[Zawgyi]
အပိုင္း ၁၀၆ (ေသလုဆဲဆဲျဖစ္ျခင္း)
ေရွာင္ေခ်ာင္းက သူမအျမင္ေတြကို သေဘာမတူခဲ့ေပ။ လူေတြ ေငြရွာၾကတာ သုံးဖို႔ပဲ မဟုတ္လား။ လူေတြက ေငြမသုံးခ်င္ၾကေတာ့ရင္ ေငြရွာစရာအေၾကာင္းလည္း မရွိေတာ့ပါေခ်။ ဒါေပမဲ့လည္း သူမက အေမျဖစ္သူႏွင့္ ျငင္းခုံမေနခဲ့ေပ။ သူမက တစ္ဆင့္ခ်င္း တျဖည္းျဖည္း ေဆြးေႏြးဖို႔ ရည္႐ြယ္ထားၿပီး သူမအေမကို ပါးနပ္စြာ လႊမ္းမိုးမွာ ျဖစ္သည္။
ထိုအခ်ိန္မွာပဲ ႐ုတ္တရက္ အျပင္ဘက္ကေန ႐ုန္းရင္းဆန္ခတ္ ဆူညံသံေတြကို ၾကားလိုက္ရၿပီး အေလာတႀကီး တံခါးေခါက္သံ ထြက္ေပၚလာသည္။ ေန႔လယ္စာ စားေနၾကတဲ့ မိသားစုဝင္ေတြက တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး အေလာတႀကီး တံခါးလာေခါက္သူက ဘယ္သူလဲ ဆိုတာ သိခ်င္သြားၾကသည္။
" သမီး သြားဖြင့္လိုက္မယ္..."
ေရွာင္ေခ်ာင္းက တူကိုခ်ကာ ေျပာလိုက္သည္။ သူမက တံခါးဆီ ေျပးသြားၿပီး တံခါးကို ေနာက္တစ္ခါ ထပ္ေခါက္ဖို႔ လုပ္ေနတဲ့ ပူပန္ေၾကာင့္ၾကေနသည့္ ခ်န္းဝိန္ကို ေတြ႕လိုက္ရသည္။ နီရဲေဖာင္းေနတဲ့ မ်က္လုံးေတြႏွင့္ ရွီထုန္ေလးက မရပ္မနား မ်က္ရည္သုတ္လ်က္ သူအေနာက္မွာ ရပ္ေနသည္။
ေရွာင္ေခ်ာင္းက စိတ္ထဲတြင္ ထိတ္လန႔္ေနလ်က္ အေလာတႀကီး ေမးလိုက္သည္။
" အစ္ကို ေရွာင္းဝိန္၊ ရွီထုန္... ဘာျဖစ္တာလဲ... ဒီေန႔က နားရက္မဟုတ္ဘူးေလ..."
သူရဲ႕ အစ္မကို ေတြ႕လိုက္ရေတာ့ တစ္ခ်ိန္လုံး အထိတ္တလန႔္ ေၾကာက္လန႔္ေနခဲ့တဲ့ ရွီထုန္ေလးက ေနာက္ဆုံးမွာ ငိုေႂကြးလာေတာ့သည္။ သူ ဝမ္းနည္းစြာ ငိုရႈိက္ေနၿပီး
" ဒုတိယ...ဒုတိယအစ္မ...အစ္ကိုႀကီး...အစ္ကိုႀကီး...ေသေတာ့မယ္"
" ဘာ... အစ္ကိုႀကီး ဘာျဖစ္တာလဲ... မငိုနဲ႔ ေျဖးေျဖးေျပာ!"
ေရွာင္ေခ်ာင္း သူ႔စကားေတြၾကားေတာ့ စိုးရိမ္တႀကီး သူ႔လက္ကိုဆြဲကာ ျပင္းျပင္း လႈပ္ယမ္းလိုက္သည္။
ရွီထုန္ေလးက စကားမေျပာႏိုင္ေလာက္ေအာင္ ငိုေႂကြးေနတာျမင္ေတာ့ ခ်န္းဝိန္က ကူရွင္းျပလိုက္သည္
" ငါတို႔ ဒီမနက္ အတန္းမရွိတာမလို႔ ရွီထုန္ေလးက လက္သမားဆိုင္က သူ႔အစ္ကိုဆီ အလည္သြားခ်င္ေမတာ... ငါလည္း အားေနေတာ့ လမ္းေလွ်ာက္ထြက္ၿပီး သြားတိုက္တံလည္း ဝယ္ခ်င္ေနတာနဲ႔ အျပင္အတူတူ ထြက္လာခဲ့လိုက္တာ...ငါတို႔ ဆိုင္ကိုေရာက္ေတာ့ မင္းအစ္ကိုက အ႐ိုက္ခံေနရၿပီး ဒဏ္ရာေတြ အျပည့္ပဲ... သူ ေသြးေတြလည္း ထြက္ၿပီး ေျမေပၚမွာ သတိလစ္ေနတာ... ဆိုင္အလုပ္သမားက သူက ဆိုင္ေငြေတြ ခိုးလို႔ အခုလို အ႐ိုက္ခံရတာလို႔ ေျပာတယ္... ငါနဲ႔ အတန္းေဖာ္ ေတာ္ေတာ္မ်ားမ်ား သူကို တုန္းရန္ ေဆးခန္းဆီ သယ္သြားလိုက္တာ... သမားေတာ္က စမ္းသပ္ၾကည့္ၿပီးေတာ့ မင္းအစ္ကိုရဲ႕ ကိုယ္တြင္းအဂၤါေတြ ဒဏ္ရာရေနၿပီး ကုလိုမရေတာ့ဘူးလို႔ ေျပာတယ္! သမားေတာ္စန္းက ရွီထုန္ေလးကိုသာ မမွတ္မိဘူးဆိုရင္ သူတို႔က သူ႔ကို ကုေပးမွာေတာင္မဟုတ္ဘူး... အျပင္ကို တိုက္႐ိုက္ သယ္ထုတ္ခံရမွာ... သမားေတာ္စန္းက စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားဖို႔ ေျပာတယ္...ကိုယ္တြင္းေသြးေတြ ဆက္ထြက္ေနမယ္ဆိုရင္ ဟြားထို အသက္ရွင္ေနရင္ေတာင္ သူ႔ကို ကယ္မေပးႏိုင္မွာ စိုးရိမ္ရတယ္တဲ့..."
(ဟြားထို() - 'ဟန္'မင္းဆက္ရဲ႕ ေနာက္ဆုံးကာလအတြင္း နာမည္ႀကီးေက်ာ္ၾကားခဲ့ေသာ သမားေတာ္)
" ဟန္အာ ငါ့သားေလး အား...."
ေရွာင္ေခ်ာင္းေနာက္ လိုက္လာတဲ့ အမ်ိဳးသမီးလ်ိဳက သတင္းဆိုးကို ၾကားလိုက္ရတဲ့အခါမွာ ျဖဴဖတ္ျဖဴေရာ္ ျဖစ္သြားၿပီး ငိုေႂကြးကာ ေမ့လဲသြားေတာ့သည္။
သူမေဘးက ယြီဟိုင္က မဆိုင္းမတြ သူမကို တြဲထားလိုက္ကာ သတိလည္လာေအာင္ ခပ္ဖြဖြေလး ႏွိပ္ေပးေနသည္။ သူ႔ စိတ္ထဲမွာ ေတာ္ေတာ္ေလး ေသာကေရာက္ေနေပမဲ့ သူက မိသားစုရဲ႕ အိမ္ေထာင္ဦးစီးတစ္ေယာက္ ျဖစ္ေနေသးသည္။ သူကပါ ထိတ္ထိတ္ျပာျပာျဖစ္ရင္ ဒီမိသားစု ဖ႐ိုဖရဲ ျဖစ္သြားလိမ့္မည္ပင္။
ေရွာင္ေခ်ာင္းက ႏႈတ္ခမ္းကို ခပ္တင္းတင္းကိုက္လိုက္ၿပီး အိမ္ထဲ ျမန္ျမန္ ေျပးဝင္သြားကာ ေရာင္စုံေက်ာက္တုံးေလး စိမ္ေလ့ရွိတဲ့ အိုးကို ယူလိုက္သည္။ အထဲကေရေတြက တစ္စုံတစ္ေယာက္ကို ကယ္တင္ဖို႔ လုံေလာက္တဲ့ ေက်ာက္တုံးေလးရဲ႕ အားျပင္းတဲ့ စြမ္းအင္ေတြပါဝင္ေလသည္။
" ေရွာင္လ်န္ အေမတို႔အခန္းကို သြားၿပီး ေငြထည့္ထားတဲ့ အိုးကို ယူခဲ့... ရွီထုန္ေလးက အိမ္မွာ အေမနဲ႔ ေနခဲ့လိုက္... ငါက အေဖနဲ႔ အတူတူ ၿမိဳ႕ထဲသြားလိုက္မယ္!"
ထိုအခ်ိန္မွာေတာ့ ဒီေနရာမွာ ယြီဟိုင္ထက္ပင္ ျပတ္သားတဲ့ အေတြးေတြရွိသူက ေရွာင္ေခ်ာင္း တစ္ေယာက္တည္းသာ ျဖစ္သည္။ သူတို႔ ဒီကိစၥကို ထပ္မေႏွာင့္ေႏွးသင့္ေတာ့ေပ။ ၿမိဳ႕ကို ျမန္ျမန္ေရာက္ဖို႔လိုၿပီး သူမအစ္ကို ကိုကယ္တင္ႏိုင္မလား ၾကည့္ရမည္ပင္။
အမ်ိဳးသမီးလ်ိဳ တျဖည္းျဖည္း သတိလည္လာသည္။ သူမ ေရွာင္ေခ်ာင္းရဲ႕ စီမံမႈကို ၾကားေတာ့ သူမစိတ္ထဲက ဝမ္နည္းမႈကို ၿမိဳသိပ္ကာ ေအာ္လိုက္သည္။
"ေတာ္ၿပီ... ကြၽန္မ ဒီမွာ မေနခဲ့ခ်င္ဘူး! ကြၽန္မ ကြၽန္မရဲ႕ဟန္အာေလးကို ေတြ႕ခ်င္တယ္... ကြၽန္မသားက အေကာင္းဆုံးဆိုတာ ကြၽန္မသိတယ္... သူက ဘယ္ေတာ့မွ တစ္ျခားလူရဲ႕ ပစၥည္းကို ခိုးယူမွာမဟုတ္ဘူး... ကြၽန္မသားက အျပစ္ကင္းတယ္!!"
သူတို႔သာ သြားခြင့္မေပးရင္ သူမအေမ စိတ္ေအးေအးမထားႏိုင္မွန္း ေရွာင္ေခ်ာင္း သိေနတာေၾကာင့္ ေတြးဆလိုက္ကာ သူမအေဖကို ေျပာလိုက္သည္။
" အေဖ မီးခိုးေလးကို လွည္းသြားတပ္ခ်ည္... သမီးက ခ်န္းဝိန္နဲ႔ အတူတူ ျမင္းရထားယူသြားၿပီး အစ္ကို႔ကို ေဆးေပးႏိုင္ေအာင္လို႔ ေဆးခန္းကို ေငြအရင္ေပးႏွင့္မယ္...အေဖက အေမနဲ႔ ေရွာင္လ်န္ကို ေခၚၿပီး ေနာက္ကလိုက္ခဲ့..."
ခ်န္းဝိန္က ၿမိဳ႕ထဲက ျမင္းလွည္းငွားခဲ့တာ ျဖစ္သည္။ ျမင္းက ငယ္ေသးေပးမဲ့ သိပ္မေကာင္းေပ။ ျမင္းက ဒုန္းစိုင္းေျပးေနေၾကာင့္ လူေတြရဲ႕ႏွလုံးေတြ ခုန္ထြက္ေတာ့မတတ္ ရထားလုံးက ေဆာင့္လႈပ္ေနသည္။
ေရွာင္ေခ်ာင္း ဗလာျဖစ္ေနတဲ့ အမူအယာႏွင့္ တစ္ဟုန္ထိုးသြားေနတဲ့ ရထားလုံးေပၚတြင္ ထိုင္ေနသည္။ သူမက လက္တစ္ဖက္နဲ႔ သူမကိုယ္သူမ တည္ၿငိမ္ေအာင္ ရထားလုံးကို ဆုပ္ကိုင္ထားခ်ိန္မွာ တစ္ျခားလက္တစ္ဖက္နဲ႔ အံ့ဖြယ္ေက်ာက္တုံးေရအိုးကို တင္းၾကပ္စြာ ကိုင္ထားသည္။ ေ႐ႊေရာင္ေၾကာင္ေလးက သူမေဘးမွာ တည္ၿငိမ္စြာ ထိုင္ေနကာ သူရဲ႕ သြယ္လ်တဲ့ အၿမီးေလးက စည္းခ်က္မွန္မွန္ ႐ိုက္ခတ္လ်က္ရွိသည္။
သူမေဘးမွာ ထိုင္ေနတဲ့ ခ်န္းဝိန္က ဒီလိုအခ်ိန္မွာ သူမက ဘာေၾကာင့္ အိုးကိုကိုင္ထားရတာလဲ ဆိုတာကို စူးစမ္းေနမိသည္။ ဒါေပမဲ့ သူ မေမးေတာ့ဘဲ သူမကိုသာ ၾကင္နာစြာ ႏွစ္သိမ့္လိုက္သည္။
"ေရွာင္ေခ်ာင္း စိုးရိမ္မေနပါနဲ႔! သမားေတာ္စန္းက ကြၽမ္းက်င္တဲ့သူပါ... မင္းအေဖ ဒဏ္ရရတုန္းကလည္း အစက မင္းအေဖကို ကုလို႔မရေတာ့ဘူးလို႔ သူေျပာတာပဲေလ... သူ အခု ေနေကာင္းေနၿပီ မဟုတ္လား... မင္းရဲ႕ အႀကီးဆုံး အစ္ကိုကလည္း ဒီလိုပဲ ေသခ်ာေပါက္ ျဖစ္မွာပါ..."
ေရွာင္ေခ်ာင္းစိတ္ထဲမွာေတာ့ အရင္ကေက်ာက္တုံးေလး ေျပာဖူးတဲ့ စကားတို႔ျဖင့္သာ ျပည့္ႏွက္ေနသည္။
သူ အသက္ရႉေနေသးသ၍ သူ႔ကို ကယ္လို႔ရေသးတယ္...
ထိုအခ်ိန္မွာ သူမ စိတ္ထဲကေန နတ္ဘုရားေတြ နတ္သမီးေတြ တလ်က္ သူမ ေဆးခန္းေရာက္သည္အထိ သူမအစ္ကို ေတာင့္ခံႏိုင္ဖို႔ ဆုေတာင္းလ်က္ရွိသည္။
ေရွာင္ေခ်ာင္းရဲ႕ ထပ္ခါထပ္ခါ တိုက္တြန္းျခင္းခံရၿပီးေနာက္ ျမင္းရထားသမားက အျမန္ႏႈန္း အျပည့္တင္လိုက္ကာ ၿမိဳ႕ဂိတ္ေပါက္ကို တစ္နာရီမျပည့္ခင္ ေရာက္သြားသည္။ သို႔ေသာ္လည္း ဒီတစ္နာရီက ေရွာင္ေခ်ာင္းတို႔ မိသားစုအတွက်ေဝာာ့ အဆုံးမရွိ ညင္းပန္းေနတာနဲ႔ မျခားေပ။
ကံေကာင္းစြာႏွင့္ ထိုအခ်ိန္တြင္ လမ္းေပၚ၌ လူသိပ္မရွိေခ်။ ျမင္းရထားက တုန္းရန္ ေဆးခန္း ဝင္ေပါက္ကိုပဲ တိုက္႐ိုက္ေခၚသြားလိုက္သည္။ ေဆာင့္လြန္းသည့္ ထိုျမင္းရထားကို တစ္နာရီၾကာေအာင္ စီးၿပီးေနာက္ ေရွာင္ေခ်ာင္း လွည္းေပၚမွ ဆင္းတဲ့အခါ ေျခေထာက္ေတြ အားနည္းၿပီး ေျမေပၚသို႔ လဲက်လုနီးပါးပင္။ ကံအားေလ်ာ္စြာ သူမေနာက္မွ ဆင္းလာတဲ့ ခ်န္းဝိန္က ေနာက္ကေန သူမကို ဆြဲထားလိုက္သည္။
သူမက လက္ထဲအိုးကို ပိုမိုတင္းက်ပ္စြာ ကိုင္ထားလိုက္ၿပီး ေဆးခန္းထဲသို႔ ျမန္ျမန္ ေျပးဝင္သြားလိုက္သည္။ ေဆးခန္းမွ အလုပ္သမားက သူမကို တားမလို႔ လုပ္ေနတုန္း ႐ုံ႐ႊမ္ ေက်ာင္းဝတ္စုံကို ဝတ္ထားတဲ့ ခ်န္းဝိန္ကို ျမင္လိုက္တာေၾကာင့္ သူက ခ်က္ခ်င္း စကားေျပာင္းကာ ေျပာလိုက္သည္။
" လူနာက အေနာက္ခန္းမွာ... သမားေတာ္စန္းနဲ႔ သမားေတာ္က်န္းက တိုင္ပင္ေဆြးေႏြးေနၾကတယ္..."
ေရွာင္ေခ်ာင္းက သူမေျခလွမ္းေတြကို လုံးဝ မရပ္တန႔္ဘဲ အေနာက္ခန္းမကို ျမန္ျမန္ဝင္သြားေတာ့သည္။ သူမက အိပ္ယာေပၚလွဲေနတဲ့ ေသေတာ့မလို ေဖ်ာ့ေတာ့ေနသည့္ သူမအစ္ကို ေတြ႕လိုက္ရသည္။ သူမ်က္ႏွာႏွင့္ ကိုယ္တြင္ ပြန္းပဲ့ရာေတြ၊ ဒဏ္ရာေတြႏွင့္ ဖုံးလႊမ္းေနၿပီး သူအဝတ္အစားမ်ားက ေသြးေတြႏွင့္ စီးကပ္ေနသည္။ သူမ ခ်က္ခ်င္းပင္ မြန္းၾကပ္လာကာ ငိုေႂကြးလိုက္ေတာ့သည္။
ဒီအခ်ိန္က ဝမ္းနည္းငိုေႂကြးေနရမဲ့ အခ်ိန္မဟုတ္မွန္း သိတာေၾကာင့္ အက်ႌလက္ႏွင့္ မ်က္ရည္ေတြ သုတ္လိုက္ၿပီး သူမအစ္ကို ကို အပ္စိုက္ကုသေနတဲ့ သမားေတာ္စန္းအား ေမးလိုက္သည္။
" သမားေတာ္စန္း... ကြၽန္မအစ္ကို... အေျခအေန ဘယ္လိုလဲ"
သမားေတာ္စန္းက သန္မာၿပီး စဥ္စားဉာဏ္ရွိသည့္ ဒီေကာင္မေလးကို မွတ္မိသြားသည္။ သူမကို စိတ္မေကာင္းစြာ ၾကည့္လိုက္ၿပီး
"သူ႔က်ိဳးေနတဲ့ နံ႐ိုးေတြက သရက္႐ြက္ကို ထိုးမိၿပီး ခႏၶာကိုယ္အတြင္း ေသြးယိုစိမ့္မႈျဖစ္ေနတာ... ဒီသမားေတာ္က ဒီေငြအပ္ေလးေတြနဲ႔ သူ႔ေသြးထြက္ႏႈန္းကိုပဲ ယာယီ ေလ်ာ့ခ်ထားႏိုင္တယ္... ဒါေပမဲ့ ဒါက လကၡဏာကိုပဲ တားဆီးႏိုင္ၿပီး အရင္းအျမစ္ကိုေတာ့ မကုသႏိုင္ဘူး... ဒီလိုသာ ဆက္ျဖစ္ေနမယ္ဆိုရင္ စိတ္မေကာင္းပါဘူး..."
ေရွာင္ေခ်ာင္းက ျမန္ျမန္ ၾကားျဖတ္ေျပာလိုက္သည္။
" ဒါဆို... ကြၽန္မတို႔ ေသြးထြက္တာကို ရပ္စဲႏိုင္ရင္ အစ္ကိုႀကီးအသက္ အႏၲရာယ္မရွိေတာ့ဘူးလို႔ ဆိုလိုတာလား..."
သမားေတာ္စန္းက သူ႔မုတ္ဆိတ္ေမြးကို ပြတ္သပ္လိုက္ၿပီးေနာက္ ျဖည္းျဖည္းခ်င္း ေခါင္းညိမ့္လိုက္သည္။
" ငါတို႔သာ အခု ေသြးထြက္ေနတာကို ထိထိေရာက္ေရာက္တားႏိုင္ၿပီး ငါ သူ႔နံ႐ိုးေတြ ဆက္ေနတုန္း ရွင္သန္ႏိုင္ေသးရင္ ေသြးလည္ပတ္မႈေကာင္းေစတဲ့ ေဆးရည္ေတြ မွီဝဲလိုက္ၿပီး သူ ျပန္ႏိုးလာလိမ့္မယ္ဆိုတာ ကိုးဆယ္ရာခိုင္ႏႈန္း ေသခ်ာတယ္... ဒါေပမဲ့..."
သူသာ ေငြအပ္ေတြကို ျပန္ဆြဲႏႈတ္လိုက္ရင္ ဒီလူငယ္ေလးက ဆယ့္ငါးမိနစ္ေလးအတြင္းမွာ ျမန္ျမန္ေသသြားႏိုင္မွန္း သိေနတာေၾကာင့္ သက္ျပင္းခ်ကာ ေခါင္းခါလိုက္သည္။
ေရွာင္ေခ်ာင္း ျမန္ျမန္ပင္ ပူေဆြးေနခ်င္ေယာင္ေဆာင္ကာ အိပ္ယာေဘးသို႔ ပစ္ထိုင္လိုက္သည္။ သူမကိုယ္နဲ႔ သမားေတာ္ႏွစ္ေယာက္ရဲ႕ ျမင္ကြင္းကို ကြယ္လိုက္ကာ သူမလက္ေလးကို ထားလိုက္သည္-- ပိုတိတိက်က်ဆို သူမအစ္ကို ရင္ဘတ္ေပၚသို႔ သူမလက္ေကာက္ဝက္က ေရာင္စုံေက်ာက္တုံးေလးကို ထားလိုက္တာ ျဖစ္သည္။ သူမ စိတ္ထဲတြင္ အျပင္းအထန္ ေတာင္းပန္ခယေနသည္။
[ ေကာက္ညႇင္းဖက္ထုပ္ေလးေရ ေက်းဇူးျပဳၿပီး ငါ့အစ္ကိုရဲ႕ ဒဏ္ရာကို ကုသေပးပါဦး... ငါေတာင္းဆို ပါတယ္...ေက်းဇူးျပဳၿပီး သူ႔ကို ကယ္တင္ေပးပါ!]
ေ႐ႊေရာင္ေၾကာင္ေပါက္ေလးက ယြီဟန္အိပ္ယာေပၚသို႔ ခုန္တက္လိုက္ၿပီး တစ္ျခားသူေတြ မျမင္ႏိုင္တဲ့ ေတာက္ပတဲ့ ေ႐ႊေရာင္အလင္းတန္းေလးကို ထုတ္လႊတ္လိုက္သည္။ တစ္စုံတစ္ေယာက္က လမ္းျပေနသလိုမ်ိဳး အလင္းေရာင္ေလးက ယြီဟန္ ကိုယ္ကို တျဖည္းျဖည္း ေဖာက္ဝင္သြားေတာ့သည္။ သူ မေက်နပ္သလို ဟန္ေဆာင္ကာ ညည္းတြားေတာ့သည္။
[မင္းလို သခင္မ်ိဳးရွိတာက ငါ့ရဲ႕ ကံပဲထင္ပါတယ္... ခက္ခက္ခဲခဲ စုထားရတဲ့ ငါ့ရဲ႕ စြမ္းအားေတြက ထပ္ကုန္သြားရေတာ့မယ္! ဒီတစ္ခါ ငါ ဝိညာဥ္ပုံစံ ျပန္မေျပာင္းႏိုင္ေတာ့ရင္ ဆုအေနနဲ႔ ေန႔တိုင္း ေအးျမတဲ့ စမ္းေရဆီ ေခၚသြားေပးရမယ္...]
မိနစ္ပိုင္းေလးအတြင္းမွာပဲ အံ့ဖြယ္ေက်ာက္တုံးေလးရဲ႕ ေ႐ႊေရာင္အလင္းတန္းေလးက တျဖည္းျဖည္း မွိန္သြားၿပီး လုံးဝေပ်ာက္ကြယ္သြားသည္ အထိပင္။ တစ္ဖက္မွာေတာ့ အသက္ကို ခ်ည့္နဲ႔စြာ ရႉရႈိက္လ်က္ ေနာက္ဆုံး အသက္ကို ဆြဲထားသည့္ ယြီဟန္ရဲ႕ အသက္ရႉျခင္းက တျဖည္းျဖည္ တိုးတက္လာၿပီး တည္ၿငိမ္လာသည္။
[ သတိရေနမွရမယ္ေနာ္! စမ္းေရမွာ စိမ္ေပးရမယ္...စမ္းေရ...]
ေက်ာက္တုံးေလးရဲ႕ အသံက တျဖည္းျဖည္း အားနည္းနည္းလာေပမဲ့ သူ ေပ်ာက္ကြယ္မသြားခင္မွာ ျပဳစုေစာက္ေရွာက္ေပးဖို႔ ေရွာင္ေခ်ာင္းကို သတိေပးဖို႔ရန္လည္း ေမ့မေနပါေခ်။
သူမ ပုခုံးေတြ တုန္ခါေနလ်က္ အိပ္ယာေဘးမွာ လွဲေနတဲ့ ေရွာင္ေခ်ာင္းကို ေတြ႕ရေတာ့ ခ်န္းဝိန္က သူမ ပူေဆြးမႈေတြ ဖိႏွိပ္ရင္း တိတ္တဆိတ္ ငိုေႂကြးေနတယ္လို႔ ေတြးထင္လိုက္သည္။ ဒါေၾကာင့္ သူမေဘးမွာ ထိုင္ခ်လိုက္ကာ ႏူးညံ့ေသာ အသံႏွင့္ ႏွစ္သိမ့္ေပးလိုက္သည္။
"ေရွာင္ေခ်ာင္း ေကာင္းကင္ဘုံက ေစာက္ေရွာက္ေပးၿပီး ေကာင္းတာေတြ ဆုျပန္ေပးမွာပါ... ဒါေၾကာင့္ မင္းအစ္ကိုက ေသခ်ာေပါက္ အသက္ဆက္ရွင္ႏိုင္မွာပါ! ထပ္မငိုပါေတာ့နဲ႔.... ေဆးဥေဆးျမစ္ေတြ ျမန္ျမန္သြားယူၿပီး ေဆးရည္က်ိဳခ်ည္ေတာ့!"
ယြီဟန္က အခု အသက္အႏၲရာယ္ကေန လြတ္ေျမာက္သြားၿပီးမွန္း ေရွာင္ေခ်ာင္း သိတာေၾကာင့္ နီရဲေနတဲ့ မ်က္လုံးေတြကို ပြတ္သပ္ကာ ႏွာရႈံ႕လိုက္ၿပီး ေခါင္းငုံ႔လ်က္ အေရွ႕ခန္းမသို႔ သြားလိုက္သည္။ သူမ ေဆးက်ိဳတဲ့အခါမွာ အထူးအေနႏွင့္ အံ့ဖြယ္ေက်ာက္ေရကို သုံးကာ သမားေတာ္ ၫႊန္ၾကားခ်က္အတိုင္း ေဆးကို ဂ႐ုတစိုက္ က်ိဳလိုက္သည္။
ယြီဟိုင္ ႏွင့္ အမ်ိဳးသမီးလ်ိဳတို႔ ဝင္လာေတာ့ ေဆးေတြေရာစပ္ေနရင္း ေခါင္းငုံ႔ကာ မ်က္ဝန္းေတြ နီရဲလ်က္ အထီးက်န္ဝမ္းနည္းေနတဲ့ ေရွာင္ေခ်ာင္းရဲ႕ ေနာက္ေက်ာကို ျမင္လိုက္ရသည္။ ဒီျမင္ကြင္းကို ေတွ႔ရေဝာာ့ သူတို႔ရဲ႕ စိတ္ထဲက ပူပန္ေၾကာက္လန႔္မႈေတြ တစ္ဖန္ အုံႂကြလာျပန္သည္။ အမ်ိဳးသမီးလ်ိဳက တိုးတိုးေလး ငိုေႂကြးလ်က္ ယြီဟိုင္ကူတြဲထားတာကို ျဖဳတ္ကာ အ႐ိုးေပၚအေရတင္ျဖစ္ေအာင္ ပိန္ပါးလြန္းၿပီး ဒဏ္ရာေတြ ျပည့္ေနတဲ့ သားျဖစ္သူဆီ ေပြးသွားေဝာာ့သည်။
သူမက တအီအီ ငိုေႂကြးလ်က္
" ဟန္အာ ကြၽန္မရဲ႕ ဟန္အာေလး! အဲ့ဒီ မိမစစ္ဖမစစ္ေကာင္က ဘယ္လိုေတာင္ ရက္စက္ၿပီး ဒီအေျခအေနေရာက္ေအာင္ ႐ိုက္ရတာလဲ... အကုန္လုံးက အေမရဲ႕ အမွားေတြပါ... ၿမိဳ႕ကို အလုပ္သင္အျဖစ္ ပို႔ဖို႔ အေမ သေဘာမတူခဲ့သင့္ဘူး... အေမ မင္းညီမေလးေျပာတာ နားမေထာင္ခဲ့မိလို႔ ေနာင္တရမိတယ္... မင္းကို ေစာေစာ ျပန္ေခၚခဲ့ရမွာ... အေမ့အမွားေတြပါ! ဟန္အာ သတိရပါေတာ့... အေမကို မထားခဲ့ပါနဲ႔!"
ယြီဟိုင္ အ႐ိုးေပၚေအာင္ ပိန္ေနတဲ့ သူသားရဲ႕ ခႏၶာကိုယ္ေပၚက မေရမတြက္ႏိုင္တဲ့ ဒဏ္ရာ အသစ္ေတြ အေဟာင္းေတြကို ၾကည့္လိုက္သည္။ သူ႔နံ႐ိုးက က်ိဳးသြားၿပီး အတြင္းဒဏ္ရာေတြေၾကာင့္ အသက္အႏၲရာယ္ရွိေနတာလို႔ သမားေတာ္ဆီက ၾကားခဲ့ၿပီး ျဖစ္သည္။ အရပ္ရွည္ရွည္နဲ႔ အင္အားႀကီးမားတဲ့ လူႀကီးက လက္သီးကို တင္းက်ပ္က်ပ္ဆုပ္လ်က္ အၾကင္နာမဲ့စြာနဲ႔ သူ႔ရင္ဘတ္ကိုသူ ထုေနသည္။ __သူက ဘယ္လို လူမ်ိဳးပါလိမ့္... သူက သူ႔လက္နဲ႔ သားျဖစ္သူကို က်ားဂူထဲ ပို႔ခဲ့မိၿပီး ႏွိပ္စက္ ႐ိုက္ႏွက္ခံေနရတာကို အကူအညီမဲ့စြာ ၾကည့္ေနရတယ္__
ေရွာင္လ်န္နဲ႔ ရွီထုန္ေလးက ပင့္သက္ရႈိက္ကာ အျပင္းအထန္ ငိုေႂကြးေနၾကသည္။ ထိုတစ္ခဏ အခန္းအတြင္း၌ ဝမ္းနည္စရာ ျမင္ကြင္းသာ ရွိေနသည္။ ခ်န္းဝိန္လည္း သူတို႔နဲ႔အတူ တိတ္တဆိတ္ငိုေႂကြးကာ အခါအားေလ်ာ္စြာ အခန္းထဲ၌ တည္ၿငိမ္ေနသည့္ ေရွာင္ေခ်ာင္းကို တစ္ခ်က္ၾကည့္လိုက္သည္။ 'အလြန္ပူေဆြး ဝမ္းနည္းေနသည့္အခါ လူေတြက မူမမွန္စြာ ျပဳမူတတ္ၾကသည္' ဟု ေျပာၾကသည္။ ဒါေၾကာင့္ သူက ေရွာင္ေခ်ာင္း မူမမွန္တာ တစ္ခုခု ျပဳလုပ္လိုက္မွာ စိုးရိမ္ေနသည္။
ထိုအခ်ိန္မွာ ေရွာင္ေခ်ာင္းက ေအးစက္ျပတ္သားေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္လာသည္။ ဒါက တခဏသာ အၾကည့္ခ်င္းဆုံတာ ျဖစ္ေပမဲ့ ခ်န္းဝိန္က အလြန္ေအးတဲ့ ေဆာင္းတြင္းအခ်ိန္အခါႀကီးမွာ ေရေအးေအး တစ္ဇလုံ ေလာင္းခ်ခံလိုက္ရသလို ခံစားလိုက္ရသည္။ ေအးစိမ့္မႈက သူအ႐ိုးေတြကို ထိုးေဖာက္သြားသလိုပင္။
သူ တခဏ မွင္သက္မိေနခ်ိန္မွာ ေရွာင္ေခ်ာင္းရဲ႕ တည္ၿငိမ္ၿပီး ရက္စက္တဲ့ အသံက အခန္းထဲ ပ်ံ႕လြင့္လာသည္။
" အေဖ၊ အေမ ပူေဆြးေနတာေတြ ရပ္လိုက္ေတာ့! ဆိုင္ရွင္က်န္းကို သူ႔သိကၡာေတြ က်ဆင္းၿပီး အရွက္ရေအာင္ သမီး ေသခ်ာေပါက္ လုပ္ပစ္မယ္! သူ႔ေသြးနဲ႔ ေပးဆပ္ေစရမယ္!"
လူေတြက ဒီေသးငယ္ၿပီး စိတ္ပိုင္းျဖတ္ထားတဲ့ ပုံရိပ္ေလးကို ယုံၾကည္ယုံသာ တတ္ႏိုင္သည္။ ဘယ္သူကမွ သူမရဲ႕ ကတိစကားကို အဓိပ္ပါယ်မဲ့တယ်လို႔ မထင္ၾကေပ။ ခ်န္းဝိန္က ဒီပိန္ပါးေသးသြယ္တဲ့ ပုံရိပ္ေလးမွာ လူေတြ မ်က္လုံးကို မဖယ္ထုတ္ႏိုင္ေလာက္ေအာင္ ေတာက္ပမႈေတြ ျဖာထြက္ေနတဲ့ စြမ္းအားတစ္ခ်ိဳ႕ ရွိေနတယ္လို႔ ခံစားလိုက္ရသည္။ လူငယ္ေလးရဲ႕ ႏွလုံးသားက မတတ္သာစြာပဲ တဒုတ္ဒုတ္ ခုန္လာေတာ့သည္။
ေဆးရည္ အဆင့္သင့္ ျဖစ္တဲ့အခါမွာ သမားေတာ္စန္းက ယြီဟန္ရဲ႕ ေသြးေၾကာကို စမ္းသပ္ဖို႔ ေနာက္တစ္ဖန္ ျပန္ဝင္လာၿပီး အံ့ဩစရာသတင္းကို ယူေဆာင္လာသည္။
" လူနာရဲ႕ ခႏၶာကိုယ္အတြင္းေသြးယိုမႈက ရပ္သြားၿပီး သူ႔ေသြးခုန္ႏႈန္းလည္း တည္ၿငိမ္ေနပါၿပီ... သူ႔အသက္အႏၲရာယ္ မရွိေတာ့ပါဘူး"
အေစာက အခန္းထဲမွာ ျပည့္ေနတဲ့ ညႇိဳးမႈိင္ေနတဲ့ ခံစားခ်က္ေတြ ျမန္ျမန္ပင္ လွည္းထုတ္ခံလိုက္ရသည္။ လူတိုင္းရဲ႕ ေၾကာက္႐ြံ႕ေနတဲ့ ႏွလုံးသားေလးေတြက ျပန္သက္သာရာရသြားေတာ့သည္။ အမ်ိဳးသမီးလ်ိဳက တစ္ဖန္ မ်က္ရည္က်လာျပန္ေပမဲ့ ဒါက ေပ်ာ္႐ႊင္မႈမ်က္ရည္ေတြပင္။ သူမက သူမသားကို ကိုယ္တိုင္ေဆးတိုက္ေပးေနၿပီး မိသားစုက ဆန႔္က်င္ေနေစကာမူ သူမက သူမသားေဘးမွာပဲ ေနဖို႔ ေတာင္းဆိုေနသည္။
......
[Unicode]
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
ရှောင်ချောင်းက သူမအမြင်တွေကို သဘောမတူခဲ့ပေ။ လူတွေ ငွေရှာကြတာ သုံးဖို့ပဲ မဟုတ်လား။ လူတွေက ငွေမသုံးချင်ကြတော့ရင် ငွေရှာစရာအကြောင်းလည်း မရှိတော့ပါချေ။ ဒါပေမဲ့လည်း သူမက အမေဖြစ်သူနှင့် ငြင်းခုံမနေခဲ့ပေ။ သူမက တစ်ဆင့်ချင်း တဖြည်းဖြည်း ဆွေးနွေးဖို့ ရည်ရွယ်ထားပြီး သူမအမေကို ပါးနပ်စွာ လွှမ်းမိုးမှာ ဖြစ်သည်။
ထိုအချိန်မှာပဲ ရုတ်တရက် အပြင်ဘက်ကနေ ရုန်းရင်းဆန်ခတ် ဆူညံသံတွေကို ကြားလိုက်ရပြီး အလောတကြီး တံခါးခေါက်သံ ထွက်ပေါ်လာသည်။ နေ့လယ်စာ စားနေကြတဲ့ မိသားစုဝင်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အလောတကြီး တံခါးလာခေါက်သူက ဘယ်သူလဲ ဆိုတာ သိချင်သွားကြသည်။
" သမီး သွားဖွင့်လိုက်မယ်..."
ရှောင်ချောင်းက တူကိုချကာ ပြောလိုက်သည်။ သူမက တံခါးဆီ ပြေးသွားပြီး တံခါးကို နောက်တစ်ခါ ထပ်ခေါက်ဖို့ လုပ်နေတဲ့ ပူပန်ကြောင့်ကြနေသည့် ချန်းဝိန်ကို တွေ့လိုက်ရသည်။ နီရဲဖောင်းနေတဲ့ မျက်လုံးတွေနှင့် ရှီထုန်လေးက မရပ်မနား မျက်ရည်သုတ်လျက် သူအနောက်မှာ ရပ်နေသည်။
ရှောင်ချောင်းက စိတ်ထဲတွင် ထိတ်လန့်နေလျက် အလောတကြီး မေးလိုက်သည်။
" အစ်ကို ရှောင်းဝိန်၊ ရှီထုန်... ဘာဖြစ်တာလဲ... ဒီနေ့က နားရက်မဟုတ်ဘူးလေ..."
သူရဲ့ အစ်မကို တွေ့လိုက်ရတော့ တစ်ချိန်လုံး အထိတ်တလန့် ကြောက်လန့်နေခဲ့တဲ့ ရှီထုန်လေးက နောက်ဆုံးမှာ ငိုကြွေးလာတော့သည်။ သူ ဝမ်းနည်းစွာ ငိုရှိုက်နေပြီး
" ဒုတိယ...ဒုတိယအစ်မ...အစ်ကိုကြီး...အစ်ကိုကြီး...သေတော့မယ်"
" ဘာ... အစ်ကိုကြီး ဘာဖြစ်တာလဲ... မငိုနဲ့ ဖြေးဖြေးပြော!"
ရှောင်ချောင်း သူ့စကားတွေကြားတော့ စိုးရိမ်တကြီး သူ့လက်ကိုဆွဲကာ ပြင်းပြင်း လှုပ်ယမ်းလိုက်သည်။
ရှီထုန်လေးက စကားမပြောနိုင်လောက်အောင် ငိုကြွေးနေတာမြင်တော့ ချန်းဝိန်က ကူရှင်းပြလိုက်သည်
" ငါတို့ ဒီမနက် အတန်းမရှိတာမလို့ ရှီထုန်လေးက လက်သမားဆိုင်က သူ့အစ်ကိုဆီ အလည်သွားချင်မေတာ... ငါလည်း အားနေတော့ လမ်းလျှောက်ထွက်ပြီး သွားတိုက်တံလည်း ဝယ်ချင်နေတာနဲ့ အပြင်အတူတူ ထွက်လာခဲ့လိုက်တာ...ငါတို့ ဆိုင်ကိုရောက်တော့ မင်းအစ်ကိုက အရိုက်ခံနေရပြီး ဒဏ်ရာတွေ အပြည့်ပဲ... သူ သွေးတွေလည်း ထွက်ပြီး မြေပေါ်မှာ သတိလစ်နေတာ... ဆိုင်အလုပ်သမားက သူက ဆိုင်ငွေတွေ ခိုးလို့ အခုလို အရိုက်ခံရတာလို့ ပြောတယ်... ငါနဲ့ အတန်းဖော် တော်တော်များများ သူကို တုန်းရန် ဆေးခန်းဆီ သယ်သွားလိုက်တာ... သမားတော်က စမ်းသပ်ကြည့်ပြီးတော့ မင်းအစ်ကိုရဲ့ ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရနေပြီး ကုလိုမရတော့ဘူးလို့ ပြောတယ်! သမားတော်စန်းက ရှီထုန်လေးကိုသာ မမှတ်မိဘူးဆိုရင် သူတို့က သူ့ကို ကုပေးမှာတောင်မဟုတ်ဘူး... အပြင်ကို တိုက်ရိုက် သယ်ထုတ်ခံရမှာ... သမားတော်စန်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ပြောတယ်...ကိုယ်တွင်းသွေးတွေ ဆက်ထွက်နေမယ်ဆိုရင် ဟွားထို အသက်ရှင်နေရင်တောင် သူ့ကို ကယ်မပေးနိုင်မှာ စိုးရိမ်ရတယ်တဲ့..."
(ဟွားထို() - 'ဟန်'မင်းဆက်ရဲ့ နောက်ဆုံးကာလအတွင်း နာမည်ကြီးကျော်ကြားခဲ့သော သမားတော်)
" ဟန်အာ ငါ့သားလေး အား...."
ရှောင်ချောင်းနောက် လိုက်လာတဲ့ အမျိုးသမီးလျိုက သတင်းဆိုးကို ကြားလိုက်ရတဲ့အခါမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ငိုကြွေးကာ မေ့လဲသွားတော့သည်။
သူမဘေးက ယွီဟိုင်က မဆိုင်းမတွ သူမကို တွဲထားလိုက်ကာ သတိလည်လာအောင် ခပ်ဖွဖွလေး နှိပ်ပေးနေသည်။ သူ့ စိတ်ထဲမှာ တော်တော်လေး သောကရောက်နေပေမဲ့ သူက မိသားစုရဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေသေးသည်။ သူကပါ ထိတ်ထိတ်ပြာပြာဖြစ်ရင် ဒီမိသားစု ဖရိုဖရဲ ဖြစ်သွားလိမ့်မည်ပင်။
ရှောင်ချောင်းက နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်ပြီး အိမ်ထဲ မြန်မြန် ပြေးဝင်သွားကာ ရောင်စုံကျောက်တုံးလေး စိမ်လေ့ရှိတဲ့ အိုးကို ယူလိုက်သည်။ အထဲကရေတွေက တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ လုံလောက်တဲ့ ကျောက်တုံးလေးရဲ့ အားပြင်းတဲ့ စွမ်းအင်တွေပါဝင်လေသည်။
" ရှောင်လျန် အမေတို့အခန်းကို သွားပြီး ငွေထည့်ထားတဲ့ အိုးကို ယူခဲ့... ရှီထုန်လေးက အိမ်မှာ အမေနဲ့ နေခဲ့လိုက်... ငါက အဖေနဲ့ အတူတူ မြို့ထဲသွားလိုက်မယ်!"
ထိုအချိန်မှာတော့ ဒီနေရာမှာ ယွီဟိုင်ထက်ပင် ပြတ်သားတဲ့ အတွေးတွေရှိသူက ရှောင်ချောင်း တစ်ယောက်တည်းသာ ဖြစ်သည်။ သူတို့ ဒီကိစ္စကို ထပ်မနှောင့်နှေးသင့်တော့ပေ။ မြို့ကို မြန်မြန်ရောက်ဖို့လိုပြီး သူမအစ်ကို ကိုကယ်တင်နိုင်မလား ကြည့်ရမည်ပင်။
အမျိုးသမီးလျို တဖြည်းဖြည်း သတိလည်လာသည်။ သူမ ရှောင်ချောင်းရဲ့ စီမံမှုကို ကြားတော့ သူမစိတ်ထဲက ဝမ်နည်းမှုကို မြိုသိပ်ကာ အော်လိုက်သည်။
"တော်ပြီ... ကျွန်မ ဒီမှာ မနေခဲ့ချင်ဘူး! ကျွန်မ ကျွန်မရဲ့ဟန်အာလေးကို တွေ့ချင်တယ်... ကျွန်မသားက အကောင်းဆုံးဆိုတာ ကျွန်မသိတယ်... သူက ဘယ်တော့မှ တစ်ခြားလူရဲ့ ပစ္စည်းကို ခိုးယူမှာမဟုတ်ဘူး... ကျွန်မသားက အပြစ်ကင်းတယ်!!"
သူတို့သာ သွားခွင့်မပေးရင် သူမအမေ စိတ်အေးအေးမထားနိုင်မှန်း ရှောင်ချောင်း သိနေတာကြောင့် တွေးဆလိုက်ကာ သူမအဖေကို ပြောလိုက်သည်။
" အဖေ မီးခိုးလေးကို လှည်းသွားတပ်ချည်... သမီးက ချန်းဝိန်နဲ့ အတူတူ မြင်းရထားယူသွားပြီး အစ်ကို့ကို ဆေးပေးနိုင်အောင်လို့ ဆေးခန်းကို ငွေအရင်ပေးနှင့်မယ်...အဖေက အမေနဲ့ ရှောင်လျန်ကို ခေါ်ပြီး နောက်ကလိုက်ခဲ့..."
ချန်းဝိန်က မြို့ထဲက မြင်းလှည်းငှားခဲ့တာ ဖြစ်သည်။ မြင်းက ငယ်သေးပေးမဲ့ သိပ်မကောင်းပေ။ မြင်းက ဒုန်းစိုင်းပြေးနေကြောင့် လူတွေရဲ့နှလုံးတွေ ခုန်ထွက်တော့မတတ် ရထားလုံးက ဆောင့်လှုပ်နေသည်။
ရှောင်ချောင်း ဗလာဖြစ်နေတဲ့ အမူအယာနှင့် တစ်ဟုန်ထိုးသွားနေတဲ့ ရထားလုံးပေါ်တွင် ထိုင်နေသည်။ သူမက လက်တစ်ဖက်နဲ့ သူမကိုယ်သူမ တည်ငြိမ်အောင် ရထားလုံးကို ဆုပ်ကိုင်ထားချိန်မှာ တစ်ခြားလက်တစ်ဖက်နဲ့ အံ့ဖွယ်ကျောက်တုံးရေအိုးကို တင်းကြပ်စွာ ကိုင်ထားသည်။ ရွှေရောင်ကြောင်လေးက သူမဘေးမှာ တည်ငြိမ်စွာ ထိုင်နေကာ သူရဲ့ သွယ်လျတဲ့ အမြီးလေးက စည်းချက်မှန်မှန် ရိုက်ခတ်လျက်ရှိသည်။
သူမဘေးမှာ ထိုင်နေတဲ့ ချန်းဝိန်က ဒီလိုအချိန်မှာ သူမက ဘာကြောင့် အိုးကိုကိုင်ထားရတာလဲ ဆိုတာကို စူးစမ်းနေမိသည်။ ဒါပေမဲ့ သူ မမေးတော့ဘဲ သူမကိုသာ ကြင်နာစွာ နှစ်သိမ့်လိုက်သည်။
"ရှောင်ချောင်း စိုးရိမ်မနေပါနဲ့! သမားတော်စန်းက ကျွမ်းကျင်တဲ့သူပါ... မင်းအဖေ ဒဏ်ရရတုန်းကလည်း အစက မင်းအဖေကို ကုလို့မရတော့ဘူးလို့ သူပြောတာပဲလေ... သူ အခု နေကောင်းနေပြီ မဟုတ်လား... မင်းရဲ့ အကြီးဆုံး အစ်ကိုကလည်း ဒီလိုပဲ သေချာပေါက် ဖြစ်မှာပါ..."
ရှောင်ချောင်းစိတ်ထဲမှာတော့ အရင်ကကျောက်တုံးလေး ပြောဖူးတဲ့ စကားတို့ဖြင့်သာ ပြည့်နှက်နေသည်။
သူ အသက်ရှူနေသေးသ၍ သူ့ကို ကယ်လို့ရသေးတယ်...
ထိုအချိန်မှာ သူမ စိတ်ထဲကနေ နတ်ဘုရားတွေ နတ်သမီးတွေ တလျက် သူမ ဆေးခန်းရောက်သည်အထိ သူမအစ်ကို တောင့်ခံနိုင်ဖို့ ဆုတောင်းလျက်ရှိသည်။
ရှောင်ချောင်းရဲ့ ထပ်ခါထပ်ခါ တိုက်တွန်းခြင်းခံရပြီးနောက် မြင်းရထားသမားက အမြန်နှုန်း အပြည့်တင်လိုက်ကာ မြို့ဂိတ်ပေါက်ကို တစ်နာရီမပြည့်ခင် ရောက်သွားသည်။ သို့သော်လည်း ဒီတစ်နာရီက ရှောင်ချောင်းတို့ မိသားစုအတှကျဝောာ့ အဆုံးမရှိ ညင်းပန်းနေတာနဲ့ မခြားပေ။
ကံကောင်းစွာနှင့် ထိုအချိန်တွင် လမ်းပေါ်၌ လူသိပ်မရှိချေ။ မြင်းရထားက တုန်းရန် ဆေးခန်း ဝင်ပေါက်ကိုပဲ တိုက်ရိုက်ခေါ်သွားလိုက်သည်။ ဆောင့်လွန်းသည့် ထိုမြင်းရထားကို တစ်နာရီကြာအောင် စီးပြီးနောက် ရှောင်ချောင်း လှည်းပေါ်မှ ဆင်းတဲ့အခါ ခြေထောက်တွေ အားနည်းပြီး မြေပေါ်သို့ လဲကျလုနီးပါးပင်။ ကံအားလျော်စွာ သူမနောက်မှ ဆင်းလာတဲ့ ချန်းဝိန်က နောက်ကနေ သူမကို ဆွဲထားလိုက်သည်။
သူမက လက်ထဲအိုးကို ပိုမိုတင်းကျပ်စွာ ကိုင်ထားလိုက်ပြီး ဆေးခန်းထဲသို့ မြန်မြန် ပြေးဝင်သွားလိုက်သည်။ ဆေးခန်းမှ အလုပ်သမားက သူမကို တားမလို့ လုပ်နေတုန်း ရုံရွှမ် ကျောင်းဝတ်စုံကို ဝတ်ထားတဲ့ ချန်းဝိန်ကို မြင်လိုက်တာကြောင့် သူက ချက်ချင်း စကားပြောင်းကာ ပြောလိုက်သည်။
" လူနာက အနောက်ခန်းမှာ... သမားတော်စန်းနဲ့ သမားတော်ကျန်းက တိုင်ပင်ဆွေးနွေးနေကြတယ်..."
ရှောင်ချောင်းက သူမခြေလှမ်းတွေကို လုံးဝ မရပ်တန့်ဘဲ အနောက်ခန်းမကို မြန်မြန်ဝင်သွားတော့သည်။ သူမက အိပ်ယာပေါ်လှဲနေတဲ့ သေတော့မလို ဖျော့တော့နေသည့် သူမအစ်ကို တွေ့လိုက်ရသည်။ သူမျက်နှာနှင့် ကိုယ်တွင် ပွန်းပဲ့ရာတွေ၊ ဒဏ်ရာတွေနှင့် ဖုံးလွှမ်းနေပြီး သူအဝတ်အစားများက သွေးတွေနှင့် စီးကပ်နေသည်။ သူမ ချက်ချင်းပင် မွန်းကြပ်လာကာ ငိုကြွေးလိုက်တော့သည်။
ဒီအချိန်က ဝမ်းနည်းငိုကြွေးနေရမဲ့ အချိန်မဟုတ်မှန်း သိတာကြောင့် အင်္ကျီလက်နှင့် မျက်ရည်တွေ သုတ်လိုက်ပြီး သူမအစ်ကို ကို အပ်စိုက်ကုသနေတဲ့ သမားတော်စန်းအား မေးလိုက်သည်။
" သမားတော်စန်း... ကျွန်မအစ်ကို... အခြေအနေ ဘယ်လိုလဲ"
သမားတော်စန်းက သန်မာပြီး စဉ်စားဉာဏ်ရှိသည့် ဒီကောင်မလေးကို မှတ်မိသွားသည်။ သူမကို စိတ်မကောင်းစွာ ကြည့်လိုက်ပြီး
"သူ့ကျိုးနေတဲ့ နံရိုးတွေက သရက်ရွက်ကို ထိုးမိပြီး ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်မှုဖြစ်နေတာ... ဒီသမားတော်က ဒီငွေအပ်လေးတွေနဲ့ သူ့သွေးထွက်နှုန်းကိုပဲ ယာယီ လျော့ချထားနိုင်တယ်... ဒါပေမဲ့ ဒါက လက္ခဏာကိုပဲ တားဆီးနိုင်ပြီး အရင်းအမြစ်ကိုတော့ မကုသနိုင်ဘူး... ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် စိတ်မကောင်းပါဘူး..."
ရှောင်ချောင်းက မြန်မြန် ကြားဖြတ်ပြောလိုက်သည်။
" ဒါဆို... ကျွန်မတို့ သွေးထွက်တာကို ရပ်စဲနိုင်ရင် အစ်ကိုကြီးအသက် အန္တရာယ်မရှိတော့ဘူးလို့ ဆိုလိုတာလား..."
သမားတော်စန်းက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိမ့်လိုက်သည်။
" ငါတို့သာ အခု သွေးထွက်နေတာကို ထိထိရောက်ရောက်တားနိုင်ပြီး ငါ သူ့နံရိုးတွေ ဆက်နေတုန်း ရှင်သန်နိုင်သေးရင် သွေးလည်ပတ်မှုကောင်းစေတဲ့ ဆေးရည်တွေ မှီဝဲလိုက်ပြီး သူ ပြန်နိုးလာလိမ့်မယ်ဆိုတာ ကိုးဆယ်ရာခိုင်နှုန်း သေချာတယ်... ဒါပေမဲ့..."
သူသာ ငွေအပ်တွေကို ပြန်ဆွဲနှုတ်လိုက်ရင် ဒီလူငယ်လေးက ဆယ့်ငါးမိနစ်လေးအတွင်းမှာ မြန်မြန်သေသွားနိုင်မှန်း သိနေတာကြောင့် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
ရှောင်ချောင်း မြန်မြန်ပင် ပူဆွေးနေချင်ယောင်ဆောင်ကာ အိပ်ယာဘေးသို့ ပစ်ထိုင်လိုက်သည်။ သူမကိုယ်နဲ့ သမားတော်နှစ်ယောက်ရဲ့ မြင်ကွင်းကို ကွယ်လိုက်ကာ သူမလက်လေးကို ထားလိုက်သည်-- ပိုတိတိကျကျဆို သူမအစ်ကို ရင်ဘတ်ပေါ်သို့ သူမလက်ကောက်ဝက်က ရောင်စုံကျောက်တုံးလေးကို ထားလိုက်တာ ဖြစ်သည်။ သူမ စိတ်ထဲတွင် အပြင်းအထန် တောင်းပန်ခယနေသည်။
[ ကောက်ညှင်းဖက်ထုပ်လေးရေ ကျေးဇူးပြုပြီး ငါ့အစ်ကိုရဲ့ ဒဏ်ရာကို ကုသပေးပါဦး... ငါတောင်းဆို ပါတယ်...ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါ!]
ရွှေရောင်ကြောင်ပေါက်လေးက ယွီဟန်အိပ်ယာပေါ်သို့ ခုန်တက်လိုက်ပြီး တစ်ခြားသူတွေ မမြင်နိုင်တဲ့ တောက်ပတဲ့ ရွှေရောင်အလင်းတန်းလေးကို ထုတ်လွှတ်လိုက်သည်။ တစ်စုံတစ်ယောက်က လမ်းပြနေသလိုမျိုး အလင်းရောင်လေးက ယွီဟန် ကိုယ်ကို တဖြည်းဖြည်း ဖောက်ဝင်သွားတော့သည်။ သူ မကျေနပ်သလို ဟန်ဆောင်ကာ ညည်းတွားတော့သည်။
[မင်းလို သခင်မျိုးရှိတာက ငါ့ရဲ့ ကံပဲထင်ပါတယ်... ခက်ခက်ခဲခဲ စုထားရတဲ့ ငါ့ရဲ့ စွမ်းအားတွေက ထပ်ကုန်သွားရတော့မယ်! ဒီတစ်ခါ ငါ ဝိညာဉ်ပုံစံ ပြန်မပြောင်းနိုင်တော့ရင် ဆုအနေနဲ့ နေ့တိုင်း အေးမြတဲ့ စမ်းရေဆီ ခေါ်သွားပေးရမယ်...]
မိနစ်ပိုင်းလေးအတွင်းမှာပဲ အံ့ဖွယ်ကျောက်တုံးလေးရဲ့ ရွှေရောင်အလင်းတန်းလေးက တဖြည်းဖြည်း မှိန်သွားပြီး လုံးဝပျောက်ကွယ်သွားသည် အထိပင်။ တစ်ဖက်မှာတော့ အသက်ကို ချည့်နဲ့စွာ ရှူရှိုက်လျက် နောက်ဆုံး အသက်ကို ဆွဲထားသည့် ယွီဟန်ရဲ့ အသက်ရှူခြင်းက တဖြည်းဖြည် တိုးတက်လာပြီး တည်ငြိမ်လာသည်။
[ သတိရနေမှရမယ်နော်! စမ်းရေမှာ စိမ်ပေးရမယ်...စမ်းရေ...]
ကျောက်တုံးလေးရဲ့ အသံက တဖြည်းဖြည်း အားနည်းနည်းလာပေမဲ့ သူ ပျောက်ကွယ်မသွားခင်မှာ ပြုစုစောက်ရှောက်ပေးဖို့ ရှောင်ချောင်းကို သတိပေးဖို့ရန်လည်း မေ့မနေပါချေ။
သူမ ပုခုံးတွေ တုန်ခါနေလျက် အိပ်ယာဘေးမှာ လှဲနေတဲ့ ရှောင်ချောင်းကို တွေ့ရတော့ ချန်းဝိန်က သူမ ပူဆွေးမှုတွေ ဖိနှိပ်ရင်း တိတ်တဆိတ် ငိုကြွေးနေတယ်လို့ တွေးထင်လိုက်သည်။ ဒါကြောင့် သူမဘေးမှာ ထိုင်ချလိုက်ကာ နူးညံ့သော အသံနှင့် နှစ်သိမ့်ပေးလိုက်သည်။
"ရှောင်ချောင်း ကောင်းကင်ဘုံက စောက်ရှောက်ပေးပြီး ကောင်းတာတွေ ဆုပြန်ပေးမှာပါ... ဒါကြောင့် မင်းအစ်ကိုက သေချာပေါက် အသက်ဆက်ရှင်နိုင်မှာပါ! ထပ်မငိုပါတော့နဲ့.... ဆေးဥဆေးမြစ်တွေ မြန်မြန်သွားယူပြီး ဆေးရည်ကျိုချည်တော့!"
ယွီဟန်က အခု အသက်အန္တရာယ်ကနေ လွတ်မြောက်သွားပြီးမှန်း ရှောင်ချောင်း သိတာကြောင့် နီရဲနေတဲ့ မျက်လုံးတွေကို ပွတ်သပ်ကာ နှာရှုံ့လိုက်ပြီး ခေါင်းငုံ့လျက် အရှေ့ခန်းမသို့ သွားလိုက်သည်။ သူမ ဆေးကျိုတဲ့အခါမှာ အထူးအနေနှင့် အံ့ဖွယ်ကျောက်ရေကို သုံးကာ သမားတော် ညွှန်ကြားချက်အတိုင်း ဆေးကို ဂရုတစိုက် ကျိုလိုက်သည်။
ယွီဟိုင် နှင့် အမျိုးသမီးလျိုတို့ ဝင်လာတော့ ဆေးတွေရောစပ်နေရင်း ခေါင်းငုံ့ကာ မျက်ဝန်းတွေ နီရဲလျက် အထီးကျန်ဝမ်းနည်းနေတဲ့ ရှောင်ချောင်းရဲ့ နောက်ကျောကို မြင်လိုက်ရသည်။ ဒီမြင်ကွင်းကို တှေ့ရဝောာ့ သူတို့ရဲ့ စိတ်ထဲက ပူပန်ကြောက်လန့်မှုတွေ တစ်ဖန် အုံကြွလာပြန်သည်။ အမျိုးသမီးလျိုက တိုးတိုးလေး ငိုကြွေးလျက် ယွီဟိုင်ကူတွဲထားတာကို ဖြုတ်ကာ အရိုးပေါ်အရေတင်ဖြစ်အောင် ပိန်ပါးလွန်းပြီး ဒဏ်ရာတွေ ပြည့်နေတဲ့ သားဖြစ်သူဆီ ပွေးသှားဝောာ့သညျ။
သူမက တအီအီ ငိုကြွေးလျက်
" ဟန်အာ ကျွန်မရဲ့ ဟန်အာလေး! အဲ့ဒီ မိမစစ်ဖမစစ်ကောင်က ဘယ်လိုတောင် ရက်စက်ပြီး ဒီအခြေအနေရောက်အောင် ရိုက်ရတာလဲ... အကုန်လုံးက အမေရဲ့ အမှားတွေပါ... မြို့ကို အလုပ်သင်အဖြစ် ပို့ဖို့ အမေ သဘောမတူခဲ့သင့်ဘူး... အမေ မင်းညီမလေးပြောတာ နားမထောင်ခဲ့မိလို့ နောင်တရမိတယ်... မင်းကို စောစော ပြန်ခေါ်ခဲ့ရမှာ... အမေ့အမှားတွေပါ! ဟန်အာ သတိရပါတော့... အမေကို မထားခဲ့ပါနဲ့!"
ယွီဟိုင် အရိုးပေါ်အောင် ပိန်နေတဲ့ သူသားရဲ့ ခန္ဓာကိုယ်ပေါ်က မရေမတွက်နိုင်တဲ့ ဒဏ်ရာ အသစ်တွေ အဟောင်းတွေကို ကြည့်လိုက်သည်။ သူ့နံရိုးက ကျိုးသွားပြီး အတွင်းဒဏ်ရာတွေကြောင့် အသက်အန္တရာယ်ရှိနေတာလို့ သမားတော်ဆီက ကြားခဲ့ပြီး ဖြစ်သည်။ အရပ်ရှည်ရှည်နဲ့ အင်အားကြီးမားတဲ့ လူကြီးက လက်သီးကို တင်းကျပ်ကျပ်ဆုပ်လျက် အကြင်နာမဲ့စွာနဲ့ သူ့ရင်ဘတ်ကိုသူ ထုနေသည်။ __သူက ဘယ်လို လူမျိုးပါလိမ့်... သူက သူ့လက်နဲ့ သားဖြစ်သူကို ကျားဂူထဲ ပို့ခဲ့မိပြီး နှိပ်စက် ရိုက်နှက်ခံနေရတာကို အကူအညီမဲ့စွာ ကြည့်နေရတယ်__
ရှောင်လျန်နဲ့ ရှီထုန်လေးက ပင့်သက်ရှိုက်ကာ အပြင်းအထန် ငိုကြွေးနေကြသည်။ ထိုတစ်ခဏ အခန်းအတွင်း၌ ဝမ်းနည်စရာ မြင်ကွင်းသာ ရှိနေသည်။ ချန်းဝိန်လည်း သူတို့နဲ့အတူ တိတ်တဆိတ်ငိုကြွေးကာ အခါအားလျော်စွာ အခန်းထဲ၌ တည်ငြိမ်နေသည့် ရှောင်ချောင်းကို တစ်ချက်ကြည့်လိုက်သည်။ 'အလွန်ပူဆွေး ဝမ်းနည်းနေသည့်အခါ လူတွေက မူမမှန်စွာ ပြုမူတတ်ကြသည်' ဟု ပြောကြသည်။ ဒါကြောင့် သူက ရှောင်ချောင်း မူမမှန်တာ တစ်ခုခု ပြုလုပ်လိုက်မှာ စိုးရိမ်နေသည်။
ထိုအချိန်မှာ ရှောင်ချောင်းက အေးစက်ပြတ်သားနေတဲ့ အကြည့်တွေနဲ့ ကြည့်လာသည်။ ဒါက တခဏသာ အကြည့်ချင်းဆုံတာ ဖြစ်ပေမဲ့ ချန်းဝိန်က အလွန်အေးတဲ့ ဆောင်းတွင်းအချိန်အခါကြီးမှာ ရေအေးအေး တစ်ဇလုံ လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ အေးစိမ့်မှုက သူအရိုးတွေကို ထိုးဖောက်သွားသလိုပင်။
သူ တခဏ မှင်သက်မိနေချိန်မှာ ရှောင်ချောင်းရဲ့ တည်ငြိမ်ပြီး ရက်စက်တဲ့ အသံက အခန်းထဲ ပျံ့လွင့်လာသည်။
" အဖေ၊ အမေ ပူဆွေးနေတာတွေ ရပ်လိုက်တော့! ဆိုင်ရှင်ကျန်းကို သူ့သိက္ခာတွေ ကျဆင်းပြီး အရှက်ရအောင် သမီး သေချာပေါက် လုပ်ပစ်မယ်! သူ့သွေးနဲ့ ပေးဆပ်စေရမယ်!"
လူတွေက ဒီသေးငယ်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့ ပုံရိပ်လေးကို ယုံကြည်ယုံသာ တတ်နိုင်သည်။ ဘယ်သူကမှ သူမရဲ့ ကတိစကားကို အဓိပ်ပါယျမဲ့တယျလို့ မထင်ကြပေ။ ချန်းဝိန်က ဒီပိန်ပါးသေးသွယ်တဲ့ ပုံရိပ်လေးမှာ လူတွေ မျက်လုံးကို မဖယ်ထုတ်နိုင်လောက်အောင် တောက်ပမှုတွေ ဖြာထွက်နေတဲ့ စွမ်းအားတစ်ချို့ ရှိနေတယ်လို့ ခံစားလိုက်ရသည်။ လူငယ်လေးရဲ့ နှလုံးသားက မတတ်သာစွာပဲ တဒုတ်ဒုတ် ခုန်လာတော့သည်။
ဆေးရည် အဆင့်သင့် ဖြစ်တဲ့အခါမှာ သမားတော်စန်းက ယွီဟန်ရဲ့ သွေးကြောကို စမ်းသပ်ဖို့ နောက်တစ်ဖန် ပြန်ဝင်လာပြီး အံ့ဩစရာသတင်းကို ယူဆောင်လာသည်။
" လူနာရဲ့ ခန္ဓာကိုယ်အတွင်းသွေးယိုမှုက ရပ်သွားပြီး သူ့သွေးခုန်နှုန်းလည်း တည်ငြိမ်နေပါပြီ... သူ့အသက်အန္တရာယ် မရှိတော့ပါဘူး"
အစောက အခန်းထဲမှာ ပြည့်နေတဲ့ ညှိုးမှိုင်နေတဲ့ ခံစားချက်တွေ မြန်မြန်ပင် လှည်းထုတ်ခံလိုက်ရသည်။ လူတိုင်းရဲ့ ကြောက်ရွံ့နေတဲ့ နှလုံးသားလေးတွေက ပြန်သက်သာရာရသွားတော့သည်။ အမျိုးသမီးလျိုက တစ်ဖန် မျက်ရည်ကျလာပြန်ပေမဲ့ ဒါက ပျော်ရွှင်မှုမျက်ရည်တွေပင်။ သူမက သူမသားကို ကိုယ်တိုင်ဆေးတိုက်ပေးနေပြီး မိသားစုက ဆန့်ကျင်နေစေကာမူ သူမက သူမသားဘေးမှာပဲ နေဖို့ တောင်းဆိုနေသည်။
......