|| 9 ||

5K 684 36
                                    

|| Unicode ||

"ရှောင်းကျန့် နည်းပြက လာခဲ့ဦးတဲ့"

"အေး"

ရှောင်းကျန့် တစ်ယောက်တည်း  အားကစားခန်းမဘက် ထွက်လာခဲ့သည်။ဟိုကိုရောက်တော့ နည်းပြဘေးမှာ ဝမ်ရိပေါ်လည်းရောက်နေသည်။

"လာ ရှောင်းကျန့်
မင်းကိုမျှော်နေတာ"

"ဘာကိစ္စရှိလို့လဲ ဆရာ"

"ဒီလိုပါ မင်းတို့သိတဲ့အတိုင်း ဆရာတို့ ဒီဇင်ဘာအားကစားပြိုင်ပွဲတွေ လာတော့မယ်လေ"

"ဟုတ် ဆရာ"

"အဲ့တာ အရင်ကထက်ပိုပြီး ထရိန်နင်ဆင်းကြဖို့ရယ် တခြားတိုင်ပင်စရာလေးတွေရှိလို့"

"ဟုတ်"

"ပြီးတော့ ဝမ်ရိပေါ်တို့အသင်းနဲ့ မင်းတို့အသင်းက ကျောင်းအတွင်းမှာသာ ပြိုင်ဘက်တွေလေ၊ ဘာပဲပြောပြော တစ်ကျောင်းတည်းပဲမလား၊ အဲ့တော့ ခုကစပြီး တူတူတွဲလေ့ကျင့်ကြ ဟုတ်ပြီလား"

"အာ..."

"ဟုတ်... ရပါတယ် ဆရာ
ကျွန်တော် ရှောင်းကျန့်နဲ့ပူးတွဲလေ့ကျင့်လိုက်ပါ့မယ်"

"..."

အံကြိတ်ပြနေသော ရှောင်းကျန့်ကို ဝမ်ရိပေါ်က မမြင်ချင်ယောင်ဆောင်သည်။

"ဒီညနေမှာ မင်းတို့နှစ်သင်း ခြေစမ်းပွဲကစားမယ်နော် ကိုယ့်အသင်းကို ပြောထားလိုက်ဦး"

"ဟုတ်"

"ဒီနှစ် မြို့နယ်ဖလားကို ဆရာတို့ကျောင်းအတွက်ယူပေးမယ်မလား"

"ဒါပေါ့ ဆရာ"

"ကျွန်တော်တို့ကျောင်းအတွက်ပါပဲ"

"အားကစားလည်းလုပ်
စာလည်းလုပ်ကြနော်
စာမေးပွဲက အဝေးကြီးမလိုတော့ဘူးမလား"

"ဟုတ်...ဆရာ"

နည်းပြနဲ့အခြားတိုင်ပင်စရာရှိတာတိုင်ပင်ပြီး
နှစ်ယောက်လုံး ကိုယ့်အတန်းကိုယ် ပြန်လာခဲ့သည်။

"ရှောင်းကျန့်"

"ဘာလဲ"

"ဆရာပြောတာမမေ့နဲ့နော်"

"ဘာကိုလဲ"

"ငါနဲ့ပူးတွဲလေ့ကျင့်ဖို့လေ"

Pit - a - Pat || Completed ||Where stories live. Discover now