|| 17 ||

4.2K 543 23
                                    

|| Unicode ||

"မာမား လာပြီလား "

ရှောင်းကျန့်က လှေကားပေါ်မှပြေးဆင်းကာ မာမားကိုပြေးဖက်သည်။

"လာပြီပေါ့ အဆိုးလေးရဲ့"

"မားနော်"

"စာရပြီလား"

"ဘယ်ကစမ်းစမ်း ညာကစမ်းစမ်းပဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

စာမေးပွဲက သဘက်ခါစဖြေရမည်ဖြစ်သည်။
ဒီရက်ပိုင်းထဲ ရှောင်းကျန့်စာကိုသေချာလုပ်ဖြစ်သည်။ ကြားထဲ ဘောလုံးထရိန်နင်တွေနဲ့ အလုပ်များခဲ့သေးသည်မလား။

မာမားက ပြောထားသည့်အတိုင်း စာမေးပွဲရက်အမှီ ရောက်လာသည်။ဘာပဲပြောပြော
မာမားဘေးမှာရှိတော့ ရှောင်းကျန့် ပိုအား
တက်သည်။မာမားလုပ်ပေးတဲ့ ပူတင်းလေးစားလိုက်၊ စာကျက်လိုက်လုပ်ရတာ သိပ်ကောင်းသည်။

"ရိပေါ်ရော ကျန့်အာ "

"သူ့အခန်းထဲမှာ နေမှာပေါ့"

ခုတလော ဝမ်ရိပေါ်က အရင်လောက် ရှောင်းကျန့်အနားမှာ မကပ်တော့သလို ခံစားရသည်။ အထူးသဖြင့် ရှောင်းကျန့်စာကြည့်နေတဲ့အချိန်တွေမှာဆို ရိပေါ်က ဘယ်ကိုပျောက်သွားလို့ ပျောက်သွားမှန်းမသိပေ။
အဲ့တာက နည်းနည်း ၊ နည်းနည်းလေးတော့ ရှောင်းကျန့်စိတ်ကို ကသိကအောက်နိုင်စေသည်။

"သား စာကြည့်လိုက်ဦးမယ်"

အပေါ်ထပ်ရှိ အခန်းဆီကိုသာ တက်ခဲ့လိုက်သည်။ မျက်နှာချင်းဆိုင်အခန်းနားရောက်တော့ တံခါးခေါက်ကြည့်လိုက်ရမလားဆိုတဲ့ စိတ်ကလေးတော့ ပေါ်လာသည်။ နောက်တော့လည်း ကိုယ့်အခန်းထဲကိုသာ ​ဝင်ခဲ့လိုက်သည်။ သူမခေါ်ရင် ကိုယ်လည်း ခေါ်စရာလား။ ရှောင်းကျန့်တို့က မာနကြီးကြီးပဲ။

စာကြည့်စားပွဲမှာ ထိုင်နေတာ ဘယ်လောက်အချိန်ကြာသွားတယ်တော့ မသိ။ အပြင်က အခန်းတံခါးခေါက်သံကြားမှ ထရပ်ဖြစ်တော့သည်။ အဆက်မပြတ်ခေါက်နေသော တံခါးကို ဆွဲဖွင့်လိုက်တော့ ဝမ်ရိပေါ်မျက်နှာက ပေါ်လာသည်။

"ဘာလဲ"

"ကိုကို..."

ဝမ်ရိပေါ်က သူ့ကိုတွန်းကာ အခန်းထဲကိုဝင်၍ တံခါးပိတ်လိုက်သည်။

Pit - a - Pat || Completed ||Where stories live. Discover now