|| 1 ||

15.2K 883 5
                                    

|| Unicode ||

ဖတ်

ခေါင်းကို လာမှန်တဲ့ တစ်စုံတစ်ခုကြောင့်
လှည့်ကြည့်လိုက်တော့ တံခါးကို မှီပြီး ရပ်နေသည့် ဝမ်ရိပေါ်ကိုတွေ့သည်။

"အဲ့ထဲက စာရင်းအတိုင်း ဝယ်ခဲ့"

ဝမ်ရိပေါ်က ရှောင်းကျန့် ခြေရင်းနားကျနေသောစက္ကူလုံးကို မေးထိုးပြရင်း ​ပြောသည်။

"မင်းက ဘာကောင်မို့ ငါ့ကို လာခိုင်းနေတာလဲ"

"မင်းက အိမ်ငှား
ငါက အိမ်ပိုင်ရှင်မို့ ခိုင်းတာ"

"မင်းပိုင်တာမှ မဟုတ်တာ
အားရီပိုင်တာ"

"ငါ့မားပိုင်တဲ့အိမ်က ငါ့အိမ်ပဲ
အဲ့တော့ ငါ့မားရဲ့ အိမ်ငှားကလည်း ငါပိုင်တဲ့ အိမ်ငှားပဲ"

"အောင်မာ ဘာကိစ္စ ငါ့ကို မင်းပိုင်တာလဲ
ရူးနေလား"

ရှောင်းကျန့်က နှုတ်ခမ်းတထော်ထော်နဲ့ ပွစိပွစိပြောရင်း လှည့်ထွက်သွားသည်။

"ရှောင်းကျန့် စာရွက်ကောက်သွားနော်
ငါမှာတာတွေ မပါရင် အကြောင်းသိမယ်"

ရိပေါ်စကားအဆုံး  ရှောင်းကျန့်ခြေလှမ်းတွေ
ရပ်တန့်သွားသည်။ ထို့နောက် စာရွက်ရှိရာသို့ ပြန်လျှောက်လာသည်။
ရိပေါ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက်
မြေကြီးပေါ်ကျနေတဲ့စာရွက်ကို ဖနောင့်နှင့် သုံးချက်လောက်ပေါက်ပြီး လှည့်ထွက်သွားသည်။

"ရှောင်ရှောင်းကျန့်!!!"

...........................................

ရှောင်းကျန့် ပါပါးက ပေကျင်းသားဖြစ်ပြီး
မာမားကတော့ လော့ရန်ဇာတိဖြစ်သည်။
ရှောင်းကျန့်တို့က လော့ရန်မှာနေသည်။
ရှောင်းကျန့် အထက်တန်းဒုတိယနှစ်မှာ
တစ်မိသားစုလုံး အဓိကစီးပွားရေးလုပ်ငန်းရှိရာ ပေကျင်းသို့ပြောင်းကြသည်။

စာသင်နှစ် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းမပြောင်းချင်သော ရှောင်းကျန့်ဆန္ဒကို မိဘနှစ်ပါးလုံးက နားလည်ပေးကြပေမယ့် တစ်ယောက်တည်း နေခဲ့ချင်သည်ဟူသော ဆန္ဒကိုတော့ မလိုက်လျောပေ။

ထို့ကြောင့်ပင် ရှောင်းကျန့်က ဝမ်ရိပေါ်တို့ အိမ်အပေါ်ထပ်မှာ ငှားနေသည့် အိမ်ငှားကောင်လေးဖြစ်လာသည်။

Pit - a - Pat || Completed ||Where stories live. Discover now