|| 8 ||

4.9K 652 28
                                    

|| Unicode ||

"ရှောင်းကျန့်ကို ကျောင်းရှေ့မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်"

ထိုစကားကိုကြားတာနှင့် ဝမ်ရိပေါ်က စာသင်ခန်းထဲကနေ ပြေးထွက်ပြီး ကျောင်းရှေ့ကို ပြေးသည်။
ကြားသည့်အတိုင်းပါပင်၊ ရှောင်းကျန့် တစ်ယောက် ဘေးကကောင်မလေးနှင့် ဘာတွေပြောနေလဲတော့မသိပါ။ ဖြီးနေတာပဲ။

ဝမ်ရိပေါ်အကြာင်း သိစေရမယ်ဟု ဆုံးဖြတ်ကာ စာသင်ခန်းထဲ ပြန်လာခဲ့သည်။
တကယ်တော့ ဒီကိစ္စက ဝမ်ရိပေါ်နှင့်မဆိုင်ပါ။မဆိုင်ပေမယ့် ဝမ်ရိပေါ်အ​ကြောင်း သိစေရမည်။

........................................................................

"မဟုတ်ပါဘူးဆို မားရာ"

"..."

"တီချယ်ခိုင်းလို့သွားရတာ"

"..."

"မားကို ဘယ်သူပြောလဲ"

"..."

"စာမေးပွဲက သိပ်မလိုတော့တာကို
ကျွန်တော်က ရည်းစားထားစရာလား မားရာ"

"..."

"သေချာတယ် သေချာတယ်"

"..."

"ကတိပေးတယ် ဟုတ်ပြီလား"

တစ်နာရီခန့် ဖုန်းထဲကနေ မားရဲ့ ပေါက်ပေါက်ဖောက်မှု အဆုံးမှာ ရှောင်းကျန့် ပထမဆုံးလုပ်မိတာကတော့ ဝမ်ရိပေါ်ကို လိုက်ရှာတာပါပဲ။
မားမပြောပေမယ့် ဝမ်ရိပေါ် လက်ချက်ဆိုတာ ရှောင်းကျန့်သိသည်။

"ဝမ်ရိပေါ်"

"ဝမ်ရိပေါ်"

အိမ်ထဲမှာ မတွေ့တဲ့အဆုံး ခြံထဲကိုထွက်ကြည့်တော့မှ သကောင့်သားက ဒန်းပေါ်မှာ နားကြပ်တပ်ကာ ငြိမ့်နေသည်။
ရှောင်းကျန့် စိတ်တိုတိုနှင့် အနားကို သွားကာ နားကြပ်ကို ဆွဲဖြုတ်လိုက်တော့မှ ပေစောင်းစောင်းနှင့် မော့ကြည့်လာသည်။

"ဘာလဲ"

"မင်း ဒါသဘောလဲ ဝမ်ရိပေါ်"

"ဘာကိုလဲ"

"မားကို လှမ်းတိုင်တဲ့ကိစ္စ"

"ငါမသိပါဘူး ဘာကိစ္စလဲ"

"ဗြောင်လိမ်မနေနဲ့ မင်းမလုပ်လို့ ဘယ်သူလုပ်မှာလဲ"

"ဟုတ်တယ် ငါတိုင်တာ ဘာဖြစ်လဲ"

Pit - a - Pat || Completed ||Where stories live. Discover now