ့ ပၪၥမအရွင္ကို အ႐ူးလုပ္ေနတာလား?
အၿငိမ္းစား ဧကရာဇ္ေဟာင္းဟာ အထူးေလ့က်င့္ထားတဲ့ က်ပန္းမ်က္ႏွာထားစြမ္းရည္ကို လုပ္ျပေတာ့တယ္။ ခ်က္ခ်င္းပဲ ေဖာ္ေ႐ြၿပီး ကေလးဆန္တဲ့ပုံစံကေန ဩဇာေညာင္းၿပီး အထက္စီးဆန္တဲ့ အထက္လူႀကီး တစ္ေယာက္ပုံစံကို ေျပာင္းသြားခဲ့တယ္။ ဒါေၾကာင့္ သူ႔အနီးအနားကလူေတြဟာလည္း သူ႔ကို ရွိန္လြန္းေနၿပီး ေဇာေခြၽးေတြ ျပန္လို႔ေနတယ္။
ယြီေရွာင္ေခ်ာင္းရဲ႕ စိတ္ထဲမွာေတာ့ တုန္လႈပ္သြားၿပီး ေတာ္ဝင္မိသားစုရဲ႕ အမိန္႔ဆိုတာ လြန္ဆန္လို႔ မရမွန္း သတိရမိတယ္။ သူမဟာ ေတာ္ဝင္အႏြယ္ေတြနဲ႔ အထက္တန္းလႊာကလူေတြရဲ႕ စိတ္ဟာ ခန္႔မွန္းရခက္တယ္ဆိုတာကို သေဘာေပါက္ခဲ့တယ္။ ခုေန ရယ္ေနေပမယ့္ ခဏေနရင္ လူတစ္ဦးရဲ႕ အသက္ကို ႏႈတ္ယူပစ္တာမ်ိဳးေပါ့။ ႐ုတ္ခ်ည္းပဲ သူမရဲ႕မ်က္ႏွာဟာ ျဖဴဖတ္ျဖဴေရာ္နဲ႔ မ်က္လုံးကေလးမ်ားဟာလည္း နီရဲလို႔ေနတယ္။
က်ိဳးက်ီ႐ႊီဟာ သူမအတြက္ အသနားခံေပးဖို႔ ဧကရာဇ္ေဟာင္းကို ေျပာလိုက္တယ္
ပၪၥမအရွင္ သနားေသာအားျဖင့္ ေရွာင္ေခ်ာင္းက ခုမွ ကေလးပဲ ရွိေသးတာဆိုေတာ့ သူ႔ကို လႊတ္ေပးလိုက္ပါေနာ္! ေရွာင္ေခ်ာင္းအေနနဲ႔ ဧကရာဇ္ကို ပ်က္ရယ္ျပဳဖို႔နဲ႔ မ႐ိုမေသလုပ္ဖို႔ မရည္႐ြယ္ဘူးဆိုတာကို ကြၽန္ေတာ့္ ဂုဏ္သိကၡာနဲ႔ရင္းၿပီး က်ိန္ဆိုရဲပါတယ္
ဟဟ... မင္းက က်ိဳးမိသားစုရဲ႕ တတိယသားမလား? မင္းက ခံစားလြယ္ၿပီး မင္းရဲ႕ အႀကီးဆုံးဦးေလးထက္ေတာ့ သာတာပဲ!
ဧကရာဇ္ေဟာင္းဟာ သူ႔ရဲ႕ တင္းမာတဲ့ မ်က္ႏွာထားကို သုံးမိနစ္ထက္ေတာ့ ပိုမတင္းထားႏိုင္။ ခဏၾကာေလေတာ့ ျပန္၍ ၿပဳံး႐ႊင္လို႔လာတယ္။ သူ ေရွာင္ေခ်ာင္းကို ညႇင္သာစြာနဲ႔
ကေလးငယ္ေလး! မင္းေတာ္ေတာ္ေလး ထိတ္လန္႔သြားမယ္ထင္တယ္! ဒါကို ေနာက္ေနာင္အတြက္ မင္း သင္ခန္းစာယူထားရမယ္ေနာ္... တခ်ိဳ႕လူေတြေရွ႕မွာေတာ့ လူတစ္ေယာက္ဟာ ဘယ္လိုအမွားမ်ိဳးမွ မျပဳလုပ္မိေအာင္ ဆင္ျခင္ရမယ္!
ယြီေရွာင္ေခ်ာင္းရဲ႕ ေလးကန္ေနတဲ့ စိတ္လည္း ခုမွပဲ သက္သာသြာရဟန္။ သို႔ေသာ္ သူမစိတ္ထဲမွာေတာ့ အေတာ္ေလး ဝမ္းနည္းလို႔ ေနတယ္။ စိတ္ထဲဝယ္
ဘယ္ေခတ္ေရာက္ေရာက္ ငါ့လို အရပ္သားသာသာလူက ဘယ္ေတာ့မွ လြတ္လပ္ၿပီး ေပ်ာ္႐ႊင္တဲ့ဘဝမ်ိဳး ခံစားရမွာ မဟုတ္ဘူး... ေနရာတိုင္းမွာေတာ့ ေရေပၚဆီအသိုင္းအဝိုင္း (အခြင့္ထူးခံ) ဆိုတာ ရွိေနတာပဲ...
မိန္းကေလးငယ္က မ်က္ရည္ဝိုင္းေနတာေၾကာင့္ ဧကရာဇ္ေဟာင္းဟာ သူမေခါင္းကို အသာအယာ ပုတ္လိုက္မိေတာ့တယ္။ သူ႔ရဲ႕ အသံဟာလည္း ပိုလို႔ပင္ ႏူးညံ့လို႔ေနကာ
ေအ! မင္းက ငိုေတာင္ငိုေတာ့မွာကိုး! ၾကည့္ရတာ မင္းက လြယ္လြယ္နဲ႔ လန္႔တတ္တဲ့ ကေလးငယ္ေလး ပါပဲလား! က်ိဳးေရွာင္စန္း... ဒီကေလးမေလးအတြက္ပါ အရသာရွိတာေတြ ခ်ေပးလိုက္ပါဦး... ၿပီးရင္ေတာ့ ငါရွင္းမယ့္ထဲပဲ ေပါင္းထည့္လိုက္! ကဲ...ဆံပင္ကိုလည္း သပ္ေပးလိုက္ၿပီးၿပီဆိုေတာ့ မေၾကာက္နဲ႔ေတာ့ေနာ္...
(က်ိဳးေရွာင္စန္း - စန္း = သုံး, က်ိဳးမိသားစုရဲ႕ တတိယေျမာက္သားျဖစ္ေသာေၾကာင့္)
တိုင္းတရားသူႀကီးမင္းဝူနဲ႔ သူ႔သားဟာ အေျပာင္းအလဲျမန္တဲ့ ဧကရာဇ္ေဟာင္းရဲ႕ သေဘာထားေၾကာင့္ အံ့အားသင့္သြားခဲ့တယ္။ ဧကရာဇ္ေဟာင္းဟာ ပုံမွန္ဆိုရင္ေတာ့ ေဖာ္ေဖာ္ေ႐ြေ႐ြရွိေပမယ့္လို႔ သူ တစ္ခ်က္ အာဏာျပတာနဲ႔ ကေလးမေလးမေျပာနဲ႔ တိုင္းတရားသူႀကီးမင္းဝူကိုယ္တိုင္ေတာင္ ေသးထြက္မတတ္ကို ေၾကာက္ရတယ္။ ကေလးမေလးအေနနဲ႔ ဒီလိုႀကဳံတာေတာင္ မငိုမိဘူးဆိုေတာ့ အေတာ္ရဲရင့္တယ္လို႔ ဆိုရမယ္!
ခဏခ်င္းဆိုသလို သူ႔ရဲ႕ မူလ ေဖာ္ေဖာ္ေ႐ြေ႐ြပုံစံသို႔ ျပန္ေျပာင္းသြားခဲ့တယ္။ သူဟာ ကေလးမေလးရဲ႕ ေခါင္းကို ၾကင္ၾကင္နာနာေထြးပိုက္ၿပီး ေခ်ာ့ျမဴေနရွာတယ္။ ေတာ္ဝင္ဂုဏ္ပုဒ္ေတြ ခံမေနဘဲ ဆိုရမယ္ဆိုလွ်င္ သူနဲ႔ကေလးမေလးဟာ အဘိုးနဲ႔ ေျမးအ႐ြယ္လို႔ေတာင္ ေျပာလို႔ရတယ္။
ယြီေရွာင္ေခ်ာင္းဟာ မ်က္ရည္မက်ေအာင္ထိန္းရင္း ၿပဳံးျပဖို႔ ႀကိဳးစားလိုက္တယ္။
အဘိုးရဲ႕ ခုဏပုံစံက အေတာ္ေလးေၾကာက္ဖို႔ေကာင္းတာပဲ... သမီးရဲ႕ အဘိုး ေဒါသထြက္တာထက္ေတာင္ ပိုေၾကာက္ဖို႔ေကာင္းေသးတယ္... အဘိုးရဲ႕အခ်ိန္ကို ထပ္မဆြဲေတာ့ပါဘူး ေရွာင္ေခ်ာင္း ခုပဲ ထြက္သြားလိုက္ပါေတာ့မယ္!
သူေျပာလိုက္ရင္း ဒူးကေလးၫႊတ္၍ အ႐ိုအေသေပးကာ ေနာက္သို႔ ဆုတ္သြားလိုက္တယ္။ ထို႔ေနာက္ သူမဟာ ေျမေခြးတစ္ေကာင္ လိုက္ခံရသည့္အလား ေနာက္ေဖးၿခံထဲသို႔ ထြက္သြားခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ စိတ္သက္သာရရသြားလို႔ သက္ျပင္းရွည္ႀကီးတစ္ခ်က္ ခ်၍သာ ေနေလေတာ့တယ္။
ေတာ္ပါေသးတယ္...ခုဏက ေတာ္ေတာ္ကို ေၾကာက္စရာေကာင္းတာပဲ! ေနာက္ေနာင္ဆိုရင္ေတာ့ ငါ အိမ္မွာပဲ ေအးေဆးေနၿပီး ဩဇာရွိအသိုင္းအဝိုင္းကလူေတြနဲ႔ မပတ္သက္မိေအာင္ေနမွ!
က်ိဳးက်ီ႐ႊီဟာ အထူးဧည့္သည္ေတာ္ကို ကိုယ္တိုင္ ဧည့္ခံဖို႔ရာ က်န္ေနခဲ့တယ္။ ဆိုင္တာဝန္ခံက ဧည့္သည္ေတာ္ေတြကို သီးသန္႔အခန္းမွာ ေနရာခ်ေပးၿပီးတဲ့အခါမွာေတာ့ မီးဖိုေဆာင္က ဟင္းပြဲေတြကို တည္ခင္းေစတယ္။ သူဟာ ၿခံလယ္က အေၾကာက္မေျပေသးရွာတဲ့ ေရွာင္ေခ်ာင္းကိုေတြ႕ေတာ့ သူမေခါင္းေလးကို တစ္ခ်က္ အသာအယာပုတ္လိုက္ကာ
မင္းေနာ္ မင္း! စကားေျပာတာေတြ သတိထားေနာ္! ေနာက္တစ္ခါ အမွားမခံသင့္တဲ့သူေရွ႕မွာ ထပ္မွားသြားရင္ေတာ့ မင္းကို ဘယ္သူမွ ကယ္ႏိုင္ေတာ့မွာ မဟုတ္ဘူး!
ဆိုင္တာဝန္ခံဟာ ယြီဟိုင္ထက္ အသက္အနည္းငယ္ ႀကီးတယ္။ သူဟာ ဒီက ေတာ္ၿပီး ထက္ျမက္တဲ့ ကေလးမေလးကို အေတာ္ေလး ႏွစ္သက္ၿပီး သူမကိုလည္း မိသားစုအရင္းအခ်ာတစ္ေယာက္လို ဆက္ဆံေလတယ္။ ခုဏက ကိစၥျဖစ္သြားတဲ့အခ်ိန္ သူ႔ခမ်ာ ကေလးမေလးအတြက္ ေဇာေခြၽးေတြျပန္ၿပီး စိုးရိမ္ေနလိုက္ရတာ။ ေတာ္ေသးတယ္... အႀကီးအကဲမင္းက ဇီဇာ ေၾကာင္ၿပီး လက္စားေခ်တတ္သူ မဟုတ္ေပလို႔သာေပါ့။ မဟုတ္ရင္ ကေလးမေလးမိသားစုပါ ကေလးမေလးနဲ႔အတူ အျပစ္ေပးခံရမွာ။
ယြီေရွာင္ေခ်ာင္းဟာ နာနာခံခံနဲ႔ ေခါင္းေလးၿငိမ့္လိုက္ရင္း အသံတိုးတိုးေလးနဲ႔ ေမးလိုက္တယ္
ဒီအခ်ိန္သမီး အေပၚထပ္တက္သြားရင္ သူတို႔နဲ႔မ်ား တိုးေနမလား?
မတိုးပါဘူး... ဧည့္သည္ေတာ္ေတြကို ေနရာခ်ၿပီးသြားၿပီ အေပၚထပ္ကို အျမန္ ျပန္တက္သြားလိုက္... မင္းအေဖက ေစာင့္ေနတာၾကာရင္ စိုးရိမ္ေနဦးမယ္!
ဆိုင္တာဝန္ခံဟာ ေျဖၾကားၿပီးတဲ့အခါမွာေတာ့ မီးဖိုေဆာင္ထဲကို ျပန္ဝင္သြားတယ္။
ယြီေရွာင္ေခ်ာင္းဟာ ေၾကာင္အုပ္မွာစိုးတဲ့ ႂကြက္ကေလးတစ္ေကာင္လို ဒုတိယအထပ္ကို ကုပ္ကုပ္ကေလး တက္သြားလိုက္တယ္။ ဒါေပမယ့္ တံခါးကိုဖြင့္ၿပီး ထြက္လာတဲ့ တိုင္းတရားသူႀကီးဝူရဲ႕သားေၾကာင့္ သူမခမ်ာ အလန္႔တၾကား ျဖစ္သြားတယ္။
သူခိုးလို ဟိုေခ်ာင္းဒီေခ်ာင္းနဲ႔ ဘာေတြလုပ္ေနတာလဲ?
သခင္ေလးဝူဟာ အခ်က္အျပဳတ္ေကာင္းတဲ့ ထိုမိန္းကေလးကို ေတာ္ေတာ္ေလး သေဘာက်မိတယ္။ အရင္တစ္ေခါက္က အစားအေသာက္ေခ်းမ်ားတဲ့ ယြမ္ယြင္ရွီးလိုလူေတာင္ မိန္းကေလးငယ္လုပ္တဲ့ ငါးဟင္းရည္ကို ႏွစ္ပန္းကန္ေတာင္ ကုန္တယ္ေလ။ ေစာေစာက သခင္ေလးက်ိဳး သူမအတြက္ အသနားမခံေပးခဲ့ရင္ေတာင္ သူက သူမအတြက္ ထေျပာေပးခဲ့မွာပဲ။
ယြီေရွာင္ေခ်ာင္းဟာ ရွက္ကိုးရွက္ကန္းျဖစ္လာရင္း သူမရဲ႕ေနာက္ေစ့ေလးကို ပြတ္ေနခဲ့တယ္။ သူမဟာ သခင္ေလးဝူေနာက္က ပိတ္ထားတဲ့တံခါးကို သတိတရွိနဲ႔ ၾကည့္လိုက္တယ္။ ေရွာင္ေခ်ာင္းဟာ သူမလက္ညိဳးကို ပါးစပ္ေရွ႕မွာထားရင္း အသံတိတ္ေပးဖို႔ အခ်က္ျပကာ သူမသြားမယ့္ သီးသန္႔အခန္းကို ၫႊန္ျပလိုက္တယ္။ ထို႔ေနာက္ သူမဟာ သခင္ေလးဝူကို လက္ယမ္းျပရင္း သူမသြားရမယ့္အခန္းဆီသို႔ ဝပ္ကာသြားလိုက္တယ္။ အခန္းေရွ႕လည္းေရာက္ေရာ သူမ အခန္းတံခါးကိုဖြင့္ၿပီး သူခိုးတစ္ေယာက္လို အထဲသို႔ဝင္သြားေတာ့တယ္။
သခင္ေလးဝူက သူမရဲ႕ လႈပ္ရွားမႈတစ္ခုခ်င္းစီကို ၾကည့္ေနခဲ့ၿပီး သူ႔အေနနဲ႔ေတာ့ ခ်မ္းသာၿပီး ျမင့္ျမတ္တဲ့ မိန္းမပ်ိဳေတြေတာင္ သူမေလာက္ စိတ္ဝင္စားစရာေကာင္းမွာမဟုတ္ဘူးလို႔ ခံစားမိေတာ့ သူဟာ ေခါင္းကို ခါယမ္းလိုက္ရင္း ၿပဳံး၍ေနခဲ့တယ္။
......
[Unicode]
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
သူတို့ နောက်ဖေးမီးဖိုချောင်ကနေ ထွက်လာပြီး ဒုတိယထပ်ကို တက်တော့မယ့်အချိန်မှာ ကျကျနနဝတ်စားထားတဲ့ လူတစ်အုပ် ဝင်လာတယ်။ သူတို့က အဝါရောင်ခါးပတ် ပတ်ထားတဲ့ လူကြီးမင်းတစ်ယောက် အနားမှာ ဝိုင်းနေကြပြီး ထိုလူအုပ်ဟာလည်း အပေါ်ထပ်ကို သွားဖို့ လုပ်နေကြတယ်။
အားရွှီ! မင်းပြန်ရောက်ပြီလား
တိုင်းတရားသူကြီးဝူရဲ့သားက ကျိုးကျီရွှီကို နှုတ်ဆက်လိုက်ရင်း ယွီရှောင်ချောင်းကိုပါ ကြည့်လိုက်တယ်။ ထို့နောက် မျက်မှောင်ကြုံ့ရင်း တီးတိုးဆိုတယ်
အားရွှီ ငါမင်းကို လူရှင်းထားပေးပါလို့ ကြိုမှာခဲ့တယ်မလား? ဘာလို့ ဒီမှာ အခြားလူတွေ ရှိနေတာလဲ
ကျိုးကျီရွှီ ပြန်ဖြေမယ့်အချိန်မှာ ဩဇာအပြည့်နဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။
အိုး! ဒါက တောင်တွေကို စောင့်ကြပ်ပေးတဲ့ နတ်ဆိုးလေးမဟုတ်လား? ဘာလဲ? မင်းလည်း ဒီကို စားဖို့လာတာပဲလား?
ယွီရှောင်ချောင်းဟာ ထိုအသံကို ရင်းရင်းနှီးနှီးကြားဖူးသလို ခံစားမိလို့ လှည့်ကြည့်လိုက်တယ်။ ဝဖိုင့်ဖိုင့်လူကြီးမင်းဟာ ဆင်စွယ်ရောင်ခေါင်းပေါင်းနဲ့ အညိုရောင် ကျင်ခပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းစီခြည်ထားတဲ့ ရွှေဝါရောင်ခါးပတ်ကို ခါးမှာပတ်ထားတယ်။ သူက ဒီမနက် မြို့ထဲ လာတဲ့အချိန် ငါနဲ့ ပင်လယ်ကို ဖြတ်ကူးမယ့် မသေမျိူး ရှစ်ယောက် အကြောင်း ဆွေနွေးခဲ့တဲ့ မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးမလား...
ဒါဆိုရင် သူက တိုင်းတရားသူကြီးရဲ့ အထူးဧည့်သည်တော် ဆိုတဲ့လူပေါ့! သူမအနေနဲ့ ထိုအဘိုးကြီးကို သာမန်ထက်သာတဲ့ အသိုင်းအဝိုင်းကြီးက ဖြစ်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်လို ဒီလိုကြီး မြို့တော်က တော်ဝင်မိသားစုကလူတစ်ယောက် ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး! သူမအနေနဲ့ သူ့ကို တော်ဝင်မိသားစုကလားလို့ မေးရအောင်လည်း ဟိုက ရွှေဝါရောင်ခါးပတ်ကို ဝတ်ထားတာ မြင်လိုက်ကတည်းက တန်းအလိုက်သိနေရတော့မှာ မဟုတ်လား။ မေးလိုက်လို့ အခန့်မသင့်ဘဲ ပြဿနာတစ်စုံတစ်ခုလည်း ဖြစ်သွားနိုင်တယ်လေ။
တိုင်းတရားသူကြီးဝူက လူလတ်ပိုင်း အရွယ်လောက်ရှိပြီး ရုပ်ရည်မှာ ခံ့ညားသကဲ့သို့ အကျင့်သီလလည်း ကောင်းမွန်လေတယ်။ သို့ပေသိ ခပ်နွမ်းနွမ်းဝတ်ဆင်ထားတဲ့ ပုတုတုကောင်မလေး ရှောင်ချောင်းကို တွေ့တော့ သူ့အနေနဲ့ အနည်းငယ်တော့ အံ့ဩသွားပုံ။ သူစိတ်ထဲမှာလည်း ဟိုဟိုဒီဒီ တွေးတောနေမိတယ်။
ဘယ်လိုလုပ်ပြီး ဒီလို ဂုဏ်သိက္ခာရှိတဲ့ အငြိမ်းစားယူထားတဲ့ ဧကရာဇ်ဟောင်းက ရွာသူမလေးနဲ့ ခင်မင်သွားကြတာပါလိမ့်?
သို့သော် ဧကရာဇ်မင်းနဲ့ သူ့အခြွေအရံတွေ ဒီမနက် ဝတ်စားထားပုံကို ပြန်တွေးမိသွားတော့ သူထွေပြားနေတာတွေ ရှင်းလင်းသွားတယ်။ ဧကရာဇ်ဟောင်းက ဆင်းရဲတဲ့အခြေအနေကနေပဲ ကြီးပြင်းခဲ့ရတော့ ဆင်းရဲနွမ်းပါးတဲ့လူတွေရော သာမန်လူတန်းစားတွေနဲ့ပါ ရင်းရင်းနှီးနှီးရှိတယ်လေ။ အဲ့တာကြောင့် ရုပ်ဖျက်ပြီး အလည်ထွက်တဲ့အခါ သူငယ်ချင်းတွေရလာတတ်တော့ ဒါဟာ သိပ်လည်း အံ့အားသင့်စရာတော့မဟုတ်။
အို! အဘိုးက ဒီမနက် မြည်းနောက်ပြန် စီးသွားတဲ့သူမလား?
ယွီရှောင်ချောင်း အံ့ဩစွာနဲ့ မေးလိုက်တယ်။
ဧကရာဇ်ဟောင်းဟာ ရယ်မောရင်း ရှေ့သို့လှမ်းခဲ့ကာ ရှောင်ချောင်းရဲ့ နှစ်လှမ်းအကွာမှာ ရပ်လိုက်တယ်။ သူက ခေါင်းညိမ့်ကာ ဆိုတယ်။
မှန်တယ်! ငါတို့တွေ ဒီမနက်ဘဲ ခွဲခွါခဲ့တာ ခု ထပ်တွေ့ကြပြန်ပြီပဲ; ကံမကုန်သေးလို့ ပြန်ဆုံကြတယ် ထင်ပါရဲ့
သူက ဘေးပတ်ပတ်လည်ကို သူ့ရဲ့ မျက်လုံးပြူးကြီးနဲ့ စစ်ဆေးလိုက်ရင်း သဘောမတွေ့စွာနဲ့
တိုင်းတရားသူကြီးဝူ... မင်း ညွှန်းတဲ့ ဒီဆိုင်က ကောင်းမယ့်ပုံမပေါ်ဘူးထင်ပါရဲ့! နေ့လယ်စာစားချိန်တောင် ရောက်နေပြီ... ခုထိ ငါတို့နဲ့ ကလေးမလေးကလွဲလို့ ဘယ်သူမှမရှိဘူး... ကြည့်ရတာ ဒီက အစားအသောက်က သိပ်မကောင်းဘူးထင်တယ်! ဆိုင်ပြောင်းကြမလား?
တတိယသခင်လေးကျိုးနဲ့ ယွီရှောင်ချောင်းတို့ မျက်လုံးချင်းဆိုင်ကြည့်ရင်း စိတ်ထဲကနေ ထပ်တူကျတဲ့ စကားကို ပြောလို့နေတယ်။
တိုင်းတရားသူကြီးမင်းက တစ်ဆိုင်လုံးအပြတ်ငှါးထားပါတယ်ဆို ဘယ်လိုလုပ်ပြီး လူက ရှိနေမှာတုန်း
တိုင်းတရားသူကြီးမင်းဝူလည်း သူ့ကို ဧည့်ခံဖို့ တစ်ဆိုင်လုံးငှါးရမ်းထားကြောင်း မပြောပြနိုင်ခဲ့ဘူး။ ဘာလို့ဆို ဧကရာဇ်ဟောင်းဟာ ရုပ်ဖျက်ပြီး လှည့်လည်နေတဲ့အခါတွေမှာ ရေပေါ်ဆီလူတန်းစားတွေလို ကြီးကြီးကျယ်ကျယ်ပုံစံမျိုးတွေကို မလိုလားဘူးလေ။ ဒါကြောင့်လည်း တရားသူကြီးမင်းဝူအနေနဲ့ ပြောစရာစကားမရှိ ဖြစ်နေတာပေါ့။
အချိန်ကိုက်ပဲ ယွီရှောင်ချောင်းဟာ ကျိန်ရှုံစားသောက်ဆိုင်ဘက်ကနေ ကူပြောပေးခဲ့တယ်။
အဘိုးရယ် ဒီဆိုင်က အစားအသောက်က အရမ်းအရသာရှိတာ... စားကြည့်ကာမှ သိလိမ့်မယ်!
ဧကရာဇ်ဟောင်းရဲ့ တော်ဝင် မင်းမှုထမ်းအခြွေအရံတွေဟာ ရှောင်ချောင်းရဲ့စကားကို စိတ်ထဲမှာ သရော်လို့နေတယ်
မင်းက ဘာမှလည်း သိပုံမရတဲ့ မနူးမနပ်ကလေးမလေးပဲ! မင်းပြောတာက ယုံချင်စရာကောင်းတဲ့ပုံ ပေါက်နေတယ်များ ထင်နေတာလား? ကိုယ့်ဟာကိုယ်အသာနေတာမှ ကောင်းဦးမယ်
ဧကရာဇ်ဟောင်းက စိတ်ကောင်းဝင်နေတဲ့အချိန်မို့ ကလေးမလေးကို စနောက်စကားဆိုတယ်။
အိုး... ဒါဆိုရင် ဒီက စားကောင်းတဲ့အစားအစာတွေကို ပြောပြပါဦး!
ယွီရှောင်းဟာ တွေဝေမနေဘဲ ဟင်းအမည်တွေကို လက်တန်းရွတ်လိုက်တယ်။
ရွေးစရာတွေက အတော်များတာမို့ သေချာ နားထောင်နော် သိုးသားပေါင်း၊ ဝက်ဝံလက်ပေါင်း၊ ဒရယ်မြီးပေါင်း၊ ဘဲကင်၊ ကြက်ကင်၊ ငန်းကင်၊ ဆားနယ်ဘဲသားနှပ်၊ အရသာနှပ်ကြက်ကြော်၊ ဝက်သားခြောက်၊ ဆေးဘဲဥ၊ ဝက်ဗိုက်သားမီးကင်၊ ဝက်သားခြောက်ကြော်၊ ဝက်အူချောင်း၊ အသားအရောကြော်၊ ကြက်သားမီးကင်၊ ဝက်ဝမ်းတွင်းသားပြုတ်၊ ဝက်သားပေါင်း၊ ကောက်ညင်းဆန်သွပ် ဘဲသားပေါင်း၊ မြေအိုးရစ်ငှက်ပေါင်း၊ ငုံးသားချက်၊ အသားအရောနှပ်၊ ဘဲနှပ်၊ ပုစွန်ဆိတ်ချက်၊ ပုစွန်ထုပ်ချက်၊ ပုစွန်ကြော်...
သူမဟာ လက်ချောင်းကို တစ်ချောင်းပြီး တစ်ချောင်းချိုးရင်း လျှာခလုတ်တိုက်စေတဲ့ စကားစုတွေကို တစ်ထိုင်ထဲမှာပဲ တစ်ခုပြီးတစ်ခု မထစ်ဘဲ ရွတ်ပြနေခဲ့တယ်။ တတိယသခင်လေးကျိုးလည်း သူ့ရဲ့ စားသောက်ဆိုင်မှာ ဒီလောက်များတဲ့ ဟင်းပွဲတွေရှိမှန်း မသိရလေတော့ မျက်လုံးများပြူး၍ နေလေတယ်။
ငါ ဘာလို့များ မသိခဲ့တာပါလိမ့်!
အို ဘုရားသခင်! မင်းက စကား ကျွမ်းကျမ်းကျင်ကျင် ပြောတတ်တဲ့သူပါလား! ကြည့်ရတာ ဟင်းနာမည် စကားစု တွေကို သေချာလေ့ကျင့်ထားပုံပဲ! ကလေးမလေးက ဒီစားသောက်ဆိုင်က အကူလား?
ဧကရာဇ်ဟောင်းဟာ ရင်းနှီနေတဲ့ စကားစုကို ကြားလိုက်ရတာကြောင့် အလိုလို ဝမ်းသာနေပေမယ့် လူမသိအောင် တည်တည်တံ့တံ့သာ ဟန်ဆောင်၍နေခဲ့တယ်။ သူ့အနေနဲ့ ဒီကမ္ဘာ၌ ဝိညာဉ်ကူးပြောင်းလာသူဟာ သူနဲ့ သူ့မိသားစုက အရူးကောင်တစ်ယောက်ပဲ ရှိတာလို့ ထင်ခဲ့တာ!
{ဟင်းနာမည် စကားစု () - တရုတ်စကားမှာ အခြေခံတက်မြောက်ဖို့ ဟင်းနာမည်တွေကို စီထားတဲ့ လျှာခလုတ်တိုက်စေတဲ့ စကားစုရှည် (tongue- twister)}
စိတ်အေးအေးထား ငါ စိတ်အေးအေးထားရမယ်... အမှားအယွင်းမရှိအောင် နေမှဖြစ်မယ်... ငါဘယ်သူလဲဆိုတာ ဘယ်သူ့ကိုမှ ပြလို့မရဘူး မဟုတ်ရင် ဒီ လျင်တဲ့ကလေးမလေး လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်!
သို့သော် ယွီရှောင်ချောင်းဟာ သူ့စကားကြောင့် လန့်ဖျက်နေပြီပင်။
သူက ငါ စကားစုကို ရွတ်ပြနေမှန်း ဘယ်လိုလုပ်သိတာလဲ ဟင်းနာမည် စကားစု? မဟုတ်မှ... ငါ့ရှေ့က အဘိုးအိုကလည်း ငါ့လို ဝိညာဉ်ကူးလာတာပဲလား ချီးပဲ လောကကြီးက ဘာတွေဖြစ်နေတာလဲ? ဘဝကြီးကလည်း ဟာကွက်တွေများလွန်းလို့ ဆန်ခါတောင် လုပ်လို့ရတော့မယ် ထင်တယ်... စိတ်အေးအေးထား! ငါ စိတ်အေးအေးထားရမယ်... အဲ့လူက ဝိညာဉ်ကူးကူး မကူးကူး ငါ့ကို ဘယ်သူမှ မရိပ်မိအောင် နေရမယ်!
သူမဟာ မနူးမနပ်ပုံစံနဲ့ ဖြူစင်တဲ့အပြုံး ပြုံးပြရင်း
အဘိုး... ဘာဟင်းတွေရှိလဲဆိုတာ မေးတော့ သမီးကလည်း ခုလေးတင် ဆိုင်ကဟင်းတွေကို ရွတ်ပြခဲ့တယ်နော်! အဲ့တာဆို ခု ရွတ်ပြသွားတဲ့ ဟင်းတွေထဲက ဘာများစားချင်တာရှိလဲ?
ဒီကလေးမ ဟန်ဆောင်နေတာကြည့်စမ်း! ကျပ်ကျပ်ဟန်ဆောင်ထား!
ဧကရာဇ်ဟောင်းဟာ သူ့စိတ်ထဲမှာတော့ သူမကို ဉာဏ်နီဉာဏ်နက်များတဲ့ ကလေးမလေးလို့ ဆဲဆိုနေခဲ့ပေမယ့် ထုတ်တော့ မပြောခဲ့ဘူးပေါ့။ ဒါကြောင့် သူလည်း ရေလိုက်ငါးလိုက်နဲ့ပဲ သူမကို ပြန်ပြောခဲ့တယ်
ကောင်းပြီ... စောစောက မင်းပြောသွားတဲ့ ဟင်းနာမည်တွေက တော်တော်လေးကို များတာပဲ... ဒီက လူအိုကြီးက မှတ်ညဏ်မကောင်းတော့ အကုန်လုံးကို လိုက်မမှတ်နိုင်ဘူး... ဆိုတော့! ဒီစားသောက်ဆိုင်ရဲ့ အကောင်းဆုံးဆိုတဲ့ ဟင်းတွေကို လာချပေးရင်ရော!
တတိယသခင်လေးကျိုးက ဆိုင်တာဝန်ခံအား အမိန့်ပေးလိုက်တယ်။
ဒီစားသောက်ဆိုင်က ကောင်းပေ့ဟင်းတွေအကုန် လာချလိုက်ကြ! ကျွန်တော်တို့အနေနဲ့ ဒီက လူကြီးလူကောင်းက လိုအပ်တာရှိရင်လည်း အကြံပေးဖို့ မျှော်လင့်ပါတယ်!
မိန်းကလေးငယ်! ဒီမှာဆက်နေပြီး ဟင်းပွဲတွေကို တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါလား!
ဧကရာဇ်ဟောင်းက ယုန်ဖြူလေးကို ဝါးမြိုတော့မယ့် မီးခိုးရောင် မြေခွေးကြီးတစ်ကောင်လို ဖြီးပြနေခဲ့တယ်။
ယွီရှောင်ချောင်းဟာ သူ့ရဲ့ နှာထိပ်ကလေးကို ပွတ်သပ်ရင်း တောင်းပန်လေတယ်။
တောင်းပန်ပါတယ်... သမီးက ဒီဆိုင်ရဲ့ အကူမဟုတ်တော့
မိန်းကလေးငယ်... ခုလေးတင် စားချင်စဖွယ် ဟင်းနာမည်တွေနဲ့ ဒီက လူအိုကြီးကို သွားရည်ကျအောင် လုပ်ခဲ့ပြီးတော့ ခုမှ လွယ်လွယ်နဲ့ စကားကို ပြန်ရုတ်သိမ်းသွားရလား ငါဆိုတဲ့ ပဉ္စမအရှင်ကို အရူးလုပ်နေတာလား?
အငြိမ်းစား ဧကရာဇ်ဟောင်းဟာ အထူးလေ့ကျင့်ထားတဲ့ ကျပန်းမျက်နှာထားစွမ်းရည်ကို လုပ်ပြတော့တယ်။ ချက်ချင်းပဲ ဖော်ရွေပြီး ကလေးဆန်တဲ့ပုံစံကနေ ဩဇာညောင်းပြီး အထက်စီးဆန်တဲ့ အထက်လူကြီး တစ်ယောက်ပုံစံကို ပြောင်းသွားခဲ့တယ်။ ဒါကြောင့် သူ့အနီးအနားကလူတွေဟာလည်း သူ့ကို ရှိန်လွန်းနေပြီး ဇောချွေးတွေ ပြန်လို့နေတယ်။
ယွီရှောင်ချောင်းရဲ့ စိတ်ထဲမှာတော့ တုန်လှုပ်သွားပြီး တော်ဝင်မိသားစုရဲ့ အမိန့်ဆိုတာ လွန်ဆန်လို့ မရမှန်း သတိရမိတယ်။ သူမဟာ တော်ဝင်အနွယ်တွေနဲ့ အထက်တန်းလွှာကလူတွေရဲ့ စိတ်ဟာ ခန့်မှန်းရခက်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ခုနေ ရယ်နေပေမယ့် ခဏနေရင် လူတစ်ဦးရဲ့ အသက်ကို နှုတ်ယူပစ်တာမျိုးပေါ့။ ရုတ်ချည်းပဲ သူမရဲ့မျက်နှာဟာ ဖြူဖတ်ဖြူရော်နဲ့ မျက်လုံးကလေးများဟာလည်း နီရဲလို့နေတယ်။
ကျိုးကျီရွှီဟာ သူမအတွက် အသနားခံပေးဖို့ ဧကရာဇ်ဟောင်းကို ပြောလိုက်တယ်
ပဉ္စမအရှင် သနားသောအားဖြင့် ရှောင်ချောင်းက ခုမှ ကလေးပဲ ရှိသေးတာဆိုတော့ သူ့ကို လွှတ်ပေးလိုက်ပါနော်! ရှောင်ချောင်းအနေနဲ့ ဧကရာဇ်ကို ပျက်ရယ်ပြုဖို့နဲ့ မရိုမသေလုပ်ဖို့ မရည်ရွယ်ဘူးဆိုတာကို ကျွန်တော့် ဂုဏ်သိက္ခာနဲ့ရင်းပြီး ကျိန်ဆိုရဲပါတယ်
ဟဟ... မင်းက ကျိုးမိသားစုရဲ့ တတိယသားမလား? မင်းက ခံစားလွယ်ပြီး မင်းရဲ့ အကြီးဆုံးဦးလေးထက်တော့ သာတာပဲ!
ဧကရာဇ်ဟောင်းဟာ သူ့ရဲ့ တင်းမာတဲ့ မျက်နှာထားကို သုံးမိနစ်ထက်တော့ ပိုမတင်းထားနိုင်။ ခဏကြာလေတော့ ပြန်၍ ပြုံးရွှင်လို့လာတယ်။ သူ ရှောင်ချောင်းကို ညှင်သာစွာနဲ့
ကလေးငယ်လေး! မင်းတော်တော်လေး ထိတ်လန့်သွားမယ်ထင်တယ်! ဒါကို နောက်နောင်အတွက် မင်း သင်ခန်းစာယူထားရမယ်နော်... တချို့လူတွေရှေ့မှာတော့ လူတစ်ယောက်ဟာ ဘယ်လိုအမှားမျိုးမှ မပြုလုပ်မိအောင် ဆင်ခြင်ရမယ်!
ယွီရှောင်ချောင်းရဲ့ လေးကန်နေတဲ့ စိတ်လည်း ခုမှပဲ သက်သာသွာရဟန်။ သို့သော် သူမစိတ်ထဲမှာတော့ အတော်လေး ဝမ်းနည်းလို့ နေတယ်။ စိတ်ထဲဝယ်
ဘယ်ခေတ်ရောက်ရောက် ငါ့လို အရပ်သားသာသာလူက ဘယ်တော့မှ လွတ်လပ်ပြီး ပျော်ရွှင်တဲ့ဘဝမျိုး ခံစားရမှာ မဟုတ်ဘူး... နေရာတိုင်းမှာတော့ ရေပေါ်ဆီအသိုင်းအဝိုင်း (အခွင့်ထူးခံ) ဆိုတာ ရှိနေတာပဲ...
မိန်းကလေးငယ်က မျက်ရည်ဝိုင်းနေတာကြောင့် ဧကရာဇ်ဟောင်းဟာ သူမခေါင်းကို အသာအယာ ပုတ်လိုက်မိတော့တယ်။ သူ့ရဲ့ အသံဟာလည်း ပိုလို့ပင် နူးညံ့လို့နေကာ
အေ! မင်းက ငိုတောင်ငိုတော့မှာကိုး! ကြည့်ရတာ မင်းက လွယ်လွယ်နဲ့ လန့်တတ်တဲ့ ကလေးငယ်လေး ပါပဲလား! ကျိုးရှောင်စန်း... ဒီကလေးမလေးအတွက်ပါ အရသာရှိတာတွေ ချပေးလိုက်ပါဦး... ပြီးရင်တော့ ငါရှင်းမယ့်ထဲပဲ ပေါင်းထည့်လိုက်! ကဲ...ဆံပင်ကိုလည်း သပ်ပေးလိုက်ပြီးပြီဆိုတော့ မကြောက်နဲ့တော့နော်...
(ကျိုးရှောင်စန်း - စန်း = သုံး, ကျိုးမိသားစုရဲ့ တတိယမြောက်သားဖြစ်သောကြောင့်)
တိုင်းတရားသူကြီးမင်းဝူနဲ့ သူ့သားဟာ အပြောင်းအလဲမြန်တဲ့ ဧကရာဇ်ဟောင်းရဲ့ သဘောထားကြောင့် အံ့အားသင့်သွားခဲ့တယ်။ ဧကရာဇ်ဟောင်းဟာ ပုံမှန်ဆိုရင်တော့ ဖော်ဖော်ရွေရွေရှိပေမယ့်လို့ သူ တစ်ချက် အာဏာပြတာနဲ့ ကလေးမလေးမပြောနဲ့ တိုင်းတရားသူကြီးမင်းဝူကိုယ်တိုင်တောင် သေးထွက်မတတ်ကို ကြောက်ရတယ်။ ကလေးမလေးအနေနဲ့ ဒီလိုကြုံတာတောင် မငိုမိဘူးဆိုတော့ အတော်ရဲရင့်တယ်လို့ ဆိုရမယ်!
ခဏချင်းဆိုသလို သူ့ရဲ့ မူလ ဖော်ဖော်ရွေရွေပုံစံသို့ ပြန်ပြောင်းသွားခဲ့တယ်။ သူဟာ ကလေးမလေးရဲ့ ခေါင်းကို ကြင်ကြင်နာနာထွေးပိုက်ပြီး ချော့မြူနေရှာတယ်။ တော်ဝင်ဂုဏ်ပုဒ်တွေ ခံမနေဘဲ ဆိုရမယ်ဆိုလျှင် သူနဲ့ကလေးမလေးဟာ အဘိုးနဲ့ မြေးအရွယ်လို့တောင် ပြောလို့ရတယ်။
ယွီရှောင်ချောင်းဟာ မျက်ရည်မကျအောင်ထိန်းရင်း ပြုံးပြဖို့ ကြိုးစားလိုက်တယ်။
အဘိုးရဲ့ ခုဏပုံစံက အတော်လေးကြောက်ဖို့ကောင်းတာပဲ... သမီးရဲ့ အဘိုး ဒေါသထွက်တာထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်... အဘိုးရဲ့အချိန်ကို ထပ်မဆွဲတော့ပါဘူး ရှောင်ချောင်း ခုပဲ ထွက်သွားလိုက်ပါတော့မယ်!
သူပြောလိုက်ရင်း ဒူးကလေးညွှတ်၍ အရိုအသေပေးကာ နောက်သို့ ဆုတ်သွားလိုက်တယ်။ ထို့နောက် သူမဟာ မြေခွေးတစ်ကောင် လိုက်ခံရသည့်အလား နောက်ဖေးခြံထဲသို့ ထွက်သွားခဲ့တယ်။ နောက်ဆုံးမှာတော့ စိတ်သက်သာရရသွားလို့ သက်ပြင်းရှည်ကြီးတစ်ချက် ချ၍သာ နေလေတော့တယ်။
တော်ပါသေးတယ်...ခုဏက တော်တော်ကို ကြောက်စရာကောင်းတာပဲ! နောက်နောင်ဆိုရင်တော့ ငါ အိမ်မှာပဲ အေးဆေးနေပြီး ဩဇာရှိအသိုင်းအဝိုင်းကလူတွေနဲ့ မပတ်သက်မိအောင်နေမှ!
ကျိုးကျီရွှီဟာ အထူးဧည့်သည်တော်ကို ကိုယ်တိုင် ဧည့်ခံဖို့ရာ ကျန်နေခဲ့တယ်။ ဆိုင်တာဝန်ခံက ဧည့်သည်တော်တွေကို သီးသန့်အခန်းမှာ နေရာချပေးပြီးတဲ့အခါမှာတော့ မီးဖိုဆောင်က ဟင်းပွဲတွေကို တည်ခင်းစေတယ်။ သူဟာ ခြံလယ်က အကြောက်မပြေသေးရှာတဲ့ ရှောင်ချောင်းကိုတွေ့တော့ သူမခေါင်းလေးကို တစ်ချက် အသာအယာပုတ်လိုက်ကာ
မင်းနော် မင်း! စကားပြောတာတွေ သတိထားနော်! နောက်တစ်ခါ အမှားမခံသင့်တဲ့သူရှေ့မှာ ထပ်မှားသွားရင်တော့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး!
ဆိုင်တာဝန်ခံဟာ ယွီဟိုင်ထက် အသက်အနည်းငယ် ကြီးတယ်။ သူဟာ ဒီက တော်ပြီး ထက်မြက်တဲ့ ကလေးမလေးကို အတော်လေး နှစ်သက်ပြီး သူမကိုလည်း မိသားစုအရင်းအချာတစ်ယောက်လို ဆက်ဆံလေတယ်။ ခုဏက ကိစ္စဖြစ်သွားတဲ့အချိန် သူ့ခမျာ ကလေးမလေးအတွက် ဇောချွေးတွေပြန်ပြီး စိုးရိမ်နေလိုက်ရတာ။ တော်သေးတယ်... အကြီးအကဲမင်းက ဇီဇာ ကြောင်ပြီး လက်စားချေတတ်သူ မဟုတ်ပေလို့သာပေါ့။ မဟုတ်ရင် ကလေးမလေးမိသားစုပါ ကလေးမလေးနဲ့အတူ အပြစ်ပေးခံရမှာ။
ယွီရှောင်ချောင်းဟာ နာနာခံခံနဲ့ ခေါင်းလေးငြိမ့်လိုက်ရင်း အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်
ဒီအချိန်သမီး အပေါ်ထပ်တက်သွားရင် သူတို့နဲ့များ တိုးနေမလား?
မတိုးပါဘူး... ဧည့်သည်တော်တွေကို နေရာချပြီးသွားပြီ အပေါ်ထပ်ကို အမြန် ပြန်တက်သွားလိုက်... မင်းအဖေက စောင့်နေတာကြာရင် စိုးရိမ်နေဦးမယ်!
ဆိုင်တာဝန်ခံဟာ ဖြေကြားပြီးတဲ့အခါမှာတော့ မီးဖိုဆောင်ထဲကို ပြန်ဝင်သွားတယ်။
ယွီရှောင်ချောင်းဟာ ကြောင်အုပ်မှာစိုးတဲ့ ကြွက်ကလေးတစ်ကောင်လို ဒုတိယအထပ်ကို ကုပ်ကုပ်ကလေး တက်သွားလိုက်တယ်။ ဒါပေမယ့် တံခါးကိုဖွင့်ပြီး ထွက်လာတဲ့ တိုင်းတရားသူကြီးဝူရဲ့သားကြောင့် သူမခမျာ အလန့်တကြား ဖြစ်သွားတယ်။
သူခိုးလို ဟိုချောင်းဒီချောင်းနဲ့ ဘာတွေလုပ်နေတာလဲ?
သခင်လေးဝူဟာ အချက်အပြုတ်ကောင်းတဲ့ ထိုမိန်းကလေးကို တော်တော်လေး သဘောကျမိတယ်။ အရင်တစ်ခေါက်က အစားအသောက်ချေးများတဲ့ ယွမ်ယွင်ရှီးလိုလူတောင် မိန်းကလေးငယ်လုပ်တဲ့ ငါးဟင်းရည်ကို နှစ်ပန်းကန်တောင် ကုန်တယ်လေ။ စောစောက သခင်လေးကျိုး သူမအတွက် အသနားမခံပေးခဲ့ရင်တောင် သူက သူမအတွက် ထပြောပေးခဲ့မှာပဲ။
ယွီရှောင်ချောင်းဟာ ရှက်ကိုးရှက်ကန်းဖြစ်လာရင်း သူမရဲ့နောက်စေ့လေးကို ပွတ်နေခဲ့တယ်။ သူမဟာ သခင်လေးဝူနောက်က ပိတ်ထားတဲ့တံခါးကို သတိတရှိနဲ့ ကြည့်လိုက်တယ်။ ရှောင်ချောင်းဟာ သူမလက်ညိုးကို ပါးစပ်ရှေ့မှာထားရင်း အသံတိတ်ပေးဖို့ အချက်ပြကာ သူမသွားမယ့် သီးသန့်အခန်းကို ညွှန်ပြလိုက်တယ်။ ထို့နောက် သူမဟာ သခင်လေးဝူကို လက်ယမ်းပြရင်း သူမသွားရမယ့်အခန်းဆီသို့ ဝပ်ကာသွားလိုက်တယ်။ အခန်းရှေ့လည်းရောက်ရော သူမ အခန်းတံခါးကိုဖွင့်ပြီး သူခိုးတစ်ယောက်လို အထဲသို့ဝင်သွားတော့တယ်။
သခင်လေးဝူက သူမရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို ကြည့်နေခဲ့ပြီး သူ့အနေနဲ့တော့ ချမ်းသာပြီး မြင့်မြတ်တဲ့ မိန်းမပျိုတွေတောင် သူမလောက် စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူးလို့ ခံစားမိတော့ သူဟာ ခေါင်းကို ခါယမ်းလိုက်ရင်း ပြုံး၍နေခဲ့တယ်။
......