|| 10 ||

4.8K 630 35
                                    

|| Unicode ||

အားကစားပွဲက နီးသထက်နီးလာသည်။
ရှောင်းကျန့်တို့ အချိန်ပို ထရိန်နင်တွေ ဆင်းကြရသည်။ မနှစ်ကရထားသော မြို့နယ်ဖလားကို ဒီနှစ်လည်း ကာကွယ်ရပါမည်။

​ ကျောင်းအတွင်းမှာ စီနီယာအသင်းနှင့် ဂျူနီယာအသင်းကွဲပေမယ့် တစ်ကျောင်းလုံးကိုယ်စားပြုအသင်းအတွက်တော့ ကစားသမားအကုန်လုံးထဲက လက်ရွေးစင်ပြန်ရွေးချယ်ရသည်။
ရှောင်းကျန့်ရော ဝမ်ရိပေါ်ပါ အသင်းထဲမှာ
အဓိက ကစားသမားအဖြစ်ပါပြီး ရှောင်းကျန့်ကတော့ အသင်းခေါင်းဆောင်​ဖြစ်သည်။

ယနေ့မနက်စောစောမှာလည်း ထရိန်နင်ရှိသည့်အတွက် ရှောင်းကျန့်က စောစောထသည်။အားရီလုပ်ထားတဲ့ပေါင်မုန့်မီးကင်ကို ထိုင်တောင်မစားနိုင်ပါ၊ ကောက်ယူလာကာ အမြန်ထွက်ရသည်။အသင်းခေါင်းဆောင်ကိုယ်တိုင် အချိန်လေးစားပါမှ ကျန်တဲ့သူတွေပါ လေးစားကြမည်မလား။
ရှောင်းကျန့် ခြံတံခါးကထွက်တော့ နောက်ကျောဘက်ဆီက အသံကြားရသည်။

"ရှောင်းကျန့် ငါ့ကိုစောင့်ဦး"

"ဟွန့် စောစောစီးစီးဖြင့်မထပဲ
စောင့်စရာလား"

ရှောင်းကျန့်က ဘတ်စ်ကားမှတ်တိုင်ဆီ သုတ်ခြေတင်သည်။
မှတ်တိုင်မရောက်ခင်မှာပဲ နောက်မှပြေးလိုက်လာသော ရိပေါ်ကမှီလာသည်။
ရိပေါ်က သူနှင့် ဘေးချင်းယှဥ်ကာလျှောက်သည်။

"မောလိုက်တာ"

"မင်းကို ဘယ်သူကပြေးလိုက်ခိုင်းလို့လဲ"

"မင်းကရော ဘာလို့မစောင့်တာလဲ
ငါအော်နေတာ မကြားဘူးလား"

"ဘာကိစ္စစောင့်ရမှာလဲ
ကိုယ့်လမ်းကိုယ်သွား"

"ဒါလည်း ငါသွားရမယ့်လမ်းလေ"

ရှောင်းကျန့်က ဆက်မပြောပဲ ခြေလှမ်းသွက်သွက်လှမ်းသည်။ ရိပေါ်ကလည်း သွက်သွက်လိုက်ကာ ကပ်လျှောက်သည်။
ရိပေါ်က ကပ်လိုက်၊ ရှောင်းကျန့်က တစ်ဖက်တိုးကာခွာလိုက်နှင့် လမ်းလယ်ခေါင်နားထိ ရောက်လာသည်။

'တီတီ'

နောက်ကျောဘက်ဆီမှ  ကားဟွန်းတီးသံနှင့်အတူ ရိပေါ်က ရှောင်းကျန့်ကို လှမ်းဆွဲလိုက်သည်။သို့သော် အရှိန်မထိန်းနိုင်ပါပဲ ရှောင်းကျန့်ရော ရိပေါ်ပါ လမ်းမထက် လုံးထွေးကျသွားသည်။ ကားကတော့ သူ့လမ်းသူဆက်မောင်းသွားသည်။

Pit - a - Pat || Completed ||Where stories live. Discover now