|| 3 ||

5.5K 750 26
                                    

|| Unicode ||

ရှောင်းကျန့်တစ်ယောက် ယခု ဘတ်စ်ကားမှတ်တိုင်မှာ ပေါင်မုန့်ထိုင်စားနေသည်။
ဟိုသကောင့်သား ဝမ်ရိပေါ်နှင့် မျက်နှာချင်းမဆိုင်ချင်လို့ မနက်စာတောင်မစားခဲ့ပဲထွက်လာခဲ့တာ။

"ဘတ်စ်ကလည်း မလာနိုင်ဘူး"

ရှောင်းကျန့် ပေါင်မုန့်နှစ်လုံးကုန်လို့ သုံးလုံးမြောက် စစားနေမှ ဘတ်စ်ကားအရိပ်အယောင်မြင်ရတော့သည်။
ကားရပ်တာနှင့် တန်းတက်ဖို့ရန် မတ်တပ်ထရပ်ကာ အဆင်သင့်ပြင်ထားလိုက်သည်။
လက်ထဲက ပေါင်မုန့်ကိုတော့ အစားမပျက်ပါပေ။

ကားအရှိန်သတ်လိုက်တာနှင့် တစ်ပြိုင်နက် ရှောင်းကျန့်က ကားတံခါးပေါက်ဆီပြေးသည်။
ကားပေါ်တက်လုဆဲဆဲမှာပင် တစ်စုံတစ်ယောက်က ရှောင်းကျန့်ကို ခန္ဓာကိုယ်ဖြင့်တွန်းတိုက်ချပြီး ကားပေါ်ပြေးတက်သွားသည်။ ထိုမျှမကသေး ရှောင်းကျန့် လက်ထဲက ပေါင်မုန့်ကိုပင် လုသွားသေးသည်။

ထောင်းခနဲ ထွက်လာသောဒေါသနှင့်အတူ
ကားပေါ်တက် ၊ ကားခထည့်ပြီး သွားရန်ပြင်တော့ ဒရိုင်ဘာဦးလေးကြီးက ပြောသည်။
'နှစ်ယောက်စာ'တဲ့။

"ဘာကိုနှစ်ယောက်စာလဲ
ဒီမှာ ကျွန်တော် တစ်ယောက်တည်း..."

ဆက်ပြောမည့် ရှောင်းကျန့်စကားတို့က ဘတ်စ်ကားနောက်ပိုင်းက ခုံပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေသော ဝမ်ရိပေါ်ကိုမြင်လိုက်တော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။
ခုနက တွန်းတိုက်ပြီး ပေါင်မုန့်လုသွားတာလည်း ဒင်းပဲဆိုတာ ရှောင်းကျန့်သိလိုက်ပါသည်။မတတ်နိုင်၊ ဆောင့်ကြီးအောင့်ကြီးနှင့် ကားခနှစ်ယောက်စာထည့်ပြီး ဝမ်ရိပေါ်ခုံနား တန်းသွားလိုက်သည်။

"သူများမုန့်ကိုမှ တော်တော်စားချင်နေလား"

"အင်း"

"ဖယ်"

"ဘာကိစ္စဖယ်ရမှာလဲ
ငါအရင်ရောက်တာ"

"ကားခက ငါထည့်ပေးလိုက်ရတာလေ
ဖယ် ငါထိုင်မယ်"

"မဖယ်ဘူး"

"မဖယ်ရင် ကားခပြန်ပေး"

"မပေးနိုင်ဘူး"

"ဝမ်ရိပေါ်  မနက်စောစောစီးစီး ငါ့ကို ဒုက္ခမပေးစမ်းနဲ့"

Pit - a - Pat || Completed ||Where stories live. Discover now