|| 7 ||

5.1K 675 27
                                    

|| Unicode ||

မာမား ပေကျင်းကို ပြန်သွားပြီး တစ်ပတ်ခန့်အကြာမှာ ရှောင်းကျန့်တို့သူငယ်ချင်းတသိုက်
စာစုလုပ်ဖို့ တိုင်ပင်ကြသည်။
နေရာကတော့ ရှောင်းကျန့်တို့အိမ်ကိုရွေးလိုက်ကြသည်။ တိတိကျကျပြောရလျှင်
ရှောင်းကျန့်ရဲ့ မတည့်အတူနေ ဝမ်ရိပေါ်  ၏အိမ်ကို ရွေးလိုက်ကြသည်။

"ကျောင်းပိတ်ရက်မှာတောင် ကောင်းကောင်းမအိပ်ရပါလား ဆူညံနေတာပဲ"

လှေကားပေါ်က ဆင်းလာသော ရိပေါ်ဆီကို ဧည့်ခန်းထဲမှာထိုင်နေသော ရှောင်းကျန့်မျက်စောင်းက ဒိုင်းခနဲပါပဲ။ရှောင်းကျန့်ဘေးနားမှာ ခုနက ဆူညံဆူညံနဲ့စကားပြောနေတဲ့ ကျိုးချန်အပါအဝင် ကျန်တဲ့သုံးယောက်ဟာလည်း
ချက်ချင်းကို ငြိမ်ကျသွားသည်။

"အားရီတောင် ဘာမှမပြောတာကို
မင်းကဘာဖြစ်နေတာလဲ"

"ဒါ ငါ့အိမ်နော်"

"ငါစွဲ စွဲမနေနဲ့"

"စွဲတယ်ကွာ မင်းကလည်း ငါ့အိမ်ငှား
ငါ့အိမ်ငှား ငါ့အိမ်ငှား"

ရှောင်းကျန့်၏ စကားပြန်ကိုတောင်မစောင့်ပဲ
ဝမ်ရိပေါ်က ထမင်းစားခန်းထဲ ပြေးဝင်သွားသည်။

"အဟမ်း"

"ကျိုးချန် ဘာဖြစ်နေတာလဲ
မင်းတွေးနေတာ ငါသိတယ်
မျက်နှာပိုးသတ်စမ်း"

"ဟုတ်"

ခဏကြာတော့ ဝမ်ရိပေါ်က ကော်ဖီခွက်ကို ကိုင်လျက် ရှောင်းကျန့်တို့ စာလုပ်နေတဲ့အနားပြန်ရောက်လာသည်။

"ကိုကို ကော်ဖီသောက်ဦးမလား"

"မင်းပဲမျို"

ကျိုးချန်က ရယ်ချင်စိတ်ကို အတင်းမျိုသိပ်ထားရဟန်ဖြင့် ဘေးက ဟုန်ရန်ကို လှမ်းပြောသည်။

"ကိုကိုတဲ့"

ဝမ်ရိပေါ်က ဂရုမစိုက်ဟန်ဖြင့် ကော်ဖီသောက်ရင်း ဝင်ထိုင်သည်။

"ဘာလာလုပ်တာလဲ သွားတော့လေ"

"ငါ့အိမ်ပဲ ငါထိုင်ချင်တဲ့နေရာ ထိုင်မှာပေါ့"

ရှောင်းကျန့်က သူ့ကိုဘုကြည့်ကြည့်ကာ စာဆက်လုပ်နေသည်။
ဘေးနားကတစ်ယောက်နှင့် ခေါင်းချင်းဆိုင်ပြီး တိုးတိုး တိုးတိုးပြောနေကြသေးသည်။ တစ်ခါလည်း မဟုတ် ၊ နှစ်ခါလည်း မဟုတ်။
ကြာတော့ ဝမ်ရိပေါ် ကြည့်မရတော့။

Pit - a - Pat || Completed ||Where stories live. Discover now