|| 18 ||

4K 533 9
                                    

|| Unicode ||

"ငါမြင်လိုက်တယ်"

"..."

"ကျိုးချန် ငါ့ကိုလည်းပြောပါဦး
ဘာမြင်တာလဲ"

"ဒီလို ဟုန်ရန်ရ
ရှောင်းကျန့်ကို ဝမ်..."

"ကျိုးချန်!"

အချိန်ကိုက်ဆိုသလို စာမေးပွဲအခန်းထဲဝင်ရန် အချက်ပေး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

"ဝင်ကြတော့ သွား
စကားများမနေနဲ့"

"ကျိုးချန် ပြီးရင် ငါ့ကို ပြောပြဦးနော်"

"..."

စာအုပ်သိမ်းရင်း တွတ်ထိုးနေသည့် ထိုနှစ်ယောက်ကို လျစ်လျူရှုကာ စာဖြေခန်းထဲဝင်လိုက်သည်။ တဒိတ်ဒိတ်ဖြစ်နေသော နှလုံးခုန်သံကိုပါ အပိုဆုအနေနှင့် လျစ်လျူရှုထားလိုက်ရသည်။
စာမေးပွဲဖြေခါနီးမို့ ခုန်တာလား။ဒါမှမဟုတ်
တစ်စုံတစ်ယောက်ကြောင့်များ.....

ခေါင်းကို ခါယမ်းလိုက်သည်။
သူ စာမေးပွဲအပေါ်မှာပဲ အာရုံစိုက်ဖို့ လိုအပ်နေပါပြီ။

မေးခွန်းက ထင်ထားတာထက်လွယ်တာမို့ ရှောင်းကျန့် ကောင်းကောင်းဖြေနိုင်သည်။
စာဖြေနေရင်း ဟိုကလေးလည်း ဖြေနိုင်ပါ့မလားဆိုတဲ့ အတွေး ဝင်လာသဖြင့် ကိုယ့်ခေါင်းကိုယ် နာနာထုရသေးသည်။

သတ်မှတ်ချိန်ပြည့်၍ စာဖြေခန်းထဲမှ ထွက်လာတော့ ဝမ်ရိပေါ်က အခန်းရှေ့မှာ စောင့်နေသည်။ ရှောင်းကျန့်ကို မြင်တော့ အပြေးကလေး လှမ်းလာသည်။

"ကိုကို ဖြေနိုင်လား"

"အေးဆေး
မင်းရော"

"အေးဆေး"

နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။

"သွားရအောင်လေ
မားစောင့်နေရလိမ့်မယ်"

"အင်း"

"..."

"ကိုကို"

"အင်း"

"လက်ကိုင်ထားရမလား"

"လူမရှုပ်ပါဘူး"

"..."

"ဒါပေမယ့်... "

"..."

"မင်းကကိုင်ပေးထားချင်တယ်
ဆိုရင်တော့လည်း...."

Pit - a - Pat || Completed ||Where stories live. Discover now