|| 2 ||

6.3K 766 9
                                    

|| Unicode ||

"ဂိုး"

နောက်ဆုံးမိနစ်မှာ ကပ်ပြီး ဂိုးသွင်းသွားတဲ့ရှောင်းကျန့်က သူ့ဘော်ဒါတွေဆီပြေးရင်း ရိပေါ်ကို လျှာထုတ်ပြီးပြောင်ပြသွားသေးသည်။

"မျက်နှာရူး"

"ကျန့်ကောသွင်းသွားတဲ့ အကွက်လေးလှတယ်နော်"

"ဘာလှတာလဲ အဲ့လောက်ကတော့ ငါလည်းသွင်းတတ်တယ်"

"မစ္စတာဂျေ"

လက်ထဲက ရေဘူးနဲ့ ဟောက်ရွှမ်းကို ကောက်ပေါက်ကာ ထထွက်လာခဲ့သည်။

"အဲ့မျက်နှာရူးကို ဂျေဝင်စရာလား"

ကွင်းထဲက ပြန်ထွက်လာရင်း မျက်လုံးကိုဝေ့ဝဲကြည့်လိုက်တော့ တဆူဆူတညံညံနဲ့ ဝိုင်းဝိုင်းလည်နေတဲ့ကောင်မလေးတွေကြားမှာ ဟိုမျက်နှာရူးအရပ်က ထိုးထွက်နေသည်။

ထုံးစံအတိုင်း ကောကော ကောကောနဲ့ tissue
ပေးလိုက် ၊ ရေဘူးပေးလိုက်လုပ်နေကြတာဖြစ်မည်။ ဟိုတစ်ယောက်ကလည်း တဟီးဟီးနဲ့ မိုးမမြင်လေမမြင်ဖြစ်နေလိုက်တာများ ကြည့်ရတာ မြင်ပြင်းတောင်ကတ်သည်။

"တည်တည်တန့်တန့်ကို မရှိဘူး"

.....................................................................

"ရှောင်ပေါ် ပြန်လာပြီလား
နောက်ကျလိုက်တာ အားကျန့်တောင်ပြန်ရောက်တာကြာပြီ"

"ဟုတ်တယ် မား ဟောက်ရွှမ်းနောက်ကို အဖော်လိုက်သွားလို့"

"အေးအေး သွား ရေမိုးချိုး အဝတ်အစားလဲခဲ့
ဒီနေ့ အားကျန့်က ဟင်းချက်နေတာ
ပြီးရင် တူတူစားကြမယ်"

"ဟုတ်မှလည်း လုပ်ပါ မားရယ်
မျက်ခုံးတွေကတော့ ခပ်လှုပ်လှုပ်ပဲ"

"ဟဲ့ ဒီကလေး
သွားသွား ရေချိုးမှာချိုး"

ရိပေါ် ရေချိုးပြီး ပြန်ဆင်းလာတော့ ထမင်းစားခန်းထဲ မရောက်ခင်မှာပင် ရယ်သံလွင်လွင်ကိုကြားရသည်။

"ဟော လာ သား
မားတို့က စောင့်နေတာ"

"စားနှင့်တာမဟုတ်ဘူး"

"တစ်အိမ်လုံးမှ ဒီသုံးယောက်ပဲရှိတာ
လက်ဆုံစားရမှာပေါ့"

Pit - a - Pat || Completed ||Where stories live. Discover now