Unicode
၁၆၇၇။ မင်းကိုယ်မင်းပဲစိုးရိမ်
_______________________
အထူးတာဝန်ထမ်းဆောင်သူက နဉ်ရှုကိုကြည့်နေ၏။ သူမက မျက်မှောင်ကုတ်လိုက်ရင်း နဉ်ရှုကိုမေးသည်။
"နင် မသွားချင်ဘူးလား? မသွားချင်ရင်လည်း အရမ်းနောက်ကျမသွားခင်ပြော၊ ဒါမှ ငါတို့ တခြားလူရှာလို့ရမှာ။"
ဒါဖြစ်နိုင်လား?
နဉ်ရှု စကားပြောတော့မယ်အလုပ်မှာပဲ မိန်ကျီချင်းက သူမကို တံတောင်နဲ့ထပ်တွက်လာသည်မို့ သူမက ချက်ချင်းဆို၏။
"ငါသွားချင်တယ်။"
"မသွားချင်ရင် ကိုယ့်ကိုကိုယ်ဖိအားမပေးနဲ့။"
အထူးတာဝန်ထမ်းဆောင်သူကပြောသည်။ သူမရဲ့အသံက အတော်လေးလေးသာယာတာမို့ မိန်းမတစ်ယောက်ဖြစ်တဲ့နဉ်ရှုတောင် နားထောင်နေရင်း သူမရဲ့နှလုံးသားလေးဆွဲဆောင်ခံလိုက်ရတာကိုခံစားလိုက်ရသည်။
သူမက ပန်းချီကားထဲကထွက်လာတဲ့နူးနူးညံ့ညံ့မိန်းမလှလေးလိုပင်။ သူမရဲ့ကိုယ်ဟန်က သဘာဝကျကာ သူမရဲ့အော်ရာက ဆွဲဆောင်နိုင်ပြီး သူမရဲ့မျက်နှာအသွင်အပြင်တိုင်းက ပြီးပြည့်စုံတဲ့စုတ်ချက်နဲ့တူသည်။
သူမရဲ့မျက်နှာလှလှလေးကိုကြည့်ရုံနဲ့တင် လူတွေကိုစိတ်ချမ်းသာစေနိုင်သည်။ တကယ်တမ်းတော့လည်း လူတိုင်းက လှတာတွေကိုကြိုက်ကြသည်လေ။
"ငါတော့ သူကအတော်လေးသင့်တော်တယ်လို့ထင်တယ်။ မင်း ငါတို့နဲ့လိုက်ခဲ့သင့်တယ်။"
အထူးတာဝန်ထမ်းဆောင်သူနဲ့ရန်ဖြစ်နေခဲ့တဲ့အမျိုးသားက နဉ်ရှုက ဒီစကားပြောလာသည်။
သူက အထူးတာဝန်ထမ်းဆောင်သူကို တမင်ရန်စနေတာဖြစ်၏။
အခန်းထဲမှာရှိနေတဲ့လူတိုင်းက သူမကိုကြည့်နေတာကို နဉ်ရှုတွေ့လိုက်ရသည်။ သူမက လမ်းတစ်ဝက်မှာရောက်နေပြီးပြီမို့ သူမသာတကယ်ထွက်သွားရင် ဒီလူတွေနဲ့ထပ်တွေ့ရင် အနေရခက်လိမ့်မယ်၊ အထူးသဖြင့် သူမကိုဒီခေါ်လာတဲ့မိန်ကျီချင်းနဲ့လေ။
နဉ်ရှုကခေါင်းခါသည်။
"ငါ ကိုယ့်ကိုကိုယ်ဖိအားပေးနေတာမဟုတ်ပါဘူး၊ ငါ့ညံ့ဖျင်းမှုကြောင့် အားလုံးကိုဆွဲချသွားမိမှာကိုစိုးရိမ်နေလို့ပါ။"
အန်ကယ်က သူ့ရဲ့ရွှေကိုင်းမျက်မှန်ကိုပင့်တင်သည်။
"လုံလောက်အောင်မစွမ်းဆောင်နိုင်တဲ့သူတွေက ဖယ်ထုတ်ခံရသင့်တယ်။ မင်းကိုမင်းပဲစိုးရိမ်၊ ဘယ်သူကမှ မင်းကိစ္စမဟုတ်ဘူး။"
နဉ်ရှု : →_→
သူ ဘာကိုဆိုလိုတာလဲ? အဖွဲ့ဖွဲ့ရတဲ့ရည်ရွယ်ချက်က အချင်းချင်းကူညီနိုင်ဖို့မဟုတ်ဘူးလား?
အားးး၊ သူမ တကယ်မသွားချင်ဘူး။
"တာဝန်ကမ္ဘာထဲဝင်ကြတော့။"
အန်ကယ် အရင်ပျောက်သွားပြီး အခန်းထဲက တင်းမာနေတဲ့အနေအထားလည်း နည်းနည်းလျော့ပါးသွားသည်။
နဉ်ရှုက ချွေးစေးတွေကိုသုတ်လိုက်ပြီး မိန်ကျီချင်းကိုတီးတိုးမေးသည်။
"အဲ့လူကဘယ်သူလဲ?"
"သူက ကမ္ဘာတွေစတင်ဖြစ်တည်လာတည်းကရှိနေခဲ့တဲ့ပထမမျိုးဆက်တာဝန်ထမ်းဆောင်သူလို့ ငါကြားဖူးတာပဲ။"
မိန်ကျီချင်းက သူမရင်ဘတ်ကိုအသာပုတ်ရင်းဆိုသည်။
"သူက ရိုးရိုးတာဝန်ထမ်းဆောင်သူတွေရဲ့ရှင်ခြင်း၊ သေခြင်းကိုဆုံးဖြတ်နိုင်တယ်။"
သေစမ်း၊ အန်ကယ်က သူမထင်ထားတာထက်ပိုအသက်ကြီးတာပဲ!
အန်ကယ်ထွက်သွားပြီးနောက်မှာ အထူးတာဝန်ထမ်းဆောင်သူကလည်း အလျင်အမြန်ပျောက်ကွယ်သွားပြီး တာဝန်ကမ္ဘာထဲဝင်သွားပုံရသည်။
အခန်းထဲမှာရှိနေတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ကုန်ကြသည်။ မိန်ကျီချင်းကပြောသည်။
"နင်လည်း တာဝန်ကမ္ဘာထဲမြန်မြန်ဝင်သင့်တယ်။"
ထို့နောက် မိန်ကျီချင်းပျောက်ကွယ်သွား၏။
အခန်းထဲမှာ နဉ်ရှုနဲ့ကျန်းကျားစန်သာကျန်တော့သည်။
ကျန်းကျားစန်ကပြောသည်။
"မင်း ငါ့ကို တော်တော်မုန်းတာပဲလား?"
"အေး။"
နဉ်ရှုကခေါင်းငြိမ့်လိုက်ပြီး 2333ကိုစိတ်ထဲကနေပြောလိုက်သည်။
"တာဝန်ကမ္ဘာထဲဝင်မယ်။"
အခန်းထဲကနေ နဉ်ရှုပျောက်သွားသည်။ ကျန်းကျားစန်ကလည်း သူ့နှုတ်ခမ်းတို့ကိုတင်းတင်းစေ့လိုက်ပြီးပျောက်ကွယ်သွား၏။
အစောတုန်းက အတော်လေးလူများနေခဲ့တဲ့အခန်းက ယခုတော့ ဟာလာဟင်းလင်းဖြစ်ကျန်ခဲ့ပေပြီ။
သူမ ခန္ဓာကိုယ်တစ်ခုထဲဝင်နေတာကို နဉ်ရှုခံစားမိပေမယ့် အချိန်အတော်ကြာတဲ့အထိ ခန္ဓာကိုယ်နဲ့မပေါင်းစပ်နိုင်ပေ။
နဉ်ရှု ဒီလိုအခြေအနေမျိုးကိုကြုံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ပေ၏။ ခန္ဓာကိုယ်ထဲကိုမနည်းတိုးဝင်လိုက်ပြီးနောက်မှာတော့ နဉ်ရှုက မျက်လုံးတို့ကိုဖွင့်လိုက်ကာ ရေစိုကွက်တချို့ရှိနေပြီးအရောင်တွေကွာကျနေတဲ့မျက်နှာကြက်တစ်ခုကိုတွေ့လိုက်ရသည်။
နဉ်ရှုက ဘေးဘီကိုဝေ့ကြည့်လိုက်ပြီး မိန်းကလေးတချို့က အုတ်ကုတင်အကြီးကြီးပေါ်မှာလှဲကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသည်ကိုတွေ့လိုက်ရ၏။
နဉ်ရှုမှာ သူမကိုယ်ကို စောင်နဲ့တင်းနေအောင်မခြုံဘဲမနေနိုင်တော့ပေ။ ပြတင်းပေါက်အပြင်ဘက်မှာ လေတွေတဟူးဟူးတိုက်နေပြီး အအေးဓာတ်က သူမရဲ့အရိုးတွေထဲစိမ့်ဝင်လာသလို သူမခံစားလိုက်ရသည်။
နဉ်ရှုမှာ ချမ်းလွန်းလို့တုန်နေတော့သည်။ သူမက ဇာတ်ကြောင်းကိုလက်မခံခင် နှာရှုပ်လိုက်သည်။
ဒီကိုယ်ရဲ့နာမည်က ထန်ရှစ်မင်လို့ခေါ်သည်။ သူမက တက္ကသိုလ်ဒုတိယနှစ်ဖြစ်ပြီး ရိုးရာပန်းချီကလပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ဆောင်းရာသီအားလပ်ရက်မှာ အယောက်သုံးဆယ်လောက်ရှိတဲ့ကလပ်အဖွဲ့ဝင်တွေက ဒေသရိုးရာကုန်ကြမ်းတွေကိုစုဆောင်းဖို့အတွက် လူစုကာ ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့တောင်ပေါ်ရွာတစ်ရွာကိုသွားကြသည်။
အဆုံးမှာတော့ ကျောင်းသားတွေအကုန် ထူးထူးဆန်းဆန်းသေကုန်ကြသည်။
အကုန်လုံးသေသွားတာမို့ ဘယ်သူက လူသတ်သမားလဲဆိုတာမသိရပေ။
...
Zawgyi
၁၆၇၇။ မင္းကိုယ္မင္းပဲစိုးရိမ္
_______________________
အထူးတာဝန္ထမ္းေဆာင္သူက နဉ္ရႈကိုၾကၫ့္ေန၏။ သူမက မ်က္ေမွာင္ကုတ္လိုက္ရင္း နဉ္ရႈကိုေမးသည္။
"နင္ မသြားခ်င္ဘူးလား? မသြားခ်င္ရင္လည္း အရမ္းေနာက္က်မသြားခင္ေျပာ၊ ဒါမွ ငါတို႔ တျခားလူရွာလို႔ရမွာ။"
ဒါျဖစ္ႏိုင္လား?
နဉ္ရႈ စကားေျပာေတာ့မယ္အလုပ္မွာပဲ မိန္က်ီခ်င္းက သူမကို တံေတာင္နဲ႔ထပ္တြက္လာသည္မို႔ သူမက ခ်က္ခ်င္းဆို၏။
"ငါသြားခ်င္တယ္။"
"မသြားခ်င္ရင္ ကိုယ့္ကိုကိုယ္ဖိအားမေပးနဲ႔။"
အထူးတာဝန္ထမ္းေဆာင္သူကေျပာသည္။ သူမရဲ့အသံက အေတာ္ေလးေလးသာယာတာမို႔ မိန္းမတစ္ေယာက္ျဖစ္တဲ့နဉ္ရႈေတာင္ နားေထာင္ေနရင္း သူမရဲ့ႏွလံုးသားေလးဆြဲေဆာင္ခံလိုက္ရတာကိုခံစားလိုက္ရသည္။
သူမက ပန္းခ်ီကားထဲကထြက္လာတဲ့ႏူးႏူးညံ့ညံ့မိန္းမလွေလးလိုပင္။ သူမရဲ့ကိုယ္ဟန္က သဘာဝက်ကာ သူမရဲ့ေအာ္ရာက ဆြဲေဆာင္ႏိုင္ၿပီး သူမရဲ့မ်က္ႏွာအသြင္အျပင္တိုင္းက ၿပီးျပၫ့္စံုတဲ့စုတ္ခ်က္နဲ႔တူသည္။
သူမရဲ့မ်က္ႏွာလွလွေလးကိုၾကၫ့္ရံုနဲ႔တင္ လူေတြကိုစိတ္ခ်မ္းသာေစႏိုင္သည္။ တကယ္တမ္းေတာ့လည္း လူတိုင္းက လွတာေတြကိုႀကိဳက္ၾကသည္ေလ။
"ငါေတာ့ သူကအေတာ္ေလးသင့္ေတာ္တယ္လို႔ထင္တယ္။ မင္း ငါတို႔နဲ႔လိုက္ခဲ့သင့္တယ္။"
အထူးတာဝန္ထမ္းေဆာင္သူနဲ႔ရန္ျဖစ္ေနခဲ့တဲ့အမ်ိဳးသားက နဉ္ရႈက ဒီစကားေျပာလာသည္။
သူက အထူးတာဝန္ထမ္းေဆာင္သူကို တမင္ရန္စေနတာျဖစ္၏။
အခန္းထဲမွာရိွေနတဲ့လူတိုင္းက သူမကိုၾကၫ့္ေနတာကို နဉ္ရႈေတြ့လိုက္ရသည္။ သူမက လမ္းတစ္ဝက္မွာေရာက္ေနၿပီးၿပီမို႔ သူမသာတကယ္ထြက္သြားရင္ ဒီလူေတြနဲ႔ထပ္ေတြ့ရင္ အေနရခက္လိမ့္မယ္၊ အထူးသျဖင့္ သူမကိုဒီေခၚလာတဲ့မိန္က်ီခ်င္းနဲ႔ေလ။
နဉ္ရႈကေခါင္းခါသည္။
"ငါ ကိုယ့္ကိုကိုယ္ဖိအားေပးေနတာမဟုတ္ပါဘူး၊ ငါ့ညံ့ဖ်င္းမႈေၾကာင့္ အားလံုးကိုဆြဲခ်သြားမိမွာကိုစိုးရိမ္ေနလို႔ပါ။"
အန္ကယ္က သူ႔ရဲ့ေရႊကိုင္းမ်က္မွန္ကိုပင့္တင္သည္။
"လံုေလာက္ေအာင္မစြမ္းေဆာင္ႏိုင္တဲ့သူေတြက ဖယ္ထုတ္ခံရသင့္တယ္။ မင္းကိုမင္းပဲစိုးရိမ္၊ ဘယ္သူကမွ မင္းကိစၥမဟုတ္ဘူး။"
နဉ္ရႈ : →_→
သူ ဘာကိုဆိုလိုတာလဲ? အဖြဲ႔ဖြဲ႔ရတဲ့ရည္ရြယ္ခ်က္က အခ်င္းခ်င္းကူညီႏိုင္ဖို႔မဟုတ္ဘူးလား?
အားးး၊ သူမ တကယ္မသြားခ်င္ဘူး။
"တာဝန္ကမ႓ာထဲဝင္ၾကေတာ့။"
အန္ကယ္ အရင္ေပ်ာက္သြားၿပီး အခန္းထဲက တင္းမာေနတဲ့အေနအထားလည္း နည္းနည္းေလ်ာ့ပါးသြားသည္။
နဉ္ရႈက ေခြၽးေစးေတြကိုသုတ္လိုက္ၿပီး မိန္က်ီခ်င္းကိုတီးတိုးေမးသည္။
"အဲ့လူကဘယ္သူလဲ?"
"သူက ကမ႓ာေတြစတင္ျဖစ္တည္လာတည္းကရိွေနခဲ့တဲ့ပထမမ်ိဳးဆက္တာဝန္ထမ္းေဆာင္သူလို႔ ငါၾကားဖူးတာပဲ။"
မိန္က်ီခ်င္းက သူမရင္ဘတ္ကိုအသာပုတ္ရင္းဆိုသည္။
"သူက ရိုးရိုးတာဝန္ထမ္းေဆာင္သူေတြရဲ့ရွင္ျခင္း၊ ေသျခင္းကိုဆံုးျဖတ္ႏိုင္တယ္။"
ေသစမ္း၊ အန္ကယ္က သူမထင္ထားတာထက္ပိုအသက္ႀကီးတာပဲ!
အန္ကယ္ထြက္သြားၿပီးေနာက္မွာ အထူးတာဝန္ထမ္းေဆာင္သူကလည္း အလ်င္အျမန္ေပ်ာက္ကြယ္သြားၿပီး တာဝန္ကမ႓ာထဲဝင္သြားပံုရသည္။
အခန္းထဲမွာရိွေနတဲ့လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေပ်ာက္ကုန္ၾကသည္။ မိန္က်ီခ်င္းကေျပာသည္။
"နင္လည္း တာဝန္ကမ႓ာထဲျမန္ျမန္ဝင္သင့္တယ္။"
ထို႔ေနာက္ မိန္က်ီခ်င္းေပ်ာက္ကြယ္သြား၏။
အခန္းထဲမွာ နဉ္ရႈနဲ႔က်န္းက်ားစန္သာက်န္ေတာ့သည္။
က်န္းက်ားစန္ကေျပာသည္။
"မင္း ငါ့ကို ေတာ္ေတာ္မုန္းတာပဲလား?"
"ေအး။"
နဉ္ရႈကေခါင္းၿငိမ့္လိုက္ၿပီး 2333ကိုစိတ္ထဲကေနေျပာလိုက္သည္။
"တာဝန္ကမ႓ာထဲဝင္မယ္။"
အခန္းထဲကေန နဉ္ရႈေပ်ာက္သြားသည္။ က်န္းက်ားစန္ကလည္း သူ႔ႏႈတ္ခမ္းတို႔ကိုတင္းတင္းေစ့လိုက္ၿပီးေပ်ာက္ကြယ္သြား၏။
အေစာတုန္းက အေတာ္ေလးလူမ်ားေနခဲ့တဲ့အခန္းက ယခုေတာ့ ဟာလာဟင္းလင္းျဖစ္က်န္ခဲ့ေပၿပီ။
သူမ ခႏၶာကိုယ္တစ္ခုထဲဝင္ေနတာကို နဉ္ရႈခံစားမိေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ ခႏၶာကိုယ္နဲ႔မေပါင္းစပ္ႏိုင္ေပ။
နဉ္ရႈ ဒီလိုအေျခအေနမ်ိဳးကိုႀကံဳရတာ ဒါပထမဆံုးအႀကိမ္ျဖစ္ေပ၏။ ခႏၶာကိုယ္ထဲကိုမနည္းတိုးဝင္လိုက္ၿပီးေနာက္မွာေတာ့ နဉ္ရႈက မ်က္လံုးတို႔ကိုဖြင့္လိုက္ကာ ေရစိုကြက္တခ်ိဳ႕ရိွေနၿပီးအေရာင္ေတြကြာက်ေနတဲ့မ်က္ႏွာၾကက္တစ္ခုကိုေတြ့လိုက္ရသည္။
နဉ္ရႈက ေဘးဘီကိုေဝ့ၾကၫ့္လိုက္ၿပီး မိန္းကေလးတခ်ိဳ႕က အုတ္ကုတင္အႀကီးႀကီးေပၚမွာလွဲကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၾကသည္ကိုေတြ့လိုက္ရ၏။
နဉ္ရႈမွာ သူမကိုယ္ကို ေစာင္နဲ႔တင္းေနေအာင္မၿခံဳဘဲမေနႏိုင္ေတာ့ေပ။ ျပတင္းေပါက္အျပင္ဘက္မွာ ေလေတြတဟူးဟူးတိုက္ေနၿပီး အေအးဓာတ္က သူမရဲ့အရိုးေတြထဲစိမ့္ဝင္လာသလို သူမခံစားလိုက္ရသည္။
နဉ္ရႈမွာ ခ်မ္းလြန္းလို႔တုန္ေနေတာ့သည္။ သူမက ဇာတ္ေၾကာင္းကိုလက္မခံခင္ ႏွာရႈပ္လိုက္သည္။
ဒီကိုယ္ရဲ့နာမည္က ထန္ရွစ္မင္လို႔ေခၚသည္။ သူမက တကၠသိုလ္ဒုတိယႏွစ္ျဖစ္ၿပီး ရိုးရာပန္းခ်ီကလပ္ရဲ့အဖြဲ႔ဝင္တစ္ေယာက္ျဖစ္သည္။ ေဆာင္းရာသီအားလပ္ရက္မွာ အေယာက္သံုးဆယ္ေလာက္ရိွတဲ့ကလပ္အဖြဲ႔ဝင္ေတြက ေဒသရိုးရာကုန္ၾကမ္းေတြကိုစုေဆာင္းဖို႔အတြက္ လူစုကာ ေဝးလံေခါင္ဖ်ားတဲ့ေနရာမွာရိွတဲ့ေတာင္ေပၚရြာတစ္ရြာကိုသြားၾကသည္။
အဆံုးမွာေတာ့ ေက်ာင္းသားေတြအကုန္ ထူးထူးဆန္းဆန္းေသကုန္ၾကသည္။
အကုန္လံုးေသသြားတာမို႔ ဘယ္သူက လူသတ္သမားလဲဆိုတာမသိရေပ။
...