|| Unicode ||
မနက်ကတည်းက စိတ်နှင့် လူနှင့် ကပ်ပုံမရသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စိုးရိမ်လာသည်။ သို့ပေသိ ရှောင်းကျန့်ကိုတော့ စာဖြေခန်းရှေ့အထိ လိုက်ပို့ပါသေးသည်။
"သွားတော့လေ"
"အင်း"
ခေါင်းတစ်ချက်ငြိမ့်ပြ၍ လှည့်ထွက်သွားသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် အောင့်သက်သက်ဖြစ်သွားသည်။ ဧကန္တ ဝမ်ရိပေါ် သူ မေ့နေတာများလား။
"ဝမ်ရိပေါ်"
"ဟင်"
ရှောင်းကျန့် အော်ခေါ်လိုက်တော့ လှည့်ကြည့်လာသော ဝမ်ရိပေါ်၏မျက်လုံးတွေမှာ ဆွေးရိပ်သန်းနေသယောင်ယောင်။ တကယ်ပဲ သူဘာဖြစ်နေတာလဲ။
"လာဦး"
ဝမ်ရိပေါ်က ရှောင်းကျန့်ဆီသို့ ပြန်လျှောက်လာသည်။ အနီးကိုရောက်တာနှင့် ရှောင်းကျန့်က ဝမ်ရိပေါ်နား နားကို ကပ်၍ တိုးတိုးလေးပြောလိုက်မှ ဝမ်ရိပေါ်မျက်လုံးတွေက ဘလင်းဘလင်းဖြစ်လာသည်။ထို့နောက် တစ်စုံတစ်ခုကို လျှင်မြန်စွာ ပြုလုပ်လိုက်သည်။ပြီးမှ ပြန်လှည့်ထွက်သွားသည်။
"အဟမ်း"
လုပ်ချောင်းဆိုးပြနေသော ကျိုးချန်ကို တစ်ချက်ပြေးကန်ပြီး ဝင်ထိုင်လိုက်သည်။
"တော်သေးတယ်
နောက်နေ့တော့ မျက်စိရှက်စရာတွေ မတွေ့ရတော့ပါဘူး"
"ကျိုးချန်!!!"
........................................................................
စာမေးပွဲခန်းထဲမှ ထွက်လာတော့ ရှောင်းကျန့်စိတ်တွေ ကြည်လင်လန်းဆန်းသွားသည်။
"ခုမှပဲ ပေါ့သွားတော့တယ်"
ကျိုးချန်တို့ ၊ ဟုန်ရန်တို့နှင့် အဖြေတိုက်နေတုန်း ဝမ်ရိပေါ်ရောက်လာသည်။
"ဖြေနိုင်လား ရိပေါ်"
"အင်း"
"တော်သေးတာပေါ့"
"..."
"မင်း မနက်က မျက်နှာမကောင်းလို့လေ
ငါက စာမရလို့များလားလို့ စိတ်ပူနေတာ"
"အဲ့တာက..."
"ရှောင်းကျန့်ရေ သွားရအောင်"
"အေး... လာ ရိပေါ်"
ရှောင်းကျန့်က ရိပေါ်လက်ကို လှမ်းဆွဲကာ ကျိုးချန်တို့နောက်က လိုက်သည်။
"ဘယ်သွားမလို့လဲ"
"အိမ်ပြန်မယ်လေ"
"သူတို့က..."
"အလည်လိုက်မလို့တဲ့"
ကားပေါ်ရောက်တော့ ကျိုးချန်က ရှောင်းကျန့်မာမားနှင့် စကားတွေ ရေပက်မဝင်အောင်ပြောသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကိုသာ တစ်လမ်းလုံး ထိုင်ငေးသည်။ကားပေါ်မှာလည်း လက်ချင်းတွဲထားဖို့ မမေ့။
အိမ်ရောက်တော့ မာမားတို့က မုန့်လုပ်ကျွေးသည်။ ကျိုးချန်ကတော့ မုန့်စားနေရင်းလည်း စကားပြောမပြတ်ပေ။ မာမားကို ရှောင်းကျန့်အကြောင်းတွေ ပြောလိုက်တာမှ စုံလို့။
နောက်နှစ် ကျောင်းပြောင်းမည့် အကြောင်းရောက်တော့ ရှောင်းကျန့်က ရိပေါ်ကို ခိုးကြည့်သည်။ရိပေါ်က ပြန်ကြည့်ပေးလိုက်တော့ ပြုံးပြနေသေးသည်။ ဒီရှောင်ရှောင်းကျန့်ကို ဘယ်လိုလုပ်သင့်သလဲ။ ရိပေါ်ကိုတော့ သူကိုယ်တိုင် ကြိုပြောသင့်တယ် မဟုတ်လား။
ကျိုးချန်နှင့် ဟုန်ရန်က ညနေစောင်းမှ ပြန်သွားသည်။ မပြန်ခင် ရှောင်းကျန့်ကို ဖက်ပြီးငိုနေသေးလို့ ရိပေါ် မနည်းခွာထုတ်လိုက်ရသည်။ရှောင်းကျန့်ကလည်း သူ့သူငယ်ချင်းတွေနှင့် ခွဲရတော့ မျက်ရည်လေး တစမ်းစမ်း။
ရှောင်းကျန့် မနက်ဖြန် ပေကျင်းကို ပြန်မည့်အကြောင်းတောင် ရိပေါ် ခုမှ သိရသည်။
ဘာလဲ။ ရိပေါ်ကိုကျ ဘေးဖယ်ထားတဲ့သဘောလား။
ရိပေါ် တစ်ယောက်တည်း အခန်းထဲအောင်းနေလိုက်တော့သည်။ရှောင်းကျန့်က သူ့ကို ဂရုမစိုက်ဘူး။ရိပေါ်ဘက်ကတော့ ရှောင်းကျန့်က သူ့ကို ပြန်ချစ်လာလိမ့်မယ်လို့ ထင်နေခဲ့တာ။ယခုတော့ ရှောင်းကျန့်က ပေကျင်းကို အပြီးပြန်မည့်အကြောင်းတောင် သူ့ဆီကို ဖွင့်ဟမလာပေ။ ရိပေါ် ဘာဆက်လုပ်ရမယ် မသိတော့ပေ။ ကျိုးချန်တို့ငိုသလို ရှောင်းကျန့်ကို ဖက်ဖက်ပြီး အော်သာငိုပစ်လိုက်ချင်တော့သည်။
'ဒေါက် ဒေါက် ဒေါက်'
"ဝမ်ရိပေါ် "
ရှောင်းကျန့်အသံကြားတော့ သူ ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။
"ဘာလဲ"
"ခြံထဲဆင်းရအောင်"
ရှောင်းကျန့်က ထိုတစ်ခွန်းပြောပြီးတာနှင့် အောက်ထပ်ကို တန်းဆင်းသွားသည်။ ရိပေါ်လည်း တံခါးပိတ်ပြီး ရှောင်းကျန့်နောက်ကိုသာ လိုက်ခဲ့လိုက်သည်။
ဒန်းပေါ်ထိုင်နေသည့် ရှောင်းကျန့်က ရိပေါ်ဝင်ထိုင်ဖို့ ဘေးနေရာကို ပုတ်ပြသည်။ ရိပေါ်လည်း ရှောင်းကျန့်ဘေးနားမှာ ကပ်၍ ဝင်ထိုင်လိုက်သည်။
"ငါတောင်းပန်ပါတယ် ရိပေါ်"
"ဘာကိုလဲ"
"မင်းကို ကြိုမပြောမိလို့"
"..."
"မင်းသိရင် စိတ်မကောင်းဖြစ်ပြီး
စာအပေါ် အာရုံမစိုက်နိုင်မှာစိုးလို့"
"ခုလည်း အဲ့ဒီအတွက် နှစ်ဆပိုပြီး ခံစားရတာပဲလေ"
"ငါ... ငါ...တကယ်တောင်းပန်..."
"ထားလိုက်ပါတော့"
"ငါ မနက်ဖြန် ပြန်ရတော့မယ်"
ရိပေါ်၏ လည်ပင်းမှ Adam's appleက အထက်အောက် လှုပ်ရှားသွားသည်။
"မင်းမှာ ပြောစရာမရှိတော့ဘူးလား
ရိပေါ်"
"....."
"မရှိဘူးဆိုရင် ငါ..."
"ရှိတယ်"
"..."
"ငါ့ကို မေ့မသွားပါနဲ့
မင်းကတိတည်ပါစေ"
"အင်း ငါကတိပေးတယ်"
"စာကြိုးစား"
"အင်း"
"ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်နဲ့"
"အင်း"
"တစ်ခုခုအသံကြားတာနဲ့ ချက်ချင်းလိုက်လာမှာ"
"အင်း"
"မသွားခင် တစ်ခု တောင်းဆိုစရာရှိတယ်"
"အင်း"
"ရလား"
"အင်း"
"အဖြေပေး"
"အင်း...ဟင်"
"အဖြေပေး"
"ဟို..."
"အခုပေး..."
"..."
"ပေးမလား မပေးဘူးလား"
"ရိ...ရိပေါ်"
"ပေးလို့ပြောနေတယ်နော်"
"..."
"အဖြေပေး"
"အေးပါ အေးပါ ဟုတ်ပါပြီ
ရိပေါ် ငါ မင်းတောင်းတဲ့ အဖြေပေးပါ့မယ်
ဒါပေမယ့်..."
"..."
"ဒါပေမယ့် မင်းမျက်လုံးမှိတ်ထားပေး"
"..."
"လုံးဝဖွင့်မကြည့်နဲ့နော်"
"အင်း"
"မှိတ်ထား"
"မှိတ်ပြီ"
"ဖွင့်မကြည့်နဲ့နော်"
"အင်းပါဆို"
ရိပေါ်မျက်လုံးမှိတ်ပြီး ခဏအကြာမှာ နှုတ်ခမ်းပေါ်ကို တစ်စုံတစ်ရာက ငါးစက္ကန့်မျှ လာရောက်ဖိကပ်သည်။ ရိပေါ်မျက်လုံးဖွင့်ကြည့်ဖို့တောင် သတိမရတော့ပါပေ။
ရှောင်းကျန့်ပေးတဲ့ အဖြေဆိုတာ.....
တဒိန်းဒိန်းဖြစ်နေသော ရင်ဘတ်အစုံကို လက်ဖြင့်ဖိကာ မျက်လုံးကို အသာဖွင့်ကြည့်တော့ ရှောင်းကျန့်ကမရှိတော့ပါ။
ကိုယ့်နှုတ်ခမ်းကို လက်ဖြင့် အသာထိကြည့်သည်။ တကယ်ကြီးလား။
တကယ်ကြီး ရှောင်းကျန့်က သူ့ကို နမ်းသွားတာလား။
"ကိုကို!!!!!"
........................................................................
|| Zawgyi ||
မနက္ကတည္းက စိတ္ႏွင့္ လူႏွင့္ ကပ္ပုံမရသည့္ ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္စိုးရိမ္လာသည္။ သို႔ေပသိ ေရွာင္းက်န့္ကိုေတာ့ စာေျဖခန္းေရွ႕အထိ လိုက္ပို႔ပါေသးသည္။
"သြားေတာ့ေလ"
"အင္း"
ေခါင္းတစ္ခ်က္ၿငိမ့္ျပ၍ လွည့္ထြက္သြားသည့္ ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္တစ္ေယာက္ ေအာင့္သက္သက္ျဖစ္သြားသည္။ ဧကႏၱ ဝမ္ရိေပၚ သူ ေမ့ေနတာမ်ားလား။
"ဝမ္ရိေပၚ"
"ဟင္"
ေရွာင္းက်န့္ ေအာ္ေခၚလိုက္ေတာ့ လွည့္ၾကည့္လာေသာ ဝမ္ရိေပၚ၏မ်က္လုံးေတြမွာ ေဆြးရိပ္သန္းေနသေယာင္ေယာင္။ တကယ္ပဲ သူဘာျဖစ္ေနတာလဲ။
"လာဦး"
ဝမ္ရိေပၚက ေရွာင္းက်န့္ဆီသို႔ ျပန္ေလွ်ာက္လာသည္။ အနီးကိုေရာက္တာႏွင့္ ေရွာင္းက်န့္က ဝမ္ရိေပၚနား နားကို ကပ္၍ တိုးတိုးေလးေျပာလိုက္မွ ဝမ္ရိေပၚမ်က္လုံးေတြက ဘလင္းဘလင္းျဖစ္လာသည္။ထို႔ေနာက္ တစ္စုံတစ္ခုကို လွ်င္ျမန္စြာ ျပဳလုပ္လိုက္သည္။ၿပီးမွ ျပန္လွည့္ထြက္သြားသည္။
"အဟမ္း"
လုပ္ေခ်ာင္းဆိုးျပေနေသာ က်ိဳးခ်န္ကို တစ္ခ်က္ေျပးကန္ၿပီး ဝင္ထိုင္လိုက္သည္။
"ေတာ္ေသးတယ္
ေနာက္ေန႕ေတာ့ မ်က္စိရွက္စရာေတြ မေတြ႕ရေတာ့ပါဘူး"
"က်ိဳးခ်န္!!!"
........................................................................
စာေမးပြဲခန္းထဲမွ ထြက္လာေတာ့ ေရွာင္းက်န့္စိတ္ေတြ ၾကည္လင္လန္းဆန္းသြားသည္။
"ခုမွပဲ ေပါ့သြားေတာ့တယ္"
က်ိဳးခ်န္တို႔ ၊ ဟုန္ရန္တို႔ႏွင့္ အေျဖတိုက္ေနတုန္း ဝမ္ရိေပၚေရာက္လာသည္။
"ေျဖနိုင္လား ရိေပၚ"
"အင္း"
"ေတာ္ေသးတာေပါ့"
"..."
"မင္း မနက္က မ်က္ႏွာမေကာင္းလို႔ေလ
ငါက စာမရလို႔မ်ားလားလို႔ စိတ္ပူေနတာ"
"အဲ့တာက..."
"ေရွာင္းက်န့္ေရ သြားရေအာင္"
"ေအး... လာ ရိေပၚ"
ေရွာင္းက်န့္က ရိေပၚလက္ကို လွမ္းဆြဲကာ က်ိဳးခ်န္တို႔ေနာက္က လိုက္သည္။
"ဘယ္သြားမလို႔လဲ"
"အိမ္ျပန္မယ္ေလ"
"သူတို႔က..."
"အလည္လိုက္မလို႔တဲ့"
ကားေပၚေရာက္ေတာ့ က်ိဳးခ်န္က ေရွာင္းက်န့္မာမားႏွင့္ စကားေတြ ေရပက္မဝင္ေအာင္ေျပာသည္။ ဝမ္ရိေပၚကေတာ့ ေရွာင္းက်န့္ကိုသာ တစ္လမ္းလုံး ထိုင္ေငးသည္။ကားေပၚမွာလည္း လက္ခ်င္းတြဲထားဖို႔ မေမ့။
အိမ္ေရာက္ေတာ့ မာမားတို႔က မုန့္လုပ္ေကြၽးသည္။ က်ိဳးခ်န္ကေတာ့ မုန့္စားေနရင္းလည္း စကားေျပာမျပတ္ေပ။ မာမားကို ေရွာင္းက်န့္အေၾကာင္းေတြ ေျပာလိုက္တာမွ စုံလို႔။
ေနာက္ႏွစ္ ေက်ာင္းေျပာင္းမည့္ အေၾကာင္းေရာက္ေတာ့ ေရွာင္းက်န့္က ရိေပၚကို ခိုးၾကည့္သည္။ရိေပၚက ျပန္ၾကည့္ေပးလိုက္ေတာ့ ၿပဳံးျပေနေသးသည္။ ဒီေရွာင္ေရွာင္းက်န့္ကို ဘယ္လိုလုပ္သင့္သလဲ။ ရိေပၚကိုေတာ့ သူကိုယ္တိုင္ ႀကိဳေျပာသင့္တယ္ မဟုတ္လား။
က်ိဳးခ်န္ႏွင့္ ဟုန္ရန္က ညေနေစာင္းမွ ျပန္သြားသည္။ မျပန္ခင္ ေရွာင္းက်န့္ကို ဖက္ၿပီးငိုေနေသးလို႔ ရိေပၚ မနည္းခြာထုတ္လိုက္ရသည္။ေရွာင္းက်န့္ကလည္း သူ႕သူငယ္ခ်င္းေတြႏွင့္ ခြဲရေတာ့ မ်က္ရည္ေလး တစမ္းစမ္း။
ေရွာင္းက်န့္ မနက္ျဖန္ ေပက်င္းကို ျပန္မည့္အေၾကာင္းေတာင္ ရိေပၚ ခုမွ သိရသည္။
ဘာလဲ။ ရိေပၚကိုက် ေဘးဖယ္ထားတဲ့သေဘာလား။
ရိေပၚ တစ္ေယာက္တည္း အခန္းထဲေအာင္းေနလိုက္ေတာ့သည္။ေရွာင္းက်န့္က သူ႕ကို ဂ႐ုမစိုက္ဘူး။ရိေပၚဘက္ကေတာ့ ေရွာင္းက်န့္က သူ႕ကို ျပန္ခ်စ္လာလိမ့္မယ္လို႔ ထင္ေနခဲ့တာ။ယခုေတာ့ ေရွာင္းက်န့္က ေပက်င္းကို အၿပီးျပန္မည့္အေၾကာင္းေတာင္ သူ႕ဆီကို ဖြင့္ဟမလာေပ။ ရိေပၚ ဘာဆက္လုပ္ရမယ္ မသိေတာ့ေပ။ က်ိဳးခ်န္တို႔ငိုသလို ေရွာင္းက်န့္ကို ဖက္ဖက္ၿပီး ေအာ္သာငိုပစ္လိုက္ခ်င္ေတာ့သည္။
'ေဒါက္ ေဒါက္ ေဒါက္'
"ဝမ္ရိေပၚ "
ေရွာင္းက်န့္အသံၾကားေတာ့ သူ ကုတင္ေပၚမွဆင္းကာ တံခါးဖြင့္ေပးလိုက္သည္။
"ဘာလဲ"
"ၿခံထဲဆင္းရေအာင္"
ေရွာင္းက်န့္က ထိုတစ္ခြန္းေျပာၿပီးတာႏွင့္ ေအာက္ထပ္ကို တန္းဆင္းသြားသည္။ ရိေပၚလည္း တံခါးပိတ္ၿပီး ေရွာင္းက်န့္ေနာက္ကိုသာ လိုက္ခဲ့လိုက္သည္။
ဒန္းေပၚထိုင္ေနသည့္ ေရွာင္းက်န့္က ရိေပၚဝင္ထိုင္ဖို႔ ေဘးေနရာကို ပုတ္ျပသည္။ ရိေပၚလည္း ေရွာင္းက်န့္ေဘးနားမွာ ကပ္၍ ဝင္ထိုင္လိုက္သည္။
"ငါေတာင္းပန္ပါတယ္ ရိေပၚ"
"ဘာကိုလဲ"
"မင္းကို ႀကိဳမေျပာမိလို႔"
"..."
"မင္းသိရင္ စိတ္မေကာင္းျဖစ္ၿပီး
စာအေပၚ အာ႐ုံမစိုက္နိုင္မွာစိုးလို႔"
"ခုလည္း အဲ့ဒီအတြက္ ႏွစ္ဆပိုၿပီး ခံစားရတာပဲေလ"
"ငါ... ငါ...တကယ္ေတာင္းပန္..."
"ထားလိုက္ပါေတာ့"
"ငါ မနက္ျဖန္ ျပန္ရေတာ့မယ္"
ရိေပၚ၏ လည္ပင္းမွ Adam's appleက အထက္ေအာက္ လႈပ္ရွားသြားသည္။
"မင္းမွာ ေျပာစရာမရွိေတာ့ဘူးလား
ရိေပၚ"
"....."
"မရွိဘူးဆိုရင္ ငါ..."
"ရွိတယ္"
"..."
"ငါ့ကို ေမ့မသြားပါနဲ႕
မင္းကတိတည္ပါေစ"
"အင္း ငါကတိေပးတယ္"
"စာႀကိဳးစား"
"အင္း"
"ရႈပ္ရႈပ္ယွက္ယွက္ေတြ မလုပ္နဲ႕"
"အင္း"
"တစ္ခုခုအသံၾကားတာနဲ႕ ခ်က္ခ်င္းလိုက္လာမွာ"
"အင္း"
"မသြားခင္ တစ္ခု ေတာင္းဆိုစရာရွိတယ္"
"အင္း"
"ရလား"
"အင္း"
"အေျဖေပး"
"အင္း...ဟင္"
"အေျဖေပး"
"ဟို..."
"အခုေပး..."
"..."
"ေပးမလား မေပးဘူးလား"
"ရိ...ရိေပၚ"
"ေပးလို႔ေျပာေနတယ္ေနာ္"
"..."
"အေျဖေပး"
"ေအးပါ ေအးပါ ဟုတ္ပါၿပီ
ရိေပၚ ငါ မင္းေတာင္းတဲ့ အေျဖေပးပါ့မယ္
ဒါေပမယ့္..."
"..."
"ဒါေပမယ့္ မင္းမ်က္လုံးမွိတ္ထားေပး"
"..."
"လုံးဝဖြင့္မၾကည့္နဲ႕ေနာ္"
"အင္း"
"မွိတ္ထား"
"မွိတ္ၿပီ"
"ဖြင့္မၾကည့္နဲ႕ေနာ္"
"အင္းပါဆို"
ရိေပၚမ်က္လုံးမွိတ္ၿပီး ခဏအၾကာမွာ ႏႈတ္ခမ္းေပၚကို တစ္စုံတစ္ရာက ငါးစကၠန့္မွ် လာေရာက္ဖိကပ္သည္။ ရိေပၚမ်က္လုံးဖြင့္ၾကည့္ဖို႔ေတာင္ သတိမရေတာ့ပါေပ။
ေရွာင္းက်န့္ေပးတဲ့ အေျဖဆိုတာ.....
တဒိန္းဒိန္းျဖစ္ေနေသာ ရင္ဘတ္အစုံကို လက္ျဖင့္ဖိကာ မ်က္လုံးကို အသာဖြင့္ၾကည့္ေတာ့ ေရွာင္းက်န့္ကမရွိေတာ့ပါ။
ကိုယ့္ႏႈတ္ခမ္းကို လက္ျဖင့္ အသာထိၾကည့္သည္။ တကယ္ႀကီးလား။
တကယ္ႀကီး ေရွာင္းက်န့္က သူ႕ကို နမ္းသြားတာလား။
"ကိုကို!!!!!"
........................................................................