|| 12 ||

4.4K 611 36
                                    

|| Unicode ||

တစ်နေကုန် တောက်တဲ့လို လိုက်ကပ်ပြီး
ဟိုခိုင်း ဒီခိုင်းလုပ်နေသည့် ဝမ်ရိပေါ်ကြောင့်
ရှောင်းကျန့် စိတ်တိုလာသည်။
မနက်ကလည်း သူ့ကိုအိမ်လိုက်ပို့ပြီး ကျောင်း ပြန်သွားမယ့်အရေးကို ဖျက်လိုက်ရသည်။ ရှောင်းကျန့်ကြောင့်ဖြစ်တာဆိုပေမယ့်
ဒါတော့ နည်းနည်းလွန်လွန်းတယ်မလား။

"ရှောင်းကျန့် ထမင်းစားချင်တယ်"

"သွားစားလေ"

"ခူးပေးလေ"

"ဝမ်ရိပေါ် ဒီနာတာလောက်က အသေးအဖွဲပါလို့ ပြောတာလည်း မင်း၊ ခု ထိုင်ရာကမထပဲ
ငါ့ကို ဟိုခိုင်း ဒီခိုင်း လုပ်နေတာလည်း မင်း"

"မင်းအသက်ကို ကယ်လိုက်လို့ ဖြစ်သွားတာ
အားနာမှုရှိပါ"

"မနာနိုင်ဘူး
နောက်ခါဆို ကယ်လည်း မကယ်နဲ့
ငါ့ဘာသာ ဘာပဲဖြစ်ဖြစ်"

"ဘာလို့ အဲ့လောက်
ကတ်ကတ်လန်နေရတာလဲ"

"မင်းလုပ်တာ ဟုတ်သလား ပြန်ကြည့်လေ
ဟိုဟာယူပေး ဒီဟာယူပေးနဲ့၊ရေတောင် ခပ်တိုက်ခိုင်းနေတော့တာ
ငါဘယ်​လောက်သည်းခံထားရတယ်ထင်လဲ"

"ဆက်သည်းခံလိုက်ပါဦး"

"ဝမ်ရိပေါ်!"

"လုပ်ပါ ထမင်းသွားခူးပေး
ငါဗိုက်ဆာလို့ပါ နော် ကိုကိုရာ"

"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ထိုင်နေခဲ့
ကိုကိုလို့ထပ်ခေါ်ရင် အဲ့ပါးစပ်ကို
နှစ်ခြမ်းခွဲပစ်မယ်"

ရှောင်းကျန့်စကားဆုံးတော့ ဝမ်ရိပေါ်က ကြောက်လိုက်တာဟူသော သဘောဖြင့် မျက်နှာကိုငယ်ပြကာ ပခုံးတွန့်ပြသည်။
ရှောင်းကျန့်က ခေါင်းကိုခါရမ်းရင်း ထမင်းစားခန်းထဲ ဝင်သွားသည်။

"ကတ်ကတ်လန်နေတာပဲ
ချစ်စရာလေး"

........................................................................

"ခွံ့ကျွေး"

"ဘာ!!!!!"

"ဘာလို့ အဲ့လောက်အော်နေရတာလဲ"

"မင်းမှာ လက်မပါဘူးလား"

"ဟ... မင်းကြောင့်ဖြစ်တာလေ"

Pit - a - Pat || Completed ||Where stories live. Discover now