|| 16 ||

4.7K 559 22
                                    

|| Unicode ||

ဘောလုံးကွင်းထဲ ဖွင့်ပြောခံရပြီးတဲ့နောက်မှာ ရှောင်းကျန့်အဖို့ ဝမ်ရိပေါ်နှင့် ပြောဆိုဆက်ဆံတာ အနည်းငယ် ကသိကအောက် ဖြစ်လာသလောက် ဝမ်ရိပေါ်ကတော့ အရင်ကထက် ပိုမိုပွင့်လင်းလာသည်။ ရှောင်းကျန့်နားလည်း ပိုကပ်လာသည်။ ယခုလည်း မနက်စော​စောစီးစီး ရှောင်းကျန့် ခေါင်းဖြီးနေတဲ့ဘေးမှာ လာကြည့်နေသည်။

"ကိုကို"

"..."

"ကိုကို"

"နားကြားပြင်းကတ်အောင် မလုပ်စမ်းနဲ့
ဝမ်ရိပေါ်"

"ဘယ်သွားမလို့လဲ"

"ဘယ်သွားသွားပေါ့"

"ငါ မေးတာသာဖြေစမ်းပါ
မဟုတ်ရင် အန်တီ့ဆီ ဖုန်းဆက်ပြီး တိုင်လိုက်မှာနော်"

"မင်း...တိုင်ကွာ"

"ရှောင်းကျန့်"

"ဘာလဲကွာ ငါ ကျိုးချန်တို့နဲ့ ကော်ဖီဆိုင်မှာ စာလုပ်ဖို့ချိန်းထားလို့ ဟုတ်ပြီလား"

"စာသွားလုပ်တာ အဲ့လောက်သစရာလိုလား"

"လိုတယ်... ရပြီနော်"

"ဘယ်ဆိုင်လဲ"

"ဘယ်ဆိုင်တော့ ဘာလုပ်မလို့လဲ"

"လိုက်မလို့"

"ဘာ!!"

........................................................................

ရှောင်းကျန့် စာလုပ်ရင်း ချွေးပြန်လာသည်။ သူတို့နဲ့မျက်နှာချင်းဆိုင်ဝိုင်းမှာ ဝမ်ရိပေါ်က  တစ်ယောက်တည်း ငြိမ်ငြိမ်ထိုင်နေပေမယ့် အကြည့်တွေကတော့ ရှောင်းကျန့်ထံသို့ စူးစူးရဲရဲကျရောက်သည်။
တကယ်ပဲ ဝမ်ရိပေါ် သူဘာဖြစ်ချင်နေတာလဲ။

"ရှောင်းကျန့် မင်း ချွေးတွေပြန်..."

ပြောရင်းဆိုရင်း ဟုန်ရန်က တစ်သျှူးတစ်ရွက်နှင့်သူ့နဖူးဆီ ချွေးသုတ်ပေးရန် လက်လှမ်းလာသည်။ ရှောင်းကျန့် ဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်တော့ မျက်မှောင်ကြုံ့၍စိုက်ကြည့်နေသည်မှာ ကျောချမ်းစရာ။ ရှောင်းကျန့်လည်း ဟုန်ရန်ဆီက တစ်သျှူးကို ဖြတ်ခနဲလှမ်းယူလိုက်သည်။

Pit - a - Pat || Completed ||Where stories live. Discover now