Unicode
“အရာရှိကျိုး” ထိုလူက သူ့နောက်ကျောကို ဖြောင့်ထားပြီး တည်ငြိမ်စွာဖြင့် ပေါ်လာခဲ့သည်။ သူက ရဲအရာရှိပုံစံနဲ့ တူမနေပဲ ရှိုးပွဲက မော်ဒယ်လ်နဲ့သာ ပိုတူနေသည်။ သူ့အသွင်အပြင်နဲ့ စိတ်သဘောထားက အရမ်းကြီးကို ကောင်းလွန်းနေသည်။
ကျိုးယင်မေ့ ကမျက်မှောင်ကြုတ်လိုက်ပြီး သူမရှေ့မှလူအား အပေါ်အောက် ကြည့်လိုက်သည်။
အမျိုးသမီးတွေမှာ အန္တရာယ်ရှိတဲ့အရာအတွက် အာရုံခံနိုင်သည့် မှော်ဆန်သည့် ဆဌမအာရုံရှိသည်။
စုရန် ကသူ့အိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်ကာ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့သည်။
“ကျွန်တော်က ဒီအမှုအတွက်ကြောင့်သာ တရားဝင်ပြောင်းလာခဲ့တာပါ” ထိုလူက သူ့အကြည့်ကို မော့လိုက်ပြီး သူ့အညိုရောင် မျက်လုံးတွေက မတွေးနိုင်လောက်အောင် နက်နဲလွန်းနေသည်။ သူ့အသံက ပေါ့ပါးနေပေမဲ့ မယုံနိုင်လောက်အောင် စည်းရုံးသိမ်းသွင်းနိုင်သည့် အသံမျိုးဖြစ်နေသည်။ “ဒါပေမဲ့ ကျွန်တော်က အရာရှိကျိုး နဲ့တစ်ချိန်တည်းလောက်မှ ဒီမတော်တဆမှုကို စစ်ဆေးခဲ့မိတယ်”
ထိုစကားကို ကြားလိုက်ချိန်တွင် ကျိုးယင်မေ့ ရဲ့မျက်ခုံးတွေက ပိုကြုတ်သွားခဲ့သည်။
စုရန် ကပြုံးနေခဲ့ပေမဲ့ အပြုံးက သူ့မျက်လုံးထိ ရောက်မနေပေ။ “အရာရှိကျိုး၊ ကျွန်တော်ပြင်လာတဲ့ အချက်အလက်တွေကို တစ်ချက်လောက် ကြည့်သင့်တယ်”
ထိုလူရဲ့ မျက်လုံးတွေက လူတွေအား ညှို့ငင်နေသလိုမျိုး ပိုနက်ရှိုင်းနေသည်။ “ကျွန်တော်ယုံတယ်”
သူ့နှုတ်ခမ်းကို စေ့လိုက်ပြီး “ဒီအရာတွေက စစ်ဆေးတဲ့နေရာမှာ အရမ်းကိုအသုံးဝင်လိမ့်မယ်"
ကျိုးယင်မေ့ ကစကားတစ်လုံးမှ မပြောခဲ့ပေ။ သူမက မိန်းမတစ်ယောက် ဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်ခဲ့သည်။ ယောင်္ကျားတွေကြားတွင် ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သည်။ သူမက သူအသိဉာဏ် ဦးနှောက်နဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေပေါ်တွင် မှီခိုပြီး ပိုအရေးအကြီးဆုံး အချက်ကတော့ - အရှိန်အဝါပင်။
သို့သော် အမြဲတမ်း ယုံကြည်ချက်ရှိခဲ့သည့် သူမအရှိန်အဝါတွေက ဒီလူရှေ့တွင်တော့ အရမ်းကြီးကို သေးငယ်နေပုံပင်။
ကျိုးယင်မေ့ ကမေးခွန်းတွေ၊ သံသယတွေဖြင့် ထိုလူပြင်လာခဲ့သည့် အချက်အလက်တွေကို လက်ခံလိုက်သည်။
သို့သော် သူမခေါင်းထဲတွင် ထူးဆန်းသည့်အတွေးတွေထက် ဒီအမှုကို သူမအမြန်ဆုံး ဖြေရှင်းဖို့သာ ဂရုစိုက်ရမည်။
သူမက ဖိုင်တွဲကိုလှန်လိုက်ပြီး သူမအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
စုရန် ကသူမနဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့ပြီး သူမမျက်နှာမှ အမူအရာပြောင်းလဲမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့သည်။
ကျိုးယင်မေ့ ကရပ်သွားပြီး ဖိုင်တွဲပေါ်ရှိ ထိုလူရဲ့နာမည်ကို ဖတ်လိုက်သည်။ “ဝမ်ရီဇီ?”
စုရန် ကခေါင်းမော့လိုက်ပြီး သူ့မျက်နှာက ကြွက်သားလိုင်းတွေက တင်းမာသွားကာ အမူအရာတောင် ပြင်းထန်သွားခဲ့သည်။
ကျိုးယင်မေ့ ကသူ့လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ဖို့အတွက် အချိန်မရှိပေ။ အချက်အလက်တွေ ကြားထဲတွင်သာ သူမအာရုံက နှစ်မြုတ်နေခဲ့သည်။
စုရန် ကအလျင်မလိုစွာပင် အနီးနားကခုံတွင် နှေးကွေးစွာ ဝင်ထိုင်လိုက်သည်။ ဒါက အရမ်းကို သက်တောင့်သက်သာ ဖြစ်နေပြီး သူ့နှုတ်ခမ်းထောင့်က ကွေးနေကာ ပြုံးနေသလိုမျိုး ဖြစ်နေသည်။
ဂိမ်းက မကြာခင် စတော့မယ်မလား?
ဟမ့်။
နောက်ပြီး ရလဒ်က တစ်ခုတည်းပဲရှိတယ်။
-
ဝမ်ရီဇီ သည်အရမ်းကို ထိတ်လန့်နေပြီး သူ့လက်တွေ တုန်နေတာကို မရပ်တန့်နိုင်ပဲ သူ့ခန္ဓာကိုယ်ကလည်း ထိုနေရာတွင်သာ အေးခဲနေပြီး ထိတ်လန့်စရာ မြင်ကွင်းမှ စိတ်အေးမသွားသေးပေ။ သူ့ခေါင်းတွင်းမှ ဦးနှောက်ကို ပုရွတ်စိတ်ထောင်ပေါင်းများစွာ ကိုက်နေသလိုမျိုး ချက်ချင်းကြီး ပြင်းထန်စွာနာကျင်ကိုက်ခဲလာခဲ့သည်။
“Fuck!” ဝမ်ရီဇီ ကကျိန်ဆဲလိုက်ပြီး သူ့တစ်ကိုယ်လုံးက မြေပြင်ပေါ်ကို လဲကျသွားပြီး လှိမ့်လိုက်သည်။ သူ့ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြစ်သွားအောင် မြင်းငါးကောင်က ဝိုင်းဆွဲနေသလိုမျိုး ခံစားနေရသည်။
“အား!!!” ဝမ်ရီဇီ ကမထိန်းချုပ်နိုင်တော့ပဲ သူ့မျက်လုံးတွေက ဒေါသကြောင့် ပြူးကျယ်လာခဲ့သည်။
“System, ငါ့ကိုကယ်ဦး၊ ကယ်ပေး!!!” ဝမ်ရီဇီ ကနောက်ဆုံးအင်အားကို အသုံးချကာ အော်လိုက်သည်။
အံ့ဩဖွယ်ရာဖြင့် အချိန်အတော်ကြာ ပျောက်နေခဲ့သည့် System ကထိုအချိန်တွင် ပြန်ထွက်လာခဲ့သည်။ သို့သော် သူပြန်မဆက်သွယ်နိုင်ခင် သူ့ခေါင်းပေါ်သို့ ရေအေးပုံးဖြင့် တိုက်ရိုက်လောင်းချခံလိုက်ရသည်။
“System ကပရိုဂရမ်ကို စတင်..ကျီ... ကျီ...”
ရုတ်တရက် သူ့ဦးနှောက်က နာကျင်သလိုမျိုး ထိုးနှက်နေမှုကိုသာ ခံစားနေရပြီး သူ့ခေါင်းအတွင်း လျှပ်စစ်ဓာတ်ရိုက်သလိုမျိုး ဖြစ်သွားခဲ့သည်။
“System!!! မြန်မြန်! ငါ့ကိုကယ်ပေး!!!” ဝမ်ရီဇီ ကကျယ်လောင်စွာဖြင့် အော်ထုတ်လိုက်သည်။
“အန္တရာယ်ကို System အာရုံခံမိပါတယ်! ပျောက်သွားအောင် System ကပြင်ဆင်နေပါတယ်!” System ကမတည်ငြိမ်တာကို မြင်သွားပြီး သူ့အသံက ရုတ်ချင်းကျယ်သွားခဲ့သည်။ အရင်က ထိုအသံမှာ စက်အသံမျိုးဖြစ်သော်လည်း ထိတ်လန့်နေသည့် အသံမှ လူသားအသံမျိုးကို ကြားနိုင်နေသည်။
“ဘုံး!”
ကျယ်လောင်သည့် အသံကြီးက ထွက်လာခဲ့ပြီး ဝမ်ရီဇီ ရဲ့ခန္ဓာကိုယ်က တုန်သွားကာ အကြိမ်အနည်းငယ်လောက် ပြန်ကန်ထွက်သွားပြီးနောက် တိုက်ရိုက်ပင် ပျောက်ကွယ်လာခဲ့သည်။
ထိုပျက်စီးမှုနဲ့အတူ system လည်းရပ်သွားခဲ့သည်။
ဒါက ဘယ်လောက်ကြာမှန်း မသိရပေ။
“အန္တရာယ်က မြင့်တက်လာပါပြီ။ system ကစတင်ခွဲထုတ်နေပါပြီ။ အသင့်၊ သုံး၊ နှစ်၊ ကျီ... ကျီ... ကျီ...” system ရဲ့အသံက သေခါနီးမှ ပြန်ရှင်သန်လာသလိုမျိုး ပျော်ရွှင်မှုတွေ ပါဝင်နေခဲ့သည်။ သို့သော် အချိန်မကြာလိုက်ခင်မှာပဲ လူတစ်ယောက်အား အသက်ရှူကျပ်ပြီး သေအောင်ဖိချထားသလိုမျိုး အသံထပ်ပြီး ပြတ်သွားခဲ့သည်။
System ကအသိမပျောက်ခင် ယောင်္ကျားတစ်ယောက်ရဲ့ ညှို့ဓာတ်ပြင်းသည့် အသံကို ကြားလိုက်ရသည်။
သူက ပြောလိုက်သည်။ “ဟမ့်၊ နောက်ဆုံးတော့ မင်းကိုမိပြီ”
အထက်ကမ္ဘာကလား?
မင်းလွတ်နိုင်မယ်လို့ ထင်နေတာလား? ဟမ့်။
ထိုလူက သူ့လက်ပေါ်တွင် မေးကိုတင်ထားပြီး ကောင်းမွန်စွာဖြင့် ပြုမူနေသည့် မော်ဒယ်လ်လိုမျိုးဖြစ်နေကာ အသွင်အပြင်တိုင်းက ကြည့်ကောင်းနေသည်။
သူ့အညိုရောင် မျက်လုံးတွေက အခုလေးတင် စိတ်အနှောက်အယှက်အား မြင်လိုက်ရသလိုမျိုး မနှစ်မြို့ဖွယ် ဖြစ်နေပေမဲ့ သိပ်မသိသာပဲ ဘယ်သူမှ သတိမပြုမိကြပေ။
ကျိုးယင်မေ့ ကဖိုင်တွဲကို ပိတ်လိုက်ပြီး သူမနှလုံးသားက ဗြောင်းဆန်နေပြီး တည်ငြိမ်ဖို့အတွက် မလုပ်နိုင်တော့ပေ။
သူမနှုတ်ခမ်းတွေက ကွဲနေပြီး သူမလည်ချောင်းက ယားနေခဲ့သည်။
သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။ “မင်းအချက်အလက်တွေက အမှုအတွက် တကယ့်ကို အသုံးဝင်တယ်”
စုရန် ရဲ့အသွင်အပြင်က ထိုစကားတွေကြောင့် ပြောင်းလဲသွားခြင်း မရှိပေ။
ကျိုးယင်မေ့ ကသူ့ပုံစံကို ဂရုမစိုက်ပေ။ သူမက ရေဒီယိုကို ကောက်ယူလိုက်ပြီး အမိန့်ပေးလိုက်သည်။ “ဝမ်ရီဇီ လို့ခေါ်တဲ့ ကောင်လေးကို အင်တာဗျူးအတွက် သွားခေါ်လိုက်၊ အချက်အလက်တွေကို မင်းတို့ဆီ ချက်ချင်း ပို့ပေးလိုက်မယ်”
ရုတ်တရက် စုရန် ကပြုံးလိုက်ပြီး ကျိုးယင်မေ့ ကသူ့အား မေးခွန်းမေးချင်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ သို့သော် သူမက ကြည့်လိုက်ချိန်တွင် သူမစိတ်ကူးယဉ်မိသလိုမျိုး စုရန် ရဲ့မျက်နှာကတော့ ဘာအပြောင်းအလဲမှ ရှိမနေပဲ မျက်နှာသေနဲ့သာ ဖြစ်နေသည်။
ကျိုးယင်မေ့ ကထိုအရာအား စိတ်ထဲမထားပဲ ခေါင်းသာခါလိုက်သည်။
-
ကျိုးမင် ကတုန်ရီနေပြီး သူ့မျက်နှာကလည်း ရွံ့တွနေခဲ့သည်။
ရှောင်ချန်း ကသူ့မျက်လုံးတွေကို အဝေးရွှေ့လိုက်ပြီး ပုန်းကွယ်ထားသည့် အဓိပ္ပါယ်တွေနဲ့အတူ အောက်ငုံ့လိုက်သည်။ “သူ အခုသေတော့မှာလား?”
ဘာမှမမှားသလိုမျိုး ရုတ်တရက် လေထဲမှ ရယ်သံက ထွက်လာခဲ့သည်။
သူ့ကလေးက တကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်။
စုရန် ကအားရအောင် ရယ်ပြီးသွားပြီးနောက် သူ့အသံတွင် အလိုလိုက်ချင်သည့် အမူအရာတွေ ပါဝင်နေပြီး အလေးအနက် ဖြေလိုက်သည်။ “ကလေး လိုချင်နေသ၍ သူ မသေသေးပါဘူး”
ရှောင်ချန်း ကရပ်သွားပြီး သူ့လက်ချောင်းတွေက ဆွဲကြိုးအား အကြိမ်ကြိမ် ပွတ်သပ်နေခဲ့ပြီး စိတ်ရှုပ်နေခဲ့သည်။ “ခင်ဗျား ဘာပြောချင်တာလဲ?”
စုရန် ရဲ့မျက်လုံးတွေက ရှောင်ချန်း ရဲ့လည်ပင်းမှ ဆွဲကြိုးဆီ ရောက်သွားခဲ့သည်။
ဒါက ဒီကမ္ဘာကအရာမဟုတ်ဘူး။
အခုနဲ့ထပ်တူကြတဲ့ ကမ္ဘာပြိုင်ကဖြစ်ပုံပဲ။
ဒီဆွဲကြိုးနဲ့အတူ တခြားကမ္ဘာတွေက ပုံရိပ်တချို့လည်း ရှိနေသည်။
သေမင်းနဲ့ ကောင်လေးတစ်ယောက်။
ထိုအကြောင်းကို စုရန် ကတွေးလိုက်ပြီး ရပ်သွားခဲ့သည်။
သေမင်းဆီမှ သတိပေးချက်ကို သူရခဲ့သည်။
ရှောင်ချန်း ကိုသေတဲ့အထိ စောင့်ရှောက်ပေးရမယ်လို့ သစ္စာပြုသင့်တဲ့ သတိပေးချက်။
စုရန် က ရှောင်ချန်း နားတိုးသွားခဲ့ပြီး ပြောလိုက်သည်။ “ကလေး ကိုင်ထားတဲ့ဆွဲကြိုး၊ အဲ့ဒါက ကလေးထင်တာထက် ပိုအသုံးဝင်တယ်”
နောက်ပြီး ဒီဆွဲကြိုးက သေမင်းကမ္ဘာဆီကပဲ။ သေမင်း ကသူ့အချစ်ဆုံးသူအတွက် ပေးထားတဲ့ အဆောင်မျိုးပဲ၊ ကောင်းကင်ဘုံရဲ့ မျက်စိအောက်ကနေ လွတ်မြောက်နိုင်တဲ့ မှော်ပစ္စည်း။
“?” ရှောင်ချန်း ရဲ့မေးခွန်းတွေက ပိုများလာခဲ့သည်။
“အဲ့ဆွဲကြိုးက ကိုယ်တို့နေတဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အစွမ်းရှိတယ်” စုရန် က ရှောင်ချန်း ရဲ့မျက်တောင်တွေအား စိုက်ကြည့်နေပြီး တစ်ချောင်းချင်းစီ ရေတွက်နေကာ သူ့စိတ်ထဲတွင် ရေရွတ်လိုက်သည်။
အရမ်းလှတာပဲ။
“ကလေးက ရိုးရိုးသားသား တွေးဖို့ပဲလိုတယ်၊ ဒါဆို ကျိုးမင် ကသေမှာမဟုတ်ဘူး” စုရန် ရဲ့အကြည့်က ရှောင်ချန်း ရဲ့နှုတ်ခမ်းဆီ ရောက်သွားခဲ့ပြီး ကြည့်နေရင်းနဲ့ သူ့လည်ချောင်းက ခြောက်ကပ်လာခဲ့သည်။
ကလေး လုပ်ချင်တာကို လုပ်နိုင်တဲ့စွမ်းအင်တွေ ကလေးမှာရှိတယ်။
----------------
Zawgyi
“အရာ႐ွိက်ိဳး” ထိုလူက သူ႕ေနာက္ေက်ာကို ေျဖာင့္ထားၿပီး တည္ၿငိမ္စြာျဖင့္ ေပၚလာခဲ့သည္။ သူက ရဲအရာ႐ွိပုံစံနဲ႔ တူမေနပဲ ႐ိႈးပြဲက ေမာ္ဒယ္လ္နဲ႔သာ ပိုတူေနသည္။ သူ႕အသြင္အျပင္နဲ႔ စိတ္သေဘာထားက အရမ္းႀကီးကို ေကာင္းလြန္းေနသည္။
က်ိဳးယင္ေမ့ ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမေ႐ွ႕မွလူအား အေပၚေအာက္ ၾကည့္လိုက္သည္။
အမ်ိဳးသမီးေတြမွာ အႏၲရာယ္႐ွိတဲ့အရာအတြက္ အာ႐ုံခံႏိုင္သည့္ ေမွာ္ဆန္သည့္ ဆဌမအာ႐ုံ႐ွိသည္။
စုရန္ ကသူ႕အိတ္ထဲမွ ပစၥည္းအခ်ိဳ႕ကို ထုတ္လိုက္ၿပီး စားပြဲေပၚတြင္ တင္လိုက္ကာ သူ႕ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ေကြးတက္သြားခဲ့သည္။
“ကြၽန္ေတာ္က ဒီအမႈအတြက္ေၾကာင့္သာ တရားဝင္ေျပာင္းလာခဲ့တာပါ” ထိုလူက သူ႕အၾကည့္ကို ေမာ့လိုက္ၿပီး သူ႕အညိဳေရာင္ မ်က္လုံးေတြက မေတြးႏိုင္ေလာက္ေအာင္ နက္နဲလြန္းေနသည္။ သူ႕အသံက ေပါ့ပါးေနေပမဲ့ မယုံႏိုင္ေလာက္ေအာင္ စည္း႐ုံးသိမ္းသြင္းႏိုင္သည့္ အသံမ်ိဳးျဖစ္ေနသည္။ “ဒါေပမဲ့ ကြၽန္ေတာ္က အရာ႐ွိက်ိဳး နဲ႔တစ္ခ်ိန္တည္းေလာက္မွ ဒီမေတာ္တဆမႈကို စစ္ေဆးခဲ့မိတယ္”
ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ က်ိဳးယင္ေမ့ ရဲ႕မ်က္ခုံးေတြက ပိုၾကဳတ္သြားခဲ့သည္။
စုရန္ ကျပဳံးေနခဲ့ေပမဲ့ အျပဳံးက သူ႕မ်က္လုံးထိ ေရာက္မေနေပ။ “အရာ႐ွိက်ိဳး၊ ကြၽန္ေတာ္ျပင္လာတဲ့ အခ်က္အလက္ေတြကို တစ္ခ်က္ေလာက္ ၾကည့္သင့္တယ္”
ထိုလူရဲ႕ မ်က္လုံးေတြက လူေတြအား ညိႇဳ႕ငင္ေနသလိုမ်ိဳး ပိုနက္႐ိႈင္းေနသည္။ “ကြၽန္ေတာ္ယုံတယ္”
သူ႕ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး “ဒီအရာေတြက စစ္ေဆးတဲ့ေနရာမွာ အရမ္းကိုအသုံးဝင္လိမ့္မယ္"
က်ိဳးယင္ေမ့ ကစကားတစ္လုံးမွ မေျပာခဲ့ေပ။ သူမက မိန္းမတစ္ေယာက္ ျဖစ္ေသာ္လည္း အဖြဲ႕ေခါင္းေဆာင္ ျဖစ္လာႏိုင္ခဲ့သည္။ ေယာက်ၤားေတြၾကားတြင္ ရပ္တည္ႏိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာခဲ့သည္။ သူမက သူအသိဉာဏ္ ဦးေႏွာက္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ စြမ္းရည္ေတြေပၚတြင္ မွီခိုၿပီး ပိုအေရးအႀကီးဆုံး အခ်က္ကေတာ့ - အ႐ွိန္အဝါပင္။
သို႔ေသာ္ အၿမဲတမ္း ယုံၾကည္ခ်က္႐ွိခဲ့သည့္ သူမအ႐ွိန္အဝါေတြက ဒီလူေ႐ွ႕တြင္ေတာ့ အရမ္းႀကီးကို ေသးငယ္ေနပုံပင္။
က်ိဳးယင္ေမ့ ကေမးခြန္းေတြ၊ သံသယေတြျဖင့္ ထိုလူျပင္လာခဲ့သည့္ အခ်က္အလက္ေတြကို လက္ခံလိုက္သည္။
သို႔ေသာ္ သူမေခါင္းထဲတြင္ ထူးဆန္းသည့္အေတြးေတြထက္ ဒီအမႈကို သူမအျမန္ဆုံး ေျဖ႐ွင္းဖို႔သာ ဂ႐ုစိုက္ရမည္။
သူမက ဖိုင္တြဲကိုလွန္လိုက္ၿပီး သူမအမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့သည္။
စုရန္ ကသူမနဲ႔ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနခဲ့ၿပီး သူမမ်က္ႏွာမွ အမူအရာေျပာင္းလဲမႈတိုင္းကို ႐ွင္း႐ွင္းလင္းလင္း ျမင္ေနခဲ့သည္။
က်ိဳးယင္ေမ့ ကရပ္သြားၿပီး ဖိုင္တြဲေပၚ႐ွိ ထိုလူရဲ႕နာမည္ကို ဖတ္လိုက္သည္။ “ဝမ္ရီဇီ?”
စုရန္ ကေခါင္းေမာ့လိုက္ၿပီး သူ႕မ်က္ႏွာက ႂကြက္သားလိုင္းေတြက တင္းမာသြားကာ အမူအရာေတာင္ ျပင္းထန္သြားခဲ့သည္။
က်ိဳးယင္ေမ့ ကသူ႕လႈပ္႐ွားမႈတိုင္းကို အာ႐ုံစိုက္ဖို႔အတြက္ အခ်ိန္မ႐ွိေပ။ အခ်က္အလက္ေတြ ၾကားထဲတြင္သာ သူမအာ႐ုံက ႏွစ္ျမဳတ္ေနခဲ့သည္။
စုရန္ ကအလ်င္မလိုစြာပင္ အနီးနားကခုံတြင္ ေႏွးေကြးစြာ ဝင္ထိုင္လိုက္သည္။ ဒါက အရမ္းကို သက္ေတာင့္သက္သာ ျဖစ္ေနၿပီး သူ႕ႏႈတ္ခမ္းေထာင့္က ေကြးေနကာ ျပဳံးေနသလိုမ်ိဳး ျဖစ္ေနသည္။
ဂိမ္းက မၾကာခင္ စေတာ့မယ္မလား?
ဟမ့္။
ေနာက္ၿပီး ရလဒ္က တစ္ခုတည္းပဲ႐ွိတယ္။
-
ဝမ္ရီဇီ သည္အရမ္းကို ထိတ္လန္႔ေနၿပီး သူ႕လက္ေတြ တုန္ေနတာကို မရပ္တန္႔ႏိုင္ပဲ သူ႕ခႏၶာကိုယ္ကလည္း ထိုေနရာတြင္သာ ေအးခဲေနၿပီး ထိတ္လန္႔စရာ ျမင္ကြင္းမွ စိတ္ေအးမသြားေသးေပ။ သူ႕ေခါင္းတြင္းမွ ဦးေႏွာက္ကို ပု႐ြတ္စိတ္ေထာင္ေပါင္းမ်ားစြာ ကိုက္ေနသလိုမ်ိဳး ခ်က္ခ်င္းႀကီး ျပင္းထန္စြာနာက်င္ကိုက္ခဲလာခဲ့သည္။
“Fuck!” ဝမ္ရီဇီ ကက်ိန္ဆဲလိုက္ၿပီး သူ႕တစ္ကိုယ္လုံးက ေျမျပင္ေပၚကို လဲက်သြားၿပီး လွိမ့္လိုက္သည္။ သူ႕ခႏၶာကိုယ္အား အပိုင္းပိုင္းျဖစ္သြားေအာင္ ျမင္းငါးေကာင္က ဝိုင္းဆြဲေနသလိုမ်ိဳး ခံစားေနရသည္။
“အား!!!” ဝမ္ရီဇီ ကမထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ သူ႕မ်က္လုံးေတြက ေဒါသေၾကာင့္ ျပဴးက်ယ္လာခဲ့သည္။
“System, ငါ့ကိုကယ္ဦး၊ ကယ္ေပး!!!” ဝမ္ရီဇီ ကေနာက္ဆုံးအင္အားကို အသုံးခ်ကာ ေအာ္လိုက္သည္။
အံ့ဩဖြယ္ရာျဖင့္ အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနခဲ့သည့္ System ကထိုအခ်ိန္တြင္ ျပန္ထြက္လာခဲ့သည္။ သို႔ေသာ္ သူျပန္မဆက္သြယ္ႏိုင္ခင္ သူ႕ေခါင္းေပၚသို႔ ေရေအးပုံးျဖင့္ တိုက္႐ိုက္ေလာင္းခ်ခံလိုက္ရသည္။
“System ကပ႐ိုဂရမ္ကို စတင္..က်ီ... က်ီ...”
႐ုတ္တရက္ သူ႕ဦးေႏွာက္က နာက်င္သလိုမ်ိဳး ထိုးႏွက္ေနမႈကိုသာ ခံစားေနရၿပီး သူ႕ေခါင္းအတြင္း လွ်ပ္စစ္ဓာတ္႐ိုက္သလိုမ်ိဳး ျဖစ္သြားခဲ့သည္။
“System!!! ျမန္ျမန္! ငါ့ကိုကယ္ေပး!!!” ဝမ္ရီဇီ ကက်ယ္ေလာင္စြာျဖင့္ ေအာ္ထုတ္လိုက္သည္။
“အႏၲရာယ္ကို System အာ႐ုံခံမိပါတယ္! ေပ်ာက္သြားေအာင္ System ကျပင္ဆင္ေနပါတယ္!” System ကမတည္ၿငိမ္တာကို ျမင္သြားၿပီး သူ႕အသံက ႐ုတ္ခ်င္းက်ယ္သြားခဲ့သည္။ အရင္က ထိုအသံမွာ စက္အသံမ်ိဳးျဖစ္ေသာ္လည္း ထိတ္လန္႔ေနသည့္ အသံမွ လူသားအသံမ်ိဳးကို ၾကားႏိုင္ေနသည္။
“ဘုံး!”
က်ယ္ေလာင္သည့္ အသံႀကီးက ထြက္လာခဲ့ၿပီး ဝမ္ရီဇီ ရဲ႕ခႏၶာကိုယ္က တုန္သြားကာ အႀကိမ္အနည္းငယ္ေလာက္ ျပန္ကန္ထြက္သြားၿပီးေနာက္ တိုက္႐ိုက္ပင္ ေပ်ာက္ကြယ္လာခဲ့သည္။
ထိုပ်က္စီးမႈနဲ႔အတူ system လည္းရပ္သြားခဲ့သည္။
ဒါက ဘယ္ေလာက္ၾကာမွန္း မသိရေပ။
“အႏၲရာယ္က ျမင့္တက္လာပါၿပီ။ system ကစတင္ခြဲထုတ္ေနပါၿပီ။ အသင့္၊ သုံး၊ ႏွစ္၊ က်ီ... က်ီ... က်ီ...” system ရဲ႕အသံက ေသခါနီးမွ ျပန္႐ွင္သန္လာသလိုမ်ိဳး ေပ်ာ္႐ႊင္မႈေတြ ပါဝင္ေနခဲ့သည္။ သို႔ေသာ္ အခ်ိန္မၾကာလိုက္ခင္မွာပဲ လူတစ္ေယာက္အား အသက္႐ွဴက်ပ္ၿပီး ေသေအာင္ဖိခ်ထားသလိုမ်ိဳး အသံထပ္ၿပီး ျပတ္သြားခဲ့သည္။
System ကအသိမေပ်ာက္ခင္ ေယာက်ၤားတစ္ေယာက္ရဲ႕ ညိႇဳ႕ဓာတ္ျပင္းသည့္ အသံကို ၾကားလိုက္ရသည္။
သူက ေျပာလိုက္သည္။ “ဟမ့္၊ ေနာက္ဆုံးေတာ့ မင္းကိုမိၿပီ”
အထက္ကမ႓ာကလား?
မင္းလြတ္ႏိုင္မယ္လို႔ ထင္ေနတာလား? ဟမ့္။
ထိုလူက သူ႕လက္ေပၚတြင္ ေမးကိုတင္ထားၿပီး ေကာင္းမြန္စြာျဖင့္ ျပဳမူေနသည့္ ေမာ္ဒယ္လ္လိုမ်ိဳးျဖစ္ေနကာ အသြင္အျပင္တိုင္းက ၾကည့္ေကာင္းေနသည္။
သူ႕အညိဳေရာင္ မ်က္လုံးေတြက အခုေလးတင္ စိတ္အေႏွာက္အယွက္အား ျမင္လိုက္ရသလိုမ်ိဳး မႏွစ္ၿမိဳ႕ဖြယ္ ျဖစ္ေနေပမဲ့ သိပ္မသိသာပဲ ဘယ္သူမွ သတိမျပဳမိၾကေပ။
က်ိဳးယင္ေမ့ ကဖိုင္တြဲကို ပိတ္လိုက္ၿပီး သူမႏွလုံးသားက ေျဗာင္းဆန္ေနၿပီး တည္ၿငိမ္ဖို႔အတြက္ မလုပ္ႏိုင္ေတာ့ေပ။
သူမႏႈတ္ခမ္းေတြက ကြဲေနၿပီး သူမလည္ေခ်ာင္းက ယားေနခဲ့သည္။
သူမက အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္ၿပီး ေျပာလိုက္သည္။ “မင္းအခ်က္အလက္ေတြက အမႈအတြက္ တကယ့္ကို အသုံးဝင္တယ္”
စုရန္ ရဲ႕အသြင္အျပင္က ထိုစကားေတြေၾကာင့္ ေျပာင္းလဲသြားျခင္း မ႐ွိေပ။
က်ိဳးယင္ေမ့ ကသူ႕ပုံစံကို ဂ႐ုမစိုက္ေပ။ သူမက ေရဒီယိုကို ေကာက္ယူလိုက္ၿပီး အမိန္႔ေပးလိုက္သည္။ “ဝမ္ရီဇီ လို႔ေခၚတဲ့ ေကာင္ေလးကို အင္တာဗ်ဴးအတြက္ သြားေခၚလိုက္၊ အခ်က္အလက္ေတြကို မင္းတို႔ဆီ ခ်က္ခ်င္း ပို႔ေပးလိုက္မယ္”
႐ုတ္တရက္ စုရန္ ကျပဳံးလိုက္ၿပီး က်ိဳးယင္ေမ့ ကသူ႕အား ေမးခြန္းေမးခ်င္သည့္ အၾကည့္ျဖင့္ ၾကည့္ေနခဲ့သည္။ သို႔ေသာ္ သူမက ၾကည့္လိုက္ခ်ိန္တြင္ သူမစိတ္ကူးယဥ္မိသလိုမ်ိဳး စုရန္ ရဲ႕မ်က္ႏွာကေတာ့ ဘာအေျပာင္းအလဲမွ ႐ွိမေနပဲ မ်က္ႏွာေသနဲ႔သာ ျဖစ္ေနသည္။
က်ိဳးယင္ေမ့ ကထိုအရာအား စိတ္ထဲမထားပဲ ေခါင္းသာခါလိုက္သည္။
-
က်ိဳးမင္ ကတုန္ရီေနၿပီး သူ႕မ်က္ႏွာကလည္း ႐ြံ႕တြေနခဲ့သည္။
ေ႐ွာင္ခ်န္း ကသူ႕မ်က္လုံးေတြကို အေဝးေ႐ႊ႕လိုက္ၿပီး ပုန္းကြယ္ထားသည့္ အဓိပၸါယ္ေတြနဲ႔အတူ ေအာက္ငုံ႔လိုက္သည္။ “သူ အခုေသေတာ့မွာလား?”
ဘာမွမမွားသလိုမ်ိဳး ႐ုတ္တရက္ ေလထဲမွ ရယ္သံက ထြက္လာခဲ့သည္။
သူ႕ကေလးက တကယ့္ကို ခ်စ္ဖို႔ေကာင္းလြန္းတယ္။
စုရန္ ကအားရေအာင္ ရယ္ၿပီးသြားၿပီးေနာက္ သူ႕အသံတြင္ အလိုလိုက္ခ်င္သည့္ အမူအရာေတြ ပါဝင္ေနၿပီး အေလးအနက္ ေျဖလိုက္သည္။ “ကေလး လိုခ်င္ေနသ၍ သူ မေသေသးပါဘူး”
ေ႐ွာင္ခ်န္း ကရပ္သြားၿပီး သူ႕လက္ေခ်ာင္းေတြက ဆြဲႀကိဳးအား အႀကိမ္ႀကိမ္ ပြတ္သပ္ေနခဲ့ၿပီး စိတ္႐ႈပ္ေနခဲ့သည္။ “ခင္ဗ်ား ဘာေျပာခ်င္တာလဲ?”
စုရန္ ရဲ႕မ်က္လုံးေတြက ေ႐ွာင္ခ်န္း ရဲ႕လည္ပင္းမွ ဆြဲႀကိဳးဆီ ေရာက္သြားခဲ့သည္။
ဒါက ဒီကမ႓ာကအရာမဟုတ္ဘူး။
အခုနဲ႔ထပ္တူၾကတဲ့ ကမ႓ာၿပိဳင္ကျဖစ္ပုံပဲ။
ဒီဆြဲႀကိဳးနဲ႔အတူ တျခားကမ႓ာေတြက ပုံရိပ္တခ်ိဳ႕လည္း ႐ွိေနသည္။
ေသမင္းနဲ႔ ေကာင္ေလးတစ္ေယာက္။
ထိုအေၾကာင္းကို စုရန္ ကေတြးလိုက္ၿပီး ရပ္သြားခဲ့သည္။
ေသမင္းဆီမွ သတိေပးခ်က္ကို သူရခဲ့သည္။
ေ႐ွာင္ခ်န္း ကိုေသတဲ့အထိ ေစာင့္ေ႐ွာက္ေပးရမယ္လို႔ သစၥာျပဳသင့္တဲ့ သတိေပးခ်က္။
စုရန္ က ေ႐ွာင္ခ်န္း နားတိုးသြားခဲ့ၿပီး ေျပာလိုက္သည္။ “ကေလး ကိုင္ထားတဲ့ဆြဲႀကိဳး၊ အဲ့ဒါက ကေလးထင္တာထက္ ပိုအသုံးဝင္တယ္”
ေနာက္ၿပီး ဒီဆြဲႀကိဳးက ေသမင္းကမ႓ာဆီကပဲ။ ေသမင္း ကသူ႕အခ်စ္ဆုံးသူအတြက္ ေပးထားတဲ့ အေဆာင္မ်ိဳးပဲ၊ ေကာင္းကင္ဘုံရဲ႕ မ်က္စိေအာက္ကေန လြတ္ေျမာက္ႏိုင္တဲ့ ေမွာ္ပစၥည္း။
“?” ေ႐ွာင္ခ်န္း ရဲ႕ေမးခြန္းေတြက ပိုမ်ားလာခဲ့သည္။
“အဲ့ဆြဲႀကိဳးက ကိုယ္တို႔ေနတဲ့ ကမ႓ာႀကီးကို ဖ်က္ဆီးပစ္ႏိုင္တဲ့အထိ အစြမ္း႐ွိတယ္” စုရန္ က ေ႐ွာင္ခ်န္း ရဲ႕မ်က္ေတာင္ေတြအား စိုက္ၾကည့္ေနၿပီး တစ္ေခ်ာင္းခ်င္းစီ ေရတြက္ေနကာ သူ႕စိတ္ထဲတြင္ ေရ႐ြတ္လိုက္သည္။
အရမ္းလွတာပဲ။
“ကေလးက ႐ိုး႐ိုးသားသား ေတြးဖို႔ပဲလိုတယ္၊ ဒါဆို က်ိဳးမင္ ကေသမွာမဟုတ္ဘူး” စုရန္ ရဲ႕အၾကည့္က ေ႐ွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းဆီ ေရာက္သြားခဲ့ၿပီး ၾကည့္ေနရင္းနဲ႔ သူ႕လည္ေခ်ာင္းက ေျခာက္ကပ္လာခဲ့သည္။
ကေလး လုပ္ခ်င္တာကို လုပ္ႏိုင္တဲ့စြမ္းအင္ေတြ ကေလးမွာ႐ွိတယ္။
----------------